အခန်း (၈၈၆-၈၈၈)
Vol. 60 Ch. 886-888
အခန်း (၈၈၆) - စီစဉ်ချထားခြင်း
လန်ချင်းအောက် သည် ဆီးနှင်းများ ဖုံးလွှမ်းနေသော ရေကန်ပြင်ထက်တွင် မာနထောင်လွှားစွာ ရပ်နေသည့် ရေခဲငှက် တစ်ကောင်အလား... သူမ၏ နှင်းပွင့်များလို ဖြူလွလွ လည်တိုင်ရှည်ရှည် ကို အမြင့်သို့ မော့ထားသည်။
သူမ၏ မျက်ဝန်းများမှာ ပန်းနုရောင် ဖျော့ဖျော့ သန်းနေပြီး... လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်သောအခါ လေထဲတွင် ယိမ်းနွဲ့နေသော ပန်းရောင် နှင်းဆီပွင့် တစ်ပွင့်အလား... အေးစက်စက် နိုင်လှပြီး လွန်စွာ ဆွဲဆောင်မှု ရှိသော အလှတရား တစ်ခုကို ဖြာထွက်စေ၏။
သို့သော်ငြား... ဖန်ချန် နှင့် သူ၏ ညီအစ်ကို နှစ်ဦးကတော့ ဤသို့ မထင်မြင်ကြချေ။
လန်ချင်းအောက် ဘယ်လောက်ပဲ လှပနေပါစေ... သူမက လူကို နှုတ်သီးဖြင့် ပေါက်တတ်သော ရေခဲငှက် တစ်ကောင်သာ ဖြစ်ပြီး၊ ကိုင်တွယ်သူ၏ လက်ကို သွေးထွက်အောင် စူးတတ်သော နှင်းဆီပွင့် တစ်ပွင့်သာ။
ထို့အပြင်... သူမ၏ စွမ်းအားမှာ တောင်ဘိုးဘေးကြီး ၏ လက်အောက်ရှိ ထိပ်တန်း အယောက် ငါးဆယ် စာရင်းဝင် စွမ်းအားရှင် တစ်ဦး ဖြစ်သူ ဖန်ချန် ထက်ပင် အနည်းငယ်မျှ လျော့နည်းခြင်း မရှိချေ။
လန်ချင်းအောက် သည် သူမ၏ ပန်းနုရောင် မျက်ဝန်းများ အတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များဖြင့်... ဖန်ချန် နှင့် အခြားနှစ်ဦးကို စိုက်ကြည့်ကာ မျက်ခုံး တစ်ဖက်ကို ပင့်လိုက်၏။
"ရှင်တို့တွေ နင်ချီ ကို ပစ်မှတ်ထားနေတာက... ကျုပ်ကို ပစ်မှတ်ထားနေတာနဲ့ အတူတူပဲ..."
လန်ချင်းအောက် ၏ ပြင်းထန်လှသော စကားများ အောက်တွင်... ဖန်ချန် နှင့် အခြားနှစ်ဦး၏ မျက်နှာထားများမှာ ရေခဲတုံးများအလား အေးစက် ခက်ထန်နေသည်။
သူတို့ သုံးဦးစလုံး သည် သွေးထွက်သံယို တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းကာ ယခု နေရာသို့ ရောက်ရှိလာကြသူများ ဖြစ်ရာ... လန်ချင်းအောက် ၏ စကားတစ်ခွန်းတည်းဖြင့် နောက်ဆုတ်သွားစရာ အကြောင်း မရှိချေ။
ထို့အပြင် နင်ချီ သည် သူတို့၏ အသက်တမျှ ချစ်ရသော သားများကို သတ်ဖြတ်ခဲ့သူ ဖြစ်ပြီး... သူတို့မှာလည်း ပင်လယ်ဘိုးဘေးကြီး ၏ လက်အောက်ခံများနှင့် ယခင်ကတည်းက ဆက်ဆံရေး အဆင်မပြေ ဖြစ်နေခဲ့သည် မဟုတ်ပါလော။
ဖန်ချန် သည် လန်ချင်းအောက် ၏ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်၏။
လန်ချင်းအောက် ၏ ဘေးတွင် နယ်မြေတစ်ခုတည်းမှ ကျင့်ကြံသူများ သာ ဝိုင်းရံနေသော်ငြား... နှစ်ဖက် အခြေအနေ တင်းမာလာသည်နှင့်အမျှ... မလှမ်းမကမ်းမှ ပင်လယ်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူများက ဒီရေလှိုင်းများအလား အဆက်မပြတ် စုရုံး ရောက်ရှိလာကြတော့သည်။
စည်းလုံးညီညွတ်မှု အပိုင်းကို ကြည့်မည်ဆိုပါက... ပင်လယ်ဘိုးဘေးကြီး ၏ အဖွဲ့က သူတို့ထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သိသာလှသည်။
အကြောင်းမူကား... ဖန်ချန် နှင့် သူ၏ ညီအစ်ကို နှစ်ဦးသည် သစ္စာဆိုထားကြသူများ ဖြစ်ပြီး အမြဲတမ်း သူတို့ သုံးယောက်သာ အုပ်စုဖွဲ့ နေလေ့ရှိသောကြောင့်... အခြားသော ဝိညာဉ်နယ်မြေများမှ တောင်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူများ က သူတို့ကို လုံးဝ အရေးမလုပ်ကြချေ။
ထို့ကြောင့်... လန်ချင်းအောက် ၏ အဖွဲ့မှာ တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် သူတို့ထက်ပင် အင်အား သာလွန်သွားသည်ကို... ဖန်ချန် နှင့် အခြားနှစ်ဦးမှာ မချိသွားဖြဲ ကြည့်နေရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ချေ။
သူတို့ သုံးဦးစလုံး၏ မျက်နှာများမှာ သုန်မှုန်သွားကြတော့သည်။
"ကောင်းပြီလေ... တော်တော် သတ္တိရှိနေတယ်ပေါ့...လန်ချင်းအောက်..မင်း သူ့ကို အမြဲတမ်း ကာကွယ်ပေးထားနိုင်မလား ဆိုတာကို စောင့်ကြည့်ကြသေးတာပေါ့..."
ဖန်ချန် က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီးနောက်... သူ၏ လူများကို ဦးဆောင်ကာ ချက်ချင်းပင် ထွက်ခွာသွားတော့၏။
လန်ချင်းအောက် သည် ထွက်ခွာသွားသော ဖန်ချန် နှင့် အခြားသူများ၏ ကျောပြင်များကို စိုက်ကြည့်နေပြီး... သူမ၏ ပန်းနုရောင် မျက်ဝန်းများမှာလည်း အလွန်တရာ အေးစက်နေသည်။
သူမ အပေါ် ခြိမ်းခြောက်မှု တစ်ခုခု ပြုလုပ်လာသူ မည်သူ့ကိုမဆို... သူမ ဘယ်သောအခါမှ အလွတ်ပေးမည် မဟုတ်ချေ။
...
ဤနေရာမှ ဆူညံသံများက တောင်ပိုင်းနယ်မြေ တစ်ခုလုံးရှိ အခြားသော မဟာမိတ် အဖွဲ့များ၏ အာရုံစိုက်မှုကို သဘာဝကျစွာပင် ဆွဲဆောင်သွားခဲ့၏။
ဓားဘိုးဘေးကြီး နှင့် ချီခယ်ချင်း တို့ အပါအဝင် အခြားသူများ ကလည်း ဤမြင်ကွင်းကို သေချာပေါက် မြင်တွေ့လိုက်ရသည်။
သူတို့က ထို လူစုကြီးမှာ မည်သူများ ဖြစ်ကြောင်းကို ရန်ပေါ်ဖျင် နှင့် အခြားသူများထံ မေးမြန်းလိုက်ကြရာ... ထိုသူများက နင်ချီ ကို သတ်ဖြတ်ရန် ရောက်လာကြသူများ ဖြစ်ကြောင်း ချက်ချင်း သိရှိသွားကြတော့၏။
တစ်ဖက်ရန်သူများ ထံတွင်... အဓိက နယ်မြေကြီး သုံးခုမှ တာအိုဘိုးဘေးကြီး လေးရာကျော် ပါဝင်နေကြောင်း မြင်လိုက်ရသောအခါ... ဓားဘိုးဘေးကြီး အပါအဝင် လူတိုင်း၏ မျက်လုံးများမှာ အကြောက်တရားကြောင့် ကျဉ်းမြောင်းသွားကြတော့၏။
"ဟေ့ကောင် နင်ချီ... ဒီတစ်ခါတော့ တကယ့်ကို အမာခံ တွေ ရောက်လာပြီဟေ့... မင်း လုံးဝ ထွက်မလာခဲ့နဲ့နော်..."
ဓားဘိုးဘေးကြီး က နင်ချီ ထံသို့ ချက်ချင်းပင် အသံလွှင့်၍ သတိပေးလိုက်၏။
သူ၏ ပထမဆုံး အတွေးမှာ မိမိ၏ လုံခြုံရေး အတွက် မဟုတ်ဘဲ နင်ချီ ၏ လုံခြုံရေး အတွက်သာ ဖြစ်နေသည်။
လူတိုင်း၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများက ဒီရေအလား တိုးပွားလာကြတော့သည်။
ယခင်က နင်ချီ သည် တာအိုဘိုးဘေးကြီး သုံးပါးကို မျက်စိတစ်မှိတ် အတွင်း သတ်ဖြတ်နိုင်ခဲ့သော်ငြား... ယခု တစ်ဖက်ရန်သူ ထံတွင် တာအိုဘိုးဘေးကြီး လေးရာကျော် ရှိနေသည် မဟုတ်ပါလော... ထို့အပြင် ထိုအထဲတွင် ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် သိုင်းပညာရှင်များပါ ပါဝင်နေသေးလေရာ... ဤမျှလောက် ကြီးမားသော အင်အားစုကြီးကို...
လူတိုင်းက စိုးရိမ်ပူပန်နေကြသော နင်ချီ မှာမူ... ခပ်လှမ်းလှမ်းရှိ နေရာတစ်ခုတွင် တိတ်တဆိတ် ပုန်းအောင်းနေသည်။
သူ တောင်ပိုင်းနယ်မြေ သို့ ပြန်ရောက်လာချိန်မှာ အလွန်တရာ ကွက်တိကျလှသည်။ တာအိုဘိုးဘေးကြီးများ ရောက်ရှိလာချိန် နှင့် အတိအကျ ဆုံသွားခဲ့ပြီး... နှစ်ဖက် အုပ်စုများ ကြားမှ ပဋိပက္ခများကိုလည်း အစအဆုံး မြင်တွေ့ခဲ့ရ၏။
နယ်မြေအရှင်သခင် သုံးဦး ဖြစ်ကြသော ဖန်ချန် တို့ အဖွဲ့ နှင့် သူတို့၏ လက်အောက်မှ တာအိုဘိုးဘေးကြီးများစွာကို... နင်ချီ တစ်ယောက် သိပ်ပြီး ဂရုစိုက်နေခြင်း မရှိချေ။
သူ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှု မှာ... အကယ်၍ ထိုလူတွေ အားလုံးက သူ့ကို ဝိုင်းဝန်း တိုက်ခိုက်လာကြမည် ဆိုပါက... သူ၏ အစစ်အမှန် စွမ်းအားများကို မဖော်ပြဘဲ မည်သို့ သတ်ဖြတ်ရမည်နည်း ဆိုသည့် အချက်ပါပင်။
သူ လုံးဝ မျှော်လင့် မထားခဲ့သည်မှာ... ပင်လယ်ဘိုးဘေးကြီး ၏ လက်အောက်ခံ တစ်ဦးဖြစ်သူ လန်ချင်းအောက် ဆိုသည့် အမျိုးသမီးက သူ့ကိုယ်စား ဝင်ရောက် ဖြေရှင်းပေးပြီး သူ့ကို ကာကွယ်ပေးခဲ့ခြင်းပါပင်။
နင်ချီ သည် လန်ချင်းအောက် အား အဓိပ္ပာယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်ပြီး... သူမ၏ ကျေးဇူးကို စိတ်ထဲ၌ မှတ်ထားလိုက်၏။
မည်သို့ပင် ဆိုစေကာမူ... သူမက သူ့အပေါ် စေတနာထားခဲ့သူ တစ်ဦး ဖြစ်သည်။
နင်ချီ တစ်ယောက် ဤကိစ္စများကို တွေးတောနေစဉ် အခိုက်အတန့်လေးမှာပင်... သူ၏ ဝတ်ရုံ ရင်ဘတ်ထဲမှ တစ်စုံတစ်ခုက တုန်ခါသွား၏။
သူသည် ဆက်သွယ်ရေး ကျောက်စိမ်းပြား ကို ထုတ်ယူလိုက်ရာ... ဓားဘိုးဘေးကြီး ထံမှ သတိပေး စကားကို ကြားလိုက်ရပြီး... ထိုနောက်တွင်တော့ အခြားသူများ ထံမှလည်း စိုးရိမ်တကြီး သတိပေးသည့် စကားသံများ ဆက်တိုက် ထွက်ပေါ်လာတော့၏။
အခန်း (၈၈၇) - စီစဉ်ချထားခြင်း
နင်ချီ သည် သူ၏ ဝိညာဉ်အာရုံ ကို အသုံးပြု၍ ပတ်ဝန်းကျင် တစ်ဝိုက်ကို အမြန် ဝေ့ကြည့်လိုက်ပြီးနောက်... သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။
သူက အားလုံးကို တစ်ယောက်ချင်းစီ တည်ငြိမ်စွာ ပြန်လည် အသံလွှင့်လိုက်သည်။
"ဘာမှ စိတ်ပူစရာ မလိုပါဘူးဗျာ... ကျွန်တော်လည်း အခု တောင်ပိုင်းနယ်မြေ ထဲမှာပဲ ရှိနေတာပါ... သူတို့ ကျွန်တော့်ကို ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ပါဘူး... အကယ်၍ သူတို့ ကျွန်တော့်ကို ရှာတွေ့ခဲ့မယ် ဆိုရင်တောင်... ကျွန်တော် ကိုယ်တိုင် ထွက်လာခဲ့မှာပါ..."
သူ၏ စကားကို ကြားလိုက်ရသောအခါမှသာ... ဓားဘိုးဘေးကြီး နှင့် အခြားသူများ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများမှာ အနည်းငယ် လျော့ကျသွားကြတော့သည်။
ရန်ပေါ်ဖျင် ၊ လန်ယင်းယင်း နှင့် အခြားသူများက သူတို့ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသော်ငြား... ဓားဘိုးဘေးကြီး ကမူ ဘာစကားမှ မဆိုတော့ဘဲ ခေါင်းကိုသာ ရမ်းပြလိုက်၏။
နင်ချီ သည် သူ၏ အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး... ဖန်ချန် တို့ အဖွဲ့ကို ဆက်လက် အာရုံစိုက် မနေတော့ချေ။
ယခုအချိန်တွင် အရေးအကြီးဆုံး ကိစ္စမှာ... တောင်ပိုင်းနယ်မြေ တစ်ခုလုံး အတွက် အခင်းအကျင်း ကွန်ရက်များကို ကြိုတင် ရေးဆွဲ မှတ်တမ်းတင်ထားရန်ပါပင်။
မြောက်ပိုင်း နှင့် တောင်ပိုင်း နယ်မြေများ အပြည့်အဝ ချိတ်ဆက်သွားပြီး မဟာတိုက်ပွဲကြီး စတင်လာသည်နှင့် တစ်ပြိုင်နက်... သူ ထွင်းထုထားခဲ့သော အခင်းအကျင်း ကွန်ရက်များက သူတို့၏ အမြင့်မားဆုံးသော စွမ်းရည်များကို ထုတ်ဖော် ပြသလာတော့မည် ဖြစ်သည်။
နင်ချီ သည် ကိုယ်ယောင်ဖျောက် လိုက်ပြီးနောက် သူ၏ အစီအစဉ်များကို ချက်ချင်း စတင်လိုက်တော့သည်။
ကံကောင်းထောက်မစွာဖြင့်... ယခုအခါ သူသည် သဟဇာတဖြစ်ခြင်း နယ်ပယ် ၏ စွမ်းအားများကို အပြင်ပန်းတွင် ပိုင်ဆိုင်ထားပြီး ဖြစ်သလို... အတွင်းပိုင်း၌လည်း သူ၏ အစစ်အမှန် ခန္ဓာကိုယ် ထံမှ စွမ်းအားများကို တိတ်တဆိတ် ရယူ သုံးစွဲနိုင်၏။ အကယ်၍ မည်သို့မှ မတတ်နိုင်တော့သည့် အခြေအနေမျိုး ရောက်လာခဲ့မည် ဆိုလျှင်တောင်... သူ၏ ထံတွင် ရေတွက်၍ မရနိုင်သော ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန် ရတနာများ... ဝိညာဉ်ကျောက်တုံး စည်းမျဉ်း အပိုင်းအစများ နှင့် ကမ္ဘာကြီး နှစ်ခု ၏ ကမ္ဘာ့နယ်နိမိတ် စွမ်းအားများပင် ရှိနေသေးရာ... သူ ကုန်ခမ်းသွားသော စွမ်းအင်များကို ချက်ချင်း ပြန်လည် ဖြည့်တင်းနိုင်မည် ဖြစ်ပေ၏။
ထို့ကြောင့်... နင်ချီ သည် အလွန်တရာ တည်ငြိမ်ပြီး လျင်မြန်သော လှုပ်ရှားမှုများဖြင့်... လျှို့ဝှက် အခင်းအကျင်း ကွန်ရက်များစွာကို နယ်နိမိတ် နံရံကြီး တစ်ခုလုံး အပေါ်၌ ဆက်တိုက် ထွင်းထု မှတ်တမ်းတင်နေတော့သည်။
စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားမည့် ဧရာမ အခင်းအကျင်းကြီးကို ရေးဆွဲနေစဉ် အတွင်းမှာပင်... နင်ချီ ၏ စွမ်းရည်များမှာလည်း အလွန် လျင်မြန်စွာ တိုးတက်လာ၏။ တာအိုဘိုးဘေးကြီးများကို ရင်ဆိုင်ရမည့် သူ၏ တိုက်ခိုက်ရေး စွမ်းရည်များ ဖြစ်စေ... မှော်အခင်းအကျင်း ပညာရပ်များ ဖြစ်စေ... ဝိညာဉ်ကမ္ဘာကြီး နှစ်ခု ၏ ကမ္ဘာ့စွမ်းအားများကို နားလည် သဘောပေါက်မှု အပိုင်း၌ ဖြစ်စေ... အားလုံးမှာ အံ့မခန်း တိုးတက်လာခဲ့၏။
အစစ်အမှန်သိုင်းကမ္ဘာ အတွင်း၌...
ကမ္ဘာကြီး နှစ်ခု ၏ ကမ္ဘာ့စွမ်းအားများကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေသော နင်ချီ ၏ လက်နှစ်ဖက် သည်... တစ်ဖက်လျှင် တာအို စွမ်းအားမျှင် နှစ်ဆယ် စီကို လုံးဝ စုပ်ယူ သန့်စင်ပြီး ဖြစ်သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ ၊ ကျယ်ပြန့်သော ကမ္ဘာ တို့၏ စွမ်းအားများကိုသာမက... အစစ်အမှန်သိုင်းကမ္ဘာ ၏ ကမ္ဘာ့စွမ်းအားများကိုပါ ခွဲခြမ်းစိတ်ဖြာခြင်း၊ နှိုင်းယှဉ်ခြင်း နှင့် နားလည် သဘောပေါက်အောင် ကြိုးစားခြင်း တို့ဖြင့်... နင်ချီ သည် သူ၏ ကောင်းကင်ကို အံတုနိုင်သော စွမ်းရည်များဖြင့် ဝိညာဉ်ကမ္ဘာကြီးများ၏ လည်ပတ်မှု စနစ်ကို ပိုမို နက်ရှိုင်းစွာ နားလည် သဘောပေါက်သွားတော့သည်။
ထိုအခိုက်... သူသည် သူ၏ လက်ကို ရုတ်တရက် တစ်ချက် ဝှေ့ယမ်းလိုက်၏။
ချက်ချင်းဆိုသလိုပင်... ဓာတ်ကြီးငါးပါး နတ်ဘုရား စည်းမျဉ်းစွမ်းအားမျှင်ကြီးသည် လေထဲသို့ ပျံထွက်သွားပြီး... အစစ်အမှန်သိုင်းကမ္ဘာ ၏ နယ်နိမိတ် နံရံကြီးကို တိုက်ရိုက် ဖောက်ထွက်ကာ အဆုံးအစမဲ့ နယ်မြေများ ပင်လယ် ကြီးထဲသို့ ဝင်ရောက်သွားတော့သည်။
အလွန်တရာ မှုန်ဝါးပြီး အဆုံးအစ မရှိ ကျယ်ပြောလှသော နယ်မြေများ ပင်လယ် ကြီး အတွင်း၌... ဓာတ်ကြီးငါးပါး နတ်ဘုရား စည်းမျဉ်းစွမ်းအားမျှင်ကြီးသည် လှိုင်းလုံးများ ကြားရှိ လှေငယ်လေး တစ်စင်းအလား... အထက်အောက် နိမ့်ချည် မြင့်ချည် ဝဲပျံနေသည်။
၎င်း၏ အထက်ရှိ စုပ်ယူနိုင်စွမ်း စွမ်းအားကြီးမှာ တစ်ဟုန်ထိုး မြင့်တက်လာပြီးနောက်... နယ်မြေများ ပင်လယ် ကြီး အတွင်း၌ ရှိနေသော ရေတွက်၍ မရနိုင်သည့် စည်းမျဉ်း စွမ်းအားများကို... ယခင်ကထက် အဆပေါင်းများစွာ ပိုမို လျင်မြန်သော အရှိန်အဟုန်ဖြင့် အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ တိုက်ရိုက် စုပ်ယူ ပို့ဆောင်ပေးနေတော့သည်။
ယခင်က... သူသည် စည်းမျဉ်း နယ်ပယ် အဆင့်ကြီး သို့ တက်လှမ်းနိုင်ခဲ့သောကြောင့်... ဓာတ်ကြီးငါးပါး နတ်ဘုရား စည်းမျဉ်းစွမ်းအားမျှင် ကြီး အနေဖြင့် အစစ်အမှန်သိုင်းကမ္ဘာ အတွက် တာအို စည်းမျဉ်း မူလအစ ငါးခုကို သန့်စင် စုစည်းပေးနိုင်ရန် တစ်နှစ်ခန့်သာ အချိန်ယူရပါတော့မည်။
သို့သော်ငြား ကမ္ဘာကြီး နှစ်ခု ၏ စွမ်းအားများကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေသော နင်ချီ ၏ ကြိုးစားအားထုတ်မှုများက... ဓာတ်ကြီးငါးပါး နတ်ဘုရား စည်းမျဉ်းစွမ်းအားမျှင် ကြီး၏ စွမ်းရည်ကို ပိုမို မြင့်မားလာစေခဲ့၏။
ယခုအခါ အစစ်အမှန်သိုင်းကမ္ဘာ ၏ ကမ္ဘာ့စွမ်းအားသည်... တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့ကဲ့သို့ တူညီသော အဆင့်အတန်း တစ်ခုသို့ ရောက်ရှိသွားပြီဟု မဆိုနိုင်သေးသော်ငြား... ဓာတ်ကြီးငါးပါး နတ်ဘုရား စည်းမျဉ်းစွမ်းအားမျှင် ကြီး အနေဖြင့် တာအို စည်းမျဉ်း မူလအစများကို စုစည်း သန့်စင်ပေးနိုင်သည့် အမြန်နှုန်းမှာ ယခင်ကထက် ငါးဆယ်ရာခိုင်နှုန်းခန့် မြင့်တက်လာပြီ ဖြစ်ကြောင်း နင်ချီ ခန့်မှန်းမိသည်။ ဆိုလိုသည်မှာ... ၎င်းသည် တစ်နှစ်အတွင်း အစစ်အမှန်သိုင်းကမ္ဘာ အတွက် တာအို စည်းမျဉ်း မူလအစ ရှစ်ခုတိတိကို စုစည်းပေးနိုင်တော့မည် ဖြစ်ရာ ယခင်ကထက် သုံးခု ပိုမို တိုးတက်လာခြင်းပင် ဖြစ်၏။
ဤသည်မှာ နင်ချီ အနေဖြင့် ကမ္ဘာကြီး နှစ်ခု ၏ ကမ္ဘာ့နယ်နိမိတ် စွမ်းအားများကို အပြည့်အဝ နားလည် သဘောပေါက်ခြင်း မရှိသေးမီ အခြေအနေပင် ဖြစ်ပေ၏။
သေချာသည်ကတော့... သူ၏ လက်ရှိ လေ့လာ သုတေသန ပြုလုပ်နိုင်စွမ်းမှာ ဤမျှလောက်သာ ရှိသေး၏။ အကယ်၍ ဤထက် ပိုမို နက်ရှိုင်းစွာ လေ့လာလိုပါက... ဝိညာဉ်ကမ္ဘာကြီး နှစ်ခု ၏ ကမ္ဘာ့ဆန္ဒတော်များနှင့် အမှန်တကယ် ထိတွေ့ ဆက်ဆံရမည်သာ။
သူ လေ့လာနေသော ကမ္ဘာ့နယ်နိမိတ် စွမ်းအားများမှာ ကမ္ဘာ့ဆန္ဒတော် ကြီးများ၏ အမြင်တွင် ဝိညာဉ်ကမ္ဘာ ကြီးထဲမှ ဖုန်မှုန့် တစ်မှုန့်မျှသာ ဖြစ်ပြီး... ၎င်းတို့မှာ ကမ္ဘာကြီး၏ မူလအစ စွမ်းအားများ မဟုတ်ကြချေ။
သို့သော် နင်ချီ ကတော့ အလောတကြီး မဖြစ်ခဲ့ပေ။ သူက နောက်ကွယ်မှနေ၍ ဆက်လက် ကြိုးကိုင် လှုပ်ရှားနေသရွေ့... အစစ်အမှန်သိုင်းကမ္ဘာ မှ လူဝင်စားများ က ဝိညာဉ်ကမ္ဘာကြီး နှစ်ခု ၏ ကမ္ဘာ့ဆန္ဒတော်များနှင့် တစ်နေ့နေ့တွင် သေချာပေါက် ထိတွေ့ ဆက်ဆံလာရမည် ဖြစ်သည်။
...
ယခုအခါ... သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများ အများဆုံး ပါဝင်သည့် အမာခံ တပ်ဖွဲ့ကြီးမှာ စစ်မြေပြင်နယ်မြေ အတွင်းသို့ ရောက်ရှိနေကြလေပြီ။
နှစ်ဖက်စလုံး မှ တပ်ဖွဲ့ဝင်များ အားလုံးသည် လေထုထဲ၌ ပြည့်နှက်နေသော တင်းမာမှုများကို အတိုင်းသား ခံစားနေကြရသည်။
ပူအိုက်လွန်းလှသော မွန်းလွဲပိုင်း အချိန်တစ်ခုတွင်... ကောင်းကင်ယံ တစ်ခုလုံး၌ မည်းမှောင်နေသော တိမ်တိုက်ကြီးများ ရုတ်တရက် ဖုံးလွှမ်းလာပြီးနောက်... လေပြင်းများ စတင် တိုက်ခတ်လာကာ ရင်ကျပ်ဖွယ် ကောင်းလှသော စိုစွတ်စွတ် အနံ့အသက်များကိုပါ ခံစားလာရ၏။
ကြောက်မက်ဖွယ် မုန်တိုင်းကြီး တစ်ခု ကျရောက်လာတော့မည် ဖြစ်ပေ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ ၊ ကျယ်ပြန့်သော ကမ္ဘာ ဟူသော ဝိညာဉ်ကမ္ဘာကြီး နှစ်ခု အတွင်း၌မူ... ၎င်းတို့၏ ကျင့်ကြံသူ ရှစ်ဆယ် ရာခိုင်နှုန်းခန့်ကို စစ်မြေပြင်နယ်မြေ သို့ စေလွှတ်လိုက်ပြီ ဖြစ်ရာ... ကမ္ဘာကြီး နှစ်ခုစလုံးမှာ လူသူကင်းမဲ့ကာ အလွန်တရာ ဟာလာဟင်းလင်း ဖြစ်နေတော့သည်။
သို့သော်ငြား နှစ်ဖက်စလုံး မှ နောက်ကွယ်က ကြိုးကိုင်နေသူများ ကတော့ မည်သည့် အန္တရာယ် ကိုမျှ မပူပန်နေကြချေ။
တောင်ဘိုးဘေးကြီး ၊ ပင်လယ်ဘိုးဘေးကြီး ၊ သူတော်စင် ဘိုးဘေးကြီး တို့ အပါအဝင်... ဝိညာဉ်ကမ္ဘာကြီး နှစ်ခု ၏ ကမ္ဘာ့ဆန္ဒတော်များသည် သူတို့၏ အာရုံစိုက်မှု အားလုံးကို စစ်မြေပြင်နယ်မြေ ထံသို့သာ လုံးဝ ပုံအပ်ထားကြသည်။
အခန်း (၈၈၈) - စီစဉ်ချထားခြင်း
သူတို့သည် စစ်မြေပြင်နယ်မြေ ကို အပေါ်စီးမှ စိုက်ကြည့်နေကြပြီး... နှစ်ဖက်စလုံး က သိမ်းပိုက်ထားသော နယ်မြေများမှာ... တရုတ် ရိုးရာ စစ်တုရင် ကစားပွဲ မှ 'ချူမြစ်' နှင့် 'ဟန်နယ်နိမိတ်' တို့အလား အလွန် ရှင်းလင်း ပြတ်သားစွာ ပိုင်းခြားထားပြီး ဖြစ်၏။
ဤသို့ ရှင်းလင်း ပြတ်သားနေသော အခြေအနေ ကြောင့်ပင်လျှင်... ဤ ကစားပွဲကြီးကို ဖန်တီးခဲ့ကြသူ ကစားသမားများ အနေဖြင့် ယခုအခါ အမှန်တကယ် ဝင်ရောက် ကစားရတော့မည် ဖြစ်ပေ၏။
"တောင်နဲ့ ပင်လယ်... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် နဲ့ မင်း တိုင်ပင်ပြီးပြီလား..."
ဟု ပင်လယ်ဘိုးဘေးကြီး က လှမ်းမေးလိုက်၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ပြန်လည် ဖြေကြားလိုက်သည်။
"ငါ သူနဲ့ ညှိနှိုင်းပြီးသွားပြီ... နောက်ထပ် တစ်နာရီလောက် နေရင် ငါတို့ နှစ်ယောက်စလုံး ဆက်စပ်နေတဲ့ နယ်နိမိတ် နံရံ တွေကို တစ်ပြိုင်နက်တည်း ဖွင့်ချပစ်ကြမယ်..."
ပင်လယ်ဘိုးဘေးကြီး သည် သူမ၏ ရေခဲအလား အေးစက်နေသော မျက်ဝန်းများကို တစ်ချက် မှိတ်လိုက် ဖွင့်လိုက် လုပ်လိုက်လေရာ... သူမ၏ ရှည်လျားသော မျက်တောင်လေးများ တဖျပ်ဖျပ် ခတ်သွားပြီး... မျက်တောင် တစ်ပင်စီ တိုင်း၌ နတ်ဘုရား စွမ်းရည်များ ပါဝင်နေသည့်အလား ရှိသည်။
"ငါတို့ အလယ်ဗဟို နယ်မြေ ကို ဘယ်တော့လောက် သိမ်းပိုက်နိုင်မလဲ..."
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်...
"အဲဒါကိုတော့ ပြောရခက်တယ်..."
"ဟင်... ဘာတွေများ ခက်နေလို့လဲ..."
ထိုအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ဆက်ပြောလာ၏..။
"ကျယ်ပြန့်သော ကမ္ဘာ က ဒီလောက်တောင် အပြင်းအထန် ခုခံလာလိမ့်မယ်လို့ ငါ ကိုယ်တိုင်တောင် မထင်ထားခဲ့ဘူး... ပိုဆိုးတာက... သူတို့က ငါတို့လိုပဲ စစ်မြေပြင်နယ်မြေ လေးခု ကို တိုက်ရိုက် သိမ်းပိုက်သွားနိုင်ခဲ့တာပဲ... ပြီးတော့ အဲဒီ နယ်မြေတွေ အားလုံးကလည်း တစ်ဆက်တည်း ဖြစ်နေပြန်တယ်..."
ပင်လယ်ဘိုးဘေးကြီး က သူ့ကို စိုက်ကြည့်ရင်း ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေသည်။
"လက်ရှိ နှစ်ဖက် အင်အား မျှတနေတဲ့ အခြေအနေ ကြောင့်မို့လို့ အမာခံ တပ်ဖွဲ့ကြီးတွေ အားလုံး ဒီထဲကို ဝင်ရောက်လာကြတာပဲ... အဲဒီ ကျင့်ကြံသူတွေ ဝင်လာပြီးတဲ့နောက်မှာ... ပွင့်သွားတဲ့ နယ်နိမိတ် နံရံ တွေကို ပြန်လည် တည်ငြိမ်သွားအောင် ငါတို့ နှစ်ဖက်စလုံး က အင်အားတွေ ပိုပြီး စိုက်ထုတ်ခဲ့ရတယ်လေ..."
"အခုဆိုရင် ပတ်ဝန်းကျင်က နယ်နိမိတ် နံရံ တွေ အားလုံး တည်ငြိမ်သွားပြီ ဖြစ်တဲ့အတွက်... အလယ်ဗဟို မှာ ပိတ်မိနေတဲ့ အလယ်ဗဟို နယ်မြေ ရဲ့ နယ်နိမိတ် နံရံ ကလည်း ပိုပြီး ထူထဲ ခိုင်မာလာပြီ... ဒါကြောင့်..."
ပင်လယ်ဘိုးဘေးကြီး ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။
"ဒါကြောင့် ဘာဖြစ်လဲ..."
"ဆိုလိုတာက... အခုဆိုရင် အဲဒီ အမာခံ တပ်ဖွဲ့တွေ လည်း အလယ်ဗဟို နယ်မြေ ထဲကို ဝင်ရောက်နိုင်သွားပြီ... သူတို့ရဲ့ စစ်ပွဲက အခု သူတို့ သိမ်းပိုက်တော့မယ့် အပြင်ဘက် စက်ဝိုင်း နယ်မြေ တွေမှာတင် ကန့်သတ်ထားတော့မှာ မဟုတ်ဘူး... အလယ်ဗဟို နယ်မြေ ကို လုယူမယ့် တိုက်ပွဲ တွေမှာပါ သူတို့ ပါဝင်လာကြတော့မှာပဲ..."
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ခေတ္တမျှ ရပ်နားလိုက်ပြီး...
"ဒါက ရှေ့ဆက် ဖြစ်လာမယ့် အလားအလာ ပဲ... အမာခံ တပ်ဖွဲ့တွေ အလယ်ဗဟို နယ်မြေ လုပွဲ ထဲကို ဝင်လာပြီ ဆိုရင်တော့... အဲဒီ နေရာကို သိမ်းပိုက်ဖို့ ပိုပြီး ခက်ခဲသွားလိမ့်မယ်..."
ထိုအခိုက် ပင်လယ်ဘိုးဘေးကြီး က ရုတ်တရက် မေးလိုက်၏...
"နင်ချီ ကို နောက်ထပ် နည်းလမ်း တစ်ခုခု စဉ်းစားခိုင်းလို့ မရဘူးလား... အရင်တုန်းက ငါတို့ သိမ်းပိုက်ခဲ့တဲ့ စစ်မြေပြင်နယ်မြေ တွေမှာ သူက အရေးအကြီးဆုံး အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တာပဲလေ... သူသာ ကူညီပေးမယ် ဆိုရင်... ငါတို့ အလယ်ဗဟို နယ်မြေ ကို အရင်ဆုံး သိမ်းပိုက်နိုင်လောက်တယ်..."
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ခေါင်းယမ်းပြလိုက်သည်။
"အလယ်ဗဟို နယ်မြေ ဆိုတာ အင်မတန် ကျယ်ပြောပြီး စစ်မြေပြင်နယ်မြေ တစ်ခုလုံးရဲ့ အူတိုင် ပဲ... အဲဒီအထဲမှာ ကမ္ဘာကြီး နှစ်ခု စလုံးက ထိပ်တန်း ကျင့်ကြံသူတွေ နဲ့ ပြည့်နှက်နေတာ... နင်ချီ က တစ်ယောက်တည်းလေ... အလယ်ဗဟို နယ်မြေ ကို သိမ်းပိုက်ဖို့ သူ့ကို ရှေ့တန်း တင်ဖို့ မျှော်လင့်တာက လက်တွေ့ မကျလွန်းဘူး..."
ပင်လယ်ဘိုးဘေးကြီး မှာ ခေတ္တမျှ တိတ်ဆိတ်သွားလေရာ... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ စကားကို သဘောတူ လက်ခံလိုက်သည်ဟု ယူဆရပေမည်။
"ဒါဆို အခု သူ ဘာလုပ်နေလဲ... သူက ငါတို့ တော်တော်နဲ့ ရှာမတွေ့နိုင်တဲ့ အင်မတန် ရှားပါးပြီး ထက်မြက်လှတဲ့ လက်နက်ကောင်း တစ်ခုပဲလေ..."
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က...
"ငါ သူ့ကို သစ်ရွက်ခြောက် တစ်ရွက် ပေးထားတယ်... အဲဒီ သစ်ရွက် ရဲ့ အကာအကွယ် နဲ့... သူက ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေကို အများကြီး ချုံခို သတ်ဖြတ်နိုင်ခဲ့တယ်လေ..."
ပင်လယ်ဘိုးဘေးကြီး က ခေါင်းညိတ်လိုက်ပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင်ကြီး ကို တစ်ချက် ဝေ့ကြည့်လိုက်၏။
"မင်းက အဲဒီ သစ်ရွက်ခြောက် တွေ အကုန်လုံးကို သူ့ကို ပေးလိုက်တာလား... ကြည့်ရတာ သူ အပေါ်မှာ မင်း တော်တော်လေး မျှော်လင့်ချက် ကြီးကြီးမားမား ထားထားပုံ ရတယ်နော်.. တောင်နဲ့ ပင်လယ် ကမ္ဘာ... ဘာလဲ... မင်းက သူ့ကို ပျိုးထောင်ပြီး ငါ နဲ့ ဟောင်ရှန်း ကို ပြန်တိုက်ခိုက်ခိုင်းမလို့လား..."
ပင်လယ်ဘိုးဘေးကြီး ၏ မျက်ဝန်းများမှာ ရုတ်တရက် အလွန်တရာ ထက်ရှ စူးရှလာတော့သည်။
သို့သော်ငြား တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူမကို မည်သည့်အရာမျှ လျှို့ဝှက်ထားရန် ရည်ရွယ်ချက် မရှိဟန် ပေါ်သည်။
"ဘာဖြစ်လဲ... မင်း နဲ့ ဟောင်ရှန်း က ငါ့ဆီကနေ အာဏာတွေ လုယူပြီး တောင်နဲ့ ပင်လယ် ကမ္ဘာ မှာ ရှိတဲ့ ကျင့်ကြံသူတွေ အားလုံးကို ခွဲဝေ ယူထားကြသေးတာပဲ... ငါ့မှာ ငါ့ရဲ့ ကိုယ်ပိုင် အင်အားစု ကို ပျိုးထောင်ပိုင်ခွင့် မရှိဘူးလို့ ဘယ်သူ ပြောလဲ..."
ပင်လယ်ဘိုးဘေးကြီး က တိုးတိတ်စွာ ရယ်လိုက်၏။
"မင်း သဘောပဲလေ... ငါ ဟောင်ရှန်း ကို လက်စားချေမယ့် ကိစ္စမှာ ဝင်မရှုပ်သရွေ့ပေါ့..."
"စိတ်မပူပါနဲ့... မင်းနဲ့ သူ သတ်ကြလို့ တစ်ယောက်ယောက် သေသွားတာကို ငါက ပိုတောင် သဘောကျသေးတယ်... အဲဒီလိုဆိုရင် ငါ့ရဲ့ စွမ်းအား တချို့ကို ငါ ပြန်ယူလို့ ရတာပေါ့..."
...
ခန့်မှန်းခြေ တစ်နာရီခန့် အကြာတွင်... နင်ချီ သည် တောင်ပိုင်းနယ်မြေ တစ်ခုလုံး အတွက် အခင်းအကျင်း ကွန်ရက်များ ရေးဆွဲ မှတ်တမ်းတင်ခြင်းကို နောက်ဆုံး၌ အောင်မြင်စွာ ပြီးစီးသွားတော့သည်။
သူသည် အမှောင်ရိပ် ထဲ၌ ကိုယ်ယောင်ဖျောက် နေပြီး... သူ၏ မျက်ဝန်းများ အတွင်း၌မူ သူ တစ်ဦးတည်းသာလျှင် မြင်တွေ့နိုင်သော နယ်နိမိတ် နံရံ အပေါ်ရှိ မရေမတွက်နိုင်သည့် မှော်စာလုံးများက ထင်ဟပ်နေသည်။ ဘာမှ မလှုပ်ရှားနေလျှင်တောင်... နင်ချီ ၏ မျက်လုံးများထဲတွင် အဆုံးအစ မရှိသော မှော်ပညာ စည်းမျဉ်းများ ပြည့်နှက်နေသည့်အလား ရှိ၏။
"တစ်ခုခု လိုနေသလိုပဲ ငါ ခံစားနေရတယ်..."
နင်ချီ သည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေသည်။
"နယ်နိမိတ် နံရံ ပေါ်က အခင်းအကျင်း ကွန်ရက် တွေကတော့ ပြီးပြည့်စုံသွားပြီ... သူတို့က ပြန့်ကျဲနေတဲ့ ဝိညာဉ်ချီ တွေရယ်၊ စည်းမျဉ်း တွေရယ်၊ ပြီးတော့ ကမ္ဘာကြီး နှစ်ခု ရဲ့ စွမ်းအင် တွေနဲ့ ကမ္ဘာ့နယ်နိမိတ် စွမ်းအား တွေကို အဆက်မပြတ် စုပ်ယူနေကြတယ်... ဒါပေမဲ့..."
ထိုအခိုက် နင်ချီ ၏ အကြည့်များက နယ်မြေ၏ အတွင်းပိုင်း ဆီသို့ ရုတ်တရက် ရောက်ရှိသွား၏။
"အကယ်၍ အတွင်းဘက် ဟင်းလင်းပြင် နေရာလွတ် ထဲမှာသာ... အခင်းအကျင်း ဗဟိုချက် အချို့ကို ထပ်ပြီး တည်ဆောက်နိုင်မယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပဲ..."
ချက်ချင်းဆိုသလိုပင်... သူ၏ မျက်လုံးများထဲတွင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားတော့၏။
"အာ... ဟုတ်သားပဲ... ငါ ခုတ်ဖြတ်ပြီး အစစ်အမှန်သိုင်းကမ္ဘာ ထဲကို ထည့်ထားတဲ့ အဲဒီ ဖုံးကွယ်နေတဲ့ ဆုံမှတ် တွေကို ဘယ်လိုလုပ် မေ့နေရတာလဲ..."
ထို ဖုံးကွယ်နေသော ဆုံမှတ်များသည် ဟင်းလင်းပြင် ခေါက်ချိုး မှုများကြောင့် အလွန်တရာ လုံခြုံစွာ ပုန်းကွယ်နေကြပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ ၊ ကျယ်ပြန့်သော ကမ္ဘာ တို့၏ စွမ်းအင်များနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေကာ... နယ်မြေများ ပင်လယ် ၏ စွမ်းအင်များကိုသာ လက်ခံ ရရှိနေကြခြင်းပင်။
ထို့ကြောင့် နင်ချီ သည် ၎င်းတို့ အားလုံးကို ခုတ်ဖြတ်၍ အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ထည့်သွင်းထားခဲ့ခြင်းပင်။