အခန်း (၉၀၁-၉၀၃)
Vol. 61 Ch. 901-903
အခန်း (၉၀၁) - မိုးကြိုးကပ်ဘေးအား နှိုးဆွခြင်း
ဖန်ချန်နှင့်အတူ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများသည် မိမိတို့၏ တိုက်ခိုက်မှုများက ပတ်ဝန်းကျင်ရှိ စည်းမျဉ်းများကို မလှုပ်နှိုးနိုင်တော့သည်ကို သိရှိသွားပြီး ထိတ်လန့်တုန်လှုပ်သွားကြ၏။ ဖန်ချန်၏ တိုက်ခိုက်မှုသည် နင်ချီ ဖန်တီးထားသော ယင်ယန်ပုံရိပ်ရှေ့သို့ ရောက်ရှိသွားသော်လည်း တောင်ဘိုးဘေး၏ မှော်ရတနာဖြစ်သော တောင်ဖိနှိပ် တံဆိပ်တုံးမှ ထွက်ပေါ်လာသည့် နတ်ဘုရားတောင် ပုံရိပ်ယောင်က အလွယ်တကူပင် ပိတ်ဆို့ထားလိုက်သည်။
ဖန်ချန်၏ စိတ်ထဲတွင် သံသယများ ဝင်ရောက်လာတော့သည်။ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသော စည်းမျဉ်းစွမ်းအား သုံးရာကို ရင်ဆိုင်နေရချိန်တွင် သူ၏ တိုက်ခိုက်မှုက ယင်ယန်ပုံရိပ်ကို ထိမှန်သွားခဲ့လျှင်ပင် နင်ချီကို တကယ်ပဲ ဒဏ်ရာရစေနိုင်ပါ့မည်လော။
ထိုသို့ မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့လာခြင်းနှင့်အတူ နင်ချီ ဆွဲဆောင်လိုက်သော ထူးဆန်းသည့် ကောင်းကင်ကပ်ဘေးကြောင့် အားလုံး၏ ကျောရိုးထဲအထိ စိမ့်ခနဲ အေးမြသွားကြတော့သည်။ တိုက်ပွဲက မစတင်ရသေးမီမှာပင် သူတို့အားလုံး အကြောက်တရားတို့ လွှမ်းမိုးနေချေပြီ။
ထို့ကြောင့် ဖန်ချန်သည် မကျေမနပ် ဖြစ်နေသော်လည်း ယာယီ ဆုတ်ခွာရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သူ၏ ဦးဆောင်မှုအောက်တွင် တာအိုကျင့်ကြံသူ လေးရာကျော်တို့သည် တောင်ဘက်အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြ၏။ သို့သော် သုံးကီလိုမီတာခန့်ပင် မရောက်သေးမီမှာပင် သူတို့အားလုံးသည် ထူထဲလှသော ထင်ရှားမြင်သာခြင်း မရှိသည့် နံရံကြီးတစ်ခုကို ဝင်တိုက်မိသွားကြပြီး နောက်သို့ ပြန်လည် လွင့်ထွက်လာကြတော့သည်။
ဤနေရာတွင် အတားအဆီးတစ်ခု မည်သည့်အချိန်က ပေါ်လာရသနည်း။ ဖန်ချန်သည် အခင်းအကျင်းပညာရပ်တွင် ကျွမ်းကျင်သူ မဟုတ်သဖြင့် သူ၏ အဖွဲ့ဝင်ထဲမှ အခင်းအကျင်း ကျွမ်းကျင်သည့် ကျင့်ကြံသူတစ်ဦးကို လှမ်းကြည့်လိုက်၏။ ထိုသူ၏ အမည်မှာ ဖူဖန်း ဖြစ်၏။ ဖူဖန်းသည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး စစ်ဆေးရန် ရှေ့သို့ ထွက်လာခဲ့သည်။ လူတိုင်းက ဖူဖန်း သူ၏ မျက်လုံးများကို လက်ဖြင့် ပွတ်သပ်လိုက်သည်ကို တွေ့လိုက်ရရာ သူ၏ အကြည့်များက ရုတ်တရက် ပြောင်းလဲသွားတော့သည်။
သူ၏ မျက်ဝန်းအိမ်အတွင်း၌ အခင်းအကျင်း ပုံစံအမျိုးမျိုး လင်းလက်သွားပြီးနောက် အမှန်နှင့် အမှားကို ခွဲခြားနိုင်သည့် ဓမ္မမျက်လုံးအဖြစ် ပြောင်းလဲသွားချေပြီ။ ဓမ္မမျက်လုံးဖြင့် ရှေ့သို့ အာရုံစိုက် ကြည့်ရှုနေရင်း ဖူဖန်း၏ မျက်နှာထားသည် တဖြည်းဖြည်းနှင့် ပျက်ယွင်းလာတော့သည်။ ထိုစဉ်အတွင်း အခြားသူများသည်လည်း ငြိမ်မနေကြချေ။ အချို့သော သူများသည် နတ်စွမ်းအားများကို အသုံးပြု၍ ရှေ့မှ အတားအဆီးကို တရစပ် ဗုံးကြဲ တိုက်ခိုက်နေကြ၏။
သူတို့၏ တိုက်ခိုက်မှုများက မည်မျှပင် ပြင်းထန်ပါစေ၊ အတားအဆီးပေါ်သို့ ကျရောက်သွားသည့်အခါ ရေကန်ထဲသို့ ကျောက်ခဲကလေး တစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထရုံမျှသာ ရှိ၏။ ထိုဂယက်ကလေးများသည်လည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး သူတို့၏ တိုက်ခိုက်မှုများကို အတားအဆီးက စုပ်ယူသွားသကဲ့သို့ ဖြစ်နေချေပြီ။
“ဒီအတားအဆီးကို မတိုက်ခိုက်ကြနဲ့ဦး ...”
အခင်းအကျင်း ပညာရှင် ဖူဖန်းက ချက်ချင်းပင် အော်ဟစ် တားမြစ်လိုက်၏။
“ဒီအတားအဆီးရဲ့ ဖွဲ့စည်းပုံက ကျွန်တော့်တစ်သက်မှာ တစ်ခါမှ မမြင်ဖူးလောက်အောင်ကို ဆန်းကြယ်လွန်းတယ် ... အကယ်၍ အခင်းအကျင်းရဲ့ ဗဟိုချက်ကို မရှာနိုင်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် ဒဏ်ရာတွေကို သူက စုပ်ယူသွားမှာပဲ ... ပြီးတော့ အဲဒီ စွမ်းအားတွေကို အသုံးချပြီး သူက ပိုပြီးတော့တောင် တောင့်တင်းခိုင်မာလာဦးမှာ ...”
အချို့သော သူများသည် ထိုစကားကို မယုံကြည်နိုင်ဘဲ ဖြစ်နေကြ၏။
“ဒါက တကယ်ပဲ အဲဒီလောက်အထိ ထူးဆန်းနေလို့လား ...”
သို့သော် ဖန်ချန်သည် ဖူဖန်းကို အလွန်အမင်း ယုံကြည်ထားသူ ဖြစ်၏။ သူ၏ ကောင်းကင်မီးတောက်နယ်မြေတွင် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် မဟာအခင်းအကျင်းကြီးကို တည်ဆောက်စဉ်ကလည်း ဖူဖန်းကပင် ဦးဆောင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဖန်ချန်သည် လက်ဝေ့ယမ်း၍ သူ၏ လူများကို ထပ်မံ မတိုက်ခိုက်ရန် တားမြစ်လိုက်တော့သည်။ လူတိုင်း ငြိမ်သက်သွားချိန်တွင် ဖန်ချန်က လေးလံသော အသံဖြင့် မေးလိုက်၏။
“ဒီအတားအဆီးက အတိအကျ ဘယ်လို ဖြစ်ပေါ်လာတာလဲ ...”
ဖန်ချန် မေးလိုက်သည့် မေးခွန်း၏ အတွင်းသဘောကို ဖူဖန်းက ချက်ချင်း သိရှိသွားပါသည်။ ဖန်ချန် သိချင်နေသည်မှာ ဤအတားအဆီးသည် နင်ချီ ဆွဲဆောင်လိုက်သော ကောင်းကင်ကပ်ဘေးကြောင့် အလိုအလျောက် ဖြစ်ပေါ်လာခြင်းလား သို့မဟုတ် နင်ချီကိုယ်တိုင် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်းလား ဆိုသည့် အချက်ပင်ဖြစ်၏။
ဖူဖန်းသည် ဓမ္မမျက်လုံးဖြင့် ကောင်းကင်နှင့် မြေကြီးကို အသေအချာ စစ်ဆေးနေသော်လည်း ရှင်းလင်းသော အဖြေကို မပေးနိုင်သေးချေ။
သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသောကြောင့်ပင် ဖြစ်တော့သည်။ ခဏအကြာတွင် ဖန်ချန် စိတ်မရှည် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဖူဖန်းက မသေချာသော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်တော့သည်။
“နယ်မြေအရှင် ... အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ တာအို အသိပညာတွေနဲ့တောင် ဒီအတားအဆီးက ကောင်းကင်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတာလား ဒါမှမဟုတ် နင်ချီကပဲ ခင်းကျင်းထားတာလား ဆိုတာကို ခွဲခြားလို့ မရနိုင်ဘူး ဖြစ်နေတယ် ...”
ဖူဖန်းသည် လူတိုင်းကို စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
“အကယ်၍ ပထမအချက်ကြောင့်ဆိုရင်တော့ ကိစ္စမရှိပေမဲ့ ... ဒုတိယအချက်သာ မှန်ခဲ့မယ်ဆိုရင်တော့ ငါတို့အားလုံး ဒုက္ခအကြီးအကျယ် ရောက်တော့မှာပဲ ...”
ဖန်ချန်နှင့်အတူ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများသည် မိမိတို့၏ တိုက်ခိုက်မှုများက ပတ်ဝန်းကျင်ရှိ စည်းမျဉ်းများကို မလှုပ်နှိုးနိုင်တော့သည်ကို သိရှိသွားပြီး ထိတ်လန့်တုန်လှုပ်သွားကြ၏။ ဖန်ချန်၏ တိုက်ခိုက်မှုသည် နင်ချီ ဖန်တီးထားသော ယင်ယန်ပုံရိပ်ရှေ့သို့ ရောက်ရှိသွားသော်လည်း တောင်ဘိုးဘေး၏ မှော်ရတနာဖြစ်သော တောင်ဖိနှိပ် တံဆိပ်တုံးမှ ထွက်ပေါ်လာသည့် နတ်ဘုရားတောင် ပုံရိပ်ယောင်က အလွယ်တကူပင် ပိတ်ဆို့ထားလိုက်သည်။
ဖန်ချန်၏ စိတ်ထဲတွင် သံယောင်သံယေ သံသယများ ဝင်ရောက်လာတော့သည်။ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသော စည်းမျဉ်းစွမ်းအား သုံးရာကို ရင်ဆိုင်နေရချိန်တွင် သူ၏ တိုက်ခိုက်မှုက ယင်ယန်ပုံရိပ်ကို ထိမှန်သွားခဲ့လျှင်ပင် နင်ချီကို တကယ်ပဲ ဒဏ်ရာရစေနိုင်ပါ့မလားဟု တွေးတောနေမိ၏။ ထိုသို့ မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့လာခြင်းနှင့်အတူ နင်ချီ ဆွဲဆောင်လိုက်သော ထူးဆန်းသည့် ကောင်းကင် ကပ်ဘေးကြောင့် အားလုံး၏ ကျောရိုးထဲအထိ စိမ့်ခနဲ အေးမြသွားကြတော့သည်။ တိုက်ပွဲက မစတင်ရသေးမီမှာပင် သူတို့အားလုံး အကြောက်တရားတို့ လွှမ်းမိုးနေချေပြီ။
ထို့ကြောင့် ဖန်ချန်သည် မကျေမနပ် ဖြစ်နေသော်လည်း ယာယီ ဆုတ်ခွာရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သူ၏ ဦးဆောင်မှုအောက်တွင် တာအိုကျင့်ကြံသူ လေးရာကျော်တို့သည် တောင်ဘက်အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြ၏။ သို့သော် သုံးကီလိုမီတာခန့်ပင် မရောက်သေးမီမှာပင် သူတို့အားလုံးသည် ထူထဲလှသော ထင်ရှားမြင်သာခြင်း မရှိသည့် နံရံကြီးတစ်ခုကို ဝင်တိုက်မိသွားကြပြီး နောက်သို့ ပြန်လည် လွင့်ထွက်လာကြတော့သည်။
ဤနေရာတွင် အတားအဆီးတစ်ခု မည်သည့်အချိန်က ပေါ်လာရသနည်း။ ဖန်ချန်သည် အခင်းအကျင်းပညာရပ်တွင် ကျွမ်းကျင်သူ မဟုတ်သဖြင့် သူ၏ အဖွဲ့ဝင်ထဲမှ အခင်းအကျင်း ကျွမ်းကျင်သည့် ကျင့်ကြံသူတစ်ဦးကို လှမ်းကြည့်လိုက်၏။ ထိုသူ၏ အမည်မှာ ဖူဖန်း ဖြစ်၏။
ဖူဖန်းသည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး စစ်ဆေးရန် ရှေ့သို့ ထွက်လာခဲ့သည်။ လူတိုင်းက ဖူဖန်း သူ၏ မျက်လုံးများကို လက်ဖြင့် ပွတ်သပ်လိုက်သည်ကို တွေ့လိုက်ရရာ သူ၏ အကြည့်များက ရုတ်တရက် ပြောင်းလဲသွားတော့၏။
သူ၏ မျက်ဝန်းအိမ်အတွင်း၌ အခင်းအကျင်း ပုံစံအမျိုးမျိုး လင်းလက်သွားပြီးနောက် အမှန်နှင့် အမှားကို ခွဲခြားနိုင်သည့် ဓမ္မမျက်လုံးအဖြစ် ပြောင်းလဲသွားချေပြီ။ ဓမ္မမျက်လုံးဖြင့် ရှေ့သို့ အာရုံစိုက် ကြည့်ရှုနေရင်း ဖူဖန်း၏ မျက်နှာထားသည် တဖြည်းဖြည်းနှင့် ပျက်ယွင်းလာတော့သည်။ ထိုစဉ်အတွင်း အခြားသူများသည်လည်း ငြိမ်မနေကြချေ။ အချို့သော သူများသည် နတ်စွမ်းအားများကို အသုံးပြု၍ ရှေ့မှ အတားအဆီးကို တရစပ် ဗုံးကြဲ တိုက်ခိုက်နေကြ၏။
သူတို့၏ တိုက်ခိုက်မှုများက မည်မျှပင် ပြင်းထန်ပါစေ၊ အတားအဆီးပေါ်သို့ ကျရောက်သွားသည့်အခါ ရေကန်ထဲသို့ ကျောက်ခဲကလေး တစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထရုံမျှသာ ရှိ၏။ ထိုဂယက်ကလေးများသည်လည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး သူတို့၏ တိုက်ခိုက်မှုများကို အတားအဆီးက စုပ်ယူသွားသကဲ့သို့ ဖြစ်နေချေပြီ။
“ဒီအတားအဆီးကို မတိုက်ခိုက်ကြနဲ့ဦး ...”
အခင်းအကျင်း ပညာရှင် ဖူဖန်းက ချက်ချင်းပင် အော်ဟစ် တားမြစ်လိုက်၏။
“ဒီအတားအဆီးရဲ့ ဖွဲ့စည်းပုံက ကျွန်တော့်တစ်သက်မှာ တစ်ခါမှ မမြင်ဖူးလောက်အောင်ကို ဆန်းကြယ်လွန်းတယ် ... အကယ်၍ အခင်းအကျင်းရဲ့ ဗဟိုချက်ကို မရှာနိုင်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် ဒဏ်ရာတွေကို သူက စုပ်ယူသွားမှာပဲ ... ပြီးတော့ အဲဒီ စွမ်းအားတွေကို အသုံးချပြီး သူက ပိုပြီးတော့တောင် တောင့်တင်းခိုင်မာလာဦးမှာ ...”
အချို့သော သူများသည် ထိုစကားကို မယုံကြည်နိုင်ဘဲ ဖြစ်နေကြ၏။
“ဒါက တကယ်ပဲ အဲဒီလောက်အထိ ထူးဆန်းနေလို့လား ...”
သို့သော် ဖန်ချန်သည် ဖူဖန်းကို အလွန်အမင်း ယုံကြည်ထားသူ ဖြစ်၏။ သူ၏ ကောင်းကင်မီးတောက်နယ်မြေတွင် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် မဟာအခင်းအကျင်းကြီးကို တည်ဆောက်စဉ်ကလည်း ဖူဖန်းကပင် ဦးဆောင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဖန်ချန်သည် လက်ဝေ့ယမ်း၍ သူ၏ လူများကို ထပ်မံ မတိုက်ခိုက်ရန် တားမြစ်လိုက်တော့သည်။ လူတိုင်း ငြိမ်သက်သွားချိန်တွင် ဖန်ချန်က လေးလံသော အသံဖြင့် မေးလိုက်၏။
“ဒီအတားအဆီးက အတိအကျ ဘယ်လို ဖြစ်ပေါ်လာတာလဲ ...”
ဖန်ချန် မေးလိုက်သည့် မေးခွန်း၏ အတွင်းသဘောကို ဖူဖန်းက ချက်ချင်း သိရှိသွားပါသည်။ ဖန်ချန် သိချင်နေသည်မှာ ဤအတားအဆီးသည် နင်ချီ ဆွဲဆောင်လိုက်သော ကောင်းကင်ကပ်ဘေးကြောင့် အလိုအလျောက် ဖြစ်ပေါ်လာခြင်းလား သို့မဟုတ် နင်ချီကိုယ်တိုင် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်းလား ဆိုသည့် အချက်ပင်ဖြစ်၏။ ဖူဖန်းသည် ဓမ္မမျက်လုံးဖြင့် ကောင်းကင်နှင့် မြေကြီးကို အသေအချာ စစ်ဆေးနေသော်လည်း ရှင်းလင်းသော အဖြေကို မပေးနိုင်သေးချေ။
သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသောကြောင့်ပင် ဖြစ်တော့၏။ ခဏအကြာတွင် ဖန်ချန် စိတ်မရှည် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဖူဖန်းက မသေချာသော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်တော့သည်။
“နယ်မြေအရှင် ... အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ တာအို အသိပညာတွေနဲ့တောင် ဒီအတားအဆီးက ကောင်းကင်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတာလား.. ဒါမှမဟုတ် နင်ချီကပဲ ခင်းကျင်းထားတာလား ဆိုတာကို ခွဲခြားလို့ မရနိုင်ဘူး ဖြစ်နေတယ် ...”
အခန်း (၉၀၂) - မိုးကြိုးကပ်ဘေးအား နှိုးဆွခြင်း
ဖူဖန်းသည် လူတိုင်းကို စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
“အကယ်၍ ပထမအချက်ကြောင့် ဆိုရင်တော့ ကိစ္စမရှိပေမဲ့ ... ဒုတိယအချက်သာ မှန်ခဲ့မယ်ဆိုရင်တော့ ငါတို့အားလုံး ဒုက္ခအကြီးအကျယ် ရောက်တော့မှာပဲ ...”
နင်ချီ၏ ရုပ်ခန္ဓာသည် အံ့အားသင့်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် ပြန်လည် စုစည်းလာနေလေပြီ။
သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦးအနေဖြင့် တာအိုကို ရယူနိုင်ရန် ကြိုးပမ်းချိန်တွင် မိမိ မွေးဖွားရာ ကမ္ဘာ၏ စည်းမျဉ်းများကိုသာ အသုံးပြု၍ ရုပ်ခန္ဓာကို တည်ဆောက်နိုင်စမြဲ ဖြစ်၏။ သို့သော် ယခုအခိုက်အတန့်တွင်မူ နင်ချီ၏ ရုပ်ခန္ဓာသည် ကမ္ဘာနှစ်ခုလုံး၏ စည်းမျဉ်းစွမ်းအားများကို ဆွဲဆောင်နေခဲ့သည်။ ကမ္ဘာနှစ်ခု၏ စည်းမျဉ်းစွမ်းအားများသည် ဤနေရာသို့ အဆက်မပြတ် စုစည်းလာပြီး နင်ချီ တည်ဆောက်နေသော ရုပ်ခန္ဓာသစ်အတွင်းသို့ စီးဝင်သွားကြတော့သည်။
နင်ချီသည် အတားအဆီးအတွင်းရှိ ကမ္ဘာနှစ်ခုမှ ကျင့်ကြံသူများက အားနည်းချက်ဟု ယူဆရသော နေရာကို တရစပ် တိုက်ခိုက်နေကြသည်ကို ကြည့်ရင်း မသိမသာ ပြုံးလိုက်မိ၏။
‘ဒါကို တကယ်ပဲ ဘယ်သူမှ မသိကြဘူးလား ...’
သူကိုယ်တိုင် အနုစိတ် ဖန်တီးထားသော အခင်းအကျင်းအတွင်း၌ မည်သည့်နေရာတွင်မှ အားနည်းချက်ဟူ၍ မရှိချေ။ သိသာထင်ရှားနေသော အားနည်းချက်ဟူသည်မှာ ရန်သူများကို တိုက်ခိုက်လာစေရန် မျှားခေါ်ထားသော ထောင်ချောက်တစ်ခုမျှသာ ဖြစ်တော့သည်။
ကျင့်ကြံသူ နှစ်ဖက်စလုံးသည် အတားအဆီး၏ အားနည်းချက်ဟု ယူဆရသော နေရာကို အားကုန်သုံး၍ တိုက်ခိုက်လိုက်ကြသည်။ သူတို့အားလုံး လွတ်မြောက်တော့မည်ဟု ထင်မှတ်ထားသည့် နောက်တစ်စက္ကန့်တွင် သူတို့၏ တိုက်ခိုက်မှုများသည် ထိုနေရာသို့ ထိမှန်သွားသော်လည်း အရာအားလုံးက ရုတ်တရက် ပြောင်းလဲသွားချေပြီ။ စည်းမျဉ်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသော နတ်လှံကြီးများသည် ဖန်ချန်တို့အဖွဲ့၏ နောက်ကျောဘက်တွင် ပေါ်လာပြီး၊ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများသည်လည်း ဖန်ချန်တို့၏ နောက်ကျောဘက်သို့ ပြောင်းပြန် ရောက်ရှိသွား၏။
“ဝုန်း …”
ထိုအခိုက်အတန့်တွင် ပြိုင်ဘက်၏ တိုက်ခိုက်မှုက သူတို့၏ နောက်ကျောဘက်မှ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။ တခဏချင်း၌ပင် နှစ်ဖက်စလုံးမှ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူ နှစ်ဆယ်၊ သုံးဆယ်ခန့်တို့၏ ရုပ်ခန္ဓာများမှာ အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားကြရ၏။
ကျင့်ကြံသူ အားလုံးမှာ ဆွံ့အအာစေးမိသွားကြတော့သည်။ သူတို့သည် ဆုတ်ခွာရန် သို့မဟုတ် ထွက်ပြေးရန် ကြိုးစားကြသော်လည်း လက်မတစ်လုံးမျှပင် မလှုပ်ရှားနိုင်ကြတော့ချေ။
နင်ချီ ဖန်တီးထားသော သော့တစ်ထောင် အကျဉ်းတစ်သောင်း အခင်းအကျင်းသည် ၎င်း၏ အမည်နှင့်အညီပင် ဖြစ်၏။ ဤအခင်းအကျင်းအတွင်းသို့ ကျရောက်သွားသူ မှန်သမျှသည် ကမ္ဘာလောက၏ စည်းမျဉ်းကြိုးများဖြင့် အထပ်ထပ် အခါခါ ချည်နှောင်ခြင်းကို ခံရမည်ဖြစ်ပြီး မည်သို့မျှ ရုန်းထွက်နိုင်စရာ အကြောင်းမရှိတော့ချေ။ နောက်ဆုံးတွင် ကျင့်ကြံသူ အားလုံးမှာ တစ်ဦးနှင့်တစ်ဦး ပူးကပ်ချည်နှောင်ခြင်း ခံလိုက်ရပြီး လက်ချောင်းကလေး တစ်ချောင်းကိုပင် မလှုပ်နိုင်ဘဲ ဖြစ်သွားကြတော့သည်။
ဖန်ချန်တို့မှာ မျက်လုံးပြူးလျက် အလယ်ဗဟိုတွင် ရုပ်ခန္ဓာ ပြန်လည် စုစည်းနေသော နင်ချီကိုသာ ကြည့်နေနိုင်ကြတော့သည်။ သူတို့၏ စိတ်အစဉ်သည် အမှောင်ထုအတွင်းသို့ ကျဆင်းသွားရလေပြီ။ အကယ်၍ နင်ချီသည် တောင်နှင့် ပင်လယ်ကမ္ဘာ၏ စည်းမျဉ်းများကိုသာ ဆွဲဆောင်နိုင်ခဲ့လျှင် သူတို့အနေဖြင့် တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ရုန်းထွက်နိုင်ဦးမည် ဖြစ်၏။ သို့သော် ယခုမူ နင်ချီ၏ စွမ်းအားသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်နေချေပြီ။
ဖန်ချန်သည် တောင်ဘိုးဘေးနယ်မြေအတွင်းရှိ အင်အားအကောင်းဆုံး ကျင့်ကြံသူ ငါးဆယ်ထဲတွင် ပါဝင်သူ ဖြစ်၏။ သူ၏ ကိုယ်တွင်းမှ နတ်စွမ်းအားများကို တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် တောင်တန်းနှင့် ပင်လယ်ပြင်ကို ကြေမွစေနိုင်သော်လည်း ယခုအခါတွင်မူ ဤနေရာရှိ စည်းမျဉ်းများကို အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။ သူတို့သည် တစ်စုံတစ်ရာကို အော်ဟစ် ပြောဆိုချင်သော်လည်း စကားလုံးတစ်လုံးမျှပင် အသံထွက်မလာတော့ပါ။ သူတို့၏ အသိစိတ်နှင့် လည်ချောင်းတို့မှာ ဤအတားအဆီး၏ လွှမ်းမိုးမှုအောက်တွင် လုံးဝ ပိတ်ဆို့ခြင်း ခံလိုက်ရပြီ ဖြစ်သောကြောင့်ပင်။ သူတို့သည် အလယ်ဗဟိုရှိ နင်ချီ၏ ပြောင်းလဲလာမှုများကိုသာ ငေးကြည့်နေကြရတော့သည်။
နင်ချီသည် သဟဇာတဖြစ်ခြင်း အဆင့်သို့ တက်လှမ်းပြီး စည်းမျဉ်းရုပ်ခန္ဓာကို စတင်တည်ဆောက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကပ်ဘေးသည် ကောင်းကင်ယံမှ ဆင်းသက်လာတော့မည် ဖြစ်၏။
အဝေးတစ်နေရာမှ လင်ချင်းအောက်သည် နင်ချီကို ကူညီရန် နောက်သို့ ပြန်လှည့်လာသော်လည်း နင်ချီရှိရာ အနီးအနားသို့ မဝင်ရောက်နိုင် ဖြစ်နေသည်။ ထိုနေရာသည် ကမ္ဘာလောကကြီးနှင့် သီးခြား ကွဲထွက်နေသော ကမ္ဘာငယ်တစ်ခုကဲ့သို့ပင် ဖြစ်နေချေပြီ။
သူမသည် အလယ်ဗဟိုရှိ နင်ချီ၏ ပုံရိပ်ကို စိုက်ကြည့်ရင်း ရင်ထဲတွင် အတိုင်းထက်အလွန် အံ့သြ ထိတ်လန့်နေမိသည်။ နင်ချီသည် မည်သည့် ဒဏ်ရာမျှ ရရှိခြင်း မရှိရုံတင်မကဘဲ ကမ္ဘာနှစ်ခုလုံးမှ တာအိုကျင့်ကြံသူ အားလုံးကို သူတစ်ဦးတည်းဖြင့် ချုပ်ကိုင်ထားနိုင်သည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ လင်ချင်းအောက်သည် ဝမ်းသာအားရ ဖြစ်မိသလို နင်ချီ၏ စွမ်းအားအစစ်အမှန်ကြောင့်လည်း တုန်လှုပ်နေမိသည်။
ထိုအခိုက်အတန့်တွင် မြင်တွေ့လိုက်ရသော နင်ချီ၏ ပုံရိပ်သည် လင်ချင်းအောက်၏ နှလုံးသားထဲတွင် ဘယ်သောအခါမှ မေ့ပျောက်နိုင်တော့မည် မဟုတ်ပါ။
အလယ်ဗဟို နေရာ၌.. နင်ချီသည် ကမ္ဘာနှစ်ခုလုံးမှ စီးဆင်းလာသော စည်းမျဉ်းစွမ်းအားများကို ခံစားနေရသည်။ ကမ္ဘာနှစ်ခု၏ ဆန္ဒများ မတူညီကြသော်လည်း တူညီသော စည်းမျဉ်းစွမ်းအားများအောက်တွင် ပေါင်းစည်းနိုင်စွမ်း ရှိကြ၏။ နင်ချီသည် ကမ္ဘာနှစ်ခုလုံး၏ နယ်ခြားစွမ်းအားများကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိသူဖြစ်သောကြောင့် သူသည် ကမ္ဘာနှစ်ခု၏ စည်းမျဉ်းများကို မိမိကိုယ်တွင်း၌ လက်ခံပေါင်းစပ်နိုင်သည့် ကြားခံနယ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
နင်ချီသည် စည်းမျဉ်းစွမ်းအား သုံးရာကို ပိုင်ဆိုင်ထား၏။ ကောင်းကင်ယံထက်တွင် တိမ်မည်းကြီးများသည် အရှိန်အဟုန်ဖြင့် စုရုံးလာကြပြီးနောက် ငြိမ်သက်သွားကြတော့၏။ ထိုခဏ၌ တိမ်မည်းများမှာ သက်ရှိများကဲ့သို့ လှုပ်ရှားလာကြ၏။ နင်ချီသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ တိမ်တိုက်များကြားမှ အမျိုးမျိုးသော လျှပ်စီးတန်းများ၊ နတ်နဂါး၏ လက်သည်းများနှင့် အကြေးခွံများ ရံဖန်ရံခါ ပေါ်ထွက်လာသည်ကို တွေ့ရှိလိုက်ရသည်။ သူ၏ မျက်ဝန်းအစုံတွင် ထူးဆန်းသော အရောင်အဝါတစ်ခု ဝင်းလက်သွား၏။ သူသည် ကောင်းကင်ကပ်ဘေး၏ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်နိုင်စွမ်း ရှိလာပြီဟု ခံစားလိုက်ရသည်။
နင်ချီသည် အကျဉ်းကျနေသော ကျင့်ကြံသူ အားလုံးကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်၏။ သဟဇာတဖြစ်ခြင်း အဆင့်သို့ လုံးဝ မတက်လှမ်းမီ ဤကောင်းကင်ကပ်ဘေးကို အသုံးပြု၍ သူတို့အားလုံးကို အရင်ဆုံး အဆုံးစီရင်ရပေမည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက
သူ့အနေဖြင့် လက်ကျန် စွမ်းအားရှိဦးမည်ဟု အာမခံချက် မရှိနိုင်သောကြောင့်ပင်။
“ကောင်းကင်ကပ်ဘေးကို မြှုပ်နှံခြင်း ...”
သူ၏ အသိစိတ်သည် တိမ်မည်းများကို လှုပ်နှိုးလိုက်ရာ တိမ်တိုက်များမှာ ချက်ချင်းပင် ကွဲအက်သွားပြီး အတွင်းမှ အလွန်ခမ်းနားထည်ဝါလှသော လျှပ်စီးနဂါးကြီး တစ်ကောင် ထွက်ပေါ်လာတော့သည်။ ထိုနဂါးကြီးသည် ခံ့ညားထည်ဝါလှပြီး နင်ချီအပါအဝင် အောက်ဘက်ရှိ လူတိုင်းကို ရက်ရက်စက်စက် ငုံ့ကြည့်လိုက်၏။ ၎င်း၏ မျက်ဝန်းထဲတွင် ဖျက်ဆီးလိုသော ဆန္ဒများသာ ပြည့်နှက်နေချေပြီ။
တဂျိမ်းဂျိမ်း မြည်ဟည်းသံများ ထွက်ပေါ်လာပြီးနောက် လျှပ်စီးနဂါးကြီးသည် လျှပ်စီးတန်းများကို သွန်ချလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သန်းနှင့်ချီသော လျှပ်စီးတန်းများသည် အောက်ဘက်ရှိ လူအုပ်ကြီးပေါ်သို့ ဝုန်းခနဲ ကျရောက်သွားတော့၏။ လျှပ်စီးတန်း တစ်ခုစီသည် ရေပုံးတစ်လုံးခန့် ထူထဲလှပြီး ဖန်ချန်တို့အဖွဲ့ကို တိုက်ရိုက် ထိမှန်သွားကြသည်။ ဤကောင်းကင်ကပ်ဘေးကို ဖန်တီးခဲ့သော နင်ချီကိုယ်တိုင်ပင်လျှင် ၎င်း၏ စွမ်းအားများမှ လွတ်မြောက်နိုင်စရာ မရှိချေ။
“ဝုန်း …”
သန်းနှင့်ချီသော လျှပ်စီးတန်းများသည် နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေပြီ။ အပြင်ဘက်မှ လင်ချင်းအောက်သည် ထိုနေရာတစ်ခုလုံး လျှပ်စီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်ကိုသာ မြင်တွေ့နိုင်တော့၏။ သူမ၏ မျက်ဝန်းထဲတွင် အရောင်စုံ လျှပ်စီးတန်းများသာ ပြည့်နှက်နေပြီး ထိုမြင်ကွင်းက သူမကို တုန်လှုပ် ချောက်ချားစေခဲ့သည်။ လျှပ်စီးများ၏ ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်ပြီးဆုံးသွားချိန်တွင် လင်ချင်းအောက်သည် အထဲသို့ ထပ်မံကြည့်ရှုလိုက်ရာ ထိုနေရာရှိ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူ အင်အားစု၏ ထက်ဝက်ခန့်မှာ လုံးဝ ပျောက်ကွယ် ပျက်စီးသွားခဲ့ရပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရတော့သည်။
လျှပ်စီးအလင်းတန်းတစ်ခုသည် စစ်တလင်းနယ်မြေတစ်ခုလုံးကို ဖြတ်သန်းသွား၏။ ထိုအခိုက်အတန့်တွင် စစ်တလင်းနယ်မြေအတွင်း၌ ဖြစ်စေ၊ အပြင်ဘက်ရှိ ဝိညာဉ်ကမ္ဘာနှစ်ခု၌ ဖြစ်စေ ရှိရှိသမျှသော သူတို့၏ အကြည့်များမှာ ထိုလျှပ်စီးအလင်းတန်း ထွက်ပေါ်ရာအရပ်ဆီသို့သာ စုပြုံကျရောက်နေကြတော့သည်။
အလယ်ဗဟိုဒေသရှိ အင်အားအကြီးဆုံးသော အင်မော်တယ် ဂိုဏ်း သုံးခုမှ လျှို့ဝှက်သခင်ကြီးများ၏ စိတ်ထဲတွင် 'မိုးကြိုးကပ်ဘေးက စတင်လေပြီလော' ဟူသော အတွေးတစ်ခုမှာ ဖျတ်ခနဲ ပေါ်ပေါက်လာ၏။ သူတို့သည် အပြင်ဘက်နယ်မြေများတွင် မရှိကြသဖြင့် ထိုလျှပ်စီးအလင်းတန်း၏ တောက်ပမှုကို ကြည့်ကာ တည်နေရာကိုသာ ခန့်မှန်းနေကြရခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် အလွန်ဆုံး မိုးကြိုးဒဏ်ချက် သုံးချက်ကိုသာ ခံနိုင်ရည်ရှိပြီး ထိုသို့ ကျော်ဖြတ်နိုင်ပါက စည်းမျဉ်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ရုပ်ခန္ဓာအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်စမြဲ ဖြစ်၏။ သို့သော် ဇွဲလုံ့လနှင့် သတ္တိဗျတ္တိနှင့် ပြည့်စုံသော ပါရမီရှင်များမှာမူ ခြောက်ချက်မှ ကိုးချက်အထိ ခံယူကြရ၏။
သူတို့သည် အလယ်ဗဟိုဒေသတစ်ခုလုံးကို လွှမ်းခြုံထားသော တိမ်မည်းကြီးများကို ကြည့်ကာ ပြင်ပတွင် ကပ်ဘေးခံယူနေသော ထိုသူမှာ မည်မျှအထိ မိုးကြိုးဒဏ်ချက်များ ကျရောက်မည်နည်းဟု တွေးတောနေကြသည်။ ထိုစဉ်အတွင်း ကပ်ဘေးခံယူနေသူမှာ နင်ချီ အမည်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သတင်းကို ရရှိလိုက်ကြ၏။ ယခင်ကမူ သူတို့သည် နင်ချီကို အရေးတယူ မရှိခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုမိုးကြိုးကပ်ဘေး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် နင်ချီ၏ တည်ရှိမှုကို ပထမဦးဆုံးအကြိမ်အဖြစ် အလေးအနက်ထားလာကြချေပြီ။ နင်ချီသည် မိုးကြိုးကပ်ဘေး ဆယ်သွယ်အထိ ကျော်ဖြတ်နိုင်သော အလားအလာရှိသည်ဟု သူတို့ ခံစားမိနေကြသောကြောင့်ပင် ဖြစ်တော့သည်။
သမိုင်းတစ်လျှောက်တွင် တာအိုပေါင်းစည်းခြင်းအဆင့်၌ ကပ်ဘေး ဆယ်သွယ်ထက် ကျော်လွန်နိုင်ခဲ့သူဟူ၍ တောင်ဘိုးဘေး၊ ပင်လယ်ဘိုးဘေးနှင့် သူတော်စင် ဘိုးဘေးတို့သာ ရှိခဲ့ဖူး၏။ ယခုအခိုက်အတန့်တွင်လည်း ထိုဘိုးဘေးကြီး သုံးဦးစလုံးမှာ နင်ချီ၏ မိုးကြိုးကပ်ဘေးကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ကမ္ဘာ နှစ်ခုလုံး၏ စည်းမျဉ်းစွမ်းအားများကို ဆွဲဆောင်နိုင်ခြင်းမှာ သူတို့၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်နေချေပြီ။
တောင်ဘိုးဘေးသည် ကောင်းကင် ချိတ်ဆက် တောင်ထိပ်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူသည် နင်ချီအား အလွန်ပင် လေးစားမိသဖြင့် ကပ်ဘေးကြားတွင် ပိတ်မိနေသော ဖန်ချန်တို့အဖွဲ့ကို ကယ်တင်ရန် အစီအစဉ် မရှိပါချေ။ သူ၏ နောက်ကွယ်ရှိ နဂါးမျက်နှာဖုံးစွပ် အစေခံမှာလည်း အံ့သြခြင်း မရှိခဲ့ပါ။
ဖန်ချန်နှင့် ကျန်နယ်မြေအရှင်နှစ်ဦးတို့မှာ လမ်းမှားကို ရွေးချယ်မိခဲ့ကြပြီ ဖြစ်သဖြင့် အမှားတစ်ခုပြီး တစ်ခု ကျူးလွန်နေကြခြင်းဟုသာ သူသည် တွေးတောနေမိ၏။
တစ်ဖက်တွင်လည်း ပင်လယ်ဘိုးဘေး၏ အေးစက်စက် အကြည့်များမှာ စစ်တလင်းနယ်မြေထံ၌သာ စွဲထင်နေ၏။ သူမ၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေပြီး တစ်စုံတစ်ခုကို အာရုံခံစားနေသကဲ့သို့ ရှိနေသည်။
အခန်း (၉၀၃) - မိုးကြိုးကပ်ဘေး ကိုးသွယ်အား ကျော်ဖြတ်ခြင်း
တစ်ချိန်တည်းမှာပင် ကျယ်ပြန့်သော ကမ္ဘာမှ ဘိုးဘေးကြီးမှာ ပထမဦးဆုံးအကြိမ်အဖြစ် မျက်နှာပျက်ယွင်းသွားရ၏။ မိမိ၏ ကျင့်ကြံသူ အင်အားစုများမှာ နင်ချီနှင့်အတူ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သိရှိသွားသောကြောင့် ဖြစ်သည်။
“ကျစ်လီ ... ဒါကို သူတို့ဆီ အခုချက်ချင်း သွားပို့လိုက်ပါ၊ အချိန်မီမယ်လို့ မျှော်လင့်ရတာပဲ”
မြင့်မြတ်သော ဘိုးဘေးသည် ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်ကို ဆင့်ခေါ်ကာ အဝတ်လက်အိတ်အတွင်းမှ တစ်စုံတစ်ခုကို ထုတ်ပေးလိုက်၏။
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည်လည်း ထိုအရာကို ချက်ချင်း ယူဆောင်ကာ ပျောက်ကွယ်သွားခဲ့ချေပြီ။
စစ်တလင်းနယ်မြေအတွင်း၌ ပထမဦးဆုံးသော မိုးကြိုးဘေး ကျရောက်ပြီးနောက် တောင်နှင့်ပင်လယ်ကမ္ဘာ့ဆန္ဒသည် နင်ချီ၏ အနားသို့ တိတ်တဆိတ် ရောက်ရှိလာ၏။ ထိုနေရာရှိ ကျင့်ကြံသူ ထက်ဝက်ခန့်မှာ မီးလောင်တိုက်သွင်းခံရသကဲ့သို့ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါ သူကိုယ်တိုင်ပင် အံ့သြတုန်လှုပ်သွားရတော့သည်။
'ဒီကလေး ဘယ်လိုကပ်ဘေးမျိုးကို ခံယူနေတာလဲ၊ ဒီလောက်တောင် ကြောက်ဖို့ကောင်းရတာလား'
သူသည် စိတ်ထဲမှ ရေရွတ်နေမိ၏။
သူသည် နင်ချီကို ကြည့်လိုက်ရာ အသစ်ဖွဲ့စည်းထားသော ရုပ်ခန္ဓာမှာ မိုးကြိုးဒဏ်ချက်ကြောင့် ပွင့်ထွက်သွားသည်ကို မြင်တွေ့လိုက်ရ၏။ သို့သော် ပတ်ဝန်းကျင်ရှိ စည်းမျဉ်းစွမ်းအားများက ထိုရုပ်ခန္ဓာကို အလျင်အမြန်ပင် ပြန်လည် ပြုပြင်ပေးနေသည်။ မိုးကြိုးထိမှန်သူတိုင်းမှာမူ နင်ချီကဲ့သို့ ကံမကောင်းကြပါ။ သူတို့သည် မိုးကြိုးဒဏ်ချက် တစ်ချက်ကိုပင် မခံနိုင်ဘဲ ရုပ်ခန္ဓာများမှာ တခဏချင်း၌ပင် ကြေမွပျက်စီးသွားကြရရှာ၏။
တောင်နှင့်ပင်လယ်ကမ္ဘာ့ဆန္ဒသည် အထက်ယံရှိ တိမ်မည်းကြီးများကို မော့ကြည့်လိုက်သည်။ သူသည် စစ်တလင်းနယ်မြေအတွင်း၌ လွတ်လပ်စွာ သွားလာနိုင်သူ ဖြစ်၏။
သူသည် မိုးကြိုးကပ်ဘေးအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းသွားရ၏။ ဒါက သူ၏ ဘဝသက်တမ်းတစ်လျှောက် ပထမဦးဆုံး ကြုံတွေ့ရသော အခြေအနေပင် ဖြစ်တော့သည်။
သူသည် မိမိ၏ စွမ်းအားများကို အသုံးချကာ အတင်းအကြပ် တိုးဝင်ရန် ကြိုးစားသော်လည်း ပြန်ကန်ထွက်လာသော စွမ်းအားများက သူ့ကို တင်းကျပ်စွာ ဖိနှိပ်ထား၏။ ထို့ကြောင့် သူသည် ထိုနေရာ၌သာ ရပ်တန့်နေခဲ့ရသည်။ သူသည် နင်ချီကို အသစ်အဆန်းသဖွယ် ကြည့်လိုက်ရင်း 'ကမ္ဘာနှစ်ခုလုံးရဲ့ စည်းမျဉ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုးကြိုးကပ်ဘေးက ငါလို ကမ္ဘာ့ဆန္ဒတစ်ခုတောင် တိုးဝင်လို့ မရနိုင်တာလား' ဟု တွေးတောနေမိ၏။
ထိုစဉ်အတွင်း၌ပင် အပြင်ဘက်မှ ပုံရိပ်ယောင်တစ်ခုသည် အရှိန်အဟုန်ဖြင့် တိုးဝင်လာ၏။ ထိုသူမှာ ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်ပင် ဖြစ်၏။ ဝိညာဉ်ကမ္ဘာနှစ်ခု၏ ဆန္ဒများသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြပြီးနောက် ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်က ချက်ချင်းပင် လက်ဦးမှုယူကာ တိုက်ခိုက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုမှာ တောင်နှင့်ပင်လယ်ကမ္ဘာ့ဆန္ဒနှင့် ကပ်ဘေးခံယူနေသော နင်ချီ နှစ်ဦးစလုံးထံသို့ ဦးတည်နေခြင်း ဖြစ်၏။
သို့သော်လည်း တောင်နှင့်ပင်လယ်ကမ္ဘာ့ဆန္ဒမှာမူ လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ မထီမဲ့မြင် ပြုံးနေခဲ့၏။ ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည်လည်း သူ၏ စွမ်းအားများမှာ ဤနေရာရှိ စည်းမျဉ်းများကို အနည်းငယ်မျှပင် မလှုပ်ရှားနိုင်သည်ကို သတိပြုမိသွားတော့သည်။ သူသည် မည်သူ့ကိုမျှ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါချေ။
“အားထုတ်မနေပါနဲ့ဦး၊ ငါလည်း စမ်းသပ်ပြီးပြီ၊ ဝိညာဉ်ကမ္ဘာနှစ်ခုရဲ့ ဆန္ဒတွေ ဖြစ်နေရင်တောင် ဒီမိုးကြိုးကပ်ဘေးအောက်မှာ ဘာမှလုပ်လို့ မရဘူး”
တောင်နှင့်ပင်လယ်ကမ္ဘာ့ဆန္ဒက ခနဲ့သလို ပြောလိုက်သော်လည်း ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်မှာမူ မယုံကြည်နိုင်ဘဲ အကြိမ်ကြိမ် ကြိုးစားနေဆဲ ဖြစ်သည်။
နောက်ဆုံးတွင်မူ သူသည်လည်း လက်တွေ့ဘဝကို လက်ခံလိုက်ရတော့၏။ သူတို့နှစ်ဦးမှာ အပြင်ဘက်တွင် ရန်သူတော်ကြီးများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ တိုက်ခိုက်၍ မရသော နေရာ၌မူ စကားစမြည် ပြောဆိုနေကြရသည်။
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် ပိတ်မိနေသော ကျင့်ကြံသူများထံသို့ သွားရောက်ကာ မြင့်မြတ်သော ဘိုးဘေးပေးလိုက်သည့် ပန်းချီလိပ်ကို ထုတ်လိုက်၏။ ထိုပန်းချီလိပ်သည် အလိုအလျောက် ပွင့်ထွက်သွားပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်လာ၏။ ထိုပန်းချီလိပ်ပေါ်၌ 'ဖြေလွှတ်ခြင်း' ဟူသော စာလုံးကြီးကို ရေးသားထားခြင်း ဖြစ်၏။ ထိုအလင်းတန်းများ ကျရောက်သွားသည့်အခါ ကျင့်ကြံသူများကို ချည်နှောင်ထားသော စည်းမျဉ်းအထုံးအဖွဲ့များမှာ အလျင်အမြန်ပင် ပြုတ်ထွက်ကုန်တော့သည်။
နင်ချီ၏ ရုပ်ခန္ဓာမှာလည်း ပြန်လည် ပြည့်စုံသွားခဲ့ချေပြီ။ ပထမဆုံးသော ဒဏ်ချက်ကြောင့် သူ၏ ရင်ဘတ်မှာ ပွင့်ထွက်သွားခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ စည်းမျဉ်းရုပ်ခန္ဓာမှာ ပိုမို ခိုင်မာသန့်စင်လာသည်ကို သူ ခံစားလိုက်ရ၏။ သာ၍ ထူးခြားသည်မှာ ထိုရုပ်ခန္ဓာသည် ကမ္ဘာနှစ်ခုလုံး၏ စည်းမျဉ်းများ ပေါင်းစပ်ထားခြင်းပင် ဖြစ်၏။
ဤပြောင်းလဲမှုက နင်ချီအား ပိုမို၍ ယုံကြည်မှု ရှိလာစေသည်။ သူသည် သဟဇာတဖြစ်ခြင်း အဆင့်သို့ တက်လှမ်းပြီးပါက မည်သည့်ကမ္ဘာကိုမျှ ကိုယ်စားမပြုတော့ဘဲ ကမ္ဘာနှစ်ခုလုံးကို ကျော်လွန်သော တစ်ဦးတည်းသော တာအိုကျင့်ကြံသူ ဖြစ်လာတော့မည်တည်း။
အကယ်၍ သူသည် တောင်နှင့်ပင်လယ်ကမ္ဘာ၏ စည်းမျဉ်းစွမ်းအားများကိုသာ အလုံးစုံအသုံးချကာ တာအိုပေါင်းစည်းခြင်း ရုပ်ခန္ဓာကို တည်ဆောက်ခဲ့ပါမူ သူသည် ထိုကမ္ဘာ၏ လက်အောက်ခံသက်သက်သာ ဖြစ်သွားပေလိမ့်မည်။
ဤအချက်ကို သူ အစဉ်တစိုက် ရှောင်လွှဲရန် ကြိုးစားခဲ့သော်လည်း ယခုအခြေအနေမှာမူ သူ မမျှော်လင့်ထားသည့်ဘက်သို့ ဦးတည်နေချေပြီ။ အမှန်စင်စစ် သူ၏လက်ထဲတွင် အခြားသော အစီအစဉ်အချို့ ရှိနေပါသေးသည်။
သို့သော်ငြား ထိုနည်းလမ်းများကို အသုံးချရန်အတွက် ဝိညာဉ်ကမ္ဘာနှစ်ခု၏ ဆန္ဒများကို ဦးစွာမောင်းထုတ်ရပေမည်။ သို့မဟုတ်ပါက သူသည် အစစ်အမှန် သိုင်းကမ္ဘာမှ လာသူ ဖြစ်ကြောင်း ပေါ်ပေါက်သွားနိုင်ချေရှိ၏။ နင်ချီသည် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်ရင်း မိုးကြိုးကပ်ဘေးကို ထပ်မံလှုံ့ဆော်လိုက်တော့သည်။
'အခုတော့ အချိန်မကျသေးဘူး... ဒီမိုးကြိုးကပ်ဘေးက ဝိညာဉ်ကမ္ဘာနှစ်ခုရဲ့ ဆန္ဒတွေကိုပါ သက်ရောက်မှုရှိနေမှတော့ ပိုပြီးပြင်းထန်အောင် လုပ်လိုက်ရုံပဲပေါ့...'
ဂျိမ်းခနဲ မြည်ဟည်းသံနှင့်အတူ တိမ်မည်းကြီးများ ကွဲအက်သွားကာ ပိုမိုခမ်းနားကြီးကျယ်သော မိုးကြိုးနဂါးတစ်ကောင်မှာ ထွက်ပေါ်လာချေပြီ။ ပထမဦးဆုံး ကျရောက်ခဲ့သော မိုးကြိုးမှာ ရေပုံးတစ်ပုံးခန့်သာ ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ရေစည်ပိုင်းကြီးတစ်ခုစာမျှ ထူထဲလွန်းလှ၏။ ထိုမိုးကြိုးနဂါး ပေါ်ထွက်လာသည့် ခဏ၌ပင် ပြင်းထန်လှသော ဖိအားကြောင့် အောက်ခြေရှိ လူအားလုံးမှာ ထိတ်လန့်တုန်လှုပ်လျက် တုံ့ခနဲ ဖြစ်သွားကြတော့သည်။