← Chapters

ငါသူ့ကို ကာကွယ်မယ်

Vol. 5 Ch. 265

ငါသူ့ကို ကာကွယ်မယ်

Vol. 5 Ch. 265

နက်ဆန် မော်လီကိုပစ်ထုတ်ပြီး ပါစီဗယ်ကိုထုတ်ယူလိုက်တဲ့အချိန် အဟလေးကြားထဲမှာပဲ ဟက်အုပ်စုဘုရင်က ဓားကိုမြှောက်ပြီး နက်ဆန်ကိုပိုင်းချလိုက်တယ်။ နက်ဆန်ကလည်း ဓားကိုမြှောက်ပြီး ကန့်လန့်ဖြတ်တားဆီးလိုက်တယ်။

ချလွမ်း...

ပါစီဗယ်ကနေအသွင်ပြောင်းထားတဲ့ အနက်ရောင်ဆေဘာဓားက ဟက်ဘုရင်ရဲ့ဓားကို တို့ဖူးတစ်တုံးလိုမျိုးပိုင်းဖြတ်သွားပြီးနောက် နက်ဆန်ဟာ ဓားကိုလက်ပြန်ကိုင်ပြီး ဓားဦးချွန်နဲ့ ဟက်ဘုရင်ရဲ့ လည်ပင်းကို ထိုးဖောက်လိုက်တယ်။

အနီရောင်မင်စက်တွေက သွေးတွေလိုမျိုးပန်းထွက်လာပြီးနောက် ဟက်ဘုရင်လဲကျသွားတယ်။ ဂျက်၊ကွင်းနဲ့ဂျိုကာတို့က နက်ဆန်ကို ပူးပေါင်းပြီးတိုက်ခိုက်နေပေမဲ့ ပါစီဗယ်ရဲ့ဆေဘာဓားဟာ သူတို့တွေကို အလွယ်တကူပိုင်းဖြတ်နိုင်စွမ်းရှိတယ်။

ဟက်အုပ်စုတစ်ခုလုံးကို ရှင်းလင်းပြီးတဲ့နောက် နက်ဆန်က စားပွဲပေါ်မှာထိုင်နေတဲ့ ဘန်နီရှေ့မှာပေါ်လာပြီး ဓားနဲ့ခုတ်တယ်။ ဘန်နီက ပျောက်သွားပြီး မျက်နှာကျက်မီးဆိုင်းတစ်ခုပေါ်မှာ ဟီးလေးခိုးရင်းပြန်ပေါ်လာပြန်ရော။ သူက နက်ဆန်နဲ့ပါစီဗယ်ကို လှောင်ပြုံးပြုံးပြနေတယ်။

“မင်း အဲဒီကောင်မရဲ့နေရာကို မသိဘူးလား။”

“ငါပြောထားပြီးသား၊ သူက မြူအသုံးချတဲ့နေရာမှာ ငါ့ထက်ပိုကျွမ်းတယ်။”

နက်ဆန်က ပါစီဗယ်ကိုဖိအားပေးလိုက်ပေမဲ့ ဘာမှ ပြောင်းလဲမသွားဘူး။ သူက ဘန်နီထက်ပိုသန်မာပြီး ပိုမြန်ဆန်ပေမဲ့ ဘန်နီကို ထိအောင်မတိုက်နိုင်ရင် ဒီတိုက်ပွဲကိုရှုံးလိမ့်မယ်။ ပြီးတော့...

“သခင်....” နက်ဆန်က အိုလီရာနာရဲ့အော်သံကြောင့် လှည့်ကြည့်တော့ စပိတ်အုပ်စုရဲ့ဂျက်က အိုလီရာနာရဲ့ ခြေထောက်ကိုပိုင်းမိသွားပြီး အိုလီရာနာဟာ ဆယ်ဗီကိုချီလျက်သား ရှေ့ကိုလဲကျသွားတယ်။ ဒါပေမဲ့ နောက်တိုက်ခိုက်မှုတွေဆက်လာနေတဲ့အတွက်ကြောင့် အိုလီရာနာက နာကျင်မှုကိုလစ်လျူရှုထားပြီး မြေပြင်ကို လက်နဲ့ထိလိုက်ကာ သစ်ပင်ပင်စည်တွေကို ကွန်ယက်တစ်ခုလို အသုံးပြု မိမိကိုယ်ကိုယ်ကာကွယ်တယ်။

မော်လီကတော့ အိုလီရာနာကိုကာကွယ်ဖို့အတွက် အပြေးသွားနေပြီ ဆိုပေမဲ့လို့ ကင်းနဲ့ကွင်းရဲ့တားဆီးခြင်းကို ခံလိုက်ရပါပြီ။

“လမ်းဖယ်ကြစမ်း...” မော်လီက မျက်မှောင်ကြုတ်လိုက်ပြီး ကြိုးတပ်တံစဥ်ကို လေထုထဲမှာ ချာလည်လှည့်လိုက်လေရဲ့။ သွေးနီရောင်အငွေ့အသက်တွေ ပတ်ဝန်းကျင်ကိုပြန့်နှံသွားပြီး ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ ပြန့်နှံလာခဲ့ပေမဲ့ ဖဲချပ်စစ်သည်တွေမှာ ကြောက်ရွံခြင်းဆိုတဲ့ ခံစားချက် ရှိမနေခဲ့ပါဘူး။

ချွင်... ချလွင်လွင်...

မော်လီရဲ့အရိပ်ထဲကနေ သံကြိုးတွေထွက်ပေါ်လာခဲ့တယ်။ လက်ထဲက ကြိုးတပ်တံစဥ်ဟာ စပိတ်ကွင်းကိုတုပ်နှောင်ကာ နံရံနဲ့ဆောင့်ရိုက်လိုက်ပြီး တံစဥ်ဦးချွန်ကတော့ ကင်းဆီကို ဦးတည်လို့။

...

“စိတ်ရှုပ်စရာကောင်းလိုက်တာ....”

လေဓားသွားတွေက ဟာ့ပါကိုထိလုဆဲဆဲမှာ ဂျိုကာက ရုတ်တရက် ပေါ်လာပြီးတော့ တားဆီးလိုက်တဲ့အတွက် ဟာ့ပါလွတ်သွားတယ်။ ဒိုင်းမွန်းအုပ်စု ဂျက်၊ကင်းနဲ့ကွင်းဟာလည်း စရောက်ရောက်ချင်း ရှားလော့ခ်ကို စဖိအားပေးတယ်။

ဝှစ်... ဝှစ်... ဝှစ်...

“နင်တို့မှာ အယ်ဒါအဆင့်သန်မာမှုရှိပေမဲ့ ဉာဏ်ရည်တော့ မရှိမသေးဘူး။”

ရှားလော့ခ်က တိုက်ကွက်တွေအားလုံးကို လှလှပပရှောင်ရှားပြီး ကွင်းနဲ့ဂျိုကာရဲ့တိုက်ခိုက်မှုတွေကို လေဖိအားသိပ်သည်းစေတဲ့ ဂါထာနဲ့တားဆီးလိုက်တယ်။ ကံကောင်းစွာနဲ့ ရန်သူတွေဟာ တစ်ဦးကို တိုက်ကွက်တစ်မျိုးစီပဲသုံးနိုင်တာဖြစ်ပြီးတော့ ဉာဏ်ရည်လည်းသိပ်မမြင့်ကြဘူး။ ရှားလော့ခ်ရဲ့အသံအထက် မြန်နှုန်းကိုပေါင်းလိုက်ချိန်မှာတော့ ဟာ့ပါကို အသာစီး မရတော့ရုံပဲရှိပါတော့တယ်။ ဒါပေမဲ့...

“ကောင်လေး၊ နင်မြန်​မြန်မလုပ်ရင် ငါတို့သေလိမ့်မယ်...” ရှားလော့ခ်က နက်ဆန်ကို လှမ်းအော်ပြောလိုက်တယ်။

ဖဲချပ်စစ်သည်တွေမှာ အားနည်းချက်ရှိသလိုမျိုးပဲ နက်ဆန်တို့မှာလည်း အားနည်းချက်တွေရှိတယ်။ ရှားလော့ခ်၊ နက်ဆန်နဲ့ အိုလီရာနာတို့မှာ သက်လုံအကန့်အသတ်ရှိပါတယ်။ ရန်သူတွေက ဉာဏ်ရည်နိမ့်ပါးပေမဲ့ အဆင့်တူတွေဖြစ်ပြီး အရေအတွက်များတဲ့အတွက် သူတို့ကိုမြန်မြန်မဖြေရှင်းနိုင်ရင် ပြဿနာဖြစ်လာလိမ့်မယ်။

....

“သခင်... တစ္ဆေမီးအိမ်ကို သုံးကြည့်ရအောင်...” နက်ဆန်က ဘန်နီရဲ့တည်နေရာကိုရှာမရလို့ အခက်တွေ့နေတဲ့အချိန်မှာ နာတာရှာဆီက အကြံပေးစကားထွက်လာတယ်။ ဒီနည်းလမ်းကို နက်ဆန်အရင်က မတွေးမိတာမဟုတ်ပေမဲ့

“ခန်းမက ကျယ်လွန်းတယ်။ နေရာတိုင်းကို အလင်းရောင် ရောက်မှာမဟုတ်ဘူး။”

“ဒါဆိုရင်လည်း မြင့်မြင့်မြှောက်ပြီး ကြည့်ကြတာပေါ့။” နာတာရှာစကားဆုံးတာနဲ့ နက်ဆန်က အမိုးနဲ့ထိတဲ့အထိ ပျံတက်လိုက်တယ်။ ပြီးတဲ့နောက် လက်ထဲမှာ တစ္ဆေမီးအိမ်ကိုကိုင်လိုက်ပြီး အဆုံးမဲ့တဲ့မှော်စွမ်းအင်တွေကို တောက်ပံပေးလိုက်ပါပြီ။ အပြာရောင်မီးတောက်က လူတစ်ရပ်စာလောက်အထိမြင့်သွားပြီး အရိုးခေါင်းပုံစံ ပေါ်လာခဲ့တယ်။ နက်ဆန်ရဲ့မီးအိမ်ကိုင်ထားတဲ့လက်လည်း မီးတောက်အပူဟပ်ခြင်းကိုခံလိုက်ရပြီး အရေပြားတွေ ချက်ချင်းတွန့်လိပ်ကုန်တယ်။

“ တွေ့ပြီ....” နက်ဆန်က လိုက်ကာတစ်ခုနောက်မှာပုန်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ကို တွေ့ရှိချိန်မှာတော့ အချိန်ဆိုင်းမနေတော့ဘဲ အမြန်ဆုံးနှုန်းနဲ့ပြေးသွားလိုက်ကာ ဓားနဲ့ပိုင်းချလိုက်ပါတော့တယ်။

“အို... ကျွန်မက ရှင်အဲဒီမီးအိမ်ကို ဘယ်တော့ထုတ်သုံးမလဲ စောင့်နေတာ။”

လက်မှာအပြာရောင်မီးတောက်တွေ ဆွဲလောင်နေဆဲ နက်ဆန်ကို တွေ့လိုက်ရပေမဲ့ ဘန်နီကထွက်မပြေးဘဲချဥ်းကပ်လာတဲ့သူ့ကို ကြည့်ကာပြောလိုက်တယ်။ နက်ဆန်ရဲ့ဓားက သူ့ခေါင်းပေါ်ကို ကျဆင်းလာတော့မယ့်အချိန်မှာပဲ မျက်လှည့်ဆရာဦးထုပ်ကို လှည့်လိုက်ပြီး အတွင်းကနေ တစ်စုံတစ်ခုကိုဆွဲထုတ်လိုက်ပါပြီ။

ဂါး....

ဧရာမအစွယ်တွေငေါထွက်နေတဲ့ ယုန်ကြီးတစ်ကောင်ပေါ်လာပြီး ပါစီဗယ်ကနေအသွင်ပြောင်းထားတဲ့ အနက်ရောက်ဆေဘာဓားကို ကိုက်ချလိုက်တယ်။

“အား....” ပါစီဗယ်ဆီကနေ နာကျင်စွာအော်ဟစ်သံထွက်လာပြီး ဆေဘာဓားဟာ တစ်စစီကျိုးပဲ့သွားတယ်။ နက်ဆန်ရဲ့လက်ထဲမှာ ဓားရိုးနဲ့အသွားနှစ်လက်မခွဲလောက်ပဲ ကျန်ရစ်ခဲ့တယ်။

“သေစမ်း....” နက်ဆန်မျက်လုံးပြူးသွားတယ်။ ဘန်နီကတော့ လက်သည်းတစ်ချက်ကိုက်လိုက်ပြီး သူ့ပေါင်တံရှည်တစ်ဖက်ကို မြှောက်ကာ နက်ဆန်ရဲ့ရင်ဝကို ဆောင့်ကန်လိုက်လေရဲ့။

ဘုန်း...

“ရှင်ရှုံးသွားပြီ၊ ညအရှင်ရေ....”

နက်ဆန်ရဲ့ခန္ဓာကိုယ်က နံရံတစ်ခုကိုရိုက်မိသွားတယ်။ အားက ပြင်းထန်လွန်းတဲ့အတွက် နံရံမှာအက်ကွဲကြောင်းတွေပေါ်လာပြီး မကြာခင်မှာပဲ စံအိမ်ကြီးတစ်ခုလုံး ပြိုကျသွားတော့တယ်။ ဘန်နီကတော့ အေးအေးလူလူလမ်းလျှောက်နေဆဲဖြစ်ပြီး ပြုတ်ကျလာတဲ့ အုတ်အကျိုးအပဲ့တွေဟာ သူ့အပေါ်ကို သက်ရောက်မှု လုံးဝမရှိသလိုပါပဲ။

ဆန့်ကျင်ဘက်မှာတော့ နက်ဆန်က အုတ်နံရံအပိုင်းကြီးတစ်ခုကို ထိုးခွဲပြီးပြန်ထလာရတယ်။ သူ့လက်ထဲမှာ တစ္ဆေစုံတွဲဓားတွေကို ကိုင်ဆောင်ထားပြီး မီးကျွင်းထားတဲ့လက်ကနေ ညှော်နံတွေ ထွက်နေတယ်။

“မပြီးသေးဘူးကွ....” သူအော်ဟစ်လိုက်ပြီး အမှောင်နတ်ဘုရား ခန္ဓာကိုယ်ကြီးကို ဆင့်ခေါ်လိုက်တယ်။ မီတာသုံးရာနီးနီးရှိတဲ့ နတ်ဘုရားခန္ဓာကိုယ်ကြီးက ဘန်နီကိုဝါးမျိုတော့မလိုမျိုး အုပ်မိုးထားပေမဲ့ ဘန်နီဟာပြုံးနေဆဲ။ သူဟာ စကားတစ်ခွန်းကိုပဲ ပြောလိုက်တယ်....

“ရှင့်ပတ်ဝန်းကျင်ကိုလည်း ကြည့်လိုက်ပါဦး....” ဘန်နီက သူ့လက်တွေကို မြှောက်ပြလိုက်တယ်။ မရေမတွက်နိုင်တဲ့ ငွေရောင်ကြိုးမျှင်လေးတွေက သူ့လက်ဆယ်ချောင်းလုံးမှာ ရှိနေပြီးတော့ တစ်စုံတစ်ခုနဲ့သွယ်သန်းထားသလိုမျိုးပဲ။

“ကြိုးဆွဲပညာဆိုတာ လက်လှည့်အတတ်ပညာရဲ့အရေးကြီးတဲ့ ကျွမ်းကျင်မှုတစ်ခုပဲ။ ဒီပညာကို မတတ်ကျွမ်းဘဲနဲ့ နယ်လှည့် မျက်လှည့်ပညာရှင်တစ်ယောက် ကျွန်မလုပ်နိုင်ပါ့မလား။”

ဘန်နီရှေ့မှာ ရှားလော့ခ်က ရပ်လိုက်တယ်။ သူ့လှုပ်ရှားမှုတွေက တောင့်တောင့်ကြီးဖြစ်နေပြီး သူ့ရဲ့လက်တွေခြေတွေဟာ သူ့ဆန္ဒ မပါဘဲနဲ့ရွေ့လျားလို့နေတယ်။ ရှားလော့ခ်ရဲ့နဖူးပေါ်ကနေ သွေးတွေစီးကျနေပြီး သူ့မျက်လုံးတွေကတော့ လက်ရှိ အခြေအနေကို မယုံနိုင်ဖြစ်နေပုံပဲ။

“မဖြစ်နိုင်တာ... ဒီမိန်းမက ဘယ်တုန်းကတည်းက....” ရှားလော့ခ် မယုံနိုင်စွာပြောလိုက်တယ်။ သူက ဝါရင့်အယ်ဒါတစ်ယောက်ပါ။ ဒီပြဿနာကို အစောကြီးကတည်းက သတိထားမိခဲ့သင့်တာ။

“သခင်လေး... ကျွန်မရှင့်ကို စိတ်ပျက်စေခဲ့မိပြီ။” မော်လီလည်း နက်ဆန်ဆီကို ချဥ်းကပ်လာနေတယ်။ လက်ထဲ ကြိုးတပ်တံစဥ်ကို ကိုင်ထားဆဲဖြစ်ပြီး သခင်ဖြစ်သူကို တံစဥ်ဦးနဲ့မရွယ်ချင်ပေမဲ့ သူ့ခန္ဓာကိုယ်ဟာ သူ့ဆန္ဒကိုမနာခံတော့ပါဘူး။

“သခင်... ကျွန်မတို့ကိုထားပြီးပြေးပါတော့....” အိုလီရာနာလည်း ကြိုးတွေရဲ့ထိန်းချုပ်ခြင်းကိုခံထားရပြီး သူ့ရဲ့သစ်နွယ်တွေက နက်ဆန်နဲ့အရိပ်ခန္ဓာကိုယ်ကြီးကို ဝိုင်းရံထားလိုက်တယ်။

နောက်ဆုံးအနေနဲ့ကတော့ ဗလာဟင်းလင်းဖြစ်နေတဲ့မျက်နှာနဲ့ ဆယ်ဗီလည်းရှိနေပြီး လေထုထဲမှာ တန်းလန်းချိတ်ခံထားရတယ်။

“ရှင်က အစွမ်းထက်လွန်းလို့ ရှင့်အပေါ်မှာ ဝိညာဥ်ကကြိုးအတတ်က အလုပ်ဖြစ်ဖို့ ခက်လွန်းပေမဲ့ သူတို့တွေက ရှင့်ကို အတော်ဂရုစိုက်ပုံပဲ။ ရှင်က ဘာမှမဟုတ်တဲ့ ကောင်မလေးတစ်ယောက်ကို ကယ်ဖို့အတွက်နဲ့ သူတို့အားလုံးကိုသတ်ပစ်မှာလား။”

ဘန်နီက ပြောရင်းဆိုရင်းနဲ့ လက်ကိုဝေ့ယမ်းလိုက်ပါတယ်။ တိုက်ပွဲမြေပြင်ပ ကင်း၊ကွင်း၊ဂျိုကာတွေက သူ့လက်ထဲကို ဖဲချပ်အဖြစ်ပြန်ရောက်လာပြီးတော့မှ နက်ဆန်ဟာ ဘန်နီ့ တစ်ကိုယ်လုံးချွေးတွေနဲ့ရွဲနေမှန်း သတိထားမိလိုက်တာ။

‘ဖဲချပ်မျက်လှည့်ကို သူကြာရှည်မသုံးနိုင်လောက်ဘူး။ သူက အဲဒါကိုဟန်ပြသုံးပြီး နောက်ကွယ်ကနေ ဝိညာဥ်ကကြိုး မှော်ဂါထာကိုသုံးခဲ့တာပဲ။' နာတာရှာက နက်ဆန်ကို ဆက်သွယ်ပြီး ပြောလိုက်တယ်။

ဘန်နီလို တစ်သီးတခြားနေတဲ့မှော်ပညာရှင်တစ်ယောက်မှာ ကျောင်းခြောက်ကျောင်းက အထွတ်အမြတ်မှော်ပညာတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့ဂါထာနှစ်ခုရှိနေခဲ့မယ်လို့ နက်ဆန်မျှော်လင့် မထားခဲ့ပါဘူး။

ဖြောင်း... ဖြောင်း... ဖြောင်း...

တိုက်ပွဲက အပြီးသတ်လုနီးပြီဖြစ်တာကြောင့် ဒီရေဂိုကလည်း ပုန်းနေရာကနေထွက်လာပြီး ဘန်နီကိုလက်ခုပ်တီးအားပေးတယ်။ “ဒါမှ ကိုယ့်ရဲ့ဘန်နီ။ ဒီနေ့ည မင်းရဲ့စွမ်းဆောင်ရည်အတွက် နောက်ထပ်ယူရိုသန်းသုံးရာ ဘောနပ်ပေးမယ်။”

ဒီရေဂိုက ဘန်နီ့နားကိုရောက်လာပြီး ဘန်နီ့ခါးကိုဆွဲဖက်တယ်။ အဲဒီနောက်နက်ဆန်နဲ့တခြားသူတွေကို လှောင်ပြောင်တဲ့အနေနဲ့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး...

“ တွေးကြည့်ခါမှ ဒီအဖွားကြီးနဲ့တခြားသူတွေကလည်း ဆီညှော်ရီတာဆယ်ဗီလောက်မလှပေမဲ့ မဆိုးဘူးပဲ။ မင်းငါ့အတွက်စီစဥ်ပေးလို့ရမလား၊ ဘန်နီ။”

“ရှင်ထိုက်တန်တဲ့ စျေးပေးရင်ပေါ့။”

“မင်းတို့ တော်လောက်ပြီ....” နက်ဆန်က ဖြတ်ပြောလိုက်တယ်။ ဒေါသထွက်လွန်းတဲ့အတွက် သူ့အသားတွေ တဆတ်ဆတ်တုန်ယင် နေခဲ့ပေမဲ့ မလှုပ်ရှားရဲဘူး။ ဝိညာဥ်ကကြိုးဆိုတဲ့အတိုင်းပဲ ဒီမှော်ဂါထာက ခန္ဓာကိုယ်တင်မကဘဲ ဝိညာဥ်ကိုပါ ချုပ်နှောင်ထားတာ။ ရှားလော့ခ်လိုမျိုး ဂါထာအသုံးပြုသူကို ရပ်တန့်အောင်လုပ်မယ့်နည်းလမ်းမရှိရင် အင်အားသုံးပြီး ကြိုးတွေကို ဖြတ်ချပစ်လို့မရဘူး။

“ဝေ့... မင်းက အခုထိလေသံမာနေသေးပါလား။” ဒီရေဂိုရဲ့ လက်ထဲမှာ ပိုဆိုက်ဒွန်ရဲ့သုံးခွမှိန်းပေါ်လာပြီး မော်လီရှေ့မှာ ရပ်လိုက်တယ်။ ဟာ့ပါကတော့ သူ့သခင်ရဲ့ဘေးမှာနေရာဝင်ယူပြီး နက်ဆန်မိုက်ရူးရဲတစ်ခုခုလုပ်ရင်ကာကွယ်ပေးဖို့ အသင့်ပါပဲ။

“မင်းရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ပြန်သိမ်းထားလိုက်။ မဟုတ်ရင် ဒီဖုတ်ကောင်မကို ငရဲပြည်ပို့ပစ်မယ်။” သုံးခွမှိန်းဖျားက မော်လီရဲ့ လည်ပင်းနားမှာကပ်နေပြီ။ နက်ဆန်လည်း တခြားရွေးစရာမရှိတာကြောင့် သူ့နတ်ဘုရားခန္ဓာကိုယ်ကို ပြန်သိမ်းလိုက်ရပြီ။

“ဒီလိုကျတော့လည်း လိမ္မာသားပဲ ခွေးကောင်ရ။ ဒူးထောက်စမ်း...” ဒီရေဂိုက ပိုပြီးအတင့်ရဲလာပေမဲ့ နက်ဆန်မှာ ရွေးချယ်စရာရှိမနေဘူး။ ဒါကြောင့် သူဒူးထောက်လိုက်ရတယ်။

ပြိုပျက်သွားတဲ့စံအိမ်ရဲ့ကြမ်းပြင်ဟာ အရင်လိုညီညာမနေတော့ဘဲ ခရောင်းတွေအပြည့်နဲ့ပေါ့။ ချွန်ထက်စူးရှတဲ့အုတ်အကျိုးအပဲ့တွေ နက်ဆန့်ရဲ့ဒူးခေါင်းအရေပြားကိုထိုးဖောက်လို့ သွေးတို့တစစ စိမ့်ကျလို့လာခဲ့ပြီ။

“မင်းသိလား... ငါက မင်းလိုခေါင်းမာတဲ့ခွေးကောင်တွေကို သိပ်မုန်းတာကွ။” ဒီရေဂိုက နက်ဆန်ရဲ့မျက်နှာကို ဘေးတိုက် ဖြတ်ကန်တယ်။ အားပြင်းလွန်းလို့ နက်ဆန် မြေပြင်ပေါ်ကို မှောက်ကျသွားပြီ။

“မင်းတို့ကိုယ်မင်းတို့ ဘာမဆိုလုပ်တတ်တဲ့ ပြီးပြည့်စုံတဲ့ ပါရမီရှင်တွေဆိုပြီး အောက်ခြေလွတ်နေတဲ့ကောင်တွေကို နင်းခြေပစ်ရတာ အရသာအရှိဆုံးပဲ။”

နင်းတယ်... နင်းတယ်... နင်းတယ်...

ဒီရေဂိုက နက်ဆန်ရဲ့မျက်နှာကို သူ့လယ်သာရှူးဖိနပ်နဲ့ ဆက်တိုက် ဆောင့်နင်းနေခဲ့တယ်။ မျက်နှာအရေပြားတွေကြေမွပြီး ရောင်ကိုင်းလာပေမဲ့သူမရပ်ခဲ့ဘူး။ အားပါလွန်းတဲ့အတွက် ကြမ်းပြင်တွေတုန်ခါနေပြီး အက်ကွဲကြောင်းတွေပိုများလာပေမဲ့ သူဟာ နားမယ့်ပုံမရ။

“ဟားဟားဟား... ဟားဟားဟား... ဒီနေ့ကစပြီးတော့ မင်းငါ့ဆီမှာ ကျွန်ခံရမယ်။ မင်းငါ့ကိုမနာခံရင် အဲဒီကောင်မတွေအားလုံးကို နှိပ်စက်ပြီး သတ်ပစ်မယ်။”

ဘုန်း... ဘုန်း... ဘုန်း....

....

ဆယ်ဗီဟာ အဲဒီမြင်ကွင်းကို ပြူးကြောင်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။ အဲဒီနောက်တော့ သူ့ရင်ဘတ်ထဲက အရာတစ်ခု ကြိုးပဲ့သွားသလိုမျိုးပဲ။ သူငိုနေတာကိုရပ်လိုက်တယ်။မျက်ရည်တွေ စီးကျမလာတော့ဘူး။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ ခံစားရတာတွေ သက်သာမသွားဘဲ ပိုဆိုးဝါးလာသလိုပဲ။

“မလုပ်နဲ့... နင်အလျှော့ပေးလိုက်လို့မရဘူး... နင်က ငါတို့ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတာလေ။” ဆယ်ဗီက သူ့ရဲ့အတွင်းစိတ်ထဲမှာ ပြောလိုက်တယ်။

“ကြည့်ရတာ သူထပ်ပြီးတော့ ကျရှုံးသွားပြန်ပြီလား။ တစ်ကြိမ်ပြီး တစ်ကြိမ်... ပေးထားတဲ့ကတိကို မတည်နိုင် ဖြစ်နေတာကို နင်စိတ်မပျက်ဘူးလား။” ဆယ်ဗီရဲ့အတွင်းစိတ်ထဲမှာ ဒုတိယမြောက်အသံ ထွက်ပေါ်လာခဲ့တယ်။

“နင်က ဘယ်သူလဲ....”

“သနားစရာကောင်းတဲ့ငါလေး... နင်က ငါပဲလေ....” အဲဒီအသံက ပြန်​ဖြေတယ်။ ထူးဆန်းစွာနဲ့ အဲဒီအသံဟာ ဆယ်ဗီရဲ့ကိုယ်ပိုင် အသံနဲ့ဆင်တူတယ်။ ဒါပေမဲ့ ပိုရင့်ကျက်တယ်၊ ပိုရက်စက်တယ်၊ မောက်မာပြီး ကမ္ဘာပေါ်က အရာအားလုံးကို အထင်သေးငြီးငွေ့ နေသလိုပါပဲ။

“မဟုတ်ဘူး... သူကတိမဖျက်ခဲ့ဘူး... သူက ငါတို့ကိုကာကွယ်ဖို့ အနစ်နာခံနေတာလေ။ နင်အဲဒီလိုမပြောသင့်ဘူး....”

“ အရှုံးမပေးရုံနဲ့ နိုင်သွားပြီလို့မှ နင်မပြောနိုင်တာ။”

“ဒီလိုဆိုရင်တောင်မှ... နက်ဆန်က ငါ့ကိုမကာကွယ်နိုင်ဘူး ဆိုရင်တောင်မှ ငါသူ့ကိုမုန်းသွားမှာမဟုတ်ဘူး။ သူက ငါ့ကို မကာကွယ်ပေးနိုင်ရင် ငါက သူ့ကာကွယ်ပေးမယ်။”

ဆယ်ဗီရဲ့အကြည့်တွေက ပိုမိုပြတ်သားလာတယ်။ တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်သလိုပဲ။ အဲဒီနောက် သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအားတွေနဲ့ပြည့်နှက်လာသလိုခံစားရပြီး ခွဲစိတ်ခန်းသုံးဓားက သူ့လက်ထဲရောက်လာတယ်။ ဆယ်ဗီက ကြိုးကိုဖြတ်ဖို့ ကြိုးစားတော့

“အဲဒီကြိုးက ငါတို့ရဲ့ဝိညာဥ်နဲ့ချိတ်ဆက်ထားတာနော်။ နင်အဲဒါကို ဖြတ်လိုက်ရင် နောက်တစ်ကြိမ်သေသွားလိမ့်မယ်။ ဒါပေါ့... ငါပြန်ရှင်လာဦးမှာဆိုပေမဲ့ နင်အဖြစ်နေရမယ့်အချိန်တွေကတော့ လျှော့နည်းသွားတော့မှာ။”

“ငါသိတယ်... ဒါပေမဲ့... ​အရာအားလုံးကို တစ်ယောက်တည်း ထမ်းပိုးထားတဲ့သူကို ငါမကြည့်ရက်တော့ဘူး....” ဆယ်ဗီက ရုပ်သေးကြိုးတွေကို ဓားသွားနဲ့ပွတ်ဆွဲလိုက်ပြီ။ ဘီရန်ကာရဲ့ ရူးသွပ်ဖွယ်ရာ သတ်ဖြတ်ခြင်းအငွေ့အသက်တွေ ပတ်ဝန်းကျင်ကို ပြန့်နှံသွားပြီးနောက်မှာတော့ သူ့ကိုယ်ပေါ်က ရုပ်သေးကြိုးအားလုံး ပြတ်တောက်သွားပြီး ဆယ်ဗီမြေပေါ်ကို ပုံလျက်သား လဲကျသွားတယ်။

“ဘာ...” ဘန်နီလည်း တအံ့တဩနဲ့လှည့်ကြည့်လိုက်တယ်။

တစ်ဖက်မှာတော့ ဆယ်ဗီဟာ အသက်မရှုတော့ဘူး၊ နှလုံးမခုန်တော့ဘူး၊ ကျယ်ပြန့်နေတဲ့မျက်သူငယ်အိမ်တွေဟာ ဘာကိုမှ မြင်ပုံမပေါ်တော့ဘူး။

ဒါပေမဲ့ နောက်တစ်ခဏအကြာမှာတော့ ရှော့ခ်ရိုက်ခံရသလိုမျိုး သူ့ခန္ဓာကိုယ်တုန်ခါသွားပြီး ထက်ရှတဲ့အကြည့်တွေနဲ့အတူ ပြန်လည် ရှင်သန်ထမြောက်လာခဲ့ပါပြီ။

All Chapters