← Chapters

အခန်း (၈၈၃-၈၈၄)

Vol. 89 Ch. 883-884

အခန်း (၈၈၃-၈၈၄)

Vol. 89 Ch. 883-884

အခန်း (၈၈၃) ကြေးညိုကျားတံဆိပ် ၊ ခေါင်းလောင်းလေး ၊ စူးမိသားစုဝင်၏ စရိုက် ၊ ကောင်းကင်လျှို့ဝှက်ချက် ဆရာတော်၏ ဟောကိန်း

နတ်ဘုရားတောင်ကုန်း၏ အထွတ်အထိပ်တွင် မင်္ဂလာမရှိသော အငွေ့အသက်များ လွှမ်းခြုံထားသည်။

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြောက်မက်ဖွယ်ကောင်းသော အသားစိုင်များသည် ရေလွှမ်းမိုးမှုကြီးကဲ့သို့ပင်။ ကြီးမားလှသော အသားမျှင်လက်တံကြီးများသည် လေထဲသို့ ပျံထွက်လာပြီး တိုက်ရိုက် ခုခံတိုက်ခိုက်လာကြသည်။ ဤနေရာတွင် ကျင့်ကြံသူများအဖို့ ကျင့်ကြံခြင်းစွမ်းအား လည်ပတ်ရန် ခက်ခဲထစ်ငေါ့နေပြီး ဝိညာဉ်မှာလည်း ရိုက်ခတ်မှုခံနေရသဖြင့် စိတ်ထဲတွင် အတွေးမျိုးစုံ ရှုပ်ထွေးနေတတ်သည်။

ပြင်ပကမ္ဘာက မိစ္ဆာ များသည် ရော်ဖူတောင်မှ ကျိုးရွှမ် ကိုပင် ညစ်ညမ်းစေနိုင်ခဲ့သည်ဖြစ်ရာ ၎င်းတို့၏ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်အပေါ် ညစ်ညမ်းစေနိုင်စွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

လီယန်ချူသည် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ယမ်းလိုက်ပြီး ခေါင်းသုံးလုံး လက်ခြောက်ဖက် အတတ်ကို ထုတ်ဖော်လိုက်သည်။ လက်ထဲတွင် ကျောက်ထျန်းတံဆိပ် ၊ နဂါးငါးကောင်း စက်ဝိုင်း ၊ မီးကျီးကန်းတစ်သောင်းအိုး ၊ မီးလျှံမြှား နှင့် မီးလျှံဓား ဟူသော ရှေးဟောင်းပုံစံ မီးနတ်ဘုရားလက်နက် ငါးမျိုးကို ကိုင်ဆောင်ထားသည်။ ခဏချင်းတွင်ပင် ရဲရဲနီသော အလင်းတန်းများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်ရှိ လေထုပင် ပုံပျက်ရှုံ့တွသွားတော့သည်။

ခမောက်ဆောင်းထားသော အမျိုးသားမှာ မျက်လုံးများ အရောင်ပြောင်းသွားကာ မသိစိတ်မှ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ ‌ေကျာက်ထျန်းတံဆိပ်မှ နတ်ဘုရားမီးများ ကောင်းကင်အနှံ့ ထွက်ပေါ်လာပြီး နဂါးငါးကောင်စက်ဝိုင်း ထဲမှ မီးနဂါးငါးကောင်မှာ ဟိန်းဟောက်၍ ထွက်လာကြသည်။ ထို့ပြင် ကောင်းကင်အနှံ့ ပျံသန်းနေသော မီးကျီးကန်းများ၊ ထက်မြက်သော ဓားအလင်းတန်းများနှင့် တောက်ပလှသော နတ်ဘုရားမြားများလည်း ပါဝင်သည်။

ထိုကောင်းကင်အနှံ့ တောက်လောင်နေသော မီးလျှံများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော အသားစိုင်များကို ခုခံတိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် လီယန်ချူ၏ ပါးစပ်မှ သုံးရောင်ခြယ်မီး နှင့် ရွှမ်းကျီမီးတောက် တို့ကို မှုတ်ထုတ်လိုက်သည်။ နတ်ဘုရားတောင်ထိပ်တွင် နှစ်ပေါင်းမည်မျှကြာအောင် အခြေချနေခဲ့သည်မသိသော ထိုအသားစိုင်ကြီးမှာ ပြင်းထန်လှသော တိုက်စစ်ကြောင့် ဟန့်တားခြင်းခံလိုက်ရသည်။

ခဏအကြာတွင် ထိုအသားစိုင်ကြီးမှာ မီးလျှံများ၏ ဝါးမျိုခြင်းကို တဖြည်းဖြည်း ခံလာရပြီး နောက်သို့ မရပ်မနား ဆုတ်ခွာကာ စတင် ပျက်စီးပြုန်းတီးသွားတော့သည်။ ခမောက်ဆောင်းထားသော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသားမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ကမ္ဘာမြေ၏ အနှစ်သာရစွမ်းအား များမှာ သူ၏ လက်ထဲတွင် စုစည်းလာသည်။ သူသည် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ကမ္ဘာမြေကြီးပင် တုန်ခါသွားပြီး လီယန်ချူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

လီယန်ချူ၏ ရင်ခွင်ထဲရှိ ကျွေ့ဟွာမှာ အလင်းတန်းတစ်ခုအဖြစ် ပျံထွက်သွားပြီး ခန္ဓာကိုယ်မှာ တစ်ခဏအတွင်း ကြီးမားလာကာ အဖြူရောင် ကြောင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

“ဘုန်း”

ခမောက်ဆောင်းထားသော အမျိုးသား၏ ထိုလက်သီးမှာ ကမ္ဘာမြေ၏ အရှိန်အဝါများ စုစည်းထားခြင်း ဖြစ်သော်လည်း ကျွေ့ဟွာက အတင်းအကျပ် ခုခံဟန့်တားလိုက်နိုင်သည်။ ထိုသူမှာ မျက်ခုံးပင့်သွားသည်။ ဤကြောင်မှာ ရှေးဟောင်းမျိုးနွယ် ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်နှင့်ဆိုလျှင် အလွန်ဝေးကွာလှသည်။ သို့သော် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုသက်သက်ဖြင့် သူ၏ တိုက်ကွက်ကို ခုခံနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လီယန်ချူမှာလည်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် မြားကို ကျော့လိုက်သည်။ မိုင်တစ်သောင်းတိမ်တိုက်မြူ လေးကြိုးကို လပြည့်ဝိုင်းပမာ ဆွဲဆန့်လိုက်ရာ လက်မောင်းရှိ ကြွက်သားများမှာ ကြောက်စရာကောင်းလောက်အောင် ဖုထွက်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှသည်။

“ရှူး”

မြားတစ်စင်သည် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ခမောက်ဆောင်းထားသော အမျိုးသား၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

“ဝုန်း”

လေလှိုင်းများမှာ အပြင်ဘက်သို့ လွင့်စင်သွားသည်။ ခမောက်ဆောင်းထားသော အမျိုးသား၏ ခန္ဓာကိုယ်ရှိ အကာအကွယ်စွမ်းအားများ ကွဲအက်သွားသည်။ သူသည် ခြေတစ်လှမ်း တိုးလိုက်ပြီး လက်နှစ်ဖက်ဖြင့် စက်ဝိုင်းပုံစံ ဆွဲလိုက်ရာ ကြီးမားလှသော ရှစ်ခွင် ပုံရိပ်ကြီးမှာ သူ၏ ရှေ့တွင် ပေါ်လာသည်။ ယင်နှင့် ယန် အနှစ်သာရနှစ်မျိုးမှာ ကြိတ်ဆုံကြီးပမာ ဖြစ်ပေါ်လာပြီး လီယန်ချူထံသို့ တစ်လှမ်းချင်း တိုးကပ်လာသည်။

ထိုကြိတ်ဆုံကြီးမှာ ရှေ့သို့ တိုးလာသည်နှင့်အမျှ ပေတစ်ရာကျော်အထိ ကြီးမားလာသည်။ ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဆိုင်ရာ တန်ခိုးစွမ်းအား တစ်ခု ဖြစ်သည်။

ချက်ချင်းပင်

ခမောက်ဆောင်းထားသော အမျိုးသားမှာ ခြေလှမ်းမှားကာ သူ၏ အောက်ခြေမှာ ဗလာဖြစ်သွားပြီး ပတ်ဝန်းကျင်မှာ ရွံ့နွံအိုင်ကြီးအဖြစ် ပြောင်းလဲသွားသဖြင့် တစ်ကိုယ်လုံး ကျွံဝင်သွားတော့သည်။ ထိုအချိန်မှာပင် အဖြူရောင် အလင်းတန်းတစ်ခု ပျံသန်းလာပြီး သူ၏ ခါးကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။ သူ သတိမထားမိခင်မှာပင် တစ်ကိုယ်လုံး လွင့်စင်သွားတော့သည်။

“ခလွက်”

ခမောက်ဆောင်းထားသော လျှို့ဝှက်ဆန်းကြယ်သူမှာ အရိုးကျိုးသွားသည့် အသံကိုပင် ကြားလိုက်ရသည်။ သူသည် မယုံနိုင်စွာဖြင့် လှည့်ကြည့်လိုက်ရာ ထိုလူငယ်၏ ဘေးက ကြောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးထဲတွင် အံ့ဩရိပ်များ ပေါ်လာသည်။ ဤကြောင်က ဘယ်အချိန်က ရောက်လာသနည်း။

သူသည် လက်ကို ဝေ့ယမ်းလိုက်ရာ ကျယ်ပြောလှသော စွမ်းအားများမှာ မြစ်ကြီးတစ်စင်းကဲ့သို့ စီးထွက်လာသော်လည်း ကျွေ့ဟွာကို လုံးဝ မထိမှန်ခဲ့ပေ။ ကျွေ့ဟွာမှာ တိုက်ကွက်တစ်ခု အောင်မြင်သည်နှင့် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။ အရှိန်မှာ မြန်လွန်းလှသဖြင့် လီယန်ချူပင် စိတ်လှုပ်ရှားသွားရသည်။

“ကျွေ့ဟွာရဲ့ စွမ်းအားက အရင်ကထက် ပိုတိုးလာတာပဲ”

လီယန်ချူသည် ခေါင်းသုံးလုံး လက်ခြောက်ဖက် ခန္ဓာကိုယ်ကို ပြန်သိမ်းလိုက်သည်။ ဤနေရာတွင် အခြေချနေသော ကြောက်စရာကောင်းသည့် အသားစိုင်များမှာ နောက်သို့ ထပ်မံ ဆုတ်ခွာသွားပြီး သူ၏ရှေ့တွင် မိုင်အနည်းငယ်ခန့် မြေလွတ်ကြီး ပေါ်လာသည်။ သူသည် ကျန့်‌ေကျာင်းဓား ကို ထုတ်ယူလိုက်ရာ ဓားအိမ်ထဲမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ‘ချွင်’ ကနဲ အသံမှာ နဂါးဟိန်းသံနှင့် တူလှသည်။

ဓားအရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်လှသည်။ နဂါးဖြတ်ဓားသည် လျှို့ဝှက်ဆန်းကြယ်သူ၏ နောက်ကျောသို့ တိုက်ရိုက် ရောက်ရှိသွားပြီး တစ်ပတ် လှည့်လိုက်သည်။

ခမောက်ဆောင်းထားသော အမျိုးသားမှာ စိတ်လေးသွားသည်။ ဤ တာအိုလက်နက် ၏ သတ်ဖြတ်နိုင်စွမ်းမှာ အလွန်ပင် ကြီးမားလှသဖြင့် သူ၏ ရုပ်ခန္ဓာဖြင့် ခုခံနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူသည် ချက်ချင်းပင် ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားသည်။

သူ၏ တုံ့ပြန်မှုမှာ အလွန်မြန်လှသဖြင့် ကျန့်‌ေကျာင်းဓား၏ တိုက်ကွက်မှာ လွဲချော်သွားသည်။ လီယန်ချူ စိတ်အာရုံ စေခိုင်းလိုက်ရာ ကျန့်‌ေကျာင်းဓားမှာ တိမ်တိုက်များအထက်သို့ လိုက်ပါသွားတော့သည်။ ခမောက်ဆောင်းထားသော အမျိုးသားမှာ ဓားအလင်းတန်းအဖြစ် ပြောင်းလဲ၍ အကြိမ်ကြိမ် ရှောင်တိမ်းသော်လည်း ကျန့်‌ကျောင်း ဓားကို လုံးဝ မပြတ်နိုင်ပေ။

သူသည် ခေါင်းလောင်းလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုခေါင်းလောင်းလေးမှာ ရှေးကျသော ပုံစံရှိပြီး ထူးခြားဆန်းကြယ်သော အငွေ့အသက်များ ရှိသည်။ ၎င်းကို ထုတ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ကာကွယ်လိုက်သည်။

“ဒေါင်”

ကြီးမားလှသော အသံကြီး တစ်ချက် မြည်ဟီးသွားပြီးနောက် ကျန့်‌ေကျာင်းဓားမှာ ထိုခေါင်းလောင်းလေး၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ သို့သော် တစ်ချိန်တည်းမှာပင် ထိုခေါင်းလောင်းလေးမှာလည်း ပြင်းထန်စွာ တုန်ခါနေတော့သည်။

“တာအိုလက်နက်ရဲ့ အစွမ်းက တကယ်ပဲ မသေးဘူးပဲ”

ဟု ခမောက်ဆောင်းထားသော လျှို့ဝှက်သူက တွေးလိုက်သည်။

ဤခေါင်းလောင်းမှာ သူ၏ အဖိုးတန်ရတနာဖြစ်ပြီး အားထုတ်မှုများစွာဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သော်လည်း ယခုအခါ ဤတာအိုလက်နက်၏ အစွမ်းကို မနည်း ခုခံနေရသည်။

“ရှူး”

ကျန့်ကျောင်းဓားမှာ အဖြူရောင်အလင်းတန်းအဖြစ် ထပ်မံ ပြေးဝင်လာပြန်သည်။ ခမောက်ဆောင်းထားသော အမျိုးသားက လက်ကို ဝေ့ယမ်းလိုက်ရာ ကြေးညိုကျားတံဆိပ် တစ်ခု ပေါ်လာပြီး လေထဲတွင် ကြီးမားလာကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ကျားတံဆိပ်ဆိုသည်မှာ များသောအားဖြင့် စစ်တပ်ကို အမိန့်ပေးရန် အသုံးပြုခြင်း ဖြစ်သော်လည်း ဤကြေးညိုကျားတံဆိပ်ထဲတွင်မူ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပါရှိနေသဖြင့် နတ်ဘုရားတောင်ထိပ်တစ်ခုလုံး၏ အပူချိန်မှာ သိသိသာသာ လျော့ကျသွားတော့သည်။

“ဒေါင်”

ကျန့်‌ေကျာင်းဓား၏ အရှိန်မှာ ထက်မြက်လွန်းသဖြင့် ကြေးညိုကျားတံဆိပ်မှာလည်း နောက်သို့ လွင့်စဉ်သွားသည်။ သို့သော် ထိုရတနာနှစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်သူအတွက် အချိန်ရစေခဲ့သည်။ သူသည် လက်ဝါးရိုက်ချက်တစ်ခုကို ပစ်သွင်းလိုက်ရာ ထူထပ်လှသော စွမ်းအားများမှာ တောင်ကြီးတစ်လုံး ဖိချလိုက်သကဲ့သို့ တဟုန်ထိုး ကျရောက်လာသည်။

နှစ်ပေါင်းငါးထောင် ကျင့်ကြံခြင်းစွမ်းအားကို အသုံးချ၍ ကြီးကျယ်ခမ်းနားလှသော လက်ဝါးပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ အပိုအလုပ်များ မပါဘဲ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသာ ရှိသည်။

“ငါ့ရဲ့ နှစ်ငါးထောင် ကျင့်ကြံခြင်း စွမ်းအားပါတဲ့ ဒီလက်ဝါးချက်ကို မင်း ခုခံနိုင်မလား”

ဟု ခမောက်ဆောင်းထားသော အမျိုးသားက အေးစက်စွာ အော်ဟစ်လိုက်သည်။

ဤလူငယ်၏ လက်ထဲတွင် အကြိမ်ကြိမ် အသာစီး ရယူခြင်း ခံနေရသဖြင့် သူ၏ စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေပြီ ဖြစ်သည်။ ယနေ့တွင် သူ၏ နှစ်ပေါင်းငါးထောင် ကျင့်ကြံခြင်း အဆင့်ဖြင့် ဤလူကို အတင်းအကျပ် နှိမ်နင်း သတ်ဖြတ်ပစ်မည်။

“နှစ်ငါးထောင် ကျင့်ကြံခြင်း စွမ်းအားလား”

လီယန်ချူက မျက်ခုံးပင့်လိုက်သည်။

သူသည် လက်ကို မြှောက်၍ လက်ဝါးတစ်ချက် ပြန်ရိုက်လိုက်ရာ ပိုမို ကြီးကျယ်ခမ်းနားပြီး ပြင်းထန်လှသော လက်ဝါးပုံရိပ်ကြီး ပေါ်ထွက်လာသည်။

“ဝုန်း”

ကြောက်စရာကောင်းသော လေလှိုင်းများမှာ အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး နတ်ဘုရားတောင်တစ်ခုလုံးမှာပင် မငြိမ်မသက် တုန်ခါသွားတော့သည်။ ခမောက်ဆောင်းထားသော လျှို့ဝှက်သူမှာ လီယန်ချူ၏ လက်ဝါးချက်ဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရပြီး ခဏချင်းမှာပင် နောက်သို့ လွင့်စင်သွားကာ သွေးများ အန်ထုတ်လိုက်ရသည်။

သူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

စောစောက တစ်ဖက်လူသည် မည်သည့် တန်ခိုးစွမ်းအားကိုမျှ အသုံးမပြုခဲ့ပေ။ သန့်စင်သော ကျင့်ကြံခြင်းစွမ်းအားဖြင့်သာ ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။ တစ်ဖက်လူက သူ၏ ကျင့်ကြံခြင်းစွမ်းအားထက် ဘာကြောင့် ပို၍ ထူထပ်များပြားနေရသနည်း။

“နှစ်ငါးထောင် ကျင့်ကြံခြင်း စွမ်းအားဆိုတာ များလို့လား”

လီယန်ချူ၏ အေးဆေးသော အသံ ထွက်ပေါ်လာသည်။

ချက်ချင်းပင် နောက်ထပ် လက်ဝါးတစ်ချက်ကို ပစ်သွင်းလိုက်ပြန်ရာ လက်ဝါးကြီးမှာ ကောင်းကင်မှ ကျဆင်းလာပြီး ထိုလျှို့ဝှက်ဆန်းကြယ်သူကို တိုက်ရိုက် ဖိချလိုက်တော့သည်။

“ဝုန်း”

နတ်ဘုရားတောင်ထိပ်ရှိ ကျောက်တုံးများမှာ ထိုဖိအားကို မခံနိုင်တော့ဘဲ တိုက်ရိုက် ကွဲအက်ကုန်သည်။ ကျန်ရှိနေသော အသားစိုင်များမှာလည်း ဤလက်ဝါးချက်ကြောင့် မငြိမ်မသက် ဖြစ်သွားပြီး နေရာအနှံ့အပြားတွင် တိုက်ရိုက် ပျက်စီးသွားတော့သည်။

လီယန်ချူ၏ ကိုယ်တွင်းရှိ ကျင့်ကြံခြင်းစွမ်းအားမှာ နှစ်ပေါင်းခြောက်ထောင်ထက်ပင် ကျော်လွန်နေပြီဖြစ်ရာ ဤလျှို့ဝှက်ဆန်းကြယ်သူထက် များစွာ ပို၍ ထူထပ်လှသည်။ ဤ‘မဟာရှ ခေတ်က ကျင့်ကြံသူ သည် အစွမ်းဖြင့် တာအိုကို သက်သေထူသည့် လမ်းစဉ်ကို လျှောက်လှမ်းခဲ့သဖြင့်သာ ဤမျှ ထူထပ်သော စွမ်းအားရှိခြင်း ဖြစ်သည်။ ယနေ့ခေတ် လူသားတို့၏ အဓိက ကျင့်ကြံခြင်း စနစ်မှာ ဝိညာဉ်အဆင့် ကို ပို၍ ဦးစားပေးကြသည်။

ဤခမောက်ဆောင်းထားသော လျှို့ဝှက်ဆန်းကြယ်သူမှာ သူ ဤမျှလောက်အထိ အရှုံးကြီး ရှုံးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ရတနာနှစ်ခုကို ထိန်းကျောင်းကာ ကောင်းကင်သို့ ပျံတက်လိုက်သည်။ ခေါင်းလောင်းလေးမှာ ရွှေရောင်ဝင်းနေသော ခေါင်းလောင်းကြီးအဖြစ် ပြောင်းလဲကာ သူ၏ တစ်ကိုယ်လုံးကို ကာကွယ်ထားသည်။ ကြေးညိုကျားတံဆိပ်မှာလည်း လေထဲသို့ ပျံထွက်လာသော်လည်း ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရသည်။

လီယန်ချူ၏ ကိုယ်ပေါ်မှ ငါးရောင်ခြယ် အလင်းတန်းများ ထွက်ပေါ်လာပြီး ကြေးညိုကျားတံဆိပ်မှာ လက်ဖဝါးခန့်သာ ရှိသော အရွယ်အစားသို့ ပြောင်းလဲသွားကာ ထိုလျှို့ဝှက်သူနှင့် အဆက်အသွယ် ပြတ်တောက်သွားတော့သည်။ ထိုသူ၏ စိတ်ထဲမှာ ထိတ်လန့်သွားပြီးနောက် သူ၏ ခေါင်းပေါ်ရှိ ခေါင်းလောင်းလေးမှာလည်း အောက်သို့ ပြုတ်ကျသွားပြန်သည်။ သူသည် လှမ်းဖမ်းရန် ကြိုးစားသော်လည်း ထိုရတနာနှစ်ခုမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့သည်။

လျှို့ဝှက်ဆန်းကြယ်သူ: “.................”

သူ၏ မျက်မှောင်များမှာ ကျုံ့သွားသည်။ ဤအခြေအနေကို မြင်သောအခါ မဟာရှခေတ် ကျင့်ကြံခြင်းလောကတွင် လူအများ ခေါင်းခဲခဲ့ရသည့် ရတနာတစ်ခုကို ရုတ်တရက် သတိရသွားသည်။ ‌ကျောက်စိမ်း ပေတံဟူသော ပေတံမှာ သူတစ်ပါး၏ လက်နက်များကို ရိုက်ချနိုင်ပြီး မည်သို့မျှ ဖြေရှင်း၍မရသော ရတနာဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် ထိုရတနာကို ပိုင်ဆိုင်သူမှာ လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ခြင်း ခံလိုက်ရသည်။ အကြောင်းမှာ ထိုပေတံသည် တိုက်စစ်နှင့် ခံစစ်တွင် မည်သည့် အစွမ်းမျှ မရှိဘဲ တစ်ပါးသူ၏ ရတနာကို ရိုက်ချနိုင်သည့် ဂုဏ်သတ္တိတစ်ခုသာ ရှိသောကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်းသည် လက်နက် ကိုမူ ရိုက်ချ၍ မရပေ။ ကျင့်ကြံခြင်းစွမ်းအား မြင့်မားသူ သို့မဟုတ် အစွမ်းထက်သော လက်နက်ပိုင်ဆိုင်သူများသည် ထိုပေတံပိုင်ရှင်ကို သတ်ဖြတ်နိုင်ကြသည်။

ထို့ပြင် ရတနာများကို ကျင့်ကြံသူများက သွန်းလုပ်ထားခြင်းဖြစ်ရာ ကျင့်ကြံသူ၏ ဝိညာဉ်အမှတ်အသားများ ပါရှိနေသည်။ ခေတ္တမျှ ရိုက်ချခံလိုက်ရသော်လည်း မိမိဘေးနားမှာ ရှိနေလျှင် ပျောက်ဆုံးသွားလိမ့်မည် မဟုတ်ပေ။ တစ်ဖက်လူက ရရှိသွားလျှင်ပင် ချက်ချင်း အသုံးမပြုနိုင်ပေ။

ခမောက်ဆောင်းထားသော အမျိုးသား၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်သန်းသွားသည်။ သို့သော် ချက်ချင်းပင် ကြေးညိုကျားတံဆိပ်မှာ လေထဲတွင် ကြီးမားလာပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် သူ့ကို လွှမ်းခြုံထားလိုက်သည်။ ကျားဟိန်းသံကိုပင် သဲ့သဲ့ ကြားလိုက်ရသည်။

လျှို့ဝှက်ဆန်းကြယ်သူ: “..........”

သူ၏ အကြည့်များမှာ ဝေဝါးသွားပြီး သတိလက်လွတ် ဖြစ်နေစဉ်မှာပင် သွေးတစ်ချက် အန်လိုက်ရသည်။ ဤကျားတံဆိပ်မှာ အခုလေးတင် ရိုက်ချခံလိုက်ရခြင်း ဖြစ်သော်လည်း တစ်ဖက်လူက ချက်ချင်းကြီး ဘယ်လို အသုံးပြုနိုင်ရသနည်း။ ချက်ချင်းပင် သူသည် လက်ချောင်းများကို ဓားကဲ့သို့ စုလိုက်ရာ ထက်မြက်လှသော ဓားအရှိန်အဝါများ ပျံထွက်လာသည်။

လီယန်ချူ၏ ရှေ့တွင် ခေါင်းလောင်းကြီးတစ်ခု ပေါ်လာသည်။

“ဒေါင်”

ကြီးမားသော အသံကြီး တစ်ချက် ပေါ်လာပြီး ထိုဓားအရှိန်အဝါမှာ ခေါင်းလောင်းကြီး၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ ခမောက်ဆောင်းထားသူ၏ နှုတ်ခမ်းမှာ တုန်ယင်သွားသည်။

ရတနာနှစ်ခုလုံးက သစ္စာဖောက်သွားကြပြီလား

“ရှူး”

ကျန့်‌ေကျာင်းဓားမှာ လေကိုခွဲ၍ ထပ်မံ ရောက်ရှိလာပြန်သည်။ လျှို့ဝှက်ဆန်းကြယ်သူ၏ စိတ်မှာ လေးလံသွားသည်။ တစ်ဖက်လူက ဘာကြောင့် ဤမျှအထိ တည်ငြိမ်နေရသည်ကို သူ အခုမှ သဘောပေါက်သွားသည်။ အစွမ်းက အမှန်တကယ်ပင် ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှသည်။

“ရှူး”

သူ၏ ခန္ဓာကိုယ်မှာ လှုပ်ယမ်းသွားပြီး လူနှင့်ဓား တစ်ထပ်တည်းဖြစ်ကာ ဓားအလင်းတန်းအဖြစ် ပြောင်းလဲ၍ ကောင်းကင်ယံသို့ ပျံထွက်သွားတော့သည်။ နတ်ဘုရားတောင်ထိပ်တွင် အထူးတားမြစ်ချက်များ ရှိနေသဖြင့် လေနှင့်နှင်းများ မဝင်နိုင်သော်လည်း တောင်အပြင်ဘက်တွင်မူ ဝိညာဉ်နှင့် ရုပ်ခန္ဓာကို ဆွဲဖြဲနိုင်သည့် ပြင်းထန်လှသော လေနှင့်နှင်းများ ရှိနေသည်။ ပျံသန်းခြင်း အတတ်ကို အလွယ်တကူ အသုံးမပြုရဲကြပေ။

သို့သော်လည်း ထိုကြောင့်ပင် ဤလေနှင့်နှင်းများသည် အကောင်းဆုံးသော ပုန်းကွယ်ရာ ဖြစ်နေသည်။ ခမောက်ဆောင်းထားသော လျှို့ဝှက်သူမှာ အမှန်တကယ်ပင် ကျင့်ကြံခြင်း အဆင့် မြင့်မားလှသဖြင့် ဓားအလင်းတန်းအဖြစ် လေနှင်းကြားထဲသို့ တိုးဝင်သွားပြီးနောက် ချက်ချင်းပင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။ အရှိန်မှာ မြန်လွန်းလှသဖြင့် လိုက်ရန်ပင် အချိန်မရလိုက်ပေ။

လီယန်ချူသည် ကြေးညိုကျားတံဆိပ်နှင့် ထိုခေါင်းလောင်းလေးကို ပြန်သိမ်းလိုက်သည်။ စောစောက သူသည် ကျောက်စိမ်းပေတံ ဖြင့် ရိုက်ချလိုက်ပြီးနောက် အဝေးမှ ပစ္စည်းယူခြင်း အတတ်ဖြင့် ဖမ်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဖန်ဆင်းခြင်း ရွှေကျမ်းစာ ကို အသုံးချ၍ တားမြစ်ချက်များကို ဖျက်ဆီးကာ တိုက်ရိုက် စေခိုင်းခဲ့ခြင်း ဖြစ်သည်။

လှုပ်ရှားမှုများမှာ မြစ်ရေစီးသကဲ့သို့ ချောမွေ့လှသဖြင့် ရတနာနှစ်ခုလုံးမှာ သစ္စာဖောက်သွားသကဲ့သို့ ဖြစ်သွားခြင်း ဖြစ်သည်။

ထိုရတနာများမှ ထွက်ပေါ်လာသော အစွမ်းမှာ ၁၀ ပုံ ၃ ပုံ၊ ၄ ပုံ ခန့်သာ ရှိသော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သည့် မဟာရှခေတ် ကျင့်ကြံသူကို ထိတ်လန့်စေရန် လုံလောက်ခဲ့သည်။

ကျွေ့ဟွာမှာ ဘယ်ထောင့်က ထွက်လာသည်မသိဘဲ ပြန်ပေါ်လာပြီး

“အဲ့ဒီလူရဲ့ ကျင့်ကြံခြင်းက တကယ် မြင့်တာပဲ” ဟု စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။

လီယန်ချူက ကျန့်‌ကျောင်း ဓားကို ပြန်သိမ်းရင်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ငါ့လက်ထဲကနေ လွတ်အောင် ပြေးနိုင်တာပဲ”

ကျွေ့ဟွာ: “.................”

လီယန်ချူသည် လက်ထဲက ကျားတံဆိပ်ကို ငုံ့ကြည့်လိုက်သည်။ ဤကြေးညိုကျားတံဆိပ်မှာ ရှေးကျသော ပုံစံရှိပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်လှသဖြင့် အလွန်ပင် ပြင်းထန်သော တိုက်စစ်ဆိုင်ရာ ရတနာတစ်ခု ဖြစ်သည်။ လက်ထဲက ခေါင်းလောင်းလေးမှာမူ ပို၍ပင် ထူးခြားပြီး အကာအကွယ်ပေးသည့် အထွတ်အထိပ် ရတနာတစ်ခု ဖြစ်ကာ ကုသိုလ်ဆယ်သိန်း တန်ဖိုးရှိသည့် ရတနာများ၏ အဆင့်တွင် ရှိနေသည်။

“ဒီလူ့ဆီမှာ လျှို့ဝှက်ချက်တွေ အများကြီးပဲ။ နောက်တစ်ခါ တွေ့ရင်တော့ လုံးဝ အလွတ်မပေးတော့ဘူး”

ဟု လီယန်ချူက စိတ်ထဲက ကြုံးဝါးလိုက်သည်။

ချက်ချင်းပင် သူ၏ အကြည့်မှာ ကြောက်စရာကောင်းသော ပြင်ပမိစ္ဆာ အသားစိုင်များဆီသို့ ကျရောက်သွားသည်။ ဤနေရာရှိ အသားစိုင်များမှာ သူ ယခင်က ယွမ်ရှောင် လျှို့ဝှက်နယ်မြေတွင် တွေ့ခဲ့ရသမျှထက် ပို၍ အားကောင်းလှသည်။ နတ်ဘုရားမီးများဖြင့် အကြိမ်ကြိမ် ရှို့သော်လည်း အကုန်မလောင်ကျွမ်းသေးပေ။

လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်။ သူ တိုက်ပွဲဖြစ်နေစဉ်တွင် ဤအသားစိုင်များက နောက်ကျောကို တိုက်ခိုက်ရဲသေးသည်။ ဤအသားစိုင်များသည် ယခင်က တွေ့ခဲ့ဖူးသော အသားစိုင်များထက် ပို၍ သိစိတ်အနည်းငယ် ရှိပုံရပြီး အန္တရာယ်ကို ရှောင်ရှားတတ်သည်။ ယခင်က အသားစိုင်များမှာမူ ဦးနှောက်မရှိသကဲ့သို့ တိုက်ရိုက် တိုးဝင်လာခြင်း သို့မဟုတ် ထွက်ပြေးခြင်းသာ သိကြသည်။

လီယန်ချူ စိတ်ကူးရကာ စိတ်ဓား ကို ထုတ်လိုက်သည်။

အသားစိုင်များထဲရှိ ထိုအားနည်းသော သိစိတ်ကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။ အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက် ထိုသိစိတ် ဘယ်နေရာမှာ ရှိသည်ကို သူ ခံစားမိနေပြီ ဖြစ်သည်။ အာရုံခံစားမှု သို့မဟုတ် ကိုယ်ခံပညာရှင်၏ အလိုလိုသိစိတ် နှစ်မျိုးလုံးဖြင့် တစ်ဖက်လူ၏ တည်ရှိမှုကို ပိတ်ဆို့နိုင်သည်။

အားနည်းသော သိစိတ်မှာ ဖြတ်တောက်ခြင်း ခံလိုက်ရပြီးနောက်၊ မင်္ဂလာမရှိသော အငွေ့အသက်များ ပြည့်နှက်နေသည့် ထိုအသားစိုင်များမှာ လှုပ်ရှားမှုများ တောင့်တင်းသွားတော့သည်။

“ဟူး”

လီယန်ချူသည် သုံးရောင်ခြယ်မီးကို နောက်တစ်ကြိမ် မှုတ်ထုတ်လိုက်ပြန်သည်။ ခဏအကြာတွင် ထိုအသားစိုင်များ အားလုံးမှာ ပြာဖြစ်သွားတော့သည်။ ရင်းနှီးနေသော မဟာတာအိုအသံ ကို ရရှိပြီးမှသာ လီယန်ချူက လက်လျော့လိုက်သည်။

ယခင်က ထူးဆန်းသော ပြောင်းလဲမှု ဖြစ်နေသည့် မဟာရှခေတ် ကျင့်ကြံသူ၏ ဝိညာဉ်အကြွင်းအကျန်ကို သတ်ဖြတ်ခြင်းကြောင့် ကုသိုလ်မှတ်ဆယ်သိန်း ရရှိခဲ့သည်။ ယခု ပြင်ပမိစ္ဆာ အသားစိုင်များကို သတ်ဖြတ်လိုက်ခြင်းကြောင့် ကုသိုလ်ခြောက်သောင်း ထပ်မံ ရရှိပြန်သည်။ ဟော့ထုံတောင်ထဲသို့ ဝင်ရောက်ပြီးနောက် နတ်ဘုရားတောင် တစ်လုံးကို စူးစမ်းရုံဖြင့် ကုသိုလ် တစ်သိန်း ခြောက်သောင်းအပြင်၊ ရတနာနှစ်ခုနှင့် ရှုးပါးဓား တစ်လက်ပါ ရရှိခဲ့သည်။

လီယန်ချူမှာ စိတ်ကြည်လင်သွားပြီး နတ်ဘုရားတောင်ထိပ်ရှိ အုတ်ပုံပျက်များကြားတွင် ခဏမျှ ထပ်မံ ရှာဖွေကြည့်သေးသည်။ အထူးတလည် ဘာမှ ထပ်မတွေ့တော့သဖြင့် ကျွေ့ဟွာနှင့်အတူ တောင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ လီယန်ချူက သုံးသပ်ပြသည်။

“ငါ ခံစားမိတာတော့ ခုနကသာ နောက်ထပ် အကြိမ်အနည်းငယ်လောက် တိုက်ခိုက်ဖြစ်ရင် မင်း အဲ့ဒီလူရဲ့ အကာအကွယ်ကို ဖောက်ပြီး ဒဏ်ရာရအောင် လုပ်နိုင်မှာပဲ”

ကျွေ့ဟွာသည် ထိုလျှို့ဝှက်သူနှင့် အဆင့်တစ်ခု ကွာခြားနေသော်လည်း ဒဏ်ရာရအောင် လုပ်နိုင်ခြင်းမှာ အလွန်ပင် မလွယ်ကူလှပေ။

ကျွေ့ဟွာက မေးဖျားကို မြှောက်၍

“ဒဏ်ရာရတာတင် ဘယ်ကမလဲ၊ နောက်ထပ် အကြိမ်အနည်းငယ်လောက်ဆိုရင် သူ့ကို တိုက်ရိုက် သတ်ပစ်နိုင်တယ်”

ဟု ပြောသည်။

လီယန်ချူက ရယ်မောရင်း

“ဒါဆို ဘာလို့ ဆက်မတိုက်တော့တာလဲ” ဟု မေးသည်။

ကျွေ့ဟွာက ခေါင်းခါကာ

“ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို တစ်ခဏအတွင်းမှာ အထွတ်အထိပ်အထိ မြှင့်တင်လိုက်ရတာလေ။ အခုလောလောဆယ်မှာ အကြိမ်အနည်းငယ်ပဲ တိုက်နိုင်သေးတယ်။ ပြီးတော့ ထွက်ပြေးဖို့အတွက် စွမ်းအားလည်း ချန်ထားရဦးမယ်လေ”

ဟု ဆိုသည်။

‘သုံးစက္ကန့်ပဲ ခံတဲ့ ယောက်ျားလား...’

လီယန်ချူ၏ နှုတ်ခမ်းမှာ တွန့်သွားပြီး

“အကြောင်းပြချက် ရှိတာပဲ” ဟု ပြောလိုက်သည်။

.......

ထိုလျှို့ဝှက်ဆန်းကြယ်သော ခမောက်ဆောင်းထားသူမှာ ဓားအလင်းတန်းအဖြစ် ထွက်ပြေးလာခဲ့သော်လည်း ဤကောင်းကင်အနှံ့ လေနှင့်နှင်းများကြားတွင် လွင့်ပါသွားလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ကျင့်ကြံခြင်းမှာ ပြင်းထန်ပြီး တန်ခိုးစွမ်းအားများစွာ တတ်မြောက်ထားသဖြင့် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။

ယခုအခါ သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရရှိနေပြီး ရင်ခွင်ထဲမှ ဆေးလုံးများကို ထုတ်ယူ စားသုံးပြီးမှသာ ပြန်လည် သက်သာလာတော့သည်။ ထိုလူငယ် လိုက်လာမည်ကို စိုးရိမ်သဖြင့် သူ မနေရဲဘဲ တန်ခိုးစွမ်းအားများကို ဆက်တိုက် အသုံးပြု၍ ထွက်လာခဲ့ရာ နောက်ဆုံးတွင် နတ်ဘုရားတောင် တစ်လုံး၏ ခြေရင်းသို့ ရောက်ရှိသွားသည်။

“ဒီကောင်က ရုပ်ခန္ဓာတင် သန်မာတာ မဟုတ်ဘူး၊ ကျင့်ကြံခြင်းစွမ်းအားကလည်း ထူထပ်တယ်။ လက်ထဲမှာလည်း ရတနာတွေ ဒီလောက်များတာ၊ တကယ်ကို ကိုင်တွယ်ရ ခက်ခဲတယ်။ သူ့ကို တိုက်ခိုက်ဖို့ဆိုရင် အကူအညီတချို့ ရှာတာက ပိုပြီး စိတ်ချရမယ်”

ဟု လျှို့ဝှက်ဆန်းကြယ်သူက တွေးလိုက်သည်။

ရုတ်တရက်

သူသည် ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။ သူ၏ ရှေ့တွင် အဝတ်စိမ်းဝတ်ထားသော အမျိုးသားတစ်ဦး ပေါ်လာသည်။ ထိုသူ၏ ဘေးတွင် ကျားလင်းယုန် တစ်ကောင် ပါလာသည်။ ၎င်း၏ ကိုယ်ထည်မှာ နွားတစ်ကောင်ခန့် ကြီးမားပြီး အတောင်ပံ ဖြန့်လိုက်လျှင် ပေနှစ်ဆယ်ခန့် ရှည်လျားလှသည်။

ရှေးဟောင်းမျိုးနွယ်

သို့သော် ယခုအခါ ထိုကျားလင်းယုန်မှာ အနည်းငယ် နွမ်းနယ်နေပုံရပြီး ကိုယ်ပေါ်တွင်လည်း ဒဏ်ရာများစွာ ရှိနေသည်။ အဝတ်စိမ်းဝတ်ထားသူက လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ထားပြီး ပြုံး၍ မေးလိုက်သည်။

“ဘယ်လိုဖြစ်လို့ ဒီလောက်တောင် သနားစရာကောင်းတဲ့ အခြေအနေ ရောက်သွားရတာလဲ”

ခမောက်ဆောင်းထားသူက

“ကြောင်ကြီးတစ်ကောင် စီးထားတဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ပြီး တိုက်ခိုက်မိတာ၊ အရှုံးနည်းနည်း ပေးလိုက်ရတယ်”

ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

အဝတ်စိမ်းဝတ်သူက ရယ်မောရင်း

“တစ်ဖက်လူက ဘယ်သူမို့လို့လဲ၊ စူးမိသားစုဝင်ဖြစ်တဲ့ မင်းကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တာလား”

စူးမိသားစုဝင် (ခမောက်ဆောင်းထားသူ) က ခေါင်းခါပြီး

“မသိဘူး၊ သူ့လက်ထဲမှာ တာအိုလက်နက် တစ်လက်ရှိတယ်၊ ပြီးတော့ သန့်စင်သော ယန်ရတနာ တစ်ခုလည်း ရှိသေးတယ်။ ကျောက်စိမ်းပေတံ လည်း သူ့လက်ထဲမှာ ရှိနေမလားလို့ ငါ သံသယရှိမိတယ်။ ငါ့ရဲ့ ရတနာနှစ်ခုလုံးကို သူ လုယူသွားတယ်”

ဟု ဆိုသည်။

အဝတ်စိမ်းဝတ်သူ၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ပေါ်လာသည်။

“ဒီလိုလူမျိုးက နောက်ခံ မရှိဘဲ မနေနိုင်ဘူး။ ဘယ်ရှေးဟောင်း ဂိုဏ်းကြီးတွေကများ ဖြစ်မလဲ”

စူးမိသားစုဝင်က အေးစက်စက် ပြောလိုက်သည်။

“ဟော့ထုံတောင်ထဲမှာ မသေဆေး ရှိတယ်။ အကယ်၍ ဒီလူကို မရှင်းပစ်ရင် မသေဆေး ပေါ်လာတဲ့အခါ သူ့လက်ထဲ ရောက်သွားမှာကို ငါ စိုးရိမ်တယ်”

အဝတ်စိမ်းဝတ်သူက တိတ်ဆိတ်သွားသည်။

စူးမိသားစုဝင်က ဆက်ပြောသည်။

“ဟောင်ဖူ၊ ငါနဲ့ ပူးပေါင်းပြီး အဲ့ဒီလူကို သတ်ဖို့ စိတ်ဝင်စားလား”

အဝတ်စိမ်းဝတ်သူ (ဟောင်ဖူ) က ခေါင်းခါလိုက်သည်။

“ငါနဲ့ သူနဲ့က ရန်ငြိုးမရှိဘူး။ ပြီးတော့ သူ့ဆီမှာ ဖဲချပ်တွေ အများကြီး ရှိနေတာပဲ၊ သူ့ကို သွားပြီး ရန်စဖို့ မလိုအပ်ဘူး”

စူးမိသားစုဝင်က ဝေခွဲမရဖြစ်စွာဖြင့် ပြောလိုက်သည်။

“ငါ ကောင်းကင်လျှို့ဝှက်ချက် ဆရာတော် ဆီမှာ တွက်ချက်ခိုင်းဖူးတယ်။ ဒီတစ်ခါ ဟော့ထုံတောင် ပွင့်လာတဲ့အခါ မသေဆေး သေချာပေါက် ပေါ်လာလိမ့်မယ်။ ဒီလူငယ်က ဒီလောက်အထိ ကိုင်တွယ်ရ ခက်ခဲနေမှတော့ သူ့ကို မရှင်းပစ်ရင် ဘေးအန္တရာယ် ဖြစ်လာလိမ့်မယ်”

ဟောင်ဖူက ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။

စူးမိသားစုဝင်က မျက်မှောင်ကြုတ်ပြီး

“ဟောင်ဖူ၊ မင်း မယုံဘူးလား” ဟု မေးသည်။

ဟောင်ဖူက ရယ်မောရင်း

“စူးမိသားစုဝင် ပြောတဲ့စကားတွေက အမှန်ပဲ ဖြစ်မှာပါ။ ပြောတဲ့ အကြောင်းပြချက်တွေကလည်း ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါပေမဲ့ ငါက မင်းရဲ့ စရိုက် ကို မယုံကြည်ဘူး”

စူးမိသားစုဝင်: “.................”

ဟောင်ဖူက ဆက်ပြောသည်။

“တုန်းကော်ချန် က မင်းနဲ့ ညီအစ်ကိုလို ရင်းနှီးခဲ့တာပဲ။ မင်းတို့က ကျင့်ကြံသူ ၃၂ ယောက်ကို ဦးဆောင်ပြီး ဟော့ထုံတောင်ထဲကို ဝင်လာခဲ့ကြတာ။ နောက်ဆုံးမှာ မင်း တစ်ယောက်တည်းပဲ အသက်ရှင်ပြီး ထွက်သွားနိုင်ခဲ့တယ်။ ငါကတော့ မင်းရဲ့ လက်ထဲမှာ အသေမခံချင်ဘူး”

စူးမိသားစုဝင်က လေးနက်သော အသံဖြင့်

“ဒါက မတော်တဆမှုပဲ။ ငါက ကံကောင်းလို့ အသက်ရှင် လွတ်မြောက်လာခဲ့တာ။ တုန်းကော်ချန်ကို ငါ သတ်ခဲ့တာ မဟုတ်ဘူး”

ဟု ဆိုသည်။

ဟောင်ဖူက ခေါင်းခါလိုက်ပြီး ပြန်ပြုံးကာ

“ငါသာ မင်းနေရာမှာဆိုရင်လည်း အဲ့ဒီလိုပဲ လုပ်မှာပါ” ဟု ပြောလိုက်သည်။

စူးမိသားစုဝင်က တိတ်ဆိတ်သွားသည်။

ဟောင်ဖူက ဆက်ပြောသည်။

“အရင်တုန်းက ဟော့ထုံတောင် ပွင့်ခဲ့ချိန်မှာ ငါက ပင်လယ်ပြင်မှာ နတ်ဘုရားတောင်တွေကို ရှာဖွေနေခဲ့လို့ ဒီကို မလာဖြစ်ခဲ့ဘူး။ တကယ်ကို နှမြောစရာပဲ။ ဒီတစ်ခါတော့ သေချာ ကြည့်ရမယ်”

စူးမိသားစုဝင်က တိုက်တွန်းပြန်သည်။

“ဟောင်ဖူ၊ တကယ်ပဲ ငါနဲ့ ပူးပေါင်းဖို့ မစဉ်းစားဘူးလား။ အဲ့ဒီအချိန်ကျရင် ငါက ကျောက်စိမ်းပေတံ ကိုပဲ ယူမယ်။ တာအိုလက်နက်နဲ့ သန့်စင်သော ယန်ရတနာတွေကို မင်းကို ပေးပါ့မယ်”

ဟောင်ဖူက ခေါင်းခါပြသည်။

“ဒီလို ပစ္စည်းတွေကို ပိုင်ဆိုင်ထားတဲ့လူမှာ အခြားသော ဖဲချပ်တွေလည်း ရှိနေနိုင်သေးတယ်။ အကယ်၍ မင်းနဲ့ သူနဲ့ တိုက်ခိုက်ရင်း နှစ်ဦးလုံး ဒဏ်ရာရသွားမှသာ ငါ ဝင်ပါမယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ လောလောဆယ် သူ့ကို မရန်စချင်ဘူး”

မင်းကတော့ အခွင့်အရေးသမားပဲ...

စူးမိသားစုဝင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

“ဟောင်ဖူ၊ မင်းက ပွင့်လင်းတာပဲ။ ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် မင်း ငါ့ကို တိုက်ခိုက်မယ့် အခွင့်အလမ်းက ပိုများမယ် ထင်တယ်” ဟု ပြောသည်။

မျိုးရိုးအမည် နှစ်လုံးပါသော ဟောင်ဖူက ဟားဟားတိုက် ရယ်မောလိုက်သည်။

“အဲ့ဒါကတော့ သေချာတာပေါ့။ ဖြစ်နိုင်ရင် အဲ့ဒီလူငယ်နဲ့ မိတ်ဖွဲ့ထားတာက ပိုကောင်းဦးမယ်”

စူးမိသားစုဝင်မှာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ နှစ်ပေါင်းတစ်ရာကြာသွားသော်လည်း ဤလူမှာ အရင်အတိုင်းပင်

သူသည် စိတ်ထဲတွင် ဒေါသထွက်နေသဖြင့် အေးစက်စက် ပြောလိုက်သည်။

“ဟောင်ဖူက ဒီလောက်တောင် လွတ်လပ်ပေါ့ပါးနေတာ တကယ်ကို ရှားပါးလှပါတယ်။ အရင်က ကျားလင်းယုန်ကို တစ်ယောက်တည်း စီးပြီး ကမ္ဘာအနှံ့ ပျံသန်းနေတာ တကယ်ကို အရှိန်အဝါ ကြီးမားခဲ့တာပဲ”

အဝတ်စိမ်းဝတ်သူ၏ နှုတ်ခမ်းမှာ တစ်ချက် တွန့်သွားသည်။

“.................”

......................................

လူတစ်ယောက်နှင့် ကြောင်တစ်ကောင်သည် ထိုနတ်ဘုရားတောင်ထိပ်မှ ဆင်းလာခဲ့ပြီးနောက်၊ နောက်ထပ် တောင်တန်းအချို့ကို ဆက်လက် စူးစမ်းခဲ့ကြသည်။ လီယန်ချူသည် ဤတောင်များထဲတွင် ပြင်ပမိစ္ဆာများ၏ အငွေ့အသက်ကို မတွေ့ရတော့ပေ။ နတ်ဘုရား ရတနာအချို့ကို ရှာတွေ့ခဲ့သည်မှအပ အခြား ထူးခြားသော ရရှိမှု မရှိပေ။

လီယန်ချူက သက်ပြင်းချလိုက်သည်။

“ဒီတောင်တန်း တစ်သောင်းလုံးမှာ ပြင်ပမိစ္ဆာတွေ ပုန်းနေမယ်လို့ ငါ ထင်ခဲ့တာ”

ကျွေ့ဟွာက လီယန်ချူကို ကြည့်ပြီး

“ဘာလို့ စိတ်ပျက်နေသလိုမျိုး ခံစားနေရတာလဲ” ဟု မေးသည်။

‘ကုသိုလ်မှတ်တွေအကြောင်း ပေါ့...’ လီယန်ချူက တည်တည်ငြိမ်ငြိမ်ဖြင့်

“ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဖော်ဆောင်တာက ငါတို့လို ကျင့်ကြံသူတွေရဲ့ တာဝန်ပဲ။ မိစ္ဆာတွေကို မသတ်ရတော့ စိတ်ထဲမှာ ခံစားရုံတင်ပါ”

ဟု ပြောလိုက်သည်။

ကျွေ့ဟွာက လီယန်ချူကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး “အော်...” ဟုသာ ပြန်ပြောသည်။

လီယန်ချူ: “.................”

လူတစ်ယောက်နှင့် ကြောင်တစ်ကောင်သည် တောင်တန်းများစွာကို ဆက်တိုက် စူးစမ်းခဲ့ကြသည်။ ခွန်အားများ ပြည့်ဝနေသေးသော်လည်း လီယန်ချူက ခဏမျှ အနားယူရန် ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံခြင်းကဲ့သို့ပင် အလုပ်နှင့် အနားယူခြင်းကို မျှတအောင် လုပ်ရမည်။

ရတနာရှာဖွေခြင်းကဲ့သို့သော အလုပ်မျိုးကိုတော့ ဒိုချန်ပုတီး ကိုသာ လွှဲအပ်လိုက်ရမည်။ မိမိကိုယ်တိုင် ဒီလောက်အထိ အပင်ပန်းခံနေစရာ မလိုပေ။

အင်း... ကျွမ်းကျင်တဲ့ အလုပ်ကို ကျွမ်းကျင်တဲ့ ရတနာကပဲ လုပ်ရမှာပေါ့။

အခန်း (၈၈၄) ရှုပ်ထွေးပွေလီသော ကျင့်ကြံသူများ ၊ အဝါရောင်ဝတ် မိန်းကလေး ၊ အပြာရောင်ဝတ် အမျိုးသမီး ၊ ကြမ်းတမ်းလှသော မိစ္ဆာဘုရင် ၊ ရွှေကျီးကန်း

လီယန်ချူနှင့် ကျွေ့ဟွာ တို့သည် တောင်ခြေတစ်နေရာတွင် အနားယူကာ ထမင်းစားရန် နေရာရှာလိုက်ကြသည်။

သူ၏ သိုလှောင်အိတ်ထဲတွင် စားစရာများစွာ ပါရှိရာ ကိုယ်တိုင်ချက်ပြုတ်ရန် ပစ္စည်းများရော၊ အသင့်စား ဟင်းလျာများပါ ပါဝင်သည်။ ကျွေ့ဟွာ တစ်ယောက် လီယန်ချူ ထုတ်လိုက်သော စားစရာများကို မြင်သောအခါ မျက်လုံးများ တောက်ပသွားပြီး

"မထင်ရဘူးပဲ၊ နင်က ပြင်ဆင်မှု တော်တော် အားကောင်းတာပဲ" ဟု ရေရွတ်လိုက်သည်။

လီယန်ချူက ခေါင်းညိတ်ပြကာ

"ဒါပေါ့၊ ဒါက နံပါတ်တစ် အဆင့်ရှိတဲ့ နတ်ဘုရားနယ်မြေပဲလေ၊ ကောင်းမွန်တဲ့ အရက်နဲ့ ဟင်းလျာတွေက ရှိသင့်တာပေါ့"

ကျွေ့ဟွာ က ရယ်မောရင်း

"နင်ပြောတာက ဘာမှ ဆက်စပ်မှု မရှိသလိုပဲ၊ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ ဒီလို မြိန်မြိန်ယှက်ယှက် စားသောက်ရတာကလည်း တမျိုး အရသာရှိတာပဲ"

ကျွေ့ဟွာ မှာ သူမ၏ သွေးမျိုးဆက် တစ်စိတ်တစ်ပိုင်း နိုးထလာပြီးနောက် ကိုယ်လုံးကို ကြီးအောင်၊ သေးအောင်သာ လုပ်နိုင်သေးသည်။ ကြည့်ရသည်မှာ သာမန်ကြောင်တစ်ကောင်နှင့် မခြားနားသော်လည်း ကိုယ်ဟန်အနေအထားမှာ ပိုမိုပြေပြစ်ကာ ပို၍လည်း လှပနေသည်။

လီယန်ချူသည် ဟင်းလျာများနှင့် အရက်များကို ခင်းကျင်းလိုက်ပြီး ကျွေ့ဟွာ နှင့်အတူ အပြန်အလှန် သောက်စားကြသည်။ မွှေးပျံ့သော အနံ့များက ပတ်ဝန်းကျင်သို့ လွင့်ပျံ့နေသည်။ အခွင့်အလမ်းနှင့် အန္တရာယ်များ ဒွန်တွဲနေသော ဤနတ်ဘုံနန်း အတွင်း၌ လူတစ်ယောက်နှင့် ကြောင်တစ်ကောင် ထိုင်၍ အရက်သောက်၊ ဟင်းစားနေခြင်းမှာ အလွန်ပင် ထူးခြားလှသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

စားသောက်ပြီးနောက် လီယန်ချူနှင့် ကျွေ့ဟွာ တို့ ခရီးဆက်ရန် ပြင်ဆင်နေစဉ် နားထဲသို့ ရုတ်တရက် ကျယ်လောင်သော အသံကြီး တစ်ခု ဝင်ရောက်လာသည်။

ဝုန်း

ကောင်းကင်ထက်တွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ မီးတောက်များ နေရာအနှံ့ ပျံ့လွင့်သွားပြီးနောက် ဟိန်းဟောက်သံ တစ်ခုကိုပါ ကြားလိုက်ရသည်။ လီယန်ချူနှင့် ကျွေ့ဟွာ တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး

"သွားကြည့်ရအောင်"

ဟု ဆိုကာ တစ်ဦးနှင့် တစ်ကောင် ပြေးထွက်သွားကြတော့သည်။

ပြင်းထန်သော သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားနေသည်။ ကျင့်ကြံသူ ငါးဆယ်၊ ခြောက်ဆယ်ခန့် ရှိနေသည်။ ထိုသူများထဲတွင် ဘုန်းကြီးများ၊ တာအိုဆရာများ၊ လေလွင့်ကျင့်ကြံသူများနှင့် ကျင့်ကြံသူ မိသားစုကြီးများ ပါဝင်သည်။ ယခုအခါတွင် သူတို့အားလုံးသည် မျက်စိများ နီမြန်းကာ သွေးရူးသွေးတန်း ဖြစ်နေကြပြီး ဆွေမျိုးသားချင်းကိုပင် မမှတ်မိကြတော့ဘဲ လက်ထဲမှ မှော်ဝင်ရတနာများကို အဆက်မပြတ် ထုတ်လွှတ်ကာ ရူးသွေးသူများကဲ့သို့ တိုက်ခိုက်နေကြသည်။

အခြားတစ်ဖက်တွင်မူ တည်ငြိမ်သော အသွင်ရှိသည့် မိန်းကလေးတစ်ဦးသည် သားရဲကြီးတစ်ကောင်နှင့် တိုက်ခိုက်နေသည်။ ထိုသားရဲသည် တစ်ကိုယ်လုံးတွင် မြေပြင်သို့ တရွတ်တိုက် ကျနေသော ရွှေရောင်အမွေးအမှင်များ ရှိပြီး ၎င်း၏ ဟိန်းဟောက်သံထဲတွင် နိမိတ်မကောင်းသော အငွေ့အသက်များ ပါဝင်နေသည်။ ၎င်းသည် မတ်တပ်ရပ်လျှင် ပေတစ်ရာခန့် မြင့်မားပြီး လက်တစ်ချက် လှုပ်လိုက်ရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာသည်။

အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုမိန်းကလေးသည် ရှေးဟောင်းဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူမသည် အလွန်အမင်း လှပသည်ဟု မဆိုနိုင်သော်လည်း သူမ၏ အရှိန်အဝါမှာ အလွန် ထူးခြားလှသည်။

ရှူး ရှူး ရှူး

ဓားအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သားရဲကြီးပေါ်သို့ ကျရောက်သွားပြီး သားရဲကြီးကို နောက်သို့ နောက်ဆုတ်သွားအောင် ဖိအားပေးထားသည်။ သူမသည် ဓားမန္တန်တစ်ခုကို ဖော်ဆောင်လိုက်ရာ ရှေးဟောင်းဓားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သားရဲကြီး၏ ကိုယ်ပေါ်သို့ ထိုးစိုက်သွားသည်။

ဝုန်း

ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သားရဲကြီး၏ ရင်ဘတ်တွင် တွင်းကြီးတစ်ခု ဖြစ်သွားကာ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် နောက်သို့ လန်ကျသွားသည်။ အဝါရောင်ဝတ် မိန်းကလေးက စိတ်အေးသွားဟန် ရှိသော်လည်း မမျှော်လင့်ဘဲ ထိုသားရဲကြီးသည် ရုတ်တရက် ပါးစပ်ကို ဟလိုက်ပြီး လျှာကို ပစ်ထုတ်လိုက်သည်။ လျှာသည် သက်တန့်တစ်ခုကဲ့သို့ လျင်မြန်စွာ ပြေးထွက်လာပြီး လျှပ်စီးကဲ့သို့ပင် မတားဆီးနိုင်အောင် ရှိနေသည်။

လှပသော ခန္ဓာကိုယ် ရှိသည့် အဝါရောင်ဝတ် မိန်းကလေးသည် မျက်လုံးများ ကျုံ့သွားကာ ဘေးသို့ ရှောင်လိုက်သည်။ သို့သော် ထိုလျှာသည် အရှိန်မပျက်ဘဲ အဆိပ်ရှိသော အရည်များ ပါဝင်နေသည်။ သူမသည် မန္တန်တစ်ခုကို ဖော်ထုတ်လိုက်ရာ ရွှေရောင်အလင်းတန်းများက သူမ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

ဒေါင်

လေးလံသော အသံကြီးနှင့်အတူ မီးပွားများ လွင့်စင်သွားကာ အဝါရောင်ဝတ် မိန်းကလေးသည် လွင့်ထွက်သွားသည်။ ထိုအချိန်မှာပင် သူမသည် ဓားမန္တန်တစ်ခုကို ထပ်မံ ဖော်ထုတ်လိုက်ပြန်ရာ ရှေးဟောင်းဓားသည် ကောင်းကင်မှ ကျဆင်းလာပြီး ရွှေရောင်အမွေးများရှိသော သားရဲကြီးပေါ်သို့ ထပ်မံ ထိုးစိုက်သွားသည်။

ဝူး

သားရဲကြီးသည် နာကျင်စွာ ဟိန်းဟောက်လိုက်သော်လည်း လျှာဖြင့် ထပ်မံ ရိုက်ပုတ်လိုက်ပြန်သည်။ အဝါရောင်ဝတ် မိန်းကလေး၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော ရွှေရောင်အလင်းတန်းများမှာ အက်ကွဲစပြုလာပြီ ဖြစ်သည်။

လီယန်ချူနှင့် ကျွေ့ဟွာ တို့သည် ထိုနေရာသို့ ရောက်ရှိလာပြီး ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ လီယန်ချူ မျက်မှောင်ကြုတ်သွားသည်။ ကျွေ့ဟွာ က အံ့အားသင့်စွာဖြင့်

"ဒီလူတွေ ဘာဖြစ်နေကြတာလဲ၊ ရူးနေသလိုပဲ၊ ကိုယ့်လူအချင်းချင်း သတ်ဖြတ်နေကြတယ်"

ဟု ဆိုသည်။

လီယန်ချူက မျက်မှောင်ကြုတ်ကာ

"ဟုတ်တယ်၊ တစ်ခုခုက သူတို့ကို လှည့်စားပြီး ထိန်းချုပ်ထားသလိုပဲ"

လီယန်ချူသည် စိတ်ကူးတစ်ခု ရသွားပြီးနောက် ကျယ်လောင်စွာ ဟောက်လိုက်သည်။

"ဝေါင်း"

မဟာနဂါးဟိန်းသံ

ဒါက အသံလှိုင်းသုံး သတ်ဖြတ်ခြင်း အတတ်ဖြစ်သလို လူတွေကို သတိပြန်ဝင်လာအောင် နှိုးဆွပေးတဲ့ အတတ်လည်း ဖြစ်သည်။ အသံလှိုင်းများသည် ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

သတ်ဖြတ်နေကြသော ကျင့်ကြံသူများသည် ထိုအသံကို ကြားသောအခါ ခန္ဓာကိုယ်များ တုန်ခါသွားပြီး မျက်လုံးများမှာ ချက်ချင်းပင် ကြည်လင်လာကြသည်။ အလွန် အစွမ်းထက်သော သားရဲကြီးနှင့် ၎င်းကို တိုက်ခိုက်နေသော အဝါရောင်ဝတ် မိန်းကလေးတို့သည်လည်း ထိုစိတ်ဝိညာဉ်ကို တုန်ခါစေသော အသံကြောင့် တိုက်ခိုက်မှုကို ရပ်တန့်သွားကြသည်။

သို့သော် သားရဲကြီးသည် ခေတ္တအကြာတွင် ပြန်လည် ဟိန်းဟောက်ကာ အဝါရောင်ဝတ် မိန်းကလေးထံသို့ ထပ်မံ ခုန်အုပ်လိုက်ပြန်သည်။ လီယန်ချူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျန့်ကျောင်းဓား သည် နဂါးဟိန်းသံကဲ့သို့ အသံပြုကာ အလင်းတန်းတစ်ခုအဖြစ် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ကျဆင်းလာပြီး ထိုသားရဲကြီး လှည့်ကြည့်လိုက်ချိန်တွင်ပင် ၎င်း၏ ခေါင်းသည် ပြတ်ကျသွားလေပြီ။ ဓားသည် လီယန်ချူ၏ လက်ထဲသို့ ပြန်ရောက်လာသည်။ ယခုအခါတွင် သူသည် သူ၏ နဂို တာအိုဆရာ ပုံစံသို့ ပြန်လည် ပြောင်းလဲထားပြီ ဖြစ်သည်။

အဝါရောင်ဝတ် မိန်းကလေးသည် အသက် (၁၇)၊ (၁၈) ခန့်သာ ရှိပုံရသော်လည်း သူမ၏ ကျင့်စဉ်မှာ အလွန် မြင့်မားသည်။ ယခုအခါ ချောမောခန့်ညားသော လူငယ် တာအိုဆရာတစ်ဦးကို တွေ့လိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။

"ဒီလို ခန့်ညားတဲ့ အရှိန်အဝါမျိုးက ဘယ်လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ လူဝင်စား ဖြစ်မလဲ မသိဘူး"

သူမသည် မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်သော်လည်း မည်သူနှင့်မှ တိုက်ဆိုင်ခြင်း မရှိသဖြင့် ဆက်ပြီး မစဉ်းစားတော့ပေ။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုဆရာ" ဟု သူမ၏ ယဉ်ကျေးသိမ်မွေ့သော အသံဖြင့် ပြောလိုက်သည်။

လီယန်ချူက တည်ငြိမ်စွာပင်

"ကိစ္စမရှိပါဘူး၊ ခုနက ဘာတွေ ဖြစ်ခဲ့တာလဲ၊ ဘာလို့ ဒီလူတွေ အချင်းချင်း သတ်နေကြတာလဲ" ဟု မေးလိုက်သည်။

အဝါရောင်ဝတ် မိန်းကလေးက

"ဒီနေရာမှာ ရတနာတစ်ခု ထွက်ပေါ်လာလို့ ကျွမ်းကျင်သူတွေ အများကြီး ရောက်လာကြတယ်၊ အဲဒီထဲက လူတစ်ယောက်ရဲ့ စီးတော်ယာဉ်က ဒီသားရဲကြီးပဲ၊ အဲဒီလူက လူတွေရဲ့ စိတ်ကို လှည့်စားတဲ့ လျှို့ဝှက်အတတ်ကို သုံးလိုက်လို့ အခုလို အချင်းချင်း သတ်ဖြတ်ကုန်ကြတာပါ"

'ရတနာ ထွက်ပေါ်လာတယ်...'

လီယန်ချူ ခေါင်းညိတ်လိုက်သည်။ "ဪ... ဒါကြောင့်ကိုး"

ထို့နောက် သူသည် အဝါရောင်ဝတ် မိန်းကလေးနှင့် လမ်းခွဲကာ မြေကျုံ့အတတ် ကို အသုံးပြုလိုက်သည်။ သူ၏ ကိုယ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး ပေတစ်ထောင်ကျော် အကွာတွင် ပြန်လည် ပေါ်လာသည်။

"မြေကျုံ့အတတ်လား" အဝါရောင်ဝတ် မိန်းကလေး အံ့အားသင့်သွားသည်။

ကျွေ့ဟွာ မှာမူ လီယန်ချူ၏ ရင်ခွင်ထဲတွင် အရက်မူးပြီး အိပ်ပျော်နေသည်။ ဒီလောက် သေးငယ်တဲ့ ဗိုက်လေးက ဝိညာဉ်အရက် ပိဿာရာချီပြီး ဘယ်လိုများ သောက်နိုင်ရတာလဲဟု လီယန်ချူ တွေးမိသည်။ သူ၏ လက်ကျန် အရက်များ အကုန် ပြောင်သွားလေပြီ။

လီယန်ချူသည် မူးနေသော ကျွေ့ဟွာ ကို ပွေ့ချီထားရင်း သက်ပြင်းချလိုက်သည်။

"အရင်ကတော့ စီးလို့ရသေးတယ်၊ အခုတော့ ဒီလိုပုံစံနဲ့ ဘာလုပ်လို့ ရဦးမှာလဲ"

သူသည် အငွေ့အသက်များကို လိုက်ကာ ရှေ့သို့ ဆက်သွားနေစဉ် စိတ်ထဲတွင် သိချင်စိတ် ဖြစ်ပေါ်လာသည်။ ခုနက လူတွေ ရူးသွေးသလို ဖြစ်သွားအောင် လုပ်နိုင်ဖို့ဆိုတာ သာမန် ပုံရိပ်ယောင်အတတ်နဲ့ မဖြစ်နိုင်ဘူး။ ဒီအခြေအနေက ရော်ဖူတောင်က ဦးလေး ကျိုးရွှမ် နတ်ဆိုးတွေရဲ့ လှည့်စားမှုကို ခံရတုန်းကနဲ့ တူသလိုလို ရှိသော်လည်း သူ၏ အသံတစ်ချက်တည်းနှင့် သတိပြန်ဝင်လာပုံအရ ဆိုလျှင်တော့ အနည်းငယ် ကွဲပြားနေသည်။

သူသည် မြေကျုံ့အတတ်ကို အသုံးပြုကာ လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် တောင်ကြားတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။

ဝုန်း

ထိုတောင်ကြားထဲတွင် အလောင်း တစ်ဆယ်ကျော် ခန့် ပြန့်ကျဲနေသည်။ တစ်ယောက်မှာ တာအိုဆရာ ဖြစ်ပြီး ကျန်တဲ့လူတွေမှာ ဝတ်စုံ အတူတူပင် ဖြစ်သောကြောင့် ဂိုဏ်းတစ်ခုတည်းမှ ဖြစ်ကြောင်း သိသာသည်။ သူတို့မှာ ရှေးဟောင်း ကျင့်ကြံသူ မိသားစု ဟန်မိသားစု မှ လူများ ဖြစ်ကြပြီး မိသားစု ဘိုးဘေးနှင့်အတူ ရောက်လာကြခြင်း ဖြစ်သည်။

လီယန်ချူ တောင်ကြားထဲ ရောက်သွားချိန်မှာပင် လူရိပ်တစ်ခုမှာ လုံးဝ ခြေမွခြင်း ခံလိုက်ရသည်။ ထိုသူမှာ ဟန်မိသားစု၏ တတိယအဆင့် ကျွမ်းကျင်သူ ဟန်မိသားစု ဘိုးဘေး ပင် ဖြစ်သည်။ သူသည် ရှားပါးလှသော ခန္ဓာကိုယ် ကျင့်ကြံသူ ဖြစ်ပြီး အရင်းအမြစ်များစွာ သုံးကာ ခန္ဓာကိုယ်ကို အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံထားသူ ဖြစ်သော်လည်း ယခုအခါတွင်မူ အလောင်းပင် မကျန်တော့ပေ။

သူ့ကို သတ်လိုက်သည်မှာ စတုရုပ ရတနာမျှော်စင် ဟု ခေါ်သော အစွမ်းထက်လှသည့် ရတနာဖြစ်သည်။ ၎င်းသည် တောင်တစ်လုံးကဲ့သို့ ကြီးမားလာကာ ဟန်မိသားစု ဘိုးဘေးကို တစ်ချက်တည်းနှင့် ခြေမွပစ်လိုက်ခြင်း ဖြစ်သည်။

ဘိုးဘေး သေဆုံးသွားသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ တတိယအဆင့် ကျွမ်းကျင်သူ အချို့ စိတ်လှုပ်ရှားသွားကြသည်။

"အားလုံးပေါင်းပြီး သူ့ကို သတ်ကြ"

ဟု လူငယ်ရဟန်းတစ်ပါးက ဟောက်လိုက်သည်။

ထိုရဟန်းသည် အလွန် နုနယ်သော အရှိန်အဝါရှိပြီး ချောမောလှပကာ နှုတ်ခမ်းနီ၊ သွားဖြူနှင့် အလွန်ပင် ခန့်ညားလှသည်။

"ကောင်းပြီ"

ဟု သန်မာသော ခန္ဓာကိုယ်ရှိသော လူကြီးတစ်ယောက်က အော်လိုက်ပြီး ဓားဖြင့် ခုတ်လိုက်သည်။ သို့သော် သူ ခုတ်လိုက်သည်မှာ ရတနာမျှော်စင်ကို ထုတ်သုံးလိုက်သော အမျိုးသမီးကို မဟုတ်ဘဲ လူငယ်ရဟန်းကို ဖြစ်နေသည်။

လူငယ်ရဟန်းသည် ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိကာ ဘေးသို့ ချက်ချင်း ရှောင်လိုက်သော်လည်း ဓားအလင်းတန်းမှာ သူ၏ ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ် ဒဏ်ရာတစ်ခု ဖြစ်သွားစေသည်။

သူက ဒေါသတကြီးဖြင့်

"လော်ဟုန် မင်း ဘာလုပ်တာလဲ" ဟု အော်လိုက်သည်။

နဂါးကျားဓားကြီး ကို ကိုင်ထားသော လော်ဟုန်က တည်ငြိမ်စွာပင် "လက်ချော်သွားတာ" ဟု ပြောလိုက်သည်။

လူငယ်ရဟန်းသည် သူ၏ ခါးမှ ဒဏ်ရာကို ဖိထားရင်း

"လော်ဟုန် မင်း ငါတို့ ပျော်ရွှင်ခြင်းဂိုဏ်း ကို ရန်စတာက လော်မိသားစုအတွက် ဘေးဒုက္ခ ခေါ်နေတာပဲ"

လော်ဟုန်က ဂရုမစိုက်သလို ပြုံးရင်း

"ငါက လော်မိသားစုနဲ့ အဆက်အသွယ် ဖြတ်ထားတာ ကြာပြီ၊ မင်းတို့ သဘောရှိရင် လော်မိသားစု တစ်စုလုံးကို သတ်ပစ်လို့ရတယ်"

ဟု ဆိုသည်။

လူငယ်ရဟန်း: ".........."

လော်ဟုန်က ဓားဦးကို ရဟန်းထံ ချိန်ရွယ်ကာ

"ပြီးတော့ မင်းလည်း ဒီနေ့ ပြေးလို့ မလွတ်ဘူး"

ရဟန်းက ဒေါသထွက်နေရင်း

"မင်း ရူးနေပြီလား၊ အခွင့်အရေးကို မယူဘဲ ငါနဲ့ အသေအလဲ တိုက်ချင်နေတာလား "

လော်ဟုန်က မျက်နှာသေဖြင့်

"မင်းတို့ ပျော်ရွှင်ခြင်းဂိုဏ်းဆီကနေ ဒီနေ့ အတိုးပြန်တောင်းတာပါ"

ပျော်ရွှင်ခြင်းဂိုဏ်း လီယန်ချူ ထိုအမည်ကို ကြားလိုက်သောအခါ လှမ်းကြည့်လိုက်သည်။

လူငယ်ရဟန်းသည် ကြောက်လည်းကြောက်၊ ဒေါသလည်း ထွက်နေသည်။ ဤလူရူးမှာ ရတနာအတွက် လာသည်မဟုတ်ဘဲ သူ့ခေါင်းကို ဖြတ်ရန် လာသည်ကို သိလိုက်သည်။

"သူ့နားက အမျိုးသမီးတစ်ယောက်ယောက်ကို ငါတို့ဂိုဏ်းသားတွေ ဖျက်ဆီးခဲ့လို့လား မသိဘူး"

ဟု သူ တွေးနေမိသည်။

သူ၏ ကိုယ်ပေါ်တွင် ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ပျော်ရွှင်ခြင်း နတ်ဘုရားရုပ်ထု ကို ထုတ်လိုက်သည်။

ရှပ်

ရုပ်ထုမှ နတ်ဘုရားအလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာကာ လော်ဟုန်ကို ဖိနှိပ်လိုက်သည်။ လော်ဟုန်၏ လက်မောင်း ကြွက်သားများ ရောင်ကိုင်းလာပြီး မျက်လုံးများထဲတွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

"ငါ့အတွက်တော့ အပိုပဲ"

ဟု အော်ကာ ဓားဖြင့် ခုတ်ချလိုက်ရာ ရုပ်ထုမှ အလင်းတန်းများကို ပိုင်းဖြတ်ပစ်လိုက်ပြီး ရဟန်းထံသို့ ထပ်မံ ဦးတည်သွားသည်။

ရဟန်းသည် ဒီနေ့ ရတနာရရန် မဖြစ်နိုင်တော့ကြောင်း သိသဖြင့် အငြိုးအတေးဖြင့် တောင်ကြားထဲမှ အမြန်ဆုံး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ရုတ်တရက်

လူငယ် တာအိုဆရာ တစ်ဦးသည် သူ၏ ရှေ့တွင် ရောက်ရှိနေပြီး ခါးတွင် ရှေးဟောင်းဓားတစ်လက် ချိတ်ဆွဲထားကာ အေးစက်သော မျက်နှာထားဖြင့် လက်သီးနှင့် ထိုးလိုက်သည်။

ပျော်ရွှင်ခြင်းဂိုဏ်း၏ တတိယအဆင့် ကျွမ်းကျင်သူမှာ ထိုလက်သီးကို ရင်ဘတ်ဖြင့် အမိအရ ခံလိုက်ရသည်။ အထဲက ကလီစာများ အကုန် ကြေမွသွားကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။ သူသည် တောင်ကြားအဝင်တွင် တွေ့ခဲ့သော ဤလူငယ် တာအိုဆရာက ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားသလို လက်သီးမှာလည်း ဤမျှ ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကောင်းကင်ထက်မှ ပျော်ရွှင်ခြင်း နတ်ဘုရားရုပ်ထုမှာလည်း ပြုတ်ကျလာသည်။ နဂါးကျားဓားကြီး ကိုင်ဆောင်ထားသော လော်ဟုန်မှာ မျက်မှောင်ကြုတ်သွားသည်။ သူနှင့် အစွမ်းချင်း တူသော ရဟန်းကို တစ်ချက်တည်းနှင့် သတ်လိုက်နိုင်သော ထိုလူငယ်ကို ကြည့်ပြီးနောက် သူ၏ ရုပ်ရည်ကို သေချာ မြင်လိုက်ရသောအခါ သက်ပြင်း ရှိုက်လိုက်မိသည်။

"သူကိုး... မဆန်းတော့ပါဘူး" လော်ဟုန်သည် ထိုသူကို ချက်ချင်း မှတ်မိသွားသည်။

ဤလူငယ် တာအိုဆရာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိပြီး ယခင်က ငရဲမြို့တော်တွင် ဝူကျန်း ကို သတ်ခဲ့သူ ဖြစ်သည်။ ယခုလည်း ပျော်ရွှင်ခြင်းဂိုဏ်းမှ ကျွမ်းကျင်သူကို တစ်ချက်တည်း သတ်လိုက်ပြန်ပြီ။

သူသည် လီယန်ချူကို လက်အုပ်ချီ နှုတ်ဆက်ကာ ဘာမှမပြောဘဲ ချက်ချင်း ထွက်ခွာသွားသည်။

ကျွေ့ဟွာ က

"ဒီလူက မင်းကို ကြောက်နေသလိုပဲ" ဟု ဆိုသည်။

လီယန်ချူက တည်ငြိမ်စွာပင်

"ငါတို့က လမ်းကြုံတွေ့ကြတာပဲလေ၊ ရန်ငြိုးလည်း မရှိဘူး၊ ကြောက်စရာ မလိုပါဘူး"

ဟု ပြောပြီးနောက် ရှေ့မှ အလင်းတန်းကို ကြည့်လိုက်သည်။

ကျွေ့ဟွာ က

"အဲဒီ အလင်းတန်းထဲမှာ ရှေးဟောင်းမျိုးစိတ် တစ်ခုရှိတာကို ငါ ခံစားနေရတယ်"

ဟု တိုးတိုးလေး ပြောသည်။

လီယန်ချူ အံ့အားသင့်သွားသည်။

"ရှေးဟောင်းမျိုးစိတ် ဟုတ်လား"

ကောင်းကင်ထက်တွင် နူးညံ့သော စွမ်းအားများ ထွက်ပေါ်နေသည့် အလင်းလုံးကြီး တစ်ခု ရှိပြီး ၎င်းသည် ကြီးမားသော အတားအဆီးတစ်ခုကဲ့သို့ လူများကို အပြင်တွင် တားဆီးထားသည်။ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဖြူဖွေးသော အသားအရေရှိသော အမျိုးသမီး တစ်ဦးသည် အစွမ်းအထက်ဆုံး အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ ခုနက ရတနာမျှော်စင်နှင့် ဟန်မိသားစု ဘိုးဘေးကို သတ်လိုက်သူမှာ သူမပင် ဖြစ်သည်။

နောက်တစ်ဦးမှာ တည်ငြိမ်သော အသွင်ရှိသည့် လူလတ်ပိုင်း တစ်ဦးဖြစ်ပြီး ခန့်ညားသော အရှိန်အဝါရှိကာ သူ့ကိုယ်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် မီးတောက်များ ဝန်းရံထားသည်။ ထိုမီးတောက်မှာ အလွန် အပူရှိန်ပြင်းသော မြေအောက်မီးတောက် ဖြစ်ပြီး ဆေးဖော်စပ်ရန် အသင့်တော်ဆုံး ဖြစ်သည်။ သူမှာ မဟာရှကျင့်ကြံသူ ယင်းဟဲယန် ဖြစ်သည်။

၎င်းတို့အပြင် ကြွက်သားများ အမြောင်းလိုက်ရှိပြီး ရဲရင့်သော အသွင်ရှိသည့် သန်မာသော လူကြီးတစ်ဦးလည်း ရှိသေးသည်။ လက်ထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်သည့် ကြေးညိုပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင်ထားသည်။ လီယန်ချူသည် သူ၏ မျက်လုံးဖြင့် ကြည့်လိုက်သောအခါ ထိုသူမှာ အစွမ်းထက်လှသော နွားမျိုးနွယ် မှ တတိယအဆင့် မိစ္ဆာဘုရင် ဖြစ်ကြောင်း သိလိုက်ရသည်။

ကျွေ့ဟွာ ဖော်ပြခဲ့သည့်အတိုင်း အလင်းလုံးအတွင်းတွင် ရှေးဟောင်းမျိုးစိတ် ရှိနေသည်။ ပုဆိန်ကိုင်ထားသော လူကြီးက

"ဒီအတားအဆီးကို မခွဲရင်တော့ ဘယ်သူမှ ရမှာမဟုတ်ဘူး"

ဟု အော်ကာ ပုဆိန်နှင့် ပစ်ပေါက်လိုက်သည်။

အလင်းတန်းကြီးမှာ တုန်ခါသွားပြီး အတွင်းထဲတွင် နတ်ငှက်တစ်ကောင်၏ ပုံရိပ်ကို ခေတ္တ မြင်လိုက်ရသည်။

အပြာရောင်ဝတ် အမျိုးသမီးသည် ရတနာမျှော်စင်ကို ထုတ်ကာ ထိုလူကြီးထံသို့ ပစ်လွှတ်လိုက်သည်။

လူကြီးက

"ငါ့ကိုများ သာမန် လူသားကျင့်ကြံသူတွေလို မှတ်နေလား"

ဟု ဆိုကာ သူ၏ ခန္ဓာကိုယ်ကို ကြီးထွားစေလိုက်ပြီး တိုက်ခိုက်လိုက်သည်။

သို့သော် သူသည် နောက်သို့ လွင့်ထွက်သွားသည်။ ထိုမျှော်စင်မှာ အလွန် အစွမ်းထက်ကာ တိုက်စစ်ရော ခံစစ်ပါ ကောင်းမွန်သည့် ရတနာဖြစ်သည်။

"ဒီမိန်းမ တော်တော် ကြမ်းတာပဲ" ဟု သူက ရေရွတ်ရင်း ပုဆိန်ကို ဝှေ့ယမ်းကာ ပြန်လည်တိုက်ခိုက်သည်။ သို့သော် မျှော်စင်ကြောင့် အရာမထင်ပေ။

ယင်းဟဲယန်က လက်ကို ဝှေ့ယမ်းလိုက်ရာ မီးနဂါးတစ်ကောင် ထွက်ပေါ်လာပြီး အပြာရောင်ဝတ် အမျိုးသမီးကို တားဆီးလိုက်သည်။

"မင်းက တော်တော် လောဘကြီးတာပဲ၊ ရွှေကျီးကန်း ကို မင်းတစ်ယောက်တည်း ယူပြီး မသေဆေးရဲ့ လျှို့ဝှက်ချက်ကို သိချင်နေတာလား"

အမျိုးသမီးက "ဖယ်စမ်း" ဟု အေးစက်စွာ ပြောကာ မျှော်စင်ဖြင့် တိုက်ခိုက်လိုက်ရာ မီးနဂါးမှာ ချက်ချင်း ကြေမွသွားသည်။

ထိုအချိန်တွင် ကြည်လင်သော ငှက်အော်သံ တစ်ခု ထွက်ပေါ်လာသည်။ အလင်းလုံးမှာ ကွဲအက်သွားပြီး ရွှေကျီးကန်း တစ်ကောင် ပျံထွက်လာသည်။ ၎င်းသည် အလွန် စိုးရိမ်နေပုံရသည်။ အစွမ်းထက်လှသော ကျွမ်းကျင်သူများ ဝိုင်းထားသဖြင့် ၎င်းအတွက် လွတ်မြောက်ရန် မလွယ်ကူပေ။

ရွှေကျီးကန်း ပေါ်လာသည်နှင့် လူတိုင်း မျက်လုံးများ တောက်ပသွားကြသည်။ ပုဆိန်ကိုင် လူကြီးက ကြီးမားသော လက်ဝါးကြီးဖြင့် လှမ်းဖမ်းလိုက်ရာ ရွှေကျီးကန်းက ပါးနပ်စွာ ရှောင်လိုက်သည်။ ဤရွှေကျီးကန်းမှာ မသေဆေးနှင့် ပတ်သက်နေသဖြင့် လူတိုင်းက အသည်းအသန် လိုက်လံ ဖမ်းဆီးကြသည်။

ရွှေကျီးကန်းသည် ခေါင်းမော့ကာ တစ်စုံတစ်ခုကို ခံစားမိသွားဟန်ဖြင့် ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး... လူငယ် တာအိုဆရာ၏ ပုခုံးပေါ်သို့ ဆင်းသက်လိုက်တော့သည်။

လီယန်ချူ: ".........."

သူသည် လူတစ်ယောက်၊ ကြောင်တစ်ကောင်နှင့် အဝေးမှနေ၍ ပွဲကြည့်နေခြင်းသာ ဖြစ်သည်။ မမျှော်လင့်ဘဲ ရွှေကျီးကန်းက သူ၏ ပုခုံးပေါ်သို့ လာနားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အပြာရောင်ဝတ် အမျိုးသမီးမှာ အံ့အားသင့်သွားပြီး

"ရွှေကျီးကန်းက သခင်ရွေးလိုက်တာလား"

ယင်းဟဲယန်က အေးစက်စွာဖြင့်

"ရွှေကျီးကန်းကို အပ်စမ်း" ဟု အမိန့်ပေးလိုက်သည်။

လီယန်ချူက ပြုံးလိုက်သည်။ ဒီငှက်က သူ့ဘာသာ လာနားတာကို ဘယ်လိုလုပ်ပြီး အပ်ရမှာလဲ သူ၏ ကိုယ်ထဲရှိ နေမင်းစစ်မှန်သောမီး ကြောင့် ဖြစ်ပေလိမ့်မည်။ သူသည် ယခင်က ထိုသူများကို စစ်ဆေးကြည့်ရာတွင် အပြာရောင်ဝတ် အမျိုးသမီးမှာ သန့်စင်သော အငွေ့အသက် ရှိသော်လည်း ယင်းဟဲယန်မှာမူ အငြိုးအတေးနှင့် လူသတ်မှုများစွာ ရှိနေသည်ကို တွေ့ခဲ့ရသည်။

ယခင်က လူများကို အချင်းချင်း သတ်အောင် လှည့်စားခဲ့သူမှာ ဤယင်းဟဲယန် ဖြစ်မည်မှာ သေချာသလောက် ရှိနေပြီ။

ယင်းဟဲယန်က မီးတောက်များဖြင့် တိုက်ခိုက်လာသည်။

ဝုန်း

လီယန်ချူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုမီးတောက်များကို ရှင်းလင်းပစ်လိုက်သည်။ ယင်းဟဲယန်မှာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း လီယန်ချူ၏ စွမ်းအားကြောင့် ဒဏ်ရာ ရသွားကာ ရင်ဘတ်တွင် နာကျင်သွားသည်။

ပုဆိန်ကိုင် လူကြီးက ပုဆိန်ဖြင့် ခုတ်လိုက်ပြန်ရာ လီယန်ချူက ရတနာပုတီးစေ့ တစ်ခုကို ထုတ်လိုက်သည်။

မြေခွဲပုတီး

ဒေါင်

ပုတီးစေ့သည် ကြီးမားလာကာ ပုဆိန်ကို ရိုက်ပုတ်လိုက်ရာ လူကြီးမှာ လက်များ ထုံကျင်သွားပြီး

"နောက်တစ်ယောက်ကလည်း ရတနာနဲ့ပဲ ထုနေပြန်ပြီ" ဟု ဆဲရေးလိုက်သည်။

လီယန်ချူက ပြုံးရင်း နောက်ထပ် ပုတီးစေ့ အချို့ကို ထပ်မံ ထုတ်လိုက်သည်။ မိုးမြေဖွင့်ပုတီး၊ ဟင်းလင်းပြင်ပုတီး နှင့် ရှန်းချန်းချူးထံမှ ရထားသော နေလပုတီး တို့ ဖြစ်သည်။ ပုတီး လေးလုံးသည် လူကြီးထံသို့ တစ်ပြိုင်နက် ပြေးဝင်သွားရာ လူကြီး၏ မျက်နှာ ပျက်သွားသည်။

"ဒုက္ခပဲ"

သူသည် ခဏသာ ခံနိုင်လိုက်ပြီး မြေကြီးထဲသို့ နစ်ဝင်သွားကာ ပုဆိန်မှာလည်း အက်ကွဲကြောင်းများ ဖြစ်သွားသည်။ သူသည် တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ မျက်နှာလည်း ဖူးယောင်သွားသည်။

"တာအိုဆရာလေး... မင်းက တော်တော် မတရားတာပဲ"

လီယန်ချူက တည်ငြိမ်စွာ ကြည့်လိုက်သောအခါ ထိုလူကြီးမှာ ကြက်သီးများ ထသွားသည်။ သူသည် သူ၏ ပုဆိန်ကို နှမြောတသစွာ ကြည့်ပြီးနောက် နွားကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ပုဆိန်ကို မြိုချပြီး ထွက်ပြေးသွားတော့သည်။

အပြာရောင်ဝတ် အမျိုးသမီးက

"ငါ လက်လျှော့တယ်" ဟု ဆိုကာ ရပ်ကြည့်နေသည်။

ယင်းဟဲယန်မှာမူ ရွှေကျီးကန်းကို လိုချင်သော လောဘစိတ်ကို မထိန်းနိုင်ဘဲ

"ရွှေကျီးကန်းကို ပေးစမ်း၊ မဟုတ်ရင် မင်းကို အလောင်းတောင် မကျန်အောင် သတ်ပစ်မယ်"

ဟု ခြိမ်းခြောက်လိုက်သည်။

လီယန်ချူက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

"မယုံဘူး"

All Chapters