← Chapters

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း (၈၈၉) - စီစဉ်ချထားခြင်း

သူသည် ဟင်းလင်းပြင်များကို ခုတ်ဖြတ်ခဲ့သော်ငြား လုံးဝ အပြီးအပြတ် ဖြတ်တောက်လိုက်ခြင်းတော့ မဟုတ်ချေ။

ထို ဖုံးကွယ်နေသော ဆုံမှတ်များသည် အစစ်အမှန် ဟင်းလင်းပြင် နေရာလွတ် ထဲတွင် ပုန်းအောင်းနေသော လိမ္မော်သီးများအလား ရှိနေကြ၏။

နင်ချီ သည် လိမ္မော်သီး အမွှာများ အားလုံးကို ထုတ်ယူ စားသုံးလိုက်သော်ငြား... အစစ်အမှန် စစ်မြေပြင်နယ်မြေ နှင့် ထိတွေ့နေသော လိမ္မော်သီး အခွံများကိုမူ ချန်ရစ်ထားခဲ့သည်။

ထို လိမ္မော်သီး အခွံများသည် မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်သော ဟင်းလင်းပြင် အမှုန်အမွှား လေးများ အဖြစ်သို့ လုံးဝ ကျုံ့ဝင်သွားကြ၏။

ယခုအခါ ထိုအရာများကို ပြန်လည် သတိရသွားသောအခါ... နင်ချီ ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာတော့၏။

"အဲဒီ အခွံလေးတွေ ထဲမှာ အခင်းအကျင်း ရဲ့ အူတိုင် ကို သွားဝှက်ထားလိုက်ရင် မကောင်းဘူးလား..."

ထိုအကြောင်းကို တွေးမိလိုက်သောအခါ နင်ချီ မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး... သူ ပြီးပြည့်စုံအောင် ဖန်တီးတော့မည့် မဟာ အခင်းအကျင်း ကြီးအတွက် အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်ကာ ကခုန်ချင်စိတ်ပင် ပေါ်ပေါက်လာတော့သည်။

သူသည် အသစ်စက်စက် ဖန်တီးထားသော အစစ်အမှန်သိုင်း အိတ်ဆောင်နာရီ ကို ထုတ်ယူလိုက်ပြီး မြေပုံကို အသက်သွင်းလိုက်သည်။

မြေပုံကြီးသည် အပြာရင့်ရောင် ဖြင့် ထွက်ပေါ်လာပြီး... ဖုံးကွယ်နေသော ဆုံမှတ်များ၏ တည်နေရာများကို ပင်မ မျက်နှာပြင်ပေါ်၌ ဆက်လက် ကြည့်ရှုနိုင်သေး၏။

ထို့ကြောင့် နင်ချီ သည် ထို ဖုံးကွယ်နေသော ဆုံမှတ်များ ရှိရာ နေရာများသို့ အမြန်ဆုံး သွားရောက်ပြီး... ၎င်းတို့ အတွင်း၌ မဟာ အခင်းအကျင်း ကြီး၏ အူတိုင်များကို တိတ်တဆိတ် တည်ဆောက်ထားလိုက်တော့သည်။

တောင်ပိုင်းနယ်မြေ အတွင်းရှိ ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားသောအခါ... နင်ချီ သည် ရုတ်တရက် ရပ်တန့်သွားသည်။

စစ်မြေပြင်နယ်မြေ တစ်ခုလုံး နောက်တစ်ကြိမ် ထပ်မံ တုန်ခါသွားပြီးနောက်... နင်ချီ သည် မြောက်ဘက် အရပ်ဆီသို့ လှမ်းကြည့်လိုက်၏။

ဝုန်းခနဲ မြည်ဟည်းသံကြီးများက အဆက်မပြတ် ထွက်ပေါ်နေသည်။

ယခင်အကြိမ်များနှင့် မတူညီသည်မှာ... ဤတစ်ကြိမ် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုများက ယခင်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန် ကြီးမားနေခြင်းပင် ဖြစ်၏။

စစ်မြေပြင်နယ်မြေ ၏ အပြင်ဘက် စက်ဝိုင်း တစ်ခုလုံးကို... မြောက်ဘက်တွင် ကျယ်ပြန့်သော ကမ္ဘာ က သိမ်းပိုက်ထားပြီး၊ တောင်ဘက်တွင် တောင်နှင့် ပင်လယ် ကမ္ဘာ က သိမ်းပိုက်ထားသည်။

ဆိုလိုသည်မှာ အပြင်ဘက် စက်ဝိုင်းလမ်းကြောင်း ၌ ချိုးဖျက်ရန် နယ်နိမိတ် နံရံ နှစ်ခုသာ ကျန်ရှိတော့ခြင်းပင်။

ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီး အကြား၌ ထွက်ပေါ်နေသော ဟိန်းဟောက်သံ ကြီးများမှာ... ကမ္ဘာကြီး နှစ်ခု က ထို နယ်နိမိတ် အတားအဆီးများကို ချိုးဖျက်နေသည့် အသံများပင် ဖြစ်တော့၏။

မြောက်ဘက် နယ်နိမိတ် နံရံ ဆီသို့ လှမ်းကြည့်လိုက်သောအခါ... ထူထဲလှသော နံရံကြီးသည် ပြင်ပကမ္ဘာ နှင့် ဤနေရာကို ပိုင်းခြားထားသည့်အလား ရှိနေပြီး... ဝုန်းခနဲ မြည်ဟည်းသံကြီးများ နှင့်အတူ ပြင်းထန်စွာ တုန်ခါနေသည်။

အထက် ကောင်းကင်ယံ ၌ အရောင်အသွေး စုံလင်လှသော မိုးကြိုးလျှပ်စီးများ လိမ်ယှက်နေကြပြီး... ကောင်းကင် မှ မြေကြီးပေါ်သို့ ပစ်ချနေလေရာ... မိုးကြိုး ဖုန်မှုန့်များနှင့် မီးခိုးငွေ့များအလား နေရာအနှံ့ ပြန့်ကျဲသွားကြတော့၏။

ကမ္ဘာကြီး နှစ်ခု ၏ စွမ်းအားများက ဒီရေလှိုင်းများအလား တစ်ဟုန်ထိုး တက်လာပြီး... နယ်နိမိတ် နံရံ ကို တစ်ပြိုင်နက်တည်း ဝင်တိုက်လိုက်ကြသည်။

နင်ချီ ၏ အာရုံခံနိုင်စွမ်း မှာ အလွန်တရာ နက်ရှိုင်းလှသည်။

ထစ်ချုန်းသံများက အဆုံးအစ မရှိ ထွက်ပေါ်နေပြီး... ကမ္ဘာကြီး နှစ်ခု အချင်းချင်း ဝင်တိုက်မိနေသည့်အလား ရှိသည်။

ဤနယ်မြေ အတွင်းရှိ ကျင့်ကြံသူ အားလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေကြ၏။

အဝေးဆီမှ မိုးကြိုး အလင်းရောင်များက သူတို့၏ မျက်နှာများ အပေါ်သို့ ကျရောက်နေပြီး... လူတိုင်း၏ နှလုံးသားများမှာလည်း ထို မိုးကြိုးသံများ နှင့် အပြိုင် ခုန်ပေါက်နေသည့်အလား ရှိသည်။

နောက်ဆုံး၌... နယ်နိမိတ် နံရံ ကြီးမှာ စတင် အရည်ပျော် ကျလာတော့သည်။

ဤသည်မှာ ကမ္ဘာကြီး နှစ်ခု ၏ စွမ်းအားများ ဤမျှလောက် ကြီးမားသော အတိုင်းအတာ တစ်ခုအထိ ပထမဆုံး အကြိမ် အဖြစ် ထိပ်တိုက် ရင်ဆိုင်မိခြင်းပါပင်။

မျက်စိတစ်မှိတ် အတွင်းမှာပင်... တောင်ပိုင်းနယ်မြေ တစ်ခုလုံးသည် ရေကူးကွင်း တစ်ခု အတွင်းသို့ ရေများ လောင်းထည့်လိုက်သည့်အလား... လှိုင်းတံပိုးများ ထန်လာကာ၊ လည်ပတ်နေပြီး နောက်ဆုံး၌ ပြိုကျ ပျက်စီးသွားတော့၏။

မြောက်ပိုင်းနယ်မြေ တွင်လည်း ဤသို့ အတိအကျ ဖြစ်ပျက်နေမည် ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။

“ဂျွတ်... ဂျွတ်…”

ကမ္ဘာကြီး နှစ်ခု စလုံးမှာ အခြား မည်သူ့ကိုမျှ ဂရုစိုက်နိုင်စွမ်း မရှိတော့လောက်အောင် အလုပ်များနေကြပြီး... အပြန်အလှန် တွန်းကန် တိုက်ခိုက်နေကြသည်။

နင်ချီ ကိုယ်တိုင်ပင်လျှင်... ဝိညာဉ်ကမ္ဘာကြီး နှစ်ခု ၏ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားများကို ပထမဆုံး အကြိမ် အဖြစ် မျက်မြင်ကိုယ်တွေ့ ခံစားလိုက်ရခြင်းပင်။

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် သည် အစွမ်းကုန် ထုတ်သုံးနေခြင်း မဟုတ်သော်ငြား... ကျယ်ပြောလှသော ဝိညာဉ်ကမ္ဘာကြီး ၏ စွမ်းအားများမှာ အတိုင်းသား ပေါ်လွင်နေ၏။

ကံကောင်းထောက်မစွာဖြင့်... ပင်လယ်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူများ သည် အမြဲတမ်း ပင်လယ်ပြင်တွင် ကျက်စားလေ့ ရှိသူများ ဖြစ်သဖြင့်... လှိုင်းတံပိုးများ အကြား နေထိုင်ရသည့် ဘဝများကို အသားကျနေကြလေပြီ။

ထို့ကြောင့် သူတို့သည် သူတို့၏ ကျင့်ကြံသူများကို မြေပြင်ပေါ်၌ အမြန်ဆုံး တည်ငြိမ်စွာ ရပ်တည်နိုင်ရန် ကူညီပေးနိုင်ခဲ့ကြပြီး... ဓားဘိုးဘေးကြီး နှင့် အခြားသူများလည်း ထိုအထဲတွင် ပါဝင်သည်။

ဆန့်ကျင်ဘက် အနေဖြင့်... တောင်ဘိုးဘေးကြီး ၏ တပ်ဖွဲ့များမှာမူ အခြေအနေ အတော်လေး ဆိုးရွားနေကြ၏။

“ဝုန်း…”

နောက်ဆုံး၌ နယ်နိမိတ် နံရံ ကြီးမှာ ကြီးမားလှသော ဖိအားများ အောက်တွင် အပိုင်းပိုင်းအစစ ပြိုကွဲ ပျက်စီးသွားတော့သည်။ ကမ္ဘာကြီး နှစ်ခု ၏ စွမ်းအားများမှာ အချင်းချင်း နားလည်မှု ရှိနေသည့်အလား... ဒီရေကျသွားသည့်နှယ် တစ်ပြိုင်နက်တည်း နောက်သို့ ပြန်လည် ဆုတ်ခွာသွားကြ၏။

"သတ်..."

အသစ်တဖန် ပွင့်ဟလာသော စစ်မြေပြင်နယ်မြေ ၏ အပြင်ဘက် စက်ဝိုင်း လမ်းကြောင်း တစ်လျှောက်လုံး တွင်... ရေတွက်၍ မရနိုင်သော တိုက်ခိုက်သံ ကြီးများက ပဲ့တင်ထပ်သွားတော့သည်။

တာအိုဘိုးဘေးကြီးများဖြစ်စေ၊ သဟဇာတဖြစ်ခြင်း နယ်ပယ် အောက်ရှိ ကျင့်ကြံသူများဖြစ်စေ... အားလုံးသည် တစ်ဖက်ရန်သူများ ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြ၏။

အဝေးမှ လှမ်းကြည့်မည် ဆိုပါက... မည်းမှောင်နေသော တိမ်တိုက်ကြီးများက တစ်ဖက်မှ တစ်ဖက်သို့ လွင့်မျော တိုက်ခတ်လာသည့်အလား မြင်တွေ့ရတော့သတည်း…။

ယခုအခါ တောင်နှင့် မြောက် နယ်နိမိတ် တံခါးများ ပွင့်ဟသွားပြီ ဖြစ်ရာ စစ်ပွဲအတွင်းသို့ ပါဝင်ဆင်နွှဲကြမည့် ကမ္ဘာနှစ်ခုလုံး၏ အစစ်အမှန် စွမ်းအားရှင်များမှာလည်း အသီးသီး ရောက်ရှိလာကြချေပြီ။ နင်ချီသည် ရှေ့တန်းမှနေ၍ တဟုန်ထိုး တိုက်ခိုက်နေကြသော သူများကို လှမ်းကြည့်လိုက်မိ၏။ ထိုသူများသည် သူတို့၏ ဝိညာဉ်ကမ္ဘာကို အသည်းအသန် ကာကွယ်နေကြသူများ ဖြစ်သလို ကျင့်ကြံသူ တစ်ယောက်အနေဖြင့် စစ်မှုထမ်း အကျိုးအမြတ်ကို အလိုချင်ဆုံး သူများလည်း ဖြစ်ကြသည်။

သို့သော်လည်း ထိုမြင်ကွင်းမှာ ခဏတာမျှသာ ဖြစ်ချေ၏။ ကောင်းကင်ယံ ရှေ့တန်းစစ်မျက်နှာတွင် ကျင့်ကြံသူ အုပ်စုကြီးမှာ ကောင်းကင်ဘုံမှ မြေပြင်သို့ ကြွေလွင့်နေကြတော့သည်။ ကံမကောင်းသော သူများမှာ ကမ္ဘာနှစ်ခု၏ သွေးစွန်းသော စစ်မြေပြင် ကြိတ်စက်ကြီးအတွင်းသို့ ရောက်ရှိသွားကြပြီး အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားရချေ၏။ ကံ အသင့်အတင့် ရှိသူများမှာမူ ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစ ပျက်စီးလျက် ရင်နင့်ဖွယ်ရာ မြင်ကွင်းများကို ဖန်တီးနေကြတော့သည်။ ကံကောင်းသော ကျင့်ကြံသူ အနည်းငယ်မှာမူ ရန်သူများကို သတ်ဖြတ်နိုင်ခဲ့ပြီး စစ်မှုထမ်း အကျိုးအမြတ်များစွာကို ရရှိနေကြသည်။

အခန်း (၈၉၀) - နင်ချီ၏ တန်ဖိုး

မမြင်ရသော နေရာတစ်ခုတွင်မူ စီးဆင်းနေသော သွေးစက်များ.. လွင့်စင်နေသော ဝိညာဉ်ချီများနှင့် ကြေမွပျက်စီးသွားသော စည်းမျဉ်း စွမ်းအားများမှာ စစ်မြေပြင်နယ်မြေ အတွင်း၌ စီးဆင်းနေကြ၏။ ထိုအရာများမှာ တစ်စုံတစ်ရာ၏ တိတ်ဆိတ်စွာ လှုပ်ရှားမှုအောက်တွင် နယ်နိမိတ် နံရံကြီးအတွင်းသို့ အလုံးစုံ ပေါင်းစည်းဝင်ရောက်သွားကြတော့သည်။ ဤပြောင်းလဲမှုကို ကမ္ဘာနှစ်ခုလုံး၏ ဆန္ဒတော်များပင် သတိမပြုမိကြချေ။ အကြောင်းမှာ သူတို့၏ စွမ်းအားများမှာလည်း ဤစစ်ပွဲအတွင်း၌ ရောယှက်နေသောကြောင့်ပင်။

နင်ချီသည် ဓားဘိုးဘေးကြီးနှင့် အခြားသူများကို တစ်ချက် ဝေ့ကြည့်လိုက်ရာ အစစ်အမှန်သိုင်းကမ္ဘာမှ ကျင့်ကြံသူများမှာ သူ၏ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာနေကြသည်ကို မြင်တွေ့လိုက်ရ၏။ သူတို့သည် လျှို့ဝှက်စွာ ပုန်းအောင်းလျက် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမနေကြသဖြင့် စစ်တပ်တစ်ခုလုံးတွင် ရှင်သန်နိုင်စွမ်းနှင့် အလိုက်သင့် ပြောင်းလဲနိုင်စွမ်းမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ ဤအခြေအနေကို မြင်လိုက်ရသောအခါမှသာ နင်ချီမှာ စိတ်အေးသွားရတော့၏။

သူသည် ယခုအချိန်တွင် တိုက်ပွဲဝင်ရန် အစီအစဉ် မရှိသေးချေ။ ထိုသို့ ပြုလုပ်မည့်အစား မြောက်ပိုင်းနယ်မြေဆီသို့ ပြန်သွားကာ ထိုနေရာရှိ ဖုံးကွယ်နေသော ဆုံမှတ်များတွင် အခင်းအကျင်း မျက်လုံးများကို စိုက်ထူရန်သာ သူ ဆန္ဒရှိနေသည်။ ထိုသို့ စိုက်ထူပြီးမှသာ အလယ်ဗဟို ဒေသ၏ အတွင်းဘက်သို့ ဝင်ရောက်ကာ အခင်းအကျင်း ပုံစံများကို ရေးထိုးရန် ပြင်ဆင်နေခြင်း ဖြစ်၏။ အကယ်၍ ဤအလုပ်များ ပြီးမြောက်သွားပါက စစ်မြေပြင်နယ်မြေ အတွင်း၌ သူ လုပ်ဆောင်ရမည့် အရာများမှာ အားလုံးနီးပါး ပြီးဆုံးသွားမည် ဖြစ်သည်။

သို့သော်လည်း နင်ချီ တစ်ယောက် ပေါ်မလာခဲ့သော်ငြား သူ၏ လှုပ်ရှားမှုများကိုမူ ကမ္ဘာနှစ်ခုလုံးမှ အချို့သော သူများက စောင့်ကြည့်နေကြသည်။ နယ်မြေအရှင်သခင် သုံးဦး ဖြစ်သော ဖန်ချန်နှင့် အခြားသူများမှာ သူတို့၏ သားအတွက် လက်စားချေရန် နင်ချီကို အသည်းအသန် ရှာဖွေနေကြ၏။ တစ်ဖက်တွင်မူ ကျယ်ပြန့်သော ကမ္ဘာမှ ဆန္ဒတော်နှင့် ဟောက်ရန် အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း နင်ချီ၏ တည်နေရာကို စောင့်ကြည့်နေကြသည်။ သူတော်စင် ဘိုးဘေးကြီး၏ ညွှန်ကြားချက်ကို သူတို့ မေ့လျော့မထားကြချေ။ နင်ချီ၏ လက်ဝယ်တွင် သူတော်စင် ဘိုးဘေးကြီး အဆင့်တက်လှမ်းနိုင်မည့် မဟာ အခွင့်လမ်းကြီး ရှိနေသည် မဟုတ်ပါလော။ ဤအချက် တစ်ခုတည်းနှင့်ပင် သူတို့ အလေးအနက် ထားရန် လုံလောက်နေသည်။

ကစဉ့်ကလျား ဖြစ်နေသော စစ်ပွဲအတွင်း၌ နင်ချီသည် အလယ်ဗဟို ဒေသဆီသို့ ဖြတ်ကျော်ဝင်ရောက်သွား၏။ ထိုဒေသ တစ်ခုလုံးမှာ သွေးရောင် လွှမ်းမုံနေပြီး ဝိညာဉ် သွေးမြူနှင်းများဖြင့် ဖုံးလွှမ်းနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုမြူနှင်းများမှာ ကမ္ဘာနှစ်ခုလုံး၏ စွမ်းအားများ ရောယှက်နေသဖြင့် ကျင့်ကြံသူများ၏ အာရုံခံနိုင်စွမ်းကိုများစွာ လျော့ကျစေ၏။ သို့သော်လည်း ကမ္ဘာနှစ်ခုလုံး၏ စွမ်းအားကို လေ့လာထားသော နင်ချီအတွက်မူ ထိုသွေးမြူနှင်းများမှာ အနှောင့်အယှက် မဖြစ်ခဲ့ချေ။

အလယ်ဗဟို ဒေသတွင် ကျော်ဖြတ်၍မရသော အနီရောင် မျဉ်းတစ်ကြောင်းကို သူ မြင်တွေ့လိုက်ရ၏။ ကမ္ဘာနှစ်ခုလုံး၏ ဆန္ဒတော်များသည် အလယ်ဗဟို ဒေသရှိ စစ်ပွဲကို ခေတ္တမျှ ရပ်တန့်ထားပြီး နယ်နိမိတ် စွမ်းအားကို အသုံးပြုကာ မမြင်ရသော အနီရောင်မျဉ်းကြီး တစ်ခုကို ဖန်တီးထားကြခြင်းပင်။ နင်ချီသည် သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်မိ၏။ သူသာ ထိုအနီရောင်မျဉ်းကို ကျော်ဖြတ်လိုက်ပါက ကမ္ဘာနှစ်ခုလုံး၏ ဆန္ဒတော်များက သူ့ကို သေချာပေါက် ရှာဖွေတွေ့ရှိသွားလိမ့်မည် ဖြစ်သည်။

စစ်တပ်ကြီး နှစ်ခုမှာ အနီရောင်မျဉ်းကို အတားအဆီးတစ်ခုအလား ထားရှိကာ တစ်ဖက်စီတွင် ခေတ္တမျှ အနားယူနေကြသည်။ နင်ချီသည် မြောက်ပိုင်း၏ အစွန်ဆုံး နေရာတွင် ရပ်နားနေရင်း ကျယ်ပြန့်သော ကမ္ဘာ၏ စစ်တပ်ကြီးကို စစ်ဆေးကြည့်လိုက်၏။ ထိုစစ်တပ်ကို ဦးဆောင်လာသူမှာ အရပ်ရှည်ပြီး ယဉ်ကျေးသိမ်မွေ့သော ပုံစံရှိသည့် အမျိုးသားတစ်ဦး ပင်တည်း။ သူသည် စာပေသမား တစ်ယောက်အလား အရှိန်အဝါများ ပြည့်နှက်နေသော်လည်း အားနည်းသူ တစ်ယောက် မဟုတ်ချေ။ တစ်ကမ္ဘာလုံး၏ အခြေခံ သဘောတရားများကို ပိုင်နိုင်စွာ ကိုင်တွယ်ထားနိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါများမှာ သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေတော့သည်။

နင်ချီသည် ကျယ်ပြန့်သော ကမ္ဘာမှ ရရှိထားသော သတင်းအချက်အလက်များကို ပြန်လည် စဉ်းစားကြည့်လိုက်ရာ ထိုသူမှာ မည်သူ ဖြစ်ကြောင်း ချက်ချင်း သိရှိသွားတော့၏။ ထိုသူကား သူတော်စင် ဘိုးဘေးကြီး နေထိုင်ရာ ဟောက်ရန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းယင်းချူး ပါပင်။ သူတော်စင် ဘိုးဘေးကြီးသည် တပည့် ကိုးယောက်ကို လက်ခံခဲ့ဖူးရာ ကျန်းယင်းချူးမှာ တာဝန်အရှိဆုံးနှင့် အရည်အချင်း အရှိဆုံး ဖြစ်သဖြင့် ဂိုဏ်းချုပ် ရာထူးကို ဆက်ခံခွင့် ရရှိခဲ့လေ၏။ ကျန်းယင်းချူး၏ ဩဇာအာဏာမှာ ဂိုဏ်းအတွင်း၌သာမက ကျယ်ပြန့်သော ကမ္ဘာတစ်ခုလုံးအပေါ်တွင်ပါ လွှမ်းမိုးထားနိုင်စွမ်း ရှိသည်။

နင်ချီ၏ အကြည့်မှာ ကျန်းယင်းချူး၏ ကျောပြင်ဆီသို့ ကျရောက်နေ၏။ ထိုသူ၏ နောက်ကွယ်တွင်မူ ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားလှသော ကျင့်ကြံသူ အုပ်စုကြီးမှာ တန်းစီ၍ ရပ်နေကြသည်။ ထိုသူများထဲတွင် သူတော်စင် ဘိုးဘေးကြီး၏ အခြားသော တပည့်များလည်း ပါဝင်နေနိုင်သလို သူတို့၏ ထူးချွန်သော တပည့်ရင်းများလည်း ပါဝင်နေနိုင်သည် ပေတကား။

ထိုအခိုက်အတန့်တွင် ကျန်းယင်းချူးသည် နောက်သို့ လှည့်ကာ အခြားသူများနှင့် တစ်စုံတစ်ရာကို တိုင်ပင်ဆွေးနွေးနေဟန် ရှိသည်။ သူသည် ကြီးမားလှသော အာဏာကို ပိုင်ဆိုင်ထားသော်လည်း တစ်ကိုယ်ကောင်းဆန်စွာ အာဏာရှင်ဆန်ဆန် ပြုမူလေ့ မရှိကြောင်း သိသာထင်ရှားနေသည်။ ဤအချက်ကပင် နင်ချီ့ကို လေးစားသွားစေခဲ့ခြင်း ဖြစ်တော့သည်။

နင်ချီ၏ အကြည့်များသည် သူတို့ကို ကျော်လွန်၍ အနီရောင်မျဉ်း၏ အခြားတစ်ဖက်ဆီသို့ ကျရောက်သွား၏။ ထိုတစ်ဖက်ခြမ်းရှိ အခြေအနေများသည် ကျယ်ပြန့်သော ကမ္ဘာဘက်ခြမ်းနှင့် နှိုင်းယှဉ်ပါကများစွာ ပို၍ ထူးဆန်းနေပုံ ရသည်။

တစ်ဖက်ခြမ်းရှိ စစ်တပ်ကြီးကို လေးထောင့်ပုံစံ အခင်းအကျင်း နှစ်ခုအဖြစ် ခွဲခြားထားပြီး ၎င်းတို့ နှစ်ခုစလုံးမှာ ကျန်းယင်းချူး၏ အခင်းအကျင်းနှင့် တူညီနေကြောင်း အထူးတလည် ဆိုဖွယ်ရာ မလိုတော့ချေ။ ထိုအခင်းအကျင်း နှစ်ခုမှာ တောင်ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့၏ လက်အောက်ရှိ ဂိုဏ်းများမှ ဖြစ်ကြပြီး သက်ဆိုင်ရာ ဂိုဏ်းချုပ်များက ကိုယ်တိုင် ဦးဆောင်လာခြင်း ဖြစ်၏။

တောင်ဘိုးဘေးကြီး ပိုင်ဆိုင်သော အင်မော်တယ်ဂိုဏ်းမှာ တောင်နှင့် ပင်လယ် ကမ္ဘာ၏ ကုန်းမြေ တစ်ခုလုံးကို အုပ်စိုးထားသော ကျိုးရှန်း အင်မော်တယ်ဂိုဏ်း ဖြစ်သည်။ ပင်လယ်ဘိုးဘေးကြီး တည်ရှိရာ အင်မော်တယ်ဂိုဏ်းကိုမူ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းဟု ခေါ်ဆိုကြပြီး တောင်နှင့် ပင်လယ် ကမ္ဘာ၏ ပင်လယ်ပြင် တစ်ခုလုံးကို ချုပ်ကိုင်ထား၏။

ကျိုးရှန်း အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ တောင်တန်းကြီး တစ်ခုအလား ခန့်ညားထည်ဝါသော အရှိန်အဝါများ ဖြာထွက်နေသည့် ကိုယ်လုံးကိုယ်ဖန် မြင့်မြင့်မားမား လူလတ်ပိုင်း တစ်ဦး ဖြစ်ပြီး ကုန်းထျန်းတောက်ဟု အမည်ရသည်။ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာမူ ရေဖြင့် သွန်းလောင်းထားသည့်အလား နူးညံ့ပျော့ပျောင်းသော ခန္ဓာ ပိုင်ဆိုင်ထားသည့် ကျောက်ယွီကျွင်း အမည်ရသော အလှပိုင်ရှင်လေး တစ်ဦး ဖြစ်၏။

ကုန်းထျန်းတောက်နှင့် နှိုင်းယှဉ်ပါက ကျောက်ယွီကျွင်းထံမှ အဆုံးအစမဲ့ ရှင်သန်ခြင်းများနှင့် နူးညံ့သိမ်မွေ့မှုများ ပြည့်နှက်နေသော ပင်လယ်သမုဒ္ဒရာအလား အရှိန်အဝါများ ဖြာထွက်နေတော့သည်။ ထိုသူ နှစ်ဦးစလုံးမှာ ဟောက်ရန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းယင်းချူးနည်းတူ တောင်ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့ ကိုယ်တိုင် လက်ခံထားသော တပည့်များပင် ဖြစ်ကြသည်။

ဤလူ သုံးဦး၏ ပုံစံများသည် ကမ္ဘာနှစ်ခုလုံးကို မရေမတွက်နိုင်သော နှစ်ကာလများတိုင်အောင် လွှမ်းမိုးအုပ်စိုးထားခဲ့ကြသည့် ဘိုးဘေးကြီး သုံးပါး၏ ပုံစံများနှင့် တူညီနေမည်လားဟု နင်ချီ တွေးတောနေမိ၏။ တပည့်ကို ကြည့်လျှင် ဆရာကို မြင်နိုင်သည်ဟု ဆိုရိုးစကား ရှိသည့်အတိုင်း သူတို့သုံးဦး၏ အသွင်အပြင်များမှတစ်ဆင့် ဘိုးဘေးကြီး သုံးပါး၏ ခွဲထွက် ဝိညာဉ် အငွေ့အသက် အချို့ကို နင်ချီ လှမ်းမြင်လိုက်ရသည့်အလား ရှိနေတော့သည်။

သို့သော်ငြား သူသည် ဘိုးဘေးကြီး သုံးပါးနှင့် လူကိုယ်တိုင် တွေ့ဆုံဖူးခြင်း မရှိသေးရာ သူ၏ ခံစားချက်များ မှန်ကန်မှု ရှိမရှိကိုမူ တပ်အပ် မဆိုနိုင်သေးချေ။ ဘိုးဘေးကြီး သုံးပါး၏ အကြောင်းကို ပြောရမည်ဆိုလျှင် နင်ချီသည် သူတော်စင် ဘိုးဘေးကြီးနှင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် တိုက်ခိုက်ဖူးပြီး ဖြစ်ရာ ထိုအချက်ကို အခြေခံ၍ သူတော်စင် ဘိုးဘေးကြီး၏ အကြောင်းကို အပေါ်ယံမျှ နားလည်ထားပြီး ဖြစ်၏။

တောင်ဘိုးဘေးကြီး၏ အကြောင်းကိုမူ နင်ချီက ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ထံမှ စကားအနည်းငယ်မျှသာ ကြားသိခဲ့ဖူးသည်။ ပင်လယ်ဘိုးဘေးကြီးနှင့် ပတ်သက်၍ နင်ချီ အမှတ်ထင်ဆုံး ဖြစ်ရသည့် အချက်မှာ သူမသည် တောင်ဘိုးဘေးကြီးထံမှ နက်ရှိုင်းသော သစ္စာတရား နယ်မြေကို တိုက်ရိုက် လုယူခဲ့ရုံသာမက သူ့ကိုပါ တပည့်အဖြစ် အတင်းအကြပ် လက်ခံရန် ကြိုးစားခဲ့သည့် သူမ၏ ရူးသွပ်မှုများ ပင်တည်း။

ကမ္ဘာနှစ်ခုလုံး၏ ဘိုးဘေးကြီး သုံးပါး အောက်တွင် အမြင့်ဆုံး ဖြစ်နေကြသော ရှေ့မှ လူသုံးဦးကို ကြည့်ရင်း နင်ချီသည် ယခု လက်ရှိ လူဝင်စား ခန္ဓာကိုယ်၏ စွမ်းအားဖြင့် သူတို့ထံမှ ကြီးမားလှသော ဖိအားများကို ခံစားနေရ၏။ သူ၏ လူဝင်စား ခန္ဓာကိုယ်၏ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း သိသာနေပြီး ထိုသို့ မဟုတ်ပါက လာမည့် တိုက်ပွဲများတွင် သူ၏ စွမ်းအားမှာ လုံလောက်မည် မဟုတ်ချေ။

နှစ်ဖက်စလုံးမှာ အလယ်ဗဟို ဒေသတွင် ခံစစ်များကို အသီးသီး ပြင်ဆင်နေကြပြီး စစ်ပွဲ စတင်မည့် အရိပ်အယောင် မရှိသေးသည်ကို မြင်လိုက်ရသောအခါ နင်ချီသည် သူတို့ကို စောင့်ကြည့်နေခြင်းအား ရပ်တန့်လိုက်ပြီး အပြင်ဘက် နယ်မြေဆီသို့ ပြန်သွားရန် နယ်နိမိတ် နံရံကို တိတ်ဆိတ်စွာ ဖြတ်ကျော်သွား၏။ တောင်ပိုင်းရှိ တိုက်ပွဲ အခြေအနေကို စစ်ဆေးရန် သူ လှည့်ပတ် သွားလာနေစဉ်မှာပင် . နင်ချီ၏ ရင်ခွင်ထဲရှိ တောင်နှင့် ပင်လယ် အမှတ်အသားမှာ တုန်ခါသွားသည်ကို သူ ရုတ်တရက် ခံစားလိုက်ရတော့သည်။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က သူ့ကို ထပ်မံ ဆက်သွယ်လာပြီ ဖြစ်ကြောင်း နင်ချီ ချက်ချင်း နားလည်လိုက်ပြီး တောင်ပိုင်းဆီသို့ အလွန်တရာ မြန်ဆန်သော အရှိန်ဖြင့် တဟုန်ထိုး ပျံသန်းသွားသည်။

တောင်ပိုင်း ဒေသကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က လွှမ်းမိုးထားပြီး မြောက်ပိုင်းကိုမူ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က ထိန်းချုပ်ထားဆဲ ပင်တည်း။ နင်ချီသည် ကောင်းကင်ယံထက်တွင် ပျံသန်းနေရင်း တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကို မည်သို့ ချော့မော့ စည်းရုံးရမည် ဆိုသည့် အတွေးများကို သူ၏ ခေါင်းထဲ၌ စီစဉ်နေတော့၏။

အခန်း (၈၉၁) - နင်ချီ၏ တန်ဖိုး

အချိန်သိပ်မကြာလိုက်ပေ..။ တောင်ပိုင်း ဒေသ၏ တစ်နေရာတွင် ဟင်းလင်းပြင် လှိုင်းဂယက်များ ရုတ်တရက် ဖြစ်ပေါ်လာ၏။ နင်ချီသည် ရေထဲမှ ခုန်ထွက်လာသော ငါးတစ်ကောင်အလား ဟင်းလင်းပြင် အတွင်းမှ ထွက်ပေါ်လာပြီးနောက် သူ၏ အာရုံများကို ဖုံးကွယ်ထားသည့် စုတ်ပြဲနေသော သစ်ရွက် ရတနာလေးကို ဖယ်ရှားလိုက်တော့၏။

သူ မျှော်လင့်ထားသည့် အတိုင်းပင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်ကြီးမှာ နင်ချီ၏ ဘေး၌ မျက်စိတစ်မှိတ် အတွင်း ပေါ်ထွက်လာ၏။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်မှာ မျက်မှောင်ကြုတ်နေဟန် ရှိသည်။

“မင်း ဘယ်တွေ သွားနေတာလဲ.. ဒီကို ရောက်လာဖို့ အချိန် အတော်ကြာလိုက်တာပဲ.. ငါတောင် မင်းရဲ့ သတင်း အစအန ကို မရတော့ဘူး”

ယခုတစ်ကြိမ်တွင် သူ စိုးရိမ်ပူပန်စရာ ကိစ္စများစွာ ရှိနေသဖြင့် နင်ချီ့ ဘက်ကို သူများစွာ အာရုံမစိုက်နိုင်တော့ချေ။ နင်ချီက ယဉ်ကျေးစွာ ပြန်လည် တုံ့ပြန်လိုက်သည်။

“ကမ္ဘာ့အရှင်သခင် ကို စောင့်ခိုင်းလိုက်ရတဲ့ အတွက် တောင်းပန်ပါတယ်.. ကျွန်တော် အခုလေးတင် မြောက်ပိုင်း နယ်မြေ ကို သွားခဲ့ပြီး အလယ်ဗဟို ဒေသ ထဲကို လျှို့ဝှက် ဝင်ရောက်ခဲ့လို့ပါ”

ထိုစကားကို ကြားလိုက်ရသောအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်မှာ တစ်စုံတစ်ရာကို စဉ်းစားသွားဟန် ရှိ၏။

“မင်းက အလယ်ဗဟို ဒေသ က ကျယ်ပြန့်သော ကမ္ဘာ ဘက်ကို သွားပြီး အခြေအနေ တွေကို သွားစစ်ဆေးခဲ့တာလား”

နင်ချီသည် ခေါင်းကို ချက်ချင်း ညိတ်ပြလိုက်သည်။ ထို့နောက် သူသည် အလယ်ဗဟို ဒေသ၏ မြောက်ဘက်ခြမ်းရှိ ကျယ်ပြန့်သော ကမ္ဘာ၏ အခြေအနေများကို အသေးစိတ် ရှင်းပြလိုက်တော့သည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ကျင့်ကြံသူ အရေအတွက်.. အဓိက ပုဂ္ဂိုလ်များနှင့် သူတို့၏ တပ်ဖြန့်ထားမှု အပါအဝင် အရာအားလုံးကို သိရှိသွားသောအခါများစွာ ဝမ်းသာအားရ ဖြစ်သွားရ၏။

“အရမ်း ကောင်းတယ်.. ငါ နဲ့ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က အလယ်ဗဟို ဒေသ ကို ယာယီ ခွဲခြားထားပြီး တစ်ယောက် အခြေအနေ ကို တစ်ယောက် မသိနိုင်ကြဘူးလေ.. ဒါပေမဲ့ အခု မင်း ဆီက သတင်း အချက်အလက် တွေကို ရလိုက်ပြီ ဆိုတော့ ငါတို့ အနိုင်ရဖို့ အခွင့်အရေး တွေ သေချာပေါက် တိုးလာပြီပေါ့”

သူ၏ မျက်နှာ အမူအရာနှင့် စကားများကို ကြားလိုက်ရသော်လည်း နင်ချီမှာ လုံးဝ တုန်လှုပ်သွားခြင်း မရှိဘဲ ရိုးသားဟန်ဆောင်ကာ မေးလိုက်သည်။

“ကမ္ဘာ့အရှင်သခင် ကျွန်တော့် ကို ဆက်သွယ်လာတာ ဒီကိစ္စ အတွက်များလား”

ပုံရိပ်ယောင်ကြီးက ခေါင်းခါရမ်းလိုက်တော့သည်။

“ဒါလေး တစ်ခုတည်း တော့ မဟုတ်သေးဘူး”

နင်ချီက ပြတ်သားသော လေသံဖြင့် တုံ့ပြန်လိုက်သည်။

“ကမ္ဘာ့အရှင်သခင် လိုအပ်တာ ရှိရင်သာ ကျွန်တော့် ကို ပြောပါ”

ပုံရိပ်ယောင်ကြီးက ခေါင်းညိတ်ကာ ဆက်လက် ရှင်းပြလာတော့သည်။

“အခု ငါတို့ ကမ္ဘာ နှစ်ခုလုံး က အလယ်ဗဟို ဒေသ မှာ ကိုယ့် အစီအစဉ် တွေနဲ့ ကိုယ် ပြင်ဆင်နေကြတယ်.. အဲဒီနောက်မှာ အလယ်ဗဟို ဒေသ နဲ့ အပြင်ဘက် နယ်မြေ အကြားက အတားအဆီး တွေကို ငါတို့ လုံးလုံးလျားလျား ဖြိုခွဲပစ်ကြမယ်.. အဲဒီ အချိန်ကျရင် ငါတို့ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲ ကို ရင်ဆိုင်ရတော့မယ်”

နင်ချီသည် မျက်တောင် တစ်ချက် ခတ်လိုက်မိ၏။

“ကမ္ဘာ့အရှင်သခင် ဆိုလိုချင်တာက.. တောင်ဘိုးဘေးကြီး.. ပင်လယ်ဘိုးဘေးကြီး နဲ့ သူတို့ရဲ့ ဘိုးဘေးကြီး အပြင်.. ကမ္ဘာ့အရှင်သခင် နဲ့ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် တို့ အားလုံး ဒီတိုက်ပွဲ မှာ ပါဝင် ပတ်သက်ကြတော့မယ် ဆိုတဲ့ သဘောလား”

ပုံရိပ်ယောင်ကြီးကလည်း နင်ချီအား လုံးဝ ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

“ငါတို့ လှုပ်ရှားဖို့ ဆိုရင် အချိန် နည်းနည်းတော့ ထပ်စောင့်ရဦးမယ်.. စစ်မြေပြင်နယ်မြေ အတွင်းက နယ်နိမိတ် နံရံတွေ အားလုံးကို ငါတို့ အရင်ဆုံး အပြီးတိုင် ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်”

“အဲဒီ အချိန် ရောက်လာပြီ ဆိုတာနဲ့ ငါတို့ ကမ္ဘာ နှစ်ခု ရဲ့ အတားအဆီး တွေကို လုံးဝ ဖွင့်ချလိုက်မယ်.. ပြီးရင် ကျန်နေသေးတဲ့ စစ်တပ်ကြီး ကို ဦးဆောင်ပြီး သူတို့ရဲ့ ပင်မ ကမ္ဘာကြီး ဆီကို ဝင်ရောက် တိုက်ခိုက်ကြမယ်”

ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီ၏ မျက်နှာ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားရ၏။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ဆိုလိုသည့် အဓိပ္ပာယ်ကို သူ ကောင်းကောင်း နားလည်လိုက်ပေပြီ။

တစ်နည်းအားဖြင့် ဆိုရသော် အလယ်ဗဟို ဒေသ ပြန်လည် ပွင့်ဟသွားပြီး စစ်မြေပြင်နယ်မြေ ဟင်းလင်းပြင်ကြီး ပြန်လည် တည်ငြိမ်သွားသည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင် သူတို့ အပါအဝင် ဘိုးဘေးကြီး သုံးပါးလုံး ဆင်းသက်လာနိုင်တော့မည် ဖြစ်၏။ ၎င်းက စစ်မြေပြင်နယ်မြေကို ဝိညာဉ်နယ်မြေများဆီသို့ ချီတက်ရန် တံတားဦးတစ်ခု အဖြစ် ပြောင်းလဲပေးလိုက်မည် ပင်တည်း။

ယခုအခါ ကမ္ဘာနှစ်ခုလုံးသည် သူတို့၏ ကျင့်ကြံသူ စစ်တပ် ရှစ်ဆယ် ရာခိုင်နှုန်းကို စစ်မြေပြင်နယ်မြေ အတွင်းသို့ သွန်းလောင်းထားကြပြီး ဖြစ်ရာ ဝိညာဉ်နယ်မြေများမှာ လူသူ အကင်းမဲ့ဆုံး အခြေအနေသို့ ရောက်ရှိနေပေပြီ။ ထိုအချိန်သို့ ရောက်ရှိလာပါက မည်သည့်ဘက်က ဖြစ်စေ အခြားတစ်ဖက်၏ ဝိညာဉ်နယ်မြေ အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားနိုင်သည်နှင့် တစ်ပြိုင်နက် ထိုဝိညာဉ်နယ်မြေ အတွင်းရှိ သက်ရှိများမှာ ခုခံနိုင်စွမ်း လုံးဝ ရှိတော့မည် မဟုတ်ချေ။ သို့ဖြစ်ရာ ဝိညာဉ်နယ်မြေ စစ်ပွဲကြီးမှာ နိဂုံးချုပ်တော့မည် ဖြစ်သည်။

နင်ချီက မေးမြန်းလိုက်တော့၏။ ပုံရိပ်ယောင်ကြီးသည် ဤမျှများပြားသော စကားများကို အချည်းနှီး ပြောနေလိမ့်မည်ဟု နင်ချီ လုံးဝ မယုံကြည်ခဲ့ချေ။ ဤကိစ္စများကို ထုတ်ဖော် ပြောဆိုလာ၏ ဆိုကတည်းက သူ့အတွက် အလွန် အရေးကြီးသော လုပ်ဆောင်စရာ တစ်ခု သေချာပေါက် ရှိနေရမည် ဖြစ်၏။

“ကမ္ဘာ့အရှင်သခင် ကျွန်တော့် ကို ဘာလုပ်စေချင်တာလဲ”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်ကြီးက ရုတ်တရက် ရယ်လိုက်သည်။

“မင်း ကိုယ် မင်း ထုတ်ပြပြီး သူတို့ရဲ့ အာရုံ ကို ယာယီ ဆွဲဆောင်ပေးထားဖို့ ငါ မျှော်လင့်တယ်”

နင်ချီမှာ အံ့အားသင့်သွားရတော့သည်။ ဒါက သူ့ကို ခိုးကြောင်ခိုးဝှက် မလုပ်တော့ရန် ပြောလိုက်ခြင်း မဟုတ်ပါလား။

“ကမ္ဘာ့အရှင်သခင် က ကျွန်တော်တို့ ရဲ့ ပင်မ စစ်တပ်ကြီး ကို စုစည်းပြီး အလစ်အငိုက် ဝင်တိုက်နိုင်ဖို့ အတွက်.. သူတို့ရဲ့ အင်အားစု တွေကို ကျွန်တော့် ဆီ ဆွဲခေါ်သွားစေချင်တာလား”

“မင်း ပြောတာ မှန်တယ်”

နင်ချီမှာ ဆွံ့အသွားရ၏။ သူ ငြင်းဆန်နိုင်မည်လား။ သူ့ကို စူးစိုက်ကြည့်နေသော ပုံရိပ်ယောင်ကြီးကို ကြည့်ရသည်မှာ သူ လုံးဝ ငြင်းဆန်၍ ရမည် မဟုတ်ကြောင်း သိသာနေသည်။ ရန်သူ့ စစ်တပ်ကြီးကို သူက ဘာကြောင့် ဆွဲဆောင်နိုင်မည်ဟု ထင်ရသနည်းဟု နင်ချီ ငြင်းခုံချင်နေမိ၏။

သို့သော်လည်း တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်မှာ အရာအားလုံးကို အမြဲတမ်း စောင့်ကြည့်နေခဲ့သူ ဖြစ်ရာ ရန်သူများက သူ့ကို ဖမ်းဆီးရန် အမြဲ ကြိုးပမ်းနေကြောင်း ကောင်းကောင်း သိရှိထားသည်။

“ကမ္ဘာ့အရှင်သခင် က ကျွန်တော့် ကို ရန်သူ တွေကို မျှားခေါ်ဖို့ အမိန့်ပေးလာမှတော့ ကျွန်တော် သေချာပေါက် နာခံရမှာပေါ့.. ဒါပေမဲ့..”

ပုံရိပ်ယောင်က ပြန်လည် တုံ့ပြန်လိုက်၏။

“ပြောလေ.. ဒီတစ်ခါ မင်း ရဲ့ စည်းကမ်းချက် က ဘာလဲ”

နင်ချီက သူ၏ မေးစေ့ကို ပွတ်သပ်ကာ ဆိုလိုက်တော့သည်။

“ကမ္ဘာ့အရှင်သခင် အနေနဲ့ ကျွန်တော့် ကို နယ်နိမိတ် စွမ်းအား ထက် ပိုများတဲ့ စွမ်းအားတွေ ပေးနိုင်ဖို့ မျှော်လင့်တယ်.. ကျွန်တော် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က ကျွန်တော့် ကို သေချာပေါက် ပစ်မှတ်ထားလာလိမ့်မယ်”

ပုံရိပ်ယောင်ကြီးက ပြန်မဖြေရသေးမီမှာပင် နင်ချီက ဆက်လက် ပြောဆိုလိုက်သည်။

“အကယ်လို့ တောင်ဘိုးဘေးကြီး ဆီကနေပါ ငှားရမ်းနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပေါ့.. ကျွန်တော့် ဆီမှာ ပင်လယ်ဘိုးဘေးကြီး ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်း တော့ ရှိတယ်.. အရင်တုန်းက သူတော်စင် ဘိုးဘေးကြီး က ကျွန်တော့် ကို ပစ်မှတ်ထားဖို့ သူ့ရဲ့ စွမ်းအား တွေကို တမင် စေလွှတ်ခဲ့ဖူးတယ်.. ကျယ်ပြန့်သော ကမ္ဘာ ရဲ့ နည်းလမ်း တွေနဲ့ ထပ်ပြီး ကြုံတွေ့ရမှာကို ကျွန်တော် စိုးရိမ်လို့ပါ”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်ကြီးက ရယ်လိုက်တော့သည်။ သူသည် ငြင်းဆန်ခြင်း မရှိခဲ့ချေ။

“မင်းလို ကောင်စုတ်လေး က ငါတို့ ဆီကနေ အခွင့်အရေး ယူပြီး တောင်းဆိုဖို့ အချိန်ကောင်း ကို တကယ် ရွေးတတ်တာပဲ”

မည်သို့ပင် ဆိုစေကာမူ သူ၏ အမြင်တွင် ဖြစ်စေ.. တောင်ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့၏ မျက်လုံးထဲတွင် ဖြစ်စေ နင်ချီမှာ ရှားပါးလှသော ပါရမီရှင် တစ်ဦး ပင်တည်း။ ထို့ကြောင့် နင်ချီအား ဤမျှ အန္တရာယ်များလှသော ကိစ္စကို လုပ်ဆောင်ခိုင်းရမည် ဖြစ်သဖြင့် သူ ကိုယ်တိုင်လည်း အပြည့်အဝ စိတ်မချနိုင်သေးချေ။

“ခဏ စောင့်နေ.. ငါ ဟောင်ရှန်း နဲ့ ချင်ဟိုင် တို့ကို ချက်ချင်း ဆက်သွယ်ပြီး သူတို့ကိုပါ သွေးထွက်အောင် လုပ်ခိုင်းလိုက်မယ်”

နင်ချီက ချက်ချင်း သဘောတူလိုက်၏။

“ကောင်းပါပြီ.. ဒါဆိုရင် ဒီကောင်လေး က ကမ္ဘာ့အရှင်သခင် ကို ဒီကနေပဲ စောင့်နေပါ့မယ်”

ပုံရိပ်ယောင်ကြီးမှာ နင်ချီ၏ မျက်စိရှေ့မှ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့သည်။ နင်ချီမှာ လောလောဆယ်တွင် ပျင်းရိနေသဖြင့် အပြင်ဘက် နယ်မြေရှိ အခြား နေရာများဆီသို့သာ လှမ်းကြည့်နေလိုက်တော့၏။ အပြင်ဘက် နယ်မြေတွင် စစ်တပ် မည်မျှ ကျန်ရှိနေသေးသည်ကို သူ လေ့လာကြည့်ချင်နေမိသည်။

အချိန် အတော်ကြာမြင့်သွားခဲ့ပြီ ဖြစ်ပြီး အစွမ်းထက်သော ကျင့်ကြံသူများစွာမှာ အပြင်ဘက် နယ်မြေမှ အလယ်ဗဟို ဒေသဆီသို့ ဦးတည်သွားခဲ့ကြသော်လည်း အပြင်ဘက် နယ်မြေမှာမူ အဆုံးအစမဲ့ စစ်ပွဲများ အတွင်း၌ လွှမ်းမုံခံနေရဆဲ ပင်တည်း။ သဟဇာတဖြစ်ခြင်းနယ်ပယ် အဆင့်အောက် စစ်မြေပြင်များကို ဖယ်ထားလိုက်လျှင်ပင် နှစ်ဖက်စလုံးရှိ သဟဇာတဖြစ်ခြင်းနယ်ပယ် အဆင့် ကျွမ်းကျင်သူ သောင်းချီ ရှိနေခြင်းမှာ သေးငယ်သော အရေအတွက် မဟုတ်ချေ။

ထို့အပြင် သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများမှာ စည်းမျဉ်း ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသဖြင့် သတ်ဖြတ်ရန် အလွန်တရာ ခက်ခဲလှရာ တာအို ကျင့်ကြံသူ အရေအတွက်မှာများစွာ လျော့ကျသွားခြင်း မရှိသေးချေ။ အဝေးတစ်နေရာရှိ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းထားသော အခင်းအကျင်းကြီးများသည် ရန်သူများ၏ အခင်းအကျင်းများနှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်ကို နင်ချီ လှမ်းမြင်နေရ၏။

သူတို့ ငြိမ်သက်နေချိန်တွင် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ကာ ဟင်းလင်းပြင် တစ်ခုလုံးရှိ စည်းမျဉ်း စွမ်းအားများကို ဆွဲထုတ်နေကြသည်။ သူတို့၏ တိုက်ခိုက်မှုများမှာ ဟင်းလင်းပြင် တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး ဟင်းလင်းပြင်ကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်တော့မည့်အလား ကြောက်မက်ဖွယ် ကောင်းလှ၏။

သူ ကိုယ်တိုင် ထွက်ပေါ်လာချိန်တွင် ကြုံတွေ့ရမည့် အန္တရာယ်များကို နင်ချီ ကြိုတင် တွေးတောမိနေပြီး သူ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တာအို ကျင့်ကြံသူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရမည်ကို စိုးရိမ်နေမိ၏။ ထို့အပြင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်နှင့် ဘိုးဘေးကြီး နှစ်ပါး၏ တောင်းဆိုချက်အရ သူသည် နောက်ထပ် ပုန်းအောင်းနေ၍ မရတော့ဘဲ ရန်သူ့ စစ်တပ်ကြီးကို တားဆီးထားရမည် ဖြစ်သည်။

“ဒီလောက် အရေးကြီးတဲ့ တာဝန် ကို ပေးအပ်ခံရမှတော့ ငါ အကြီးအကျယ် တစ်ခုခု လုပ်ပြရတော့မှာပေါ့”

ထိုသို့ တွေးတောနေစဉ်မှာပင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်ကြီးမှာ နင်ချီ၏ ဘေး၌ ပြန်လည် ပေါ်ထွက်လာတော့သည်။ ပုံရိပ်ယောင်ကြီးက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အရောင်အသွေး စုံလင်လှသော အလင်းတန်းများ ထွက်ပေါ်နေသည့် ပစ္စည်း သုံးတန်းမှာ နင်ချီ၏ ရှေ့မှောက်၌ မျက်စိတစ်မှိတ် အတွင်း ပေါ်ထွက်လာ၏။ နင်ချီ၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားရတော့သည်။

ဘုရားရေ.. နောက်ဆုံးတော့ သူတို့သည် လုံလောက်သော တန်ဖိုးရှိသည့် အရာတစ်ခုကို လက်ဝယ် ရရှိခဲ့ပြီ ဖြစ်သည်။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အနေဖြင့် သူ၏ မြင်းကောင်းကြီးကို ပြေးခိုင်းမည် ဆိုပါက လိုအပ်သည့် အရာများကို သေချာပေါက် ပြင်ဆင်ပေးရမည်သာ ဖြစ်၏။

သူ တောင်းဆိုထားခဲ့သော တောင်ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့၏ စွမ်းအားများသာမက တောင်နှင့် ပင်လယ် ကမ္ဘာ၏ စွမ်းအားထက်ပင် ပိုမို အစွမ်းထက်သော အရာများကိုပါ ပုံရိပ်ယောင်ကြီးက သယ်ဆောင်လာခဲ့ခြင်း ပင်တည်း။ နင်ချီက မေးမြန်းလိုက်တော့၏။

“ဒါတွေ အားလုံး က ဘာတွေလဲ.. ကမ္ဘာ့အရှင်သခင် အနေနဲ့ ဒီကောင်လေး ကို သေချာ ရှင်းပြပေးပါလား.. ကျွန်တော် ဒါတွေကို နားမလည်ဘဲ သွားမစွန့်စားချင်ဘူး.. ဘယ်လို သုံးရမလဲ ဆိုတာကို မသိရင် အန္တရာယ်များလွန်းတယ်”

All Chapters