← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆) လှည့်စားမှုကြီးကို ဆက်လက်လုပ်ဆောင်ခြင်း

ဧကရာဇ်ဝူကျီခမျာ ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"ကျွန်တော်... ကျွန်တော်..."

ဧကရာဇ်ဝူကျီသည် သိသိသာသာ ထိတ်လန့်တုန်လှုပ်နေ၏။ နတ်ဘုရားကမ္ဘာသို့ မပြန်နိုင်တော့ဘဲ အဆုံးမရှိသော ဝင်စားခြင်းသံသရာတွင်သာ လည်ပတ်နေရမည်ကို သူ စိုးရိမ်နေလေသည်။ ဤဘဝတွင် သူ ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခြင်းမှာ သူ၏ ဆရာက ကျင့်စဉ်စွမ်းအားများကို စတေးခဲ့သောကြောင့်ပင် ဖြစ်သည်။

သူ ထိုသို့မဖြစ်ချင်ပေ။

"ဆရာ... တပည့်ကို လမ်းညွှန်ပြသပေးပါ..."

ဧကရာဇ်ဝူကျီသည် အလျင်အမြန် ရှေ့သို့ တက်လှမ်းသွား၏။ ဤအချိန်တွင် သူ၏ထံ၌ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါမျိုး မရှိတော့ဘဲ ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်ကာ နတ်ဘုရားအဖြစ်သို့ တက်လှမ်းခြင်း ပြုနိုင်မည့်နေ့ကို တောင့်တနေသော မျက်လုံးများသာ ရှိနေလေသည်။

"ဟူး... နင်ကတော့လေ..."

ယွင်ဟွား၏ မျက်နှာထက်တွင် သူ့အပေါ် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

"ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်ရတာပဲ... နတ်ဘုရားကမ္ဘာမှာ နင် တိုးတက်မှုမရှိတာကိုသာ ငါ မမြင်ခဲ့ရင်... လူ့ပြည်ကို နောက်တစ်ကြိမ် ပြန်ဆင်းလာစရာ အကြောင်းမရှိဘူး... အဟွတ် အဟွတ် အဟွတ်..."

ယွင်ဟွားက သွေးအတုသကြားလုံးတစ်လုံးကို ပါးစပ်ထဲသို့ တိတ်တဆိတ် ထည့်လိုက်ပြီး ဧကရာဇ်ဝူကျီ၏ စိုးရိမ်တကြီး ကြည့်နေသည့် အကြည့်အောက်တွင် သွေးတစ်ပွက်ကို ဟန်ဆောင်၍ ထွေးထုတ်လိုက်လေသည်။

"ဆရာ... ဆရာ အဆင်ပြေရဲ့လား..."

ဧကရာဇ်ဝူကျီက အလန့်တကြား အော်ဟစ်လိုက်၏။

"ငါက နင့်ရဲ့ဆရာဆိုတော့လည်း တာဝန်ရှိတာပေါ့..."

ယွင်ဟွားက ဖြူလျော့နေသော မျက်နှာဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ရင်း သူ့ကို လက်ကာပြလိုက်သည်။

"အခုလူ့ပြည်ကို ဆင်းသက်လာခြင်းက ငါ့ရဲ့ နောက်ဆုံးကျန်နေတဲ့ နတ်ဘုရားစွမ်းအားတွေကို ကုန်ခမ်းသွားစေတယ်... နင့်ရဲ့ ခန္ဓာကိုယ်ထဲက သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေရဲ့ ထိန်းချုပ်မှုကို ခံနေရပြီးတော့... လောကကြီးကို ကြီးစိုးချင်ကာ မြောက်ပိုင်းနယ်စပ်ကို စည်းလုံးချင်နေတာကို ငါ သိတယ်..."

"ဒါပေမယ့် ငါ နင့်ကို ပြောချင်တာက အခု အမှားကို ပြင်ဆင်မယ်ဆိုရင် အချိန်မီပါသေးတယ်... နင့်ရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာ တိုင်းပြည်ကို မေတ္တာ၊ ကရုဏာတွေနဲ့ အုပ်ချုပ်ပြီး ပြည်သူတွေကို စောင့်ရှောက်ကာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရေးရယူပါ... အပြစ်ကင်းတဲ့ ပြည်သူတွေကို မစတေးပါနဲ့..."

“ဒါဆိုရင် နင် မျက်လုံးမှိတ်သွားတဲ့ အချိန်မှာ နတ်ဘုရားကမ္ဘာသို့ တက်လှမ်းခြင်း ပြုနိုင်အောင် ကူညီပေးမည့် နည်းလမ်း ငါ့မှာ ရှိသေးတယ်... မဟုတ်ရင် နင့်ရဲ့ နတ်ဘုရားအရိုးတွေကြိ ဖယ်ရှားခံရပြီး... လူသားတစ်ယောက်အနေနဲ့ပဲ ထာဝရ ဝင်စားနေရလိမ့်မယ်..."

ဧကရာဇ်ဝူကျီသည် ရုတ်တရက် ရင်ဘတ်ကို ဖိထားလျက် သူ့အလိုလို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားလေသည်။

ထို့ကြောင့်... သူ၏ထံ၌ မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်ပါလော။ သူသည် တုံလင်နိုင်ငံမှ ထိုအဘိုးကြီးထံမှ သင်ယူနေခြင်းမျှသာ မဟုတ်ပါလော။

ဤသည်မှာ သူ၏အဖို့ လုံးဝ မခက်ခဲလှပေ။

"ဆရာ... ဆရာ စိတ်ချပါ... တပည့်က ဆရာ့ကို လုံးဝ စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..."

ဧကရာဇ်ဝူကျီ၏ မျက်လုံးများထဲတွင် ခိုင်မာသော ယုံကြည်မှုတစ်ခု ပေါ်ထွက်လာ၏။

"ကျွန်တော့်ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံးမှာ ပြည်သူတွေ ငြိမ်းချမ်းပြီး ကြီးပွားတိုးတက်အောင် လုပ်ဆောင်ပေးပါ့မယ်... တုံလင်နိုင်ငံက စစ်မစသရွေ့... မြောက်ပိုင်းနယ်စပ်နဲ့ တုံလင်နိုင်ငံက ငြိမ်းချမ်းစွာ နေထိုင်သွားမှာပါ..."

သူသည် မိမိ၏ ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် သန္နိဋ္ဌာန်ချထားလေသည်။

ယွင်ဟွားက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်များမှ အပြုံးကိုပင် မထိန်းထားနိုင်သလောက် ဖြစ်သွား၏။

"ငါ့ရဲ့ တပည့်ကောင်း… နင်က တကယ့်ကို ဆရာ့ကို စိတ်မပျက်စေခဲ့ဘူးပဲ..."

ယွင်ဟွားက ပြုံးလိုက်ပြီး သူမ၏ နောက်ဆုံးပရိယာယ်ကို ဆက်လက်ထုတ်သုံးလိုက်လေသည်။

"ငါ လူ့ပြည်ကို မဆင်းလာခင် သတင်းတစ်ခု ကြားခဲ့တယ်..."

"ဘာသတင်းများလဲ..."

ထိုသတင်းမှာ သူ၏အဖို့ ကောင်းမွန်မည် မဟုတ်ကြောင်း ဧကရာဇ်ဝူကျီ ခံစားလိုက်ရသည်။

“နင် ငါ့အကြံဉာဏ်ကို နားထောင်မယ်ဆိုရင်တော့ ဘာပြဿနာမှရှိမှာ မဟုတ်ဘူး…နင်က စစ်ပွဲတွေကို အားပေးအားမြှောက်ပြုခဲ့လို့ အတိဒုက္ခတွေ များပြားခဲ့ရတယ်... ဒါ့ကြောင့် နတ်ဘုရားကမ္ဘာက အရှေ့ဘက်ကို ကံကောင်းစေတဲ့ ကြယ်ပွင့်လေးတစ်ပွင့် ဆင်းသက်လာဖို့ စီစဉ်ထားတယ်… နင် ဘယ်လောက်ပဲ စစ်တိုက်တိုက် မြောက်ပိုင်းနယ်စပ်ကတော့ အကြီးအကျယ် ရှုံးနိမ့်သွားမှာမဟုတ်ရင် လုံးဝ ပျက်စီးသွားမှာပဲ..."

"တကယ်... တကယ်လား..."

ယွင်ဟွားက အလေးအနက် ခေါင်းညိတ်ပြလိုက်၏။

ဆရာဖြစ်သူ၏ လေးနက်သော မျက်နှာထားကို ကြည့်ရင်း ဧကရာဇ်ဝူကျီ၏ လည်စေ့မှာ အလိုအလျောက် လှုပ်ရှားသွားလေသည်။

ဤသတင်းသည် သူ၏အဖို့ သံသယဝင်စရာမလိုအောင် ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။

သူသည် ကြောက်လန့်တကြားဖြင့် ရင်ဘတ်ကိုပုတ်ကာ ရေရွတ်လိုက်၏။

"ဆရာ ဒီနေရာမှာ ရှိနေလို့ တော်သေးတယ်..."

ယခု ပြန်တွေးကြည့်ချိန်တွင် ဧကရာဇ်ဝူကျီသည် ကျောချမ်းဖွယ်ရာ ကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်သည်။ သူ၏ဆရာသာ မရှိခဲ့လျှင် သူသည် ကပ်ဘေးကို ကျော်ဖြတ်နိုင်မည် မဟုတ်သလို မြောက်ပိုင်းနယ်စပ် တစ်ခုလုံးသည်လည်း သူ၏ လက်ထဲတွင် ပျက်စီးသွားပေလိမ့်မည်။

“ပန်းကလေး... နင်က ပေကျန်းဧကရာဇ်ကို လုံးဝ လှည့်စားလိုက်တာပဲ... သူ သေပြီး ငရဲပြည်ကို ရောက်သွားတဲ့အခါ... နင့်ကို ကျိန်ဆဲဖို့ ပြန်လာမယ့် နည်းလမ်းကို ရှာလိမ့်မယ်…”

သေခြင်းရှင်ခြင်းစာအုပ်က ယွင်ဟွား၏ ခေါင်းပေါ်တွင် တဟားဟား ရယ်မောနေလေသည်။

ယွင်ဟွားက ဂရုမစိုက်ဘဲ ပြောလိုက်၏။

"သူ ဒ္နေရာကို တက်လာရဲရင် ငါ သူ့ကို အောက်ပြန်တွန်းချပစ်မယ်..."

မှန်ပေသည်တကား။

တရားသူကြီးပေပေ့က သူ၏ လက်သီးဆုပ်လေးကို ဆုပ်ထားလိုက်၏။

“အချိန်တန်ရင် သူက သရဲတစ်ကောင် ဖြစ်နေရင်တောင် ငါတို့က ကြောက်မှာ မဟုတ်ဘူး... အဆိုးဆုံးကတော့ သူ့ကို ငရဲပြည်ဆယ့်ရှစ်ထပ် အတွေ့အကြုံကို တစ်လှည့်စီ ခံစားခိုင်းလိုက်မယ်…”

ယွင်ဟွားသည် မြောက်ပိုင်းနယ်စပ်ဧကရာဇ်ကို အလုံအလောက် လှည့်စားပြီးနောက် ကောင်းကင်သို့ မော်ကြည့်ကာ ထပ်ပြောလိုက်လေသည်။

"ငါ ထွက်သွားတော့မယ်... အခုကစပြီး ကိုယ့်ကိုယ်ကို အားကိုးရတော့မယ်... လောကကြီးက သာမန်ပြည်သူတွေကို အမြဲတမ်း ငဲ့ညှာရမယ်ဆိုတာကို မှတ်ထားပါ..."

"ဆရာ..."

ဧကရာဇ်ဝူကျီက အနည်းငယ် တွန့်ဆုတ်နေပြီး မေးလိုက်၏။

"ဆရာ နောင်ကျရင် ကျွန်တော့်ဆီကို ပြန်လာပြီး တွေ့နိုင်ပါဦးမလား..."

ယွင်ဟွားက မျက်လုံးလှန်ကြည့်လိုက်သည်။ ဘာကိုများ လာကြည့်စေချင်နေရသနည်း။

"အဟမ်း... ငါ့ရဲ့ စွမ်းအားတွေ ပြန်လည်ပြည့်ဝလာဖို့ တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်တယ်... ဒါကြောင့် နင့်ကို လာတွေ့နိုင်မယ် မထင်ဘူး... ဒါပေမယ့် နင် မျက်လုံးမှိတ်လိုက်တဲ့ အချိန်မှာ ငါ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတော့ နင့်ကို နတ်ဘုရားကမ္ဘာဆီ ကိုယ်တိုင် ပြန်ခေါ်သွားပေးမယ်..."

နင့်ကို ငရဲပြည်ကိုသာ ပို့လိုက်မည်ဖြစ်သည်။

"ဆရာ..."

"ငါ့ရဲ့ တပည့်လေး... ကောင်းမွန်တဲ့ အရာအားလုံးက အဆုံးသတ်ရှိစမြဲပါပဲ... ခွဲခွာခြင်းဆိုတာ ပိုကောင်းတဲ့ ပြန်လည်ဆုံဆည်းမှုအတွက်ပါ... နင့်ရဲ့ဆရာက နတ်ဘုရားကမ္ဘာမှာ နင် ပြန်လာမယ့်အချိန်ကို စောင့်နေမယ်... မှတ်ထားပါ... ဒီနေ့ ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ တစ်ခွန်းမှ မပြောပြရဘူး... မဟုတ်ရင် ဆိုးကျိုးတွေ ပြန်ခံစားရလိမ့်မယ်..."

“ကျောက်တုံးလေး... ငါ့ကို အခုချက်ချင်း တော်ဝင်မီးဖိုဆောင်ကို ခေါ်သွားပေးစမ်း... နင့်အစ်မဟွားက နှစ်ရက်လုံးလုံး ဘာမှ မစားရသေးဘူး... ငါ အရမ်းဆာနေပြီ…”

"ဆရာ..."

"ဆရာ... တပည့်က ဆရာ့စကားကို သေချာပေါက် နားထောင်ပါ့မယ်..."

ဧကရာဇ်ဝူကျီက အလျင်အမြန် ရှေ့သို့ တက်လှမ်းသွား၏။

ဤတစ်ကြိမ်တွင်မူ ယွင်ဟွားသည် သူ၏ မျက်စိရှေ့၌ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သူ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ လေတိုက်မိုးရွာစေရန် ဖန်တီးနိုင်ပြီး သဘာဝလွန်စွမ်းအားများကို ပြသနိုင်သော ထိုစွမ်းရည်မျိုးကို သူ အလွန် လိုလားတောင့်တမိလေသည်။

သူ၏ သွေးဆာနေမှုကို ဆေးကြောရန် မလိုအပ်ပါက ယခုချက်ချင်းပင် မိမိ၏ လည်ပင်းကိုလှီးကာ သူ၏ဆရာနှင့်အတူ နတ်ဘုရားကမ္ဘာသို့ ပြန်သွားပြီး ပူပင်သောကကင်းစွာ နေထိုင်ချင်မိပေလိမ့်မည်။

ငရဲလကျောက်၏ အကူအညီဖြင့် ယွင်ဟွားသည် အစောင့်များကို ရှောင်ကွင်းကာ အစားအစာများ ခိုးစားရန် တော်ဝင်မီးဖိုဆောင်ထဲသို့ ပုန်းအောင်းဝင်ရောက်သွားလေသည်။

“ဟွားဟွား... ငါတို့ ခဏနေရင် ဝူဟိုင်ဖုန်းကို သွားသတ်ကြမလား..”

တရားသူကြီး၏စုတ်တံက ယွင်ဟွား၏ ပခုံးပေါ်တွင် စိတ်လှုပ်ရှားစွာ ရပ်နေပြီး သူ၏ စိတ်ထဲတွင် ဝူဟိုင်ဖုန်းကို ရက်စက်စွာ သေဆုံးစေမည့် အကြံအစည်ပေါင်း တစ်ရာခန့် ပြည့်နှက်နေလေပြီ။

“မလောပါနဲ့ဦး..”

ယွင်ဟွားက ကြက်ပေါင်တစ်ကိုက်ကို ကိုက်စားလိုက်၏။

“ငါက ပေကျန်းဧကရာဇ်ကို လှည့်စားခဲ့ရုံပဲ ရှိသေးတယ်... ဗိုက်ဝအောင် စားပြီးတာနဲ့... လက်ရှိ အိမ်ရှေ့စံအပြင် တခြား မင်းသားအချို့ကိုပါ သွားလှည့်စားဦးမယ်... ဒါဆိုရင် ဘယ်သူပဲ ဧကရာဇ်သစ် ဖြစ်လာပါစေ... တုံလင်နိုင်ငံအတွက် ပြဿနာ မရှာရဲတော့ဘူး…”

သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့သည် မျက်လုံးချင်း ဆုံသွားကြ၏။

“ပန်းကလေး... မဆိုးဘူးပဲ... ဒီလှည့်ကွက်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြေရှင်းနည်းလို့ ခေါ်တယ်..”

သေခြင်းရှင်ခြင်းစာအုပ်က သူ၏ မေးစေ့ကို ပွတ်သပ်ကာ တွေးလိုက်သည်။ သူမွေးမြူထားသော ပန်းကလေးပီပီ အလွန် ဉာဏ်ကောင်းလှပေသည်။

အစားစားနေရင်း ယွင်ဟွားက ပြောလိုက်လေသည်။

“နင်တို့ သုံးယောက်... နောက်ထပ် ဇာတ်ညွှန်းအချို့ စဉ်းစားဖို့ ငါ့ကို ကူညီကြဦး... ဒီတစ်ကြိမ် ဧကရာဇ်ဝူကျီကို လှည့်စားခဲ့ပြီးပြီဆိုတော့ တခြားသူတွေကို ထပ်ပြီး လှည့်စားလို့ မရတော့ဘူး…”

စာအုပ်တိုင်း၊ စုတ်တံတိုင်းနှင့် ကျောက်တုံးတိုင်း... အားလုံးသည် ကြီးကျယ်ခမ်းနားသော လှည့်စားမှု ပြဇာတ်ကြီးတစ်ခုကို ဖန်တီးရန် ၎င်းတို့၏ ဦးနှောက်များကို အစွမ်းကုန် ညှစ်ထုတ်နေကြလေသည်။

“ဟွားဟွား... ခုနက ဟာက နတ်ဘုရားကမ္ဘာ ဇာတ်လမ်းလေ... ငရဲပြည် ဇာတ်လမ်းဆိုရင်ကော ဘယ်လိုလဲ... နင်က ငရဲပြည်က အကြီးအကဲ... ဖုန်းတုဧကရာဇ်ရဲ့ အမျိုးသမီးပုံစံ ဟန်ဆောင်လိုက်... သူတို့ကတော့ ကပ်ဘေးကို ဖြတ်သန်းနေတဲ့ တရားသူကြီး ချွေ့ကျွယ် ဒါမှမဟုတ် ယမမင်းပေါ့..”

ငရဲလကျောက်က မိမိ၏ပိုင်ရှင်အဖြစ် ဟန်ဆောင်ချင်သည့် ကျိုးပဲ့နေသော စုတ်တံကို စူးစိုက်ကြည့်နေလေသည်။

ဤသည်မှာလည်း အဆင်ပြေလှပေသည်။

ယမမင်းနှင့် တရားသူကြီး ချွေ့ကျွယ်တို့သည် ကပ်ဘေးဒုက္ခသုံးပါးကို ရှာဖွေနေဆဲအချိန်တွင် ရုတ်တရက် နှာချေလိုက်ကြလေသည်။

“ပန်းကလေး... ငါတို့ တခြားကမ္ဘာတွေက ဇာတ်လမ်းတွေကိုလည်း ဖန်တီးလို့ရသေးတယ်... မှော်ကမ္ဘာဆိုရင်လည်း ကောင်းမှာပဲ..”

ဤသည်မှာ ဤကဲ့သို့သော ဇာတ်လမ်းများကို တွေးတောလိုက်ချိန်တွင် ပထမဆုံး ခေါင်းထဲသို့ ရောက်လာသည့် အရာပင် ဖြစ်သည်။

အရှုံးမပေးလိုသော ငရဲလကျောက်ကလည်း သူ၏ ကိုယ်ပိုင်အကြံဉာဏ်များကို ချက်ချင်း ထုတ်ဖော်ပြောဆိုလာလေသည်။

“သာမန်ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဒဏ္ဍာရီလာ သားရဲလေးကောင်အကြောင်း ဇာတ်လမ်းကိုလည်း ဖန်တီးလို့ရတာပဲ..”

အစားစားပြီးသွားသော ယွင်ဟွားက ဗိုက်ကိုပွတ်လိုက်ပြီးနောက် ရုတ်တရက် မတ်တတ်ရပ်လိုက်ကာ သူမ၏ မျက်နှာထက်တွင် ပြတ်သားသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။

“အကြံကောင်းပဲ... သွားကြစို့... အလုပ်စလုပ်ကြရအောင်..”

မြောက်ပိုင်းနယ်စပ်၏ ညချမ်းအချိန်။

အိမ်ရှေ့စံနှင့် အခြားသော မင်းသားများအားလုံးသည် ယွင်ဟွား၏ မတူညီသော ဇာတ်လမ်းအမျိုးမျိုးကြောင့် ရှုပ်ထွေးသွားခဲ့ကြသော်လည်း ၎င်းတို့၏ အတိတ်ဘဝများသည် အမှန်တကယ်ပင် အလွန် ထူးခြားနေကြောင်း သိလိုက်ရသဖြင့် တိတ်တဆိတ် ဝမ်းသာနေကြလေသည်။

နှစ်နိုင်ငံကြားတွင် ငြိမ်းချမ်းစွာ နေထိုင်သွားရန် ၎င်းတို့ ပိုမို၍ သန္နိဋ္ဌာန်ချထားလိုက်ကြ၏။

ယွင်ဟွားသည် တစ်ညလုံး အလုပ်ရှုပ်နေခဲ့ပြီး ကောင်းကင်ယံ တဖြည်းဖြည်း လင်းထိန်လာချိန်တွင်မူ သူမသည် သန်းဝေခြင်းကို မထိန်းထားနိုင်တော့ပေ။

“သွားကြစို့... အရင်ဆုံး အိပ်ဖို့အတွက် တည်းခိုခန်းတစ်ခု ရှာကြရအောင်... ပြီးမှ မှောင်သွားတဲ့အခါ ဝူဟိုင်ဖုန်းနဲ့ စာရင်းရှင်းကြတာပေါ့..”

All Chapters