မီးကို မီးနဲ့ပြန်တိုက်
Vol. 30 Ch. 298
“ ဒေါက်တာချန် … ဒါ မင်းအမှားပဲ … မင်း ဒီနတ်သမီးလေးတွေကို အထင်သွားမသေးလိုက်နဲ့ … သူတို့က ကိုယ့်အချင်းချင်းကျ သက်ညှာပေးပြီး သူများတွေကိုကျ လိုက်ပြီး တင်းကြပ်တတ်ကြတဲ့ဟာတွေ …”
“ အမျိုးသမီးဝါဒီ : ငါက ဘာကိစ္စ လုပ်ရမှာ … ငါက အမျိုးသမီးလေ ….”
“ ဒီ မိန်းမလိုချင်နေတာ တန်းတူညီမျှမှု အခွင့်အရေး မဟုတ်ဘူး … ကြီးစိုးမှုပဲ ….”
“ ဒီမိန်းမသာ တကယ်ပဲ အံ့ဩဖို့ကောင်းနေမယ်ဆိုရင် ဘာကိစ္စ နိုင်ငံခြားပြေးပြီး ပုန်းအောင်းစရာ အကြောင်းရှိလဲ ….”
“ ဘရို … မင်းရဲ့ မျက်လုံးအမြင်က အတော်လေး ကောင်းတာပဲ … မင်းသာ မပြောရင် ငါ မြင်မှာတောင် မဟုတ်ဘူး … သူ့အိုင်ပီလိပ်စာကလည်း တစ်ခြား နိုင်ငံတစ်ခုဖြစ်တာ ပြနေတယ် ….”
“ သူ့ ပညာရေး နောက်ခံတွေ ဖော်ထုတ်ခံလိုက်ရကတည်းက ဒီကောင်မရဲ့ မိသားစုနောက်ခံက မရိုးရှင်းလောက်ဘူးလို့ ထင်တော့ ထင်မိလိုက်သေးတယ် ….”
“ သာမန် မိသားစုတစ်ခုက သူတို့ သမီးကို အချိန်တိုအတွင်း နိုင်ငံခြား ပို့ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ….”
“ မင်း ဒေါက်တာချန်ကို လာပြီး ပြဿနာရှာရဲတာ မဆန်းတော့ပါဘူး … မင်းက ကိုယ်နိုင်ငံခြားမှာ ပုန်းနေရင် ဒေါက်တာချန် မင်းကို ကိုင်တွယ်လို့ မရဘူးဆိုတာ သေချာနေလို့ မလား …..”
ထိုကွန်းမန့်ထွက်ပေါ်လာပြီးနောက် ကြည့်ရှုသူ တော်တော်များများလည်း [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ အိုင်ပီက နိုင်ငံခြားလိပ်စာ ဖြစ်နေတာကို မြင်တွေ့လိုက်ရသည်။
ယခင် မကောင်းသတင်း ကိစ္စရပ်များကြောင့် နိုင်ငံခြားသို့ သွား၍ ခေတ္တရှောင်တိမ်းနေသည်မှာ သိသာသည်။ သိပ်မကြာခင်တုန်းက သူမှာ နိုင်ငံထဲတွင် အတော်လေး ပြဿနာ ရှာခဲ့သည်။ အများပြည်သူကိုလည်း အကြီးအကျယ် ဒေါသထွက်စေခဲ့လေသည်။
ယခု သူမက နိုင်ငံခြား ရောက်သွားခဲ့ပြီ ဖြစ်၏။
ထိုသို့ ရောက်သွားတိုင်း မည်သူကမျှ သူမကို ဘာမျှ မလုပ်နိုင်တော့ဟု အထင်ရောက်နေသည်လော …။
“ နင်တို့ စောက်တောသားတွေ စောက်ပါးစပ် ပိတ်ထားပေးလို့ မရဘူးလား ….”
“ လူမြင်ကွင်းကနေ ရှောင်ချင်လို့ နိုင်ငံခြား ရောက်နေတာ မဟုတ်ဘူး ….” [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က သူမ၏ မျက်လုံးကို လှိမ့်လျက် ပြောလိုက်ပြီး “ ငါ နိုင်ငံခြား ထွက်လာခဲ့တယ်ဆိုတာ နင်တို့လို အောက်တန်းကျတဲ့ အမျိုးသားတွေကို ရှောင်ချင်လို့ပဲ ….”
“ ငါ နိုင်ငံထဲ ရှိနေတုန်းက နင်တို့လို အောက်တန်းကျ ၊ ရွံဖို့ကောင်းပြီး စာမတတ် ပေမတတ် အမျိုးသားတွေကို နေ့တိုင်းနေ့ မြင်နေရတာ မျက်လုံး ညစ်ညမ်းတယ် ….”
“ နိုင်ငံခြားရောက်တော့မှပဲ သက်တောင့်သက်သာ ဖြစ်ပြီး လုံခြုံတယ်လို့ ခံစားရတော့တယ် ….”
“ နိုင်ငံခြားသားတွေ အကုန်လုံးက ယဉ်ကျေးပြီး အမျိုးသမီးတွေကို ဘယ်လို ဂရုစိုက်ရမလဲ ကောင်းကောင်းသိတယ် ….”
“ ငါ နိုင်ငံထဲ နေတုန်းကဆိုရင် ကောင်းတဲ့ အဝတ်အစားလေးတောင် မဝတ်ရဲဘူး ….”
“ နင်တို့ဟာတွေက မိန်းမလှလေးမြင်လိုက်တာနဲ့ ပိုးဟပ်တွေလို ရွပိုးထိုးလာကြတော့တာပဲ ….”
“ ညဘက် အပြင်ထွက်ရင်လည်း နင်တို့တွေက ငါ့လို မိန်းမလှလေးတွေကို ပစ်မှတ်ထားကြတယ် … ငါ့ဘဝကြီးက ကြိုးတန်းမျှင်ပေါ် လမ်းလျှောက်နေရသလိုပဲ ….”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ ချိုးနှိမ်သည့် စကားလုံးများကို ကြားတော့ ချန်ယွီ့ ခေါင်းကို အသာယမ်းမိလိုက်သည်။
“ ဒီရဲ့လူနာ … မင်း နိုင်ငံခြား ရောက်သွားတော့ သက်တောင့်သက်သာ မဖြစ်တဲ့အပြင် ပိုပြီးတော့တောင် ဖိအား ခံစားလာရတယ် မဟုတ်ဘူးလား ….”
ဤစကားကြားတော့ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က ချန်ယွီ့ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“ ဟမ့် …. နင်ဘာပြောချင်နေလဲ ငါသိသားပဲ …. နင်ပြောချင်တာ ငါ့ကောင်လေးက ငါ့နား ပိုက်ဆံ ခဏခဏ တောင်းတဲ့ကိစ္စကိုမလား ….”
“ ရတယ်လေ … ပြောလိုက်စမ်းပါ ….”
“ ငါ့ ကောင်လေး ငါ့နားပိုက်ဆံတောင်းတာ ရှက်စရာ ကိစ္စမှ မဟုတ်တာ ….”
“ သူက အနုပညာရှင် … နင်တို့လို အောက်တန်းစားတွေနဲ့ ကွာတယ် …..”
“ သူ့ကို ပံ့ပိုးပေးဖို့ ငါ့ဘက်က လုံးဝ ဆန္ဒရှိတယ် … ငါ့ဘဝက နည်းနည်း ခက်ခဲရမယ်ဆိုရင်တောင် ငါ ပျော်တယ် ….”
“ ပြောရရင် မင်းရဲ့ကောင်လေးက တကယ်လည်း အနုပညာရှင်ပါပဲ …” ချန်ယွီ့ ရယ်သွမ်းလိုက်ပြီး “ သူ့အပေါ် မင်းရဲ့ ပံ့ပိုးမှုတွေကလည်း တကယ်ကို နောင်တမရှိတဲ့ စိတ်နဲ့ပဲ …”
“ သူ့အပေါ် မင်းရဲ့ အချစ်တွေကို ဖော်ပြဖို့အတွက် မင်းမိဘတွေ မင်းအတွက် ပြင်ထားပေးတဲ့ ဘဏ်ကတ်ကိုတောင် သူ့ဆီပေးထားသေးတယ်လေ ….”
“ မင်းရဲ့ မိသားစုက အပတ်တိုင်း မင်းဆီ ပိုက်ဆံလွှဲပေးတယ် ….”
“ ဒီငွေတွေက အစကတော့ မင်းရဲ့ အသုံးစရိတ်ပဲ … ဒါပေမယ့် အခုတော့ သူ့ရဲ့ အသုံးစရိတ် ဖြစ်သွားခဲ့ပြီ ….”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]သည် ချန်ယွီ့၏ အသာစီးယူခြင်းကို ခံလိုက်ရပြီဟု ခံစားမိတော့ ချက်ချင်းပဲ သူမဘက်က တန်ပြန်တိုက်ခိုက်ခိုက်၏။
ဤသည်က ချန်ယွီ့အပါအဝင် ချန်ယွီ့ လိုက်စထွင်းထဲရှိ အမျိုးသားများအားလုံး သူတို့ကိုယ်သူတို့ ပြန်သုံးသပ်နိုင်ဖို့အတွက်ဖြစ်၏။
သူမက ဘာကြောင့် နိုင်ငံခြားသား ချစ်သူကောင်လေးတစ်ယောက်ကို ရှာခဲ့လဲ …
ဘာလို့ဆိုတော့ နိုင်ငံထဲ ယောက်ျားသားတွေအကုန်လုံးက အမူအကျင့် မကောင်းတဲ့ စောက်သုံးမကျတဲ့ ကောင်တွေချည်းမို့လို့လေ …
“ အမူအကျင့်မကောင်းတဲ့ အကြောင်းပြောခါမှ ငါတို့ အဲ့အကြောင်းကို ပြောကြတာပေါ့ ….”
“ ငါ မင်းကို မေးစရာ တစ်ခုရှိတယ် …” ချန်ယွီ့က လက်မောင်းပိုက်လျက် “ ငါကြားမိတာတော့ အခု မင်းရောက်နေတဲ့ နိုင်ငံက ကျောင်းတွင်း အနိုင်ကျင့်တဲ့ ကိစ္စတွေကို ပြင်းပြင်းထန်ထန် တင်းကြပ်ထားတယ် ….”
“ သိသွားတာနဲ့ ချက်ချင်းပဲ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတယ် ….”
“ တကယ်လို့ မင်း ဒီနိုင်ငံမှာ နေတုန်းက ကျောင်းတွင်း အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေသာ အခု မင်းရောက်နေတဲ့ နိုင်ငံရဲ့ သတင်း မီဒီယာတွေနားထဲ ရောက်သွားခဲ့ရင် မင်း ဘယ်လို ဖြစ်သွားမယ်လို့ ထင်လဲ … နှင်ထုတ်ခံရမယ်လို့ ထင်လား …”
“ မဟုတ်လည်း ထောင်ထဲ သုံးလေးနှစ်လောက် ချုပ်ထားပြီး နှင်ထုတ်လိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ ….”
( ကိုးရီးလားများနော်။ ကိုးရီးယားမှာဆို ကိုယ်က ဘယ်လောက်ပဲ စာတော်နေပါစေ ၊ ကျောင်းတွင်း အနိုင်ကျင့်မှု မှတ်တမ်းရှိရင် ဘယ်နာမည်ကြီး တက္ကသိုလ်ကမှ လက်မခံသလို ဘယ်ကုမ္ပဏီကမှလည်း အလုပ်ခန့်အပ်မှာ မဟုတ်ဘူးလို့ ကြားဖူးလို့လေ။ )
ကြည့်ရှုသူများမှာ မျက်လုံး အရောင် လက်လာခဲ့ကြသည်။
သိပ်မကြာခင်တုန်းက သူတို့တွေ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ မကောင်းသတင်း အများအပြားကို သိရှိခဲ့ရပေမယ့် ကျောင်းတွင်း အနိုင်ကျင့်သည့် ကိစ္စရပ်အကြောင်းတော့ တစ်ခါမျှ မကြားမိကြချေ။
ချန်ယွီ့ ပြောလာခဲ့ပြီဖြစ်ရာ ကျိန်းသေပေါက် ဖရဲသီး အကြီးကြီးတစ်ခုကို လွှတ်ချပေးလာတော့မှာ သေချာသည်။
“ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ .. ငါ … ငါ ဘယ်တုန်းကမှ ကျောင်းတွင်း အနိုင်ကျင့်တာတွေ မလုပ်ခဲ့ဖူးဘူး …”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ နှုတ်ခမ်းတို့ စတင်တုန်ယင်လာသည်။
ချန်ယွီ့က ဒီလိုမျိုး အရေးမပါတဲ့ အသေးအဖွဲကိစ္စလေးကို ဘာလို့ စကားဖော်လာရတာလဲ …
“ ညီကိုတို့ … ဒီမိန်းမက ကျိန်းသေပေါက်ကို ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေတဲ့လူဆိုတာ ကျိန်းသေတယ် … ဒေါက်တာချန်ရဲ့ လိုက်စထွင်းအဟောင်းတွေ အများကြီး ကြည့်ခဲ့ရဲ့သားနဲ့ လူတွေ ခေါ်လာပြီး ဒီကို ပြဿနာ လာရှာဝံ့နေတယ် ….”
“ ငါ့အထင်တော့ သူ့ကြည့်ရတာ ဖော်ထုတ်ခံရမှာကို မကြောက်ဘူးနဲ့တူတယ် …”
“ မင်းနားမလည်ပါဘူးကွာ … သူတို့ မျက်လုံးထဲမှာ လောကကြီး တစ်ခုလုံးက မှားယွင်းနေတာ … သူတို့တွေကပဲမှန်တယ် …”
“ မင်း အထက်တန်း ဒုတိယနှစ်မှာ စာတော်တဲ့ မိန်းကလေး တစ်ယောက်က မင်းတို့အတန်းကို ပြောင်းလာတယ် … သူက ချက်ချင်းပဲ မင်းရဲ့ အောင်မြင်မှုတွေကို ခိုးယူသွားခဲ့တယ် ….” သူ့ ကွန်းမန့်ထဲက ကွန်းမန့်များကို တစ်ချက် ကြည့်ပြီးနောက် ချန်ယွီ့ ပြောလိုက်သည်။
“ မင်း သူ့ကို ကြည့်လေလေ၊ စိတ်ထဲ ဘဝမကျလေပဲ … ဒီတော့ အပြင်က လူတစ်ချို့ကို ငွေပေးပြိး မိန်းကလေးကို အနိုင်ကျင့်ခိုင်းတယ် ….”
“ သူ့ကို ဝအောင် ကစားပြီးတော့ အဲ့ဒီ ဓာတ်ပုံတွေကို ယူပြီး ချက်ချင်းပဲ ကျောင်းထွက်သွားဖို့ ခြိမ်းခြောက်တယ် … မဟုတ်ဘူးဆို မင်းက အဲ့ဒီ ပုံတွေကို လိုင်းပေါ် တင်ပစ်မှာ ….”
“ ရက် အနည်းငယ်ကြာပြီးတဲ့နောက်မှာ မိန်းကလေးက ကျောင်းထွက်သွားခဲ့တယ် …”
“ မင်းထင်နေတာ အဲ့ဒီ နည်းလမ်းက အတော်လေး အလုပ်ဖြစ်တယ်ပေါ့ … အဲ့တာနဲ့ မင်း မကြိုက်တဲ့ တစ်ခြား မိန်းကလေးတွေကို အဲ့ဒီ နည်းလမ်းသုံးပြီး အနိုင်ကျင့်ခဲ့တယ် ….”
“ မိန်းကလေး တစ်ယောက်ဆို မင်းရဲ့ ခြိမ်းခြောက်မှုတွေကြောင့် စိတ်ရောဂါ ရသွားခဲ့ပြီး အခုထိ ဆေးကုသမှု ခံယူနေရတုန်းပဲ ….”
“ တိုက်ဆိုင်ချင်တော့ သူကလည်း အခု ဟန်ကျိုးမြို့ ဆေးရုံမှာ ရှိနေတယ် ….”
“ ငါသူနဲ့ စကားသွားပြောလိုက်ရင် သူ့ဘက်က ပြန်ကောင်းသွားရင် ကောင်းသွားမှာပေါ့ ….”
“ သူ မင်းကို အဲ့တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အတွက် ဖြေရှင်းချက်တောင်းမယ်လို့ မထင်ဘူးလား….”
“ အဲ့ကိစ္စ ဖြစ်ပျက်ပြီးတော့ မင်းအဖေက ရှေ့ထွက်လာပြီး သူ့မိသားစုကို ပိုက်ဆံပမာဏ တစ်ခုပေးတယ် … ပြီးတော့ တရားမဝင်တဲ့ အတင်းအကြပ် NDA လက်မှတ် ရေးထိုးခိုင်းတယ် …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ငါ ဘာကြောင့် တရားမဝင်ဆိုတဲ့ စကားမျိုး သုံးနှုန်းရသလဲဆိုတော့ မင်းအဖေက သူ့ရဲ့ အာဏာကို အသုံးချပြီး သူတို့အပေါ် အတိုင်းအတာ တစ်ခုအထိ ခြိမ်းခြောက်ခဲ့လို့ပဲ ….”
“ အဲ့ဒီ မိသားစုကလည်း မင်းရဲ့ အဖေက အာဏာပါဝါကြီးမှန်း သဘောပေါက်တယ် .. ဒီတော့ သူတို့ရဲ့ ဒေါသကို မျိုသိပ်ပြီး သူတို့သမီးကို ဝေးရာ ခေါ်သွားပြီး ဟန်ကျိုးမြို့မှာ အခြေချလိုက်ရတော့တာပဲ ….”
“ ငါပြောတာ မှန်ရဲ့လား လူနာ ….”
“ အခု ကမ္ဘာကြီးက ရွာကြီး တစ်ရွာလို ဖြစ်နေပြီ …. ဒီမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေအကုန်လုံးက နိုင်ငံခြားထိ ရောက်ဖို့ဆိုတာ အလွယ်လေးပဲ ….”
ကြည့်ရှုသူများမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ နောက်ဆုံးတော့ ဤ အစွန်းရောက် အမျိုးသမီး ဝါဒီသမားကို ကိုင်တွယ်ပေးမယ့်သူ ပေါ်လာချေပြီ။
“ မီးကို မီးနဲ့တိုက်ရတယ် … မှော်ကို မှော်နဲ့ပဲ နိုင်တယ် … ဒေါက်တာချန်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ ….”
“ တကယ်ကြီးလား … နင်တို့ တော်တော် ရွံဖို့ကောင်းတဲ့ဟာတွေ …”
“ ငါတို့ စကားပြောတော့လည်း ရွံဖို့ကောင်းတယ် … မပြောတော့လည်း ရွံဖို့ကောင်းတုန်းပဲ … အဲ့တော့ ဘာဖြစ်ချင်လဲ …”
“ ငါတို့ ဘာပဲလုပ်လုပ် ငါတို့က အမြဲတမ်း ရွံဖို့ကောင်းတွေ ဖြစ်နေရတယ် … ကောင်းလိုက်တာ … ငါ သင်ယူလိုက်ရပြီ ….”
“ သူ ဘာ အပြစ်ပေးတာမှ မခံခဲ့ရဘူးမလား … အပြစ်ပေးမခံရတဲ့အပြင် နိုင်ငံခြားတောင် ထွက်သွားလိုက်သေးတယ် ….”
“ အရင်းအမြစ်ကို မကိုင်တွယ်ရသေးဘူး … ငါ့အထင် ငါတို့ရဲ့ ဒေါသတွေကို စကားလုံးတွေနဲ့ပဲ ဖော်ပြဖို့ တတ်နိုင်လိမ့်မယ် …”
ကလင် ကလင် ကလင် …
ဒေါသထွက်နေသည့် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]မှာ ဘေးရှိ ဖုန်းမြည်သံကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ယင်သွားခဲ့သည်။
သူမ ဖုန်းမြည်နေတာကို မြင်တော့ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ မျက်နှာထက်တွင် ရှုပ်ထွေးမှုတို့ ဖြစ်ပေါ်လာသည်။
သူမ ဖြေဆိုမည့် ခလုတ်ကို နှိပ်တော့မည့် ဆဲဆဲမှာပဲ လက်က လေထဲ တန့်သွားခဲ့၏။ စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးသည့်နောက် ဖြေဆိုမည် ဆိုသည့် ခလုတ်ကို နှိပ်လိုက်တော့သည်။
“ မွေးစားအဖေ … ကျွန်မကို ထပ်မခေါ်စမ်းနဲ့ … ကျွန်မ ဘာကြောင့် နိုင်ငံခြား ထွက်လာလဲဆိုတာကို နားမလည်ဘူးလား ….” [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က ဖုန်းကို နားနှင့်ကပ်ပြီး ပြောလိုက်သည်။