← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း (၅၁)

နောက်ဖေးပေါက်မှ ဝင်ခြင်း

သရုပ်ဆောင်အားလုံးကို ဆက်သွယ်ပြီးနောက် ဂျက်နီစစ်မီဒီယာ သည် လူမှုကွန်ရက်စာမျက်နှာထက်တွင် သရုပ်ဆောင်စာရင်းကို တိုက်ရိုက်ကြေညာခဲ့သည်။ လုကျဲနေရာအတွက် သရုပ်ဆောင်မည့်သူမှာ စူးယန် မဟုတ်ဘဲ တုန်မင်ရွှမ် ဖြစ်ကြောင်းကိုလည်း အထူးတလည် အလေးပေးဖော်ပြခဲ့ရာ အွန်လိုင်းပေါ်ရှိ ကောလာဟလများမှာ ချက်ချင်းပင် အရှိန်သေသွားတော့သည်။

စူးယန် အိမ်ပြန်ရောက်သည်နှင့် ဒေါသတကြီး ပေါက်ကွဲလေတော့သည်။

စူးချန်ချင်းသည် အလုပ်မှ ပြန်လာသောအခါ စူးယန်မှာ ညစာမစားဘဲ အခန်းထဲတွင် အောင်းနေကြောင်း အိမ်စေများ၏ သတင်းပို့ချက်ကို ကြားလိုက်ရသည်။ စူးချန်ချင်းမှာ သူ့အသည်းကျော်သားလေး တစ်ခုခုဖြစ်သွားမည်ကို အလွန်စိုးရိမ်သဖြင့် ချက်ချင်းပင် အပေါ်ထပ်ရှိ စူးယန်၏အခန်းသို့ လိုက်သွားရှာသည်။

စူးချန်ချင်း၏ တံခါးခေါက်သံကြောင့် စူးယန် တံခါးလာဖွင့်ပေးသော်လည်း မျက်နှာမှာ အေးစက်ခက်ထန်နေသည်။

စူးချန်ချင်းက ပြုံးလျက်မေးလိုက်သည်။

“ဘာဖြစ်လို့လဲ၊ မနေ့က လူရွေးပွဲမှာ ဘာဖြစ်ခဲ့လို့လဲ”

စူးယန် ပို၍ပင် ဒေါသထွက်သွားပြီး စူးချန်ချင်းကို အော်ဟစ်လေတော့သည်။

“ဖေဖေက မေးရဲသေးတယ်၊ အဲ့ဒီ ယဲ့ယီ ဆိုတဲ့လူက သားကို ဇာတ်ကောင်လုံးဝမပေးဘူး။ အခု သားအကြောင်း ဘာတွေပြောနေကြတယ်ဆိုတာ ဖေဖေ သိရဲ့လား”

ယခင်က စူးယန်သည် ထိုဇာတ်ကောင်နေရာတွင် သူသရုပ်ဆောင်ရမည်ဟု လူတကာကို ကြွားလုံးထုတ်ထားခဲ့သော်လည်း ယခု တရားဝင်ကြေညာချက်တွင် သူ ပါမလာခဲ့ပေ။ စူးယန်နှင့် မတည့်သော သူဌေးလောင်း ဒုတိယမျိုးဆက် လူငယ်အချို့က သူ့ကို လှောင်ပြောင်သည့် စာတိုများ ပေးပို့လာကြသည်။ စူးယန်မှာ ယခုတစ်ကြိမ်တွင် အတော်လေး အရှက်ကွဲခဲ့သည်။

စူးချန်ချင်းမှာ ဖျော်ဖြေရေးလောကမှ မဟုတ်သဖြင့် သူ့သား အရွေးမခံရသည်ကို မသိရှိခဲ့ပေ။

“ဘယ်လိုဖြစ်ပြီး အရွေးမခံရတာလဲ၊ စီအီးအိုကု ဒီ အကြောင်းကို ပြောမပြခဲ့ဘူးလား”

စူးယန်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

“ပြောခဲ့တာပေါ့၊ ဒါပေမဲ့ သူတို့က လုံးဝ ဂရုမစိုက်ဘူး။ ကုကော်ပိုရေးရှင်းက ကုကော်ပိုရေးရှင်း၊ ဂျက်နီစစ်မီဒီယာက ဂျက်နီစစ်မီဒီယာပဲတဲ့။ ဂျက်နီစစ်မီဒီယာရဲ့ ကိစ္စတွေကို ကုကော်ပိုရေးရှင်းက စီမံခန့်ခွဲတာ မဟုတ်ဘူးလို့ ပြောတယ်”

“ကောင်းပြီလေ၊ ဒီ ယဲ့ယီဆိုတဲ့ မိန်းမက ငါ့ရဲ့ စူးလုပ်ငန်းစု ကို လုံးဝ အလေးမထားတာပဲ”

စူးချန်ချင်းက ဒေါသဖြင့် ဆိုလိုက်သည်။

ကုရှီချန်း က ဂျက်နီစစ်မီဒီယာ၏ ကိစ္စအဝဝကို ယဲ့ယီကသာ ထိန်းချုပ်ထားသည်ဟု ပြောထားပြီးဖြစ်သဖြင့် စူးချန်ချင်းမှာ ကုရှီချန်းကို အပြစ်မတင်နိုင်ပေ။

ထို့ကြောင့် စူးချန်ချင်းသည် သားဖြစ်သူ အရွေးမခံရခြင်းမှာ ယဲ့ယီကြောင့်သာ ဖြစ်သည်ဟု တိုက်ရိုက် တွေးတောလိုက်ပြီး ကုရှီချန်းက သူ့ကို သွယ်ဝိုက်၍ ငြင်းပယ်လိုက်သည်ကို သတိမပြုမိခဲ့ပေ။

စူးယန် မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဖေဖေ သားအတွက် တခြား ရိုက်ကူးရေးတစ်ခု ရှာပေးရမယ်။ အဲ့ဒါက ယဲ့ယီရဲ့ ရိုက်ကူးရေးကို လွှမ်းမိုးနိုင်တဲ့ တစ်ခုဖြစ်ရမယ်”

စူးချန်ချင်းမှာ အနည်းငယ် အခက်တွေ့သွားသည်။ ယဲ့ယီ၏ ဇာတ်ညွှန်းကို သူ ရွေးချယ်ခဲ့ရခြင်းမှာ အခြားသော ရိုက်ကူးရေးလုပ်ငန်းများက စူးယန်ကို လက်မခံချင်ကြသောကြောင့်ဖြစ်သည်။ ယခုအခါ သင့်တော်သည့် ရိုက်ကူးရေး အသစ်တစ်ခုကို ရှာရန်မှာ ပို၍ပင် ခက်ခဲသွားမည် မဟုတ်လော။

“ရှောင်ယန် ရယ်၊ အဲ့ဒီလို ရိုက်ကူးရေးမျိုးကို ရှာဖို့က မလွယ်ဘူးထင်တယ်”

စူးယန်ကမူ လွယ်သည် ခက်သည်ကို ဂရုမစိုက်။

“သင့်တော်တဲ့ ရိုက်ကူးရေးတစ်ခုကို မရှာပေးမချင်း သား ထမင်းမစားတော့ဘူး”

“ရှာပေးပါ့မယ်၊ ဟုတ်ပြီလား။ အစားတော့ မှန်မှန်စားပါ။ မင်းရဲ့ ကျန်းမာရေးကိုတော့ အထိခိုက်မခံပါနဲ့”

စူးချန်ချင်းသည် စူးယန်က သူ့ကျန်းမာရေးနှင့် ခြိမ်းခြောက်လာမည်ကို အကြောက်ဆုံးဖြစ်ပြီး ၊ စူးယန်ကလည်း ထိုနည်းလမ်းမှာ အမြဲထိရောက်ကြောင်း သိထားသည်။

စူးယန်သည် သူလိုချင်သော အဖြေကို ရရှိသွားသဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အခန်းထဲတွင် အကြာကြီးနေခဲ့သဖြင့် သူ ဗိုက်ဆာနေပြီဖြစ်ရာ အောက်ထပ်သို့ ဆင်း၍ အထိန်းတော်ကို အစားအသောက် ပြင်ခိုင်းလေတော့သည်။

စူးချန်ချင်းသည် သူ့လက်အောက်ငယ်သားများကို သင့်တော်သည့် ရိုက်ကူးရေးတစ်ခု ရှာခိုင်းလိုက်ရာ နောက်ဆုံးတွင် လန်ရွှယ်ပါဝင်သည့် ရိုက်ကူးရေးကို ရွေးချယ်လိုက်သည်။

ထိုရိုက်ကူးရေး၏ ကျော်ကြားမှုမှာ ပြောနေစရာမလိုပေ။ ယခုအခါ လန်ရွှယ်နှင့် ယဲ့ယီတို့မှာ မတည့်ကြကြောင်း အင်တာနက်တစ်ခွင်လုံး သိထားကြသည်။ စီးပွားရေးလောကတွင်လည်း ချန်ထျန်မင်းနှင့် ကုရှီချန်းတို့မှာ ကမ္ဘာ့ရန်ဘက်များ ဖြစ်ကြသည်။

သို့သော်လည်း စူးချန်ချင်းသည် ချန်ထျန်မင်းဆီသို့ သွားရောက် အကူအညီတောင်းပါက ကုကော်ပိုရေးရှင်းကို စွန့်လွှတ်ပြီး ချန်လုပ်ငန်းစုကို ရွေးချယ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

စီးပွားရေးလောက၏ အဆင့်အတန်းအရ ကြည့်မည်ဆိုလျှင် စူးချန်ချင်းသည် ကုကော်ပိုရေးရှင်းကိုသာ ရွေးချယ်လိုသည်။ ချန်လုပ်ငန်းစုမှာ အလွန်အင်အားကြီးသော်လည်း ကုကော်ပိုရေးရှင်းနှင့် ယှဉ်၍မရသေးပေ။

စူးချန်ချင်းမှာ အကျပ်ရိုက်နေသည်။ ကုကော်ပိုရေးရှင်းကို စွန့်လွှတ်ပြီး ချန်လုပ်ငန်းစုနှင့် ပူးပေါင်းဆောင်ရွက်ရန် သူ ဝန်လေးနေဆဲဖြစ်သည်။

စူးယန်မှာမူ ထိုရိုက်ကူးရေးကို အလွန်သဘောကျသွားပြီး တိုက်ရိုက်ပြောလိုက်သည်။

“ဖေဖေ၊ ဒါပဲ။ သား ဒီရိုက်ကူးရေးမှာ ပါကိုပါရမယ်။ အချိန်တန်ရင် အဲ့ဒီ ယဲ့ယီကို သားရဲ့ ခြေဖဝါးအောက်မှာ နင်းခြေပစ်မယ်”

စူးချန်ချင်းက တွန့်ဆုတ်စွာ ဆိုလိုက်သည်။

“တခြား ရိုက်ကူးရေးတွေကို ထပ်ကြည့်ရင်ရော ဘယ်လိုလဲ ၊ ငါတို့သာ ဒါကို ရွေးလိုက်ရင် ကုမ္ပဏီအနေနဲ့ နောင်မှာ ချန်လုပ်ငန်းစုနဲ့ပဲ လက်တွဲလို့ရတော့မယ်။ ချန်လုပ်ငန်းစုက ကုကော်ပိုရေးရှင်းကို မမီဘူးဆိုတာ သားလည်း သိသားပဲ”

စူးယန်မှာမူ ထိုအရာများကို ဂရုမစိုက်။ သူသည် ယဲ့ယီကို ကလဲ့စားချေပြီး သူမ မျက်နှာကို ဖြတ်ရိုက်ချင်ရုံသာ ရှိသည်။

“သား ဒီရိုက်ကူးရေးမှာ ပါရမှဖြစ်မယ်။ ဖေဖေသာ ခွင့်မပြုရင် သား ဘုန်းကြီးဝတ်ပစ်လိုက်မှာနော်”

“ကောင်းပြီ၊ ကောင်းပြီ။ ငါ စီအီးအို ချန် ဆီကို သွားတွေ့မယ်၊ ဟုတ်ပြီလား။ ဘုန်းကြီးဝတ်မယ်ဆိုတဲ့ စကားကိုတော့ နောက်ခါ မပြောပါနဲ့တော့”

စူးချန်ချင်းမှာ ကူကယ်ရာမဲ့ ဖြစ်နေသော်လည်း သားဖြစ်သူကိုသာ အလျှော့ပေးလိုက်ရရှာသည်။

စူးယန်မှာ အလွန်ပင် ဘဝင်မြင့်သွားပြီး ယဲ့ယီ၏မျက်နှာကို ဖြတ်ရိုက်ရန် အသင့်ပြင်ထားလေတော့သည်။

သားဖြစ်သူအတွက် စူးချန်ချင်းမှာ ချန်လုပ်ငန်းစုသို့ သွားရောက်ကာ ချန်ထျန်မင်းကို တွေ့ဆုံရန်သာ ရှိတော့သည်။ ချန်လုပ်ငန်းစု၏ တံခါးဝသို့ ဝင်လိုက်သည်နှင့် သူ၏ကုမ္ပဏီသည် နောင်တွင် ၎င်းတို့နှင့်သာ ပူးပေါင်းဆောင်ရွက်ရတော့မည်ကို စူးချန်ချင်း ကြိုတင်သိမြင်နေသည်။

စီးပွားရေးလောကတွင် ကုကော်ပိုရေးရှင်း သို့မဟုတ် ချန်လုပ်ငန်းစု၊ နှစ်ခုအနက် တစ်ခုကိုသာ ရွေးချယ်ရမြဲဖြစ်ပြီး တစ်ဖက်ကိုရွေးလျှင် ကျန်တစ်ဖက်နှင့် ပူးပေါင်းရန် မဖြစ်နိုင်တော့ပေ။

စူးအုပ်စုသည် အမြဲတမ်း ကုကော်ပိုရေးရှင်းနှင့် လက်တွဲခဲ့သူဖြစ်ရာ စူးချန်ချင်းသည် သူ့ထံ လာရောက်တွေ့ဆုံကြောင်း သိလိုက်ရသောအခါ ချန်ထျန်မင်း အနည်းငယ် အံ့အားသင့်သွားသည်။

နှစ်ဦးနှစ်ဖက် တွေ့ဆုံကြစဉ် စူးချန်ချင်းသည် ဦးစွာ အာလာပသလ္လာပပြောဆိုပြီးမှ လာရင်းကိစ္စကို ဖွင့်ပြောလိုက်သည်။

“စီအီးအို ချန်၊ ကျွန်တော့်သားက ဟိုင်ထျန်ဖျော်ဖြေရေးရဲ့ နောက်ဆုံးထွက်မဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်ချင်လို့ပါ။ အဲ့ဒါ စီစဉ်ပေးလို့ ရနိုင်မလား”

“စီအီးအို စူး ပြောနေတာက ကျွန်တော့်ဇနီး သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ကို ပြောတာလား”

စူးချန်ချင်းက ခေါင်းညိတ်ရင်း ဆိုသည်။

“ဟုတ်ကဲ့၊ အဲ့ဒီရုပ်ရှင်ပါပဲ”

ချန်ထျန်မင်းက အခက်တွေ့ဟန်ဆောင်ကာ ပြောလိုက်သည်။

“ဒီရိုက်ကူးရေးအတွက် သရုပ်ဆောင်တွေက အခုဆိုရင် အားလုံးနီးပါး အတည်ပြုပြီးနေပြီဗျ...”

စူးချန်ချင်းကလည်း အခြေအနေကို နားလည်သူဖြစ်သဖြင့် မရမက တောင်းဆိုတော့သည်။

“ကျွန်တော့်သားသာ ဒီရိုက်ကူးရေးမှာ ပါခွင့်ရမယ်ဆိုရင် စီအီးအို ချန် ကြိုက်တဲ့ တောင်းဆိုမှုမျိုး လုပ်နိုင်ပါတယ်”

ချန်ထျန်မင်းက စူးချန်ချင်းကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“မကြာသေးခင်က ကုကော်ပိုရေးရှင်းက စီအီးအို စု ရဲ့ တောင်ဘက်ဆင်ခြေဖုံးက မြေကွက်ကို ဝယ်ချင်နေတယ်လို့ ကျွန်တော် ကြားထားတယ်”

စူးချန်ချင်းမှာ နှမြောတသဖြစ်သွားသော်လည်း အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်တော့်သားသာ ရိုက်ကူးရေးမှာ ပါဝင်ခွင့်ရမယ်ဆိုရင် အဲ့ဒီမြေကွက်ကို စီအီးအို ချန်ဆီကိုပဲ ပေးပါ့မယ်”

ချန်ထျန်မင်း၏ မျက်နှာထက်မှ အပြုံးမှာ ဖုံးဖိ၍ မရတော့ပေ။ သူ စူးချန်ချင်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။

“စိတ်ချပါ စီအီးအိုစူး ဒီကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။ သားအတွက် ကောင်းမွန်တဲ့ ဇာတ်ကောင်တစ်ခုကို ကျွန်တော် သေချာပေါက် စီစဉ်ပေးပါ့မယ်”

စူးချန်ချင်းက အားတင်း၍ ပြုံးလိုက်သည်။

“ဒါဆိုရင် စီအီးအိုချန် ကိုပဲ အားကိုးရတော့မှာပေါ့”

သားဖြစ်သူအတွက် သူ တကယ်ပင် ကြီးမားသည့် တန်ဖိုးတစ်ခု ပေးဆပ်လိုက်ရလေပြီ။

စူးချန်ချင်း ပြန်သွားပြီးနောက် ချန်ထျန်မင်းမှာ အကျယ်ကြီး အော်ရယ်တော့သည်။

“ကုရှီချန်း မင်းတော့ ငါ့ကို တစ်ပွဲ ရှုံးသွားပြီဟေ့”

ကုရှီချန်းကို နှစ်ပေါင်းများစွာ ဆန့်ကျင်လာခဲ့ရာတွင် ချန်ထျန်မင်းသည် ကုရှီချန်း လိုချင်သည့် အရာကို ပထမဆုံးအကြိမ် အဖြစ် လုယူနိုင်ခဲ့ခြင်းဖြစ်သည်။ ချန်ထျန်မင်း၏ စိတ်လှုပ်ရှားမှုမှာ လန်ရွှယ်နှင့် လက်ထပ်စဉ်ကထက်ပင် ပို၍ ပြင်းထန်နေသည်။

ကုရှီချန်းဘက်တွင်လည်း စူးချန်ချင်းက တောင်ဘက်ဆင်ခြေဖုံးရှိ မြေကွက်ကို ချန်ထျန်မင်းထံ ပေးလိုက်ကြောင်း သိရှိသော်လည်း သူ သိပ်ပြီး ဂရုမစိုက်ပေ။ ကုကော်ပိုရေးရှင်းအတွက် ထိုမြေကွက်မှာ မရှိမဖြစ် လိုအပ်သည့်အရာ မဟုတ်ပေ။

အကယ်၍ ချန်ထျန်မင်းသာ ကုရှီချန်းတစ်ယောက် ဘာမှမဖြစ်သလိုပင် နေနေသည်ကို သိသွားခဲ့လျှင်ဖြင့် ဒေါသထွက်လွန်း၍ သွေးအန်သွားနိုင်သည်။ မိမိက အပြင်းထန်ဆုံးပြိုင်ဘက်ဟု သတ်မှတ်ထားသူက မိမိကို လုံးဝ အရေးမလုပ်ခြင်းထက် ပို၍ ရင်နာစရာကောင်းသောအရာ မရှိတော့ပေ။

စူးချန်ချင်းထံမှ ကြီးမားသော အကျိုးအမြတ်ကို ရရှိထားသဖြင့် ချန်ထျန်မင်းသည် စူးယန်အတွက် ကောင်းမွန်သော နေရာတစ်ခုကို သေချာပေါက် စီစဉ်ပေးရပေမည်။ ထို့ကြောင့် သူသည် မူလက ရွေးချယ်ထားသော တတိယမင်းသားနေရာကို တိုက်ရိုက်ဖယ်ရှားပြီး စူးယန်ကို အစားထိုးလိုက်သည်။

စူးယန်မှာ သတင်းကြားကြားချင်း အလွန်အမင်း ဝမ်းသာသွားပြီး လူမှုကွန်ရက်စာမျက်နှာထက်တွင် ယဲ့ယီနှင့် အခြားသူများမှာ အမြင်မရှိသူများဖြစ်ကြောင်း သွယ်ဝိုက်၍ ပို့စ်တင်လိုက်သည်။

သူသည် နောက်ဖေးပေါက်မှ ဝင်ရောက်ခဲ့ခြင်းကိုတော့ တမင်တကာ မဖော်ပြဘဲ သူ၏ သရုပ်ဆောင် အရည်အချင်းမှာ ကောင်းမွန်လွန်းသဖြင့် ဒါရိုက်တာမှ သူ့ကို မြင်မြင်ချင်း ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကြွားလုံးထုတ်လေတော့သည်။

နောက်ဖေးတံခါး: …..

All Chapters