← Chapters

အခန်း (၈၀၅-၈၀၆)

Vol. 41 Ch. 805-806

အခန်း (၈၀၅-၈၀၆)

Vol. 41 Ch. 805-806

အပိုင်း(၈၀၅) အရက်မူးပြီးနောက်

"တကယ်တော့ ကျန်းဖန်လည်း မကြိုးစားခဲ့တာတော့ မဟုတ်ပါဘူး"

"အရင်ကတည်းက သူ ဝမ်လီလီကို အမြဲလိုက်ရှာနေခဲ့တာပဲလေ... မိန်တုဥယျာဉ်ကိုတောင် ပြန်သွားပြီး အဲဒီမှာ အကြာကြီး စောင့်နေခဲ့သေးတာ မဟုတ်လား"

လင်းယွမ်က မနေနိုင်ဘဲ ကျန်းဖန်ဘက်မှ ဝင်၍ စကားနှစ်ခွန်းခန့် ပြောပေးလိုက်သည်။

ဤကိစ္စတွင် မည်သူမှားပြီး မည်သူမှန်သည်ကို ရှင်းရှင်းလင်းလင်း ပြောပြ၍မရနိုင်ပေ။

ကျန်းဖန်သည် လင်းယွမ်တို့ ပြန်လာသည်အထိ စောင့်ဆိုင်းခဲ့ပြီး ဝမ်လီလီက သူတို့နှင့်အတူ ထိုက်ယန်တောင်သို့ လိုက်မလာနိုင်ခဲ့ကြောင်း လင်းယွမ်တို့ထံမှ သိရှိခဲ့ရသည်။

တကယ်တမ်း ထိုအချိန်ကတည်းက ကျန်းဖန်၏ စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။ ဝမ်လီလီ အသက်ရှင်လျက် ပြန်လာနိုင်ခြေ သိပ်မရှိတော့ကြောင်းကိုလည်း သူ အကြမ်းဖျင်း ခန့်မှန်းမိခဲ့လောက်သည်။

ထိုသို့သောအခြေအနေမျိုးတွင် သူ၏ဘေး၌ သူ့အပေါ် ဂရုတစိုက်နှင့် ကြင်ကြင်နာနာ ပြုစုစောင့်ရှောက်ပေးသော မိန်းကလေးတစ်ယောက် ရှိနေခဲ့ရာ သူ စိတ်မလှုပ်ရှားလျှင်သာ အံ့သြစရာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ လူဆိုသည်မှာ သံယောဇဉ်ရှိတတ်သော သတ္တဝါဖြစ်ပြီး အထီးကျန်ဆန်မှု၏ ဝါးမျိုခြင်းကို ခံရတတ်ကာ တစ်ကိုယ်တည်း အထီးကျန်ခြင်းကို ခံစားရတတ်စမြဲပင်။

ဤလောကကြီးထဲတွင် သေရာပါသည်အထိ မပြောင်းလဲသော အချစ်စစ်ဆိုသည်မှာ ဘယ်လောက်တောင်များ ရှိနိုင်လို့လဲ။

ပင်လယ်ရေခန်းခြောက်ပြီး ကျောက်တောင်တွေ ပျက်သုဉ်းသွားမယ့်အချိန်အထိ ခိုင်မြဲတဲ့အချစ်ဆိုတာ ဘယ်မှာရှိမှာလဲ။

အချစ်ဆိုသည်မှာလည်း နောက်ဆုံးတွင် တစ်ဖက်လူ ထွက်ခွာသွားမှုနှင့်အတူ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတတ်ပြီး ထိုကာလအတွင်း ခံစားရသော နာကျင်မှုများကိုလည်း အချိန်ကာလက ဖြည်းဖြည်းချင်း ကုစားပေးသွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ကျန်းဖန်၏ လုပ်ရပ်ကို လင်းယွမ် နားလည်ပေး၍ ရနိုင်ပေသည်။

သို့သော် ယခု ဝမ်လီလီက အသက်ရှင်လျက် ပြန်ရောက်လာခဲ့ရာ ဤတစ်ကြိမ်တွင်တော့ တကယ်ကို ပြဿနာ တက်သွားပြီ ဖြစ်သည်။

စားပွဲဝိုင်းရှိ မိန်းကလေးများအားလုံးလည်း သက်ပြင်းများ ချလိုက်ကြသည်။

လင်းယာက လေသံတိုးတိုးဖြင့် "အရင်တုန်းက လူတွေပြောကြတဲ့ ရေစက်ရှိပေမယ့် ဖူးစာမပါဘူးဆိုတဲ့ စကားတွေကို ကြားဖူးပေမယ့် အဲဒီတုန်းက သိပ်နားမလည်ခဲ့ဘူး... အခု ကျန်းဖန်နဲ့ ဒီ ဝမ်လီလီတို့ ကိစ္စကို ကြည့်လိုက်တော့မှပဲ တကယ်ကို လက်တွေ့ ခံစားလိုက်ရတယ်"

"အရာရာတော်တော်များများက တကယ်ကို ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ပြောင်းလဲသွားတာမျိုး မဟုတ်ဘူးနော်"

မျက်နှာချင်းဆိုင်မှ ဆုန့်ဝမ်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ငါ့အထင်ပြောရရင်တော့... ကျန်းဖန်က ဝမ်ဖန်းနဲ့ လမ်းခွဲပြီး လီလီလေးဆီ ပြန်သွားလိုက်ရင် အကောင်းဆုံးပဲ"

လင်းယာက သက်ပြင်းချရင်း "အဲဒါဆို ဝမ်ဖန်းဆိုတဲ့ ကောင်မလေးအတွက် အရမ်းမတရားရာ မကျလွန်းဘူးလား"

ဆုန့်ဝမ်မှာ ချက်ချင်းပင် ပြောစရာစကား ဆွံ့အသွားပြီး သစ်သီးဝိုင် တစ်ခွက်ကို ထပ်သောက်ကာ တိတ်ဆိတ်သွားတော့သည်။

ထိုစဉ် တုံယန်က ရုတ်တရက် ရယ်မောလျက် "ညီမမှာ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေမယ့် နည်းလမ်းတစ်ခု ရှိတယ်"

ဆုန့်ဝမ်က တုံယန်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ "ယန်ယန်... နင့်မှာ ဘာနည်းလမ်းများ ရှိလို့လဲ"

"ဟီးဟီး... ကျန်းဖန်ကို နှစ်ယောက်စလုံး ယူခိုင်းလိုက်ရင် ပြီးသွားပြီ မဟုတ်လား"

တုံယန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောလိုက်သည်။ "အားလုံး အတူတူ ပျော်ပျော်ရွှင်ရွှင် နေရတာ ဘယ်လောက်ကောင်းလဲ... ကျွန်မတို့ မိသားစုလိုမျိုးလေ... အရမ်းပျော်ဖို့ ကောင်းတယ် မဟုတ်လား"

အားလုံး ကြောင်အမ်းသွားကြပြီး ဆုန့်ဝမ်က တီးတိုးရေရွတ်လိုက်သည်။ "ဒီကောင်မလေး တုံးလိုက်တာ... ကျန်းဖန်က သဘောတူရင်တောင် ဟိုဘက်က ဝမ်ဖန်းနဲ့ လီလီလေးက သဘောတူမှ ရမှာပေါ့"

ယောက်ျားတိုင်းက မိန်းမအများကြီးကို ယောက်ျားတစ်ယောက်တည်းဆီ အတူတကွ လိုလိုလားလား ယူချင်လာအောင် ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိတာမှ မဟုတ်တာ။

ဒီကမ္ဘာပေါ်မှာ အစ်ကို့လို လူမျိုးက တစ်ယောက်တည်းပဲ ရှိတာလေ။

ဤစကားကို သူမ ထုတ်မပြောခဲ့ပေ။ မည်သို့ပင်ဆိုစေ ထမင်းဝိုင်းမှ လူတိုင်းက လင်းယွမ်၏ မိန်းမများသာ ဖြစ်ကြသည် မဟုတ်ပါလော။

လင်းယွမ်သည်လည်း ဤအကြောင်းအရာကို ဆက်လက်ဆွေးနွေးရန် မသင့်တော်တော့ကြောင်း ခံစားလိုက်ရသည်။ သို့မဟုတ်ပါက မကြာမီ သူ့အပေါ်သို့ ကူးစက်လာတော့မည် ဖြစ်သည်။

သူက အကြောင်းအရာကို အလျင်အမြန် လွှဲလိုက်ပြီး "ဒီအကြောင်း ဆက်မပြောကြနဲ့တော့... ဝမ်လီလီကို ရှာတွေ့တဲ့အခါကျရင် သူတို့ဘာသာ ဖြေရှင်းကြပါစေ"

"ကိုယ့်အကြောင်းချည်းပဲ ပြောမနေကြနဲ့ဦး... အိမ်က ကိစ္စတွေလည်း ပြောကြပါဦး... မင်းတို့ရော အခုတလော ဘယ်လိုနေကြလဲ"

မိန်းကလေးများအားလုံး ထိုစကားကို ကြားသောအခါ သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ကြပြီး ထိုကာလအတွင်း အလုပ်များနေခဲ့ကြသည့် ကိစ္စရပ်များကို အသီးသီး စတင်ပြောဆိုလာကြသည်။

မိသားစုဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။ လူတိုင်းက မိမိတို့၏ နေ့စဉ်ဘဝ အတက်အကျများကို အချင်းချင်း မျှဝေကြစမြဲပင်။

ထမင်းဝိုင်း၏ လေထုမှာ တဖန် ပြန်လည် သက်ဝင်လှုပ်ရှားလာတော့သည်။

ရန်မေက "အခုတလော အလုပ်တွေက တကယ်ကို မနည်းဘူး... အခုမှ ပြောင်းရွှေ့လာတာဆိုတော့ အထွေထွေအုပ်ချုပ်ရေးဌာနမှာ လုပ်စရာတွေ အရမ်းများတယ်... လူဦးရေ စာရင်း ပြန်ကောက်တာပဲဖြစ်ဖြစ်... ကုန်တိုက်ကြီး ဖွင့်လှစ်တာပဲဖြစ်ဖြစ်... ကိစ္စပေါင်းစုံနဲ့မို့လို့ အမဆီမှာ အခု လူအင်အားတောင် မလောက်တော့ဘူး"

"ညီမတို့ စိုက်ပျိုးရေးဌာနလည်း အတူတူပါပဲ... စိုက်ပျိုးရေးသီးနှံတွေကို အစောကြီးကတည်းက စတင်ပြောင်းရွှေ့ခဲ့ပေမယ့် ဒီက ရေမြေသဘာဝ ပတ်ဝန်းကျင်က အပြင်နဲ့ မတူဘူးလေ... အပင်မျိုးစေ့တွေ အများကြီးကို ထိန်းသိမ်းထားနိုင်ဖို့ ညီမတို့ တော်တော်လေး အားစိုက်ထုတ်ခဲ့ရတယ်"

"ဒါ့အပြင် ဒီတောင်တစ်တောင်လုံး အပြည့်စိုက်ထားတဲ့ နေကြာပန်းတွေဆိုရင်လည်း သူတို့ အရမ်းကြီးထွားလာတဲ့အထိ စောင့်နေလို့မရဘူး... အဲဒီလိုမှ မဟုတ်ရင် အပူရှိန်က အရမ်းပြင်းလွန်းနေမှာ... ဒါကြောင့် အချိန်မှန် သွားပြီး ရိတ်သိမ်းပေးနေရတယ်"

ဆုန့်ဝမ်သည်လည်း မနေနိုင်ဘဲ ညည်းတွားလိုက်သည်။ သူမ၏ လှပသေသပ်သော မျက်နှာလေးပေါ်တွင် အရက်ရှိန်ကြောင့် မူးဝေနေပြီး နီမြန်းသော အရောင်အသွေးများ ယှက်သန်းနေ၏။

တုံယန်သည်လည်း အရက်မူးနေပြီ ဖြစ်သည်။ သူမက အော်ဟစ်ရင်း "ညီမရဲ့ ပိုးစာပင် ဥယျာဉ်ကြီး ပျောက်သွားပြီ... ခုနလေးတင် တူးယူလာတဲ့ ပိုးစာပင်တွေက ပြောင်းရွှေ့စိုက်ပျိုးတဲ့ လုပ်ငန်းစဉ်ထဲမှာ ဘယ်လိုဖြစ်သွားမှန်း မသိဘူး... အများကြီး သေကုန်တယ်... အခု သစ်တောက သေးသွားပြီဆိုတော့ ညီမရဲ့ သူငယ်ချင်းကောင်းတွေလည်း နည်းသွားပြီ"

တုံယန်၏ သူငယ်ချင်းကောင်းများ ဆိုသည်မှာ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ အစရှိသော သန္ဓေပြောင်း သတ္တဝါများကို ဆိုလိုခြင်းဖြစ်သည်။

ဤသန္ဓေပြောင်း သတ္တဝါများသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ သတ္တဝါများအဖြစ်သို့ ဆင့်ကဲမပြောင်းလဲသေးသော်လည်း ကြာမြင့်စွာကတည်းက တုံယန်သည် ၎င်းတို့ကို အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူထားခဲ့ရာ သံယောဇဉ် အလွန်နက်ရှိုင်းနေပြီ ဖြစ်သည်။

ဤတစ်ကြိမ် ပြောင်းရွှေ့မှုတွင် ကျောက်နက်ပုရွက်ဆိတ် အများအပြား ကျန်ရစ်ခဲ့ပြီး ပိုးစာပင်တောသည်လည်း နေရာအသစ်သို့ ပြောင်းရွှေ့ရောက်ရှိလာမှုကြောင့် ရေမြေသဘာဝနှင့် အသားမကျဘဲ အများအပြား သေဆုံးသွားခဲ့ရသည်။

အချုပ်အားဖြင့်ဆိုရလျှင် အိမ်ပြောင်းလိုက်ရသော်လည်း ပြဿနာ တော်တော်များများ ရှိနေဆဲပင်။

ယေဘုယျအားဖြင့် ပြောရလျှင် လင်းယာက အပူအပင် အကင်းဆုံး ဖြစ်သည်။ သူမအနေဖြင့် လင်းဟုန်ကို သေချာ ဂရုစိုက်ပေးရုံဖြင့် လုံလောက်ပြီး ထိုမျှလောက် အလုပ်မများပေ။

ထမင်းတစ်နပ်အတွင်း မိန်းကလေးများအားလုံး အရက်မူးသွားကြပြီး နောက်ဆုံးတွင် အရက်ရှိန်တက်လာကာ စားပွဲပေါ်၌ မှောက်လျက် မူးဝေနေကြတော့သည်။

လင်းယွမ် တစ်ယောက်သာ အနည်းငယ် မူးယစ်သော အခြေအနေကို ထိန်းထားနိုင်သော်လည်း သူကိုယ်တိုင်ပင် အနည်းငယ် မူးဝေနေပြီ ဖြစ်သည်။

လင်းယာသည် သတိပြန်လည်နေသေးသော်လည်း ယိမ်းယိုင်ကာ စားပွဲပေါ်သို့ မှောက်ကျသွားပြီ ဖြစ်သည်။

လင်းယွမ်က မတ်တတ်ထရပ်ကာ ရန်မေကို ပွေ့ချီလိုက်ပြီး သူမ၏ အိပ်ခန်းထဲသို့ ပြန်ပို့ပေးလိုက်သည်။

ထို့နောက် ဆုန့်ဝမ်နှင့် တုံယန်တို့ကိုလည်း တစ်ယောက်ပြီးတစ်ယောက် အသီးသီး၏ အခန်းများဆီသို့ ပွေ့ချီသွားပို့ပေးခဲ့သည်။

သို့သော် တုံယန်ကို ပွေ့ချီလိုက်ချိန်တွင် ဤကောင်မလေးက မငြိမ်မသက်ဖြင့် သူ့ကို ဖက်တွယ်ထားပြီး ရေဘဝဲတစ်ကောင်ကဲ့သို့ သူ့အပေါ် ရစ်ပတ်ထားလေသည်။

"လင်း... လင်းယွမ်... အစ်ကို... အစ်ကိုက... ဘယ်တော့ကျမှ ညီမကို အပိုင်သိမ်းမှာလဲဟင်"

သူမက ပါးစပ်မှ တီးတိုးရေရွတ်လိုက်ရာ လင်းယွမ်မှာ အနည်းငယ် ကြောင်အမ်းသွားသည်။

အရင်က သူမ၏ အသက်အရွယ် ငယ်ရွယ်သေးသည်ကို ထည့်တွက်ကာ လင်းယွမ်သည် သူမနှင့် အတူမနေခဲ့ဘဲ ရည်းစားများကဲ့သို့သာ ဆက်ဆံခဲ့သည်။

သူမနှင့် အတူရှိနေချိန်တိုင်းတွင် လင်းယွမ်သည် လူငယ်ဘဝသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ စိတ်အားထက်သန်ပြီး လွတ်လပ်ပေါ့ပါးမှုကို အမြဲ ခံစားရစေသည်။

တုံယန်၏ အသက်အရွယ် ငယ်ရွယ်သေးသဖြင့် တွေးခေါ်မှု မရင့်ကျက်သေးမည်ကိုလည်း သူ အမြဲ စိုးရိမ်ခဲ့သည်။ သူမ၏ အချစ်က ခဏတာ စိတ်ကူးပေါက်ရုံမျှသာ ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ တခြားအတွေးများ ဝင်လာမည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။

ယခု ဤမျှ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သူမက သူ့အနားတွင် အတူရှိနေရန်ကိုသာ စိတ်ထဲတွင် စွဲလမ်းနေဆဲပင်။

လင်းယွမ်သည် အိပ်မက်ယောင်ကာ စကားပြောနေသော သူမ၏ မျက်နှာလေးကို ကြည့်ရင်း မျက်လုံးများထဲတွင် မနေနိုင်ဘဲ အချစ်ပိုမှုများ ပေါ်လွင်လာသည်။

သူက ခေါင်းငုံ့ကာ သူမ၏ နဖူးလေးကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီး အလျင်စလို ထွက်မသွားသေးဘဲ သူမကို ဤအတိုင်း ပွေ့ဖက်ထားကာ ကျောပြင်လေးကို ခပ်ဖွဖွ ပွတ်သပ်ပေးနေမိသည်။

၎င်းတို့ကို ခံစားမိသွားပုံရကာ တုံယန်သည် သက်တောင့်သက်သာဖြင့် သူ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး ပါးစပ်မှ ဘာတွေပြောနေမှန်း မသိအောင် တီးတိုးရေရွတ်နေလေသည်။

သူမ၏ လှပသေသပ်သော မျက်နှာလေး၊ ဖြူဝင်းသော အသားအရေနှင့် ဖိသိပ်ခံထားရမှုကြောင့် ပုံပျက်နေသော အင်္ကျီလည်ပင်းပေါက်ကို ကြည့်ရင်း လင်းယွမ်မှာ မနေနိုင်ဘဲ ရင်ထဲ၌ အနည်းငယ် ပူနွေးလာသည်။

လေပေါ်ကျွန်းတွင် နေထိုင်ခဲ့ရသော ဤလဝက်ကျော် ကာလအတွင်း သူသည် မိန်းမများနှင့် မထိတွေ့ခဲ့ရပေ။ လဝက်တိတိ စုဆောင်းထားခဲ့သော တပ်မက်မှု အရှိန်အဟုန်မှာ ယခုကဲ့သို့သော ဆွဲဆောင်သွေးဆောင်မှုမျိုးကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။

အရက်ရှိန် တက်လာမှုနှင့်ပေါင်းစပ်သွားရာ လင်းယွမ်၏ စိတ်ထဲတွင် တစ်ခဏအတွင်း အလွန်အမင်း ပူလောင်လာပြီး ထိန်းချုပ်ရန် ခက်ခဲလာတော့သည်။

"ဟူး"

လင်းယွမ်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး မတ်တတ်ထကာ ကုတင်ပေါ်မှ ဖြည်းဖြည်းချင်း ခွာလိုက်သည်။ သူမအတွက် စောင်ကို သေချာခြုံပေးခဲ့ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။

စားပွဲဝိုင်း အကြီးကြီးပေါ်တွင် အိပ်ပျော်နေပြီဖြစ်သော လင်းယာ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

သူမက နည်းနည်းသာ သောက်ခဲ့သော်လည်း နောက်ဆုံးတွင် ဤမူးယစ်မှုကို မတောင့်ခံနိုင်တော့ဘဲ စားပွဲပေါ် မှောက်လျက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

လင်းယွမ် ထွက်လာပြီး လင်းယာကို တစ်ချက်ကြည့်လိုက်သည်။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် အနီးသို့ သွားကာ သူမ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။ "မလင်းယာ... အခန်းထဲသွားအိပ်လေ... ဒီမှာ အိပ်ရင် အအေးမိလွယ်တယ်"

ယခုက ဆောင်းရာသီ ကျော်လွန်ခါစသာ ရှိသေးပြီး ရေခဲများ လုံးဝ မအရည်ပျော်သေးသဖြင့် နွေဦး၏ ချမ်းစိမ့်စိမ့် အအေးဓာတ် ရှိနေဆဲ အချိန်မျိုး ဖြစ်သည်။

ရာသီဥတု အကူးအပြောင်းကာလတွင် ဖျားနာရန် အလွယ်ကူဆုံး ဖြစ်သောကြောင့် လင်းယွမ်က သူမအား ဤနေရာ၌ မှောက်လျက် အိပ်ပျော်နေစေရန် သဘာဝကျစွာပင် စိတ်မချနိုင်ခဲ့ပေ။

လင်းယာသည်ကား မူးဝေနေပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူမအား ပုတ်လိုက်သည်ကို ခံစားမိသောအခါ မူးဝေထိုင်းမှိုင်းစွာဖြင့် ခေါင်းမော့လာပြီး ဝေဝါးနေသော အကြည့်များဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

အရိပ်နှစ်ထပ် ဖြစ်နေသော လင်းယွမ်ကို မြင်သောအခါ သူမက တီးတိုးရေရွတ်လိုက်သည်။ "အိမ်မက်ထဲမှာ... ရှင့်ကို ထပ်မက်ပြန်ပြီပေါ့လေ"

လင်းယွမ်မှာ အနည်းငယ် ကြောင်အမ်းသွားသည်။ သူမက အိမ်မက် မက်နေသည်ဟု ထင်နေတာလား။

လင်းယွမ်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး သူမ၏ ဤမူးယစ်နေသော ပုံစံကို မြင်သောအခါ လက်လှမ်း၍ သူမ၏ ခါးသွယ်သွယ်လေးကို ဖက်ကာ အနည်းငယ် အားစိုက်ပြီး ထူမပေးလိုက်ရတော့သည်။

မျှော်လင့်မထားစွာပင် လင်းယာ၏ ခြေထောက်နှစ်ဖက်မှာ အားပျော့သွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် ခွေကျသွားမတတ် ဖြစ်သွားသည်။

ဤအရက်ရှိန်က တကယ်ကို ပြင်းလွန်းလှသဖြင့် သူမဆီတွင် အားအင်ဆို၍ တစ်စက်မျှပင် မကျန်တော့ချေ။

ထိုအခြေအနေကို မြင်သောအခါ လင်းယွမ်က အခြားလက်တစ်ဖက်ကို သူမ၏ ဒူးခေါက်ကွေးအောက်မှ လျှိုသွင်းကာ သွယ်လျလှပသော ခြေတံရှည်များကို ပင့်မလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

ချက်ချင်းပင် လင်းယာ တစ်ကိုယ်လုံးသည် သူ၏ ရင်ခွင်ထဲသို့ ကန့်လန့်ဖြတ် အပွေ့ချီခံလိုက်ရတော့သည်။

လင်းယာက မသိစိတ်၏ စေ့ဆော်မှုကြောင့် လက်လှမ်းကာ သူ၏ လည်ပင်းကို ဖက်တွယ်လိုက်ပြီး သူမ၏ ပါးစပ်မှ သင်းပျံ့သော ဝင်သက်ထွက်သက်များ ထွက်ပေါ်နေသည်။

"ရှင်က အိမ်မက်ထဲကို လာပြီး ကျွန်မကို ထပ်အနိုင်ကျင့်ပြန်ပြီပေါ့"

"ရှင်က တကယ့် လူဆိုးကြီးပဲ... အေ့"

သူမက လေတစ်ချက် တက်လိုက်ရာ ခန္ဓာကိုယ်မှ သင်းပျံ့သော ကိုယ်သင်းနံ့နှင့် ပါးစပ်မှ အစွမ်းသတ္တိပါသော သစ်သီးဝိုင်၏ ရနံ့တို့ ပေါင်းစပ်သွားမှုကြောင့် လင်းယွမ်၏ နှလုံးခုန်နှုန်းကို မြန်ဆန်လာစေသည်။

စောစောက တုံယန်ကြောင့် ထကြွလာခဲ့သော တပ်မက်မှု အရှိန်အဟုန်သည် ချက်ချင်းပင် တစ်ဟုန်ထိုး တောက်လောင်လာတော့သည်။

သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဂဏာမငြိမ်ဖြစ်မှုကို ဖိနှိပ်ကာ သူမအား အိမ်အကူအခန်းဆီသို့ ပွေ့ချီသွားခဲ့သည်။

ယခုအချိန်တွင် သူလမ်းလျှောက်သည်မှာလည်း အနည်းငယ် ယိမ်းယိုင်နေပြီ ဖြစ်သည်။ ထို အစွမ်းသတ္တိပါသော သစ်သီးများဖြင့် ချက်လုပ်ထားသည့် ဝိုင်သည် တကယ်ကို ပြင်းရှလွန်းလှသည်။

သူ၏ စိတ်စွမ်းအင်က သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေသော်လည်း မနေနိုင်ဘဲ ခေါင်းမူးဝေလာခဲ့သည်။

အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် လင်းယွမ်သည် လင်းယာကို နူးညံ့အိစက်သော မွေ့ယာပေါ်တွင် ချပေးလိုက်သည်။

ထို့နောက် လက်လွှတ်ကာ မတ်တတ်ထရန် ပြင်လိုက်သည်။

သို့သော် မျှော်လင့်မထားစွာပင် လင်းယာက သူ၏ လည်ပင်းကို ရုတ်တရက် အားပါပါဖြင့် ဆွဲဖက်လိုက်သည်။

လင်းယွမ်မှာ သတိမထားမိလိုက်ဘဲ ချက်ချင်းပင် သူမ၏ ကြီးမားထွားကြိုင်းသော ရင်သားအစုံကြားသို့ ခေါင်းစိုက်ကျသွားတော့သည်။

ဤမျှ ရုတ်တရက်ဆန်သော ရင်ခွင်အိအိကြား နစ်ဝင်သွားမှုကြောင့် လင်းယွမ်မှာ တစ်ခဏမျှ ကြောင်အမ်းသွားခဲ့ရသည်။

ထို့နောက် လင်းယာ၏ တီးတိုးရေရွတ်သံကို ကြားလိုက်ရသည်။ "လူဆိုးကြီး... မသွားပါနဲ့"

လင်းယွမ်က ချက်ချင်းပင် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ ရင့်ကျက်သော မိန်းမတစ်ယောက်၏ ရနံ့က သူ၏ နှာခေါင်းထဲသို့ ပြည့်နှက်ဝင်ရောက်လာပြီး အရက်၏ သက်ရောက်မှုအောက်တွင် သူသည် မနေနိုင်ဘဲ တစ်ချက် နမ်းရှိုက်လိုက်မိသည်။

ထိုခဏ၌ လင်းယာ၏ ခန္ဓာကိုယ်လေးမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး ထူးဆန်းသော ညည်းတွားသံလေး ထွက်ပေါ်လာသည်။

ဤညည်းတွားသံလေးသည် ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လင်းယွမ်၏ ဦးနှောက်ထဲတွင် ချက်ချင်း ပေါက်ကွဲသွားတော့သည်။

ဆင်ခြင်တုံတရားမှာလည်း ရမ္မက်ဆန္ဒ၏ ရိုက်ချိုးဖျက်ဆီးမှုကို ချက်ချင်း ခံလိုက်ရလေပြီ။

...

နေကြာပန်းငုံလေးများ ပွင့်လန်းလာပြီး မိုးပေါက်နှင်းပေါက်များကို ခံယူနေကြသည်။ မိုးသက်မုန်တိုင်း အပြီးတွင်တော့ နေရာအနှံ့ ရွှံ့ဗွက်များဖြင့် ပြည့်နှက်နေလေသည်။

ကာယကံရှင် နှစ်ဦးမှာ ယခုအချိန်တွင် အရက်ရှိန် အတော်လေး ပြယ်သွားကြပြီ ဖြစ်သည်။

လင်းယာက စောင်ကို ဖက်ထားပြီး မျက်နှာပေါ်တွင် နီမြန်းမှုများ ကျန်ရစ်နေဆဲပင်။ သူမက ခေါင်းငုံ့ထားပြီး ဘာတွေ တွေးနေမှန်း မသိနိုင်ပေ။

ရန်ဖြစ်သံ မရှိသလို... အော်ဟစ်သံလည်း မရှိပေ။ ငိုကြွေးသံဆိုလျှင် ပို၍ပင် မရှိချေ။

လင်းယွမ်မှာ အနည်းငယ် အနေရခက်သွားပြီး "တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။

လင်းယာက စကားတစ်ခွန်းမှ မပြောသေးဘဲ တိတ်ဆိတ်စွာ တစ်ဖက်သို့ လှည့်သွားကာ လင်းယွမ်ကို ကျောခိုင်းထားလိုက်သည်။

သို့သော် သူမ မသိသည်မှာ သူမ၏ ကျောပြင်က ပိုးသားကဲ့သို့ ချောမွေ့နေပြီး ဖြူဝင်းလှပသော ကျောပြင်နှင့် ပြည့်ဖြိုးသော တင်ပါးအလှတို့ကို ပေါင်းစပ်လိုက်ပါက မည်သည့် ယောက်ျားတစ်ယောက်မဆို ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ထိန်းချုပ်နိုင်ရန် ခက်ခဲသွားမည် ဖြစ်သည်။

လင်းယွမ်က အံကို တင်းတင်းကြိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အစွန်းရောက်သွားခဲ့ပြီပဲလေ။

သူက သူမ၏ အနီးသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားပြီး လက်ကို လှမ်းကာ သူမ၏ ခါးနှင့် ဝမ်းဗိုက်လေးကို သိုင်းဖက်လိုက်သည်။

ထိုခဏ၌ လင်းယာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး တုန်ရီသော အသံဖြင့် "ရှင်... ရှင် ဘာလုပ်မလို့လဲ" ဟု မေးလိုက်သည်။

လင်းယွမ်က ညင်သာသော လေသံဖြင့် "လင်းယာ" ဟု ခေါ်လိုက်သည်။

တင်ပါးဆီမှ ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိသွားရာ လင်းယာ၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး နောက်ဘက်သို့ လက်လှမ်းကာ အမြန်ကာကွယ်လိုက်ရင်း အလျင်စလို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အရင်က အရက်မူးပြီး စိတ်လွတ်သွားတာကို ကျွန်မ နားလည်ပေးလို့ ရပါတယ်... ဒါပေမယ့် ကျွန်မတို့ အခု သတိဝင်နေကြပြီလေ... ရှင်က... ရှင်က ဆက်ပြီး ရမ်းကားချင်နေတုန်းပဲလား"

လင်းယွမ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဖြစ်ပြီးသွားတဲ့ ကိစ္စတွေကို ကျွန်တော် ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ဘူး... မလင်းယာက ကျွန်တော့်လူ ဖြစ်သွားပြီပဲ... ကျွန်တော် ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေလို့ မရတော့ဘူး"

"လင်းယာ... ကျွန်တော် တာဝန်ယူပါ့မယ်"

"ဟင့်အင်း... မရဘူး... ကျွန်မ ရန်မေကို သစ္စာမဖောက်နိုင်ဘူး... ကျွန်မက တုတုလေးရဲ့ အမေနော်... အဲဒီလို လုပ်လို့ မရဘူး... အို"

သူမက ရုတ်တရက် လေသံတိုးတိုးဖြင့် လန့်အော်လိုက်ပြီး တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

လင်းယွမ်၏ အသက်ရှူသံများ ပြင်းထန်လာပြီး ပြောလိုက်သည်။ "လင်းယာ... အမှတ် (၈၇) တိုက်မှာ ပထမဆုံးအကြိမ် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို မတော်တဆ မြင်လိုက်ရကတည်းက ကျွန်တော် မေ့ပစ်ဖို့ ခက်ခဲနေခဲ့တာ"

"အိမ်မှာ ခင်ဗျားကို မြင်ရတိုင်း ကျွန်တော့် ခေါင်းထဲမှာ အဲဒီတုန်းက မြင်ကွင်းကို ခဏခဏ ပြန်မြင်ယောင်လာမိတယ်"

"ကျွန်တော့်ကို မငြင်းပါနဲ့လား..."

လင်းယာက သူ့ကို ကျောခိုင်းထားဆဲ ဖြစ်သော်လည်း မျက်နှာတစ်ခြမ်းကိုတော့ လင်းယွမ်က ဆွဲလှည့်လိုက်သည်။

သူမ၏ ပါးပြင်လေးများမှာ နီရဲနေပြီး ရှက်လို့လား သို့မဟုတ် အခြားအကြောင်းအရင်းတစ်ခုခုကြောင့်လား ဆိုသည်ကိုတော့ မသိနိုင်ပေ။

အသက်ရှူသံများမှာလည်း အတူတူပင် ပြင်းထန်နေပြီး သူမက လေသံတိုးတိုးဖြင့် အလျင်စလို ပြောလိုက်သည်။ "ဟင့်အင်း... ရန်မေ့ကိုတော့ မပြောပါနဲ့နော်... ရမလား"

"ကျွန်မ သူ့ကို အထင်မလွဲစေချင်ဘူး"

"အခုလိုတွေတောင် ဖြစ်ကုန်ပြီကို... ကျွန်တော့်ကို ဘယ်လို ပြန်ဆုတ်ခိုင်းနေတာလဲ" လင်းယွမ်က သူမ၏ နားနားကပ်၍ တီးတိုး ပြောလိုက်သည်။

လင်းယာက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြင်းထန်သော အသက်ရှူသံများနှင့်အတူ "နောက်... နောက်ဆုံး တစ်ခေါက်ပဲနော်" ဟု ပြောလိုက်တော့သည်။

ဆက်ရန်...

အပိုင်း(၈၀၆) မုန့်ယိုယို၏ စစ်မေးခြင်း

"ဒေါက်... ဒေါက်... ဒေါက်"

ရုတ်တရက် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

တိုက်ပွဲခါစကမှ ပြီးဆုံးထားသော လင်းယာမှာ မူလကတည်းက ခွန်အားများ လုံးဝ ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။

သို့သော် ယခုအခါ လန့်ဖျပ်သွားသော ငှက်ငယ်လေးတစ်ကောင်ပမာ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး ထိတ်လန့်တကြားဖြင့် လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

"ဘယ်... ဘယ်လိုလုပ်ကြမလဲ"

လင်းယွမ်က သူမကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းကာ လိပ်ခွံစွမ်းအင်အကာအကွယ်တစ်ခုကို ဖန်တီးလိုက်ပြီး ပြင်ပအသံများကို တားဆီးလိုက်သည်။

သူက လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "ရန်မေကို တကယ် မပြောစေချင်တာလား"

လင်းယာက ချက်ချင်းပင် တောင်းပန်သည့် မျက်နှာထားဖြင့် "တောင်းပန်ပါတယ်... မပြောပါနဲ့... သူ့ကို အထင်မလွဲစေချင်လို့ပါ"

"လင်းယွမ်... ထိုက်ယန်တောင်မှာ ကျွန်မအတွက် သူငယ်ချင်းကောင်း သိပ်မရှိဘူး... ရန်မေက လက်ချိုးရေလို့ရတဲ့ အထဲက တစ်ယောက်ပါ"

"ပြီးတော့... ပြီးတော့ တုတုကိုလည်း အရမ်းချစ်တယ်... ကျွန်မတို့ ကိစ္စကြောင့် တုတုကို ထပ်မတွေ့ရတော့မယ့် အဖြစ်မျိုး မရောက်ချင်ဘူး"

"ဒီနေ့ကိစ္စကို ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ... အိပ်မက်တစ်ခုလို့ပဲ မှတ်လိုက်ရအောင်... ဟုတ်ပြီလား"

လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "နားလည်ပါပြီ... ဒါပေမဲ့ အိပ်မက်တစ်ခုလို သဘောထားဖို့ဆိုတာတော့ မလုပ်နိုင်ဘူး"

လင်းယာမှာ ငိုလုမတတ် ဖြစ်သွားရပြီး အပြင်ဘက်မှ တံခါးခေါက်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

တစ်ချိန်တည်းမှာပင် တုံယန်၏ အသံပါ ထွက်ပေါ်လာသည်။

"အမလင်းယာ... နိုးပြီလား... အစ်ကိုလင်း ဘယ်သွားလဲ သိလား"

လင်းယာမှာ စိုးရိမ်လွန်း၍ ငိုတော့မည့်အလား လင်းယွမ်ကို ကြည့်ကာ အသနားခံလိုက်သည်။ "သိပါပြီ... သိပါပြီ... အိပ်မက်မဟုတ်ပါဘူးနော်... အဲဒီတော့... မြန်မြန် နည်းလမ်းတစ်ခုခု စဉ်းစားပါဦး... သူတို့ကို မသိစေနဲ့နော်... ဟုတ်လား"

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ထရပ်ကာ အဝတ်အစားများကို သေသေချာချာ ဝတ်ဆင်လိုက်သည်။ "အရင် ထွက်သွားလိုက်မယ်... ဘာမှမသိသလိုပဲ နေလိုက်"

ထိုသို့ပြောပြီးသည်နှင့် သူ၏ ကိုယ်နေဟန်ထားမှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အခန်းထဲမှ ပျောက်ကွယ်သွားလေသည်။

လင်းယာက သူ လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။

ထို့နောက် မသက်မသာ ခံစားနေရမှုကို အတင်းအောင့်အည်းကာ ထိုင်လိုက်ပြီး အော်ပြောလိုက်သည်။ "ခဏလေး... လာပြီ"

သူမက အဝတ်အစားများကို လျင်မြန်စွာ ဝတ်ဆင်လိုက်ပြီး စောင်ခြုံထဲမှ ထွက်လာခဲ့သည်။

ရုတ်တရက် တစ်ခုခုကို သတိရသွားကာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ အိပ်ရာခင်းပေါ်ရှိ ကြီးမားသော ရေကွက်ကြီးကို တွေ့လိုက်ရသဖြင့် မျက်နှာလေး ရဲတက်သွားလေသည်။

သူမသည် အိပ်ရာခင်းနှင့် စောင်ကို အမြန်ဆွဲချွတ်လိုက်ပြီး အဝတ်အစားလဲခန်းထဲသို့ ထိုးထည့်လိုက်သည်။

ထို့နောက် ဗီရိုထဲမှ အိပ်ရာခင်းနှင့် စောင်အသစ်ကို ထုတ်ယူကာ ခင်းကျင်းလိုက်သည်။

ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် ရင်တမမ ဖြစ်နေကာ ကုတင်ဘေးရှိ ဗီရိုလေးဆီသို့ ပြေးသွားပြီး အခန်းထဲမှ အနံ့အသက်များကို ဖုံးကွယ်ရန် ရေမွှေး အနည်းငယ် ဆွတ်ဖြန်းလိုက်သည်။

ထိုအရာများ ပြီးစီးသွားမှသာ အသက်ကို ဝဝရှူလိုက်ပြီး တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် အိပ်ရာဝင်ဝတ်စုံကို ဝတ်ဆင်ထားသော တုံယန်က အခန်းထဲသို့ သိချင်စိတ်ဖြင့် လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

"အမလင်းယာ... အစ်ကိုလင်းကို တွေ့မိသေးလား"

လင်းယာက အသက်ရှူနှုန်းကို ထိန်းချုပ်လိုက်ပြီး မပြုံးချင်ပြုံးချင်ဖြင့် "မသိဘူးလေ... သူ အိမ်မှာ မရှိဘူးလား"

"ထူးဆန်းတယ်... မတွေ့ဘူး... အမမေနဲ့ အမဝမ်တို့ အခန်းကို သွားကြည့်တာလည်း မတွေ့ဘူး"

လင်းယာက အမြန်မေးလိုက်သည်။ "ရန်မေနဲ့ ဆုန့်ဝမ်တို့ရော နိုးပြီလား" အခန်းထဲမှ ခုနက လှုပ်ရှားသံများကို တစ်ယောက်ယောက် ကြားသွားမည်ကို စိုးရိမ်နေသဖြင့် သူမ၏ ရင်ထဲတွင် ထိတ်လန့်နေမိသည်။

"မနိုးကြသေးဘူး... သူတို့နှစ်ယောက် သောက်ထားတာ များသွားလို့ အခုထိ အိပ်နေတုန်းပဲ"

တုံယန်က မျက်မှောင်ကြုတ်လိုက်ပြီး "ထူးဆန်းတယ်... စားပွဲပေါ်က ဟင်းပန်းကန်တွေလည်း မသိမ်းရသေးဘူး... အစ်ကိုလင်း ဘယ်သွားတာပါလိမ့်"

လင်းယာက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အမြန်မေးလိုက်သည်။ "တုတုရော"

တုံယန်က "အမမေရဲ့ ဘေးမှာ အိပ်နေတယ်"

ထိုအခါမှသာ လင်းယာ သက်ပြင်းချနိုင်သွားပြီး ချက်ချင်းပင် "လင်းယွမ်က ကိစ္စတစ်ခုခုရှိလို့ အပြင်သွားတာ ဖြစ်မှာပါ... သူ့အစွမ်းနဲ့ဆိုတော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး... စိတ်မပူပါနဲ့"

တုံယန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး... အစ်ကိုလင်းရဲ့ လုံခြုံရေးကို စိတ်ပူတာ မဟုတ်ပါဘူး... သူ့ကို မေးစရာလေး နည်းနည်းရှိလို့ပါ"

သူမ၏ မျက်နှာလေးမှာ အနည်းငယ် ရဲတက်သွားသည်။ တကယ်တော့ သူမက လင်းယွမ်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုချင်နေခြင်း ဖြစ်သည်။

သူမ အနေဖြင့် လူကြီးတစ်ယောက် ဖြစ်နေပြီဖြစ်ကြောင်းနှင့် သူမကို အလေးအနက်ထားကာ လက်ခံပေးစေလိုကြောင်း ပြောပြချင်နေသည်။

လင်းယာက "အော်... အဲဒါဆို ညနေလောက်ထိ စောင့်ကြည့်လိုက်လေ... သူ ပြန်လာချင် ပြန်လာမှာပေါ့"

"အဲဒါလေ... စားပွဲပေါ်က ပန်းကန်တွေကို အမပဲ သိမ်းလိုက်ပါ့မယ်"

တုံယန်က "အမနဲ့ အတူတူ ဝိုင်းသိမ်းပေးမယ်လေ"

"ရတယ်... ရတယ်... ညီမလေး လုပ်စရာရှိတာ သွားလုပ်... မီးဖိုချောင်ကိစ္စတွေက အမ ကျွမ်းကျင်ပြီးသားပါ... တစ်ယောက်တည်း လုပ်တာက ပိုမြန်တယ်"

တုံယန်က ခေါင်းကို ကုတ်လိုက်ပြီး ဆက်၍ မငြင်းဆန်တော့ပေ။

သို့သော် သူမ၏ စိတ်ထဲတွင် ယနေ့ အမလင်းယာ တစ်ယောက် ထူးဆန်းနေသည်ဟု အမြဲ ခံစားနေရသည်။

လင်းယွမ်ဘက်တွင်မူ အိမ်အပြင်ဘက်သို့ ရောက်သည်နှင့် သူ၏ ကိုယ်နေဟန်ထားကို ပြန်လည် ထုတ်ဖော်လိုက်သည်။

လင်းယာနှင့် အတူ ဖြတ်သန်းခဲ့ရသော သာယာလှပသည့် အခိုက်အတန့်များကို ခေါင်းထဲတွင် ပြန်လည် မြင်ယောင်လာမိပြီး ခေါင်းခါကာ မပြုံးချင်ပြုံးချင်ဖြင့် ပြုံးလိုက်မိသည်။

"နောက်ဆုံးတော့လည်း မအောင့်အည်းနိုင်ခဲ့ဘူးပဲ... ဟူး"

သို့သော် သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး လင်းယွမ်မှာ နောင်တရခြင်းမျိုး အလျဉ်းမရှိပေ။

လက်ရှိ သူ၏ အဆင့်အတန်းနှင့်ဆိုလျှင် လင်းယာကို သိမ်းပိုက်လိုက်ခြင်းကလည်း ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာမည် မဟုတ်ပေ။

သို့သော် ရန်မေတို့လို မိန်းကလေးများ၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ကမှ လင်းယွမ် ပို၍ ဂရုစိုက်ရမည့် အချက်ဖြစ်သည်။

"ကိုလင်းယွမ်"

အိမ်ပေါက်ဝမှ ထွက်လိုက်သည်နှင့် လင်းယွမ်က ရင်းနှီးနေသော သူတစ်ယောက်နှင့် ဆုံတွေ့လိုက်ရသည်။

မုန့်ယိုယိုတစ်ယောက် နှာခေါင်းစည်း တပ်ထားပြီး ဦးထုပ်ဆောင်းကာ ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ သူမ၏ ဝတ်စားဆင်ယင်မှု တစ်ခုလုံးမှာ ရေဘေးကြီး မတိုင်မီက နာမည်ကြီး မင်းသမီးတစ်ဦးနှင့် တူလှသည်။

လင်းယွမ်က သူမကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။

"မုန့်ယိုယို"

တစ်ဖက်လူမှာ အလွန်အမင်း ဖုံးကွယ်ထားသဖြင့် သူပင် မှတ်မိရန် ခက်ခဲနေခဲ့သည်။

မုန့်ယိုယိုက ဝမ်းသာအားရဖြင့် "ကျွန်မကို မှတ်မိသွားတာလား"

လင်းယွမ်က မနေနိုင်ဘဲ ရယ်မောလိုက်ပြီး "မင်းရဲ့ ဝတ်ပုံစားပုံက နည်းနည်းတော့ လွန်မနေဘူးလား"

မုန့်ယိုယိုက မတတ်သာသည့်ဟန်ဖြင့် "ဘယ်တတ်နိုင်မလဲ... အရမ်း နာမည်ကြီးနေတာကိုး... အခုဆို မျက်နှာလေး ပြလိုက်တာနဲ့ ပရိသတ်တွေ အများကြီးက နောက်ကနေ လိုက်နေကြပြီလေ"

လင်းယွမ်က အံ့သြသွားပြီး "ဒီလောက်ကြီးတော့ မဖြစ်နိုင်ပါဘူး"

အခုက ရေဘေးကြီး မတိုင်ခင် အချိန်မှ မဟုတ်တော့ဘဲ... လူတိုင်းက ကပ်ဘေးကြီးကို ကြုံတွေ့ခဲ့ရပြီးပြီမို့ အနုပညာရှင်တွေကို ရူးရူးမူးမူး အားပေးတဲ့ ဦးနှောက်မရှိတဲ့ အလုပ်မျိုးကို လုပ်မယ့်သူ သိပ်ရှိမှာ မဟုတ်ဘူးလေ။

ပုံမှန်အားဖြင့် သူတို့ရဲ့ ဖျော်ဖြေမှုတွေကို ကြည့်ရုံလောက်ဆိုရင်တော့ ထားပါတော့... အပြင်မှာပါ လိုက်ပြီး အားပေးနေမယ်ဆိုရင်တော့ နည်းနည်း လွန်လွန်းနေပြီ ဖြစ်သည်။

မုန့်ယိုယိုက သူ၏ အတွေးများကို ခန့်မှန်းမိပုံရပြီး ရယ်မောကာ "လူကြီးတွေ မဟုတ်ပါဘူး... ကလေးလေးတွေပါ... သူတို့က ကျွန်မတို့ကို အရမ်းသဘောကျတာ... တွေ့တာနဲ့ လာပြီး နှုတ်ဆက်တတ်ကြတယ်"

"အစ်ကိုလည်း သိတဲ့အတိုင်းပဲ... ကလေးတွေဆိုတာက ပိုပြီး ခင်မင်တတ်ကြတယ်လေ"

လင်းယွမ် သဘောပေါက်သွားသည်။ လူကြီးများက ဤကဲ့သို့ အဓိပ္ပါယ်မရှိသည့် အလုပ်များကို လုပ်ရန် အားနေမည် မဟုတ်သော်လည်း ကလေးများကမူ မသေချာပေ။

လင်းယွမ်က ပြုံးလိုက်ပြီး "ကြည့်ရတာ ခိုလှုံရေးစခန်းက နေ့ရက်တွေက တကယ်ပဲ ပိုကောင်းလာပုံရတယ်... ဒီကလေးတွေတောင် အနုပညာရှင်တွေကို အားပေးရကောင်းမှန်း သိနေကြပြီ"

"အို... အားပေးတယ်လို့လည်း ပြောလို့မရပါဘူး... သူတို့က ကျွန်မတို့ကို သဘောကျရုံပါ... ဘာမှ လွန်လွန်ကျူးကျူးလည်း မလုပ်ကြပါဘူး... ဒီတိုင်း လာပြီး စကားပြောကြတယ်... ရင်ဖွင့်ကြတာလောက်ပါပဲ"

"အစ်ကိုလည်း သိတဲ့အတိုင်းပဲ... ကျွန်မတို့ အကျွမ်းကျင်ဆုံးက စိတ်ပိုင်းဆိုင်ရာ ကုသပေးတာပဲလေ... ဟီးဟီးဟီး" မုန့်ယိုယိုက ထိုနေရာသို့ ရောက်သောအခါ သူမကိုယ်တိုင်ပင် အော်ဟစ် ရယ်မောလိုက်သည်။

လင်းယွမ်လည်း လိုက်၍ ရယ်မောလိုက်ပြီး မေးလိုက်သည်။ "ဒါနဲ့... မင်းတစ်ယောက်တည်းပါလား... လုယွီယန်ရော"

မုန့်ယိုယိုက လင်းယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး "ကိုလင်းယွမ်က လုယွီယန်ကို အတော်လေး ဂရုစိုက်နေပုံရတယ်နော်"

လင်းယွမ်က ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ချက်ချင်းပင် မပြုံးချင်ပြုံးချင်ဖြင့် "ဘာစကားတွေ လာပြောနေတာလဲ... ဒီတိုင်း စကားစပ်လို့ မေးလိုက်တာပါ... တကယ်တော့ သူ့ကို ရှာစရာ ကိစ္စလေး ရှိနေတာလည်းပါတယ်"

မုန့်ယိုယိုက တဟီးဟီး ရယ်မောလိုက်သည်။ လုယွီယန်၏ အချစ်ဆုံး သူငယ်ချင်းနှင့် လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေဖြင့် သူမ၏ သူငယ်ချင်းဖြစ်သူက ဤကိုလင်းယွမ်ကို မည်မျှ အားကျပြီး သဘောကျနေကြောင်း သူမ အသိဆုံးပင် ဖြစ်သည်။

အကယ်၍ သူမနှင့် လုယွီယန်တို့က လူအများ သဘောကျသည့် အဖွဲ့လိုက် အနုပညာရှင်များ ဖြစ်ကြသည်ဆိုလျှင် ဤကိုလင်းယွမ်ကတော့ လုယွီယန်၏ စိတ်နှလုံးထဲမှ အနုပညာရှင် တစ်ဦး အသေအချာပင် ဖြစ်ပေလိမ့်မည်။

"လုယွီယန်က စာသင်ကျောင်းဘက်မှာလေ... ဒီနေ့ သူ စာသင်စရာ ရှိတယ်"

လင်းယွမ် အံ့အားသင့်သွားသည်။ "စာသင်စရာ ရှိတယ်"

"ဟုတ်တယ်... သူက စာသင်ကျောင်းဘက်မှာ ဆရာမအနေနဲ့ အချိန်ပိုင်း အလုပ်လုပ်နေတာ... ကလေးတွေကို ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် သင်ပေးဖို့ တာဝန်ယူထားတယ်လေ"

ထိုအခါမှသာ လင်းယွမ် သဘောပေါက်သွားတော့သည်။ လုယွီယန်က သူ ပထမဆုံး မျိုးရိုးဗီဇကျင့်စဉ်ကို သင်ကြားပေးခဲ့သည့် မိန်းကလေးပင် ဖြစ်သည်။

အစတုန်းက သင်္ဘောပေါ်မှာဆိုလျှင် သူကိုယ်တိုင်ပင် အနီးကပ် လက်ဆွဲပြီး သင်ကြားပေးခဲ့ရသည် မဟုတ်ပါလား။

ထိုအတွေ့အကြုံကြောင့်ပင် သူ့နှင့် လုယွီယန်ကြားတွင် အမည်တပ်မရသော ရင်းနှီးမှု တစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။

ကုန်တင်သင်္ဘောပေါ်တွင် လုယွီယန်ကို ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် သင်ကြားပေးခဲ့သည့် မြင်ကွင်းများကို ပြန်တွေးမိပြီး လင်းယွမ်မှာ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

"အဲဒါဆိုရင် သူ့ကို ကျောင်းဘက်ပဲ သွားရှာလိုက်တော့မယ်"

သူ ဤတစ်ကြိမ် ပြန်လာခြင်းကလည်း လုယွီယန်ကို လုတရုံနှင့် ပတ်သက်သည့် ကိစ္စများ ပြောပြရန်ပင် ဖြစ်သည်။

ထို့အပြင် လုတရုံကလည်း သူ့ကို လုယွီယန်၏ စိတ်နေသဘောထား ပြောင်းလဲလာစေရန် ဖြောင်းဖျပေးဖို့ အကူအညီ တောင်းထားသေးသည်။ လုယွီယန် အနေဖြင့် လျန်မင်ရှုကို လက်ခံပေးနိုင်ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။

မုန့်ယိုယိုမှာ ချက်ချင်းပင် သိချင်စိတ်များ ပေါက်ကွဲလာပြီး မစောင့်နိုင်တော့သည့်ဟန်ဖြင့် "ကျွန်မ လိုက်ပို့ပေးမယ်လေ"

လင်းယွမ်က စဉ်းစားလိုက်သည်။ သူက ရှောင်မောင်းတောင် ဘက်ရှိ အခြေအနေများကို သိပ်ပြီး နားမလည်လှသဖြင့် စာသင်ကျောင်းကို မည်သည့်နေရာတွင် ဆောက်လုပ်ထားမှန်း အမှန်တကယ်ပင် မသိပေ။

ထို့ကြောင့် ခေါင်းညိတ်ပြုံးပြလိုက်ပြီး "ကောင်းသားပဲ"

မုန့်ယိုယိုက လင်းယွမ်ကို ခေါ်ဆောင်ကာ စာသင်ကျောင်း ရှိရာဘက်သို့ ထွက်ခွာသွားလေသည်။

လမ်းတစ်လျှောက်တွင် သူမက လင်းယွမ်နှင့် လုယွီယန်တို့ မည်သို့ သိကျွမ်းခဲ့ကြောင်း အဆက်မပြတ် မေးမြန်းနေပြီး... သူငယ်ချင်းဖြစ်သူအတွက် လူလည်ကြီး တစ်ယောက်ကို စမ်းသပ်နေသည့် ခံစားချက်မျိုး အတော်လေး ပေးစွမ်းနေသည်။

"ကိုလင်းယွမ်... လုယွီယန်ကို ဘယ်လိုမြင်လဲ"

"ဘာကိုလဲ"

"ကျွန်မပြောတာက... လုယွီယန်က အရမ်းလောက်လှပြီး မေတ္တာတရားလည်း ကြီးမားတယ်လေ... သူ့အနေနဲ့ နောက်ပိုင်း ရည်းစားထားမယ်ဆိုရင် ဘယ်လို ယောက်ျားမျိုးကမှ သူနဲ့ လိုက်ဖက်မယ်လို့ ထင်လဲ" မုန့်ယိုယိုက ပြုံးစိစိဖြင့် ပြောလိုက်သည်။

သူမက ဂရုမစိုက်သလို ပြောလိုက်သော်လည်း မျက်လုံးများကမူ လင်းယွမ်ကို စိုက်ကြည့်ကာ သူ၏ မျက်နှာအမူအရာကို အကဲခတ်နေသည်။

လင်းယွမ်၏ မျက်နှာပေါ်တွင် ကြီးမားသော အပြောင်းအလဲများ မရှိသော်လည်း စကားပြောဟန်မှာမူ အကြောင်းရင်းမရှိဘဲ အနည်းငယ် အေးစက်သွားသည်။

"လုယွီယန်က အသက်(၁၇)နှစ်ပဲ ရှိသေးတာမဟုတ်လား... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒါတွေ စဉ်းစားဖို့ သင့်တော်ပါ့မလား"

မုန့်ယိုယို၏ မျက်လုံးများ ပို၍ အရောင်လက်လာပြီး "(၁၈)နှစ် ပြည့်သွားပြီလေ... ကိုလင်းယွမ်က ကျွန်မတို့ရဲ့ လုယွီယန်ကို ကလေးလို့ ထင်နေတုန်းလား"

လင်းယွမ် အနည်းငယ် မှင်သက်သွားပြီး ထိုအခါမှသာ အစောပိုင်း တိုက်ထဲတွင် ရှိနေစဉ်ကတည်းက လုယွီယန်မှာ အသက်(၁၆)နှစ် ရှိနေပြီဖြစ်ကြောင်းကို ပြန်လည် သတိရသွားသည်။

ယခုဆိုလျှင် မသိမသာဖြင့် နှစ်နှစ်ကျော် အချိန်ကြာမြင့်သွားခဲ့ပြီ ဖြစ်ရာ လုယွီယန်မှာလည်း (၁၈)နှစ် ပြည့်သွားပြီ မဟုတ်ပါလား။

လင်းယွမ်မှာ အနည်းငယ် ငေးမောသွားပြီး "ဒီလောက်တောင် ကြီးသွားပြီလား"

မုန့်ယိုယိုက တိတ်တိတ်လေး ရယ်မောလိုက်ပြီး "ဟုတ်တယ်လေ... (၁၈)နှစ်ဆိုတော့ ရည်းစားထားလို့တောင် ရနေပြီ"

"ဘယ်လို ယောက်ျားမျိုးကများ ကျွန်မတို့ လုယွီယန်နဲ့ လိုက်ဖက်မလဲ မသိဘူးနော်"

လင်းယွမ်က ထိုကောင်မလေးကို တစ်ချက် စောင်းကြည့်လိုက်ပြီး သူ့ကို စမ်းသပ်နေကြောင်း သိလိုက်သည်။

သူက မေးလိုက်သည်။ "ဘာလဲ... လုယွီယန်မှာ သဘောကျနေတဲ့လူ ရှိနေပြီလား"

မုန့်ယိုယိုက ခေါင်းညိတ်လိုက်ပြီး "ဖြစ်နိုင်တယ်... သူ အခန်းထဲမှာ တစ်ယောက်တည်း ငေးငိုင်နေတာ ခဏခဏ တွေ့ရတယ်... တစ်ယောက်ယောက်ကို လွမ်းနေတဲ့ပုံပဲ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ "သူ့အဖေကို လွမ်းနေတာများလား"

မုန့်ယိုယိုက ခေါင်းခါလိုက်သည်။ "လုံးဝ မဟုတ်ဘူး... သူ့ရဲ့ ပုံစံကို ကြည့်လိုက်တာနဲ့ တစ်ဖက်သတ် အချစ်ဆိုတာ သိသာတယ်"

လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဆက်၍ မမေးတော့ပေ။

သို့သော် ရင်ထဲတွင်မူ သက်သောင့်သက်သာ မရှိသည့် ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ကျောင်းတစ်ကျောင်း၏ အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

ကျောင်းဆောက်ထားသည်မှာ သိပ်မကြီးမားလှဘဲ စုစုပေါင်း အဆောက်အအုံ သုံးလုံးသာ ရှိကာ တစ်လုံးလျှင် ခြောက်ထပ်ရှိပြီး အပြင်ဘက်တွင် ကစားကွင်းတစ်ခု ရှိသည်။

ယခုအချိန်တွင် ကစားကွင်းပေါ်၌ ဆရာမ၏ ဦးဆောင်မှုအောက်တွင် ကလေးများ တစ်တန်းလုံး ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို လေ့ကျင့်နေကြသည်။

ကလေးများ၏ ကောက်ကွေးယိမ်းယိုင်နေသော လှုပ်ရှားမှုများကို ကြည့်ရင်း လင်းယွမ်မှာ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ဤအထဲမှ လှုပ်ရှားမှုတိုင်းသည် သူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သဖြင့် အလွန် ရင်းနှီးကျွမ်းဝင်နေသည်မှာ သဘာဝပင် ဖြစ်သည်။

"လုယွီယန်ရော"

"ရုံးခန်းထဲမှာ ရှိလောက်တယ်... ကျွန်မ လိုက်ပို့ပေးမယ်"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး မုန့်ယိုယို နောက်မှနေ၍ ဆရာ၊ ဆရာမများ ရှိရာ အဆောက်အအုံဘက်သို့ လိုက်ပါသွားလေသည်။

အဆောက်အအုံထဲသို့ ဝင်လိုက်သည်နှင့် မကြာမီမှာပင် ဆရာမအချို့က လင်းယွမ်ကို မှတ်မိသွားကြပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ထရပ်ကာ ဝိုင်းအုံ နှုတ်ဆက်ကြလေသည်။

"ဆရာလင်း"

"ဆရာလင်းပဲ"

"မင်္ဂလာပါ ဆရာလင်း"

ဤနေရာတွင် အခြေခံအားဖြင့် စာသင်ပေးနေသူ အများစုမှာ မိန်းကလေးများ ဖြစ်ကြောင်း လင်းယွမ် သတိပြုမိသွားသည်။

သူ အနည်းငယ် စဉ်းစားလိုက်သည်နှင့် ဘာဖြစ်သည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။

စာသင်ကြားရသည့် အလုပ်က မခက်ခဲသလို အန္တရာယ်လည်း မရှိသောကြောင့် စီမံခန့်ခွဲရေးအဖွဲ့မှ လူများအနေဖြင့် ဤကဲ့သို့ ပေါ့ပါးသော အလုပ်များကို ခန္ဓာကိုယ် နုနယ်သော မိန်းကလေးများအတွက် ဦးစားပေးရန် စဉ်းစားထားသည်မှာ သေချာပေသည်။

နောက်တစ်ချက်မှာ ကလေးများထဲတွင် မိန်းကလေး အများအပြား ပါဝင်နေပြီး ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်နှင့် ပတ်သက်လာပါက အချို့သော လှုပ်ရှားမှုများကို ဆရာမများက ကူညီပြင်ဆင်ပေးရန် လိုအပ်ခြင်းကြောင့် ဖြစ်သည်။

ထိုအခါ ခန္ဓာကိုယ်ချင်း ထိတွေ့မှုများ ရှိလာနိုင်သဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဆရာမများက ပို၍ အဆင်ပြေမည် ဖြစ်သည်။

လင်းယွမ်က ရုံးခန်းထောင့်ရှိ လုယွီယန်ကို လျင်မြန်စွာပင် တွေ့လိုက်ရသည်။

သူမသည် ယခုအခါ ဆရာမများ၏ လုပ်ငန်းခွင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လင်းယွမ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အံ့သြဝမ်းသာသွားသည့် မျက်နှာထား ပေါ်ထွက်လာသည်။

လင်းယွမ်၏ အကြည့်များ ရောက်ရှိလာသည်ကို မြင်သောအခါ သူမ၏ လှပသော မျက်နှာလေးမှာ ရုတ်တရက် အနည်းငယ် ရဲတက်သွားပြီး အမြန် ခေါင်းငုံ့သွားလေသည်။

လင်းယွမ်မှာ အနည်းငယ် ငေးမောသွားပြီး အစောပိုင်း အပျော်စီးသင်္ဘောပေါ်တွင် သူမကို ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် လေ့ကျင့်ရန် သင်ကြားပေးခဲ့ရသည့် အချိန်သို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ထိုအချိန်က သူမသည်လည်း ဤကဲ့သို့ပင် အရှက်သည်းလွယ်သူလေး ဖြစ်ခဲ့သည် မဟုတ်ပါလား။

ဆက်ရန်...

All Chapters