← Chapters

အခန်း (၈၁၇-၈၁၈)

Vol. 41 Ch. 817-818

အခန်း (၈၁၇-၈၁၈)

Vol. 41 Ch. 817-818

အပိုင်း(၈၁၇) လျှိုချင့်ဟုန်

"ဘုန်း"

ဧရာမ ရွှေမွေးခြင်္သေ့မိစ္ဆာကြီးက ဟင်းလင်းပြင်ဆီသို့ ခုန်ပျံသွားပြီး လက်တစ်ဖက်ကို ဧရာမရွှေရောင်လက်သီးကြီးအဖြစ် ဆုပ်ကိုင်ကာ ယာဉ်ပျံတစ်စင်းဆီသို့ ထိုးချလိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေဖိအားလှိုင်းများက တစ်ထပ်ပြီးတစ်ထပ် ပေါက်ကွဲထွက်သွား၏။

ဟင်းလင်းပြင်ရှိ လေစီးကြောင်းများက အဖြူရောင်လေဖိအားလှိုင်းများအဖြစ် ပေါက်ကွဲသွားရာ ထိုယာဉ်ပျံမှာ ထွက်ပြေးရန် အချိန်ပင်မရလိုက်ဘဲ ရွှေရောင်လက်သီးကြီး၏ ထိုးနှက်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။

ယာဉ်ပျံပတ်လည်ရှိ အကာအကွယ်ဒိုင်းလွှာသည် တစ်စက္ကန့်မျှပင် တောင့်ခံနိုင်ခြင်း မရှိဘဲ ချက်ချင်း ပေါက်ကွဲပျက်စီးသွားသည်ကို မြင်လိုက်ရ၏။

အကာအကွယ်အတွင်းရှိ ယာဉ်ပျံမှာ ထွက်ပြေးနိုင်ခြင်း မရှိဘဲ ချက်ချင်းပင် တွန့်လိမ်ပေါက်ကွဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော အပျက်အစီး အစအနများအဖြစ် နေရာအနှံ့ လွင့်စဉ်သွားလေသည်။

ရွှေမွေးခြင်္သေ့မိစ္ဆာကြီးက တစ်စက္ကန့်မျှပင် ရပ်တန့်မနေဘဲ ကိုယ်ကိုလှည့်ကာ လက်မောင်းကို ရမ်းခါလိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းနှင့် နီးကပ်လာသော နောက်ထပ် ယာဉ်ပျံသုံးစင်းမှာ အပိုင်းပိုင်းအစစ ရိုက်ချိုးခံလိုက်ရပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားပြန်သည်။

ဤမျှ အံ့မခန်းကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်က စစ်မြေပြင်ရှိ အခြားသော ယာဉ်ပျံများစွာ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွား၏။

ထိုယာဉ်ပျံများက အလျင်အမြန် ဆုတ်ခွာသွားကြပြီး လင်းယွမ် ပြောင်းလဲထားသော ရွှေမွေးခြင်္သေ့မိစ္ဆာကြီးနှင့် အလှမ်းဝေးရာသို့ အမြန်ဆုံး ခွာလိုက်ကြသည်။

လင်းယွမ်က နောက်မှ လိုက်မသွားဘဲ အဝေးရှိ သေးငယ်သော ရေပေါ်ကျွန်းလေးဆီသို့သာ အကြည့်တို့ကို စူးစိုက်ထားလိုက်သည်။

"ဟက်"

သူက အေးစက်စွာ ရယ်မောလိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ လျှပ်တစ်ပြက်အတွင်း ထိုရေပေါ်ကျွန်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားလေသည်။

ရေပေါ်ကျွန်းပေါ်ရှိ အမြင့်ဆုံးအဆောက်အအုံအတွင်း၌မူ ဝဝဖိုင့်ဖိုင့် အမျိုးသမီးတစ်ဦး ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် လေးနက်တည်ကြည်သော အရိပ်အယောင်များ ပေါ်လွင်လာ၏။

"သတ္တုဓာတ် အစွမ်းပိုင်ရှင်... ပေ (၂၃၀) လောက်ရှိတဲ့ အရွယ်အစားပဲ"

သူမက အလျင်အမြန် အော်ဟစ်လိုက်သည်။ "တော်ဝင်နတ်ဘုရားကို စတင်လိုက်တော့"

"ဟုတ်ကဲ့ပါ"

သူမ၏ အမိန့်ပေးသံနှင့်အတူ အောက်ထပ်ရှိလူများက ကီးဘုတ်များကို အလျင်စလို ခေါက်ကာ စက်ကိရိယာတစ်ခုခုကို စတင် လည်ပတ်စေလိုက်ကြသည်။

ထို့နောက် ရေပေါ်လေလွင့်ကျွန်း တစ်ခုလုံးမှ ကြီးမားသော အသံကြီး ထွက်ပေါ်လာပြီး မကြာမီမှာပင် မျှော်စင်မြင့်ကြီးများက မြေပြင်ကို ဖောက်ထွက်လာကာ မျှော်စင်များထက်တွင် စွမ်းအင်များ စုစည်းလာပြီး ဟင်းလင်းပြင်ဆီသို့ အသီးသီး ပစ်လွှတ်လိုက်ကြ၏။

"ဝှစ်... ဝှစ်... ဝှစ်"

မရေမတွက်နိုင်သော မြည်ဟည်းသံများ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေပေါ်ကျွန်း အပြင်ဘက်၌ ဧရာမ လူပုံစံ စွမ်းအင်ကိုယ်ထည်ကြီးတစ်ခု အံ့ဖွယ် ဖြစ်ပေါ်လာလေသည်။

ဝဝဖိုင့်ဖိုင့် ဒါရိုက်တာလျှိုက ခြေတစ်ချက် ဆောင့်လိုက်ပြီး မြင့်မားသော အဆောက်အအုံပေါ်မှနေ၍ ကောင်းကင်ယံသို့ ရုတ်တရက် ခုန်တက်သွား၏။

သူမ လေထဲတွင် ရှိနေစဉ်မှာပင် ခန္ဓာကိုယ်ကြီးက အလျင်အမြန် ဖောင်းကားကြီးထွားလာသည်ကို မြင်တွေ့လိုက်ရသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် သူမသည် အမြင့်ပေ (၂၀၀) နီးပါးရှိသော ဧရာမ လူပုံစံသတ္တဝါကြီးအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ထိုသတ္တဝါကြီးတွင် လူသားပုံစံ ခြေလက်များ ရှိသော်လည်း ခေါင်းမှာမူ ရေဘဝဲခေါင်းနှင့် တူနေပြီး လည်ပင်းတစ်ဝိုက်တွင် မရေမတွက်နိုင်သော စုပ်ခွက်လက်တံများက ပြန့်ကြဲရစ်ပတ်နေသည်။

ရုတ်တရက် ကြည့်လိုက်ပါက အနောက်တိုင်း ဒဏ္ဍာရီများထဲမှ ကသူးလူး (Cthulhu) မိစ္ဆာကောင်ကြီးနှင့် တူနေပေသည်။

(Cthulhu ဆိုတာ စာရေးဆရာကြီး H.P Lovecraft ရေးတဲ့ ဇာတ်လမ်းတွေထဲက မိစ္ဆာကိုပြောတာပါ)

ထို့အပြင် ဤမိစ္ဆာကြီးမှာ အမဖြစ်သော သန္ဓေပြောင်းသတ္တဝါဖြစ်ပြီး ဧရာမ ရင်သားကြီးနှစ်ခုကို အနက်ရောင် သံချပ်ကာဖြင့် ဖုံးကွယ်ထားကာ လက်ထဲတွင်လည်း အလွန် ကြီးမားလှသော ရာဇလှံတံကြီးကို ကိုင်ဆောင်ထားသေး၏။

အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော လင်းယွမ်သည် ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားမိသည်။

သို့သော် ရွှေမွေးခြင်္သေ့မိစ္ဆာ အသွင်ယူထားသော သူက ရပ်တန့်မသွားဘဲ အလွန် လျင်မြန်သော အရှိန်ဖြင့် တစ်ဖက်လူဆီသို့ လက်သီးတစ်ချက် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။

"ကိုယ့်အခြေအနေကိုယ် မသိတဲ့ကောင်"

ကသူးလူး မိစ္ဆာကြီးက လူစကားပြောလိုက်ပြီး ရာဇလှံတံကို ရုတ်တရက် မြှောက်လိုက်၏။

သူမ လက်မြှောက်လိုက်သည်နှင့် ရာဇလှံတံက ရှေ့သို့ တစ်ချက် ညွှန်လိုက်သည်။

သူမ နောက်ကျောဘက် ရေပေါ်ကျွန်းအပြင်ဘက်ရှိ စွမ်းအင်များ စုစည်းဖြစ်ပေါ်လာသော ဧရာမကိုယ်ထည်ကြီးက လက်သီးကို မြှောက်ကာ ရွှေမွေးခြင်္သေ့မိစ္ဆာကြီးဆီသို့ ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလာလေသည်။

ဤရေပေါ်ကျွန်းမှ ဖန်တီးထားသော စွမ်းအင်ပုံစံ လူဘီလူးကြီးမှာ အရမ်းကို ကြီးမားလွန်းလှပြီး ကြည့်ရသည်မှာ အမြင့်ပေ (၃၀၀၀) ကျော်ပင် ရှိနိုင်ပေသည်။

လင်းယွမ် ပြောင်းလဲထားသော ရွှေမွေးခြင်္သေ့မိစ္ဆာကြီးသည် ၎င်း၏ရှေ့တွင် ဆယ်ပုံတစ်ပုံမျှပင် အရွယ်အစား မရှိပေ။

"ဘုန်း"

ရွှေမွေးခြင်္သေ့မိစ္ဆာကြီး၏ ရွှေရောင်လက်သီးက ဟင်းလင်းပြင်ကို ထိုးခွဲသွားပြီး တစ်ဖက်ရှိ စွမ်းအင်လူဘီလူးကြီး၏ လက်သီးနှင့် ဝင်တိုက်မိသွား၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးလုံးဟိန်းမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ထို့နောက် လင်းယွမ်သည် တစ်ဖက်လူ၏ ပုံရိပ်ယောင် စွမ်းအင်လက်မောင်းပေါ်မှနေ၍ ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမခွန်အားကြီးတစ်ခု ဖြတ်သန်းလာသည်ကို ခံစားလိုက်ရ၏။

ခဏချင်းမှာပင် လင်းယွမ်၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် လက်သီးချက်ကြောင့် နောက်သို့ လွင့်ထွက်သွားတော့သည်။

လင်းယွမ်က မယုံကြည်နိုင်စွာဖြင့် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဒါက သူ့ရဲ့ မျိုးရိုးဗီဇမြေပုံလား... မဟုတ်ဘူး... တစ်ခုခု မှားနေပြီ... ပေ (၃၀၀၀) ကျော်ရှိတဲ့ စွမ်းအင်ကိုယ်ထည်က သူ့ရဲ့ မျိုးရိုးဗီဇမြေပုံ လုံးဝ မဖြစ်နိုင်ဘူး"

"ပြီးတော့ ဒီလက်သီးက အင်အားပြင်းတယ်ဆိုပေမဲ့ ငါ့ကို လွင့်ထွက်သွားအောင်ပဲ လုပ်နိုင်တာ... ငါက ဘာဒဏ်ရာမှ မရလိုက်ဘူး"

"ဒါက သူ့ရဲ့ အစွမ်းတစ်ခုခုများလား"

လင်းယွမ် ရင်ထဲတွင် တုန်လှုပ်သွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ အခြေအနေကို အလျင်အမြန် သုံးသပ်လိုက်သည်။

ယခုအချိန်တွင် ရွှေမွေးခြင်္သေ့မိစ္ဆာ အသွင်ဖြင့် သူ ထုတ်ဖော်ပြသနေသော တိုက်ခိုက်ရေးစွမ်းအားသည် တိုက်ခိုက်ခြင်းထက် ကာကွယ်ခြင်းဘက်သို့ ပိုမို တိမ်းညွှတ်နေပေသည်။

သို့သော် တစ်ဖက်လူမှာ ဤမျှ ကြီးမားသော အရွယ်အစားရှိနေပါလျက် သူ့ကို ဒဏ်ရာမရစေဘဲ လွင့်ထွက်သွားအောင်သာ လုပ်နိုင်ခဲ့၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူ၏ ခွန်အားသည် သူ၏ ရွှေမွေးခြင်္သေ့မိစ္ဆာအသွင် အကာအကွယ်ကို ဖောက်ထွင်းနိုင်လောက်သည်အထိ မလုံလောက်ကြောင်း သိသာထင်ရှားလှသည်။

ထို့ကြောင့် ဤစွမ်းအင်လူဘီလူးကြီးသည် မျိုးရိုးဗီဇမြေပုံ လုံးဝ မဟုတ်နိုင်ပေ။

သို့မဟုတ်ပါက ပေ (၃၀၀၀) ကျော်ရှိသော မျိုးရိုးဗီဇအသွင်ဆိုလျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းမှာ (၁၀၀) ရာခိုင်နှုန်းထက် ကျော်လွန်သွားပြီး ကြယ်စင်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားမည် မဟုတ်ပါလော။

လင်းယွမ်၏ မျက်လုံးများက ကသူးလူး မိစ္ဆာကြီးနှင့် တူသော ရာဇလှံတံကိုင် အမျိုးသမီးထံသို့ အလျင်အမြန် စူးစိုက်သွားသည်။

ထိုရေဘဝဲခေါင်းနှင့် အမျိုးသမီး၏ အရွယ်အစားမှာ ပေ (၂၀၀) နီးပါးရှိပြီး လင်းယွမ်ထက် အနည်းဆုံး (၃၃) ပေခန့် ပို၍ ပုနေပေသည်။

လင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွား၏။ "ဒါကမှ သူမရဲ့ မျိုးရိုးဗီဇမြေပုံ အစစ်လား"

ချက်ချင်းဆိုသလိုပင် လင်းယွမ်သည် ဤအမျိုးသမီး၏ မျိုးရိုးဗီဇမြေပုံမှာ မျက်မှောက်ရှိ ဤကသူးလူး မိစ္ဆာကောင်ကြီး ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။

သူမ နောက်ကျောဘက်ရှိ စွမ်းအင်လူဘီလူးကြီးမှာ သူမ၏ အစွမ်းတစ်ခုခုသာ ဖြစ်ရပေမည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား လင်းယွမ်၏ ရင်ထဲတွင် တိတ်တဆိတ် အံ့သြနေမိဆဲပင်။

ဤအမျိုးသမီး၏ အစွမ်းသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ သူ့ကို ထိပ်တိုက် လွင့်ထွက်သွားစေနိုင်သော ဤကဲ့သို့ စွမ်းအင်လူဘီလူးကြီးကို ဆင့်ခေါ်နိုင်သည်အထိ အစွမ်းထက်လှပေသည်။

ဤအမျိုးသမီးသည် မုန်ယာကုမ္ပဏီ အတွင်းတွင် ဒါရိုက်တာအဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လောက်ပေသည်။

လင်းယွမ်တစ်ယောက် ရင်ထဲတွင် တုန်လှုပ်နေခဲ့သည်။

သို့သော် တစ်ဖက်ရှိ လျှိုချင့်ဟုန်မှာမူ ပို၍ပင် တုန်လှုပ်သွားခဲ့ပြီး မျက်လုံးအိမ်များထဲတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီလူက ငါ့ရဲ့ တော်ဝင်နတ်ဘုရား တိုက်ခိုက်မှုကိုတောင် ကာကွယ်နိုင်တယ်ပေါ့"

"ဒါ မဖြစ်နိုင်ဘူး... သတ္တုဓာတ် အကာအကွယ် အမျိုးအစား အစွမ်းပိုင်ရှင်ဆိုရင်တောင်... ငါက ရေပေါ်ကျွန်းကို အဓိကထားပြီး တိုက်ခိုက်တဲ့ တော်ဝင်နတ်ဘုရားရဲ့ တိုက်ကွက်ကို မခံနိုင်လောက်ပါဘူး"

"ဒီလူက ဘယ်သူများလဲ"

သူမ ရင်ထဲတွင် တုန်လှုပ်သွားပြီး မျက်နှာပေါ်တွင်လည်း ထိတ်လန့်တွန့်ဆုတ်သွားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

ချက်ချင်း ဝင်မတိုက်ခိုက်တော့ဘဲ လျှိုချင့်ဟုန်က အော်ဟစ်မေးမြန်းလိုက်သည်။ "ရှင်က ဘယ်သူလဲ... မုန်ယာကုမ္ပဏီရဲ့ ကိစ္စတွေကို နှောင့်ယှက်ရဲတယ်ပေါ့... သတ္တိရှိရင် နာမည်ပြောစမ်းပါ"

တစ်ဖက်လူ၏ အေးစက်စက် အော်ဟစ်သံကို ကြားလိုက်ရသောအခါ လင်းယွမ်ကလည်း အေးစက်စွာ ရယ်မောလိုက်၏။ "မုန်ယာကုမ္ပဏီ... တကယ်ကို မင်းတို့ပဲ ဖြစ်နေတာကိုး"

"မင်းတို့ ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး... ငါက ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင် လင်းယွမ်ပဲ"

"မင်းကရော ဘယ်က သတ္တဝါလဲ"

လျှိုချင့်ဟုန် ထပ်မံ အံ့သြသွားပြန်သည်။ "ဘာ... ရှင်က လင်းယွမ်လား"

သူမသည် ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို လာရောက်တိုက်ခိုက်ရန် အမိန့်ကို လက်ခံရဲခဲ့မှတော့ ထိုက်ယန်တောင်၏ အခြေအနေများကို စောစောစီးစီးကတည်းက သေချာ စုံစမ်းထားပြီးသား ဖြစ်ပေလိမ့်မည်။

လင်းယွမ်ဆိုသည့် ပုဂ္ဂိုလ်အကြောင်းကိုလည်း သေချာပေါက် သိထားပေသည်။

"တော်လိုက်တဲ့ လင်းယွမ်ပဲ... ကြည့်ရတာ ရှင့်ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက (၇၀) ရာခိုင်နှုန်းအထက်ကိုတောင် ကျော်လွန်နေပြီ ထင်တယ်"

"ဒါကြောင့်ကိုး... ဒါကြောင့် ဟူဝေတို့ကို ဆက်တိုက် အနိုင်ယူနိုင်ခဲ့တာပေါ့"

လျှိုချင့်ဟုန်က အသက်ကို ဝအောင်ရှူသွင်းလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ "ကျွန်မက မုန်ယာကုမ္ပဏီရဲ့ ဒါရိုက်တာ လျှိုချင့်ဟုန်ပဲ... လင်းယွမ်... ရှင်ကလည်း ထူးချွန်တဲ့သူတစ်ယောက် ဖြစ်နေတာကို ကျွန်မ မြင်ပါတယ်... တကယ်လို့ အခု ရှင်သာ အညံ့ခံပြီး ကျွန်မတို့ မုန်ယာကုမ္ပဏီကို ဝင်မယ်ဆိုရင် ဥက္ကဌကျင်းဆီကို ရှင့်ကို ထောက်ခံပေးမယ်... ရှင့်အသက်ကို အန္တရာယ်ကင်းကင်းနဲ့ ကာကွယ်ပေးမယ်... ဘယ်လိုလဲ"

လင်းယွမ် ချက်ချင်းပင် အေးစက်စွာ ရယ်မောလိုက်၏။ တစ်ဖက်လူက သူ့ကို စတင် သွေးဆောင်စည်းရုံးနေပြီ ဖြစ်သည်။

သူ့၏ အစွမ်းအစက အနိုင်ကျင့်ရ လွယ်ကူမည် မဟုတ်သည်ကို မြင်သောအခါ နူးညံ့သောနည်းလမ်းကို ရွေးချယ်လိုက်ခြင်းပင်။

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ "ငါ့အသက်ကို အန္တရာယ်ကင်းကင်း ကာကွယ်ပေးမယ် ဟုတ်လား... ဟားဟား... မင်းတို့က ဘာနဲ့များ ငါ့အသက်ကို ခြိမ်းခြောက်နိုင်မလဲ ဆိုတာ တကယ်သိချင်လိုက်တာ"

လျှိုချင့်ဟုန်က အေးစက်သော လေသံဖြင့် ပြန်ပြောသည်။ "ရှင့်ရဲ့ အစွမ်းအစ မဆိုးဘူးဆိုတာ ကျွန်မ သိပါတယ်... ဒါပေမဲ့ ရှင် ဘယ်လောက်ပဲ တော်နေပါစေ... သတ္တုဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်ပဲလေ... ကာကွယ်နိုင်စွမ်းကတော့ ကောင်းရင်ကောင်းနိုင်လိမ့်မယ်... ဒါပေမဲ့ အကာအကွယ်က အကာအကွယ်ပဲ"

"ရှင် သိထားရမှာက ဒီလောကမှာ ရာခိုင်နှုန်းပြည့် အားနည်းချက်မရှိတဲ့ အစွမ်းဆိုတာ မရှိဘူး"

"ကျွန်မတို့ရဲ့ ဥက္ကဌကျင်းကလွဲရင် ဘယ်သူမှ မရှိဘူး"

"ခိုက်ရီနည်းပညာက နိုင်ငံခြားသား ဆိုရင်တောင်မှ သူ့အစွမ်းက ပြိုင်ဘက်ကင်းတယ်လို့ မပြောရဲဘူး"

"လင်းယွမ်... ကျွန်မတို့ မုန်ယာကုမ္ပဏီမှာ အစွမ်းထက်တဲ့သူတွေ တိမ်တိုက်တွေလို အများကြီးပဲ... ရှင့်ကို ရင်ဆိုင်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်"

"ဒါပေမဲ့ ရှင့်ကို ရင်ဆိုင်ရတာ နည်းနည်းတော့ အလုပ်ရှုပ်လိမ့်မယ်... ကျွန်မက အလုပ်ရှုပ်တာကို မကြိုက်တဲ့သူမို့လို့သာ ဒီမှာ ရှင်နဲ့ စကားများများ ပြောနေတာ"

"သေချာ စဉ်းစားကြည့်ပါဦး"

လင်းယွမ်သည် အထက်စီးမှ ဆက်ဆံနေသော လျှိုချင့်ဟုန်၏ ဟန်ပန်ကို ကြည့်လိုက်၏။ သူမသည် လင်းယွမ်ကို အသက်ရှင်ခွင့် တစ်ခု အမှန်တကယ် ပေးနေသည့်အလားပင်။

သူမ၏ လေသံထဲတွင် အထင်သေးမှု အနည်းငယ်နှင့် လှောင်ပြောင်မှု အနည်းငယ် ပါဝင်နေပေသည်။

လင်းယွမ်က ဟားတိုက် ရယ်မောလိုက်သည်။ "လျှိုချင့်ဟုန် ဆိုလား... မင်းရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက ဘယ်လောက်အထိ ရောက်နေပြီလဲ... (၆၀) ရာခိုင်နှုန်းလောက်ရော ရှိရဲ့လား"

လျှိုချင့်ဟုန်က အေးစက်စွာ ရယ်မောလိုက်သည်။ "ရှင့်ကို အနိုင်ယူဖို့အတွက်တော့ လုံလောက်ပါတယ်"

"ဟားဟား... ငါ့ကို အနိုင်ယူမယ် ဟုတ်လား... မင်းနောက်က တော်ဝင်နတ်ဘုရားဆိုတဲ့ အရာလေးကို အားကိုးပြီးတော့လား"

"ဒါဆိုရင် မုန်ယာကုမ္ပဏီရဲ့ ဒါရိုက်တာမှာ ဘာအစွမ်းတွေများ ရှိလို့ ငါ့ရှေ့မှာ ခွေးလို လာဟောင်နေရသလဲဆိုတာ ကြည့်ကြသေးတာပေါ့"

လင်းယွမ်၏ စကားသံ အဆုံးတွင် ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှ သွေးမြူခိုးများ လေချွန်သံနှင့်အတူ ပျံ့နှံ့ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် ဧရာမ ကိုယ်ထည်ကြီးက ထပ်မံ ပြောင်းလဲသွားလေသည်။

ဧရာမ အနက်ရောင် အရိပ်နဂါးကြီးတစ်ကောင် ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာ၏။

ထိုအချိန်မှာပင် အနက်ရောင် အရိပ်နဂါးကြီး၏ ပတ်လည်မှ များပြားလှသော အနက်ရောင် မြူခိုးထူများ ထပ်မံ ထွက်ပေါ်လာသည်။

ထိုအနက်ရောင် မြူခိုးထူများက ကောင်းကင်နှင့် မြေကြီးကြားတွင် ဖုံးလွှမ်းသွားပြီး ကြီးမားကျယ်ပြန့်သော အရိပ်ကြီးတစ်ခုကို ဖြစ်ပေါ်စေလေသည်။

အမှောင်ဓာတ် စွမ်းအင်များကို လင်းယွမ်က ထုတ်ယူသုံးစွဲလိုက်ခြင်းပင်။

တွင်းနက်အရိပ်နဂါး မျိုးရိုးဗီဇမြေပုံ။

ထိုမျှသာမက တွင်းနက်အရိပ်နဂါးသည် တွင်းနက်ဝကို ဖွင့်ဟလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ လျှိုချင့်ဟုန်ဆီသို့ စတင် မျိုချလိုက်လေသည်။

"ဘာ... အမှောင်ဓာတ် စွမ်းအင်လား"

"မဖြစ်နိုင်ဘူး... သူက ခုနက သတ္တုဓာတ် အစွမ်းပိုင်ရှင် မဟုတ်ဘူးလား"

လျှိုချင့်ဟုန်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကာ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ "နတ်အလင်းအမြောက်... ပစ်လွှတ်လိုက်စမ်း"

ထိုရေပေါ်ကျွန်းအတွင်းရှိ အခြေစိုက်စခန်း၏ မျှော်စင်မြင့်များက တိုက်စားဝင်ရောက်လာသော အမှောင်ထုဆီသို့ အသီးသီး ချိန်ရွယ်လိုက်ကြ၏။

ထို့နောက် စွမ်းအင်အမြောက် ပြောင်းဝများက ချိန်ရွယ်လာကြသည်။

"ဘုန်း... ဘုန်း... ဘုန်း"

စွမ်းအင်အမြောက်များအတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။

အားပြင်းသော အမြောက်ဆန်များက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး အမှောင်ထု၏ အက်ကွဲကြောင်းများထဲသို့ ထိမှန်သွား၏။

ထို့နောက် "အုန်း" ခနဲ အသံနှင့်အတူ ပေါက်ကွဲထွက်သွားလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေါက်ကွဲသွားသော နေရာတစ်ဝိုက်တွင် ဧရာမ စွမ်းအင်အလင်းတန်းကြီးများ လွှမ်းခြုံသွားသည်။

ထိုစွမ်းအင်အလင်းတန်းက တွင်းနက်ဝ တစ်ခုလုံးကို တိုက်ရိုက် ထိုးလင်းသွားစေ၏။

ပြင်းထန်သော အလင်းတန်းများက အမှောင်ထုကို ဆွဲဖြဲပစ်လိုက်ပြီး များပြားလှသော အမှောင်ဓာတ် စွမ်းအင်များကို မောင်းထုတ်ပစ်လိုက်သည်။

တွင်းနက်အရိပ်နဂါး အသွင်ယူထားသော လင်းယွမ်က ချက်ချင်း ကိုယ်ကိုလိမ်ကာ အမြောက်ဆန်များကို အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ရင်ထဲ၌ အံ့အားသင့်သွားမိသည်။

"ဒီအမြောက်ဆန်တွေထဲက စွမ်းအင်တွေက... သာမန် အလင်းဓာတ် မဟုတ်ဘူးလား"

ထိုအမြောက်ဆန်များထဲတွင် ပါဝင်နေသော အလင်းတန်းများ၌ ထူးခြားသော စွမ်းအင်တစ်မျိုး ပါဝင်နေသည်ကို လင်းယွမ် ခံစားမိလိုက်သည်။

ထိုစွမ်းအင်မှာ လီရှန်ယန်၏ သန့်စင်သော အလင်းဓာတ်မျိုး သက်သက်မဟုတ်ဘဲ အထူးသတ္တိတစ်မျိုး ပါဝင်နေသော အလင်းဓာတ် ဖြစ်နေပေသည်။

"ဟားဟား... နတ်အလင်းအမြောက်က ကျွန်မတို့ နတ်ဘုရားနိုင်ငံတော်ကနေ အလဲအလှယ်လုပ်ထားတဲ့ အလင်းဓာတ် စွမ်းအင်အမြောက်ပဲ... အမှောင်ထုကို မောင်းထုတ်နိုင်တဲ့ အထူးအစွမ်း ပါဝင်ရုံတင်မဟုတ်ဘူး... ညစ်ညမ်းတဲ့ မိစ္ဆာတွေကိုပါ သန့်စင်ပေးနိုင်တဲ့ စွမ်းရည် ပါဝင်တယ်"

"တွင်းနက်အရိပ်နဂါးဆိုတာ မွေးရာပါ အမှောင်ထုရဲ့ ညစ်ညမ်းတဲ့အရာပဲ... နတ်အလင်းအမြောက်ရဲ့ ဖိနှိပ်တာကို အလိုလို ခံရတော့မှာပဲ"

လျှိုချင့်ဟုန်က ဟားတိုက်ရယ်မောလိုက်ပြီးနောက် ထပ်မံ၍ တွေဝေမနေတော့ဘဲ ရာဇလှံတံဖြင့် ဟင်းလင်းပြင်ဆီသို့ တစ်ချက် ညွှန်လိုက်၏။

ခဏချင်းမှာပင် ရေပေါ်ကျွန်းအပြင်ဘက်၌ စုစည်းဖြစ်ပေါ်နေသော စွမ်းအင်ကိုယ်ထည်ကြီးက လင်းယွမ်ဆီသို့ ရုတ်တရက် လက်လှမ်းကာ ဖမ်းဆုပ်လိုက်သည်။

၎င်း၏ ဧရာမ စွမ်းအင်လက်ဝါးကြီးပေါ်တွင် များပြားလှသော သန့်စင်မွန်မြတ်သည့် အလင်းတန်းများ ပေါ်ထွက်လာလေသည်။

လင်းယွမ်၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားသော်လည်း မည်သည့် ကြောက်ရွံ့မှုမျှ မရှိပေ။

သူ၏ ခန္ဓာကိုယ်ကြီး ရုတ်တရက် လိမ်ကောက်သွားပြီးနောက် ကိုယ်ထည်မှာ ထပ်မံ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရ၏။

"ဝှစ်"

ဟင်းလင်းပြင်ထဲတွင် မီးတောက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာကာ အလျင်အမြန် လောင်ကျွမ်းသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟင်းလင်းပြင်တစ်ခုလုံးကို မီးစွဲလောင်သွားစေလေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဧရာမ မီးလင်းယုန်ကြီးတစ်ကောင် ချက်ချင်း ပျံသန်းထွက်ပေါ်လာ၏။

"ဝှစ်"

ကောင်းကင်တစ်ခွင် မီးတောက်များ လောင်ကျွမ်းလာပြီး အရပ်လေးမျက်နှာဆီသို့ လွှမ်းခြုံပျံ့နှံ့သွားလေသည်။

"လေဟာနယ် လျှပ်စီးမီးတောက်"

ရဲရဲတောက် မီးလင်းယုန်၏ ခန္ဓာကိုယ်အတွင်းရှိ အထူးအမှုန်အမွှားများ ထိခိုက်မိသွားပြီး မျက်တောင်တစ်ခတ်အတွင်း ကြောက်မက်ဖွယ်ကောင်းသော မီးတောက်အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာသည်။

"ဘုန်း"

ထိုမီးတောက်များက ၎င်း၏ ပါးစပ်ထဲမှ ပန်းထွက်လာရာ အလွန် လျင်မြန်လွန်းလှသဖြင့် လျှပ်စီးထက်ပင် ပို၍ မြန်ဆန်နေပေသည်။

ထိုမီးတောက်များ ပန်းထွက်သွားပြီး တိုက်ခိုက်မည့် ပစ်မှတ်မှာ အလွန် အစွမ်းထက်လှသော စွမ်းအင်ကိုယ်ထည်ကြီး မဟုတ်ပေ။

ယင်းအစား လျှိုချင့်ဟုန်၏ ကသူးလူး အသွင်ဆီသို့ တိုက်ရိုက် ဦးတည်တိုက်ခိုက်သွားခြင်းပင်။

ဤအမျိုးသမီး၏ ကသူးလူး အသွင်မှာ အရေးအကြီးဆုံး အဓိကနေရာဖြစ်ကြောင်း လင်းယွမ် ကောင်းကောင်း သိမြင်ထားပြီးဖြစ်သည်။

အနောက်ဘက်ရှိ ရေပေါ်ကျွန်းနှင့် တော်ဝင်နတ်ဘုရား ဆိုသည်များမှာ သူမ ထိန်းချုပ်ထားသော အရာများသာ ဖြစ်ပေသည်။

ထိုတော်ဝင်နတ်ဘုရား၏ စွမ်းအင်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၇၄) ရာခိုင်နှုန်း ရှိသော သူနှင့်ပင် ယှဉ်နိုင်လုနီးပါး ဖြစ်နေရခြင်းမှာ ပြင်ပအင်အားကို အကူအညီ ရယူထားခြင်းကြောင့်သာ ဖြစ်လောက်ပေသည်။

ဆက်ရန်...

အပိုင်း (၈၁၈) တော်ဝင်နတ်ဘုရား

"ဒီ တော်ဝင်နတ်ဘုရား ဆိုတဲ့ နတ်ဘုရားကိုယ်ပွားကို ဂရုစိုက်နေစရာ မလိုဘူး၊ ဒီ ကသူးလူးမိန်းမကို အနိုင်ယူလိုက်နိုင်တာနဲ့ အရာအားလုံးက ပြီးဆုံးသွားမှာပဲ"

လင်းယွမ်က ထိုအချက်ကို ရှင်းလင်းစွာ သဘောပေါက်ထားသည်။ ထို့ကြောင့် သူ၏ ဤ လေဟာနယ် လျှပ်စီးမီးတောက် က လျှိုချင့်ဟုန်၏ မျိုးရိုးဗီဇအသွင်ပြောင်းထားသော ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။

ရာဇလှံတံကို ကိုင်ဆောင်ထားသော လျှိုချင့်ဟုန်၏ မျက်နှာအမူအရာကလည်း ပြောင်းလဲသွားရသည်။

သူမ၏ ရေဘဝဲမျက်နှာထက်တွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လွင်လာ၏။

"တော်ဝင်နတ်ဘုရား"

သူမက ချက်ချင်း နောက်သို့ဆုတ်လိုက်ပြီး ပါးစပ်မှလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူမနောက်ကျောဘက်ရှိ လူပုံစံ နတ်ဘုရားကိုယ်ပွားကြီး၏ လက်ဝါးနှစ်ဖက်က မိုးကုတ်စက်ဝိုင်းကို ထောက်မထားသော တောင်တန်းကြီးများအလား လေတဖြူးဖြူးတိုက်ခတ်သံများနှင့်အတူ လျှိုချင့်ဟုန်၏ ရှေ့တွင် ကာကွယ်ပေးလိုက်သည်။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပူပြင်းလှသော မီးတောက်ကြီးက နတ်ဘုရားကိုယ်ပွား၏ လက်ဝါးကြီးများနှင့် ချက်ချင်းဆိုသလို ရိုက်ခတ်သွားသည်။

ထိုခဏမှာပင် ထိတ်လန့်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။

ပြင်းထန်လှသော မီးတောက်လှိုင်းလုံးကြီးများက မိုးပေါ်သို့ လွင့်စင်တက်သွားပြီး ဒေါသတကြီး လောင်ကျွမ်းနေသော မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲကာ နတ်ဘုရားကိုယ်ပွား၏ လက်ဝါးကြီးများကို လောင်ကျွမ်းပစ်လိုက်သည်။

သို့သော် ထိုနတ်ဘုရားကိုယ်ပွားကြီးက နာကျင်မှုဆိုတာကို လုံးဝ မသိရှိသည့်အလား လျှိုချင့်ဟုန်ကို ကာကွယ်ပေးရင်း လက်ဝါးများကို ချက်ချင်း ပြန်လည်ရုပ်သိမ်းသွားသည်။

တစ်ချိန်တည်းမှာပင် အခြားလက်တစ်ဖက်ဖြင့် ရဲရဲတောက် မီးလင်းယုန် အသွင်ပြောင်းထားသော လင်းယွမ်ဆီသို့ ရိုက်ချလိုက်လေသည်။

လင်းယွမ်က သူ၏ တောင်ပံနှစ်ဖက်ကို လျင်မြန်စွာ ရိုက်ခတ်လိုက်ရာ မီးတောက်မျဉ်းကြောင်း အရိပ်တစ်ခုအလား မူလနေရာမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားသည်။

"ဝှစ်"

ကြောက်မက်ဖွယ်ကောင်းသော လေထုခွဲထွက်သံနှင့်အတူ ပြင်းထန်သော လေပြင်းများက နတ်ဘုရားကိုယ်ပွား၏ လက်ဝါးပေါ်တွင်ရှိနေသော လျှိုချင့်ဟုန်ဆီသို့ လျင်မြန်စွာ ဝင်ရောက်တိုက်ခိုက်သွားသည်။

ရဲရဲတောက် မီးလင်းယုန်က ကြောက်မက်ဖွယ် လေဟာနယ် လျှပ်စီးမီးတောက်များကို ဆက်တိုက် ပစ်လွှတ်နေပြီး ထိုအရှိန်အဟုန်က ကြောက်မက်ဖွယ်ကောင်းသော မီးတောက်အမြောက်စခန်းတစ်ခုနှင့်ပင် တူနေတော့သည်။

၎င်းက အလွန်လျင်မြန်စွာ ရွေ့လျားနိုင်သော အမြောက်စခန်းတစ်ခုပင်။

ဟိုမှဒီမှ လျင်မြန်စွာ ပျံသန်းရင်း ပါးစပ်မှလည်း လျှပ်စီးမီးတောက်များကို ပစ်လွှတ်ကာ အဆက်မပြတ် တိုက်ခိုက်နေလေသည်။

လေထုထဲတွင် နေရာအနှံ့ မီးခိုးငွေ့များ ဖုံးလွှမ်းနေပြီး မီးတောက်များ ပေါက်ကွဲသံများဖြင့် ပြည့်နှက်နေသည်။

နတ်ဘုရားကိုယ်ပွား၏ လက်မောင်းကြီးက ဘယ်ညာ ယိမ်းနွဲ့ကာ လျှိုချင့်ဟုန်ကို အကာအကွယ်ပေးရင်း ရဲရဲတောက် မီးလင်းယုန်၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်းနေရသည်။

၎င်း၏ ခွန်အားက ကြီးမားလှသော်လည်း အလျင်နှုန်းတွင်မူ သာလွန်မှုမရှိပေ။

အကြိမ်ပေါင်းများစွာပင် လင်းယွမ်၏ တိုက်ခိုက်မှုများက လက်ဖဝါးထဲရှိ လျှိုချင့်ဟုန်ဆီသို့ ထိမှန်လုနီးပါး ဖြစ်ခဲ့ရသည်။

လျှိုချင့်ဟုန်က ထိုအခြေအနေကို မြင်သောအခါ သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုအချို့ ပေါ်လာပြီး လက်ထဲရှိ ရာဇလှံတံကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။

"ငါ့ကို ပြန်ပို့ပေးစမ်း"

နတ်ဘုရားကိုယ်ပွားက လက်မောင်းကို လျင်မြန်စွာ ပြန်ရုပ်လိုက်ပြီး ၎င်း၏ လက်ဝါးကြီးကို သူ့၏ဗိုက်ထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။

လျှိုချင့်ဟုန်က ခုန်ထွက်လိုက်ပြီး နတ်ဘုရားကိုယ်ပွား၏ ခန္ဓာကိုယ်အတွင်းရှိ လေပေါ်ကျွန်းထဲသို့ ဝင်ရောက်သွားလေသည်။

သူမက သက်ပြင်းတစ်ချက် ချလိုက်နိုင်သော်လည်း ချက်ချင်းပင် သူမ၏ ရေဘဝဲမျက်နှာထက်တွင် မျက်မှောင်ကြုတ်သွားပြန်သည်။

"သတ္တုဓာတ်လည်း ပါတယ်... အမှောင်ဓာတ်လည်း ပါတယ်... မီးဓာတ်လည်း ပါသေးတယ်... ဒီ လင်း ဆိုတဲ့ကောင်က ဘယ်လိုအမျိုးအစား အစွမ်းပိုင်ရှင်လဲ"

"သူက ကျင်းရှီရုံလိုပဲ တခြားလူတွေရဲ့ အစွမ်းကို ပုံတူကူးချနိုင်တာများလား"

"မဖြစ်နိုင်တာ... ဒီလောကကြီးထဲမှာ ဒီလောက်တောင် ထူးဆန်းတဲ့သူတွေ ဘယ်လိုလုပ် အများကြီး ရှိနေမှာလဲ... လုံးဝ မဖြစ်နိုင်ဘူး"

"ဒါပေမဲ့ အခုတော့ အခြေအနေက မလွယ်တော့ဘူး... သူက ငါ့ရဲ့ တော်ဝင်နတ်ဘုရားရဲ့ အားနည်းချက်ကို သိသွားတဲ့ပုံပဲ... ကြည့်ရတာ ငါက တော်ဝင်နတ်ဘုရား ခန္ဓာကိုယ်ထဲမှာပဲ နေပြီး တော်ဝင်နတ်ဘုရားကို ထိန်းချုပ်ရတော့မယ်ထင်တယ်"

လျှိုချင့်ဟုန်က အသက်ကို ဝဝရှူသွင်းလိုက်ပြီး နတ်ဘုရားကိုယ်ပွားကို တိုက်ရိုက်ထိန်းချုပ်ကာ လေထဲတွင်ရှိနေသော လင်းယွမ်နှင့် ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

"ဘုန်း... ဘုန်း... ဘုန်း"

ပြင်းထန်သော ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေသည်။ နတ်ဘုရားကိုယ်ပွား၏ ကြောက်မက်ဖွယ်ကောင်းသော အကာအကွယ်နှင့် ခွန်အားကို အားကိုး၍ လျှိုချင့်ဟုန်က လင်းယွမ်၏ ဗုံးကြဲတိုက်ခိုက်မှုများကို ခုခံကာကွယ်ခြင်း သိပ်မလုပ်တော့ဘဲ လင်းယွမ်ကို ဖမ်းဆီးရန်သာ အာရုံစိုက်နေသည်။

သို့သော် လင်းယွမ်၏ အလျင်က အလွန်မြန်ဆန်လွန်းလှပြီး အသံထက်ပင် မြန်နေပြီဖြစ်ရာ နတ်ဘုရားကိုယ်ပွားက လုံးဝ အမီလိုက်နိုင်ခြင်း မရှိပေ။

ထိုအခြေအနေကို မြင်သောအခါ လျှိုချင့်ဟုန်၏ မျက်လုံးများ အရောင်လက်သွားပြီး နည်းလမ်းတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားသည်။

"သူ့ကို ဖမ်းလို့မမိရင်တောင် သူ့ရဲ့ အသိုက်ကို ဖမ်းလို့မရဘူးလို့ ထင်နေလား"

သူမက ချက်ချင်း ကိုယ်ကိုလှည့်လိုက်ပြီး လေပေါ်ကျွန်းကို တိုက်ရိုက်ထိန်းချုပ်ကာ လေဟုန်စီး ငါးလိပ်စွန် လေပေါ်ကျွန်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် သူ့မျက်လုံးအိမ်များ ကျုံ့ဝင်သွားသည်။

"သူက လေဟုန်စီး ငါးလိပ်စွန် လေပေါ်ကျွန်းကို တိုက်ခိုက်တော့မလို့လား"

လင်းယွမ်၏ စိတ်ထဲတွင် လေးလံသွားပြီး တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။

တစ်ဖက်လူက သူ့ကို ဖမ်းမမိနိုင်သော်လည်း ပစ်မှတ် ရှင်းလင်းနေသော လေဟုန်စီး ငါးလိပ်စွန် လေပေါ်ကျွန်းကိုမူ တိုက်ခိုက်နိုင်စွမ်း ရှိသည်။

သူ့အနေဖြင့်လည်း အချိန်တိုအတွင်း တစ်ဖက်လူကို ခြိမ်းခြောက်နိုင်စွမ်း ရှိပုံမပေါ်ပေ။

"မဖြစ်သေးဘူး... ဒီအတိုင်း ဆက်သွားနေလို့တော့ အဆင်မပြေဘူး"

နတ်ဘုရားကိုယ်ပွားကြီးက လေဟုန်စီး ငါးလိပ်စွန် လေပေါ်ကျွန်း၏ အထက်ကောင်းကင်ယံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်ကို သူ မြင်လိုက်ရသည်။

လေဟုန်စီး ငါးလိပ်စွန် လေပေါ်ကျွန်းက အချိန်မီပင် စွမ်းအင်ငြိမ် သင်္ကေတ အစီအရင် အကာအကွယ်ကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။

နတ်ဘုရားကိုယ်ပွားကြီးက အောက်သို့ လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးချလိုက်သည်။

"ဝုန်း"

ပြင်းထန်သော စွမ်းအင်များ ရိုက်ခတ်သွားမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးနှင့်အတူ တုန်ခါမှုကြီး ထွက်ပေါ်လာသည်။

လေဟုန်စီး ငါးလိပ်စွန် လေပေါ်ကျွန်း တစ်ခုလုံးလည်း အနည်းငယ် တုန်လှုပ်သွားရသည်။

ထိုနတ်ဘုရားကိုယ်ပွား၏ တိုက်ခိုက်မှုစွမ်းအား မည်မျှကြီးမားကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။

"ဟား ဟား ဟား... လင်း ဆိုတဲ့ကောင်... နင် အခု လက်နက်ချမယ်ဆိုရင် ငါ ရပ်ပေးနိုင်သေးတယ်"

"တကယ်လို့ လက်နက်မချဘူးဆိုရင်တော့ နင်ရဲ့ လေပေါ်ကျွန်း စခန်းကို အရင်ဆုံး ဖျက်ဆီးပစ်ရလိမ့်မယ်"

"ဒီအထဲမှာ နင်ရဲ့ သူငယ်ချင်းတွေ ရှိနေလား... နင်ရဲ့ မိသားစုတွေ ရှိနေလား"

"ဟက်... သူတို့ကို မသေစေချင်ရင် နင် အခုချက်ချင်း လာပြီး လိမ္မာပါးနပ်စွာနဲ့ လက်နက်ချလိုက်တာ အကောင်းဆုံးပဲ... ဟား ဟား ဟား"

လျှိုချင့်ဟုန်က နတ်ဘုရားကိုယ်ပွား၏ ခန္ဓာကိုယ်ထဲတွင် ရပ်နေရင်း ရက်စက်စွာ ရယ်မောလိုက်သည်။

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး... "ငါ့ကို ခြိမ်းခြောက်နေတာလား... ပြီးခဲ့တဲ့တစ်ခေါက် ငါ့ကို ခြိမ်းခြောက်ခဲ့တဲ့လူက အခုတော့ ငါ့ရဲ့ ကျွန် ဖြစ်နေပြီ"

"ကြည့်ရတာ နင် ဒီလူတွေ သေတာရှင်တာကို တကယ်ပဲ ဂရုမစိုက်ဘူးပေါ့လေ" လျှိုချင့်ဟုန်ကလည်း အေးစက်စွာ ပြုံးလိုက်သည်။

ရာဇလှံတံကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဘုရားကိုယ်ပွားကလည်း ၎င်း၏ လက်ဝါးကြီးကို မြှောက်ကာ လေဟုန်စီး ငါးလိပ်စွန် လေပေါ်ကျွန်းဆီသို့ အားကုန် ရိုက်ချလိုက်လေသည်။

သို့သော် လေဟုန်စီး ငါးလိပ်စွန် လေပေါ်ကျွန်းပေါ်မှ လေယာဉ်ပျံ အမြောက်အမြား အလျင်အမြန် ပျံသန်းထွက်ခွာလာပြီး တစ်ချိန်တည်းမှာပင် ကျွန်းတစ်ခုလုံးရှိ စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်ကလည်း ပို၍ ထူထဲခိုင်မာလာသည်ကို တွေ့လိုက်ရသည်။

"ဝုန်း"

ဤလက်ဝါးရိုက်ချက်က စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်ကို မချိုးဖျက်နိုင်ခဲ့သော်လည်း လေပေါ်ကျွန်းတစ်ခုလုံးကိုတော့ ပိုမို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

ပျံသန်းထွက်လာသော ထိုက်ယန်တောင်မှ လေယာဉ်များကလည်း အသီးသီး အမြောက်များဖြင့် ပစ်ခတ်ကြလေသည်။

"ဝုန်း... ဝုန်း... ဝုန်း"

အမြောက်ဆန်မြောက်မြားစွာက နတ်ဘုရားကိုယ်ပွားဆီသို့ တိုက်ခိုက်သွားကြသည်။ သို့သော် လျှိုချင့်ဟုန်၏ နတ်ဘုရားကိုယ်ပွားမှာ မူလကတည်းက စွမ်းအင်ခန္ဓာကိုယ် အသွင်ဖြင့် တည်ရှိနေခြင်းဖြစ်ရာ ထိုတိုက်ခိုက်မှုများကို လုံးဝ မကြောက်ရွံ့ပေ။

အနီးအနားရှိ လေယာဉ်များဆီသို့ လက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်း ရိုက်ချလိုက်သည်။

ချက်ချင်းပင် ကျွမ်းကျင်မှု သိပ်မရှိသော လေယာဉ်အချို့မှာ လက်သီးဖြင့် တိုက်ရိုက် အရိုက်ခံရကာ ပေါက်ကွဲထွက်သွားတော့သည်။

လင်းယွမ်က ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ကို အရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး လေယာဉ်တစ်စင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားလေသည်။

ထိုလေယာဉ်ထဲရှိ လေယာဉ်မှူးမှာ လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်သောအခါ လင်းယွမ် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်ကာ ဝမ်းသာသွားသည်။ "ဆရာလင်း"

"ဆက်သွယ်ရေးစက် ပေးစမ်း"

"ဟုတ်ကဲ့ပါ"

လေယာဉ်မှူးက ဆက်သွယ်ရေးစက်ကို လင်းယွမ်ထံသို့ အလျင်အမြန် ကမ်းပေးလိုက်သည်။

"ဟဲလို... ငါ့ လင်းယွမ် ပါ... ဒီတစ်ခေါက် ဘယ်သူ ဦးဆောင်နေတာလဲ"

"ဆရာလင်း... ကျွန်တော် ယွီဝမ်ထောင် ပါ"

ဆက်သွယ်ရေးစက်ထဲမှ ယွီဝမ်ထောင်၏ ဝမ်းသာအားရ အသံ ထွက်ပေါ်လာသည်။

စောစောက သူ တကယ်ပဲ ထိတ်လန့်သွားခဲ့ရသည်။ နတ်ဘုရားကိုယ်ပွားကို မြင်လိုက်သည်နှင့် ဘယ်သူရောက်လာသလဲ ဆိုတာကို သူ ချက်ချင်း နားလည်လိုက်သည်။

မုန်ယာကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် အားလုံးကို သူ အလွတ်ရနေသည်။

ဒီ နတ်ဘုရားကိုယ်ပွား အစွမ်းက မုန်ယာကုမ္ပဏီမှ ဒါရိုက်တာ လျှိုချင့်ဟုန်၏ ထိပ်တန်းတိုက်ကွက်ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ထို့ကြောင့် သူက ပထမဆုံး အနေဖြင့် လူများကို အကာအကွယ် အစီအရင် ဖွင့်ခိုင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် လေယာဉ်များကို အဆင်သင့် ပြင်ဆင်ထားကာ အချိန်မရွေး တန်ပြန်တိုက်ခိုက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ထိုသို့ ပြင်ဆင်ထားသည့်တိုင်အောင် ဒီကြောက်မက်ဖွယ်ကောင်းသော မုန်ယာကုမ္ပဏီ ဒါရိုက်တာကို သူ ခုခံနိုင်မည်ဟု ယုံကြည်မှု မရှိခဲ့ပေ။

ယခု လင်းယွမ်၏ အသံကို ကြားလိုက်ရမှသာ သူ၏ ရင်ထဲတွင် အလွန် ဝမ်းသာသွားပြီး သက်ပြင်းချနိုင်တော့သည်။

လင်းယွမ်က လျင်မြန်စွာ မေးလိုက်သည်။ "ယွီဝမ်ထောင်... ခင်ဗျား ဒီမိန်းမကို သိလား"

"သိပါတယ် ဆရာလင်း... သူက မုန်ယာကုမ္ပဏီရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ လျှိုချင့်ဟုန် ပါ... သူ့ရဲ့ အစွမ်းက တော်ဝင်နတ်ဘုရား လို့ ခေါ်တယ်"

"သူက သန္ဓေပြောင်းအစွမ်းကို အသုံးပြုပြီး နတ်ဘုရားကို ဖန်တီးနိုင်တာ"

"ကျွန်တော်တို့ အခု မြင်နေရတာက သူ အဲ့ဒီ လေပေါ်ကျွန်းငယ်လေးကို အဓိကထားပြီး ဖန်တီးထားတဲ့ နတ်ဘုရားပဲ... သူက အဲ့ဒီ လေပေါ်ကျွန်းငယ်လေးရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို သန့်စင်ပြီးလောက်ပြီ"

"အဲ့ဒီ ဦးနှောက်အမြူတေကို အသုံးပြုပြီး သူ့ရဲ့ တော်ဝင်နတ်ဘုရား အစွမ်းကို ပိုမို နက်ရှိုင်းအောင် လုပ်ထားတာပါ"

"အခုမြင်နေရတဲ့ တော်ဝင်နတ်ဘုရားက လေပေါ်ကျွန်း တစ်ခုလုံးရဲ့ ဝိညာဉ်စွမ်းအင်တွေကို ထိန်းချုပ်အသုံးပြုနေတာ"

"ဒီလေပေါ်ကျွန်းထဲက ဝိညာဉ်စွမ်းအင်တွေ မပျောက်ကွယ်သွားသရွေ့ တော်ဝင်နတ်ဘုရားကလည်း သေမှာ မဟုတ်ဘူး"

ယွီဝမ်ထောင်က သူတို့ရှေ့တွင်ရှိနေသော လျှိုချင့်ဟုန် ဟုခေါ်သည့် မုန်ယာကုမ္ပဏီ ဒါရိုက်တာ၏ အစွမ်းအကြောင်းကို လျင်မြန်စွာ ရှင်းပြလိုက်သည်။

လင်းယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ တကယ်ပဲ မုန်ယာကုမ္ပဏီ၏ ဒါရိုက်တာ ဖြစ်လာနိုင်သူတိုင်းက သာမန်လူတွေ မဟုတ်ကြပေ။

ယခင်က ဟူဝေ မှာလည်း ဆွဲငင်အားသံလိုက်စက်ကွင်း အစွမ်းကို ပိုင်ဆိုင်ထားပြီး လင်းယွမ် တစ်ကြိမ်မှ မကြုံဖူးသော အစွမ်းမျိုး ဖြစ်သည်။

ယခု ရှေ့တွင်ရှိနေသော တော်ဝင်နတ်ဘုရား ဆိုသည်မှာလည်း အလွန် ဆန်းသစ်နေပြန်သည်။

ရုပ်ဝတ္ထုပစ္စည်းတွေထဲကနေ နတ်ဘုရားကိုယ်ပွားကို ဖန်တီးပြီး တိုက်ခိုက်ခိုင်းနိုင်စွမ်း ရှိနေသည်။

လင်းယွမ် နားလည်ထားသော ရုပ်ဝတ္ထုနတ်ဘုရား ဆိုသည်မှာ တစ်စုံတစ်ရာသော အရာဝတ္ထု၏ နတ်ဘုရားဆန်သော ဝိညာဉ်ရေးရာ ပြယုဂ်ပင် ဖြစ်သည်။

ထိုလျှိုချင့်ဟုန်က လေပေါ်ကျွန်းတစ်ခုလုံးတွင် ကျန်ရှိနေသော နတ်ဘုရားဆန်သည့် ဝိညာဉ်ရေးရာ ပြယုဂ်များကို အသုံးပြုကာ ဧရာမ လူပုံစံ စွမ်းအင်ခန္ဓာကိုယ်ကြီးကို ဖန်တီးလိုက်ခြင်းပင်။

ဒီအရာကြီးက သူမ၏ တော်ဝင်နတ်ဘုရား ပင်ဖြစ်သည်။

သူမက ဤအရာကြီးကို အသုံးပြု၍ တိုက်ခိုက်နိုင်ပြီး ဤလေပေါ်ကျွန်း၏ စွမ်းအင်များ ခမ်းခြောက်မသွားသရွေ့ တော်ဝင်နတ်ဘုရား ဟုခေါ်သော ဤအရာကြီးက ပျက်စီးသွားမည် မဟုတ်ပေ။

"တကယ် အစွမ်းထက်တာပဲ"

လင်းယွမ်က စိတ်ထဲမှ ကြိတ်၍ အံ့သြချီးကျူးလိုက်မိသည်။ ကြီးမားကျယ်ပြန့်လှသော လောကကြီးထဲတွင် ထူးဆန်းမှုတွေက အဆုံးအစမရှိပေ။

ဤကဲ့သို့သော သန္ဓေပြောင်းအစွမ်းမျိုး တည်ရှိနေခြင်းက သူ့ကို အမှန်တကယ်ပင် အံ့အားသင့်စေသည်။

သို့သော်လည်း သူက ဖြေရှင်းမည့်နည်းလမ်းကို လျင်မြန်စွာ တွေးတောမိသွားသည်။

ထို့ကြောင့် သူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "တော်ဝင်နတ်ဘုရားက အစွမ်းထက်တယ်ဆိုပေမဲ့ အဓိကကတော့ လျှိုချင့်ဟုန်ရဲ့ ပင်မခန္ဓာကိုယ်က ထိန်းချုပ်နေမှ ရတာ"

"နည်းလမ်းရှာပြီး လျှိုချင့်ဟုန်ရဲ့ ခန္ဓာကိုယ်ကို သတ်ဖြတ်နိုင်မယ်ဆိုရင် ဒီ တော်ဝင်နတ်ဘုရား ဆိုတာကို အနိုင်ယူနိုင်မှာ သေချာတယ်"

ယွီဝမ်ထောင်က အလျင်အမြန် ပြောလိုက်သည်။ "ဆရာလင်း... လျှိုချင့်ဟုန်က တော်ဝင်နတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းနေတာ... သူ့ကို တိုက်ခိုက်ချင်ရင် တော်ဝင်နတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို အရင် ဖျက်ဆီးရမှာ... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် တစ်ဖက်လူရဲ့ တော်ဝင်နတ်ဘုရား စွမ်းအင်ခန္ဓာကိုယ်ကို လုံးဝ မဖျက်ဆီးနိုင်ဘူး"

လင်းယွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး... နည်းလမ်းရှိတယ်... စွမ်းအင်ချိတ်ပိတ်အမြောက် တွေကို ချက်ချင်း ပြင်ဆင်လိုက်"

"ဒီလူရဲ့ တော်ဝင်နတ်ဘုရား ခန္ဓာကိုယ်ကို အတင်းအဓမ္မ ဆွဲဖြဲပစ်လိုက်"

"ငါ့အတွက် လမ်းဖောက်ပေး... ငါ့ကိုယ်တိုင် ဒီမိန်းမကို သွားဖမ်းမယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ယွီဝမ်ထောင်လည်း ချက်ချင်း သတိဝင်လာသည်။ "ဟုတ်သားပဲ... စွမ်းအင်ချိတ်ပိတ်အမြောက်... ထိုက်ယန်တောင်မှာ ဒီလို လျှို့ဝှက်လက်နက် ရှိတာကို ကျွန်တော် ဘယ်လိုလုပ် မေ့သွားရတာလဲ"

သူက အလျင်အမြန် ပြောလိုက်သည်။ "နားလည်ပါပြီ... လေယာဉ်အားလုံး အမိန့်နာခံပါ... စွမ်းအင်ချိတ်ပိတ်အမြောက်တွေကို ပြင်ဆင်ပြီး တော်ဝင်နတ်ဘုရားရဲ့ နောက်ကျောကို စုပေါင်းတိုက်ခိုက်ကြ"

"အမိန့်ရပါပြီ"

"နားလည်ပါပြီ"

ချက်ချင်းပင် ပြန်လည်ဖြေကြားသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ထို့နောက် လေယာဉ်များအားလုံးက ပစ်ခတ်မည့် လမ်းကြောင်းကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး စွမ်းအင်ချိတ်ပိတ်အမြောက်ဆန်များကို တပ်ဆင်လိုက်ကြသည်။

"ပစ်"

"ဘုန်း... ဘုန်း... ဘုန်း"

ဧရာမ အနီရောင် အမြောက်ဆန်ကြီးများက ထိုတော်ဝင်နတ်ဘုရားခန္ဓာကိုယ်ဆီသို့ ရူးသွပ်စွာ ပစ်ခတ်သွားလေသည်။

တော်ဝင်နတ်ဘုရားခန္ဓာကိုယ်ထဲတွင် ရှိနေသော လျှိုချင့်ဟုန်က မထီမဲ့မြင် ပြုံးလိုက်ပြီး "အလကားပဲ... ဒီလို အဓိပ္ပာယ်မရှိတဲ့ တိုက်ခိုက်မှုတွေကို ရပ်လိုက်တော့... ငါ နင်တို့ရဲ့ အကာအကွယ်ကို ဆွဲဖြဲလိုက်တာနဲ့ နင်တို့အားလုံး သေရလိမ့်မယ်"

"ဝုန်း"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် လျှိုချင့်ဟုန်၏ ရေဘဝဲခေါင်း မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။

သူမက တော်ဝင်နတ်ဘုရား နောက်ကျောဘက်ရှိ စွမ်းအင်လည်ပတ်မှု ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

"ဘာဖြစ်တာလဲ"

လျှိုချင့်ဟုန်က ချက်ချင်း ခေါင်းလှည့်လိုက်ပြီး သူမနောက်ကျောရှိ လေပေါ်ကျွန်း ကောင်းကင်ယံကို ကြည့်လိုက်သည်။

ဧရာမ တော်ဝင်နတ်ဘုရား နောက်ကျောဘက်ရှိ စွမ်းအင်ခန္ဓာကိုယ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ကောင်းကင်ယံရှိ ထိုက်ယန်တောင်မှ လေယာဉ်များက အနီရောင် အမြောက်ဆန်များကို တစ်လုံးပြီးတစ်လုံး ပစ်လွှတ်နေကြသည်။

တော်ဝင်နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တော်ဝင်နတ်ဘုရား၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ စွမ်းအင်များကို ချက်ချင်း ရပ်တန့်သွားစေပြီး လည်ပတ်နိုင်စွမ်း မရှိတော့ပေ။

သူမ၏ ရင်ထဲတွင် ရုတ်တရက် ထိတ်လန့်သွားပြီး... "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လျှိုချင့်ဟုန်၏ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး သန္ဓေပြောင်းအစွမ်းကို အလျင်အမြန် အသုံးချကာ နောက်ကျောဘက်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော အပေါက်ကို ကာကွယ်ရန် လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။

"ဝုန်း"

သို့သော် ပြင်းထန်သော ပေါက်ကွဲသံကြီးများ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်ပြီး ထိုက်ယန်တောင်မှ လေယာဉ်များကလည်း စွမ်းအင်ချိတ်ပိတ်အမြောက်ဆန် အမြောက်အမြားကို ဆက်လက် ပစ်လွှတ်နေကြသည်။

တော်ဝင်နတ်ဘုရား၏ လက်ဝါးကြီးက ထိုအမြောက်ဆန်များကြောင့် ချက်ချင်းပင် ကြီးမားသော အပေါက်အပြဲကြီးများ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

ယခင်ကဆိုလျှင် ဤအပေါက်အပြဲများသည် လေပေါ်ကျွန်းမှ ထွက်ပေါ်လာသော သွေးသလင်းကျောက် စွမ်းအင်များဖြင့် ချက်ချင်း ပြန်လည်ပြည့်ဖြိုးသွားမည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ ဤစွမ်းအင်များက တော်ဝင်နတ်ဘုရား၏ ဒဏ်ရာများကို ပြန်လည် မကုစားပေးနိုင်တော့ပေ။

အချိန်တိုအတွင်းမှာပင် တော်ဝင်နတ်ဘုရား၏ လက်မောင်းနှင့် ရင်ဘတ်တို့တွင် ဧရာမ အပေါက်ကြီးများ ထွက်ပေါ်လာလေသည်။

ဧရာမ ခန္ဓာကိုယ်ကြီး တစ်ခုလုံးသည်လည်း ကျိုးပဲ့နေသော အရုပ်တစ်ရုပ်အလား လျင်မြန်စွာ ပြိုကွဲစ ပြုလာတော့သည်။

"မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"

လျှိုချင့်ဟုန်က ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး သန္ဓေပြောင်းအစွမ်းကို အလျင်အမြန် အသုံးချကာ လက်ထဲရှိ ရာဇလှံတံကို ဝှေ့ယမ်းလျက် တော်ဝင်နတ်ဘုရားကို တည်ငြိမ်စေရန် ကြိုးစားလေသည်။

သို့သော် ထိုအမြောက်ဆန်များမှ ပေါက်ကွဲထွက်လာသော အနီရောင်အလင်းတန်းများက ပိုက်ကွန်ကြီးတစ်ခုအလား လေဟာနယ်ကို တင်းကျပ်စွာ ခဲသွားစေသည်။ သူမ၏ အစွမ်းက လေပေါ်ကျွန်း မြေအောက်ရှိ သွေးသလင်းကျောက် စွမ်းအင်များကို ဆွဲယူနိုင်စွမ်း ရှိသော်လည်း...

ထိုစွမ်းအင်များက တော်ဝင်နတ်ဘုရား၏ ဒဏ်ရာများပေါ်သို့ စုစည်းနိုင်ခြင်း မရှိတော့ပေ။

လျှိုချင့်ဟုန် မျက်နှာပျက်သွားသော အချိန်မှာပင် သူမ၏ ဦးနှောက်ထဲတွင် တုံ့ပြန်မည့် အစီအစဉ်တစ်ခု ပေါ်လာသည်။

သူမက ရာဇလှံတံကို ဝှေ့ယမ်းလိုက်ပြီး မြေအောက်စွမ်းအင်များကို ပြန်လည် အသက်သွင်းလိုက်သည်။

"ဝိညာဉ်စုစည်း... တော်ဝင်နတ်ဘုရား... ထစမ်း"

"ဝီ"

သူမ ခြေအောက်ရှိ လေပေါ်ကျွန်းမှ စွမ်းအင်မြောက်မြားစွာ ထပ်မံ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက် စွမ်းအင်များ စုစည်းသွားကာ မူလ တော်ဝင်နတ်ဘုရားက လျင်မြန်စွာ ပြိုကွဲသွားပြီး အရွယ်အစား အနည်းငယ် သေးငယ်သော တော်ဝင်နတ်ဘုရားအသစ်တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။

သူမက မူလ တော်ဝင်နတ်ဘုရားကို တိုက်ရိုက် ဖျက်သိမ်းလိုက်ပြီး ပိုသေးငယ်သော တော်ဝင်နတ်ဘုရားခန္ဓာကိုယ်ကို ဖန်တီးလိုက်ခြင်းပင်။

ဤနည်းလမ်းကို အသုံးပြု၍ ယခင်က ချိတ်ပိတ်ခံထားရသော ဟင်းလင်းပြင်မှ ရှောင်တိမ်းလိုက်ခြင်း ဖြစ်သည်။

"ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး... ဒီလူတွေက သန္ဓေပြောင်းစွမ်းအင်ကို ချိတ်ပိတ်နိုင်တဲ့ နည်းလမ်း ရှိနေတာပဲ"

"ဒီလို အစွမ်းမျိုးက ခိုက်ရီနည်းပညာ ကုမ္ပဏီက ဂျိမ်းစ် ရဲ့ အစွမ်းနဲ့ အတော်လေး ဆင်တူနေတယ်"

"ဒီ သတင်းအချက်အလက်က အရမ်း အရေးကြီးတယ်... ငါ ချက်ချင်း ပြန်ယူသွားပြီး ဥက္ကဋ္ဌကျင်း ကို ပြောပြရမယ်"

ဆက်ရန်...

All Chapters