← Chapters

အခန်း (၈၀၇-၈၀၈)

Vol. 41 Ch. 807-808

အခန်း (၈၀၇-၈၀၈)

Vol. 41 Ch. 807-808

အပိုင်း(၈၀၇) ချစ်မေတ္တာ

"မင်္ဂလာပါ... မင်္ဂလာပါ... အားလုံးပဲ မင်္ဂလာပါ"

လင်းယွမ်က ပြုံးရွှင်စွာဖြင့် လူတိုင်းကို နှုတ်ဆက်လိုက်ပြီး အပြန်အလှန် စကားစမြည်ပြောဆိုပြီးနောက် မုန့်ယိုယိုကို လှမ်းကြည့်လိုက်သည်။

မုန့်ယိုယိုက ချက်ချင်း သဘောပေါက်သွားပြီး "ကျွန်မ သွားခေါ်လိုက်မယ်" ဟု ပြောလိုက်၏။

ထို့နောက် သူမက လုယွီယန်အနီးသို့ လျင်မြန်စွာ ပြေးသွားပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

လုယွီယန်က ချက်ချင်းပင် အံ့သြတကြီး မော့ကြည့်လာပြီး လင်းယွမ်ကို လှမ်းကြည့်လိုက်၏။

အစ်ကိုလင်းယွမ်က သူမကို သီးသန့်လာရှာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ သိသာလှသည်။

ကုန်တင်သင်္ဘောပေါ်တွင် ရင်းနှီးစွာ ထိတွေ့ခဲ့ပြီး ထိုက်ယန်တောင် မျိုးရိုးဗီဇ နိုးထခြင်းကျင့်စဉ်ကို သင်ကြားပေးခဲ့ပြီးကတည်းက သူမနှင့် အစ်ကိုလင်းယွမ်တို့ နှစ်ယောက်တည်း သီးသန့်နေရမည့်အချိန်မျိုး လုံးဝမရှိသလောက်ပင် ဖြစ်သည်။

လူအုပ်ကြားထဲတွင် တခါတရံ လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသော သူ့ကို သူမ လှမ်းမြင်ရတတ်သော်လည်း သူကတော့ သူမကို သတိထားမိမည် မဟုတ်ပေ။

သူမအနေဖြင့် တောက်ပနေသော အစ်ကိုလင်းယွမ်ကို ထောင့်တစ်နေရာမှနေ၍သာ ဤသို့ တိတ်တဆိတ် ငေးကြည့်နေရတော့မည်ဟု ထင်မှတ်ထားခဲ့သည်။

အစ်ကိုလင်းယွမ်က တစ်နေ့နေ့တွင် သူမကို ကိုယ်တိုင်ကိုယ်ကျ လာရှာလိမ့်မည်ဟု တွေးမထားခဲ့မိပေ။

ချက်ချင်းပင် သူမ ဝမ်းသာအံ့သြဖြစ်သွားရသော်လည်း ရင်ခုန်မြန်လာကာ ကတုန်ကယင်ဖြစ်မှုမျိုးကိုလည်း ခံစားလိုက်ရ၏။

သူမ၏ ရင်ထဲမှ ထုတ်ဖော်မပြရဲသော ခံစားချက်များကို တစ်ဖက်လူက ရိပ်မိသွားတော့မည့်အလား ဖြစ်နေသည်။

သူမ ရုတ်တရက် စိုးရိမ်တကြီးဖြစ်သွားပြီး မုန့်ယိုယိုအား "အစ်ကိုလင်းယွမ်က... ကျွန်မကို ဘာကိစ္စရှိလို့လဲဟင်" ဟု မေးလိုက်သည်။

မုန့်ယိုယိုက တိုးတိုးလေး ရယ်မောကာ "ငါလည်း မသိဘူး... ဒါပေမဲ့ ဒါက အခွင့်အရေးကောင်းပဲ... နင် အမြဲတမ်း သူ့ကို တွေ့ချင်နေတာ မဟုတ်ဘူးလား" ဟု ပြောလိုက်၏။

"ဟင်... ငါ အဲဒီလို မရှိပါဘူး... နင် လျှောက်မပြောနဲ့"

လုယွီယန်မှာ လန့်ဖျပ်သွားပြီး မုန့်ယိုယို၏ ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်သည်။

သို့သော် မုန့်ယိုယိုက ရှောင်ထွက်သွားပြီး တိုးတိုးလေး ရယ်မောကာ "ငါ့ရှေ့မှာ လာဟန်ဆောင်မနေနဲ့... ငါ မသိဘူး မထင်နဲ့... နင် နေ့တိုင်း အခန်းထဲမှာ ငိုင်နေပြီး ဘာတွေတွေးနေတာလဲ ဆိုတာငါသိတယ်"

လုယွီယန်၏ ဖြူလွှလွှ ပါးပြင်လေးမှာ နီရဲလာပြီး မုန့်ယိုယို၏ လက်ကို အလျင်အမြန် ဆွဲကာ အသနားခံသည့် အကြည့်ဖြင့် "အမယိုယို... ကျေးဇူးပြုပြီး အပြင်မှာ လျှောက်မပြောပါနဲ့နော်"

မုန့်ယိုယိုက ထိုအခြေအနေကို ကြည့်ပြီး မချင့်မရဲဖြင့် "ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို နင် အမိအရ မဆုပ်ကိုင်ချင်ဘူးလား" ဟု ပြောလိုက်သည်။

"ငါ နင့်ကို ပြောမယ်... သူ့ကို သီးသန့်တွေ့ဖို့ဆိုတာ အရမ်းခဲယဉ်းတာနော်"

လုယွီယန်က ခေါင်းငုံ့ထားပြီး စကားမပြောတော့ပေ။

မုန့်ယိုယိုမှာ ဒေါသထွက်ချင်ချင်ဖြစ်သွားပြီး လေသံတိုးတိုးဖြင့် "သူ့လို ယောက်ျားမျိုးက သေချာပေါက် မိန်းမရှားတဲ့သူ မဟုတ်ဘူး... သူ့အိမ်က မိန်းမတွေကို ကြည့်လိုက်ရင် သိသာတယ်... ဘယ်သူကများ ရုပ်မချော ကိုယ်လုံးကိုယ်ပေါက် မလှလို့လဲ"

"နင် အခွင့်အရေးကို မယူဘဲ ဒီလောက် ရှက်နေရင် ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ"

လုယွီယန်မှာ နှုတ်ခမ်းလေး တလှုပ်လှုပ်ဖြစ်နေပြီး မျက်နှာလေးမှာ သွေးစက်ကျမတတ် နီမြန်းနေရှာသည်။

သူမက အသနားခံသည့် လေသံဖြင့် "တောင်း... တောင်းပန်ပါတယ်... သူ့ကိုတော့ မပြောလိုက်ပါနဲ့... ကျွန်မ... ကျွန်မက သူနဲ့ မထိုက်တန်ပါဘူး" ဟုသာ ပြောလိုက်သည်။

မုန့်ယိုယိုမှာ သက်ပြင်းချလိုက်ပြီး သူမ၏ ညီမလေးလိုဖြစ်နေသော သူငယ်ချင်းကို ကြည့်ကာ တကယ်ပင် စိတ်ပူနေမိ၏။

ယခုအချိန်တွင် လူတွေအများကြီး စောင့်ကြည့်နေသဖြင့် သူမ ဆက်မပြောတော့ဘဲ လုယွီယန်ကို ဆွဲကာ တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

စာသင်ခန်းထဲရှိ ဆရာ၊ ဆရာမများစွာက ဤမြင်ကွင်းကို စပ်စုချင်စိတ်ဖြင့် ကြည့်နေကြပြီး လင်းယွမ်၏ အကြည့်များက ခေါင်းငုံ့ထားသော လုယွီယန်အပေါ် ကျရောက်သွားသည်ကို မြင်လိုက်ကြသည်။

"ယွီယန်လေး... အားရဲ့လား... အစ်ကို ညီမလေးနဲ့ နည်းနည်းလောက် စကားပြောချင်လို့"

လုယွီယန်က မော့ကြည့်လာပြီး သူ့ကို တစ်ချက်ကြည့်ကာ အလျင်အမြန် ပြန်ငုံ့သွားပြီး "ဟုတ်ကဲ့" ဟု တိုးတိုးလေး ဖြေလိုက်သည်။

မုန့်ယိုယိုက မနေနိုင်ဘဲ သူမ၏ ခါးနောက်ပိုင်းကို တစ်ချက် ဆိတ်လိုက်ပြီး အားတင်းထားရန် သတိပေးလိုက်၏။

လုယွီယန်၏ ကိုယ်လုံးလေး တုန်တက်သွားပြီး မျက်နှာက ပို၍ပင် နီရဲသွားသည်။

လင်းယွမ်က လူတွေအများကြီး ဝိုင်းကြည့်နေသည်ကို သူမ မနှစ်သက်ဘူးဟုသာ ထင်လိုက်ပြီး "အစ်ကိုတို့ တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာပြီး စကားပြောရအောင်" ဟု ပြောလိုက်သည်။

မုန့်ယိုယိုက ချက်ချင်းပင် "လုံးဝ တိတ်ဆိတ်တဲ့နေရာကို ကျွန်မ သိတယ်" ဟု ဝင်ပြောလိုက်၏။

လင်းယွမ်က ပြုံးလိုက်ပြီး "ဒါဆိုလည်း လမ်းပြပေးပါဦး"

"ခစ်ခစ်... ကျွန်မကိုသာ အားကိုးလိုက်"

မုန့်ယိုယိုက ထိုလူနှစ်ယောက်ကို ခေါ်ကာ ရုံးခန်းထဲမှ ချက်ချင်း ထွက်သွားလေသည်။

သူတို့သုံးယောက် ထွက်သွားပြီးနောက် အဆောက်အအုံထဲတွင် ပြင်းထန်သော အတင်းအဖျင်း ပြောဆိုသံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"မလွယ်ဘူးနော်... တကယ်ကို မလွယ်ဘူး... ဆရာလင်း ကိုယ်တိုင် ယွီယန်ကို လာရှာတယ်တဲ့"

"ဟယ်... အရင်တုန်းက ယွီယန်ရဲ့ ထိုက်ယန်တောင် မျိုးရိုးဗီဇနိုးထခြင်းကျင့်စဉ်က ဆရာလင်းဆီက သင်ထားတာလို့ ပြောတုန်းက နင်တို့ မယုံကြဘူးမလား... အခု ကြည့်လေ... ဆရာလင်း ကိုယ်တိုင် သူ့ကို လာရှာနေမှတော့ အတုဖြစ်နိုင်ပါဦးမလား"

"အမလေး... ယွီယန်ဆိုတဲ့ ကလေးမက တကယ့်ကို နှိမ့်ချလွန်းပါတယ်... ဒီလောက်ကြီးမားတဲ့ နောက်ခံရှိနေတာကို စကားတစ်ခွန်းတောင် မဟဘူး"

"ငါ ပြောသားပဲ... ယွီယန်လေးက ရုပ်ချောပြီး သဘောကောင်းပေမဲ့ ထိုက်ယန်တောင် စာသင်ကျောင်းထဲ ဝင်နိုင်ဖို့က သေချာပေါက် နောက်ခံရှိမှ ရမှာပါလို့"

"အေးအေး... ငါ နင်တို့ကို ပြောပြမယ်... ငါ သတင်းတစ်ခု ကြားထားသေးတယ်"

"ဘာသတင်းလဲ"

"ယွီယန်နဲ့ ဆရာလင်းက ကပ်ဘေးမကျခင်ကတည်းက တိုက်ခန်းတစ်ခုတည်းမှာ နေခဲ့တဲ့ အိမ်နီးချင်းတွေတဲ့... ကပ်ဘေးကျပြီးနောက်ပိုင်းမှာ သူတို့တွေက အတူတကွ ပူးပေါင်းခဲ့ကြပြီး ဆရာလင်းရဲ့ ဦးဆောင်မှုနဲ့မှ ထိုက်ယန်တောင်ကို ရောက်လာကြတာလို့ ကြားတယ်"

"နင့်စကားအရဆို ယွီယန်က ဆရာလင်းနောက်ကို အစောဆုံး လိုက်ခဲ့တဲ့လူတွေထဲက တစ်ယောက်ပေါ့"

"အမလေး... ဒါဆို သူက လူဟောင်းပဲ"

"အော်... ဒါကြောင့် ယွီယန်နဲ့ ယိုယိုတို့ အဖွဲ့က ဒီလောက် နာမည်ကြီးနေတာတောင် ဘယ်သူမှ ပြဿနာမရှာရဲကြတာကိုး... အစတုန်းက ခေါင်းဆောင်ဟန်ရှန်းမန်ကို ယိုယိုက အားကိုးနေတယ်လို့ ငါ ထင်ခဲ့တာ... တကယ်တော့ ယွီယန်ကမှ ကောင်းကင်ဘုံထိ ထိုးဖောက်နိုင်တဲ့ နောက်ခံရှိနေတာကိုး"

"အမကျိုး... အစ်မ လျှောက်မပြောပါနဲ့... ကျွန်မတို့ ခိုလှုံရေးစခန်းမှာ တရားစီရင်ရေးအဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ရှိတယ်လေ... ကိုယ့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး တခြားလူတွေကို ဒုက္ခပေးရဲတဲ့လူဆိုရင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ပစ်မှတ်ထားတာကို ခံရမှာပဲ"

"ဟားဟား... ငါက ဒီတိုင်း ပြောကြည့်တာပါ"

တံခါးပေါက်အနီးရှိ ရုံးစားပွဲနှစ်လုံးတွင် အသက်နှစ်ဆယ်ဝန်းကျင် အရွယ်ရှိ မိန်းကလေးနှစ်ဦးက ကွန်ပျူတာရှေ့၌ အသီးသီး ထိုင်နေကြသည်။

ဂျင်းကုတ်အင်္ကျီ ဝတ်ဆင်ထားသော မိန်းကလေးက ဘေးနားရှိလူများ၏ စကားကို ကြားသောအခါ ပြုံးလိုက်ပြီးနောက် ဘေးမှ ဂါဝန်အဖြူရောင် ဝတ်ဆင်ထားသော မိန်းကလေးကို လှမ်းကြည့်လိုက်သည်။

"ရွှီလု... နင် သတိနည်းနည်း ထားဦးနော်... ယွီယန်ကို အကြောင်းမဲ့ သွားပြီး ပြဿနာမရှာနဲ့တော့... အဲဒါ ဆရာလင်းပဲ"

ဂါဝန်အဖြူရောင်နှင့် မိန်းကလေးမှာ မျက်နှာအနည်းငယ် ပျက်သွားပြီး "ကျန်းနန်... နင် ဘာတွေ လျှောက်ပြောနေတာလဲ... ငါက ယွီယန်ကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ" ဟု ချက်ချင်း ပြန်လည် ချေပလိုက်သည်။

ကျန်းနန်က နှုတ်ခမ်းထောင့်ကို ကွေးကာ သရော်သည့် လေသံဖြင့် "ဟင်းဟင်း... ဟန်ဆောင်ကောင်းလွန်းလို့ တခြားလူတွေက မရိပ်မိဘူးလို့ ထင်နေတာလား... နင် ဆရာဝမ်နောက်ကို လိုက်နေတာလည်း အချိန်တော်တော်ကြာနေပြီ မဟုတ်လား"

"အဲဒါ ဘာဖြစ်လဲ" ဟု ရွှီလုက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

ကျန်းနန်က ရယ်မောရင်း "ဆရာဝမ်က အကြောင်းမရှိရင်တောင် ငါတို့ရုံးခန်းကို လာပြီး ယွီယန်အတွက် စားစရာသောက်စရာတွေ ခဏခဏ လာပို့ပေးတယ်လေ... သူ လာတိုင်း နင့်မျက်နှာက အမေသေသွားတဲ့လူလို မှုန်သုန်နေတာကို လူတိုင်း မသိဘူး ထင်နေတာလား"

"ပြီးခဲ့တဲ့တစ်ခေါက် ထိုက်ယန်တောင် မျိုးရိုးဗီဇ နိုးထခြင်းကျင့်စဉ် ပြုပြင်မွမ်းမံရေးအဖွဲ့ စာရင်းမှာ ယွီယန်ကို နင် တမင်တကာ ချန်ထားခဲ့တာ မဟုတ်လား... ဟင်းဟင်း... လူတွေ မသိစေချင်ရင် ကိုယ်တိုင် မလုပ်တာ အကောင်းဆုံးပဲနော်... ငါတော့ နင့်ကို ငြိမ်ငြိမ်လေးနေဖို့ပဲ အကြံပေးချင်တယ်"

"ယွီယန်က နင့်ကို အရေးမလုပ်လို့သာ... တကယ်လို့သာ သူက စိတ်ဆိုးလာရင် စုံစမ်းစစ်ဆေးရေးအဖွဲ့က နင့်ရဲ့ အကြံအစည်တွေကို ရှာမတွေ့နိုင်ဘူးလို့ ထင်နေတာလား"

"ဌာနမှူးကျွမ်းရဲ့ စိတ်ဖတ်တဲ့အစွမ်းက လူတွေကို ခြောက်လှန့်ရုံသက်သက် မဟုတ်ဘူးနော်"

ရွှီလုမှာ ချက်ချင်းပင် မျက်နှာဖြူရော်သွားပြီး ခေါင်းငုံ့ကာ ကျန်းနန်ကို ပြန်မပြောရဲတော့ပေ။

ကျန်းနန်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး သီချင်းတအေးအေး ဆိုကာ တခြားသူများနှင့် အတင်းအဖျင်း ဆက်ပြောနေတော့သည်။

"ဆရာလင်းက ယွီယန်ကို ဘာကိစ္စနဲ့ လာရှာတာလဲမသိဘူး"

"အို... ဆရာလင်းက ယွီယန်ကို သဘောကျနေတာများလား"

"မဖြစ်နိုင်ပါဘူး... ယွီယန်က ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာကို"

"နင့်အတွေးအခေါ်ကလည်း ရှေးဆန်လိုက်တာ... ကပ်ဘေးမကျခင်ကတည်းက အချိန်လို့ ထင်နေတုန်းလား... ငါတို့ဆီမှာ ဆယ့်ခြောက်နှစ်နဲ့ လက်ထပ်သွားတဲ့သူတွေ ဘယ်လောက်များနေပြီလဲ... ဒီနှစ်ဆို အထက်ကနေ သားသမီးကောင်း မွေးဖွားဖို့တောင် အားပေးနေတာ... ကလေးတစ်ယောက်မွေးရင် အိမ်နဲ့ အမှတ်တွေပါ တန်းရမှာဆိုတော့ မိန်းကလေး ဘယ်လောက်များများက ယောက်ျားယူပြီး ကလေးမွေးဖို့ မစောင့်နိုင်ဖြစ်နေကြတာလဲ"

"အာ... ငါက အဲဒီသဘော ပြောတာမဟုတ်ပါဘူး... ယွီယန်က အဲဒါတွေ လိုအပ်နေတာမှ မဟုတ်တာလို့..."

"နင် ဘာတွေ လျှောက်ပြောနေတာလဲ... အဲဒါ ဆရာလင်းနော်... ဒီလို မူဝါဒတွေ မရှိရင်တောင် ဆရာလင်းက လက်တစ်ချောင်း ကွေးခေါ်လိုက်တာနဲ့ ငါဆို သူ့နားသွားဖို့အသင့်ပဲ"

"ဟယ်... အမလီ... အစ်မကတော့ တော်တော်ကို ကဲတာပဲ"

"ဟားဟားဟား..."

မိန်းမတစ်စု အတူတူ စုမိပြီး ၁၈+ အကြောင်းတွေ ပြောလာလျှင် တကယ်ကို ယောက်ျားတွေထက်တောင် ပိုကဲသေးသည်။

လင်းယွမ်အနေဖြင့် စာသင်ကျောင်းဘက်သို့ တစ်ခေါက် လာလိုက်မိသည်နှင့် ဤမိန်းမတစ်သိုက်၏ အတင်းပြောခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း လုံးဝ မသိခဲ့ပေ။

ယခုအချိန်တွင် မုန့်ယိုယို၏ လမ်းပြမှုဖြင့် သူနှင့် လုယွီယန်တို့သည် တောင်ပေါ်ရှိ နို့လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

လင်းယွမ်က မော့ကြည့်လိုက်ရာ ထိုနို့လက်ဖက်ရည်ဆိုင်၏ အမည်မှာ [ချစ်မေတ္တာ] ဖြစ်ကြောင်း တွေ့လိုက်ရသည်။

လင်းယွမ်က အနည်းငယ် ကြောင်သွားပြီး "ဒီဆိုင်ကို ဘယ်သူ ဖွင့်ထားတာလဲ... အရင်က တစ်ခါမှ မကြားဖူးပါလား" ဟု သိချင်စိတ်ဖြင့် မေးလိုက်၏။

အရင်တုန်းက ထိုက်ယန်တောင်တွင် အကြီးဆုံး နို့လက်ဖက်ရည်ဆိုင်မှာ ကျွမ်းရှုယွမ်၊ ကောင်းကျဲနှင့် ပိုင်ကျစ်လဲ့တို့ သုံးယောက်စပ် ဖွင့်လှစ်ထားသော ကောပိုင်ကျွမ်း ပင်ဖြစ်သည်။

ထိုအချိန်က ထိုက်ယန်တောင်တွင် ထိုဆိုင်က ထိုက်ယန်တောင်တစ်ခွင် လွှမ်းမိုးထားသည်ဟု ဆိုနိုင်ပြီး ထိုက်ယန်တောင် စုပေါင်းအဆောက်အအုံမှသည် သတ္တုတွင်းနယ်မြေနှင့် မိန်တောင်အထိ ဆိုင်ခွဲများ ရှိခဲ့သည်။

ယခု ဤရှောင်မောင်းတောင်သို့ ရောက်ရှိပြီးနောက် အခြား နို့လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဖွင့်လှစ်လာလိမ့်မည်ဟု လင်းယွမ် ထင်မထားခဲ့ပေ။

ထို့အပြင် အရောင်းအဝယ် အလွန်ကောင်းမွန်သည့်ပုံ ပေါက်နေပြီး တံခါးဝတွင် လူအဝင်အထွက်များပြားကာ နို့လက်ဖက်ရည် လာဝယ်သူများစွာ ရှိနေသည်။

မုန့်ယိုယိုက တဟီးဟီး ရယ်မောလိုက်ပြီး "ဒီဆိုင်ပိုင်ရှင်ကို ရှင်လည်း သိပါတယ်" ဟု ပြောလိုက်သည်။

လင်းယွမ်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး "ကျွန်တော် သိတယ်"

လုယွီယန်က သူ နားမလည်ဖြစ်နေသည်ကို မြင်သောအခါ "အမဟန်ရှန်းမန်၊ အမလော်ဟုန်မြန်၊ ယိုယိုနဲ့ ကျွန်မတို့ ပေါင်းပြီး ရင်းနှီးမြှုပ်နှံထားတာပါ" ဟု အလျင်အမြန် ရှင်းပြလိုက်သည်။

လင်းယွမ်မှာ အံ့သြသွားပြီး "ဟန်ရှန်းမန်... လော်ဟုန်မြန်... မင်းတို့တွေကလား"

မုန့်ယိုယိုက တဟီးဟီး ရယ်မောကာ "ထင်မထားဘူး မဟုတ်လား" ဟု ပြောလိုက်သည်။

လင်းယွမ်က ဇဝေဇဝါဖြင့် "ဟန်ရှန်းမန်က တွင်းနက်အရိပ်ရေပေါ်ကျွန်းမှာ တာဝန်ကျနေတာ မဟုတ်ဘူးလား" ဟု မေးလိုက်၏။

မုန့်ယိုယိုက ရယ်မောရင်း "ဟုတ်တယ်လေ... အမဟန်ရှန်းမန်က ငွေထုတ်ပေးရုံပဲ... စီမံခန့်ခွဲတာကို အမလော်ဟုန်မြန်က လုပ်ပြီး ကျွန်မတို့ နှစ်ယောက်က ဈေးဝယ်သူတွေကို ဆွဲဆောင်ဖို့ တာဝန်ယူရတာလေ... ဟီးဟီး... မိုက်တယ် မဟုတ်လား"

လင်းယွမ်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ ဤပေါင်းစပ်မှုက တကယ်ကို စိတ်ဝင်စားစရာ ကောင်းနေသည်။

ဟန်ရှန်းမန်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသော သိုင်းပညာရှင်တစ်ယောက်ဖြစ်ရာ သူမလက်ထဲတွင် အမှတ်များစွာ စုဆောင်းထားနိုင်မည်မှာ သေချာသည်။

သူမက အများစုကို ထုတ်ပေးပြီး ကျန်သော လော်ဟုန်မြန်၊ မုန့်ယိုယိုနှင့် လုယွီယန်တို့က အနည်းငယ်စီ ထည့်ဝင်လိုက်လျှင် လုံလောက်သွားပေမည်။

အဓိကအချက်မှာ မုန့်ယိုယိုနှင့် လုယွီယန်တို့သည် လူကြိုက်များပြီး ရှောင်မောင်းတောင်တွင် လူထုအခြေခံရှိသောကြောင့် သူတို့ နို့လက်ဖက်ရည်ဆိုင် ဖွင့်ခြင်းမှာ မွေးရာပါ အားသာချက် ဖြစ်နေခြင်းပင်။

လင်းယွမ်က သိချင်စိတ်ဖြင့် "ကောပိုင်ကျွမ်းက မင်းတို့ကို မဟန့်တားဘူးလား... ဒီနို့လက်ဖက်ရည်လုပ်ငန်းက သူတို့ရဲ့ တစ်ဦးတည်းမူပိုင် လုပ်ငန်းလေ" ဟု မေးလိုက်သည်။

မုန့်ယိုယိုက တဟီးဟီး ရယ်မောလိုက်ပြီး "သူတို့က နောက်ကျမှ ရောက်လာလို့လေ" ဟု ပြောလိုက်သည်။

"ကျွန်မနဲ့ ယွီယန်က ထိုက်ယန်တောင်ကနေ ရှောင်မောင်းတောင်ကို အစောဆုံး ပြောင်းရွှေ့လာတဲ့ အုပ်စုထဲမှာ ပါတာ... ကျွန်မတို့ ဒီကို ရောက်တုန်းက ဒီမှာ ကောပိုင်ကျွမ်း မရှိသေးဘူးလေ"

"ကောပိုင်ကျွမ်း ပြောင်းလာတဲ့အချိန်ရောက်တော့ ကျွန်မတို့ ဆိုင်ဖွင့်ထားတာ လနဲ့ချီ ကြာနေပြီ"

ချက်ချင်းပင် မုန့်ယိုယိုက လင်းယွမ်ကို တစ်ချက်ကြည့်ကာ "အစ်ကိုလင်းယွမ်... ရှင် မျက်နှာလိုက်လို့ မရဘူးနော်... ကျွန်မတို့ စီးပွားရေးလေး လုပ်ရတာ မလွယ်ဘူး"

"ဌာနမှူးကျွမ်းရဲ့ ကောပိုင်ကျွမ်းက နောက်ကျမှ ရောက်လာပေမဲ့ ဈေးကွက်ချဲ့ထွင်တာ အရမ်းမြန်တယ်... ဆိပ်ကမ်းဘက်မှာတင် ဆိုင်နှစ်ဆိုင် ရှိနေပြီဖြစ်သလို ရှောင်မောင်းတောင်ရဲ့ တခြားနေရာတွေမှာလည်း ဆိုင်ခွဲတွေ ရှိတယ်"

"သူက တခြား ရေပေါ်ကျွန်းတွေကိုပါ ဆိုင်ခွဲဖွင့်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်... ကျွန်မတို့ စီးပွားရေးလုပ်တာ သေချာပေါက် သူလောက် မတော်ဘူးဆိုတော့ ရှင် ကောပိုင်ကျွမ်းကို ဘက်လိုက်လို့ မရဘူးနော်"

လင်းယွမ်မှာ ငိုရခက် ရယ်ရခက်ဖြစ်သွားပြီး "ဒီလိုကိစ္စမျိုးကို ကျွန်တော်က ဘယ်လိုလုပ် ဝင်စွက်ဖက်မှာလဲ" ဟု ပြောလိုက်သည်။

မုန့်ယိုယိုက "အဲဒါတော့ မသေချာဘူး... ဌာနမှူးကျွမ်းက ရှင့်လူမှန်း ဘယ်သူက မသိလို့လဲ..." ဟု တီးတိုး ရေရွတ်လိုက်သည်။

သူမက တီးတိုးရေရွတ်လိုက်သော်လည်း လင်းယွမ်က အတိုင်းသား ကြားလိုက်ရသဖြင့် ချက်ချင်းပင် အနည်းငယ် မျက်နှာပူသွားရသည်။

ကျွမ်းရှုယွမ်နှင့် သူ၏ ဆက်ဆံရေးကို ဤကောင်မလေးတောင် သိနေပြီလား။

လုယွီယန်မှာ အချိန်အတန်ကြာ စကားမပြောဘဲ နေနေရာမှ ယခုအချိန်တွင် မနေနိုင်တော့ဘဲ "အစ်ကိုလင်း... ကျွန်မတို့ ချစ်မေတ္တာကနေ မြတ်တဲ့ အမှတ်တွေထဲက တစ်စိတ်တစ်ပိုင်းကို ပရဟိတလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတယ်" ဟု လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ "ပရဟိတ" ဟု မနေနိုင်ဘဲ မေးလိုက်သည်။

မုန့်ယိုယိုက ရှင်းပြလိုက်၏။ "လစဉ်လတိုင်း ခိုလှုံရေးစခန်းက အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ အပြင်က ဒုက္ခသည်တွေကို လက်ခံလေ့ရှိတယ်လေ... အဲဒီလူတွေက ကျွန်မတို့ ခိုလှုံရေးစခန်းကို စရောက်လာတဲ့အချိန်မှာ အတော်များများက အသက်ရှင်ရပ်တည်ဖို့ စွမ်းရည် မရှိကြဘူး... သူတို့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်မတို့က ပရဟိတ ရန်ပုံငွေတချို့ ထောက်ပံ့ပေးတာပါ"

"အစ်ကိုလင်းယွမ်... ဒါက ယွီယန် စဉ်းစားထားတဲ့ ဖောင်ဒေးရှင်းပါ... ယွမ်ယွီ ဖောင်ဒေးရှင်းလို့ ခေါ်တယ်"

လင်းယွမ်က အနည်းငယ် မှင်သက်သွားပြီး "ယွမ်ယွီ ဖောင်ဒေးရှင်း"

လုယွီယန်မှာ မျက်နှာပူသွားပြီး "ရေစက်ဆိုတဲ့ ယွမ် နဲ့ ဘာသာစကားဆိုတဲ့ ယွီ ပါ... ဖောင်ဒေးရှင်းကို လာနိုင်တဲ့သူတိုင်းက ကျွန်မနဲ့ ရေစက်ရှိတဲ့သူတွေလို့ ထင်လို့... ဒါ... ဒါကြောင့် ဒီနာမည် ပေးလိုက်တာပါ" ဟု အလျင်အမြန် ရှင်းပြလိုက်သည်။

လင်းယွမ်က သဘောပေါက်သွားပြီး သူမကို နူးညံ့သော အကြည့်ဖြင့် ကြည့်လိုက်ကာ ဤမိန်းကလေးမှာ တကယ့်ကို နတ်သမီးလေးတစ်ပါးနှင့် တူသည်ဟု ခံစားလိုက်ရသည်။

လောကကြီးက သူမကို နာကျင်မှုများဖြင့် ရိုက်နှက်ခဲ့သော်လည်း သူမကမူ သီချင်းသံများဖြင့် ပြန်လည် တုံ့ပြန်ခဲ့လေသည်။

ဆက်ရန်...

အပိုင်း (၈၀၈) ဝမ်းသာအံ့သြသွားသော လုယွီယန်

လူသုံးယောက် အခန်းထဲသို့ ဝင်လာကြပြီး မုန့်ယိုယိုက "ကျွန်မ အသိပေးထားပြီးပြီ... ရှင်တို့နှစ်ယောက် အပေါ်ထပ်က အခန်းထဲကိုသာ သွားကြပါ... ကျွန်မ အပြင်ကနေ အခြေအနေ စောင့်ကြည့်ပေးထားမယ်" ဟု ပြောလိုက်သည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

"အခြေအနေ စောင့်ကြည့်ပေးရမယ်... ဟုတ်လား... မင်းစကားကလည်းကွာ... ငါတို့နှစ်ယောက်ကပဲ လူမသိသူမသိ ခိုးကြောင်ခိုးဝှက် ကိစ္စတွေ သွားလုပ်တော့မယ့်အတိုင်းပဲ"

လုယွီယန်၏ လှပသော မျက်နှာလေးမှာ နီရဲသွားပြီး မျက်လွှာချထားကာ လင်းယွမ်ကိုပင် မော့မကြည့်ရဲတော့ချေ။

မုန့်ယိုယိုက တဟီးဟီး ရယ်မောလိုက်ပြီး "အို... ကျွန်မက နှုတ်ကြမ်းပြီး စကားမပြောတတ်လို့ပါ... အစ်ကိုလင်းယွမ်ကပဲ လူကြီးလူကောင်းပီပီ နားလည်ခွင့်လွှတ်ပေးပါနော်" ဟု ဆိုသည်။

လင်းယွမ်က ပြုံးလိုက်ပြီး သူမကို ဆက်မစတော့ဘဲ လုယွီယန်နှင့်အတူ အခန်းထဲသို့ ဝင်သွားလိုက်သည်။

မကြာမီမှာပင် လူတစ်ယောက်က နို့လက်ဖက်ရည်နှင့် မုန့်များ လာချပေးသည်။

လုယွီယန်က နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ခေါင်းငုံ့ကာ ပလုံစီသံမြည်အောင် သောက်နေ၏။

သူမ၏ ရင်ခုန်သံများမှာ သမင်ပေါက်စလေးတစ်ကောင်အလား မြန်ဆန်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေကာ လင်းယွမ်ကိုပင် မကြည့်ရဲအောင် ဖြစ်နေသည်။

လင်းယွမ်၏ အကြည့်များ သူမအပေါ် ကျရောက်နေသည်ကို သူမ ခံစားမိနေသည်။

လင်းယွမ်က သူ့ရှေ့ရှိ လှပချစ်စရာကောင်းသော ကောင်မလေးကို ကြည့်လိုက်သည်။ အရင်က ဆံပင်နှစ်ဖက်ခွဲချည်တတ်သော ကောင်မလေးသည် ယခုအခါ ဆံပင်ကို အထက်သို့ ပင့်တင်ချည်နှောင်ထားပြီး သူမ၏ ဟန်ပန်မှာလည်း ကလေးဆန်သော မိန်းကလေးအသွင်မှ ရိုးသားဖြူစင်သော တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်အသွင်သို့ ပြောင်းလဲသွားလေပြီ။

အရင်ကဆိုလျှင် လင်းယွမ်က သူမကို ကလေးတစ်ယောက်လို သဘောထားခဲ့သော်လည်း ယခုအခါတွင်မူ သူမထံမှ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်သော အလှတရားများ ထွက်ပေါ်နေပြီ ဖြစ်ကြောင်း သိသိသာသာ ခံစားလိုက်ရသည်။

သူမက အရင်က သင်္ဘောသားဝတ်စုံနှင့် လိုလီဝတ်စုံများကို ဝတ်ဆင်လေ့ရှိသော်လည်း ယခုမူ ကျောင်းဆရာမ တစ်ယောက်၏ လုပ်ငန်းခွင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

အနက်ရောင် ကုတ်အင်္ကျီအသေးလေး၊ အတွင်းမှ အဖြူရောင်ရှပ်အင်္ကျီ၊ အောက်ပိုင်းတွင် အနက်ရောင်ဘောင်းဘီရှည်နှင့် အနက်ရောင် သားရေဖိနပ်တို့ကို ဝတ်ဆင်ထား၏။

ဤဝတ်စုံကို အခြားသူများ ဝတ်ဆင်ပါက တည်ကြည်လေးနက်သည်ဟု ခံစားရမည် ဖြစ်သော်လည်း သူမ ဝတ်ဆင်ထားချိန်တွင်မူ တည်ကြည်မှုကြားထဲမှ ချစ်စရာကောင်းပြီး သွက်လက်သော အသွင်အပြင်လေးကို မြင်တွေ့ရသည်။

လင်းယွမ်က ပြုံးလျက် "လက်ရှိ အလုပ်ကို သဘောကျရဲ့လား" ဟု မေးလိုက်သည်။

လုယွီယန်က ထိုစကားကို ကြားသောအခါ သူ့ကို မော့ကြည့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် "ဟုတ်ကဲ့... ကလေးတွေက အရမ်းချစ်စရာကောင်းတယ်... ကျွန်မက ကလေးတွေနဲ့ အတူဆော့ရတာကို သဘောကျတယ်" ဟု ပြန်ဖြေသည်။

လင်းယွမ်က ရယ်မောလိုက်ပြီး "အဲဒါ ညီမကလည်း စိတ်ထားဖြူစင်ပြီး သဘောကောင်းလို့ပေါ့... လူကြီးတွေရဲ့ ကမ္ဘာမှာကတော့ အမြဲတမ်း ညစ်ပတ်ရှုပ်ထွေးမှုတွေ အများကြီး ရှိနေတတ်တယ်လေ"

"အရင်တုန်းက ညီမက ဆံပင်နှစ်ဖက်ချည်ပြီး သင်္ဘောသားဝတ်စုံ ဝတ်ရတာ သဘောကျတယ်လို့ မှတ်မိတယ်... အခုလို အဝတ်အစားနဲ့ ဆံပင်ပုံစံ ပြောင်းလိုက်တော့ရော အသားကျရဲ့လား"

လုယွီယန်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် "အဲဒီအချက်ကိုပဲ ကျွန်မ နည်းနည်း သဘောမကျတာ... ကျောင်းရဲ့ ပတ်ဝန်းကျင်က အရမ်းကို တည်ကြည်ပြီး ရှေးဆန်လွန်းနေတယ်လို့ ထင်တယ်... ကလေးတွေက ကျောင်းမှာ နေ့တိုင်း အရမ်းတည်ငြိမ်နေရပြီး ကျွန်မတို့ကို တွေ့ရင်တောင် နည်းနည်း ကြောက်နေကြတယ်"

လင်းယွမ်က ပြုံးလျက် "ဆရာနဲ့ ကျောင်းသားကြားမှာ သူငယ်ချင်းလို နေလို့ရတယ်ဆိုပေမဲ့ ကန့်သတ်ချက်တော့ ရှိရမှာပေါ့... ကျောင်းသားတွေရှေ့မှာ ဆရာတစ်ယောက်ရဲ့ ဩဇာတိက္ကမကိုတော့ အပျောက်ခံလို့ မဖြစ်ဘူးလေ"

"တင်းကျပ်တဲ့ ဆရာဆီကနေ တော်တဲ့ တပည့်တွေ ထွက်လာတယ်ဆိုတဲ့ စကားလည်း ရှိတယ်မလား... တကယ်လို့ ကျောင်းသားတွေနဲ့ အရမ်းရင်းနှီးသွားရင် သူတို့က ညီမကို အလေးထားတော့မှာ မဟုတ်ဘူး... အဲဒီအခါကျရင် စာကို ဘယ်လိုဆက်သင်မလဲ"

လုယွီယန်က ခေါင်းညိတ်လိုက်ပြီး "ကျောင်းအုပ်ကြီးကလည်း အဲဒီလိုပဲ ပြောတယ်... ကျွန်မက အဲဒီလို မျက်နှာပုပ်ကြီးနဲ့ နေရတာကို သိပ်အသားမကျလို့ပါ"

လင်းယွမ်က ရယ်မောလိုက်ပြီး "အစ်ကို အချိန်ရရင် ညီမတို့ ကျောင်းအုပ်ကြီးနဲ့ သွားစကားပြောပေးရမလား"

လုယွီယန်မှာ လန့်သွားပြီး အလျင်အမြန် လက်ကာပြလိုက်ကာ "ဟင့်အင်း... မလုပ်ပါနဲ့"

သူမ၏ ပါးပြင်လေးများ ရဲတက်သွားပြီး "အစ်ကိုလင်းယွမ်... ကျောင်းအုပ်ကြီး အထင်လွဲသွားမှာကို ကျွန်မ မလိုချင်ဘူး" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ကောင်းပြီလေ... အဲဒါဆိုလည်း အစ်ကို သူ့ဆီ သွားမပြောတော့ပါဘူး"

သူက လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ သူက နို့လက်ဖက်ရည် မမှာခဲ့ဘဲ သာမန် ပန်းလက်ဖက်ရည်ကိုသာ သောက်နေခြင်း ဖြစ်သည်။

မည်သည့်ပန်းမှန်း မသိရသော်လည်း သောက်လိုက်သည့်အခါ သင်းပျံ့သော ရနံ့လေးကို ရနေသည်။

လုယွီယန်သည်လည်း ဘာဆက်ပြောရမှန်းမသိဘဲ အနည်းငယ် တိတ်ဆိတ်နေမိသည်။

ခဏအကြာတွင် သူမက သတ္တိမွေးကာ လင်းယွမ်ကို မော့ကြည့်လိုက်ပြီး စတင် စကားပြောလိုက်သည်။ "အစ်ကို... အစ်ကိုလင်းယွမ်... အစ်ကိုက တလောက ကောင်းကင်ပေါ်မှာ ရှိနေတယ်လို့ သူတို့ပြောတာ ကြားတယ်... ကောင်းကင်ပေါ်မှာ ဘာတွေရှိလို့လဲဟင်"

လင်းယွမ်သည် လုတရုံ၏ ကိစ္စကို လုယွီယန်အား မည်သို့ ပြောပြရမည်ကို စဉ်းစားနေစဉ် သူမ၏ ရုတ်တရက် မေးခွန်းကြောင့် သတိပြန်ဝင်လာသည်။

သူက ပြုံးလိုက်ပြီး "ကောင်းကင်ပေါ်မှာ လေပေါ်ကျွန်း နည်းနည်းပါးပါး ရှိတယ်လေ... လောလောဆယ်တော့ အဲဒီ လေပေါ်ကျွန်းတွေကို အစ်ကိုတို့ သိမ်းပိုက်ထားပြီးပြီ"

"နောင်ကြရင် အဲဒီနေရာတွေကို ဖွံ့ဖြိုးအောင် လုပ်ပြီး လူတွေကို ကောင်းကင်ပေါ်မှာ သွားနေဖို့ စီစဉ်ပေးရလိမ့်မယ်"

လုယွီယန်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး မနေနိုင်ဘဲ "ကောင်းကင်ပေါ်မှာ ဘယ်လိုလုပ်ပြီး ကျွန်းတွေ ရှိနေရတာလဲ" ဟု မေးလိုက်သည်။

သူမက ထိုက်ယန်တောင်၏ စီမံခန့်ခွဲရေးအဖွဲ့ဝင် မဟုတ်သဖြင့် ကိစ္စတော်တော်များများကို သူမ မသိပေ။

လေပေါ်ကျွန်းနှင့် ပတ်သက်သော သတင်းများသည် အထက်ပိုင်း အရာရှိများကြားတွင် ပျံ့နှံ့နေပြီ ဖြစ်သော်လည်း ခိုလှုံရေးစခန်းမှ သာမန် ပြည်သူများကမူ သေသေချာချာ မသိကြသေးချေ။

မည်သည့်အချိန်ကာလတွင်မဆို ကမ္ဘာကြီးက ဤအတိုင်းပင် ဖြစ်သည်။

သတင်းကို အရင်ဆုံး ရရှိသူများမှာ အများအားဖြင့် အထက်ပိုင်းမှ လူများသာ ဖြစ်လေ့ရှိသည်။

ကပ်ဘေးမတိုင်မီကလည်း ဤအတိုင်းပင် ဖြစ်ခဲ့သည်။ မည်သည့်နေရာကို ဖျက်သိမ်းမည်၊ အိမ်ခြံမြေ မူဝါဒသစ်များ မည်သည့်အချိန်တွင် ထုတ်ပြန်မည်၊ မည်သည့်နေရာတွင် မြေအောက်ရထားလမ်း ဖောက်လုပ်မည် စသည်ဖြင့် ဖြစ်သည်။

ဤသတင်းများကို အပြင်သို့ မထုတ်ပြန်မီကတည်းက အထက်ပိုင်းမှ လူများက ကြိုတင်သိရှိနေကြပြီး အချို့ဆိုလျှင် မိသားစုဝင်များကို ရင်းနှီးမြှုပ်နှံမှုများပင် စတင်လုပ်ဆောင်ခိုင်းနေကြပြီ ဖြစ်သည်။

သာမန်ပြည်သူများမှာမူ အမြဲတမ်း နောက်ကျမှသာ သိရှိနားလည်ကြရသည်။

ဤသည်ကလည်း မတတ်နိုင်သော ကိစ္စတစ်ခုပင်။

လင်းယွမ်သည် လေပေါ်ကျွန်းမှ ကိစ္စအချို့ကို ရွေးချယ်ကာ သူမနှင့် စကားစမြည် ပြောဆိုလိုက်သည်။

သူတို့နှစ်ယောက်ကြားရှိ လေထုမှာ တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာပြီး စတင်တွေ့ဆုံစဉ်ကလောက် အနေရခက်မနေတော့ချေ။

နောက်ဆုံးတွင် လင်းယွမ်က အခွင့်အရေးတစ်ခု ရှာတွေ့သွားပြီး စကားစလိုက်သည်။ "ယွီယန်... ဒီတစ်ခေါက် အစ်ကိုပြန်လာတာ ညီမအတွက် သတင်းကောင်းတစ်ခု ပါလာတယ်"

လုယွီယန်က ထိုစကားကို ကြားသောအခါ စပ်စုချင်စိတ်ဖြင့် မော့ကြည့်လိုက်ပြီး အနည်းငယ် သံသယဝင်သွားသည်။

ကောင်းကင်ပေါ်တွင် သူမ၌ မည်သည့်သူငယ်ချင်းမှ မရှိပေ။ မည်သို့သော သတင်းက သူမနှင့် သက်ဆိုင်နေမည်နည်း။

လင်းယွမ်က စကားကို ဝှက်မထားတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ "အစ်ကို လေပေါ်ကျွန်းမှာ ညီမအဖေနဲ့ တွေ့ခဲ့တယ်"

"အာ"

လုယွီယန်က ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာသည်။

"ဘာ... ဘာပြောလိုက်တာလဲ"

လင်းယွမ်က သူမ မှောက်ကျသွားသော နို့လက်ဖက်ရည်ခွက်ကို ကြည့်ရင်း အလျင်အမြန် ပြောလိုက်သည်။ "နင် အရင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထားပါဦး... အစ်ကိုပြောတာ တကယ်ပါ... ငါ နတ်သစ်ပင်ကျွန်းမှာ ညီမအဖေနဲ့ တွေ့ခဲ့တယ်... ညီမအဖေက ဘေးကင်းလုံခြုံတဲ့အပြင် သန္ဓေပြောင်းအစွမ်းပါ နိုးထလာခဲ့သေးတယ်"

လုယွီယန်၏ မျက်လုံးအိမ်များ ချက်ချင်း နီရဲလာပြီး မျက်ရည်များ တားမရဆီးမရ ကျဆင်းလာကာ သူမက ပါးစပ်ကို အုပ်ထားရင်း "အင့်... ဟင့်... အစ်ကိုလင်းယွမ်... အစ်ကို... အစ်ကို ပြောတာ တကယ်လားဟင်"

သူမ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် လက်ဟန်ခြေဟန်များဖြင့်ပင် ပြသလိုက်မိသည်။

လင်းယွမ်က သူမကို တစ်ရှူး အမြန်ကမ်းပေးလိုက်ပြီး "တကယ်ပါ... ဒီတစ်ခေါက် ပြန်လာတာ သူက ညီမကို အသိပေးဖို့ သီးသန့် မှာလိုက်တာ... တကယ်လို့ ညီမ ဆန္ဒရှိရင် နောက်တစ်ခေါက် အဲဒီကို အစ်ကိုပြန်သွားတဲ့အခါ ညီမကို နတ်သစ်ပင်ကျွန်းကို ခေါ်သွားပေးမယ်လေ... ညီမတို့ သားအဖ ပြန်ဆုံရအောင်လို့ပေါ့" ဟု ပြောလိုက်သည်။

လုယွီယန်သည် ဝမ်းသာလွန်း၍ ငိုချလိုက်မိပြီး ဝမ်းသာအားရဖြင့် မေးလိုက်သည်။ "အရမ်းကောင်းတာပဲ... တကယ် အရမ်းကောင်းတာပဲ... ကျွန်မအဖေ အသက်ရှင်နေသေးတယ်... အစ်ကိုလင်းယွမ်... ကျွန်မ... ကျွန်မ အခုချက်ချင်း လိုက်သွားလို့ ရမလားဟင်"

လင်းယွမ်က စဉ်းစားလိုက်ပြီး "ရတော့ ရပါတယ်... ဒါပေမဲ့... အစ်ကို ညီမကို ပြောပြစရာ ကိစ္စတစ်ခု ရှိသေးတယ်" ဟု ပြန်ဖြေသည်။

လုယွီယန်က စိတ်လှုပ်ရှားစွာဖြင့် "ပြောပါ အစ်ကို" ဟု ဆိုသည်။

"ညီမအဖေက နတ်သစ်ပင်ကျွန်းမှာ တခြားအမျိုးသမီး တစ်ယောက်နဲ့ အတူတူ နေနေပြီ"

"ရှင်... အတူတူ... အတူတူ နေနေတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ" လုယွီယန်က သံသယဖြင့် မေးလိုက်သည်။

"သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတာကို ပြောတာပါ"

လုယွီယန်က သဘောပေါက်သွားပြီး ပြုံးလျက် "အဲဒါ အရမ်းကောင်းတာပေါ့... ကျွန်မအဖေကို ဂရုစိုက်ပေးမယ့်သူ ရှိလာတာကို ကျွန်မ အရမ်းဝမ်းသာတာပေါ့... ဒါက ဘာဖြစ်လို့လဲ" ဟု ပြောလိုက်သည်။

လင်းယွမ်က သူမထံတွင် မည်သည့် ဆန့်ကျင်လိုစိတ်မျှ မရှိသည်ကို မြင်သောအခါ ချက်ချင်း သက်ပြင်းချနိုင်သွားပြီး ရယ်မောလိုက်သည်။ "ညီမ သဘောထားမသေးဘူးဆိုရင်တော့ ကောင်းတာပေါ့"

လုယွီယန်က ခေါင်းခါလိုက်ပြီး "ကျွန်မအဖေက အဲဒီကိစ္စကြောင့် ကျွန်မကို လာမကြည့်ဘဲ အစ်ကိုနဲ့အတူ လိုက်မလာခဲ့တာလားဟင်" ဟု မေးလိုက်သည်။

"အဲဒါချည်းတော့ မဟုတ်ပါဘူး... ညီမအဖေက လေပေါ်ကျွန်းမှာ ခိုလှုံရေးစခန်း တစ်ခု တည်ထောင်ထားတယ်လေ... အစ်ကို မပြန်လာခင် သူက သူ့ရဲ့ ခိုလှုံရေးစခန်းက လူတွေကို နေရာချပေးဖို့ လိုအပ်နေလို့ပါ"

လုယွီယန်က မျက်ရည်များကို သုတ်လိုက်ပြီး "ကျွန်မအဖေက နှစ်ပေါင်းများစွာ ကျွန်မအတွက်နဲ့ပဲ အမြဲတမ်း ပင်ပန်းဆင်းရဲ ခံခဲ့ရတာ... ကျွန်မကြောင့်သာ မဟုတ်ရင် သူက ဘဝလက်တွဲဖော် မရဘဲ ဘယ်နေပါ့မလဲ"

"တကယ်ပြောရရင်... ကျွန်မက သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့တာပါ"

"အခု သူနဲ့ ဘဝကို အတူတူ ဖြတ်သန်းချင်တဲ့ အဒေါ်တစ်ယောက်ကို ရှာတွေ့သွားပြီဆိုတော့... ကျွန်မက ဝမ်းသာလို့တောင် မဆုံးနိုင်ပါဘူး"

လုယွီယန်က ရယ်မောလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ဆုတောင်းမေတ္တာများဖြင့် ပြည့်နှက်နေပြီး အမှန်တကယ်ပင် မည်သည့် ဝမ်းနည်းမှုမျှ မရှိပေ။

လင်းယွမ်က သူမ၏ ဤသဘောထားကို ကြည့်ရင်း သူမ အမှန်တကယ် စိတ်သဘောထား ကောင်းလွန်းသည်ဟု မနေနိုင်ဘဲ ထပ်မံ ချီးကျူးမိသွားသည်။

"အဲဒါဆိုလည်း... ညီမ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်... နောက်နှစ်ရက်နေရင် အစ်ကို အစည်းအဝေး ပြီးတာနဲ့ ညီမကို နတ်သစ်ပင်ကျွန်းကို ခေါ်သွားပေးမယ်... အဲဒီအချိန်ကျရင် အတူတူ သွားကြတာပေါ့... ဘယ်လိုလဲ"

လုယွီယန်က အခုချက်ချင်းပင် လိုက်သွားချင်သော်လည်း စဉ်းစားကြည့်လိုက်သောအခါ သူမ၌ နောက်ထပ် ဖျော်ဖြေပွဲ အနည်းငယ် ကျန်နေသေးပြီး မုန့်ယိုယိုနှင့်အတူ သွားရောက် ပြီးစီးအောင် လုပ်ဆောင်ရဦးမည် ဖြစ်သည်။

ဤဖျော်ဖြေပွဲများသည် စောစောကတည်းက သတ်မှတ်ထားခြင်း ဖြစ်သဖြင့် သူမအနေဖြင့် သေချာပေါက် ကတိဖျက်၍ မရနိုင်ပေ။

ထို့ကြောင့် သူမက ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့ အစ်ကိုလင်းယွမ်... ကျွန်မ အစ်ကို့ စကားကို နားထောင်ပါ့မယ်" ဟု ပြောလိုက်ရသည်။

လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက် နောက်ထပ် အချိန်အနည်းငယ်ကြာ စကားပြောပြီးနောက် လင်းယွမ်က အချိန်ကို ကြည့်လိုက်ရာ မစောတော့ကြောင်း တွေ့လိုက်ရသည်။

"ကဲ... ဒီနေ့တော့ ဒီလောက်ပဲ ထားလိုက်ကြစို့... အစ်ကို အရင်ပြန်တော့မယ်... ညီမ အစ်ကိုသတင်းကိုသာ စောင့်နေလိုက်တော့"

"ရှင်... ဟုတ်... ဟုတ်ကဲ့ပါ"

သူတို့နှစ်ယောက် မတ်တတ်ထရပ်လိုက်ကြပြီး လင်းယွမ်က သူမ၏ ရိုးရှင်းလွန်းသော ကျောင်းဆရာမ ဝတ်စုံကို ထပ်မံကြည့်ရှုမိကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

သူ စဉ်းစားလိုက်ပြီးနောက် သတိပေးလိုက်သည်။ "အဝတ်အစား ဆိုဒ်က မတော်ဘူးဆိုရင် နင်တို့ ကျောင်းအုပ်ကြီးဆီ သွားပြောလိုက်... ဒီလိုနည်းလမ်းမျိုးက ခန္ဓာကိုယ်အတွက် မကောင်းဘူး"

လုယွီယန်၏ လှပသော မျက်နှာလေးမှာ ချက်ချင်း နီရဲသွားပြီး စကားကို ထစ်အသွားလေသည်။

အရင်က သင်္ဘောပေါ်တွင် လင်းယွမ်နှင့်အတူ ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို လေ့ကျင့်စဉ်ကတည်းက သူမသည် မိမိ၏ ကြီးမားလှသော ရင်သားများကို အဝတ်စဖြင့် အမြဲတမ်း ပတ်စည်းထားခဲ့သည်။

ထိုစဉ်က လင်းယွမ်သည် ဤနည်းလမ်းကို အမြဲတမ်း အသုံးမပြုရန်နှင့် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ကြောင်း သူမကို သတိပေးခဲ့ဖူးသည်။

သို့သော် နောက်ပိုင်းတွင် ထိုက်ယန်တောင်သို့ ပြန်ရောက်သောအခါ သူမသည် မိမိ၏ ကြီးမားသော ရင်သားတစ်စုံကို လက်ခံရန် အနည်းငယ် ခက်ခဲနေဆဲဖြစ်သဖြင့် အဝတ်စကို တိတ်တဆိတ် ပြန်လည်အသုံးပြုကာ ရင်ဘတ်ကို ပတ်စည်းထားခဲ့ပြန်သည်။

လင်းယွမ်က ယနေ့ သူမကို မြင်လိုက်ရချိန်တွင် သူမ ဝတ်ဆင်ထားသော ကျောင်းဆရာမ ဝတ်စုံမှာ ပြားချပ်နေသည်ကို တွေ့လိုက်ရသဖြင့် ဘာကြောင့်ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

ကောင်မလေးသည် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ အနားတွင် မရှိခဲ့ပေ။ အမျိုးသမီးများနှင့် ပတ်သက်သော ဗဟုသုတများကိုလည်း လုတရုံက နားမလည်သဖြင့် သဘာဝကျစွာပင် သူမကို မသင်ပေးနိုင်ခဲ့ချေ။

ထို့ကြောင့် လုယွီယန်သည် မိမိ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ အနည်းငယ် သိမ်ငယ်စိတ် ဝင်နေပြီး မိမိ၏ ခန္ဓာကိုယ်ကို ကောင်းစွာ မထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်ကမူ သူမကို တစ်ချက် သတိပေးရန် လိုအပ်သေးသည်ဟု တွေးလိုက်မိသည်။

သေချာသည်မှာ အချို့သော စကားများကို အနည်းငယ်မျှသာ ပြောသင့်ပြီး ထို့ထက်ပို၍ ဆက်ပြောနေပါက အနည်းငယ် လွန်ကဲသွားပေလိမ့်မည်။

သူတို့နှစ်ယောက် အခန်းတံခါးမှ ထွက်လာသောအခါ မုန့်ယိုယိုက တံခါးဝတွင် ကပ်လျက် နားထောင်နေသည်ကို မြင်လိုက်ရသည်။

ရုတ်တရက် အခန်းတံခါး ပွင့်လာသဖြင့် သူမ ချက်ချင်း လန့်သွားသည်။

သူမက ခန္ဓာကိုယ်ကို အမြန်မတ်လိုက်ပြီး တမင်တကာ ရယ်မောဟန်ပြကာ "ဟီးဟီး... ဒီနေ့ ရာသီဥတုက နည်းနည်း ပူနေသလိုပဲ... အို... ရှင်တို့ ပြောလို့ ပြီးသွားပြီလား... အစ်ကိုလင်းယွမ်... ကျွန်မတို့ နေတဲ့နေရာကို သွားထိုင်ချင်သေးလား"

"ကျွန်မနဲ့ ယွီယန်က အတူတူ နေကြတာလေ"

လင်းယွမ်က လက်မြှောက်အရှုံးပေးလိုက်ပြီး "မသွားတော့ပါဘူး... ငါ အလုပ်ရှိသေးလို့ အရင်ပြန်တော့မယ်" ဟု ပြောလိုက်သည်။

ထိုသို့ ပြောရင်း သူက လုယွီယန်ကိုလည်း နှုတ်ဆက်လိုက်သည်။

လင်းယွမ် ထွက်သွားပြီးနောက် မုန့်ယိုယိုက လုယွီယန်အနားသို့ အမြန်ပြေးလာပြီး စတင် စပ်စုတော့သည်။

"ဘယ်လိုလဲ... ဘယ်လိုလဲ... နင် သူ့ကို ပြောလိုက်ပြီလား"

လုယွီယန်၏ မျက်နှာလေး ရဲတက်သွားပြီး "ဘာကို ပြောရမှာလဲ" ဟု မေးလိုက်သည်။

"ဖွင့်ပြောတာကို ပြောတာလေ... နင်ကတော့လေ... ငါ့ကို အသေစိတ်ပူအောင် လုပ်တော့တာပဲ"

"ဘာတွေပြောနေတာလဲ... ငါ... ငါက ဘာကို ဖွင့်ပြောရမှာလဲ... အစ်ကိုလင်းယွမ်က အိမ်ထောင်သည်လေ... ကလေးတောင် ရှိနေပြီကို" လုယွီယန်က အလျင်အမြန် ပြန်ပြောလိုက်သည်။

မုန့်ယိုယိုက "လျှောက်မပြောနဲ့... နင် နေ့တိုင်း အခန်းထဲမှာ ငေးမှိုင်ပြီး ဘာတွေတွေးနေလဲဆိုတာ ငါမသိဘူးများ မှတ်နေလား... ငါ နင့်ကို ပြောမယ်... သူနဲ့ နှစ်ယောက်တည်း အတူတူနေရဖို့ အခွင့်အရေးဆိုတာ သိပ်မရှိဘူးနော်... နင်ကတော့လေ... နောက်ကျရင် နင် နောင်တရလိမ့်မယ်" ဟု ပြောလိုက်သည်။

သူမမှာ သံကိုစတီးမဖြစ်နိုင်သည့်အလား စိတ်ပျက်ဒေါသထွက်ကာ အလောတကြီး ခြေဆောင့်နေမိသည်။

လုယွီယန်က မျက်နှာရဲရဲဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ "အဲ... အစ်ကိုလင်းယွမ်က ခုနက ငါ့ကို သတင်းကောင်းတစ်ခု ပြောပြတယ်"

မုန့်ယိုယိုက နှာခေါင်းရှုံ့လိုက်ပြီး "ဘာလဲ... သူက နင့်ကို ဖွင့်ပြောလိုက်လို့လား"

"အို... နင်ကလည်း ဘယ်လိုဖြစ်နေတာလဲ... ဒီကိစ္စကိုပဲ အမြဲတမ်း ပြောနေတယ်... အစ်ကိုလင်းယွမ် ပြောတာက ငါ့အဖေ အသက်ရှင်နေသေးတယ်တဲ့... လေပေါ်ကျွန်းမှာတဲ့"

"ဘာ... ဦးလေး အသက်ရှင်နေသေးတယ် ဟုတ်လား"

မုန့်ယိုယိုက ထိုစကားကို ကြားသောအခါ ချက်ချင်း အံ့သြဝမ်းသာသွားပြီး ဘယ်လိုဖြစ်ရသည်ကို အလျင်အမြန် မေးမြန်းတော့သည်။

လုယွီယန်က သူမ၏ ဝမ်းသာပျော်ရွှင်မှုကို သူမနှင့် မျှဝေလိုက်ပြီး မုန့်ယိုယိုကလည်း သူမအတွက် ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။

ဆက်ရန်...

All Chapters