မြေအောက်မီးရထား စစ်ဧကရီ
Vol. 30 Ch. 297
“ လခွမ်း … ဘယ်လိုလုပ်ပြီး ဒီမိန်းမပဲ ဖြစ်ပြန်တာတုန်းဟ ….”
“ ငါတို့ကောင်တွေ စောနလေးတင်ပဲ ထောင်သားဟောင်းကြီးကို ပို့ပေးလိုက်တာလေ… အခုတော့ အစွန်းရောက် အမျိုးသမီးဝါဒီသမား တစ်ယောက် ရောက်လာပြန်ပြီတဲ့လား …..”
“ ဒီကောင်တွေ ဒေါက်တာချန်ဆီ တမင်သပ်သပ် ပြဿနာ လာရှာကြတာများလားကွာ ….”
“ ဒီ အမျိုးသမီးက ပန်းလေးလို လှနေတာကို မင်းတို့ကောင်တွေ ဘာလျှောက်ပြောနေတာလဲ ….”
“ မင်းတို့အိမ်မှာ အင်တာနက် မရဘူးလား … မြေအောက်မီးရထား စစ်ဧကရီကို မသိဘူးပေါ့လေ ….”
“ ဟင် … အဲ့တာ သူ့ အွန်လိုင်း နာမည် မဟုတ်လား ….”
“ သူ့ နာမည်ပြောင်းထားတယ်ဆိုတာ ငါ လုံးဝ သေချာတယ် ….”
“ ငွေနဲ့သာဆိုရင် အကုန် ဖြစ်နိုင်တာပဲဟာ …..”
ချန်ယွီ့ လိုက်စထွင်းထဲသို့ တတိယမြောက် ဆက်သွယ်လာခဲ့သူက ငယ်ရွယ်လှပသည့် အမျိုးသမီး တစ်ဦးပင်။
သူမက အသက်နှစ်ဆယ်ကျော် အရွယ်ဟု ထင်ရပြီး မင်သက်အံ့အားသင့်ရလောက်အောင် လှပနေသည် မဟုတ်သော်ငြား သာမန် အထက်တွင်တော့ ရှိသည်။
ထို့ထက်ပို၍ မျက်စိအမြင်ကို ဖမ်းစားနေသည်က သူမ၏ အွန်လိုင်းနာမည်ပင်။
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးတဲ့ သံလက်သီး ]
ချန်ယွီ့ ဟုန်ပေါင်းများ လွှတ်ပေးလိုက်စဉ်တွင် ကြည့်ရှုသူ တော်တော်များများက ကံကောင်းသည့် ထိပ်တန်းသုံးဦး အမည်များကို မှတ်မိကြသည်။
တတိယနေရာတွင် နေရာယူထားသည့်လူက ဤနာမည်နှင့် မဟုတ်သည်မှာ ကျိန်းသေသည်။
နာမည်ပြောင်းနေသည်ဟု ကြည့်ရှုသူ တစ်ဦး ပြောဆိုခါမှ ကြည့်ရှုသူများလည်း ဘာကြောင့် သူမ၏ နာမည် ပြောင်းလဲသွားခဲ့လဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။
ဟူယွီ ပလတ်ဖောင်းတွင် နာမည်ပြောင်းဖို့အတွက် အမည်ပြောင်းသည့် ကတ်ကို ပိုက်ဆံပေးပြီး ဝယ်ရ၏။
နာမည်ပေးသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍တော့ မည်သည့် စည်းမျဉ်းစည်းကမ်းတို့မျှ သတ်မှတ်ထားခြင်း မရှိပေ။
“ နင်တို့ ယောက်ျားတွေကို စာမတတ်ဘူးလို့ ပြောတာ တကယ်ပါပဲ … စကားတောင် သေချာ မပြောနိုင်ကြဘူး ….”
“ နင်တို့ တစ်သက်လုံး စင်ဂယ်ဖြစ်ဖို့ပဲ တန်တဲ့ကောင်တွေ ….”
“ မမ သံလက်သီးက ငါတို့ မိန်းကလေးတွေအတွက် အကာအကွယ်ထီးပဲ …. သူသာ တရားမျှတမှုကို မရှာဖွေပေးဘူးဆိုရင် မိန်းကလေးတွေ ဘယ်လောက်များများ အနိုင်ကျင့်ခံနေရလဲဆိုတာ ဘယ်သူက သိနိုင်မှာမို့လို့ ….”
“ အစ်မ သံလက်သီးကို ဘယ်ကောင် မကောင်းကြောင်း ပြောရဲလဲ … အဲ့ကောင်ကို တံတွေးထွေးပြီး တံတွေးမွှန်းပြီး သေအောင် သတ်ပစ်မယ် ….”
“ အမျိုးသားတွေက တို့ မိန်းမသားတွေအပေါ် ဘယ်တော့မှ ကိုယ်ချင်းစာပေးနိုင်မှာ မဟုတ်ဘူး … ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းထားလဲ …”
“ အခု ကြည့်နေကြတဲ့ မိန်းကလေးတွေ …. နင်တို့လည်း ငါတို့နဲ့ လာပြီး ပူးပေါင်းကြ … အမျိုးသမီး အခွင့်အရေးနဲ့ အမျိုးသမီးတွေရဲ့ အကျိုးစီးပွားကို ငါတို့ ကိုယ့်ဘာသာ ကာကွယ်ကြရမယ် …..”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ] ထွက်ပေါ်လာပြီးနောက်တွင် အမျိုးသား ကြည့်ရှုသူများကို တိုက်ခိုက်လာသည့် ကွန်းမန့်အများအပြား ထွက်ပေါ်လာသည်။
အမျိုးသား ကြည့်ရှုသူများကလည်း ထိုကွန်းမန့်များကို အသာငြိမ်ပြီး ကြည့်နေကြမည်လော။ မဖြစ်နိုင်ပေ။
၎င်းတို့ကလည်း ဆင်တူသည့် ကွန်းမန့်များနှင့် ပြန်လည်တိုက်ခိုက်ကြ၏။
နှစ်ဖက်လုံးက ကီးဘုတ်သုံး၍ ကွန်းမန့်စာကြောင်းများဖြင့် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြပြီး ကွန်းမန့်ခန်းထဲ အတော်လေးကို ပရမ်းပတာ ဆန်နေတော့သည်။
အင်တာနက် လိုက်စထွင်းများ ကြည့်ရှုခဲသည့် အင်တာနက် သုံးစွဲသူ တော်တော်များများနှင့် လိုင်းတက်တာ ရှားပါးသည့် ကြည့်ရှုသူများမှာလည်း မျက်လုံးအမြင် အတော်လေး ပွင့်သွားခဲ့ကြသည်။
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]ကို မြေအောက် မီးရထား စစ်ဧကရီဟုလည်း လူသိများ၏။
သူမက မြေအောက်မီးရထားပေါ်တွင် ဒေါသထွက်လောက်စရာ သတင်းတော်တော်များများကို ဖြစ်ပွားစေခဲ့သူပင်။
တစ်ခါက သူ့ဖုန်းနှင့်သူ ဂိမ်းဆော့နေသည့် ကောင်လေးတစ်ဦးကို သူ့ ဖိနပ်ပေါ်တွင် လျှို့ဝှက်ကင်မရာ တပ်ဆင်ထားပြီး သူမ၏ အတွင်းစကတ်ပုံများကို ခိုးရိုက်နေပါသည်ဟု စွပ်စွဲခဲ့ဖူး၏။
အမှန်တော့ ကင်မရာဆိုသည်က ဤအတိုင်း ဖိနပ်ကို အလှဒီဇိုင်း ဆင်ထားသည့် အရာသပ်သပ်မျှပင်။
သို့တိုင် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]ကတော့ ယင်းက နောက်ဆုံးပေါ် ခိုးရိုက် ကင်မရာဖြစ်ကြောင်း ငြင်းဆိုနေဆဲ ဖြစ်၏။
သူမက ရထားပေါ်တွင် ဆူဆူညံညံ မြင်ကွင်းကို ပြုလုပ်ရုံမျှမက ၊ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှု အများအပြားကိုလည်း ကျူးလွန်ခဲ့သည်။
နောက်ပိုင်းတွင် ကောင်လေးက ချောင်းရိုက် ကင်မရာ မဟုတ်ကြောင်း သက်သေပြသည့်တိုင် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]ကတော့ သူမ၏ မှားယွင်း စွပ်စွဲခဲ့မှုအပေါ် အပြစ်ရှိစိတ်ကို မပြသခဲ့ချေ။ သူမက အွန်လိုင်းပေါ်သို့တက်ပြီး သူမ၏ မှားယွင်းစွပ်စွဲမှုကို ဆက်ပြီး ပြုလုပ်၏။
ကောင်လေးမှာ လူထုအသိုင်းအဝိုင်း၏ အပြစ်ပေးဖယ်ကြဉ်ခံရမှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေလုနီးပါးပင် ဖြစ်သွားခဲ့ရလေသည်။
အဆိုပါ တိုက်ပွဲကြီး ပြီးနောက်တွင် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က များပြားလှသည့် အမျိုးသမီးဝါဒီ အသိုင်းအဝိုင်းအုပ်စုကြားထဲတွင် တောက်ပသည့် ကြယ်တစ်ပွင့် ဖြစ်လို့လာသည်။
များမကြာမီ သူမက ရထားပေါ်၌ နောက်ထပ် သတင်းကြီး တစ်ခုကို ဖန်တီးလိုက်ပြန်သည်။
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က ရိုးသားပြီး လူကောင်းဖြစ်မည့်ပုံပေါ်သည့် နွမ်းပါးသည့် အလုပ်သမားတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ချောင်းကြည့်မှုဖြင့် စွပ်စွဲခဲ့၏။
တူညီသည့် အော်ပရေးရှင်း၊ တူညီသည့် ပလေးစတိုင်။
ကိုယ်ကျင့်တရား ဟူသော ခေါင်းစဉ်ကို အခြေခံ၍ အင်တာနက်ကို အသုံးချပြီး ထိုသူ၏ ဂုဏ်သိက္ခာကို ချေမွ ဖျက်စီးခဲ့သည်။
သူမ၏ ဆောင်းပါးကလည်း ဖတ်ရ ရှောရှူနေအောင် ရေးသားထားသည်။
သူမ၏ အဆိုပြုချက်များထဲတွင် ခံစားချက်တို့ ပြည့်နှက်နေပြီး အစွန်းရောက် အမျိုးသမီး ဝါဒတစ်ဦးအတွက်တော့ စံပြပုံစံပင်။
အမျိုးသမီး ဝါဒီတစ်အုပ်စုကလည်း သူမကို ဝိုင်းဝန်း ပံ့ပိုးထောက်ခံကြသည်က သူမ၏ မောက်မာမှုကို မီးစာထဲ ဆီလောင်းထည့်ပေးသည့်နှယ် ဖြစ်သွားခဲ့သည်။
သက်လတ်ပိုင်းအမျိုးသားမှာ ရိုးသားနွမ်းပါးသူ တစ်ဦးဖြစ်ပြီး သူ့သားမှာ မခံမရပ်နိုင်ဖြစ်စွာဖြင့် ရဲစခန်းသို့ တိုင်ကြား၍ အမှုဖွင့်လိုက်သည်။
သူတို့တွေ သက်သေအချက်အလက်များ စုစည်း၍ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]ကို တရားစွဲလိုက်ကြသည်။
ထို့နောက် ဇာတ်အိမ်က ပြောင်းပြန် ပြန်ဖြစ်သွားပြန်သည်။
နွမ်းပါးသည့် အလုပ်သမားက ချောင်းကြည့်ရတာကို ဝါသနာပါသည့် တဏှာရူးမဟုတ်ပါဘဲ ထိုသူက ကြင်နာတတ်သည့် လူကြီးလူကောင်းတစ်ယောက်ပင်။
တစ်ချိန်တည်းတွင် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ ကောလိပ် ဝင်ခွင့် စာမေးပွဲရလဒ် လုံလောက်မှု မရှိပါဘဲ နာမည်ကြီး တက္ကသိုလ် တစ်ခုသို့ တက်ရောက်ခွင့် ရခဲ့သည့် ကိစ္စကလည်း ထွက်ပေါ်လာသည်။
နှစ်အနည်းငယ်ကြာပြီးနောက်တွင် သူမက CET-4 ရမှတ်ပင် မရှိပါဘဲနှင့် မာစတာဘွဲ့ကို အောင်အောင်မြင်မြင်နှင့် ရရှိနိုင်ခဲ့သည်။
ထိုကိစ္စ ပေါက်ကွဲထွက်လာပြီးနောက်တွင် ကျောင်းနှစ်ကျောင်းကလည်း သူတို့တွေ စုံစမ်းစစ်ဆေးမှုတို့ စတင် ပြုလုပ်နေပါပြီဟု ကြေညာချက် စာတမ်းများ ရေးသားလာခဲ့ကြ၏။
ထို့နောက် … မည်သည့်အရာမျှ ဆက်ဖြစ်မလာခဲ့ပေ။
လူတိုင်းကတော့ ထိုမျှ ပြဿနာတက်ပြီးနောက်တွင် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]ကတော့ တစ်ခဏမျှ ဆင်ဆင်ခြင်ခြင် နေတော့မည်ဟု တွေးထင်ခဲ့ကြသည်။
သို့ပါသော်လည်း အစွန်းရောက် အမျိုးသမီး ဝါဒီကို တစ်ဖက်ကမ်းခတ်အောက် တတ်မြောက်ထားသည့် အနှီ အမျိုးသမီးက သူမ၏ ပုစွန်စစ်သားများကို ခေါ်ဆောင်လာပြီး ချန်ယွီ့ လိုက်စထွင်းထဲ ပြဿနာ လာရှာလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ကြပါချေ။
“ ဒီရဲ့လူနာ …” ချန်ယွီ့ ညင်သာစွာ စကားဆိုလိုက်ပြီး “ ငါ မင်းကို ဘာများ ကူညီပေးရမလဲ …”
“ ချန်ယွီ့ … ငါ အခု လာခဲ့တာ နင့်ဆီ အကူအညီတောင်းဖို့ မဟုတ်ဘူး …. ငါ ဒီလာခဲ့တာက နင့်ရဲ့ ပြဿနာကို ထောက်ပြဖို့ပဲ ….”
“ နင်က ငါတို့ အမျိုးသမီးတွေကို ဝေဖန်တာ ၊ စော်ကားတာ ၊ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်မှု ပြုတာတွေကို လုပ်နေတာကြာပြီ ….”
“ နင့် လိုက်စထွင်း မှတ်တမ်းတွေကို ငါ အများကြီး ကြည့်ဖူးတယ် … နင်က မိန်းကလေးတွေကိုဆိုရင် မျက်နှာတစ်မျိုးနဲ့ ဆက်ဆံတဲ့အကောင် ….”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က သူမ၏ နှုတ်ကို ဖွင့်ဟလိုက်သည်နှင့် အစွန်းရောက် အမျိုးသမီးဝါဒီများ၏ အားအပြင်းဆုံး လက်ကိုင်တုတ်လက်နက်တစ်မျိုးဖြစ်သည့် …
ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများ ဆိုသည့် အရာကို အသုံးပြုလာသည်။
“ ဆိုတော့ ငါက အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတယ်ပေါ့ ဟုတ်လား ….”
ချန်ယွီ့ ညင်သာစွာ ပြုံးလျက် မေးမြန်းလိုက်၏။
“ ဟမ့် …. နင်တို့ ကျားတွေက ကိုယ့်ကိုယ်ကို မှားတယ်လို့ ဘယ်တော့မှ ထင်ရိုးမရှိတဲ့ဟာတွေ ….”
“ အဲ့တာကြောင့်မို့လည်း ငါတို့အမျိုးသမီးတွေက အမြဲတမ်း ခံရဘက်ချည်းပဲ ….”
“ နင် လိုက်စထွင်းလွှင့်တဲ့ အစောပိုင်း ကာလ …. ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးတဲ့ အချိန်တုန်းက သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခွင့်ပြုချက် မရှိဘဲ အများရှေ့ ထုတ်ဖော်ခဲ့တယ် … အဲ့တာ ခွဲခြား ဆက်ဆံတာ မဟုတ်တော့ဘာလဲ …..”
“ လွတ်လပ်တဲ့ အချစ်ဆိုတာ ငါတို့ အမျိုးသမီးတွေအတွက် အခြေခံ လွတ်လပ်မှုပဲ … ငါတို့ဘာငါတို့ ချစ်ချင်သလို ချစ်ပိုင်ခွင့်ရှိတယ် … နင့်မှာ ဝင်စွက်ဖက်ပိုင်ခွင့် မရှိဘူး ….”
“ သိပ်မကြာခင်တုန်းက အိမ်က ချစ်စရာကလေးလေး နာမည်နဲ့ အမျိုးသမီး တစ်ယောက် နင့်ကို ဆက်သွယ်လာတယ် … နင်က သူ့ပြဿနာတွေကို ကူညီ ဖြေရှင်းပေးမယ့်အစား သူ့ ယောက္ခမနဲ့ ရန်မဖြစ် ဖြစ်အောင်တောင် အားပေးအားမြှောက် လုပ်လိုက်သေးတယ် ….”
“ မီးလောင်ရာ လေပင့်ပေးပြီး အမျိုးသမီးတွေ အချင်းချင်း တိုက်ခိုက်ခိုင်းတယ် … နင် တော်တော့်ကို တရားလွန်နေပြီ ….”
“ အဲ့တာတွေအပြင်ကို နင်က နင့်ရဲ့ လွှမ်းမိုးမှုကို အသုံးချပြီး ကြည့်ရှုသူတွေကို ငါတို့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံဖို့ သွေးထိုးလှုံ့ဆော်တာတွေလည်း လုပ်ခဲ့သေးတယ် …”
“ တို့အမျိုးသမီးတွေဆိုတာ လူ့အသိုင်းအဝိုင်းထဲမှာ အဘက်ဘက်က အရေးမသာတဲ့ အုပ်စုတွေ … အခုတော့ နင့်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ငါတို့ရဲ့ အခြေအနေက ပိုပြီးတော့တောင် ဆိုးရွားလာနေပြီ …”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က အစွန်းရောက် အမျိုးသမီးဝါဒီ၏ ဒုတိယ အားအပြင်းဆုံး လက်နက်တစ်ခုကို ထပ်မံ ထုတ်သုံးလိုက်သည်။
ယင်းကတော့ ‘ ပေါက်ပန်းလေးဆယ် လျှောက်ပြောခြင်း ‘ပင်။
သူမက ချန်ယွီ့ကို အမျိုးသမီး ကြည့်ရှုသူ ပရိသတ်များ၏ အတွင်းရေး ကိစ္စများ ဖော်ထုတ်ရတာကို နှစ်သက်သည့် မကောင်းသည့် လူတစ်ယောက်အဖြစ် အသွင်ဖော်ဆောင်စေခဲ့၏။
“ မင်း ပြောသလိုဆိုရင် လူနာကြည့်ပေးပြီး သူများရဲ့ အတွင်းရေး ကိစ္စကို ထုတ်ဖော်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်တိုင်းက နှာဘူးတွေပေါ့ ဟုတ်လား …” ချန်ယွီ့ ရယ်မောရင်း ပြောဆိုလိုက်ပြီး “ ဒီနယ်ပယ်ထဲမှာ အမျိုးသမီးတွေဆို ပိုတောင်များသေးတယ် … သူတို့ကရော နှာဘူးတွေပဲလား ….”
“ နင်က အဖြူကို အမည်းဖြစ်အောင်လုပ်နေတာပဲ ….”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က မျက်လုံးလှန်ပြလိုက်သည်။
“ ငါ အခုပြောနေတာက နင့်အကြောင်း … နင်တို့လို စောက်တောသားတွေကို ပြောနေတာ …”
“ အမှန်နဲ့အမှား ရောထွေးပစ်လိုက်တာကို ငါဖြင့် ယုံတောင် မယုံနိုင်ဘူး … နင်တို့ယောက်ျားတွေက တကယ်ရူးနေတဲ့ဟာတွေ …”
“ စိတ်ကျန်းမာရေးပြဿနာ ရှိနေတဲ့ လူနာတွေကို ကုသပေးတဲ့ အမျိုးသမီး စိတ်ကျန်းမာရေး ဆရာဝန်တွေဆိုတာ ခေတ်သစ်ရဲ့ အမျိုးသမီးပုဂ္ဂိုလ်တွေပဲ … သူတို့က ငါတို့လို မိန်းကလေးတွေအတွက် စံပြပုဂ္ဂိုလ်ဆိုလည်း ဟုတ်တယ် …”
“ ယောက်ျားလေး ဆရာဝန်တွေကတော့ … ဟမ့် ….”
“ သူတို့စိတ်ထဲ မကောင်းတဲ့ အတွေးတွေ မရှိဘူးဆိုတာ ဘယ်သူက သိနိုင်မှာမို့လို့ ….”
သူမ စကားဆုံးလျှင် ဆုံးခြင်း ၊ များပြားလှသည့် အမျိုးသမီး ကြည့်ရှုသူ တော်တော်များများက သူမ၏ စကားကို ထောက်ခံလာကြသည်။
အမျိူးသမီး လူနာများကို အမျိုးသမီး ဆရာဝန်များနှင့်သာ ဆေးပြခွင့်ပြုပေးသင့်၏။
“ ကောင်းတယ် … ပြောသွားတာ တကယ်ကို ကောင်းတယ် ….”
“ တကယ်လို့ ငါ ထင်တာ မမှားဘူးဆိုရင် ….” ချန်ယွီ့ လက်ဝါးနှစ်ဖက် တီးလျက် ဆိုလိုက်ပြီး “ မင်းမိသားစုထဲ ဆွေမျိုးတစ်ယောက်က သားဖွားမီးယပ်ဌာန ဒါရိုက်တာပါ … ပြီးတော့ သူက အမျိုးသားနော် …”
“ ဆိုတော့ … မင်းကပဲ ဒီကိစ္စကို စတင်ပြီး သူ့ကို အလုပ်ထွက်ဖို့ ဖျောင်းဖျလိုက်ပါလား ….”
“ နင် …”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။
သူမ စုံစမ်းထားသည့်အတိုင်းပဲ ချန်ယွီ့က တကယ့်ကို ကောက်ကျစ်လွန်းလှ၏။
သူ့မျက်စိရှေ့ကနေ မည်သည်ကိုမျှ ဖုံးကွယ်ထားလို့ မရနိုင်ပေ။
သူမက ဤလူတစ်အုပ်စုကို ခေါ်လာခဲ့ပြီး ပြဿနာ လာရှာသည်က သူမ၏ လွှမ်းမိုးမှုကို တိုးပွားစေရန်နှင့် သူမကို ထောက်ခံမည့် အမျိုးသမီး အရေအတွက် တိုးပွားလာစေရန်ဖြစ်သည်။
ချန်ယွီ့က သူမ မိသားစု အခြေအနေကို စလာကတည်းက မီးမောင်းထိုးပြလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
ကံကောင်းစွာဖြင့် သူမ မကောင်းသည့် ကိစ္စ တော်တော်များများ မလုပ်ဖူးခဲ့ပင်။ ထို့ကြောင့် ထွေထူး ပြဿနာတော့ မရှိနိုင်လောက်ပေ။