← Chapters

ပြင်းထန်သော တိုက်ပွဲ (၂)

Vol. 5 Ch. 47

ပြင်းထန်သော တိုက်ပွဲ (၂)

Vol. 5 Ch. 47

ရွေးချယ်စရာမရှိတော့သဖြင့် ဝမ်ရှန်းသည် နောက်သို့ဆုတ်ကာ ခုတင်ရှေ့တွင် တစ်ဖန် ပြန်လည်နေရာယူလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် အရင်ကကဲ့သို့ ရှောင်တိမ်း၍ မရတော့ဘဲ အစိမ်းရောင် အငြိုးကြီးဝိညဉ်ကို တိုက်ရိုက်ရင်ဆိုင်ရပေတော့မည်။

သူသည် သူ၏ဓားကို ကခုန်နေသော နဂါးတစ်ကောင်ကဲ့သို့ ဝှေ့ယမ်းလိုက်ရာ ဓားချက်တိုင်းတွင် အလင်းတန်းများက မှင်ရည်များဖိတ်စင်နေသလို ငရဲပြည်ကိုပင် နှင်ထုတ်ပစ်မည့်အလား ထင်မှတ်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အငြိုးကြီးဝိညဉ်၏ ရှေ့၌ ဓားရိပ် ဆယ်ခုကျော်မှာ တစ်ခုနှင့်တစ်ခု ယှက်နွယ်သွားပြီး မဟာဝက်ဝံကြယ်စု ပုံသဏ္ဌာန်နှစ်ခုအဖြစ် ပေါ်ထွက်လာသည်။ ဝမ်ရှန်းသည် သူ၏ဓားရှည်ကို ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ ဓားရိပ်များမှာ ဝိညာဉ်ဆိုးဆီသို့ ပြေးဝင်သွားသည်။

အင်အားကိုသာ အဓိကထားသော အငြိုးကြီးဝိညဉ်တွင် မည်သည့် ကာကွယ်ရေးနည်းစနစ်မျှ မရှိပေ။ ထို့ကြောင့် ဝမ်ရှန်း၏ စွမ်းအားများ ပါဝင်နေသော ဓားရိပ်များ၏ တိုက်ခိုက်မှုကြောင့် အငြိုးကြီးဝိညဉ် နောက်သို့ လွင့်စင်သွားသည်။ ၎င်း၏ ကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာများစွာ ရရှိသွားခြင်းမှာ အနက်ရှိုင်းဆုံးနားစွင့်သူဓား၏ ထက်မြက်မှုကို သက်သေပြနေခြင်းပင်။

ဝိညာဉ်များကို ဆင့်ခေါ်ရာတွင် အဆင့်အတန်း အမျိုးမျိုးရှိကြောင်း ဝမ်ရှန်း ခပ်ရေးရေး သတိရလိုက်သည်။ ဤအစိမ်းရောင်အကြေးခွံ အငြိုးကြီးဝိညဉ်သည် အမြင့်ဆုံးအဆင့်မဟုတ်သော်လည်း ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ အတော်လေး ခက်ခဲသော ရန်သူဖြစ်သည်။

အငြိုးကြီးဝိညဉ်၏ ပြတ်တောက်သွားသော အကြေးခွံများမှာ လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာပြီး မည်းနက်သော မြူခိုးများကို ထုတ်လွှတ်လိုက်ရာ ၎င်း၏ရုပ်သွင်မှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။

“ထွက်သွားစမ်း”

ကျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဝမ်ရှန်း၏ သွေးကြောဆုံမှတ်နေရာများသို့ သစ်သားအပ်များကို ထပ်မံ ပစ်လွှတ်လိုက်သည်။

ဝမ်ရှန်းသည် သူ၏ဓားကို အသာအယာ ဝှေ့ယမ်းကာ ထိုအပ်များကို အားစိုက်ထုတ်ခြင်းမရှိပဲ ခတ်ထုတ်လိုက်သည်။ သူ၏ ဆံပင်ရှည်များမှာ လေထဲတွင် လွင့်ပျံနေပြီး သူ၏ဟန်အမူယာမှာ အားကုန်မထုတ်သေးသည့် ကျွမ်းကျင်မှုကို ဖော်ပြနေသည်။

“ညီလေး ငါ လာကူမယ်” ပြတင်းပေါက် အပြင်ဘက်မှ အော်ဟစ်သံကို ကြားလိုက်ရသည်။

ကျိုးရင်လောင် နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်သည်။

ဝမ်ရှန်းသည် သူ၏အာရုံကို လုံးဝမပျက်စေဘဲ ခုနှစ်စင်ကြယ်ခြေလှမ်းနှင့် အနက်ရှိုင်းဆုံးနားစွင့်သူဓားကို အသုံးပြုကာ ခုတင်ဘေး ပတ်ပတ်လည် သုံးမီတာအတွင်းကို ကာကွယ်ထားသည်။

ဝမ်ရှန်းက အစိမ်းရောင် အငြိုးကြီးဝိညဉ်ကို လီရှီရှန်းနှင့် ဝေးရာသို့ နောက်တစ်ကြိမ် တိုက်ထုတ်လိုက်ပြီးနောက် ကျိုးရင်လောင်သည် ပြတင်းပေါက်မှတစ်ဆင့် ခုန်ဝင်လာသည်။ အငြိုးကြီးဝိညဉ်ကို မြင်သောအခါ သူသည် ခေတ္တမျှ ကြောင်သွားပြီးနောက် ဂါထာတစ်ခုကို အမြန်ရွတ်ဆိုလိုက်သည်။

“စစ်မှန်သော သိုင်းပညာစွမ်းအားဖြင့် မိစ္ဆာများကို နှိမ်နင်းပြီး ငါ၏ ဓမ္မခန္ဓာကို ကာကွယ်စေ”

ကျိုးရင်လောင်၏ ဦးခေါင်းအထက်တွင် အစစ်မှန်သိုင်းမဟာဧကရာဇ်၏ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ဝိညာဉ်ဆိုး၏ တည်ရှိမှုကြောင့် ထိုမန္တန်သည် ၎င်း၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သဖြင့် ကျိုးရင်လောင်၏ ဝိညာဉ်စွမ်းအားးမှာ လျင်မြန်စွာ ကုန်ခမ်းသွားသည်။

သို့သော် ထိုအရင်းနှီးကြောင့် သူ၏နောက်ကွယ်မှ ပုံရိပ်မှာ နေ့ဖက်ကထက် ပိုမိုထင်ရှားလာသည်။ ဖော်ပြ၍မရနိုင်သော ကြီးမားသည့် ဖိအားတစ်ခုမှာ အခန်းအတွင်း၌ ပြည့်နှက်သွားပြီး ကောင်းကင်ဘုံ၏ မဟာဘုန်းတန်ခိုးတော် သို့မဟုတ် နတ်ဘုရားတို့၏ စွမ်းအားဆင်းသက်လာမှုအလားပင်၊၊

အစိမ်းရောင် အငြိုးကြီးဝိညဉ်သည် ကျိုးရင်လောင်ဘက်သို့ လှည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကျိုးရင်လောင်၏ လက်များမှာ အနည်းငယ် တုန်ရီနေသော်လည်း သူသည် နောက်မဆုတ်ပေ။ သူသည် ဓားကို တင်းတင်းဆုပ်ကာ ဝိညာဉ်ဆိုးဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်၏။

ဝမ်ရှန်းသည် လုံခြုံရေးဝန်ထမ်းလူငယ်ဆီသို့ သူ၏အာရုံအားလုံးကို ပြောင်းလဲ စူးစိုက်လိုက်ပြီး သူ၏စွမ်းအားအားလုံးကို ထုတ်သုံးလိုက်သည်။ မရေမတွက်နိုင်သော ဓားရိပ်များ ပေါ်ထွက်လာပြီး ရန်သူကို ဓားအစီအရင်အတွင်း ပိတ်လှောင်လိုက်လေ၏။

ခုနှစ်စင်ကြယ်လင်းလက်ခြင်း - ဓားလျှပ်စီးအလင်း၊၊

လုံခြုံရေးဝန်ထမ်းလူငယ်၏ အိုးလေးသည် ဝမ်ရှန်း၏ တိုက်ခိုက်မှုကို တားဆီးရန် အစိမ်းရောင် အလင်းတန်းများကို ထုတ်လွှတ်နေသော်လည်း ဝမ်ရှန်းသည် ဓားချက်သုံးချက်အတွင်းမှာပင် ထိုလူ၏ ညာဘက်ပုခုံးကို ထိုးနှက်နိုင်ခဲ့သည်။ ထိုဒဏ်ရာကြောင့် လုံခြုံရေးဝန်ထမ်း၏ ညာဘက်လက်မောင်းတစ်ခုလုံး ထုံကျင်သွားပြီး သူ၏ဟန်ချက်မှာ ပျက်ယွင်းသွားသည်။

ထိုအခွင့်အရေးကို အသုံးချကာ ဝမ်ရှန်းသည် ရန်သူ့လက်ထဲမှ အိုးလေးကို ရိုက်ချလိုက်သည်။ ထို့နောက် တိကျလှသော ဓားစွမ်းအင်ဖြင့် ထိုအိုးလေးကို အခန်းထောင့်သို့ လွင့်စင်သွားအောင် ပို့လိုက်သည်။

ကျန်းက ဝမ်ရှန်းကို စိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်၊၊

“မင်း… ငါ့ရဲ့ အဖိုးတန်အိုးကို ဖျက်ဆီးရဲတယ်”

ဓားရိပ်များ တစ်ဖန် လင်းလက်သွားပြန်ပြီး ထိုလူ၏ ဘယ်ဘက်ပုခုံးနှင့် ပေါင်ဆစ်များကို ထိုးနှက်လိုက်သည်။ သူ၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ အင်အားမဲ့စွာ လဲကျသွားလေတော့သည်။

သူ့ကို သတ်ပစ်ရမလား…။

သူ့ကို သတ်ပစ်ခြင်းမှာ တရားမျှတမှုကို ဖော်ဆောင်ခြင်း ဖြစ်သော်လည်း ပြဿနာများလည်း သယ်ဆောင်လာနိုင်သည်။ နောက်ဆုံးတွင် သူသည် ဥပဒေကြောင်းအရ အာဏာမရှိသော ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး ဤနေရာမှာလည်း ဝေးလံခေါင်ဖျား ဥပဒေမဲ့ဒေသ မဟုတ်ပေ။

လာနောက်နေတာလား။ ဟွာသမ္မတနိုင်ငံမှာ လူသတ်တာက ဘယ်တုန်းက တရားဝင်လို့လဲ…။

သူ၏ဓားမှာ ကျည်ဆန်များကိုပင် မတားဆီးနိုင်သေးပေ။ အနာဂတ်တွင် တားဆီးနိုင်ခဲ့လျှင်ပင် လက်နက်ကြီးများကို မကြောက်ရလောက်အောင် ကျင့်ကြံရန်မှာ အချိန်မည်မျှ ယူရဦးမည်နည်း။ သူ့တွင် မိသားစုနှင့် သူငယ်ချင်းများရှိနေဆဲဖြစ်ပြီး သူသည် အေးအေးချမ်းချမ်းသာ ကျင့်ကြံလိုပေသည်။

ကံကောင်းထောက်မစွာဖြင့် ရန်သူကို လှုပ်ရှား၍မရလောက်အောင် ဒဏ်ရာပေးပြီး သူ၏ကျင့်ကြံခြင်းကို ဖျက်ဆီးမည့် နည်းလမ်းကို ရှာဖွေခြင်းမှာ တရားမျှတမှု၏ ဘောင်အတွင်း၌ ရှိနေပါသေးသည်။

ဝမ်ရှန်း၏ ဓားရိပ်များမှာ တစ်ဖန် လင်းလက်သွားပြီး ထိုလူ၏ အဆစ်များပေါ်တွင် ဒဏ်ရာ ဆယ်ခုကျော်ကို ပေးလိုက်သည်။ သူ၏ဓားကို ထိန်းချုပ်ပုံမှာ ခွဲစိတ်ဆရာဝန်တစ်ဦး၏ ဓားကို အသုံးပြုပုံကဲ့သို့ပင် တိကျလှသည်။ ထိုဒဏ်ရာများမှာ ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာသွားမည်ဖြစ်သော်လည်း ထိုအချိန်အထိမူ သူသည် လုံးဝ လှုပ်ရှားနိုင်မည် မဟုတ်ပေ။

ဘေးဖက်မှ အားနည်းသော ညည်းတွားသံကို ကြားလိုက်ရသဖြင့် ဝမ်ရှန်း လှည့်ကြည့်လိုက်ရာ အစိမ်းရောင် အငြိုးကြီးဝိညဉ်သည် ကျိုးရင်လောင်ကို ရိုက်နှက်လိုက်ပြီး အခန်းထောင့်ရှိ စင်များပေါ်သို့ လွင့်စင်သွားစေသည်ကို တွေ့ရသည်။ အငြိုးကြီးဝိညဉ်သည် ကျိုးရင်လောင်ကို အလွတ်မပေးပဲ လိုက်လံတိုက်ခိုက်နေပြီး ကျိုးရင်လောင်သည် ဘေးသို့ လှိမ့်ရှောင်ကာ နာကျင်မှုကို အံကြိတ်ခံနေရသည်။

ဝမ်ရှန်းသည် ကူညီရန်အတွက် ချက်ချင်း ပြေးဝင်လိုက်ပြီး သူ၏ ဝိညာဉ်အသိစိတ်ကို အစွမ်းကုန် အသုံးချလိုက်သည်။ သူသည် ဓားကိုကိုင်ကာ အော်ဟစ်လိုက်သည်၊၊

“စစ်မှန်သော ကြယ်ငါးစင်းအလင်းက အမှောင်ထုကို ခွင်း၍ နတ်ဘုရားများနှင့် သူတော်စင်များက ငါ့ဝိညာဉ်ကို စောင့်ရှောက်ပါစေ။ ဘေးအန္တရာယ်မှန်သမျှ ကင်းစင်ပပျောက်စေ၊ အမိန့်တော်အတိုင်း အမြန်ဆုံးဖြစ်စေ”

သူ၏ ဝိညာဉ်အသိစိတ်သည် ရေလှိုင်းများကဲ့သို့ အပြင်သို့ ပျံ့နှံ့သွားပြီး အစိမ်းရောင် အငြိုးကြီးဝိညဉ်ထံသို့ ဦးတည်သွားသည်။ သူ၏ နားထဲတွင် အသံများ အနည်းငယ် ဆူညံသွားသော်လည်း သူ၏ ဝိညာဉ်ဖိအားကြောင့် အငြိုးကြီးဝိညဉ်သည် လုံးဝ ရပ်တန့်သွားခဲ့သည်။

မိစ္ဆာကျင့်ကြံသူတစ်ဦးသည် လေလွင့်ဝိညာဉ်လေးတစ်ခုမှနေ၍ ဤအငြိုးကြီးဝိညဉ်ကို မွေးမြူထားခြင်း ဖြစ်သည်။ အခြေခံအားဖြင့် ၎င်းမှာ ကမ္ဘာဉီးချီစွမ်းအားများဖြင့် ဖုံးအုပ်ထားသော ဝိညာဉ်အသိစိတ် အကြွင်းအကျန်များသာ ဖြစ်ပြီး ၎င်းကို မိစ္ဆာပညာရပ်များဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။

အနက်ရှိုင်းဆုံးနားစွင့်သူဓားမှာ ဝိညာဉ်ဆိုးများကို တားဆီးရန် အထူးစွမ်းရည် မရှိသော်လည်း တစ္ဆေနှင်ပညာရပ်များသည် အကောင်းဆုံး တန်ပြန်လက်နက်ပင် ဖြစ်သည်။

ဝမ်ရှန်း ရှေ့သို့ နှစ်လှမ်း တိုးလိုက်သည်။

“ပျက်စီးပြီး ပြန့်လွင့်စမ်း… မိစ္ဆာအားလုံးကို ဖိနှိမ်ဖယ်ရှားပေးပါ”

သူ၏ ဝိညာဉ်အသိစိတ်မှာ ရှေ့သို့ ထပ်မံ တိုးဝင်သွားသည်။ သူ အနည်းငယ် မူးဝေသွားသော်လည်း အစိမ်းရောင် အငြိုးကြီးဝိညဉ်ကို အခန်းထောင့်သို့ အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့သည်။

“အစ်ကိုကျိုး၊၊ အလှူရှင်လီကို စောင့်ရှောက်ထားပါ” ဝမ်ရှန်းက ညင်သာစွာ ပြောလိုက်သည်။

ထို့နောက် သူသည် ဓားကို ဝှေ့ယမ်းလိုက်ရာ အငြိုးကြီးဝိညဉ်၏ လက်တစ်ဖက် ပြတ်တောက်သွားသည်။ တစ္ဆေနှင်မန္တန်က ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်လိုက်သဖြင့် အငြိုးကြီးဝိညဉ်က စတင် အရည်ပျော်လာသည်။

“စစ်မှန်သော ကြယ်ငါးစင်းအလင်းက အမှောင်ထုကို ခွင်း၍ နတ်ဘုရားများနှင့် သူတော်စင်များက ငါ့ဝိညာဉ်ကို စောင့်ရှောက်ပါစေ။ ဘေးအန္တရာယ်မှန်သမျှ ကင်းစင်ပပျောက်စေ၊ အမိန့်တော်အတိုင်း အမြန်ဆုံးဖြစ်စေ”

သူသည် ဂါထာကို ရွတ်ဆိုရင်း အနက်ရှိုင်းဆုံးနားစွင့်သူဓားဖြင့် အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ အငြိုးကြီးဝိညဉ်သည် မခုခံနိုင်တော့ဘဲ တဖြည်းဖြည်းချင်း ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။

ခုတင်ဘေးတွင်မူ ကျိုးရင်လောင်သည် သူ၏ရင်ဘတ်ကို ဖိထားကာ ပါးစပ်ထောင့်မှ သွေးများကို သုတ်နေရင်း ဝမ်ရှန်း၏ ပြတ်သားသော တိုက်ခိုက်မှုကို ငေးကြည့်နေမိသည်။ အကယ်၍ သူသာ ထိုအချိန်တွင် လုံခြုံရေးဝန်ထမ်းကို လှည့်ကြည့်မိပါက နောက်ထပ် ဖြစ်လာမည့်အရာကို တားဆီးနိုင်ခဲ့ပေလိမ့်မည်။ သို့သော် သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေသဖြင့် ဘာကိုမျှ သတိမထားမိခဲ့ပေ။

သူသည် ဤကဲ့သို့ တိုက်ပွဲမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ အငြိုးကြီးဝိညဉ်ကို တိုက်ရိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ခြင်းမှာပင် သူ၏ ခံနိုင်ရည်ကို ပြသနေခြင်း ဖြစ်သည်။

မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ ဒူးထောက်နေသော ကျန်းသည် တစ်နည်းနည်းဖြင့် ရှေ့သို့ တွားသွားနိုင်ခဲ့သည်။ သူ၏ သွေးအလိမ့်လိမ့်နှင့် လက်မှာ အခန်းထောင့်သို့ လိမ့်သွားသော အိုးလေးဆီသို့ လှမ်းနေသည်။

“ငါ သူတို့အတွက် လက်စားချေရမယ်... ငါ့အဖေနဲ့ ငါ့အစ်ကိုအတွက် လက်စားချေရမယ်...”

သူသည် တုန်ရီနေသော၊ ကြားရုံသာရှိသော လေသံဖြင့် အော်ဟစ်လိုက်သည်၊၊

“ငါ၏ ဝိညာဉ်ကို ဆက်သပါတယ်၊။ ငါ၏ သေမျိုးခန္ဓာကိုယ်နှင့် ပေါင်းစည်းပါ၊ ငါ၏ ခံစားချက်များကို ဖယ်ရှားပြီး နတ်ဘုရားစွမ်းအားကို ဖြည့်တင်းပေးပါ”

သူ၏ ဝိညာဉ်အသိစိတ်တစ်ခုလုံးက ပွင့်နေသော အိုးလေးဆီသို့ စီးဝင်သွားသည်။

ဝမ်ရှန်းက အငြိုးကြီးဝိညဉ်၏ ဦးခေါင်းကို ပိုင်းဖြတ်လိုက်ပြီးနောက် သူသည် နောက်သို့ လှည့်ကာ လုံခြုံရေးဝန်ထမ်းကို စိုက်ကြည့်လိုက်မိသည်။

ကျိုးရင်လောင်သည် ထိတ်လန့်မှုကြောင့် သေလုမျောပါးဖြစ်နေသော လီရှီရှန်းကို အမြန်ဆွဲကာ ဘေးသို့ ဆုတ်လိုက်သည်။ ထူထပ်သော အစိမ်းရောင်မြူခိုးများမှာ ကျိန်စာသင့်အိုးလေးထဲမှ ထွက်ပေါ်လာပြီး သွေးများဖုံးလွှမ်းနေသော လုံခြုံရေးဝန်ထမ်းကို လွှမ်းခြုံသွားလေတော့သည်။

All Chapters