← Chapters

တစ်နေ့တွင် လမင်းကိုပါ ပင့်ဖိတ်နိုင်မည့် ကြယ်ခွင်းဓား

Vol. 3 Ch. 21

တစ်နေ့တွင် လမင်းကိုပါ ပင့်ဖိတ်နိုင်မည့် ကြယ်ခွင်းဓား

Vol. 3 Ch. 21

ပတ်ဝန်းကျင်တစ်ခုလုံးတွင် လက်ခုပ်သြဘာသံများ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေလေသည်။

ဂိုဏ်းအသီးသီးမှ တပည့်များမှာ စိတ်အားထက်သန်စွာဖြင့် ကြည့်ရှုနေကြပြီး ကျင့်ကြံသူအများအပြားမှာလည်း မိမိတို့ တတ်မြောက်ထားသော တာအိုပညာရပ်များကို ထုတ်ဖော်ပြသရန် သူတို့၏ ဆရာများထံတွင် စိတ်အားထက်သန်စွာ အဆိုပြုကာ ရှေ့သို့ တိုးထွက်လာကြသည်။

တဖြည်းဖြည်းနှင့် ဤနှီးနှောဖလှယ်ပွဲမှာ စစ်မှန်သော တာအိုပညာရပ်များ ဖလှယ်သည့် အသွင်သဏ္ဌာန်ဆောင်လာခဲ့ပြီ ဖြစ်သည်။

တပည့်တစ်ဦးက မိုးကြိုးနတ်ဘုရား၏ ပညာရပ်တစ်ခုကို ဖိတ်ခေါ်ရန် ဂါထာမန္တရားတစ်ခုကို ရွတ်ဆိုလိုက်ရာ အားနည်းသော လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ အခြားတစ်ဦးကမူ မင်္ဂလာရှိသော တေးသီချင်းတစ်ပုဒ်ကို ရွတ်ဆိုကာ အတိုင်းအဆမဲ့သော ဖြောင့်မတ်ခြင်းချီကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူတို့သည် လှပသေသပ်စွာ လွင့်မျောနေကြရာ ကြည့်ရှုနေသူများကို အံ့အားသင့်စေခဲ့သည်။

ထို့အပြင် တြိဂံပုံ အလံငယ်များကို အသုံးပြု၍ မြေပြင်ပေါ်တွင် အစီအရင်တစ်ခု ခင်းကျင်းကာ ပုံရိပ်ယောင်အမျိုးမျိုးကို ဖန်တီးပြသည့် ကျင့်ကြံသူတစ်ဦးလည်း ရှိသေးသည်။ ထိုအစီအရင်၏ စွမ်းအားအပြည့်အဝကို ထုတ်မပြနိုင်သေးသော်လည်း ၎င်း၏နောက်ကွယ်မှ သဘောတရားနှင့် လုပ်ဆောင်ပုံများကို သေချာစွာ နားလည်ထားကြောင်း ထင်ရှားလှပေသည်။

ဝမ်ရှန်းလည်း ထိုပြသမှုများကို စိတ်လှုပ်ရှားမှု သိပ်မရှိဘဲ ကြည့်နေခဲ့သည်။ သူ၏ အာရုံအများစုမှာ ပတ်ဝန်းကျင်ရှိ တာအိုဝါဒီများအပေါ်တွင်သာ ရှိနေသည်။ အကယ်၍ သူမှတ်မိနေသူ တစ်စုံတစ်ယောက်ရှိနေခဲ့လျှင် ထိုသူမှာ နောင်တစ်ချိန်တွင် ထင်ရှားကျော်ကြားသော ဆရာကြီးတစ်ဦး ဖြစ်လာပေလိမ့်မည်။ သူ၏ ဘေးနားရှိ မုဝမ်ရွှမ်းသည် အလွန်စိတ်ဝင်တစား ကြည့်ရှုနေပြီး တစ်ခါတစ်ရံတွင် အံ့သြချီးကျူးကာ စိတ်အားထက်သန်စွာ လက်ခုပ်တီးနေလေသည်။ သူမသည် စင်ပေါ်သို့ တက်ရောက်ရမည့် အလှည့်အတွက် အနည်းငယ်မျှပင် စိုးရိမ်ထိတ်လန့်နေသည့် အရိပ်အယောင် မရှိပေ။

“စီနီယာအစ်မ ကျွန်တော်တို့ စင်ပေါ်တက်ရမလားဆိုတာ မသေချာသေးဘူးလေ”

ဝမ်ရှန်း က လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

မုဝမ်ရွှမ်းက မျက်တောင်ခတ်ရင်း စိတ်အားထက်သန်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ဝမ်ရှန်းက ပြုံးလိုက်ပြီး ပြောသည်၊၊

“ဂိုဏ်းတူဦးလေးတွေရဲ့ စီစဉ်မှုအတိုင်းပဲ လုပ်ကြရအောင်၊၊ တကယ်လို့ ကျွန်တော်တို့ မလိုဘူးဆိုရင်လည်း ဒါကို အလကားလည်ပတ်ကြည့်ရှုခရီးစဉ်တစ်ခုလိုပဲ သဘောထားလိုက်ရုံပေါ့”

မုဝမ်ရွှမ်းက ရယ်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ၏ ဂျူနီယာမောင်လေးပြောလိုသည့်အချက်ကို နားလည်သွားသဖြင့် ယင်ယန်ပါကွပညာရပ်ကို ထုတ်ဖော်ပြသရန် စိတ်ကူးကို လက်လွှတ်လိုက်ပြီး ထူးခြားဆန်းပြားသော တာအိုပညာရပ်များကိုသာ ကြည့်ရှုခံစားနေလိုက်သည်။

လီရှီဝူသည် သူ၏ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးကြောင်း သိထားသည်။ ပင်မခန်းမဆောင်တွင် ထိုင်နေစဉ် သူသည် မထင်ရှားသော နေရာတစ်ခုကိုသာ ရွေးချယ်ခဲ့ပြီး တစ်လျှောက်လုံး တိတ်ဆိတ်စွာ နေခဲ့သည်။

ဂိုဏ်းအများစု၏ ပြသမှုများ ပြီးဆုံးသွားသောအခါ လီရှီဝူက ထရပ်လိုက်သည်၊၊

“ဝူတန်းကလည်း တာအိုပညာရပ်အချို့ကို ပြသပါရစေ”

အသင့်စောင့်ဆိုင်းနေသော ဝူတန်တာအိုဆရာ နှစ်ဦးမှာ အသင့်ပြင်ထားပုံရသည့် နောက်ကွယ်မှ တပည့်ခြောက်ဦးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် မုန့်ဟောင်နှင့် ကျိုးရင်လောင်တို့ကို ရွေးချယ်ကာ စင်ပေါ်သို့တက်၍ ဝူတန်း၏ တာအိုပညာရပ်များကို ပြသရန် ခိုင်းစေလိုက်သည်။

မုန့်ဟောင်က လက်ဗလာဖြင့် ဘယ်ဘက်တွင် ရပ်နေပြီး ကျိုးရင်လောင်ကမူ ရတနာဓားတစ်လက်ကို ကိုင်ဆောင်ကာ ညာဘက်တွင် ရပ်နေသည်။

တာအိုဆရာကြီး နှစ်ဆယ်ကျော်နှင့် သူတို့၏ ဂျူနီယာများရှေ့တွင် သူတို့နှစ်ဦးမှာ မနေတတ်မထိုင်တတ် ဖြစ်နေကြသည်။ လီရှီဝူ၏ စကားများက သူတို့အတွက် ပို၍ပင် ဖိအားဖြစ်စေခဲ့သည်။

သူတို့နှစ်ဦးမှာ တစ်ဦးပြီးမှ တစ်ဦး ပြသရမည်ဖြစ်သည်။ မုန့်ဟောင်က သာမန် ထိုက်ကျိသိုင်းနှင့် ဆင်တူသော အနေအထားကို စတင်ယူလိုက်သော်လည်း လှုပ်ရှားမှုတိုင်းတွင် အစစ်မှန်ချီများ ပါဝင်နေသည်။ သူ၏ လက်ဖဝါးများတွင် အားနည်းသော အလင်းဖြူလေးများ စုစည်းနေသကဲ့သို့ ရှိသည်။

လှုပ်ရှားမှု ငါးခုပြုလုပ်ပြီးနောက် ခေတ္တမျှသာ ပြသကာ ရပ်နားလိုက်သည်။

မုန့်ဟောင်က သူ၏ လက်နှစ်ဖက်ကို အောက်သို့ ဖြည်းညှင်းစွာ ဖိချလိုက်ရာ သန့်စင်သော ကမ္ဘာဦးချီများက သူ့အား ခေတ္တမျှ ဝန်းရံသွားသည်။ ထိုချီအချို့မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး အများစုမှာမူ လွင့်ပျယ်သွားခဲ့သည်။

ယင်ယန်ပညာရပ်၏ တာအိုစည်းချက်မှာ အလွန်ထင်ရှားခြင်း မရှိသော်လည်း ငြင်းမရနိုင်လောက်အောင် သေသပ်လှသည်။ ရှိနေကြသော တာအိုဆရာကြီးများမှာလည်း မည်သည့်ချို့ယွင်းချက်ကိုမျှ ရှာမတွေ့ကြပေ။ အချို့ကမူ သူ့ကို အသိအမှတ်ပြုသည့်အနေဖြင့် အသာအယာ လက်ခုပ်တီးပေးကြသည်။

မုန့်ဟောင် ရရှိခဲ့သော တုံ့ပြန်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ကျိုးရင်လောင်က ထိုက်ယိဓားသိုင်း၏ ကိုယ်ဟန်အနေထားကို ယူလိုက်စဉ် လူအုပ်ထဲမှ စူးရှသော အော်ဟစ်သံအချို့ ထွက်ပေါ်လာသည်။

“ဝူတန်းရဲ့ ဓားသိုင်းက တကယ်ကို စွမ်းအားကြီးပါတယ်၊၊ ဒါပေမဲ့ ဒီနေ့ လူတိုင်းက တာအိုပညာရပ်တွေကို ပြသနေကြတာလေ ဓားသိုင်းပညာရပ်ကို ထုတ်ပြနေတာက နည်းနည်းတော့ မဆီလျော်ဘူး မဟုတ်ဘူးလား”

“ဝူတန်မှာ ဓားပျံထိန်းချုပ်တဲ့ ပညာရပ်တွေ မရှိဘူးလား… အော်... ဟုတ်သားပဲ ဓားပျံထိန်းချုပ်တဲ့ ပညာရပ်ဆိုတာ ရှုပြည်နယ်က အင်မောင်တယ်တောင်အချို့ရဲ့ သီးသန့်လျှို့ဝှက်ချက်ပဲလေ၊၊ အရင်တုန်းက ကမ္ဘာဦးချီတွေ မရှိခဲ့တော့ ဝူတန်းအနေနဲ့ ဒီလိုပညာရပ်တွေကို ဂရုစိုက်မိမှာ မဟုတ်ပါဘူး”

“ဟေး... အရှေ့က လူနှစ်ယောက် စကားကို ဆင်ခြင်ပြီး ပြောကြစမ်း၊၊ အဲဒီဝူတန်းကျင့်ကြံသူက တစ်ချက်တည်းနဲ့ ဓားအလင်းတန်း သုံးထောင်လောက် ထုတ်လွှတ်ပြီး မင်းတို့ကို အပြတ်ရှင်းသွားနိုင်တယ်နော်”

ခုံတန်းရှည်ပေါ်တွင် ပျင်းရိစွာ မှီထိုင်နေသော ဆံပင်တိုနှင့် တာအိုဆရာက လှောင်ပြောင်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် သူ၏ တည်နေရာကို ဖုံးကွယ်ရန် ကြိုးစားခြင်း မရှိတော့ပေ။

သူ၏စကားများမှာ ထိရှလွန်းလှသဖြင့် အခြားသော တာအိုရသေ့ငယ်များမှာ တဟားဟား ရယ်မောကုန်ကြသည်။ တာအိုဆရာကြီးအများစုမှာလည်း မပြုံးဘဲ မနေနိုင်ကြချေ။ ဝူတန်နှင့် ရင်းနှီးသော သို့မဟုတ် ကျင့်စဉ်တူညီသော ဂိုဏ်းအချို့မှာ သူတို့ကို ကာကွယ်ပေးလိုသော်လည်း သင့်လျော်သော တုံ့ပြန်ချက်ကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေကြသည်။

ကျိုးရင်လောင်၏ တည်ငြိမ်မှုမှာ ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။ ဓားရိုးကို ကိုင်ထားသော သူ၏ လက်မှာ အနည်းငယ် တုန်ယင်နေပြီး သူ့အား လှောင်ပြောင်သူကို လူအုပ်ထဲတွင် လိုက်လံရှာဖွေနေပုံရသည်။ ထိုမြင်ကွင်းက ဝမ်ရှန်းကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။ သူက စီနီယာအစ်မ၏ လက်မောင်းကို အသာဖိလိုက်ပြီး ကျိုးရင်လောင်ထံသို့ လျှောက်သွားလိုက်သည်။

သူ တဒင်္ဂမျှ ဝေခွဲမရဖြစ်နေခဲ့လျှင် ဆံပင်တိုနှင့် တာအိုဆရာက နောက်ထပ် စော်ကားစကားတစ်ခွန်းကို ထပ်မံ ပြောဆိုလိုက်ပေလိမ့်မည်။

“ဒါကို ဘယ်သူပြောတာလဲ”

ကျိုးရင်လောင်က အော်ဟစ်လိုက်သည်။

“စီနီယာအစ်ကို ကျိုး”

ဝမ်ရှန်းက တည်ငြိမ်စွာ ခေါ်လိုက်သည်။ သူသည် ကျိုးရင်လောင်၏ ပုခုံးကို အသာအယာ ပုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ကို ကိုင်တွယ်ခွင့်ပြုပါ”

ကျိုးရင်လောင် ဝမ်ရှန်းဘက်သို့ လှည့်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူ့ဂျူနီယာလေး၏ တည်ငြိမ်မှုကြောင့် သူ၏ ဒေါသများမှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။

ကျိုးရင်လောင် စိတ်ကို အနည်းငယ် လျှော့ချလိုက်ပြီး သူ၏ ရတနာဓားကို ဝမ်ရှန်းထံသို့ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

“မင်းကို ဒုက္ခပေးမိပြီ ညီလေး… ငါက ဝူတန်းကို အရှက်ရစေခဲ့ပြီ”

“အဲလိုမပြောပါနဲ့ စီနီယာအစ်ကို”

ဝမ်ရှန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သူ၏ စကားသံမှာ ပွဲကြည့်စင်၏ နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့ရာ အိပ်ငိုက်နေသော တာအိုဆရာကြီးအချို့၏ အာရုံကိုပင် ဖမ်းစားနိုင်သွားသည်။

လူတစ်ယောက်သည် အသံကို ကျယ်လောင်အောင် ပြုလုပ်ခြင်းမှာ ထူးထူးခြားခြား ခက်ခဲသော အရာမဟုတ်သော်လည်း ဖြတ်သန်းသွားသော လေပြည်ညင်းကဲ့သို့ သဘာဝကျသော အကျိုးသက်ရောက်မှုကို ရရှိရန်မှာမူ အလွန်ခက်ခဲလှသည်။ ထိုသို့သော စွမ်းဆောင်မှုမျိုးမှာ ထူးခြားစွာ သန့်စင်သော အစစ်အမှန်ချီနှင့် အနည်းဆုံး ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် နောက်ဆုံးပိုင်းတွင် ရှိသော ဝိညာဉ်အသိစိတ်နှင့် တည်ငြိမ်အေးချမ်းသော စိတ်အခြေအနေတို့ လိုအပ်ပေသည်။

ဝမ်ရှန်းက ပေါ့ပေါ့ပါးပါးပင် ဆက်ပြောလိုက်သည်၊၊

“စီနီယာ့ရဲ့ ဓားသိုင်းတွေက အတွင်းပိုင်းမှာ ပုန်းကွယ်နေတဲ့ အလှတရားတွေ ရှိနေတော့ သာမန်မျက်စိတွေနဲ့ မြင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်၊၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်က သရုပ်ပြဖို့အတွက် သင့်တော်မယ့် လူအများ အာရုံစိုက်လောက်တဲ့ ဓားကွက်အချို့ကို သိထားတယ်”

ကျိုးရင်လောင်က ခါးသီးစွာ ရယ်မောလိုက်သည်။ သူ၏ အပြုံးတွင် အကူညီမဲ့မှုများ ထင်ဟပ်နေသော်လည်း သူသည် စင်ပေါ်မှ တိတ်ဆိတ်စွာ ဆုတ်ခွာသွားခဲ့သည်။

မျက်လုံးအားလုံးမှာ ဝမ်ရှန်းဆီသို့ ရောက်ရှိလာကြသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။

ဓားသိုင်းပညာရပ်သည် တာအိုပညာရပ်မဟုတ်ကြောင်း စကားက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သို့သော် သူ၏ စီနီယာအစ်မကို စင်ပေါ်တက်စေပြီး ဝေဖန်ခံရခြင်း သို့မဟုတ် အထင်သေးခံရခြင်းမျိုးလည်း မဖြစ်စေချင်ပေ။ ထို့ကြောင့် သူကိုယ်တိုင် စင်ပေါ်သို့ တက်ရောက်ရန် ရွေးချယ်ခဲ့ပြီး ရာနှင့်ချီသော အကြည့်များကို တည့်တည့်ရင်ဆိုင်လိုက်သည်။ သူ၏ အပြာရင့်ရောင် တာအိုဝတ်စုံသည် မှိန်ဖျော့သော ကြယ်တာရာများ၏ အလင်းကို ဖုံးကွယ်ထားသကဲ့သို့ ရှိသည်။

တည်ငြိမ်ရင့်ကျက်စွာဖြင့် သူသည် တောင်ပေါ်တွင် တစ်ကိုယ်တည်း ဓားသိုင်းလေ့ကျင့်နေသကဲ့သို့ တည်ငြိမ်သော အရှိန်အဝါကို ထိန်းသိမ်းထားသည်။ သူ၏ လက်ထဲရှိ ဓားရှည်မှာ သူလေ့ကျင့်နေကျ ဓားထက် ပို၍ အရည်အသွေးကောင်းပုံရသည်။ အနည်းဆုံးတော့ အစစ်မှန်ချီများ ထည့်သွင်းလိုက်လျှင် ကွဲအက်သွားမည် မဟုတ်ပေ၊၊

သူ၏ ချီ၊ ခန္ဓာကိုယ်နှင့် ဓားတို့မှာ တစ်သားတည်း ဖြစ်သွားသကဲ့သို့ သူ၏ အော်ရာ၊ ဓားဆန္ဒနှင့် ဝိညာဉ်တို့မှာလည်း ချောမွေ့စွာ ပေါင်းစည်းသွားသည်။ ဤသည်မှာ သူ၏ ယခင်ဘဝမှ ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံများနှင့် ဝူတန်းတောင်ပေါ်ရှိ သုံးနှစ်တာ ပြင်းထန်သော ကျင့်ကြံမှုများ၏ အသီးအပွင့်ပင် ဖြစ်သည်။

သူ၏ မျက်လုံးများကို ပြန်လည်ဖွင့်လိုက်သောအခါ ဓားရှည်သည် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အစစ်မှန်ချီများမှာ ဓားအတွင်းသို့ စီးဝင်သွားပြီး အတွင်း၌ လှည့်ပတ်ကာ သူ၏ထံသို့ ပြန်လည်ရောက်ရှိလာသည်။

လေပြည်အေးလေးတစ်ခုမှာ သူ့အား ဖြတ်သန်းတိုက်ခတ်သွားသည်။ သူသည် လှုပ်ရှားမှု တစ်ခုမျှပင် မလုပ်ရသေးသော်လည်း ဖော်ပြ၍မရနိုင်သော အရှိန်အဝါတစ်ခုက ပွဲခင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

တာအိုအကြီးအကဲတစ်ဦးက ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ဝမ်ရှန်းကို

အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဒါက...”

ပွဲကြည့်လိုစိတ်ဖြင့် စောင့်ဆိုင်းနေကြသော လူငယ်ကျင့်ကြံသူ အများအပြားလည်း အာရုံစိုက်လာကြသည်။ တီးတိုးပြောဆိုသံများ တိတ်ဆိတ်သွားခဲ့သည်၊၊

Telegram Channel- https://t.me/wanshang68

All Chapters