← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း (၁၈၈) ဝူဟိုင်ဖုန်း၏ ကောက်ကျစ်စဉ်းလဲမှု

ဝူဟိုင်ဖုန်းခမျာ မှင်သက်သွားလေ၏။

သူသည် တစ်ကိုယ်လုံး ယိမ်းယိုင်သွားပြီး ညီလာခံတစ်ခုလုံးက သူ့အား ဆန့်ကျင်နေသည်ဟု ခံစားလိုက်ရသည်။

ဝူဟိုင်ဖုန်းသည် စစ်ဘက်ဆိုင်ရာ အရာရှိများကို အကဲခတ်ကြည့်လိုက်ပြီး စကားပြောရန် အချက်ပြလိုက်၏။

သို့သော် သူ၏ မျက်လုံးများမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်နေပေသည်။ သူ၏ နောက်သို့ အမြဲလိုက်ကာ သေသည်အထိ သစ္စာရှိပါမည်ဟု ကျိန်ဆိုထားသော ထိုစစ်အရာရှိများအားလုံးသည် ခေါင်းငုံ့ထားကြပြီး တိတ်ဆိတ်နေကြလေသည်။

ဝူဟိုင်ဖုန်းမှာ အလွန်ဒေါသထွက်သွားလေ၏။

"စစ်သူကြီးဝူ... နန်းတွင်းက နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲသွားပြီမို့ ဒီကိစ္စကို ထပ်မံဆွေးနွေးဖို့ မသင့်တော်တော့ဘူး..."

စစ်အရာရှိတစ်ဦးက ဝူဟိုင်ဖုန်း၏ အနောက်မှ ကပ်၍ တီးတိုးသတိပေးလိုက်သည်။

"စစ်သူကြီး... အရှင်မင်းကြီးရဲ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း ကြည့်ပါဦး..."

ယခုအချိန်တွင် တုံလင်ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ပေ။

ထိုစကားကို ကြားသောအခါ ဝူဟိုင်ဖုန်းက ဧကရာဇ်ဝူကျီအား မော့ကြည့်လိုက်ရာ လုံးဝသဘောတူညီနေသော ဧကရာဇ်၏ မျက်နှာထားကြောင့် သူ၏ ရင်ထဲတွင် တင်းကျပ်သွားလေသည်။

ဧကရာဇ်ဝူကျီသည် စိတ်အခြေအနေ အလွန်ကောင်းမွန်နေ၏။ သူသည် စကားပြောရန် ပြင်နေသော ဝူဟိုင်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် စကားဆိုလိုက်သည်။

"ပေကျန်းက စစ်ရေးစစ်ရာမှာ ကျွမ်းကျင်ပေမယ့် အိမ်ရှေ့စံပြောသလိုမျိုး ငါတို့က ကတိဖျက်ပြီး သစ္စာမရှိတဲ့သူတွေ မဖြစ်နိုင်ဘူး..."

အမတ်များအားလုံးက တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။

“အရှင်မင်းကြီး ပညာရှိလှပါတယ်..."

ဧကရာဇ်ဝူကျီ၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး ဆက်ပြောလေ၏။

"နိုင်ငံနှစ်ခု စစ်ဖြစ်ကြရင် ပြည်သူတွေက အလွန်ဆင်းရဲဒုက္ခရောက်ရတယ်... ပြီးခဲ့တဲ့ ဆယ့်ငါးနှစ်တာကာလအတွင်း တုံလင်နဲ့ ပေကျန်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး နယ်စပ်က ပြည်သူတွေလည်း အေးချမ်းသာယာစွာ နေထိုင်နိုင်ခဲ့ကြတယ်... ကောင်းကင်ဘုံရဲ့ သားတော်တစ်ပါးအနေနဲ့ ဒီမြင်ကွင်းကို ငါကိုယ်တော် အမြင်တွေ့ချင်ဆုံးပဲ..."

ထိုစကားများကို ကြားသောအခါ ဝူဟိုင်ဖုန်းက သူ၏ အတွေးများနှင့် ဆန့်ကျင်နေသကဲ့သို့ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။

"ငါကိုယ်တော်က တုံလင်နိုင်ငံနဲ့ စာချုပ်ကို နောက်ထပ် နှစ်ငါးဆယ်သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တယ်... နိုင်ငံနှစ်ခုက အချင်းချင်း ကူညီဖေးမပြီး ကုန်သွယ်ရေးကို မြှင့်တင်ကာ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြမယ်... ဒါမှသာ ကမ္ဘာလောကသားတွေက ကြွယ်ဝချမ်းသာစွာ နေထိုင်နိုင်ပြီး စစ်မီးရဲ့ ဒုက္ခကနေ ကင်းဝေးနိုင်လိမ့်မယ်..."

ဧကရာဇ်ဝူကျီ၏ အစီအစဉ်မှာ အလွန်ကောင်းမွန်လှပေသည်။

သူသည် ယခုနှစ်တွင် အသက်လေးဆယ့်သုံးနှစ်ရှိပြီဖြစ်သည်။ နတ်ဆရာတစ်ပါးက သူ၏အနားတွင် ရှိနေသဖြင့် အသက်တစ်ရာအထိ အသက်ရှင်ရန် ပြဿနာမရှိပေ။ အသက်ကို နှစ်ငါးဆယ် ဆွဲဆန့်ခြင်းက အနေတော်ပင် ဖြစ်လေသည်။

နောက်မျိုးဆက်၏ ဖွံ့ဖြိုးတိုးတက်မှုမှာမူ သူ၏ စဉ်းစားတွေးခေါ်မှုထဲတွင် မပါဝင်ပေ။

မင်းသားများ၏ မျက်လုံးများကလည်း ချက်ချင်းပင် အရောင်လက်သွားကြလေသည်။

"ခမည်းတော် ပညာရှိလှပါတယ်..."

အရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် အံ့သြတွေဝေစွာ ကြည့်လိုက်ကြပြီး အားလုံးနှင့်အတူ လိုက်ပါအော်ဟစ်ရုံသာ တတ်နိုင်တော့သည်။

“အရှင်မင်းကြီး ပညာရှိလှပါတယ်..."

ဝူဟိုင်ဖုန်း...

ဤသတင်းသည် သူ၏အဖို့ ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်၏။

ပေကျန်းနှင့် တုံလင်တို့သည် စစ်ခင်းကြမည်မဟုတ်ဘဲ နောက်ထပ် နှစ်ငါးဆယ့်ငါးနှစ်တိုင်အောင် ငြိမ်းချမ်းစွာ နေထိုင်ကြမည်ဖြစ်သည်။

ထိုသို့ဆိုလျှင်... သူ၏ အစီအစဉ်က မည်သို့ဖြစ်သွားမည်နည်း။ ထို့အပြင် နန်ကုန်းလင်ကျန့်၏ ခေါင်းကို သူက မည်သို့ ဖြတ်ယူရမည်နည်း။

ဝူဟိုင်ဖုန်း၏ မျက်လုံးရှေ့တွင် အမှောင်ကျသွားပြီး မြိုသိပ်ထားရသော ခံစားချက်များက သူ၏ ရင်ထဲတွင် အဆက်မပြတ် မြင့်တက်လာကာ အသက်ကို ပြင်းပြင်းရှူလိုက်ရလေသည်။

နောက်တစ်စက္ကန့်တွင်မူ။

သူ၏ မျက်လုံးများ လန်တက်သွားပြီး လုံးဝသတိလစ် မေ့မြောသွားလေတော့သည်။

"စစ်သူကြီးဝူ..."

သူ၏ဘေးရှိ စစ်အရာရှိက အော်ဟစ်လိုက်သည်။

ထိုရုတ်ရုတ်သဲသဲဖြစ်မှုက ဧကရာဇ်ဝူကျီ၏ အာရုံစိုက်မှုကို ရရှိသွားစေသည်။ သူက အထင်အမြင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“စစ်သူကြီးဝူက အသက်အရွယ်ရလာပြီ... သူရဲ့ ပင်ပန်းဆင်းရဲမှုတွေကို ငါကိုယ်တော် နားလည်ပေးနိုင်တဲ့အတွက် သူ့ကို အိမ်တော်မှာ တစ်နှစ်လောက် အနားယူခွင့်ပြုလိုက်တယ်..."

ထိုသို့ဆိုလျှင် နေ့စဉ်နေ့တိုင်း သူ၏ထံသို့ သွားရောက်ကာ တုံလင်နှင့် စစ်ပွဲဆက်လုပ်ရန် တိုက်တွန်းနေစရာ လိုတော့မည်မဟုတ်ပေ။

ဝူဟိုင်ဖုန်းအား သယ်ဆောင်သွားကြပြီးနောက် ဧကရာဇ်ဝူကျီက လက်ယမ်းပြကာ ညီလာခံပြီးဆုံးကြောင်း ကြေညာလိုက်လေသည်။

ဝူဟိုင်ဖုန်း ပြန်လည်သတိရလာချိန်တွင် အမှောင်ကျနေပြီဖြစ်သည်။

"တောက်… သေစမ်း..."

ဝူဟိုင်ဖုန်းသည် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် စားပွဲပေါ်ရှိ အရာအားလုံးကို ရိုက်ချလိုက်လေသည်။

သူသည် ဒေါသထွက်နေဆဲဖြစ်ပုံရရာ စားပွဲကို ကန်ချလိုက်ပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်၏။

"တောက်... ဧကရာဇ်ဝူကျီက ရူးသွားပြီလား..."

"သူ့ကို ကူညီဖို့နဲ့ နယ်မြေသစ်တွေ ချဲ့ထွင်ဖို့ ငါအစွမ်းကုန် ကြိုးစားခဲ့တာကို သူက တုံလင်နဲ့ နှစ်ငါးဆယ်စာချုပ် ချုပ်ချင်တယ်လို့ တကယ်ပြောထွက်တယ်... အဲ့ကိစ္စက ငါ့ကို နောက်ကျော ဓားနဲ့ထိုးတာ မဟုတ်ဘူးလား... သူ ပေကျန်းရဲ့ ဧကရာဇ်မဖြစ်ခိင်ဘူးဆိုရင် ထီးနန်းကို စွန့်လွှတ်ပြီး ဆင်းပေးလိုက်တာ ပိုကောင်းမယ်..."

ဝူဟိုင်ဖုန်း၏ မျက်နှာမှာ အလွန်မှိုင်းညို့နေပြီး သူ၏ အသံမှာလည်း ဆက်တိုက် မြင့်တက်လာလေသည်။

“အဖေ... စကားကို ဆင်ခြင်ပြောပါဦး..."

ဝူကျီယွမ်သည် လန့်ဖြန့်သွားပြီး စာကြည့်ဆောင်တံခါးကို အမြန်ဖွင့်ကာ ခေါင်းပြူထွက်လာပြီး အခန်းထဲကို သတိကြီးစွာဖြင့် အကဲခတ်ကြည့်လိုက်သည်။

“အဖေ... စာကြည့်ဆောင်ထဲမှာ ခုလိုစကားမျိုးတွေ ထပ်မပြောသင့်ဘူး... နံရံတွေမှာ နားရှိတယ်..."

ဝူကျီယွမ်က မလှမ်းမကမ်းရှိ လျှို့ဝှက်အခန်း၏ ခလုတ်ကို လက်ညှိုးထိုးပြကာ သတိပေးလိုက်၏။

ဝူဟိုင်ဖုန်း၏ ဒေါသများက တဖြည်းဖြည်း လျော့ကျသွားပြီး သူ၏သား လက်ညှိုးထိုးပြသော နေရာကို မြင်သောအခါ ထိုဘက်သို့ လျှောက်သွားလေသည်။

စာအုပ်စင်တန်းများပေါ်တွင် ဝူဟိုင်ဖုန်းက စာအုပ်အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ဖယ်ရှားလိုက်သကဲ့သို့ ရှိသော်လည်း တကယ်တမ်းတွင်မူ လျှို့ဝှက်တံခါးတစ်ပေါက်က တဖြည်းဖြည်း ပွင့်လာခဲ့ပြီး သားအဖနှစ်ဦးသည် တစ်ယောက်နောက်တစ်ယောက် ဝင်ရောက်သွားကြသည်။

တံခါးအပြင်ဘက်မှ စောင့်ကြည့်နေသော ယွင်ဟွားသည် ဤအရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး သူမ၏ မျက်နှာလေးတွင် ဝမ်းမြောက်မှုများ ပြည့်နှက်နေလေသည်။

"ကျစ်... ကျစ်... ကျစ်..."

"မနေ့ညက ငါ့ရဲ့ လှည့်စားမှုက အတော်လေး အောင်မြင်ခဲ့ပုံရတယ်... ငါ့ရဲ့ တပည့်... အာ... ဧကရာဇ်ဝူကျီက တိုက်ရိုက်ကို နှစ်ငါးဆယ်စာချုပ် ချုပ်ဖို့ ကမ်းလှမ်းလိုက်တာပဲ... ကြည့်စမ်း... ဟိုမိစ္ဆာကြီး သူ့ရဲ့ သူဌေးကိုတောင် ပြန်ကျိန်ဆဲနေရတဲ့အထိ ဒေါသထွက်နေတာ..."

“ပန်းကလေး... နင်ကျိန်ဆဲတဲ့အခါ ဧကရာဇ်ဝမ်ရွှမ်းထက်တောင် ပိုပြီး ရက်စက်သေးတယ်..”

သေခြင်းရှင်ခြင်းစာအုပ်က ပန်းကလေးကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ယွင်ဟွားသည် သေခြင်းရှင်ခြင်းစာအုပ်ကို စူးရဲစွာ ကြည့်လိုက်၏။

“အဲ့ဒါက ငါ့အဖေဆီကနေ သင်ယူထားတာ..."

သေခြင်းရှင်ခြင်းစာအုပ်…

"သွားကြစို့... သွားကြစို့... သူတို့နှစ်ယောက်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူနေကြတယ်... သူတို့ ဘာတွေကြံစည်နေသလဲဆိုတာကို နောက်ကလိုက်ပြီး ကြည့်ရအောင်..."

သူမ အမြင်ချင်ဆုံးအရာမှာ သူ၏ လူခေါင်းများ စုဆောင်းထားသည့် လက်ရာမြောက် ဖန်တီးမှုပင်ဖြစ်သည်ဟု ယွင်ဟွားက ပြောလိုက်လေသည်။

ယခင်နည်းလမ်းအတိုင်း လိုက်လုပ်ကာ ယွင်ဟွားသည် လျှို့ဝှက်အခန်းကို ဖွင့်လိုက်သည်။

မှောင်မည်းနေသော စင်္ကြံလမ်းတွင် ဆီမီးခွက်တစ်ခုက အကွာအဝေးတစ်ခု၌ မှိန်ပျပျ လင်းလက်နေ၏။

ယွင်ဟွားသည် တိတ်ဆိတ်စွာ ရွေ့လျားသွားခဲ့ပြီး မကြာမီတွင် သူမ၏ အရှေ့၌ ကျောက်တံခါးတစ်ချပ် ပေါ်လာလေသည်။

သူမသည် လေးလံသော ကျောက်တံခါးပေါ်သို့ တစ်ကိုယ်လုံးဖြင့် မှီချလိုက်သော်လည်း သူမ၏ ကောင်းမွန်လှသော အကြားအာရုံဖြင့်ပင် အထဲတွင် မည်သည့်စကားများ ပြောနေသည်ကို မကြားရပေ။ ဤသည်က သူမအား အလွန်အမင်း စိုးရိမ်ပူပန်စေသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ကုတ်နေမိလေသည်။

“ကောင်းမွန်တဲ့ စကားအနည်းငယ်လောက် ပြောလိုက်... ငါ အထဲကို ခိုးဝင်ပြီး ပြဇာတ်ကြည့်ဖို့ နင့်ကို ခေါ်သွားပေးမယ်…”

စကားလုံးအနည်းငယ်က လေထဲတွင် ပေါ်လာပြီး ငရဲလကျောက်က အောင်ပွဲခံသည့်ဟန်ဖြင့် လင်းလက်သွားသည်။

ယွင်ဟွား၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူမ၏ လက်ထဲတွင် ရွှေအုတ်ခဲလေးတစ်ခု ပေါ်လာလေသည်။

"ကျောက်တုံးလေး... နင့်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်... သေချာပြောစမ်း..."

ငရဲလကျောက်သည် တစ်ဖက်လူက နတ်ဘုရားအဆင့် လက်နက်တစ်ခုဖြစ်ပြီး ၎င်း၏ လက်ရှိကျောက်တုံးကိုယ်ထည်က ရိုက်ခတ်မှုကို မခံနိုင်ကြောင်း သိရှိသွားသဖြင့် ချက်ချင်းပင် နာခံတတ်သွားလေတော့သည်။

*ဘယ်လောက်တောင် ကပ်စေးနဲလိုက်သလဲ*

*ချီးကျူးစကား နှစ်ခွန်းလောက် ပြောရတာက ဘာများမှားနေလို့လဲ။*

အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ယွင်ဟွားကို ငရဲလကျောက်က အထဲသို့ ခေါ်ဆောင်သွားရာ သူမအား ကိုယ်ပျောက်သွားစေလေသည်။

မမြင်ရမချင်း သင် ယုံကြည်မည် မဟုတ်သလို သင် တွေ့ရှိရမည့်အရာက သင့်ကို တုန်လှုပ်သွားစေလိမ့်မည် ဖြစ်၏။

ထိုအချိန်တွင် နဂါးဝတ်စုံကို ဝတ်ဆင်ထားသော ဝူဟိုင်ဖုန်းက သူကိုယ်တိုင် ပြုလုပ်ထားသော နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ၏ မျက်နှာပေါ်တွင် သာယာကြည်နူးမှုများ ပြည့်နှက်နေလေသည်။

သူသည် နဂါးပလ္လင်၏ လက်ရန်းများကို လက်နှစ်ဖက်ဖြင့် ဆက်တိုက် ပွတ်သပ်နေပြီး ရွှေရောင်ဆွဲဆောင်မှုက ယွင်ဟွား၏ မျက်လုံးများကို အရောင်လက်သွားစေသည်။

“ အာ…”

“ငါ အလိုချင်ဆုံး ရွှေနဂါးပလ္လင်ကြီး…”

ယွင်ဟွားက သူ့အား ပလ္လင်ပေါ်မှ ကန်ချပစ်လိုက်ချင်စိတ် ပေါက်သွားသည်။ သူမသည် ဧကရာဇ်ဝမ်ရွှမ်း၏ တင်ပါးအောက်ရှိ နဂါးပလ္လင်ကို အချိန်ကြာမြင့်စွာကတည်းက မျက်စိကျနေခဲ့သော်လည်း ရိုက်နှက်ခံရမည်ကို ကြောက်ရွံ့သဖြင့် မတောင်းဆိုရဲခဲ့ပေ။

ယခုမူ အသင့်ရရှိနိုင်သော အရာတစ်ခု ရှိနေပြီဖြစ်ရာ သူမ၏ ဆန္ဒများ နောက်ဆုံးတွင် ပြည့်ဝသွားခဲ့ပြီ ဖြစ်လေသည်။

“ ဟွားဟွား... သူက ပုန်ကန်ပြီး ဧကရာဇ်ဖြစ်ချင်နေလိမ့်မယ်လို့ ငါ လုံးဝမမျှော်လင့်ထားဘူး... ဒါကြောင့်လည်း စောစောက ဧကရာဇ်ဝူကျီကို ထီးနန်းစွန့်ဖို့ စည်းကမ်းမဲ့စွာ ပြောရဲတာကိုး... သူ ကြံစည်နေတာက ဒါမျိုးကိုး... “

တရားသူကြီးပေပေ့က ဝူဟိုင်ဖုန်းအား အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“ထွီ... ပေကျန်းတော်ဝင်မိသားစုက သူတို့ရဲ့ ကံကြမ္မာကောင်းတွေနဲ့ မြင့်မားနေတာ... သူက ဘယ်လို စိတ်ကူးယဉ်နေတာလဲ... “

ထိုစကားကို ကြားသောအခါ သေခြင်းရှင်ခြင်းစာအုပ်သည် ဝူဟိုင်ဖုန်းအား သူ၏ မျက်လုံးထဲတွင် အမှောင်ရိပ်များဖြင့် တစ်ချက်ကြည့်လိုက်၏။

"ခမည်းတော်... အခု ဧကရာဇ်ဝူကျီက တုံလင်နဲ့ စစ်မဖြစ်ချင်တော့ဘူးဆိုတော့ သားတော်တို့ ဘာလုပ်သင့်သလဲ..."

ဝူကျီယွမ်က သူ၏ဖခင်ဝတ်ဆင်ထားသော နဂါးဝတ်စုံကို ကြည့်လိုက်ရာ သူ၏ တစ်ကိုယ်လုံးတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။

ထီးနန်းပေါ်တွင် မထိုင်ချင်သော အမတ်တစ်ဦးသည် အမတ်ကောင်းတစ်ဦး မဟုတ်ပေ။ သူကလည်း အရာအားလုံးကို အထက်စီးမှ ကြည့်ရသည့် ခံစားချက်မျိုးဖြစ်သော အိမ်ရှေ့စံတစ်ပါးဖြစ်ရခြင်း၏ အရသာကို စမ်းသပ်ကြည့်ချင်နေသည်။

ဝူဟိုင်ဖုန်း၏ မျက်လုံးများက အေးစက်သွားလေ၏။

"ဒါဆိုရင် အဲ့မျှတမှုကို ချိုးဖျက်ပစ်လိုက်ကြတာပေါ့..."

သူက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏ နှုတ်ခမ်းများတွင် မဲ့ပြုံးတစ်ခုက တွဲခိုနေကာ သူ၏ တစ်ကိုယ်လုံးမှ ဆိုးယုတ်သော အငွေ့အသက်များ ဖြာထွက်နေပေသည်။

"ငါကိုယ်တော်တို့ လျှို့ဝှက်လေ့ကျင့်ပေးထားတဲ့ စစ်သည်တွေကိုလည်း အသုံးချသင့်ပြီ... သူတို့ကို နယ်စပ်ဆီ လျှို့ဝှက်ပို့ဆောင်ပြီး တုံလင်က စစ်သည်တွေအဖြစ် ဟန်ဆောင်ပြီး ပေကျန်းက ပြည်သူတွေကို မီးရှို့၊ သတ်ဖြတ်၊ လုယက်ခိုင်းလိုက်ပါ... ပြဿနာကြီးကြီးမားမားဖြစ်အောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ..."

"ဧကရာဇ်ဝူကျီက တုံလင်နဲ့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း ဆက်နေနိုင်မယ်ဆိုတာကို ငါ မယုံဘူး..."

All Chapters