← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) ရည်ရွယ်ချက်နှင့် သူ၏ အတိတ်အပေါ် ရှုမြင်သုံးသပ်ချက်

ဝူဟိုင်ဖုန်းက အုံ့မှိုင်းသော လေသံဖြင့် ပြောလိုက်လေသည်။

"ခမည်းတော်... စိတ်မပူပါနဲ့... မြောက်ပိုင်းနယ်စပ်နှင့် အရှေ့ဘက်နယ်စပ်ကြားမှာ စစ်ပွဲက မလွဲမသွေ ဖြစ်လာမှာပါ..”

ဝူကျီယွမ်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ ပြည့်နှက်နေ၏။ သူတို့သည် ဤအစီအစဉ်ကို ဆယ်နှစ်တိုင်တိုင် ကြံစည်လာခဲ့ကြခြင်း ဖြစ်သည်။

ယွင်ဟွားသည် သူမ၏ မေးစေ့ကို လက်ချောင်းထိပ်လေးများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ပြီး ကြည့်လေလေ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရလေလေ ဖြစ်နေ၏။

“ရှောင်ရှူးရှူး... ယုတ္တိတန်တန် စဉ်းစားကြည့်ရရင် ဒီမိစ္ဆာအိုကြီးက ထီးနန်းကို လုယူချင်တယ်ဆိုရင် ဧကရာဇ်ဝူကျီကို တိုက်ခိုက်ရမှာ မဟုတ်ဘူလား... သူက ဘာလို့ တုံလင်ကို တိုက်ခိုက်ဖို့ပဲ အာရုံစိုက်နေရတာလဲ... သူက ပြဿနာတွေဖန်တီးပြီး ဧကရာဇ်ဝူကျီရဲ့ အာရုံကို လွှဲချင်နေတာများလား... ပြီးတော့မှ လှည့်ပြီး သူ့ကို ပြန်ကိုက်ဖို့များလား..”

သေခြင်းရှင်ခြင်းစာအုပ်က ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်လေသည်။

“ပန်းကလေး... ဒီမိစ္ဆာအိုကြီးက ထီးနန်းကို လုယူချင်နေတာ မှန်ပေမယ့် ဧကရာဇ်ဝူကျီရဲ့ ထီးနန်းကို မဟုတ်ဘဲ ဧကရာဇ်ဝမ်ရွှမ်းရဲ့ ထီးနန်းကို လုယူချင်နေတာ.”

“ဘာ…”

ယွင်ဟွားသည် အံ့သြမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရှောင်ရှူးရှူးကို ချက်ချင်း လှမ်းကြည့်လိုက်၏။

“ပန်းကလေး... ဒီမိစ္ဆာအိုကြီးမှာ ကိုယ်ပိုင်စစ်တပ် အတော်များများရှိပြီး သူက စစ်သူကြီးတချို့ကိုလည်း ဖျောင်းဖျထားပြီးပြီ... သူက နိုင်ငံနှစ်ခုကြား စစ်မီးမွှေးပြီး မြောက်ပိုင်းဧကရာဇ်ရဲ့ စစ်တပ်ကို အသုံးပြုပြီး အရှေ့ပိုင်း တော်ဝင်မိသားစုကို သိမ်းပိုက်ဖို့ ကြံစည်နေတာ... ပြီးရင် မြို့တော်တစ်ခုလုံးကို ထိန်းချုပ်ပြီး သူ့ကိုယ်သူ ဧကရာဇ်အဖြစ် ကြေညာလိမ့်မယ်…”

“ဟင်…”

ယွင်ဟွားသည် ခေါင်းစောင်းလိုက်ပြီး ထိုအဘိုးကြီးအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။

“သူက ရူးနေတာလား... သူက ဧကရာဇ်အဖြစ် ကြေညာချင်တိုင်း ကြေညာလို့ မရဘူးလေ... ဧကရာဇ်ဝူကျီကလည်း အရူးမှ မဟုတ်တာ... မြောက်ပိုင်းနယ်စပ်က စစ်သည်တွေက သူ့စကားကို နားထောင်မယ်လို့ ထင်နေတာလား..”

သူက ကိုယ်ပိုင်စစ်တပ်ကြီးတစ်ခုကို မွေးမြူထားလျှင်တောင်မှ... ဥပမာ သုံးသောင်းခန့်ဆိုလျှင်ပင် အတော်လေး ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်... သို့သော်လည်း သူက မြောက်ပိုင်းနယ်စပ်ရှိ သိန်းနှင့်ချီသော စစ်တပ်ကြီးကို ယှဉ်နိုင်မည်တဲ့လား။

ဤလူက အိပ်မက်မက်နေတုန်းပဲလား။

သေခြင်းရှင်ခြင်းစာအုပ်က တခစ်ခစ်ရယ်မောလိုက်၏။

"ပန်းကလေး... နင့်မောင်လေးကိုယ်ပေါ်က အဆိပ်ကို မှတ်မိသေးလား... အရင်တုန်းက သူ့ဘေးမှာ အဆိပ်တွေ ဖော်စပ်ဖို့ ရူးသွပ်နေတဲ့ အရူးတစ်ယောက် ရှိခဲ့ဖူးတယ်..."

ထိုမိစ္ဆာအိုကြီးက ထိုလူရူးအတွက် အဆိပ်ပြင်းသော ဆေးဖက်ဝင်အပင်များ၊ အင်းဆက်များနှင့် ဆေးစမ်းသပ်ရန် လူများကို ထောက်ပံ့ပေးခဲ့ပြီး ထိုလူက မိစ္ဆာအိုကြီး လိုချင်သော အဆိပ်များကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

“မိစ္ဆာအိုကြီး ကိုယ်တိုင်က စစ်သည်တစ်သိန်းကို ကွပ်ကဲနေတာ... သူက ဧကရာဇ်ဝူကျီရဲ့ ကမ္ဘာလောကကြီးကို စည်းလုံးညီညွတ်စေချင်တဲ့ ရည်မှန်းချက်ကို သိထားလို့ ညီလာခံမှာ စိတ်အားထက်သန်စွာနဲ့ လျှောက်တင်ပြီး စစ်တပ်ကို ဦးဆောင်ဖို့နဲ့ နောက်ထပ် စစ်သည်ငါးသိန်းကို သူ့ဆီ လွှဲပြောင်းပေးဖို့ ဧကရာဇ်ဝူကျီကို ဖျောင်းဖျခဲ့တယ်..”

“ဒါ့ကြောင့် သူ့မှာ စစ်သည်ခြောက်သိန်းရှိလာပြီး မြောက်ပိုင်းနယ်စပ်မှာ စစ်သည်နှစ်သိန်းသာ ကျန်ရစ်ခဲ့တယ်..”

သေခြင်းရှင်ခြင်းစာအုပ် ပြောသည်ကို ကြားသောအခါ ယွင်ဟွားသည် ထိုမိစ္ဆာအိုကြီး ဘာတွေးနေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားလေသည်။

“သူက စစ်တပ်အာဏာကို ရယူဖို့ နိုင်ငံနှစ်ခုကြား စစ်မီးအရင်မွှေးခဲ့တာ... တုံလင်ကို အောင်နိုင်ခါနီးအချိန်မှာ သူက စစ်သည်တွေကို အဆိပ်ခတ် ထိန်းချုပ်ပြီး သူ့အတွက် အလုပ်လုပ်ခိုင်းမယ်... နောက်ဆုံးကျမှ တုံလင်မှာ အခိုင်အမာ ခြေကုပ်ယူပြီး မြောက်ပိုင်းနယ်စပ်ကို ပြန်လည်တိုက်ခိုက်မယ်..”

သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းညိတ်လိုက်သည်။

"အနည်းနဲ့အများတော့ မှန်တယ်..."

ယွင်ဟွားသည် ဝူမိသားစု သားအဖနှစ်ဦး၏ ကောက်ကျစ်စဉ်းလဲသော မျက်နှာများကို မော့ကြည့်လိုက်ရာ သူမ၏ ဒေါသများ ပွက်ပွက်ဆူလာပြီး ထိုလူယုတ်မာအိုကြီးကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ်များ ပေါက်လာလေ၏။

“ဒါနဲ့... အဆိပ်တွေ ဖန်တီးတဲ့ ဟိုအရူးကရော ဘယ်ရောက်သွားပြီလဲ…”

ကွက်တိပင်... သူမက ရှောင်ယွမ်ယွမ်အတွက် ဖြေဆေးကို သူ့ထံမှ ရနိုင်မလားဆိုသည်ကို ကြည့်ရပေမည်။

သေခြင်းရှင်ခြင်းစာအုပ်က ပန်းကလေးအကြောင်းကို အလွန် ကောင်းစွာ သိရှိထားသဖြင့် သူမ စကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်လေသည်။

“သူ သေသွားပြီ... အဲ့အရူးရဲ့ ဒေါသက မှန်းဆလို့မရဘူး... သူက လူတွေကို အလွယ်တကူ အဆိပ်ခတ်တတ်တယ်... မိစ္ဆာအိုကြီးလည်း အရင်က ခံခဲ့ရဖူးတယ်... သူသာ သူ့ဆီကနေ တစ်ခုခုကို မလိုချင်ခဲ့ဘူးဆိုရင် သူ့ကို စောစောစီးစီး သတ်ပစ်ပြီးလောက်ပြီ..”

“လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အဲ့မိစ္ဆာအိုကြီးက သိန်းနဲ့ချီတဲ့ စစ်တပ်ကြီးကို ထိန်းချုပ်ဖို့ လုံလောက်တဲ့ အဆိပ်နဲ့ ဖြေဆေးကို ရရှိသွားပြီးတဲ့နောက်မှာ သူ့ကို ချက်ချင်း သစ္စာဖောက်ပြီး ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်…”

ယွင်ဟွား- ......

ဝူဟိုင်ဖုန်းက တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းလှပေသည်။

"ခမည်းတော်... သားတော် သွားပြီး အစီအစဉ်တွေ ချလိုက်ပါ့မယ်..."

ဝူကျီယွမ်က ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။ သာမန်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များနှင့် ပတ်သက်၍မူ သူ၏ ခမည်းတော် အောင်မြင်မှုလမ်းကြောင်းအတွက် ပံ့ပိုးပေးနိုင်ခြင်းက သူတို့အတွက် ကောင်းချီးတစ်ခုပင် ဖြစ်ပေသည်။

"ကောင်းပြီ... သွားတော့... ဒါပေမယ့် တချို့လူတွေကို ရှောင်ရှားဖို့ သတိထားဦး..."

ဝူဟိုင်ဖုန်းသည် နဂါးပလ္လင်ပေါ်တွင် မတ်မတ် ထိုင်လိုက်၏။ လူတိုင်းက သူ၏ ရှေ့တွင် ဒူးထောက်ကာ "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ..." ဟု အော်ဟစ်နေကြမည့် အနာဂတ်နေ့ရက်ကို သူ မြင်တွေ့နေရပြီဟု ထင်မှတ်ရလေသည်။

ဝူဟိုင်ဖုန်းက ပြုံးရွှင်မှုကို မထိန်းနိုင်ဘဲ သူ၏ လက်ကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

"ထကြလော့..."

ယွင်ဟွားနှင့် အခြားသူများ : ….. ဒီလူက စိတ်ဖောက်ပြန်နေတာလား။

သူ၏ ရယ်မောသံ မတိတ်မီမှာပင် သူက ဆက်ပြောလိုက်၏။

"အမတ်တို့... လျှောက်တင်စရာ ကိစ္စများရှိပါက ပြောကြလော့... မရှိပါက ညီလာခံကို ရပ်နားမယ်..."

ယွင်ဟွား ......

သူမ၏ မျက်နှာပေါ်ရှိ ကြွက်သားများပင် တဆတ်ဆတ် တုန်ခါသွားရ၏။ ဤလူက သူမထက်ပင် စိတ်ကူးယဉ်ဆန်လွန်းနေလေသည်။

ယွင်ဟွားက ဆက်၍ပင် ကြည့်မနေနိုင်တော့ပေ။ သူမ၏ လက်သီးဆုပ်လေးများကို တင်းကျပ်စွာ ဆုပ်ထားသဖြင့် အရိုးအဆစ်များ မြည်သံထွက်ပေါ်လာပြီး သူမ ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်များက ဆက်တိုက် ထွက်ပေါ်လာကာ ကျောက်တုံးအခန်းထဲရှိ ဖယောင်းတိုင်မီးများကို အနည်းငယ် တုန်ခါသွားစေသည်။

ဝူဟိုင်ဖုန်းက တုန်ယင်သွားပြီး သူ၏ အိပ်မက်ထဲမှ နိုးထလာခဲ့၏။

“ပန်းကလေး... နင့်အနောက်ဘက် နံရံပေါ်မှာ အပြင်ကို ထွက်နေတဲ့အရာက စက်ယန္တရားတစ်ခုပဲ... အဲဒါကို နှိပ်လိုက်ရင် သူ စုဆောင်းထားတဲ့ လူခေါင်းတွေအားလုံး အထဲမှာ ချိတ်ဆွဲထားတာကို မြင်ရလိမ့်မယ်..”

ယွင်ဟွား၏ မျက်လုံးများက စူးရှသွားပြီး သေခြင်းရှင်ခြင်းစာအုပ် လမ်းညွှန်သည့်အတိုင်း သူမ၏ လက်လေးဖြင့် ညင်သာစွာ ဖိချလိုက်လေသည်။

"ကလစ်" ဟူသော အသံတစ်သံ ထွက်ပေါ်လာ၏။

သူ၏ နဂါးဝတ်ရုံကို ချွတ်နေသော ဝူဟိုင်ဖုန်းမှာ ချက်ချင်းပင် အေးခဲသွားရလေသည်။

လျှို့ဝှက်တံခါးက တဖြည်းဖြည်း ပွင့်လာပြီး ပုန်းအောင်းနေဆဲဖြစ်သော ယွင်ဟွားက အထဲသို့ အရင်ဆုံး ပြေးဝင်သွားခဲ့သည်။

ကျောက်တုံးအခန်းတစ်ခန်းလုံးတွင် ခြောက်သွေ့နေသော လူခေါင်းများကို ချိတ်ဆွဲထားသည့် မြင်ကွင်းက ယွင်ဟွားအတွက် အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။

နောက်တစ်စက္ကန့်တွင်။

အသက်ရှူလိုက်တိုင်း သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး ယွင်ဟွား၏ တစ်ကိုယ်လုံးတွင် မကောင်းဆိုးဝါး စွမ်းအင်များ လွှမ်းမိုးသွားကာ ကြည်လင်နေသော သူမ၏ မျက်လုံးအဖြူအမည်းများမှာ ချက်ချင်းပင် မျက်စိကျိန်းလောက်အောင် နီရဲသွားလေသည်။

သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏ စုတ်တံတို့မှာ အံ့သြထိတ်လန့်စွာဖြင့် အသက်ရှုမှားသွားကြ၏။

လူခေါင်းများမှာ ခြောက်သွေ့နေသော်လည်း သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာများကို ဝိုးတဝါး မြင်တွေ့နေရဆဲ ဖြစ်သည်။

ထိုမိစ္ဆာအိုကြီးက လူခေါင်းများ စုဆောင်းရသည်ကို နှစ်သက်ကြောင်း သူတို့ သိထားသော်လည်း တကယ့်လက်တွေ့ မြင်လိုက်ရသောအခါတွင်မူ ထိုခေါင်းပိုင်ရှင်များသည် သေဆုံးခါနီး အချိန်လေးတွင် မည်မျှလောက် စိတ်ပျက်အားငယ်ပြီး နာကျင်ခံစားခဲ့ရမည်ကို သူတို့ စိတ်ကူးပင် မယဉ်ဝံ့ကြပေ။

“သူ... သူက အငြိုးအတေးတစ္ဆေထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသေးတယ်…”

တရားသူကြီး၏ စုတ်တံလေးက သေခြင်းရှင်ခြင်းစာအုပ်အနီးသို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွားလေရာ လူခေါင်းများအထက်မှ နာကြည်းချက်များက အလွန် ကြီးမားလှသဖြင့် သူတို့၏ နှလုံးသားများကို ပြင်းထန်စွာ ရိုက်ခတ်သွားစေ၏။

ဝူဟိုင်ဖုန်းက သံသယဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ နောက်သို့ လိုက်ဝင်သွားလေသည်။

သူ၏ လက်ရာကို ကြည့်ရင်း အစောပိုင်းက သူ ခံစားခဲ့ရသော မသက်မသာ ဖြစ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

"ကလေးတို့... နည်းနည်းလောက် ထပ်စောင့်ကြဦး... မကြာခင်မှာ မင်းတို့ကို အဖော်ပြုပေးဖို့ နောက်ထပ် သူငယ်ချင်းသုံးယောက် ရောက်လာလိမ့်မယ်..."

“ဟီးဟီးဟီး…”

ဝူဟိုင်ဖုန်းက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သူ၏ ပခုံးများမှာ တဆတ်ဆတ် တုန်ခါနေ၏။

ရုတ်တရက် သူသည် အခြား ဦးတည်ချက်တစ်ခုသို့ စတင် လျှောက်သွားလေသည်။

အရင်လိုပင် သူက ခလုတ်တစ်ခုကို နှိပ်လိုက်ရာ အခြား ကျောက်တုံးအခန်းတစ်ခန်း ပွင့်လာခဲ့၏။

ယွင်ဟွားသည် မှောင်မိုက်နေသော မျက်နှာထားဖြင့် လျှောက်သွားလိုက်ရာ သူမ၏ မျက်လုံးအိမ်များမှာ ချက်ချင်းပင် ကျယ်လာခဲ့လေသည်။

အခန်းထဲတွင် လူပေါင်းတစ်ရာကျော်ခန့် ပြည့်နှက်နေပြီး ယွင်ဟွား၏ ဆံပင်များမှာ ချက်ချင်းပင် ထောင်ထသွားရလေသည်။

တရားသူကြီး၏ စုတ်တံလေးမှာ အလွန် ကြောက်လန့်သွားသဖြင့် ယွင်ဟွား၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ချက်ချင်း ပြန်လည်ဆုတ်ခွာသွား၏။

"မတွေ့ရတာ ကြာပြီပဲ... မင်း ငါ့ကို လွမ်းနေတာလား..."

ဝူဟိုင်ဖုန်းက သူ၏ လက်ကို မြှောက်ကာ လူခေါင်းတစ်ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။ ကြိုးပေါ်တွင် သစ်သားဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး ထိုအပေါ်တွင် "ထျဲ့တန်" ဟူသော စာလုံးများကို ရှင်းလင်းစွာ ရေးသားထားရာ ၎င်းမှာ လူ၏ မူလအမည် ဖြစ်ဟန်တူပေသည်။

“ရှောင်ရှူးရှူး... ဒီမိစ္ဆာအိုကြီးက ဘယ်လိုလုပ်ပြီး ခုလို ဝါသနာမျိုး ရှိနေရတာလဲ..”

ယွင်ဟွားက သူမ၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို မနည်း ထိန်းချုပ်ထားရင်း ဝူဟိုင်ဖုန်းကို စိုက်ကြည့်နေလိုက်၏။

သေခြင်းရှင်ခြင်းစာအုပ်က သက်ပြင်းချလိုက်ပြီး ဖြည်းညင်းစွာ စတင်ပြောဆိုလိုက်လေသည်။

“ပန်းကလေး... သူက မူလက..”

"ငါ့ကို အပြစ်မတင်ကြပါနဲ့... မင်းတို့အားလုံးက ကိုယ့်ဒုက္ခကိုယ် ရှာခဲ့ကြတာပဲ..."

ဝူဟိုင်ဖုန်းက ကောက်ကျစ်စွာ ပြောလိုက်ပြီး သူ၏ အတွေးများက အတိတ်ဆီသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားလေသည်။

“သူက မိဘမဲ့တစ်ဦး ဖြစ်ခဲ့တယ်”

“ပန်းကလေး... သူ့မိသားစုက မူလက အရမ်းဆင်းရဲခဲ့တာ... ပိုက်ဆံအများကြီး ရှာနိုင်မယ်ဆိုပြီး စားစရာလေး တစ်ခုရဖို့အတွက် သူက လူတစ်ယောက်နဲ့ ထွက်ပြေးသွားခဲ့တယ်..”

“သူက ငယ်စဉ်ကတည်းက မကြာခဏ ဆာလောင်မွတ်သိပ်ပြီး အအေးဒဏ်ကို ခံစားခဲ့ရလို့ အရွယ်အစားက အရမ်းငယ်ရွယ်လွန်းတာကြောင့် ရွာထဲရှိ အခြားကလေးတွေရဲ့ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံခဲ့ရတယ်။ သူတို့က သူ့ကို ရိုက်နှက်ကြတယ် ရယ်မောကြပြီး လှောင်ပြောင်ကြလေ့ရှိတယ်”

“သူ့ကို ခေါ်လာတဲ့လူက လူလိမ်တစ်ယောက်ပဲ... သူက သူ့ကို ပိုက်ဆံခိုးခိုင်းမယ် ဒါမှမဟုတ် လိမ်ခိုင်းတယ်... နေ့စဉ် ပေးထားတဲ့ အလုပ်တွေကို မပြီးရင် ရိုက်နှက်ခံရတယ် ဒါမှမဟုတ် အစာငတ်ခံရတယ်... နောက်ဆုံးတော့ သူက ရွာတစ်ရွာကို ထွက်ပြေးဖို့ အခွင့်အရေး ရသွားခဲ့တယ်..”

“အဲ့ရွာက ရွာသူကြီးနဲ့ လူကြီးတွေကလည်း အဲ့ကလေးဆိုးတွေကို မတားဆီးခဲ့ရုံသာမက သူတို့ရဲ့ မျက်လုံးတွေမှာလည်း ရွံရှာမှု၊ အထင်အမြင်သေးမှုများ ပြည့်နှက်နေပြီး သူ့ကို မောင်းထုတ်ခဲ့ကြတယ်”

“ဒါပေမယ့် အချို့ ရွာသားတွေကတော့ ကြင်နာတတ်ကြတယ်.. သူတို့က သူ့ကို လက်ခံပြီး ဆေးကုပေးပြီး ငွေကြေးစုဆောင်းပေးပြီး နေထိုင်စရာ နေရာတစ်ခု ပေးခဲ့ကြတယ်”

“ရွာသားတွေက သူ့ကို ကူညီပြီး အခြေခံအားဖြင့် ကျွေးမွေးခဲ့ကြပေမယ့် သူက အစားအသောက်နဲ့ ပတ်သက်ပြီး ညည်းညူပြီး ရွာထဲက အခြားကလေးတွေဆီက အစားအစာတွေကို ခိုးယူတာ ဒါမှမဟုတ် လုယူတာတွေကိုပါ ပြုလုပ်ခဲ့တယ်..”

All Chapters