← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း (၁၈၂) သနားစရာကောင်းသော လူနှစ်ဦး၊ ယွင်ဟွားက ကျောက်တုံးနှင့် စကားပြောရန် လိုအပ်နေခြင်း

ရွှေတုံးငယ်လေးများ ပါဝင်သော သေတ္တာများသည် ယွင်ဟွား၏ မျက်လုံးများကို ပြိုးပြိုးပြက်ပြက် ဖြစ်စေ၏။

သူမသည် ရုတ်တရက် ရင်ဘတ်ကို ဖိထားလိုက်သည်။

"သူတို့က ငါ့ကို သွေးဆောင်နေကြတာ..."

"သူတို့က ငါ့ကို မြူဆွယ်ဖို့ ကြိုးစားနေကြတုန်းပဲ..."

တတိယမင်းသားသည် ချက်ချင်းပင် ရှေ့သို့ တက်လာကာ သူ၏ အိတ်ကပ်ထဲမှ သေတ္တာငယ်တစ်ခုကို ထုတ်ယူပြီး ရိုရိုကျိုးကျိုးဖြင့် ကမ်းပေးလိုက်၏။

“အစ်မကြီး... ဒါက ငါ့ရဲ့ စားစရိတ်နဲ့ တည်းခိုစရိတ်ပါ... ဒီသေတ္တာကြီးတွေကတော့... ငါ့ရဲ့ ပျောက်ဆုံးသွားတဲ့... မဟုတ်ဘူး... ငါ အရင်က လုပ်ခဲ့တဲ့ အမှားတွေအတွက် လျော်ကြေးပါ..."

“ငါ သိချင်တာက... အခု အထဲကို သယ်သွားလို့ ရပြီလား... ငါ ယွင်အိမ်တော်မှာ နေလို့ ရမလား..."

ယွင်ဟွားသည် ပြဿနာကောင် သုံး၏ ရက်ရောသော အပြုအမူကြောင့် အလွန်ဝမ်းမြောက်သွားလေသည်။

"သေချာတာပေါ့..."

"နင်က ငါ့ရဲ့မောင်လေး ပြဿနာကောင် သုံးပဲ ... အစ်မကြီးက နင့်ကို ဘယ်တော့မှ နှင်ထုတ်မှာ မဟုတ်ဘူး..."

"အခုမှစပြီး နင် ယွင်အိမ်တော်မှာ ကြိုက်သလောက် နေနိုင်တယ်... အရင်က ဖြစ်ခဲ့တာတွေကိုတော့ လုံးဝ မေ့ပစ်လိုက်ကြစို့..."

“ရွှေ... ငါ့ရဲ့ ရွှေလေးတွေ..

“စာအုပ်လေး... ဒီမောင်လေးက ဘယ်လောက် နားလည်မှုရှိသလဲဆိုတာကို ထောက်ထားပြီး နောင်ကျရင် သူ့အပေါ် သဘောထားကြီးကြီးနဲ့ နည်းနည်းလောက် ပိုကောင်းအောင် ဆက်ဆံပေးပါ..”

ရှင်ခြင်းသေခြင်းစာအုပ်သည် နှုတ်ခမ်းစူကာ သူမ၏ မျက်နှာလေးကို တစ်ဖက်သို့ လှည့်သွားလေသည်။

ထိုသူများသည် ပန်းကလေးကို လှည့်စားရာတွင် အမြဲတမ်း တော်ကြသဖြင့် သူမကို တကယ်ပင် ဒေါသထွက်စေ၏။

“ဟွန့်... အများဆုံးအနေနဲ့ ဒီစာအုပ်က သူ့ရဲ့ လက်မောင်းကို မချိုးပစ်တော့ဘူး... ဒါပေမယ့် သူက အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို ခေါ်သွားခံရမယ့် စာရင်းထဲမှာ ရှိနေတုန်းပဲ..”

တတိယမင်းသား……

ဤစာအုပ်ကို ချော့မော့ရန် အလွန်ခက်ခဲလှသည်ပေတကား။

ယွင်ဟွားသည် အိမ်တော်ထိန်းအား တတိယမင်းသားအတွက် အခန်းတစ်ခန်း စီစဉ်ပေးရန် တောင်းဆိုလိုက်ပြီးနောက် အဝတ်အစားလဲရန် သူမ၏ အခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

သူမ၏ ကိုယ်ပိုင်ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်လီဟွာသည် လက်တစ်ဖက်က တုတ်ကောက်ကို မှီထားကာ အခြားလက်တစ်ဖက်ကို ပတ်တီးကြိုးဖြင့် ဆွဲချိတ်ထားပြီး မျက်နှာတစ်ခုလုံး ပွန်းပဲ့ရောင်ရမ်းလျက် ယွင်ဟွားအား သနားစရာကောင်းသော မျက်နှာထားဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။

"ရှောင်... ရှောင်လီဟွာ..."

ယွင်ဟွားသည် ရှောင်လီဟွာ၏ ပတ်ပတ်လည်သို့ နှစ်ပတ်လောက် လျှောက်သွားကာ လုံးဝ အံ့အားသင့်သွားသော အမူအရာဖြင့် ကြည့်လိုက်သည်။

"နင် ဘယ်သွားမလို့လဲ... ဘယ်သူက နင်ြကို ခုလိုမျိုး ရိုက်နှက်လိုက်တာလဲ..."

လီဟွာအား ဤမျှဆိုးရွားစွာ ရိုက်နှက်ရန် မည်မျှလောက် အမုန်းတရားများ ရှိနေရမည်နည်း။

ရှောင်ထောင်ဟွာသည် ဘေးမှနေ၍ အေးစက်စက် ရယ်မောလိုက်လေသည်။

ဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။ ၎င်းမှာ သူ၏ သခင်ဟောင်းပင် မဟုတ်ပါလား။ ကောင်းမွန်သော စကားတစ်ခွန်းမှ မပြောတတ်လောက်အောင် ဤမျှ ဆိုးရွားသော ပါးစပ်ရှိနေရန် သူ့ကို မည်သူက ပြောထားခဲ့သနည်း။

ရှောင်လီဟွာသည် အထိတ်တလန့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"မင်းသမီး... သူက ရှောင်ရှင်းဟွာပါ..."

"သူက ပြေးလာပြီး စကားတစ်ခွန်းမှ မပြောဘဲ ကျွန်တော့်ကို စတင်ရိုက်နှက်ခဲ့တာ.. လီဟွာဖြစ်တဲ့ ကျွန်တော်က ပြန်လည်ခုခံဖို့ နည်းလမ်းမရှိခဲ့ဘူး... သူက... သူက ကျွန်တော့်ကို ရွှမ်ကျားတပ်စခန်းထဲကို ပြန်ပစ်ထည့်ပြီး တစ်သက်လုံး ပြန်မလာခိုင်းတော့ဘူးလို့တောင် ပြောခဲ့သေးတယ်..."

"ဝါး... အကယ်၍ ကျွန်တော်က ဆက်လက် ခုခံမနေဘဲ နောက်ဆုံးမှာ မင်းသမီးရဲ့ နာမည်ကို အသုံးမချခဲ့ဘူးဆိုရင် မင်းသမီးအနေနဲ့ ဉာဏ်ရည်ထက်မြက်ပြီး ဟာသဉာဏ်ရွှင်တဲ့ ရှောင်လီဟွာကို နောက်ထပ် ဘယ်တော့မှ မြင်တွေ့ရတော့မှာ မဟုတ်ဘူး..."

"မင်းသမီး... မင်းသမီး... ကျွန်တော် အမှောင်ထုကို စွန့်လွှတ်ပြီး အလင်းရောင်ကို ပွေ့ဖက်ဖို့ ဆုံးဖြတ်လိုက်ပြီ... အခုမှစပြီး ကျွန်တော် မင်းသမီးနောက်ကို လိုက်ပါ့မယ်... ကျွန်တော့်ရဲ့ သခင်ဟောင်းကတော့ ရှောင်ရှင်းဟွာကို အားကိုးလို့ ရပါတယ်..."

သူသည် ထိုအတ္ထုပ္ပတ္တိကို ပြန်လည်ရေးသားရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ မင်းသမီးအပေါ် သူ၏ သစ္စာခံမှု ကတိကဝတ်ပင် ဖြစ်၏။

ရှောင်လီဟွာသည် သူ၏ အသက်ကို ပေးဆပ်ရမည်ဆိုလျှင်ပင် ယွင်မိသားစုတွင် ဆက်နေရန် သစ္စာဆိုလိုက်လေသည်။

ရှောင်ထောင်ဟွာ..…

သူမသည် ဤလူမိုက်ကို နန်းတော်ထဲသို့ ပြန်လည်ပစ်သွင်းပြီး မင်းသားအား သူ့ကို ပညာပေးခိုင်းသင့်သလား။

ယွင်ဟွားသည် ရှောင်လီဟွာ၏ သနားစရာကောင်းသော ငိုကြွေးသံများကို ဆက်လက်သည်းမခံနိုင်တော့ဘဲ တုန်လှုပ်သွားသည်။

“နငမ. ထားလိုက်ပါတော့... နင့်ရဲ့ စားစရိတ်ကို ပေးပြီး ငါ့အိမ်မှာပဲ အရင်သက်သာအောင် နားနေလိုက်ပါ..."

ဤအချိန်တွင် သူ့အား နှင်ထုတ်လိုက်မည်ဆိုလျှင် အနည်းငယ် ရက်စက်ရာကျပေလိမ့်မည်။

ဒဏ်ရာမှ ပြန်လည်သက်သာလာနေသော ပြဿနာကောင်သုံး တစ်ကောင် ရှိနေပြီဖြစ်ရာ နောက်ထပ် ရှောင်လီဟွာတစ်ယောက် ရှိလာမည်ကို မကြောက်ပေ။

သူက သူ၏ ကိုယ်ပိုင်တည်းခိုစရိတ်နှင့် စားစရိတ်ကို ပေးချေနေသမျှ ကာလပတ်လုံး သူမအတွက် အရှုံးမရှိပေ။

ရှောင်လီဟွာသည် သူ၏ မိသားစုပိုင်ဆိုင်မှု အားလုံးကို ချက်ချင်းပင် ပေးအပ်လိုက်ပြီး သူမအား ဖားယားကာ သစ္စာခံလိုက်၏။

"ကျွန်တော် အကုန်လုံးကို ယူဆောင်သွားပါ့မယ်... ပြီးတော့ အခုကစပြီး မင်းသမီးနောက်ကို လိုက်ပါ့မယ်..."

ဟီးဟီး... သူ၏ အိပ်မက်ကား နောက်ဆုံးတွင် တကယ်ဖြစ်လာခဲ့လေပြီ။

ခဏတာမျှ ယွင်ဟွားသည် ငွေကြေးများကို လက်ခံရန် အနည်းငယ် ပူလောင်နေသည်ဟု ခံစားလိုက်ရသော်လည်း ထိုခံစားချက်မှာ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူမသည် ရှောင်လီဟွာ၏ တည်းခိုစရိတ်နှင့် စားစရိတ်များကို မသိစိတ်အရ လက်ခံလိုက်လေသည်။

တတိယမင်းသားသည် ဘေးမှ ကြည့်နေရင်း ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ယေဘုယျအားဖြင့် နားလည်သွားသည်။

ဤလျှို့ဝှက်အစောင့်သည် အမှောင်ထုကို စွန့်လွှတ်ကာ အလင်းရောင်နှင့် ပူးပေါင်းခဲ့ပြီး သူ၏ ဝမ်းကွဲညီကိုပင် သစ္စာဖောက်ခဲ့သည်။

ကောင်းမွန်လိုက်သည့် လုပ်ရပ်ပင်။

"ဟေ့... လီဟွာ... ဒီနေရာကို လာစမ်း... ငါတို့ နှစ်ယောက်စလုံးက မသန်စွမ်းတွေပဲ... ခဏလောက် စကားပြောကြရအောင်..."

သူသည် ဒုတိယနေရာသို့ တက်လှမ်းရန်နှင့် သူ၏ သရော်တတ်သော ဝမ်းကွဲညီအား တတိယနေရာသို့ တွန်းချရန် စိတ်ပိုင်းဖြတ်ထားလေသည်။

စုဝေးနေသော ထိုလူနှစ်ဦးကို ကြည့်ရင်း ယွင်ဟွား၏ မျက်ခွံများ တုန်လှုပ်သွားသည်။ ၎င်းတို့အား ခြံဝင်းထဲမှ မောင်းထုတ်လိုက်ပြီးနောက် နောက်ဆုံးတွင် သူမ သက်ပြင်းတစ်ချက် ချနိုင်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ…

သူမ၏ ညီမဖြစ်သူသည် လမ်းပေါ်တွင် ရူးသွပ်သွားပြီး သူမတို့၏ ကိုယ်ပိုင် ရထားလုံးကို ရိုက်ခွဲခဲ့သည်ဟု ကြားလိုက်ရသဖြင့် ယွင်ဝေက ယွင်ယာကို အရင်ဆုံး နောက်သို့ ဆွဲခေါ်သွားခဲ့သည်။

ကံမကောင်းစွာဖြင့် သူမသည် နောက်ကျမှ ရောက်ရှိလာခဲ့ရာ အတင်းအဖျင်း နားထောင်ရန် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ယွင်ဝေ အိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အတူတကွ ခိုးကြောင်ခိုးဝှက် သွားလာနေကြသော မသန်စွမ်းသူ းနှစ်ဦး၏ ကျောပြင်ကို မြင်လိုက်ရ၏။

သူမသည် ဖြစ်စဉ်များကို သူမ၏ စိတ်ထဲတွင် တွေးတောစဉ်းစားလိုက်သည်။

အိမ်တော်ထဲတွင် မည်သူမျှ ဒဏ်ရာရထားခြင်း မရှိပေ။

"ဒုတိယအစ်မ... အစ်မရဲ့ တိုက်ခိုက်ရေးစွမ်းရည်က လုံလောက်မှု မရှိဘူး... အဲ့နေရာကို သွားမနေနဲ့ဦး..."

ယွင်ဝေသည် ထောင့်တစ်နေရာရှိ တံမြက်စည်းတစ်ခုကို မတော်တဆ မြင်တွေ့သွားပြီးနောက် ပြင်းထန်စွာ ပြောလိုက်သည်။

"ငါ့ညီမမှာ အထူးကိုယ်ပိုင်လက္ခဏာ တစ်ခုရှိတယ်.. ဒီလူတွေက သူမကို အခွင့်ကောင်းယူဖို့ ဒီနေရာကို ရောက်နေကြတာ သိသာပါတယ်... ယွင်မိသားစုရဲ့ နောက်ထပ် ရက်စက်ကြမ်းကြုတ်တဲ့ ကြယ်ပွင့်တစ်ပွင့်ရဲ့ စွမ်းအားကို သူတို့ကို ပြသဖို့ ဒါက အခွင့်ကောင်းတစ်ခုပဲ..."

ထိုသို့ပြောပြီးနောက် ယွင်ဝေက သူတို့ဆီသို့ ခြေဖျားထောက်ကာ တိတ်တဆိတ် သွားလိုက်သည်။

ယွင်ယာသည် သူမ၏ တတိယညီမ ချဉ်းကပ်သွားသည်ကို လေးလံသော စိတ်နှလုံးဖြင့် ကြည့်နေပြီးနောက် သူမ၏ ခြေရင်းရှိ အုတ်ခဲကို တစ်ချက်ကြည့်ကာ ၎င်းကိုပါ ကောက်ယူလိုက်လေသည်။

သို့သော်လည်း…

ထိုသူ၏ ခါးရှိ ကျောက်စိမ်းဆွဲကြိုးသည် မင်းသားများအတွက်သာ သီးသန့်ဖြစ်သော နဂါးပုံစံ ကျောက်စိမ်းဆွဲကြိုးနှင့် အဘယ်ကြောင့် တူညီနေရသနည်း။

ယွင်ယာ၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး

"တတိယညီမ... နင်..."

သူမ တားဆီးရန် အချိန်မမီလိုက်မီမှာပင် ယွင်ဝေသည် ဘီးတပ်ကုလားထိုင်ပေါ်ရှိ လူဆီသို့ သူမ၏ လက်နက်ဖြင့် တိုက်ရိုက် လွှဲရိုက်လိုက်လေပြီ။

"အား.."

“အမလေးဗျ…”

စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုက ယွင်အိမ်တော်တစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။

ယွင်ဟွား သူမ၏ အခန်းသို့ ပြန်ရောက်သောအခါ သူမ၏ အငွေ့အသက်သည် သိသိသာသာ ပြောင်းလဲသွား၏။

“ရှောင်ရှူးရှူး... ငရဲလကျောက်ကို ထုတ်လိုက်စမ်း..”

ရှင်ခြင်းသေခြင်းစာအုပ်သည် ထိုကျောက်တုံးပျက်၏ ကောက်ကျစ်စဉ်းလဲမှုအပေါ် အနည်းငယ် စွမ်းအားမဲ့နေပုံပေါ်ကာ ၎င်း၏ ခေါင်းကို ငုံ့ထားပြီး တိုးတိတ်သော အသံဖြင့် ပြောလိုက်သည်။

“ပန်းကလေး... အဲါကျောက်တုံးအစုတ်က သူ့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားတယ်... နေရာလွတ်ထဲမှာ သူ ဘယ်မှာ ပုန်းနေလဲဆိုတာကို ငါ ရှာမတွေ့နိုင်ဘူး…”

ထိုစကားကို ကြားသောအခါ ယွင်ဟွားက ရှောင်ရှူးရှူး၏ ခေါင်းလေးကို ညင်သာစွာ ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

နောက်တစ်စက္ကန့်တွင်မူ…

သူမ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု လက်ကနဲ ဖြစ်သွားပြီး ကြက်သီးထဖွယ်ကောင်းသော လေသံဖြင့် ပြောလိုက်၏။

"ငရဲလကျောက်… နင် ငါ့စကားကို ကြားနိုင်တယ်ဆိုတာ ငါသိတယ်... အခု ချက်ချင်း ထွက်လာခဲ့စမ်း..."

... ... ...

ယွင်ဟွား၏ နားထင်ကြောများ တုန်လှုပ်သွားပြီး ပတ်ဝန်းကျင် အပူချိန်မှာလည်း ရုတ်တရက် ကျဆင်းသွားကာ သူမ၏ အသံသည် ပိုမို အေးစက်လာလေသည်။

"ငါ နောက်တစ်ကြိမ် ထပ်ပြောမယ်... အခု ချက်ချင်း ထွက်လာခဲ့... မဟုတ်ရင် နင် ငါ့ရဲ့ ယင်စွမ်းအင် တစ်စက်ကိုတောင် ဘယ်တော့မှ ထပ်ပြီး ခိုးယူနိုင်မှာ မဟုတ်တော့ဘူး..."

ယွင်ဟွား၏ ခြိမ်းခြောက်မှုက အကျိုးသက်ရောက်မှု ရှိသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ငရဲလကျောက်သည် တုန်လှုပ်သွားသောကြောင့် ဖြစ်၏။

လေထဲတွင် စာလုံးအချို့ တဖြည်းဖြည်း ပေါ်လာလေသည်။

“အရင်က ယင်စွမ်းအင် ခိုးယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နင်တို့ သုံးယောက်စလုံး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရမယ်... ပြီးတော့ ငါ့ကို ပြဿနာလာရှာဖို့လည်း ခွင့်မပြုဘူး... မဟုတ်ရင် ငါ လုံးဝ ထွက်လာမှာ မဟုတ်ဘူး…”

သူမသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန်နှင့် သူမ၏ တန်ဖိုးကြီးမားသော တရားသူကြီး၏ စုတ်တံကို ထုတ်ယူရန် ပြင်လိုက်ချိန်တွင် သူမ၏ လက်လေးက ရုတ်တရက် ရပ်တန့်သွားသည်။

“ငါ သူ့ကို ရိုက်ခွဲတော့မယ်ဆိုတာ သူ ဘယ်လို... ဘယ်လိုလုပ် သိသွားတာလဲ…”

ငရဲလကျောက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် နောက်ထပ် စာလုံးအချို့ကို ဖော်ပြလာသည်။

“ငါက အရူးမဟုတ်ဘူး... နင်က လည်း အဲ့စာအုပ်လိုပဲ... အငြိုးအတေးတွေကို အရမ်း မှတ်ထားတဲ့သူ..”

ယွင်ဟွားက အရှက်ရသွားလေ၏။

ယခု သူမက အကူအညီတောင်းနေရပြီဖြစ်ရာ ခေါင်းညိတ် သဘောတူရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

“နင် ထွက်လာသမျှ ကာလပတ်လုံး အတိတ်က ကိစ္စတွေကို ငါ ခွင့်လွှတ်ပေးပါ့မယ်..."

ငရဲလကျောက်သည် ခဏတာ ရပ်တန့်သွားပြီးနောက် လေထဲတွင် ချက်ချင်း ရေးသားလိုက်သည်။

“ငါ နင့်ကို ယုံတယ်... ဒါပေမယ့် အခြား နှစ်ယောက်ကိုတော့ ငါ မယုံဘူး... ချွင်းချက်အနေနဲ့. မင်းက သူတို့ကို ထိန်းချုပ်နိုင်သေးကြောင်း သူတို့ကို သစ္စာဆိုခိုင်းရလိမ့်မယ်”

ယွင်ဟွားသည် ထိုစာကြောင်းကို စူးစိုက်ကြည့်နေလိုက်သော်လည်း သူမ စကားမပြောနိုင်မီမှာပင် ရှင်ခြင်းသေခြင်းစာအုပ်က ပေါက်ကွဲသွားလေတော့သည်။

“သေစမ်း…”

“ငါ့ရဲ့ ဒေါသနဲ့ နင်က ပန်းကလေးကို စျေးဆစ်ရဲသေးတယ်ပေါ့... နင် သတ္တိရှိရင် ဒီနေရာကို ထွက်လာခဲ့စမ်းပါ... ငါ နင့်ကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်…”

“ငါ့စုတ်တံနဲ့ သူ့ကို သေတဲ့အထိ ရိုက်ခွဲပစ်မယ်…”

ငရဲလကျောက်သည် ၎င်းတို့အား အကြောက်တရား မရှိပေ။ လက်ရှိ စွမ်းအားများ မရှိလျှင်တောင်မှ သူက ဘယ်သောအခါမှ နောက်ဆုတ်မည် မဟုတ်ပေ။

“ငါက အပြင်ကို ထွက်နိုင်စွမ်း မရှိဘူး... ဒါကြောင့် နင်တို့သာ ငါ့ကို အရင်ရှာတာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင် ငါတို့ စောင့်ကြည့်ကြတာပေါ့..”

မည်သို့ပင်ဖြစ်စေ သူတို့က သူ့ကို လိုအပ်နေသူများဖြစ်ရာ သူက ဘာကို ကြောက်ရမည်နည်း။

ငရဲလကျောက်သည် ၎င်း တုန်ရီနေကြောင်း ပြသလိုက်လေသည်။

All Chapters