အခန်း (၈၀၉-၈၁၀)
Vol. 41 Ch. 809-810
အပိုင်း(၈၀၉) လင်းယာ၏ အတွေးများ
နို့လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် လင်းယွမ်က အချိန်ကို တစ်ချက်ကြည့်လိုက်ရာ မသိမသာဖြင့် အပြင်သို့ ရောက်နေသည်မှာ နှစ်နာရီကျော်ပင် ရှိနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
"အခုလောက် ပြန်သွားရင်တော့ အချိန်ကိုက်လောက်ပဲ"
လင်းယွမ်က စိတ်ထဲမှ တွေးရင်း သူ၏ အိမ်ရှိရာသို့ ဦးတည်ကာ လျှောက်သွားလိုက်သည်။
လမ်းကြုံအနေဖြင့် ပတ်ဝန်းကျင် အခြေအနေကိုလည်း အကဲခတ် လေ့လာသွားခဲ့သည်။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲတွင် မုန်တိုင်းများ မရှိသလို အပြင်ဘက်မှ မုန်တိုင်းများကိုလည်း ဟင်းလင်းပြင်က တားဆီးပေးထားသောကြောင့် ဤနေရာတွင် နေရောင်ခြည်ခံ မှန်အိမ်များ ဆောက်လုပ်ထားခြင်း မရှိပေ။
သို့သော် တောင်ပေါ်တစ်ခွင်လုံးတွင် သန္ဓေပြောင်း နေကြာပန်းများ အပြည့်ရှိနေသဖြင့် လူလုပ် အရိပ်ရ နေရာများ ဖန်တီးပေးရန်မူ လိုအပ်နေသည်။
ခေါင်းဆောင်စံအိမ်နှင့် ဘက်စုံသုံး အဆောက်အအုံများ၏ နေရာများမှာမူ သိပ်မပြောင်းလဲဘဲ ဧရာမ ကွင်းပြင်ကြီး တစ်ခုလုံးကမူ ထိုက်ယန်တောင်တွင် ရှိစဉ်ကထက် အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းလာခဲ့သည်။
ထို့နောက် သက်ဆိုင်ရာ ဌာနအသီးသီးကလည်း အဆောက်အအုံများကို သီးခြားစီ ဆောက်လုပ်ထားပြီး တစ်နေရာတည်းတွင် ပြွတ်သိပ်မနေတော့ဘဲ ခိုလှုံရေးစခန်းမှ နေထိုင်သူများ ကိစ္စရှိ၍ လာရောက်သည့်အခါ အလွယ်တကူ ရှာဖွေနိုင်ရန် တံခါးမကြီးများပေါ်တွင် ဧရာမ ဆိုင်းဘုတ်ကြီးများကိုလည်း တပ်ဆင်ထားကြသည်။
အတိုချုပ်ဆိုရလျှင် ရှောင်မောင်းတောင် တစ်ခုလုံးသည် မြို့တော်စည်ပင်ရုံးတစ်ခုကို ပြန်လည်တည်ဆောက်ထားသကဲ့သို့ ဖြစ်နေပြီး အုပ်ချုပ်ရေးဌာနများအားလုံးကို တစ်နေရာတည်းတွင် စုစည်းထားခြင်း ဖြစ်သည်။
လူနေထိုင်ရာ ရပ်ကွက်မှာလည်း အုပ်ချုပ်ရေးဌာနများနှင့် သိပ်မဝေးဘဲ ဘေးကပ်လျက်တွင်သာ ရှိသည်။
လူနေရပ်ကွက်ထဲတွင် ဘက်စုံသုံး အဆောက်အအုံများ... အပန်းဖြေ ကွင်းပြင်နှင့် ပုဂ္ဂလိက အရောင်းအဝယ် ဈေးတန်းများ စသည်တို့ ပါဝင်သည်။
ထိုနေရာမှ အနည်းငယ် ထပ်ဝေးသွားပါက လူနေအိမ်ရာများနှင့် ဆင်တူသော နေရာများ ဖြစ်သွားပြီ ဖြစ်သည်။
လင်းယွမ်တို့ကဲ့သို့သော အထက်တန်း ခေါင်းဆောင်များ၏ နေအိမ်များမှာမူ သဘာဝကျစွာပင် အချက်အချာ အကျဆုံးနေရာများနှင့် အနီးကပ်ဆုံးတွင် တည်ရှိနေသည်။
ထူးခြားချက် တစ်ခုအနေဖြင့် မွေးမြူရေးခြံများနှင့် သားသတ်ရုံများကို လူသူကင်းမဲ့သော သစ်တောများကဲ့သို့ ခေါင်သော နေရာများသို့ ပြောင်းရွှေ့ထားပြီး စိုက်ပျိုးရေးခြံများနှင့် တွဲဖက်ကာ ဂေဟစနစ် တစ်ခုလုံးကို ပေါင်းစပ်တည်ဆောက်ထားခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုနေရာများမှ အနံ့အသက်များ အလွန်ဆိုးရွားသဖြင့် ဤနေရာမျိုးတွင် ရှိနေရန် မသင့်တော်ပေ။
ယခုအချိန်တွင် လင်းယွမ်က တစ်ပတ်လှည့်လည်ကြည့်ရှုပြီးနောက် ရှောင်မောင်းတောင် တစ်ခုလုံး၏ ဖွဲ့စည်းပုံကို အကြမ်းဖျင်းအားဖြင့် ရှင်းလင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။
မကြာမီ သူသည် လူနေအိမ်ရာဘက်သို့ ပြန်လည်ရောက်ရှိလာပြီး သူ၏ အိမ်ရှေ့သို့ ရောက်လာခဲ့သည်။
အိမ်ထဲသို့ မဝင်ရသေးမီမှာပင် အိမ်ရှေ့ခြံဝင်းထဲတွင် ဆော့ကစားနေသော လင်းဟုန်ကို လင်းယွမ် မြင်တွေ့လိုက်ရသည်။
လင်းဟုန်က ဘီးသုံးဘီးပါသော ကလေးကစားစရာ စက်ဘီးလေးကို စီးကာ ခြံဝင်းထဲတွင် ချွေးသံတရွဲရွဲဖြင့် နင်းလျက်ရှိသည်။
အခြား ကလေးငယ် အချို့ကလည်း သစ်သားဖြင့် ပြုလုပ်ထားသော စက်ဘီးလေးများကို စီးကာ သူ၏ နောက်မှ လိုက်လံ ဖမ်းဆီးနေကြသည်။
အချိန်ရတိုင်း ငွေခေါင်းလောင်းလေးများ မြည်သံကဲ့သို့ ကြည်လင်သော ရယ်မောသံလေးများ ထွက်ပေါ်လာတတ်သည်။
ခြံဝင်းထဲရှိ မလှမ်းမကမ်းမှ မဏ္ဍပ်လေးထဲတွင် ရန်မေက အမျိုးသမီး အချို့နှင့်အတူ လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြပြီး စားပွဲပေါ်တွင်လည်း စာရွက်စာတမ်း အချို့ကို တင်ထားပုံရသည်။
လင်းယွမ် လျှောက်လာရင်း တစ်ချက် အကဲခတ်ကြည့်လိုက်ရာ ထိုအမျိုးသမီးများကို သူ အနည်းငယ် မှတ်မိနေပြီး အားလုံးမှာ ခိုလှုံရေးစခန်း စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၏ မိသားစုဝင်များ ဖြစ်ကြကာ အများစုမှာ စီမံခန့်ခွဲရေးဌာနနှင့် ဘက်စုံဌာနများတွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြသည်။
လင်းယွမ်ကို မြင်လိုက်သည်နှင့် ထိုအမျိုးသမီးများက ချက်ချင်း မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါ ဆရာလင်း"
"ဆရာလင်း ပြန်ရောက်လာပြီပဲ"
"အမမေ... အဲ့ဒါဆို ကျွန်မတို့ အရင်ပြန်နှင့်တော့မယ်... ဒီစီမံကိန်းတွေကို ဒီမှာပဲ ထားခဲ့လိုက်တော့မယ်နော်"
ရန်မေက ပြုံးကာ ခေါင်းညိတ်ပြရင်း "အေးအေး... အမ လိုက်ပို့ပေးမယ်လေ"
"ရပါတယ်... မပို့ပါနဲ့တော့"
"အမက အရမ်း အားနာတတ်တာပဲ"
"ဆရာလင်း သွားလိုက်ပါဦးမယ်ရှင်"
အမျိုးသမီးများက နှုတ်ဆက်ပြီးနောက် သူတို့၏ ကလေးများကို အသီးသီး ခေါ်ဆောင်ကာ ခြံဝင်းထဲမှ အလျင်အမြန် ထွက်ခွာသွားကြသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးရင်း "သူတို့က ဘာလာလုပ်ကြတာလဲ"
"မောင်လေး သန်ဘက်ခါကျရင် ထိုက်ယန်တောင်ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကြီး ကျင်းပရတော့မှာမလား... သူတို့က စာရွက်စာတမ်းတွေကို ကြိုတင် စီစဉ်ပြီး လာပို့ပေးကြတာလေ... အဲဒီကျရင် ဘာတွေ လုပ်ရမလဲဆိုတာ ကြိုသိထားရအောင်လို့"
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ဒါကတော့ အရေးကြီးတဲ့ ကိစ္စပဲ"
"မောင်လေး နေ့လည်က ဘယ်သွားနေတာလဲ... နိုးလာတော့ မောင်လေးကို မတွေ့တာနဲ့ တုံယန်က နေရာအနှံ့ လိုက်ရှာနေသေးတယ်" ဟု ရန်မေက မရည်ရွယ်ဘဲ မေးလိုက်သည်။
လင်းယွမ်က ပြုံးရင်း "ပတ်ဝန်းကျင် အခြေအနေကို လေ့လာဖို့ အနီးအနားမှာ သွားလျှောက်ကြည့်နေတာ... ဒါ ကျွန်တော် ပထမဆုံးအကြိမ် ပြန်ရောက်လာတာလေ"
"အို... နေ့လည်က မောင်လေးကို ခေါ်ပြီး အတူတူ လမ်းလျှောက်ထွက်ကြမယ်လို့တောင် ပြောထားသေးတာ... အရက်သောက်လိုက်မိတာ အလုပ်ပျက်တာပဲ"
သူမ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ဖြစ်နေသည်ကို မြင်လိုက်ရမှ လင်းယွမ်၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် ချနိုင်သွားပြီး နေ့လည်က ကိစ္စကို မသိလိုက်ဟု ယူဆလိုက်သည်။
စကားပြောနေစဉ်မှာပင် သူမက စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို သိမ်းဆည်းပြီး လင်းယွမ်၏ လက်မောင်းကို ချိတ်ဆွဲလိုက်ကာ တစ်ချိန်တည်းမှာပင် လင်းဟုန်ကို လှမ်းခေါ်လိုက်သည်။
"တုတု... အိမ်ပြန်ကြမယ်... ဖေဖေ ပြန်ရောက်ပြီ"
လင်းဟုန်က ကစားစရာ စက်ဘီးလေးကို တယိမ်းတယိုင် နင်းရင်း ရောက်လာပြီး ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် လင်းယွမ်ကို မော့ကြည့်နေသည်။
လင်းယွမ်က သူ၏ ချစ်စရာကောင်းသော ပုံစံလေးကို ကြည့်ကာ သဘောကျသွားပြီး လက်လှမ်းကာ ပွေ့ချီလိုက်ရင်း "လာ... အိမ်ပြန်မယ်"
သူတို့သုံးယောက် အိမ်ထဲသို့ ပြန်ရောက်သောအခါ တုံယန်က အစည်းအဝေးတွင် အသုံးပြုမည့် စာရွက်စာတမ်းများကို စီစဉ်နေပြီး သူမ တာဝန်ယူရသည်မှာ ဂေဟဥယျာဉ်ရှိ ပိုးစာပင်တော အပိုင်းနှင့် ပတ်သက်သော ကိစ္စရပ်များပင် ဖြစ်သည်။
ထို့ပြင် သူမ မွေးမြူထားသော သန္ဓေပြောင်း သားရဲကောင် အချို့ကိုလည်း ထိုနေရာတွင်ပင် နေရာချထားပေးခဲ့သည်။
လင်းယွမ်က ပြုံးရင်း "တုံယန်... ဒီလောက်တောင် အာရုံစိုက်နေတာလား"
တုံယန်က ခေါင်းမော့လာပြီး ဝမ်းသာအားရဖြင့် "အစ်ကိုလင်း... ဘယ်သွားနေတာလဲ"
"အပြင်ဘက်မှာ တစ်ပတ်လောက် လျှောက်ကြည့်ပြီး ရှောင်မောင်းတောင် တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံကို အကဲခတ်ကြည့်နေတာ"
တုံယန်က မနေနိုင်ဘဲ "ဘာလို့ ကျွန်မတို့ကို မခေါ်တာလဲ... အစ်ကို့ကို လိုက်ရှင်းပြပေးလို့ ရတာပဲကို"
လင်းယွမ်က ပြုံးလိုက်ရင်း "မင်းတို့ အိပ်မောကျနေတာ မြင်လို့ မနှောင့်ယှက်တော့တာပါ"
တုံယန်က လျှာလေးထုတ်လိုက်ပြီး "အမဆုန့်ဝမ်ရဲ့ အရက်က အရမ်းကောင်းတာပဲ... ဒါပေမဲ့ အရှိန်လေးတော့ နည်းနည်း ပြင်းတယ်... အစ်ကိုလင်း... အမဆုန့်ဝမ်က အခုထိ မနိုးသေးဘူး"
လင်းယွမ်က ကြားပြီးနောက် "သူ အများကြီး သောက်ထားတာလေ... မင်းတို့ထက်တော့ ပိုနောက်ကျမှ နိုးမှာ သေချာတယ်"
ဘေးမှ ရန်မေက မနေနိုင်ဘဲ "သူက လီလီလေးနဲ့ ကျန်းဖန်တို့ ကိစ္စကြောင့် စိတ်မထိန်းနိုင်ဘဲ အများကြီး သောက်မိသွားတာပါ"
လင်းယွမ်က "လူတစ်ယောက်မှာ ကိုယ်စီ ကံကြမ္မာတွေ ရှိကြတာပါပဲ... ကျန်းဖန်နဲ့ လီလီလေးရဲ့ ကိစ္စကို ကျွန်တော်တို့ ဝင်ပူပန်နေလို့လည်း အပိုပါပဲ... ကျွန်တော်တို့က ကာယကံရှင်တွေမှ မဟုတ်တာ"
"ဒါလည်း ဟုတ်တာပါပဲ" ရန်မေက ခေါင်းညိတ် ထောက်ခံလိုက်သည်။
"လင်းယာရော"
လင်းယွမ်က အိမ်ထဲတွင် တစ်ပတ် လှည့်ကြည့်လိုက်သော်လည်း လင်းယာကို မတွေ့ရသဖြင့် ရုတ်တရက် အံ့သြသွားမိသည်။
ရန်မေက ကြားပြီးနောက် "သူ နေမကောင်းဘူးဆိုပြီး ညစာချက်ပြီးတာနဲ့ အိပ်ခန်းထဲ ပြန်ဝင်သွားတယ်"
တုံယန်က "အရက် အသောက်များသွားလို့ နေမှာပါ... အမလင်းယာက အရက် သိပ်မသောက်နိုင်ဘူး ထင်တယ်"
လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး နေ့လည်က သူ အရမ်း ကြမ်းတမ်းသွားခဲ့မိ၍များလားဟု ခန့်မှန်းမိလိုက်သည်။
ထိုသို့ တွေးမိပြီးနောက် သူက မျက်နှာကို ခပ်တည်တည်ထားကာ "ဒါဆို ကျွန်တော် သွားကြည့်လိုက်ရမလား"
ရန်မေက "အမလည်း အတူတူ လိုက်ကြည့်မယ်လေ"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက် လင်းယာ၏ အခန်းရှေ့သို့ အတုတု ရောက်လာခဲ့ကြသည်။
ရန်မေက တံခါးကို ဖွဖွလေး ခေါက်ကာ "လင်းယာ... အထဲဝင်ခဲ့လို့ အဆင်ပြေလား... မောင်လေး ပြန်ရောက်နေပြီ... သူ နင့်ကို လာကြည့်တာ"
အခန်းထဲမှ အနည်းငယ် ရှုပ်ထွေးသော အသံများ ထွက်ပေါ်လာသည်။
အတန်ကြာပြီးနောက် တံခါးပွင့်လာပြီး လင်းယာက လင်းယွမ်ကို အရင်ဆုံး တစ်ချက်ကြည့်လိုက်ကာ ချက်ချင်းပင် အကြည့်လွှဲသွားပြီး ရန်မေကို ကြည့်ရင်း လေသံတိုးတိုးဖြင့် "ကျွန်မ ဘာမှမဖြစ်ပါဘူးရှင်"
ရန်မေက သူမ၏ လက်ဖဝါးကို ဆွဲကိုင်ကာ ကုတင်ဘေးသို့ ခေါ်ဆောင်သွားရင်း "နင် နေမကောင်းရင် မထပါနဲ့တော့... မြန်မြန် ထိုင်လိုက်"
"မောင်လေးက အများကြီး သိတယ်လေ... သူ့ကို တစ်ချက် ပြကြည့်လိုက်... သူ ဘာလုပ်ရမလဲ ဆိုတာ သိချင် သိမှာ"
လင်းယွမ်ကလည်း ထိုအခွင့်အရေးကို ယူကာ အလျင်အမြန်ပင် "လင်းယာ... ဘယ်နေရာက နေလို့မကောင်းတာလဲ"
လင်းယာက ခေါင်းငုံ့ထားရင်း "ဘာမှမဖြစ်ပါဘူးရှင်... ခေါင်းနည်းနည်း မူးနေတာ... အရက်များသွားလို့ နေမှာပါ... အခုတော့ တော်တော်လေး သက်သာနေပါပြီ"
"အချိန်လည်း မစောတော့ဘူး... ရှင်တို့ ထမင်းမစားရသေးဘူး မဟုတ်လား... အခု ထမင်းစားချိန်လည်း တန်နေပြီလေ" လင်းယာက အပြုံးလေးဖြင့် ပြောလိုက်သည်
လင်းယွမ်က သူမကို ကြည့်လိုက်ရာ မျက်နှာအမူအရာတွင် ထူးခြားမှု မရှိသည်ကို တွေ့ရသဖြင့် စိတ်အေးသွားပြီးနောက် "ဒါဆိုလည်း ကောင်းတာပေါ့... အတူတူ ထမင်းစားကြတာပေါ့"
လင်းယာက ပြုံးကာ ခေါင်းညိတ်ပြပြီး သူတို့သုံးယောက် အိပ်ခန်းထဲမှ ထွက်ကာ ဧည့်ခန်းဆီသို့ လျှောက်သွားကြသည်
လင်းယာက ခြေတံများကို ဖုံးကွယ်ထားသော ဂါဝန်အရှည်ကို ဝတ်ဆင်ထားကြောင်း လင်းယွမ် သတိပြုမိလိုက်သည်။
အပြင်ပန်းမှ ကြည့်လျှင် မသိသာသော်လည်း သူမ၏ လမ်းလျှောက်ဟန်မှာ အနည်းငယ် ထူးဆန်းနေသည်ကို လင်းယွမ် ခံစားမိလိုက်သည်။
သူ၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိပြီး အားလုံးမှာ မိမိကြောင့် ဖြစ်ရသည်ကို သိလိုက်ရသဖြင့် အပြစ်ရှိသလို ခံစားရကာ အနည်းငယ်လည်း သနားသွားမိသည်။
ထို့ကြောင့် ထမင်းခူးသည့်အခါ လင်းယွမ်က တက်ကြွစွာ ဦးဆောင်ပြီး လင်းယာကို အနားယူစေကာ ဟိုဟိုဒီဒီ သွားလာခြင်း မပြုစေရန် အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့သည်။
ရန်မေတို့ကလည်း ထိုအခြေအနေကို မြင်သောအခါ ကိုယ်တိုင် ဝင်ရောက် ကူညီကြပြီး လင်းယာ အရက်သောက်ပြီးနောက် ခန္ဓာကိုယ် မသက်သာသေးဟုသာ ထင်မှတ်နေကြသည်။
ထမင်းစားနေစဉ်အတွင်း လင်းယာက အရင်ကအတိုင်းပင် စကားသိပ်မပြောဘဲ ရန်မေတို့ စကားပြောနေသည်ကို အပြုံးလေးဖြင့်သာ နားထောင်နေပြီး လင်းဟုန်ကိုလည်း ဟင်းများ မကြာခဏ ထည့်ပေးနေခဲ့သည်။
လင်းယွမ်က ရန်မေတို့နှင့် စကားပြောနေသော်လည်း သူ၏ အာရုံကမူ သူမအပေါ်သို့သာ အမြဲ ရောက်ရှိနေခဲ့သည်။
သူမ၏ အပြုအမူများက ပုံမှန်နှင့် ဘာမှ မကွာခြားသည်ကို မြင်လိုက်ရသောအခါ လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ညစာစားပြီးနောက် တုံယန်က လမ်းထွက်လျှောက်ကြရန် အကြံပြုပြီး လင်းယွမ်ကို ရှောင်မောင်းတောင်နှင့် ထပ်မံ ရင်းနှီးစေရန် ခေါ်သွားခဲ့သည်။
လင်းယွမ်က သဘောတူလိုက်သော်လည်း လင်းယာကမူ အိပ်ရေး ပြန်ဝအောင် အိပ်ချင်သေးသည်ဟု ဆိုကာ ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။
မည်သူကမျှ ကန့်ကွက်ခြင်း မရှိဘဲ ဆုန့်ဝမ်ကို နှိုးလိုက်ကြကာ လင်းယွမ်က လင်းဟုန်ကို ပွေ့ချီရင်း မိသားစုလိုက် အိမ်ကြီးထဲမှ ထွက်ခွာသွားကြသည်။
သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းယာ၏ တင်းမာနေသော အာရုံကြောများမှာ အနည်းငယ် ပြေလျော့သွားတော့သည်။
သူမ ထိုင်ရာမှ ထလိုက်သည်နှင့် ခန္ဓာကိုယ်အောက်ပိုင်းမှ မသက်မသာ ဖြစ်မှုကြောင့် ရုတ်တရက် မျက်မှောင်ကြုတ်သွားမိသည်။
နေ့လည်က အခန်းထဲတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် တွေးမိသောအခါ သူမ မည်မျှပင် စိတ်တည်ငြိမ်သည်ဖြစ်စေ ပါးပြင်ပေါ်တွင် သွေးရောင်များ ရုတ်တရက် ဖြတ်ပြေးသွားတော့သည်။
"ဟူး"
နောက်ဆုံးတွင် သူမက သက်ပြင်းတစ်ချက် ချလိုက်ပြီး အခန်းထဲသို့ လှည့်ဝင်သွားခဲ့သည်။
ကုတင်ပေါ်တွင် လှဲလျောင်းရင်း အရင်ကလို စာမဖတ်တော့ဘဲ မီးပိတ်ကာ မျက်နှာကြက်ကိုသာ ငေးကြည့်နေမိသည်။
ခေါင်းထဲတွင် ရှုပ်ထွေးသော အတွေးများနှင့် ပုံရိပ်အမျိုးမျိုးက ရင်ထဲသို့ ဝင်ရောက်လာသည်။
မိန်တုဥယျာဉ်တွင် လင်းယွမ်က သူမအိမ်၏ မှန်ပြတင်းပေါက်ကို ရိုက်ခွဲကာ ရေချိုးခန်းထဲမှ သူမ ထွက်လာသည့် မြင်ကွင်းကို မြင်တွေ့ခဲ့ရသည့် ပထမဆုံးအကြိမ်မှ စတင်၍ပင်။
ထိုအချိန်က သူသည် ယခု လက်ရှိ ဆရာလင်းကဲ့သို့ ခွန်အားကြီးမားပြီး မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိကာ ပြိုင်ဘက်ကင်း တစ်ယောက် မဟုတ်သေးပေ။
ထိုစဉ်က လန်ယွဲ့ဟွာတို့ ပူးပေါင်းလိုက်လျှင် သူ့ကို အလွယ်တကူ နှင်ထုတ်နိုင်ခဲ့သေးသည်။
နောက်ပိုင်း ဘုရင်မသင်္ဘောပေါ် ရောက်သောအခါ သူနှင့် ထပ်မံ ဆုံတွေ့ခဲ့ရသည်။
သူသည် လူတိုင်းနှင့် လန်ယွဲ့ဟွာကိုပင် အံ့အားသင့်သွားစေလောက်အောင် အလွန် ခွန်အားကြီးမားနေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်က သူမ၏ ရင်ထဲတွင် တစ်ဖက်လူ၏ ပုံရိပ်က စွဲထင်နေခဲ့ပြီ ဖြစ်ပုံရသည်။
သို့သော် ရပ်တည်ချက်များ မတူညီသောကြောင့် အချင်းချင်း၏ ဘဝတွင် ခေတ္တခဏ ဝင်ရောက်လာသူများသာ ဖြစ်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း သမ္မတ ၇ သင်္ဘော ပေါ်ထွက်လာမှုက လန်ယွဲ့ဟွာ၏ ဘုရင်မ အိပ်မက်ကို ရိုက်ချိုးပစ်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
သူမ၏ တည်ငြိမ်စွာ နေထိုင်လိုသော အိပ်မက်ကိုလည်း ရိုက်ချိုးပစ်ခဲ့သည်။
သူတို့သည် သမ္မတ ၇ သင်္ဘော၏ ဖိအားပေးမှုကြောင့် လမ်းမရှိတော့ဘဲ မြူခိုးမြို့တော် ထဲသို့ ဝင်ရောက်လာပြီးနောက်မှသာ လင်းယွမ်နှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
သူသည် လန်ယွဲ့ဟွာကို အလွယ်တကူ ဖမ်းဆီးနိုင်ပြီး ဘုရင်မသင်္ဘောပေါ်ရှိ အစွမ်းပိုင်ရှင်များ အားလုံးကို ချုပ်နှောင်ထားနိုင်လောက်အောင် ခွန်အားကြီးမားနေခဲ့သည်။
နောက်ဆုံးတွင် ကံကြမ္မာတစ်ပတ်လည်ပြီး သူ၏ လက်ထဲသို့ပင် ပြန်ရောက်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
အိမ်အကူ တစ်ယောက်အနေဖြင့် သူ၏ အိမ်ထဲသို့ ဝင်ရောက်လာရလိမ့်မည်ဟု ပို၍ပင် မထင်မှတ်ထားခဲ့မိချေ။
အရာအားလုံးက တကယ့်ကို အိပ်မက်တစ်ခုလိုပင်။
လင်းယာက တစ်ဖက်သို့ လှည့်လိုက်ပြီး "လင်းယာ... ရန်မေက နင့်ကို အကောင်းဆုံး သူငယ်ချင်းလို့ သတ်မှတ်ထားတာကို... နင် သူ့အပေါ် ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရက်ရတာလဲ" ဟု ရေရွတ်လိုက်မိသည်
"မေ့ပစ်လိုက်ပါတော့... အိပ်မက်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ"
သူမ မျက်လုံးများကို မှိတ်လိုက်ရာ မျက်တောင်စွန်းမှ မျက်ရည်များ စီးကျလာပြီး ထပ်မတွေးတော့ရန် မိမိကိုယ်ကို အတင်းအကျပ် တားမြစ်လိုက်သည်။
သို့သော် ထိုသို့ လုပ်လေလေ သူမ၏ စိတ်များက ပို၍ ထိန်းချုပ်မရ ဖြစ်လေလေပင်။
နေ့လည်က ဖြစ်ပျက်ခဲ့သော အဓိပ္ပါယ်မဲ့သည့် မြင်ကွင်းများက အဆိပ်ပြင်းသော မြွေတစ်ကောင်လို သူမ၏ ခေါင်းထဲသို့ တိုးဝင်လာကာ ရင်ဘတ်ကို ကိုက်ဖြတ်ပြီး သူမ၏ ခံစားချက်များကို ဖျက်ဆီးပစ်နေသည်။
သူမ ဟိုဘက်ဒီဘက် လှည့်ကာ အိပ်မရဖြစ်နေပြီး အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရမှသာ ရုတ်တရက် အသက်ရှူအောင့်လိုက်မိသည်။
သူမက ဖုန်းကို တိတ်တဆိတ် ကောက်ကိုင်ကာ အချိန်ကို တစ်ချက် ကြည့်လိုက်ရာ သန်းခေါင်ယံ အချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
တံခါးဝမှ သက်ပြင်းချသံ သဲ့သဲ့လေး ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"လင်းယာ... အိပ်ပြီလား"
လင်းယွမ်၏ အသံပင် ဖြစ်သည်။
လင်းယာ၏ ရင်ထဲတွင် ရုတ်တရက် ဝမ်းသာသွားသော်လည်း ချက်ချင်းပင် အနည်းငယ် ထိတ်လန့်သွားမိသည်။
သူက ဒီလောက် နောက်ကျနေမှ မိမိကို လာရှာတာ ဘာလုပ်ဖို့လဲ။
မ... မဟုတ်မှလွဲရော...
သူမ တစ်ခုခုကို တွေးမိသွားပုံရပြီး ပါးပြင်ပေါ်တွင် ရုတ်တရက် သွေးရောင်များ ဖြတ်ပြေးသွားသည်။
ခန္ဓာကိုယ်က အလိုအလျောက် တွန့်လိမ်သွားပြီး စောင်ထဲသို့ အလျင်အမြန် ဝင်ပုန်းကာ ပြန်မထူးရဲတော့ပေ။
တံခါးအပြင်ဘက်မှ လင်းယွမ်က ခဏစောင့်နေသော်လည်း အခန်းထဲမှ ပြန်ထူးသံ မကြားရချေ။
သူ၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိပြီး လင်းယာ မအိပ်သေးကြောင်းကို သူ ခံစားသိရှိနိုင်သည်။
သို့သော် သူမက မိမိနှင့် စကားမပြောလိုပေ။
လင်းယွမ်က စဉ်းစားလိုက်ပြီး "ကျွန်တော် အမနဲ့ စကားနည်းနည်းလောက် ပြောချင်လို့ပါ... ဘာမှ မလုပ်ပါဘူးလို့ ကတိပေးပါတယ်"
ဆက်ရန်...
အပိုင်း(၈၁၀) ရင်ဖွင့်စကားပြောခြင်း
မွန်းလွဲပိုင်းက ထိုကိစ္စ ဖြစ်ပွားခဲ့ပြီးနောက် လင်းယွမ်က လင်းယာနှင့် သေချာစကားပြောရန် စဉ်းစားထားခဲ့သည်။
သို့သော် တုံယန်က ရုတ်တရက် တံခါးလာခေါက်သဖြင့် သူတို့၏ စကားပြောဆိုမှု ပြတ်တောက်သွားခဲ့ရ၏။
သို့တိုင် ဤကိစ္စက လုံးဝ ဖြေရှင်းပြီးပြတ်သွားခြင်း မရှိသေးပေ။
လင်းယွမ်သည် လင်းယာ၏ စိတ်အထုံးအဖွဲ့ကို ဖြေရှင်းပေးလိုပြီး သူမနှင့် သေချာဆွေးနွေးချင်နေဆဲ ဖြစ်သည်။
လင်းယွမ် အတန်ကြာ စောင့်နေသော်လည်း လင်းယာထံမှ မည်သည့်လှုပ်ရှားမှုမျှ မတွေ့ရပေ။
သူ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် "ကျွန်တော် ဝင်လာပြီနော်"
ဤကဲ့သို့ အခြေအနေမျိုးတွင် သူသာ ပြန်လှည့်သွားပါက နောင်တွင် သူနှင့် လင်းယာတို့ကြား အမှန်တကယ် ဖြစ်နိုင်ချေ ရှိတော့မည် မဟုတ်ပေ။
အခန်းတံခါးကို အတွင်းမှ သော့ခတ်ထားသော်လည်း အစွမ်းပိုင်ရှင်တစ်ဦးဖြစ်သော လင်းယွမ်အတွက်မူ ဤအရာက အခက်အခဲ မဟုတ်ပေ။
လင်းယွမ်၏ အရိပ်က တံခါးကြားမှတစ်ဆင့် အတွင်းသို့ တိုးဝင်သွားသည်။
အရိပ်အစွမ်းက သူ့ကို မည်သည့်နေရာမဆို အလွယ်တကူ ဝင်ရောက်နိုင်စေသည်။
လင်းယွမ် အခန်းတွင်းသို့ ဝင်ရောက်သွားချိန်တွင် လင်းယာက ဘေးစောင်းလှည့်ကာ အိပ်ချင်ယောင်ဆောင်နေသည်ကို တွေ့လိုက်ရ၏။
သို့သော် စည်တော်ရိုက်ခတ်သကဲ့သို့ အရှိန်အဟုန်ဖြင့် ခုန်ပေါက်နေသော သူမ၏ နှလုံးခုန်သံက လင်းယွမ်ကို လုံးဝ လှည့်စား၍ မရနိုင်ပေ။
လင်းယွမ်က သူမ၏ အခြေအနေကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။
လင်းယာက အိပ်ချင်ယောင် ဆက်ဆောင်နေဆဲဖြစ်သော်လည်း စောင်အောက်ရှိ သူမ၏ လက်သီးများက အလိုအလျောက် ဆုပ်ကျစ်နေခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က ဘာမျှမပြောတော့ဘဲ စောင်ကို လှန်ကာ ညင်သာစွာ ဝင်အိပ်လိုက်သည်။
လင်းယာ ချက်ချင်း လန့်ဖြန့်သွားပြီး ခန္ဓာကိုယ်လေးမှာ တောင့်တင်းသွားရ၏။
"သူ... သူ ဘာလုပ်မလို့လဲ"
လင်းယာ၏ ရင်ထဲတွင် တင်းကျပ်လာသည်။
သို့သော် ကြိုတင်ထင်မှတ်ထားသည့် ကိစ္စများ ဖြစ်မလာခဲ့ဘဲ လင်းယွမ်က စောင်ထဲ ဝင်လာပြီးနောက် ကုတင်ခေါင်းရင်းကိုသာ မှီနေကာ သူမကို မထိတွေ့ခဲ့ပေ။
သူက လေသံတိုးတိုးဖြင့် "အမ မအိပ်သေးဘူးဆိုတာ ကျွန်တော် သိတယ်... ကျွန်တော်တို့ စကားနည်းနည်း ပြောလို့ရမလား"
လင်းယာ၏ ရင်ထဲတွင် အနည်းငယ် သက်သာရာရသွားသော်လည်း ယခုအချိန်တွင် စကားစပြောရန် သူမအတွက် အလွန် ခက်ခဲနေဆဲ ဖြစ်သည်။
သူမက ငုံးလေးတစ်ကောင်ပမာ မျက်လုံးများကို မှိတ်ကာ ပခုံးလေးကို ကျုံ့ထားရင်း ဘာမျှမသိသလို ဟန်ဆောင်နေလေသည်။
လင်းယွမ်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး "အမ ဒီလိုလုပ်နေစရာ မလိုပါဘူး... ကိစ္စတွေကလည်း ဖြစ်ပြီးနေပြီပဲ... ကျွန်တော်တို့ အတူတူ ရင်ဆိုင်ကြရင် မရဘူးလား"
လင်းယာက နောက်ဆုံးတွင် လှုပ်ရှားလာသည်။ သူမက လှည့်မကြည့်လာသေးဘဲ ခြင်တစ်ကောင် ပျံသန်းသကဲ့သို့ တိုးညင်းသော လေသံဖြင့် "ကိုလင်းယွမ်... ကျွန်မ ပြောပြီးပြီလေ... အိပ်မက်တစ်ခုလို့ပဲ သဘောထားလိုက်လို့ မရဘူးလား"
သူမက သူများကြားသွားမည်ကို စိုးရိမ်သဖြင့် အသံကို အလွန် နှိမ့်ထားခဲ့သည်။
လင်းယွမ်က ပြတ်သားစွာ ခေါင်းခါလိုက်ပြီး "မရဘူး"
"အမက အခု ကျွန်တော့်လူ ဖြစ်နေပြီ... အမ နောက်ကျရင် တခြားယောက်ျားတွေဆီ သွားမှာကို ကျွန်တော် ခွင့်မပြုနိုင်ဘူး"
လင်းယာက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် တီးတိုးဆိုသည်။ "ဒါက မတော်တဆ ဖြစ်သွားရုံလေးပါ... ဘယ်လိုလုပ်ပြီး ကျွန်မက ရှင့်လူ ဖြစ်သွားရတာလဲ"
"ကျွန်မက ပစ္စည်းတစ်ခုမှ မဟုတ်တာ... ကျွန်မက ကျွန်မပိုင်တာပဲ"
ထိုစကားကို ကြားသောအခါ လင်းယွမ်က လက်လှမ်းကာ သူမကို ရုတ်တရက် ဖက်ထားလိုက်သည်။
ယင်းက လင်းယာကို မျှော်လင့်မထားစေဘဲ ချက်ချင်းပင် သူမတစ်ကိုယ်လုံး လန့်ဖြန့်ကာ တောင့်တင်းသွားစေ၏။
လင်းယွမ်၏ ကြီးမားသော လက်ကြီးက သူမ၏ ခါးနှင့် ဝမ်းဗိုက်ကို ပွေ့ဖက်ကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
"တခြားယောက်ျားတွေ အမအနားကို ကပ်လာတာကို ကျွန်တော် ခွင့်ပြုမယ်လို့ အမ ထင်နေတာလား"
လင်းယာ တိတ်ဆိတ်သွားပြီးနောက် တိုးညင်းစွာ ပြောလိုက်သည်။ "ဒီလို မလုပ်ပါနဲ့... ကျွန်မ... ကျွန်မ ရန်မေအပေါ် သစ္စာမဖောက်နိုင်ဘူး"
ရန်မေ၏ အမည်ကို ကြားလိုက်ရသောအခါ လင်းယွမ်လည်း ငြိမ်ကျသွားသည်။
အမှောင်ထဲတွင် လင်းယာ၏ ပါးပြင်ထက်၌ မျက်ရည်များ စီးကျလာသော်လည်း သူမက ဝမ်းနည်းမှုကို အတင်းဖိနှိပ်ကာ ပြတ်သားစွာ ပြောလိုက်သည်။ "ကိုလင်းယွမ်... အိပ်မက်တစ်ခုလို့ပဲ သဘောထားလိုက်ပါတော့... ကျွန်မတို့ နှစ်ယောက်လုံး ဒီကိစ္စကို မေ့လိုက်ကြရအောင်... ဟုတ်ပြီလား"
"ကျွန်မ တုတုလေးကို အရမ်းချစ်တယ်... ကျွန်မကို အခက်တွေ့အောင် မလုပ်ပါနဲ့... ဟုတ်ပြီလား"
လင်းယွမ်က စကားမပြောဘဲ သူမကို ပို၍ တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။
လင်းယာက သက်ပြင်းတစ်ချက်ချကာ တီးတိုးဆိုသည်။ "ကျွန်မကို လွှတ်ပေးပါတော့"
လင်းယွမ်က လေးနက်သော လေသံဖြင့် "အမမေ ဘက်ကိုတော့ ကျွန်တော် နည်းလမ်းရှာပြီး ပြောပြလိုက်ပါ့မယ်"
လင်းယာက အမြန် ခေါင်းလှည့်လာပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ "မရဘူး... မရဘူး... ရှင် သူ့ကို ပြောလို့ မဖြစ်ဘူး"
လင်းယွမ်က အလေးအနက် ဆိုသည်။ "ဘာပဲဖြစ်ဖြစ် ကျွန်တော် အမကို မေ့ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
လင်းယာက သူ့ရင်ခွင်ထဲမှ ရုန်းထွက်ရန် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သော်လည်း လင်းယွမ်က အလွန် တင်းကြပ်စွာ ဖက်ထားလေသည်။
ရုန်းကန်လှုပ်ရှားနေစဉ်အတွင်း ခန္ဓာကိုယ်ချင်း ထိတွေ့မှုများက ရှောင်လွှဲ၍ မရနိုင်ပေ။
ခဏအကြာတွင် လေထုက တဖြည်းဖြည်း ရင်ခုန်စရာ ကောင်းလာသည်။
လင်းယာက လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲမှုများကို ထက်မြက်စွာ ခံစားသိရှိလိုက်ရာ မျက်နှာလေး ချက်ချင်း နီရဲသွားပြီး ကြောက်လန့်တကြား ဆက်မလှုပ်ရဲတော့ပေ။
သူမက အသက်ရှူမြန်လာပြီး လေသံတိုးတိုးဖြင့် "ဒါမှမဟုတ်... ဒါမှမဟုတ် နောက်ကျရင် ကျွန်မ တခြားယောက်ျားတွေနဲ့ မပတ်သက်တော့ဘူးလေ... ရပြီလား"
လင်းယွမ်က သူမကို ကြည့်ရင်း ရုတ်တရက် ခေါင်းကို တိုးကပ်သွားကာ သူမ၏ နားနားကပ်၍ မေးလိုက်သည်။ "ဒါဆို အမ ဆန္ဒရှိလာရင် ဘယ်လိုလုပ်မလဲ"
"ရှင်"
အမှောင်ထဲတွင် ထိုစကားတစ်ခွန်းကြောင့် လင်းယာ၏ မျက်နှာတစ်ပြင်လုံး ရှက်သွေးဖြာသွားရ၏။
သူမက နှုတ်ခမ်းလေးကို လှုပ်ကာ တိုးညှင်းသော အသံဖြင့် "ဘာ... ဘာသဘောလဲ... ရှင်... ရှင် ဘာပြောနေတာလဲ ကျွန်မ နားမလည်ဘူး"
လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ ဆံနွယ်လေးများကို နမ်းရှိုက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ မွှေးပျံ့သော ကိုယ်သင်းနံ့လေး ထွက်ပေါ်နေ၏။
"အမက သူတို့ကို မသိစေချင်မှတော့ မသိအောင်ပဲ ထားလိုက်ကြတာပေါ့... ဒါပေမဲ့ အမ ဆန္ဒရှိလာရင် ကျွန်တော့်ကို ပြော... ကြားလား"
လင်းယာ ပြန်မဖြေရဲဘဲ တံတွေးတစ်ချက်ကိုသာ မြိုချလိုက်မိသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပူထူလာပြီး လည်ချောင်းများ ခြောက်သွေ့နေသလို ခံစားရ၏။
မွန်းလွဲပိုင်းက ဖြစ်ပျက်ခဲ့သော ရှက်ရွှံ့ဖွယ် မြင်ကွင်းများက သူမ၏ ဦးနှောက်ထဲတွင် ဖြတ်ပြေးသွားသည်။
မိမိခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ခံစားလိုက်ရသဖြင့် သူမ၏ ခြေထောက်နှစ်ချောင်းကို မထိန်းနိုင်ဘဲ အတင်း စိထားလိုက်မိသည်။
လင်းယွမ်က သူမ၏ ခန္ဓာကိုယ် ပြောင်းလဲမှုကို ထက်မြက်စွာ ရိပ်မိလိုက်ပြီး တင်းကျပ်နေသော သူမ၏ ကိုယ်လုံးလေးမှတစ်ဆင့် ပုံမှန်မဟုတ်မှုများကို ခံစားသိရှိသွားသည်။
သူက တီးတိုး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
"ဘာ... ဘာမှမဖြစ်ပါဘူး"
လင်းယာက တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။
သို့သော် ထိုအချိန်တွင် လင်းယွမ်၏ လက်ကြီးက ရုတ်တရက် အောက်ဘက်သို့ ရွေ့လျားသွားလေသည်။
ချက်ချင်းပင် လင်းယာတစ်ယောက် ပြင်းထန်စွာ တုန်တက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရ၏။
"မလုပ်... မလုပ်နဲ့... မလှုပ်နဲ့နော်"
လင်းယွမ်က သူမ၏ နားရွက်လေးကို ဖွဖွကိုက်ရင်း "ကျွန်တော် ကူညီပေးပါ့မယ်"
တစ်နာရီကြာပြီးနောက် လင်းယွမ်သည် အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ကုတင်ပေါ်တွင်တော့ လင်းယာသည် ဒိန်ခဲလေးတစ်ခုပမာ ပျော့ခွေလျက် ကျန်ရစ်ခဲ့၏။
ရေနစ်ရာမှ ကယ်ဆယ်ခံလိုက်ရသူတစ်ဦးပမာ သူမက အသက်ကို ဝဝရှူနေရသည်။
ဦးနှောက်ထဲတွင် ဗလာကျင်းနေပြီး အတန်ကြာမှသာ သူမ သတိပြန်လည်လာတော့သည်။
နားထဲတွင် မျက်နှာပူစရာကောင်းလှသော လင်းယွမ်၏ စကားသံများကို ပြန်ကြားယောင်လာပြီး ယင်းကို တွေးမိသည်နှင့် မထိန်းချုပ်နိုင်လောက်အောင် ရှက်သွေးဖြာသွားရလေသည်။
"သူ... သူ ဘယ်လိုများ ဒီလိုလုပ်ရက်တာလဲ"
"ငါ... ငါကရော ဘယ်လိုလုပ်ပြီး သူ့ကို လက်ခံလိုက်မိတာလဲ"
လင်းယာ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားနေရသည်။ စောစောက လင်းယွမ်၏ ချော့မော့ဖျောင်းဖျမှုအောက်တွင် သူမက ဝေဝေဝါးဝါးဖြင့် သူ၏ တောင်းဆိုမှုကို လက်ခံခဲ့မိခြင်း ဖြစ်သည်။
အခြား မိသားစုဝင်များကို အသိမပေးဘဲ သူနှင့် ဤကဲ့သို့သော ရင်းနှီးသည့် ဆက်ဆံရေးမျိုးကို ဆက်လက်ထိန်းသိမ်းထားရန်ပင်တည်း။
လင်းယာ ယခုအချိန်တွင် တည်ငြိမ်သွားပြီဖြစ်ရာ အလွန်တရာ နောင်တရနေမိသည်။
ငါ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်မိလိုက်တာလဲ။
တိတ်တိတ်ပုန်း ချစ်သူလား။
သို့သော် သူမကို မျက်နှာပြောင်တိုက်ကာ ရန်မေတို့နှင့် အချစ်လုရန် ပြောလာပါကလည်း သူမ အမှန်တကယ် မလုပ်နိုင်ပေ။
"ဟူး"
သက်ပြင်းတစ်ချက်ချလိုက်ပြီး လင်းယာက မျက်လုံးများကို မှိတ်ကာ ပင်ပန်းနွမ်းနယ်မှုများနှင့်အတူ အိပ်မောကျသွားလေတော့သည်။
လင်းယွမ်ဘက်တွင်မူ အသံတိတ်စွာဖြင့် အခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။
ရန်မေသည် ကလေးမွေးပြီးကတည်းက အိပ်မောကျလေ့ရှိသည်။
ကလေးကို အမြဲ ပြုစုစောင့်ရှောက်နေရသဖြင့် အိပ်ရေးမဝသောကြောင့် ညဘက်တွင် နိုးလာလေ့ မရှိပေ။
လင်းယွမ်က ကုတင်ပေါ်တွင် ပြန်လှဲလိုက်ပြီး စောစောက မြင်ကွင်းများကို ပြန်လည်တွေးတောမိကာ ရန်မေနှင့် ကလေးလေးကို မြင်သောအခါ သူကိုယ်တိုင် အနည်းငယ် လူဆိုးတစ်ယောက် ဖြစ်နေပြီဟု ခံစားလိုက်ရ၏။
သို့သော် သူ ဆက်စဉ်းစားကြည့်လိုက်ရာ ယခုက ကပ်ဘေးကာလကြီး ဖြစ်နေပြီဖြစ်သည်။ သူသာ လင်းယာကို လက်မခံပါက နောင်ကျလျှင် သူမကို သာမန်ယောက်ျားတစ်ယောက်နှင့် ပေးစားရမည်လား။
ထိုသို့ တွေးမိသောအခါ သူ၏ စိတ်ထဲတွင် အနည်းငယ် ခိုင်မာသွားသည်။
သူက အင်အားစုတစ်စု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အကယ်၍ မျိုးဆက်သစ်များ များများ မမွေးဖွားဘဲ မိမိ၏ မိသားစုကို မခိုင်မာစေပါက သူ အသက်အရွယ် ကြီးရင့်လာချိန်တွင် သူ ပင်ပန်းဆင်းရဲစွာ တည်ဆောက်ခဲ့ရသော ခိုလှုံရေးစခန်းသည် မသမာသူများ၏ မျက်စိကျခြင်းကို ခံရမည်မှာ ရှောင်လွှဲ၍ မရပေ။
သားသမီးများ မွေးဖွားပြုစုပျိုးထောင်ရမည့် ဤကဲ့သို့ ကြီးလေးသော တာဝန်များကြောင့် သူတွင် မိန်းမတစ်ယောက်တည်း ရှိရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း သတ်မှတ်ပြီးသား ဖြစ်နေသည်။
ဤအချက်ကို သူဖြစ်စေ၊ ရန်မေ ဖြစ်စေ၊ ဆုန့်ဝမ်တို့ ဖြစ်စေ အားလုံးက ရင်ထဲတွင် သိနားလည်ထားကြပြီး ဖြစ်သည်။
သို့သော် ကိုယ်ပိုင် ခံစားချက်အရ ဆိုရလျှင်တော့ သူတို့အားလုံးက လင်းယွမ်တွင် သူတို့သာ ရှိစေချင်ပြီး အခြား မိန်းမများ ထပ်မရှိစေချင်သည်မှာ သဘာဝပင် ဖြစ်၏။
လင်းယွမ်သည်လည်း အချစ်ရေး ရှုပ်ပွေသူ မဟုတ်သဖြင့် တွေ့သည့်မိန်းမတိုင်းကို ယူမည့်သူမျိုး မဟုတ်ပေ။
ယခုအချိန်အထိ သူ၏ မိန်းမတိုင်းသည် သူနှင့် ဖြေရှင်း၍မရနိုင်သော ရေစက်များ ရှိနေကြခြင်း ဖြစ်သည်။
နောက်တစ်နေ့တွင် လင်းယွမ်သည် သုတေသနဌာန၊ ဆေးဘက်ဆိုင်ရာဌာနနှင့် ဂေဟစနစ်ဥယျာဉ် အစရှိသော နေရာများသို့ သွားရောက်ကာ အသစ်ဆောက်လုပ်ထားသော ဤဌာနများကို တစ်ခုချင်းစီ စစ်ဆေးကြည့်ရှုခဲ့သည်။
တစ်နေ့တာ အချိန်သည် လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားလေသည်။
နောက်ရက်များတွင်လည်း လင်းယွမ်သည် ဤအတိုင်းပင် ရှောင်မောင်းတောင်၏ အခြေအနေများကို စစ်ဆေးရင်း တစ်ဖက်တွင်လည်း ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် တစ်ခုလုံးရှိ လူအင်အား ဖြန့်ကျက်မှုများကို အကဲခတ်နေခဲ့သည်။
ကုန်းမြင့်သော နေရာအချို့တွင် ရေများကို စုပ်ထုတ်ပြီးဖြစ်ရာ ကွန်ကရစ်လမ်းများ ပေါ်ထွက်နေပြီ ဖြစ်သည်။
သံချေးအလွန်တက်နေသော လမ်းညွှန်ဆိုင်းဘုတ်များကိုလည်း အသစ် ပြန်လည်လဲလှယ်ထားသည်။
သေချာသည်က ထိုကဲ့သို့သော ကုန်းမြင့်နေရာမျိုးမှာ အလွန် နည်းပါးလှသေး၏။
သို့သော် ထိုကဲ့သို့သော နေရာများကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက် ဆောက်လုပ်ရေးဌာန၏ စီမံခန့်ခွဲမှုအောက်သို့ ထည့်သွင်းကာ အခြားရေပေါ်ကျွန်းများမှ တဖြည်းဖြည်း ပြောင်းရွှေ့လာကြမည့် လူများ နေထိုင်ရန်အတွက် အိမ်များ ဆောက်လုပ်ပေးမည် ဖြစ်သည်။
နောက်ဆုံးတွင် နှစ်ရက်ကြာပြီးနောက် တွင်းနက်အရိပ်ဝ ရေပေါ်ကျွန်းက ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အနီးသို့ ပထမဆုံး ရောက်ရှိလာခဲ့သည်။
"ဆရာလင်း... တွင်းနက်အရိပ်ဝ ရေပေါ်ကျွန်း ရောက်လာပါပြီ... ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်နဲ့ ၆ မိုင်လောက်ပဲ ကွာတော့တယ်"
ဟန်ပန်းက အလျင်အမြန် လာရောက် သတင်းပို့သည်။ လင်းယွမ်က သတင်းရသည်နှင့် ပြုံးကာ "ကောင်းတယ်... ကျန်တဲ့ ရေပေါ်ကျွန်းတွေရော"
"လမ်းမှာပဲ ရှိသေးတယ်... မြူခိုးမြို့တော်ဘက်ကတော့ တွင်းနက်အရိပ်ဝထက် နည်းနည်းပိုဝေးလို့ နောက်ထပ် တစ်ရက်လောက် ကြာဦးမယ် ထင်တယ်"
"ပြီးတော့ ကွမ်ဖူဘက်က ရေပေါ်ကျွန်း သုံးကျွန်းကလည်း ဒီညမတိုင်ခင် ရောက်လာလိမ့်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ သူ၏ လက်အောက်ရှိ ဤရေပေါ်ကျွန်းများအားလုံး စုစည်းမိသွားပါက ထိုက်ယန်တောင် ခိုလှုံရေးစခန်းသည် ဧရာမ ခိုလှုံရေးစခန်းကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤမျှများပြားလှသော ရေပေါ်ကျွန်းများနှင့် လေပေါ်ကျွန်း၏ နယ်မြေကိုပါ ပေါင်းထည့်လိုက်မည်ဆိုပါက နယ်မြေပမာဏ အရတင် လင်းယွမ် ခန့်မှန်းကြည့်ရသလောက် ထိုက်ယန်တောင် ခိုလှုံရေးစခန်းသည် မုန်ယာ ကုမ္ပဏီနှင့် ခိုက်ရီ နည်းပညာအဖွဲ့တို့ထက် များစွာ ကွာခြားမည် မဟုတ်တော့ပေ။
"သွားရအောင်... အပြင်ဘက်ကို သွားကြည့်ကြမယ်"
"ဟုတ်ကဲ့ပါ"
လင်းယွမ်က ချက်ချင်းပင် လူများကို ခေါ်ဆောင်ကာ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။ လင်းယွမ်သည် လှေစီးရန် မရွေးချယ်တော့ဘဲ လေပေါ်မှ ပျံသန်းကာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
ဟန်ပန်းသည်လည်း မျိုးရိုးဗီဇမျိုးစေ့ ပြီးပြည့်စုံသည့် အဆင့်သို့ လေ့ကျင့်ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သည်။ သူက အလျင် အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်သော်လည်း ယခုအခါ သူ၏ အလျင်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ရေပြင်ပေါ်တွင် လျင်မြန်စွာ ပြေးလွှားနိုင်ရုံသာမက လေထဲတွင်ပင် သူ၏ အလျင်ကို အားပြု၍ အချိန်အတိုင်းအတာ တစ်ခုအထိ ပျံသန်းနိုင်နေပြီ ဖြစ်သည်။
သူတို့နှစ်ဦးသည် ထိုက်ယန်တောင်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
ဤနှစ်ရက်၊ သုံးရက်အတွင်း တောင်အောက်ရှိ ရေမျက်နှာပြင်မှာ များစွာ ထပ်တက်လာခဲ့သည်။
ရေခဲများ အရည်ပျော်သည့် နှုန်းမှာ တွေးထင်ထားသည်ထက် ပိုမို မြန်ဆန်နေပုံရ၏။
အပြင်ဘက် ရာသီဥတုကတော့ မိုးအဆက်မပြတ် ရွာသွန်းနေဆဲဖြစ်ပြီး ထိုက်ယန်တောင်ရှိ ကိုးဝူမျှော်စင်ပေါ်တွင် တာဝန်ကျသူများက ကင်းစင်စင်မှနေ၍ ရေပြင်ကို စောင့်ကြည့်နေကြသည်။
ရုတ်တရက် လင်းယွမ်တို့ နှစ်ဦးကို မြင်လိုက်ရသဖြင့် ချက်ချင်း လန့်သွားကြသည်။
"ဆရာလင်း... ခေါင်းဆောင်ဟန်"
ဟန်ပန်းက "အင်း... ငါတို့ကို ဂရုစိုက်မနေနဲ့... ဆက်လုပ်စရာရှိတာသာ လုပ်"
လင်းယွမ်က ကိုးဝူမျှော်စင်၏ အဆောက်အအုံပေါ်တွင် ရပ်ကာ အဆုံးအစမရှိသော ရှေ့ဘက်ရေပြင်ကျယ်ကြီးကို ငေးကြည့်လိုက်သည်။
လက်ရှိအချိန်အထိ တွင်းနက်အရိပ်ဝကို မမြင်ရသေးသဖြင့် သူ့ကို အနည်းငယ် အံ့သြသွားစေသည်။
"၆ မိုင်ဆိုတာ သိပ်ဝေးတဲ့အကွာအဝေး မဟုတ်ဘူး... တွင်းနက်အရိပ်ဝရဲ့ ကြီးမားတဲ့ အရွယ်အစားနဲ့ဆို ဘယ်လိုလုပ် မမြင်ရသေးတာလဲ"
လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။
ဘေးနားရှိ ဟန်ပန်းက ကြားသောအခါ ချက်ချင်း ပြုံးကာ "ဆရာလင်း... ဆရာ မသိလို့ပါ... ဒီရေမျက်နှာပြင်က ညီညာနေတာ မဟုတ်ဘူးလေ... ကျွန်တော်တို့ရဲ့ အမြင်အာရုံကတော့ ဖြောင့်တန်းနေတာဆိုတော့ တွင်းနက်အရိပ်ဝကို မမြင်ရတာလည်း သာမန်ပါပဲ"
ထိုအခါမှ လင်းယွမ် သဘောပေါက်သွားပြီး ဤကဲ့သို့သော အခြေခံအသိတစ်ခုကို မိမိ မေ့နေခဲ့ကြောင်း သိလိုက်ရသည်။
ဟန်ပန်းက ရယ်မောရင်း "ကျွန်တော်တို့ ခြေမြန်တော်တပ်ရင်းက ညီအစ်ကိုတွေက ရေပြင်ပေါ်မှာ သတင်းပို့ဖို့ အမြဲ သွားလာနေရတော့... ခရီးသွားတဲ့အပိုင်းမှာ နည်းနည်း ပိုနားလည်တာပေါ့"
"ပုံမှန်ဆိုရင် တွင်းနက်အရိပ်ဝလို ကြီးမားတဲ့ ရေပေါ်ကျွန်း အရွယ်အစားနဲ့ဆိုရင် ၄ မိုင် ၅ မိုင်လောက် အကွာအဝေးဆို ပုံပန်းသဏ္ဍာန်ကို မြင်နေရလောက်ပြီ"
သူ့စကား မဆုံးသေးခင်မှာပင် ကင်းစင်စင်ပေါ်ရှိ စစ်သားက "ခေါင်းဆောင်... လာနေပြီ" ဟု လှမ်းအော်လိုက်သည်ကို ကြားလိုက်ရသည်။
လင်းယွမ်နှင့် ဟန်ပန်းတို့က ရေပြင်ဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
အဝေးဆီမှ မိုးကုပ်စက်ဝိုင်း နေရာတွင် ရေထဲမှ ပေါ်ထွက်လာသကဲ့သို့ ဧရာမ အမည်းရောင်မျဉ်းကြီး တစ်ကြောင်းကို တွေ့လိုက်ရသည်။
ကြီးမားသော အမည်းရောင်မျဉ်းကြီးက တစ်ဆက်တည်းဖြစ်နေပြီး အလွန်တရာ ကျယ်ဝန်းလှပေသည်။
ယင်းက ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခုပမာ အလင်းရောင် အားလုံးကို ဝါးမျိုပစ်နေသည်။
လင်းယွမ်က မထိန်းနိုင်ဘဲ ပြုံးလိုက်ရင်း "တွင်းနက်အရိပ်ဝရဲ့ ဧရိယာက ကျွန်တော်တို့ ရေပေါ်ကျွန်းတွေအားလုံးထဲမှာ အကြီးဆုံးလို့ ပြောလို့ရတယ်"
ဟန်ပန်းကလည်း ပြုံးကာ "ဟုတ်တယ်... တစ်ခုနှမြောစရာကောင်းတာက တွင်းနက်အရိပ်ဝရဲ့ ပတ်ဝန်းကျင်က နေထိုင်ဖို့ သိပ်မသင့်တော်တာပဲ... အဲ့လိုမှမဟုတ်ရင် ဒါက ရတနာမြေကြီး ဖြစ်နေပြီ"
လင်းယွမ်ကမူ ရယ်မောရင်း "လူတွေ နေထိုင်ဖို့ သင့်တော်နေစရာ မလိုပါဘူး... သန္ဓေပြောင်း သတ္တဝါတွေ နေလို့ရရင်လည်း အဆင်ပြေတာပဲ"
လင်းယွမ် မနေ့က စိုက်ပျိုးရေးဌာန ဂေဟစနစ်ဥယျာဉ်သို့ သွားခဲ့စဉ်က ထိုနေရာရှိ အဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့က အစီအစဉ်တစ်ခုကို တင်ပြခဲ့ကြသည်။ ယင်းမှာ တိရစ္ဆာန်မွေးမြူရေးနှင့် သားသတ်လုပ်ငန်းများ အားလုံးကို လူနေထိုင်ရန် မသင့်တော်သော ရေပေါ်ကျွန်းများပေါ်တွင် ထားရှိရန်ပင် ဖြစ်သည်။
လင်းယွမ် သေချာစဉ်းစားပြီးနောက် ထိုအစီအစဉ်က အလွန်ကောင်းမွန်သည်ဟု ယူဆမိသည်။
ဆက်ရန်...