← Chapters

တစ်မိနစ်အတွင်း ဘီလီယမ်နာ ဖြစ်သွားခြင်း

Vol. 30 Ch. 300

တစ်မိနစ်အတွင်း ဘီလီယမ်နာ ဖြစ်သွားခြင်း

Vol. 30 Ch. 300

အကယ်၍ ဤလောကကြီးထဲတွင် နောင်တအတွက် ဖြေဆေး ရှိမည်ဆိုပါက တန်ကြေး ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ၊ သူမ ဝယ်လိုသည်။

နာမည်ကြီးမှုနဲ့ ပရိသတ်တစ်ချို့ တိုးပွားဖို့ရန်အတွက်၊ သူမက ငယ်သားတစ်သိုက်ကို ပြဿနာရှာဖို့ ခေါ်လာခဲ့သည်။

စစချင်းတုန်းကတော့ ချန်ယွီ့၏ ဂုဏ်သိက္ခာကို ဖျက်စီးပြီး သူ့ကို ပြန်တိုက်ဖို့ အခွင့်အရေးမပေးဘဲ ထွက်သွားဖို့ ဆုံးဖြတ်ထားသည်။

ထင်မှတ်မထားစွာဖြင့် … သူမက ထိုချန်ယွီ့ ဆင်ထားသည့် ထောင်ချောက်အတွင်းသို့ ဆင်းသက်မိသွားခဲ့လေသည်။

သန်းဆယ်ချီသည့် ကြည့်ရှုသူများရှေ့မှောက်တွင် ချန်ယွီ့က သူမ အဖေ၏ ရန်ပုံငွေ အလွဲသုံးစား လုပ်မှုကို ဖော်ထုတ်လိုက်၏။ သူမအဖေ ထောင်ချခံရမည်မှာ ကျိန်းသေပေါက်ပင်။

အကယ်၍ ရှေ့နေလော့ ပြောသည့်အတိုင်းသာ မှန်ကန်ခဲ့မည်ဆိုပါက သေမိန့်ပေးခံလိုက်ရသည်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူမ အဖေ သေဆုံးသွားသည်နှင့် မိသားစု တစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

သူမ တစ်ချိန်က အနိုင်ကျင့်ခဲ့ဖူးသူများကလည်း အုပ်စုဖွဲ့ပြီး သူမအပေါ် လက်စားပြန်ချေလာမည်။

အများပြည်သူ၏ ပြစ်တင်ရှုတ်ချမှုက ဖခင်ဖြစ်သူ၏ အဆက်အသွယ်များကို ဖိနှိပ်နိုင်စွမ်း ရှိမည်လောဆိုလျှင်တော့ ...

အဖြေကတော့ 'ရှိသည်'။

" ဆိုတော့ .... "ချန်ယွီ့သည် တုန်လှုပ်ရှော့ခ်ရနေသည့် [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]အား ပြုံးလျက် ကြည့်၍ " မင်းအခု စိတ်ကျန်းမာရေး ကုသပေးမှုကို လိုအပ်သွားပြီလား ..."

ချန်ယွီ့စကားကို ကြားတော့ [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ စိတ်ခံစားချက်တို့က ရုတ်ချည်း ပြင်းထန်လာသည်။

" ဒါတွေ အကုန် နင့်ကြောင့် ဖြစ်ရတာ ချန်ယွီ့ ... ဒါတွေအကုန် နင့်အမှားကြောင့်ပဲ ... "

" နင်ငါ့ကို ထောင်ချောက်ဆင်ရုံတင် မကဘူး ... ငါ့တစ်မိသားစုလုံးကိုလည်း ပျက်စီးအောင်လုပ်တယ် ... "

" ငါ့အဖေ တစ်ခုခု ဖြစ်လို့ကတော့ နင် လွယ်မယ် မထင်နဲ့ ... "

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်သည်။

" ဒါ ပုံမှန် စိတ်ကစဉ့်ကလျားဖြစ်တဲ့ လက္ခဏာပဲ ... ရောဂါ မထလာခင်တော့ ကိုယ်က လူကောင်း ... ရောဂါထလာတာနဲ့ လူက ချက်ချင်းပဲ ဒေါသကြီးလာတယ် ... "

ချန်ယွီ့ သူမ၏ ခြိမ်းခြောက်စကားကို မကြားသည့်နှယ် ပြုမူလိုက်သည်။

နောက်ပြီး ကြည့်ရှုသူများကိုလည်း စိတ်ကစဉ့်ကလျားဖြစ်သည့် လက္ခဏာက မည်သည်ကို ဆိုလိုကြောင်းလည်း ရှင်းပြဖို့ ‌မမေ့လျော့ခဲ့ပေ။ ကြည့်ရှုသူများကလည်း ထောက်ခံသည့် ကွန်းမန့်များ ပေးပို့လာရင်း ချန်ယွီ့နှင့် အတိုင်အဖောက် ညီနေကြ၏။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]မှာ လူကို အစိမ်းလတ်လတ် ဝါးစားချင်သည်အထိ ဒေါသ ထွက်နေမိတော့သည်။

ထိုအချိန်၌ သူမ၏ ကိုယ်ပိုင် လက်ပါးစေများထံက သီးသန့်မက်ဆေ့ခ်ျ ၀င်လာသည်။

သူတို့တွေက သူမကို ယခုလောလောဆယ် အချိန်တွင် ချန်ယွီ့နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း မပြုလုပ်ဖို့ရာ အကြံ‌ပေးနေကြသည်။

ချန်ယွီ့ ဒေါသထွက်သွားခဲ့မည်ဆိုပါက ၊ အခြေအနေ ကိစ္စရပ်တို့က ပိုမို ဆိုးရွားလာနိုင်သည်။

ချန်ယွီ့က သူမကို စိတ်ကျန်းမာရေး ပြဿနာများ တိုင်ပင်ဆွေးနွေးပေးဖို့ ကမ်းလှမ်းလာသဖြင့် အနည်းနှင့်အများတော့ အခွင့်အရေးရှိသေးသည်။

ငယ်ရွယ်သည့် အစွန်းရောက် အမျိုးသမီးဝါဒီ မိန်းမငယ်လေးများက ချန်ယွီ့၏ လိုက်စထွင်း အဟောင်းတစ်ချို့ကို ကြည့်ရှုဖူးကြသည်။

တစ်စုံတစ်ယောက်၏ ပြဿနာ ကိစ္စရပ်များကို ကူညီဖြေရှင်းပေးတိုင်း ချန်ယွီ့က စိတ်ကျန်းမာရေး ကုသမှုဟူ၍ ခေါင်းစဉ်ပေးလေ့ ရှိလေသည်။

သူမ၏ အမာခံ ဖန်များမှ ပေးပို့လာသည့် သီးသန့်မက်ဆေ့ခ်ျများကို ကြည့်ရင်း သူမ မျက်နှာထက်ရှိ ဒေါသများက ဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

" ချန်ယွီ့ ... ငါ နင့်ရဲ့ ကုသပေးတာကို လက်ခံဖို့ ဆန္ဒရှိတယ် ... "

" ငါ့အဖေ အခု ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ နင့်မှာ နည်းလမ်းရှိလား .... "

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ဂရုတစိုက်နှင့် မေးမြန်းလိုက်သည်။

"အင်း .... "

ချန်ယွီ့၏ ခွန်းတုံ့ပြန်စကားက သူမ ဦးခေါင်းထက်ရှိ မှောင်မည်းနေသည့် မိုးသားတိမ်စိုင်များကို နေလာနှင်းအလား ပျောက်ကွယ်သွားစေခဲ့လေသည်။

ငွေရောင်လှံ အာဏာရှင်လေး၏ ဖြစ်ရပ်နှင့် ကြုံတွေခဲ့ဖူးသည့် ကြည့်ရှုသူ အဟောင်းများကတော့ ချန်ယွီ့သည် မျက်လုံးထဲ သဲ၀င်မခံတတ်သည့် လူစားမျိုးဖြစ်သည်ကို ကောင်းစွာ သိရှိကြသည်။

အနှီ ကူညီမှုက အခြားနည်းဖြင့် အပြစ်ပေးမှု ပုံစံတစ်မျိုး ဖြစ်ဖို့များ၏။

သူတို့ လုပ်ဖို့ လိုအပ်သည်က စောင့်ကြည့်ရုံမျှပင်။

နောက်ပိုင်းတွင် ရှိုးတစ်ခု ဖြစ်ပေါ်လာဖို့ ကျိန်းသေ‌သလောက်ရှိ၏။

“ ငါ့ကို အမြန်ပြောပြ ….”

[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး] မှာ စိုးရိမ်ပူပန်စိတ်တို့ဖြင့် ပူလောင်နေရ၏။

သူမမှာ ဘာကောင်းသည့် အရည်အချင်းမျှ မရှိသော်လည်း စကားနည်းနည်း နားထောင်သည့် သမီးလိမ္မာလေးပင်။

ဒါပေမယ့်လည်း ဒါပေါ့ … စကားနားထောင်တယ်ဆိုတာက သူမ မိဘတွေ သူမအပေါ် အလိုလိုက်တာနဲ့လည်း ဆိုင်သေးတယ်လေ …

“ ဒါဆိုရင်တော့ သမားခ အရင်ပေးဖို့ ဒုက္ခပေးရတော့မယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ သမားခက စုစုပေါင်း ယွမ်တစ်သောင်းပဲ ….”

“ ကျူအာကုတ် ဖတ်မလား … ဒါမှမဟုတ် ငွေလွှဲချင်လား ….”

“ ငါ့မှာ အခုလောလောဆယ် အဲ့လောက် ငွေအများကြီး မရှိသေးဘူး … ဖြေရှင်းနည်းလမ်းကို အရင်ပြောပြပေးပါလား … နောက်မှ မိသားစုဆီကနေ ငွေတောင်းပြီး ပေးမယ်လေ ….”

[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး] က အခက်တွေ့နေဟန်ပင်။

ဖခင် ဖြစ်သူ၏ ငွေ အလွဲသုံးစား လုပ်မှုကြောင့် မိသားစု တစ်ခုလုံး ရှုပ်ထွေးနေမည်မှာ ကျိန်းသေပေါက်ပင်။

အကယ်၍ သူမသာ ယခုအချိန်တွင် မိသားစုထံ ဖုန်းဆက်ပြီး ပိုက်ဆံတောင်းမည်ဆိုပါက သူမ၏ မိဘများမှာ ဖုန်းပင် ကိုင်ကြမှာ မဟုတ်ချေ။

“ ငါ ပြောတာ မမှားဘူးဆိုရင် ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ မင်းအမေက တနင်္လာနေ့တိုင်း ကတ်ထဲကို စားသောက်စရိတ် လွှဲပေးတယ် မဟုတ်ဘူးလား …”

“ ဒီနေ့က တနင်္လာနေ့ဆိုတော့ မင်း ကတ်ထဲ ပိုက်ဆံ ရောက်နေပြီးသား ….”

“ ဒါပေမယ့် ငါ့ကတ်က ငါ့ကောင်လေး လက်ထဲမှာလေ … အိုး ဟုတ်သား … အွန်လိုင်းငွေလွှဲလို့ ရတာပဲဟာ ….”

[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး] က ကိုယ့်နဖူးသူ လက်ဖြင့် ထုလိုက်သည်။

နောက်ဆုံးတော့ အွန်လိုင်း ငွေလွှဲအက်ပ်များ အသုံးပြု၍ ရသည်ကို သတိရသွားခဲ့လေပြီ။

ဖုန်းကို ကောက်ယူရင်း သူမ ငွေထည့်ထားသည့် ဘဏ်အက်ပ်ကို ဖွင့်လိုက်တော့ ချန်ယွီ့ ပြောသည့်အတိုင်းပဲ ယခုတစ်ပတ်အတွက် အသုံးစရိတ်များ လွှဲထားပေးပြီး ဖြစ်နေတာကို မြင်တွေ့လိုက်ရသည်။

နောက်ပြီး သူမ၏ ကောင်လေးကလည်း အကုန် မထုတ်ရသေးပေ။

“ ငါ့မှာ အခု ပိုက်ဆံရှိပြီ … နင့်ရဲ့ အကောင့်နံပါတ် ပို့ပေးလိုက် … ငွေလွှဲပေးလိုက်မယ် …”

“ ငွေရပြီးရင် သေချာပေါက် ပြောပြရမှာနော် … မဟုတ်လို့ကတော့ နင် သက်သာမယ် မထင်နဲ့ ….”

ယခုအချိန်ထိတိုင် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး] သည် ချန်ယွီ့ကို ခြိမ်းခြောက်ဖို့ရာ မမေ့လျော့ခဲ့ချေ။

“ အဲ့အပိုင်းကိုတော့ စိတ်ချထားလိုက် … လူနာတွေကို စိတ်နှလုံးသား တစ်ခုလုံးနဲ့ ရင်းပြီး ကူညီပေးရမှာက ငါတို့ ဆရာဝန်တွေရဲ့ တာဝန်ပဲ …”

ချန်ယွီ့က အယုံသွင်းသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]မှာ ချန်ယွီ့ လေသံကိုပင် ဂရုမစိုက်နိုင်တော့ချေ။ ချန်ယွီ့ဘက်က အကောင့်ပို့လာသည်နှင့် သူမက ချက်ချင်းပဲ ယွမ်တစ်သောင်း လွှဲပေးလိုက်၏။

“ ပိုက်ဆံဝင်ပြီ … ဆိုတော့ အခုပဲ စလိုက်ကြတာပေါ့ ….”

ချန်ယွီ့က လက်မောင်းပိုက်လျက် ပရော်ဖက်ရှင်နယ်ဆန်သည့် ဟန်ပန်ဖြင့် “ မင်းရဲ့ စိတ်မတည်ငြိမ်တဲ့ ကစဉ့်ကလျား ရောဂါက မှန်ကန်တဲ့ သင်ကြားပြတဲ့မှုကို အချိန်အကြာကြီး မခံယူခဲ့ရလို့ပဲ …”

“ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ ….” [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး] က ချန်ယွီ့ စကားကို ဖြတ်ပြောလိုက်သည်။

သူမ ယခုအချိန် အပူတပြင်း လိုအပ်နေသည်က ဖခင်ဖြစ်သူ၏ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းပင်။

ချန်ယွီ့ သူမအကြောင်း ဆက်ပြီး ဖော်ထုတ်နေမှာကို မလိုချင်ပေ။

“ မင်းအဖေက ဖြေရှင်းစရာ ဘာပြဿနာ ရှိနေလို့ …” ချန်ယွီ့ မေးလိုက်သည်။

ချန်ယွီ့ ထိုစကား ပြောလိုက်သည်နှင့် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]မှာ ချန်ယွီ့ကို အရှင်လတ်လတ် ကိုက်စားပစ်ချင်စိတ်တို့ တစ်ဖန် ပြန်ပေါ်လာလေသည်။

ချန်ယွီ့ … မျိုးမစစ်ကောင် … အဖြေကို သိထားရဲ့သားနဲ့ ဘာပြဿနာရှိလို့လဲ ဟုတ်လား …. ဒါပေါ့ … ထောင်မကျအောင် ရှောင်နိုင်မယ့် နည်းလမ်းပေါ့ဟဲ့ လဒကောင်ရဲ့ ….

အစောပိုင်းတွင်တုန်းက သူမ မီးဖိုချောင်ထဲသို့ ဖုန်းသွားဆက်ကြည့်လိုက်ရာ ချန်ယွီ့ပေးလာသည့် ဘဏ်အကောင့်ထဲတွင် ရှော့ခ်ရလောက်စရာ ငွေပမာဏတစ်ခု ရှိနေသည်။

စုစုပေါင်း ဒေါ်လာ သန်း ခြောက်ဆယ်ပင်။

[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]မှာ မယုံကြည်နိုင်စွာဖြင့် နှစ်ခါ မေးမြန်းပြီး အတည်ပြုခဲ့သည်။

ထိုအကောင့်က သူမမိသားစုထဲက တစ်ယောက်ယောက်ပိုင်သည့် အကောင့်လားဆိုတာကို သူမ သိချင်ခဲ့လေသည်။

ဘဏ်၏ ဖောက်သည်ဝန်ဆောင်မှုက ပိုင်ရှင်၏ အမည်ကို ပြောပြလိုက်ချိန်တွင်တော့ …

“ အောင်မယ်လေး ဗုဒ္ဓေါ ….”

ပိုင်ရှင် အမည်က သူမ၏ ဖခင်လည်း မဟုတ်၊ မိခင်လည်း မဟုတ်၊ ထိုအစား သွေးဝေးသည့် ဆွေမျိုး တစ်ဦးပင်။

နှစ်သစ်ကူး ရောက်တိုင်း သူမ ထိုဆွေမျိုးနှင့် တွေ့ဆုံဖြစ်၏။

နိမ့်ကျ ၊ ရိုးအ ၊ လူတောမတိုး၊ အသုံးမကျသည့် ထိုလူတွင် နိုင်ငံခြား ဘဏ်ထဲ၌ ဤမျှ ပိုက်ဆံ အများအပြား မည်သို့ ရှိနိုင်မည်နည်း။

သူမ၏ ဖခင်၊ သို့မဟုတ် မိခင်က ထိုလူ၏ အထောက်အထားကို အသုံးပြုပြီး သူ့အကောင့်ထဲသို့ ငွေလွှဲခဲ့တာ ဖြစ်ရမည်။

ဤနည်းဖြင့် ငွေကို သူမတို့ မိသားစုက အသုံးပြုနိုင်ပေမည်။

သို့သော် တစ်မိနစ်မျှ ဘီလီယမ်နာ သူဌေး ဖြစ်ပြီးနောက် သူမမှာ နဂိုအခြေအနေသို့ ပြန်လည်ရိုက်ချခံလိုက်ရသည်။

တကယ်တော့ ထိုငွေများက အလွဲသုံးစား လုပ်ထားသည့် ငွေများ ဖြစ်နေလေသည်။

ထို့ပြင် ချန်ယွီ့က ငွေများ၏ မူလအစကို သန်းနှင့်ချီသည့် ကြည့်ရှုသူများထံ ဖွင့်ချ ဖောက်ပြခဲ့သေးသည်။

အကယ်၍ အာဏာပိုင်များထံ၌ မည်သည့် သက်သေ အထောက်ထားတို့မျှ မရှိခဲ့လျှင်ပင် စုံစမ်းစစ်ဆေးမှုတို့ ရှိလာမည်ကတော့ ကျိန်းသေပေါက်ပင်။

သူမက ဘာမျှ မသိစေဦးတော့ ဘွဲ့ရ တစ်ဦးဖြစ်၏။ ရှေ့ဘာဆက်မည်ကို အထိုက်အလျောက်တော့ နားလည်သည်။

ချန်ယွီ့ကို သေအောင် ညှစ်သတ်ချင်စိတ်အား မျိုသိပ်ထားရင်း [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး] သည် သူမ၏ ကိုယ်ဟန်ကို နှိမ့်ချ၍ မေးမြန်းလိုက်၏။ “ ငါ့ အစောပိုင်းတုန်းက အပြုအမူအတွက် စိတ်မရှိပါနဲ့ ဒေါက်တာချန် … “

“ ငါနင့်ကို တောင်းပန်နေတာပါ … ငါ့ကို ထပ်ပြီး မကျီစယ်ပါနဲ့တော့ ….”

“ နင့်ကို စော်ကားမိခဲ့တာ ငါ့အမှားပါ …. ငါ့ အဖေနဲ့ ဘာမှမဆိုင်ပါဘူး ….”

“ နင် သူ့ကို ကျိန်းသေပေါက် ကယ်ပေးရမယ် … သူ ထောင်မကျအောင် ငါဘာများ လုပ်ပေးနိုင်မလဲ ပြောလိုက် ….”

“ ငါ့အဖေက အသက် ငါးဆယ်ထဲ ဝင်နေပြီ … သူ့မှာ ရောဂါတွေလည်း အများကြီးပဲ ….”

“ သူထောင်ကျသွားတာနဲ့ ငါကြောက်တာက … ငါကြောက်တာ သူ တောင့်မခံနိုင်တော့မှာကိုပဲ ….”

[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး] သည် အစွန်းရောက် အမျိုးသမီး ဝါဒီများအနက် လက်ရွေးစင် တစ်ဦး ဖြစ်၏။

သူမက ဆောင်းပါးရေးခြင်း၌ ထူးချွန်ရုံမျှမက ၊ သနားဖွယ်ရာကောင်းပြီး အပြစ်ကင်းစင်သူ တစ်ဦးအနေဖြင့် ဟန်ဆောင်ရာ၌လည်း မွေးရာပါ ပါရမီရှင် တစ်ဦး ဖြစ်သည်။

သူမ စကားပြောလိုက်တိုင်း မျက်ရည်များက တစ်လှိမ့်ပြီးတစ်လှိမ့် ကျဆင်းလာပြီး ဝမ်းနည်းသည့် စိတ်ခံစားချက်တို့က တစ်ကိုယ်လုံးအနှံ့ ပြည့်နှက်နေသည်။

သူမက လူတွေကို မွေးဖခင်အပေါ် ကျေးဇူးသိတတ်ပြီး ဖခင်ဖြစ်သူအတွက် စိုးရိမ်ပူပန်ပေးနေသည့် သမီးလိမ္မာလေး တစ်ယောက်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေတော့သည်။

စာစဉ် (၃၀)ပြီး၏။

All Chapters