← Chapters

ညီကိုတွေက ဘာအတွက်လဲ ၊ သစ္စာဖောက်ဖို့ အတွက် …

Vol. 30 Ch. 295

ညီကိုတွေက ဘာအတွက်လဲ ၊ သစ္စာဖောက်ဖို့ အတွက် …

Vol. 30 Ch. 295

“ ကဲ ကဲ … ဒီရဲ့ ထောင်သားဟောင်းကြီးကို လှောင်ပြောင်မနေကြနဲ့တော့ ….” ချန်ယွီ့ စားပွဲခေါက်၍ ပြောလိုက်ပြီး “ သူ ဘာလိုအပ်နေလဲ ပြောပါစေ ….”

“ ငါ အရင်က တရားမဝင်တဲ့ ကိစ္စတွေ လုပ်ခဲ့တာ မှန်တယ် … ဒါပေမယ့် အခု ငါ့မှာ ဘာကျူးလွန်ထားတာမှ မရှိဘူး …..” အစ်ကိုလုံက အေးစက်စွာ ပြုံးလျက် ဆိုလိုက်သည်။

“ ဒေါက်တာချန် … ငါ့အထင် အခု မင်းရဲ့ လိုက်စထွင်းထဲမှာ ငါ့ကို ဖုန်းဆက်ပြီး ရဲတိုင်လိုက်ဖို့ ပြောနေကြတဲ့လူတွေ တော်တော်များလောက်မယ် ….”

“ အဆင်ပြေပါတယ် … ငါ့ဘက်က ဘာအမှားမှ လုပ်မထားတာ …. ရဲတွေ ငါ့အိမ်တံခါးကို လာခေါက်လည်း မကြောက်ဘူး … သူတို့ ကြိုက်သလို စုံစမ်း စစ်ဆေးပါစေ ….”

“ တကယ်လို့ သူတို့တွေ အမှုတစ်ခု ရှာနိုင်ခဲ့ရင် ငါ သူတို့ကို ဒူးထောက်ပြီး အဘိုးလို့တောင် ခေါ်လိုက်ဦးမယ် ….”

ဆယ်နှစ်ကြာမျှ ထောင်ထဲဝင်ခဲ့ရသော်လည်း အစ်ကိုလုံ၏ မောက်မာမှုကတော့ လုံးဝ ပြောင်းလဲမသွားခဲ့ချေ။

“ ခင်များပြောတာ မှန်တယ် … တကယ်လည်း ရဲဌာနမှာ ခင်များရဲ့ ရာဇဝတ်မှတ်တမ်းတွေ မရှိဘူး ….”

ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ အဲ့တာကြောင့်လည်း ခင်များ ကျုပ်ဆီ ဆက်သွယ်ရဲတာ နေမှာပေါ့ ….”

“ အရေးမပါတဲ့ စကားတွေကို အပထားပြီး …..”

“ ဒေါက်တာချန်က အစွမ်းအစ ရှိတဲ့လူတစ်ယောက်ဆိုတော့ ငါ့ကို လမ်းမှန်ဆီ တိုက်ရိုက်ညွှန်ပြပေးနိုင်ဖို့ မျှော်လင့်ပါတယ် ….”

“ ငါ့ ကျန်တဲ့ သက်တမ်းကို သက်တောင့်သက်သာနဲ့ နေချင်တယ် …”

“ ငါ့အသက် ဒီနှစ်မှာ ခြောက်ဆယ်ပြည့်ပြီ … ထောင်လည်း ဆယ်နှစ်ကျခဲ့ဖူးတယ် … ငါ့မှာ ပြဿနာ တစ်ချို့ ရှိတယ်ဆိုတာ ငါသိတယ် ….”

“ ခွန်အားသုံးရတဲ့ အလုပ်တွေ လုပ်ဖို့ မပြောနဲ့ အလေးအပင်တောင် မမနိုင်တော့ဘူး ….”

“ ဆိုတော့ကွာ …. ငါ စီးပွားရေးလေး လုပ်ချင်တယ် ….”

“ ငါ့လက်အောက်ငယ်သားတွေတောင် အခု အကုန်အဆင်ပြေနေကြတာ သူတို့တောင် စီးပွားရေးလုပ်ပြီး ကြီးပွားနိုင်ရင် ငါကရော ဘာလို့ မရနိုင်ရမှာလဲ ….”

သူ ထောင်ထဲက လွတ်လာခဲ့ပြီးနောက် အစ်ကိုလုံသည် ချက်ချင်းပဲ သူ့လက်အောက်ငယ်သားများကို လိုက်ရှာခဲ့သည်။

၎င်းတို့ တော်တော်များများက အခု ဆရာကြီးတွေ ဖြစ်ကုန်ကြ၏။

သူတို့ရဲ့ အိတ်တွေ ၊ တောက်တိုမယ်ရတွေ ၊ ကားတံခါးဖွင့်ပေးမယ့်သူတွေ ၊ လက်ပါးစေတွေ ကိုယ်စီနဲ့ ….

တစ်ချို့ကျတော့လည်း လက်ထဲ သန်းဂဏန်း ရှိတဲ့လူနဲ့ …

တစ်ချို့ကျပြန်တော့လည်း လက်ထဲ သန်းဆယ်ဂဏန်း ရှိထားတဲ့လူနဲ့ ….

သူတော့ သူ့ ကျန်တဲ့ တစ်သက်လုံး အားကိုးလို့ရပြီဟု တွေးထင်နေစဉ်မှာပဲ ထင်မှတ်မထားစွာဖြင့် သူ့ လက်အောက်ငယ်သားများက သူ့ကို အတွေ့မခံကြလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူတို့နှင့် တွေ့ရဖို့က ကျောက်စိမ်းနတ်မင်းကို တွေ့ရသည်ထက်ပင် ပိုပြီး ခဲယဉ်းလှသည်။

နောက်ဆုံး ၊ သည်းမခံနိုင်သည့်အဆုံး သူ ခေါင်းဆောင် ဖြစ်စဉ်အချိန်တုန်းက လက်အောက်ငယ်သားတစ်ယောက်ကို ချောင်ပိတ်ပြီး မေးကြည့်လိုက်ရာ တစ်ဖက်က ဘာစကားမျှ မဆိုပေ။ သူ့မျက်နှာတည့်တည့်ကို ယွမ်ရာတန်တစ်ချို့ ပေါက်ပြီး ထွက်ခွာသွားခဲ့၏။

အစ်ကိုလုံမှာ ဒေါသကြောင့် နှလုံးရှော့ခ်ရပြီး ဆေးရုံတင်ရလုနီးပါးပင်။

လူ့အဖွဲ့အစည်းကြီးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ငွေတစ်ခုတည်းကသာ အရာရာ ဖြစ်လာခဲ့တော့သည်။

အစ်ကိုလုံမှာ သူ၏ သဘောထားကို ပြောင်းလဲပြီး ယဉ်ယဉ်ကျေးကျေးဖြင့် တစ်ချိန်က သူ၏ လက်ပါးစေလေးများကို လိုက်ရှာခဲ့သည်။

သူ့ကို ငွေတစ်ချို့ ပေးပြီး အတိတ်တစ်ချိန်က ပတ်သက်ခဲ့ဖူးသည့် ဆက်ဆံရေးကို ထောက်ထား၍ စီးပွားရေး တစ်ချို့နှင့် မိတ်ဆက်ပေးဖို့ရာ မျှော်လင့်ခဲ့၏။

သို့သော် အစ်ကိုလုံ မည်မျှပင် ခခယယနှင့် တောင်းဆိုစေကာမူ ၎င်းတို့အကုန်လုံးက သူ့အား လျစ်လျူရှုခဲ့ကြသည်။

တစ်ယောက်ဆိုလျှင် သူ့ကိုပင် ထေ့ငေါ့လှောင်ပြောင်ခဲ့သေး၏။

မနက်ခင်းတွင် ၊ အစ်ကိုလုံသည် ကွမ်းယွီနတ်မင်း ရုပ်ထုကို တိုင်တည်ပြီး ကျိန်ဆိုမှု ပြုလိုက်သည်။

သူ့နာမည်တစ်လုံး ရအောင် ဖန်တီးပြီး အနှီ လက်အောက်ငယ်သားများကို သူတို့၏ အစ်ကိုကြီးက အစ်ကိုကြီးပဲ ဖြစ်ကြောင်းကို သိအောင် ပြသပေးမည်။

သူက ယခုအချိန်တွင် ဇရာထောင်း၍ အိုနေပြီ ဆိုသော်ငြားလည်း အချိန်တိုအတွင်း ပြန်လည် ဦးမော့နိုင်စွမ်းရှိသည်။

“ ငါ့မှာ အခု ဘာမှ မရှိဘူး ဒေါက်တာချန် …. မင်းလည်း လူ့အဖွဲ့အစည်းကြီး မငြိမ်မသက် ဖြစ်ရမှာကို မလိုချင်ဘူးမလား ….”

အစ်ကိုလုံက ခြိမ်းခြောက်လိုက်၏။

“ ငါက လေးလေးပင်ပင်ကြီးတွေ မမနိုင်ဘူးဆိုပေမယ့် ဓားတစ်ချောင်းတော့ ကိုင်နိုင်ပါသေးတယ် ….”

“ နောင်ကျ တစ်ယောက်ယောက် တစ်ခုခု ဖြစ်သွားခဲ့ရင် သိပ်ကောင်းမယ် မထင်ဘူးနော် ….”

သူ့ ခြိမ်းခြောက်စကားကို ကြားတော့ ကြည့်ရှုသူများမှာ ရှော့ခ်ရသွားခဲ့ကြသည်။

ချန်ယွီ့ကို ခြိမ်းခြောက်ရဲတဲ့ နောက်ထပ် ဥပဒေမဲ့တစ်ယောက် ….

အစ်ကိုလုံ ဆိုလိုချင်သည့် အဓိပ္ပာယ်က အင်မတန် ရှင်းသည်။

သူက အခု ခြေဗလာနှင့် ဖြစ်၏။

ဖိနပ်မရှိမှာကို မကြောက်ပေ။

သူ့တွင် ဈေးပေါသည့် အသက်ကလွဲ၍ အခြား မည်သည့်အရာမျှ ပိုင်ဆိုင်မထားချေ။

အကယ်၍ ချန်ယွီ့ကသာ သူ့ကို ကြီးပွားစေနိုင်မည့် နည်းလမ်းတစ်ခုခုကို မပေးဘူးဆိုပါက အစ်ကိုလုံသည် လူ့အဖွဲ့အစည်းကြီးအပေါ် လက်စားပြန်ချေဖို့ များ၏။

အားနည်းပြီး ခုခံနိုင်စွမ်း မရှိသည့် အပြစ်မဲ့သူများကို နာကျင်အောင် ပြုလုပ်လိမ့်မည်။

အစ်ကိုလုံ၏ အခြေအနေကို မြင်ပြီး၊ သူ ယခုလေးတင် ပြောသွားသည့် စကားလုံးများကို စဉ်းစားကြည့်မည်ဆိုပါက ၊ ထိုအဘိုးကြီး ရူးသွပ်လာလျှင် ဘာမဆို လုပ်ရဲကြောင်းကို လူတိုင်း သိကြသည်။

ချန်ယွီ့ နှုတ်ဆိတ်လျက် ရှိနေတာကို မြင်တော့ အစ်ကိုလုံက ချန်ယွီ့ သူ့အား မကူညီပေးချင်သောကြောင့် ဖြစ်မည်ဟု ယူဆလိုက်သည်။

“ ဒေါက်တာချန် …. ဒီခု လိုက်စထွင်းကို လူဆယ်သန်းနီးပါးက ကြည့်နေကြတာနော် …. တကယ်လို့ တစ်နေ့ လူသတ်မှု တစ်ခုခု ဖြစ်လာခဲ့ရင် ……..”

“ ငါကတော့ ထားပါတော့ …. မင်းပါ အမှုပတ်လာမှာကို စိုးတာပဲ ….”

“ ငါ့ကို ကြီးပွားစေမယ့် နည်းလမ်းတစ်ခု ပေးမလား …. ဒါမှမဟုတ် ငါ့ကိုပဲ သတ်မလား ….”

“ နှစ်ခုလုံးတော့ လုပ်လို့မရဘူး … ရက်စက်တယ်လို့တော့ ငါ့ကို အပြစ်မတင်နဲ့ …. ငါ သေရမယ်ဆိုရင်တောင် လူတစ်ချို့ကို အပါခေါ်သွားမှာပဲ ….”

“ ကောင်းပြီလေ …” ချန်ယွီ့ အလျင်မလိုသည့် လေသံဖြင့် ဆိုလိုက်ပြီး “ ကျုပ် ခင်များ တောင်းဆိုတာကို လိုက်လျောပေးမယ် ….”

အစ်ကိုလုံမှာ အံ့အားသင့်သွားခဲ့၏။

“ ငါ့ကို စိတ်ပျက်စေမှာ မဟုတ်မှန်း သိသားပဲ … ဒေါက်တာချန် … မင်းက ဉာဏ်ကောင်းတဲ့လူပဲ ….”

“ မဟုတ်ရင် အချိန်တိုလေးအတွင်း ဒီလောက်ထိ မြင့်တက်လာစရာ အကြောင်း မရှိဘူး ….”

အစ်ကိုလုံက ရယ်မောလိုက်သည်။

“ ငါ ထောင်ထဲမှာ ဆယ်နှစ် နေခဲ့ရတာ လုံလောက်ပြီ … ထပ်မသွားချင်တော့ဘူး ….”

“ မင်းငါ့ကို ပေးတဲ့ နည်းလမ်းက တရားမဝင်တာ မဖြစ်ရဘူး ….”

“ စိတ်ချ ….” ချန်ယွီ့က ခပ်ပေါ့ပေါ့ ပြောလိုက်ပြီး “ တရားမဝင် မဟုတ်ဘူးလို့ ကျုပ် အာမခံတယ် … ခင်များကို စီးပွားရေး ဖြစ်စေရုံတင် မကဘူး ၊ အိပ်ပြီး ထိုင်စောင့်ရင်း ပိုက်ဆံကောက်ရုံပဲ ….”

“ သိပ်ကောင်းတယ် … ဆက်ပြောဦး ….” အစ်ကိုလုံ စိတ်လှုပ်ရှားသွားခဲ့သည်။

“ လူမဆန်တဲ့ လူသတ်မှု တစ်ခုက ခင်များနေတဲ့ နေရာဝန်းကျင်မှာ ဖြစ်သွားခဲ့တယ် ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ နစ်နာသူက သူဌေးကြီးတစ်ဦးရဲ့ ဇနီးပဲ ….”

“ လူသတ်သမားကို ဖမ်းဖို့အတွက် ဆုကြေးထုတ်ထားတယ် ….”

“ ရဲကို ဖုန်းဆက်လိုက် … ပြီးရင် လူသတ်သမားက ဘယ်သူလဲ ကျုပ် ပြောပြမယ် ….”

“ ဒီနည်းလမ်းက သိပ်အဆင်ပြေတယ် မထင်ဘူးလား ….”

“ အဲ့လူက ပိုက်ဆံ တကယ် ပေးမှာရော သေချာလို့လား ….” ခေတ္တ တွေးတောပြီးနောက် အစ်ကိုလုံက မေးမြန်းလိုက်သည်။

“ သေချာတာပေါ့ ….”

ချန်ယွီ့ နှစ်ခါမစဉ်းစားဘဲ ခွန်းတုံ့ပြန်လိုက်ပြီး “ လူသတ်သမားအကြောင်း သတင်းပေးရင် ငါးသိန်း ၊ ဖမ်းမိပြီးသွားခဲ့ရင် နောက်ထပ် ငါးသိန်း ထပ်ပေးဦးမှာ … ဆိုတော့ စုစုပေါင်း ယွမ်တစ်သန်း ….”

အစ်ကိုလုံ တဆတ်ဆတ် ခေါင်းညိတ်လိုက်သည်။

မဆိုးဘူး … မဆိုးဘူး …. တစ်သန်းက သူ့အတွက် စီးပွားရေး တစ်ခုခု စလုပ်ဖို့ရာ လုံလောက်တယ် …..

“ ဒါဆို မင်းပြောတဲ့အတိုင်း ငါ လုပ်ပြီနော် … အခုပဲ ရဲကို ဖုန်းဆက်လိုက်တော့မယ် ….”

ထောင်ထဲက ထွက်လာခဲ့ပြီးနောက် မည်သည့် ဒုစရိုက်မှုကိုမျှ မကျူးလွန်ခဲ့သည့် အစ်ကိုလုံ၏ စိတ်အခြေအနေသည် အတော်လေး တည်ငြိမ်နေလျက် ရှိသည်။

ချန်ယွီ့နှင့် ဆက်သွယ်မှုကို ယာယီ ဖြတ်တောက်လိုက်ပြီး ရဲသို့ ဖုန်းခေါ်လိုက်၏။

နှစ်မိနစ် ၊ သုံးမိနစ်ခန့် ကြာတော့ အစ်ကိုလုံက ချန်ယွီ့ လိုက်စထွင်းသို့ တစ်ဖန်ချိတ်ဆက်လာသည်။

ချန်ယွီ့လည်း တွေဝေခြင်း မရှိ၊ ‘သဘောတူသည်’ကို ကလစ် နှိပ်လိုက်သည်။

“ ငါ ရဲခေါ်ပြီးပြီ … သူတို့ပြောတာတော့ သူတို့ မကြာခင် ဒီရောက်လာမယ်တဲ့ ….”

“ အခု လူသတ်သမား ဘယ်သူလဲဆိုတာ မင်းငါ့ကို ပြောလို့ ရပြီမလား …..” အစ်ကိုလုံက စိတ်လောနေဟန်ဖြင့် မေးမြန်းလိုက်သည်။

“ လူသတ်သမားက ခင်များသိတဲ့ တစ်ယောက်ပဲ …. ဒါပေမယ့် ကျုပ် အခု ပြောပြလိုက်ရင် ခင်များ စိတ်အကြီးအကျယ် ထိခိုက်သွားမှာ စိုးတယ် ….”

“ အဲ့လိုသာဆိုရင် ခင်များ နေချင်တဲ့ ဘဝမျိုးမှာ နေထိုင်နိုင်တော့မှာ မဟုတ်ဘူး ….”

“ ငါက အခု ဒီတိုင်း ဘာမဟုတ်တဲ့ လူအိုကြီးပဲ …. အရင်တုန်းက သိခဲ့တဲ့ လူတစ်ယောက်ကို ဂရုစိုက်နေဦးမယ်လို့ ထင်လား …. ညီကိုတွေဆိုတာ ရောင်းစားဖို့ပဲကွ …..”

“ ဘယ်သူပဲ ရာဇဝတ်မှုကို ကျူးလွန်ပါစေ …. ငါ့စိတ်ပြိုလဲသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး ….”

“ မပြိုလဲရုံတင်မက … ထောင်ဝင်စာသွားတွေ့ပြီးတော့တောင် သူ့ကို ကျေးဇူးတင်လိုက်ဦးမယ်ကွာ ….”

“ သူသာ ရာဇဝတ်မှု မကျူးလွန်ရင် ငါလည်း ပိုက်ဆံ ရစရာ အကြောင်းမှ မရှိတာ ….”

“ ငါ့ကို ကူညီဖို့အတွက် သူ့ကိုယ်သူ စတေးပေးခဲ့တာကို ကျေးဇူးတင်ရမယ် ….”

အစ်ကိုလုံ၏ အမူအရာမှာ အတော်လေး ဘဝင်ခိုက်နေလျက် ရှိ၏။

ညီကိုတွေဆိုတာ ဘာလဲ … အာပလာတွေ … အကုန်လုံးက အချင်းချင်း အသုံးချဖို့အတွက်ချည်းပဲ ….

ငွေ တစ်ခုတည်းကသာ စစ်မှန်တယ် …

ဆုကြေးရဖို့အတွက် သူ့ အတိတ်က ညီကိုဟောင်းကို စတေးလိုက်တာက သူတို့ဆီက အကြွေးပြန်ယူတယ်လို့ပဲ သဘောထားလိုက်လို့ရတယ်လေ ….

“ ထားပါ ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်၏။

“ ဘာတွေ တုံ့နှေးနေတာ … ပြောစရာရှိတာ ပြောလိုက်စမ်းပါ …”

အစ်ကိုလုံက ချန်ယွီ့ကို စိတ်မရှည်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

လူ့အဖွဲ့အစည်းကြီးထဲ ညီအစ်ကိုဆိုတာ မရှိ။

လူတိုင်းက တစ်ဦးကိုတစ်ဦး အသုံးချနေသူချည်းသာ။

ဒီနေ့ မင်းငါ့ကို ရောင်းစားတယ် ၊ မနက်ဖြန် ငါမင်းကို ရောင်းစားမယ် …

ကိုယ့်အတွက် အသုံးဝင်နေတုန်းတော့ ညီကိုတွေ … ကိုယ့်အတွက် အသုံးမဝင်တော့ရင်တော့ အမှိုက်တွေ …

သူ၏ အညှာအတာ ကင်းမဲ့မှုကို ပြသဖို့ရာအတွက် ၊ အစ်ကိုလုံက သူသိထားသည့် လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းက ကိစ္စတစ်ချို့ကို ပြောပြလိုက်၏။

သူတို့အကုန်လုံးတွင် လူတွေကို အရူးလုပ်ဖို့ နည်းလမ်းရှိသည်။

အသက် ကြီးကြီး ငယ်ငယ် ၊ အိုအို ပျိုပျို အကုန်လုံးကို အစ်ကိုလုံက ကာကွယ်ကြေးများ ကောက်ခံခဲ့သည်။

ကာကွယ်ကြေး မပေးသည့် လူများကိုတော့ ရိုက်နှက်၍ ဖြစ်စေ၊ ၎င်းတို့၏ ဆိုင်ကို မီးရှို့၍ ဖြစ်စေ၊ သင်ခန်းစာ ပေးတတ်၏။

တစ်ခုခု ဖြစ်လာခဲ့လျှင်လည်း အနှီ တုံးအပြီး သစ္စာရှိသည့် လက်အောက်ငယ်သားများကို ထိုးကျွေးလိုက်ရုံသာ။

အကယ်၍ သူက ၎င်းတို့ရှေ့တွင် မိကျောင်းမျက်ရည်တစ်ချို့ ကျပြလိုက်မည်ဆိုပါက ထိုလူများက သူ့ကိုယ်စား အပြစ်ဝင်ခံပေးဖို့ရာ ဆန္ဒရှိလာကြလိမ့်မည်။

ဒေါက် ဒေါက် ဒေါက်

အစ်ကိုလုံက သူ့ အတိတ်က ဇာတ်လမ်းဟောင်းများကို ပြောပြနေစဉ် အတင်းအကြပ် တံခါးခေါက်သံ တစ်ချို့ ထွက်ပေါ်လာသည်။

All Chapters