အခန်း (၂၃၈-၂၃၉)
Vol. 14 Ch. 238-239
အပိုင်း (၂၃၈) သခင်လေး၏ အရိပ်အောက်တွင် ကျုပ် အသက်ရှင်နေရသည်။
အမျိုးသမီးသည် လက်ဖက်ရည်ခွက်ကို လက်ဖြင့်ကိုင်ထားကာ မတ်တပ်မရပ်ဘဲ ဒူးထောက်လျက်ဖြင့် ရှေ့သို့ တိုးလာခဲ့၏။
နှစ်ချက်ခန့် တိုးလာပြီးနောက် စွန်းကျားချန်၏ အနားသို့ ရောက်ရှိလာသည်။ ဤမျှ အနည်းငယ်မျှသော လှုပ်ရှားမှုလေးကြောင့်ပင် အသုဘဝတ်စုံ၏ အောက်နားစမှာ အနည်းငယ် အပေါ်သို့ လန်တက်သွားခဲ့သည်။
ဖြူဖွေးနေသော ခြေသလုံးလေး တစ်စိတ်တစ်ပိုင်း ပေါ်ထွက်လာ၏။
စွန်းကျားချန်သည် လက်လှမ်းကာ လက်ဖက်ရည်ခွက်ကို ယူလိုက်ချိန်မှသာ ဤအမျိုးသမီး ဝတ်ဆင်ထားသော အသုဘဝတ်စုံမှာ သာမန် အသုဘဝတ်စုံများနှင့် လုံးဝ မတူညီကြောင်း သတိထားမိလိုက်သည်။
အသုဘဝတ်စုံဟု ခေါ်ဆိုခြင်းထက် ပါးလွှာသော အဖြူရောင် ဂါဝန်လေးတစ်ထည်ဟု ခေါ်ဆိုလျှင် ပို၍ သင့်လျော်ပေလိမ့်မည်။
စကတ်အောက်နားတွင် ဇာပန်းခက်များပင် တပ်ဆင်ထားသေး၏။
အမျိုးသမီးမှာ ဖိနပ်မစီးထားဘဲ လှပသော ခြေထောက်လေးများပေါ်တွင် ဖြူဖွေးသော ခြေအိတ်များကိုသာ ဝတ်ဆင်ထားပြီး ခြေအိတ်များမှာလည်း ခြေကျင်းဝတ်နားအထိ လျှောကျနေပေသည်။
စွန်းကျားချန်သည် တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားကာ လက်ဖက်ရည်ခွက် ကို လှမ်းယူလိုက်ပြီး အတင်းတည်ငြိမ်အောင် ဟန်ဆောင်ကာ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ကောင်မလေး။"
ထို့နောက် ခွက်ထဲရှိ လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
အမျိုးသမီးသည် သူ သောက်လိုက်သည်ကို မြင်ချိန်မှာတော့ နူးညံ့စွာ ပြုံးလိုက်ပြီး တိုးညှင်းသော အသံဖြင့် မေးလိုက်၏။ "ခုနက ရှင့်ကို လန့်သွားစေတာလား။"
စွန်းကျားချန်သည် နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးကာ ပြုံးလိုက်ပြီး သတ္တိမွေး၍ မေးလိုက်သည်။ "ကောင်မလေး … ဒီအခန်းထဲက ပန်းချီကားက ဘာလို့ မျက်နှာ မပါတာလဲ။ ဒီနေရာက ဖုန်းဟွာကလပ် မဟုတ်ဘူးလား။"
သူ မေးနေစဉ်မှာပင် အမျိုးသမီးက သူ့အား လက်ဖက်ရည် နောက်တစ်ခွက် ထပ်ငှဲ့ပေးလိုက်၏။
ထို့နောက် ပန်းချီကားဘောင်ကို လှည့်ကြည့်ကာ ရှိုက်ငိုလျက် ရှင်းပြလိုက်သည်။ "ဒီနေရာက ကျွန်မအိမ်ပါ။ ဖုန်းဟွာကလပ် ဘယ်ဟုတ်ရမှာလဲ။ ဒီပန်းချီကားကလည်း ဗေဒင်ဆရာက စီစဉ်ပေးထားတာပါ။ ခင်ပွန်းသည်က ရေနစ်သေဆုံးခဲ့တာမို့ နာနာဘာဝတွေ အိမ်ပေါ် ရောက်လာမှာ ကြောက်လို့ ဒီလို ပန်းချီကားမျိုး ဆွဲထားရတာပါ။"
အမျိုးသမီးက ဆက်လက် လိမ်ညာနေဆဲ ဖြစ်သော်လည်း စွန်းကျားချန်မှာတော့ ထိတ်လန့်သွားချေပြီ။
ဒီနေရာက ဖုန်းဟွာကလပ် မဟုတ်ဘူးဆိုရင် တခြား ဘယ်နေရာ ဖြစ်နိုင်မှာလဲ။ ငါ တကယ်ပဲ သရဲနဲ့ တွေ့နေတာလား။
ထိုသို့ တွေးမိလိုက်ချိန်တွင် စိတ်ထဲ၌ အကြောက်တရားများ ထပ်မံ ပေါ်ပေါက်လာကာ အမျိုးသမီးအား သတိထားကြည့်လျက် နောက်သို့ တိတ်တဆိတ် နှစ်လှမ်းခန့် ဆုတ်လိုက်၏။
အမျိုးသမီးသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ရှေ့သို့ နှစ်လှမ်းခန့် တိုးလာပြီး လှမ်းပေးလိုက်သည်။
ပြီးနောက် ကြေကွဲဖွယ်ရာအသံဖြင့် ပြောလိုက်၏။ "ရှင်... လက်ဖက်ရည် ထပ်သောက်ပါအုံး။ ဒီနေရာက မှောင်မည်းနေတော့ ကျွန်မလည်း ကြောက်တယ်။"
ရှင် ဒီမှာနေမှ ကျွန်မ ပိုက်ဆံရမှာလေ။ နည်းနည်းလောက် ထပ်သောက်စမ်းပါ။ သတ္တိကြောင်လိုက်တဲ့ ကောင်။
စွန်းကျားချန်သည် လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ရာ၊ အမျိုးသမီး၏ လက်သန်းလေးက သူ၏ လက်ကို ဖွဖွလေး ပွတ်တိုက်သွား၏။
သူ၏ နှလုံးသားမှာ အလိုလိုနေရင်း တုန်ယင်သွားပြီး လက်ဖက်ရည်ခွက်ကို ယူကာ ထပ်မံ၍ တစ်ကျိုက်တည်း မော့သောက်လိုက်ပြန်သည်။
"မိန်းကလေးရဲ့ နာမည် ဘယ်လိုခေါ်လဲ။ ကျုပ်ကို အမြန်ဆုံး အမွှေးတိုင် ထွန်းခိုင်းပါတော့။ အမွှေးတိုင် ထွန်းပြီးရင် ပြန်လို့ရပြီ မဟုတ်လား။"
"ကျွန်မ နာမည်က နဲ့ချန်ပါ။ ရှောင်ချန် လို့ပဲ ခေါ်ပါ။ ရှင် နည်းနည်းလောက် ရှေ့တိုးလာခဲ့ပါ။ ကျွန်မ အမွှေးတိုင် ထွန်းပေးပါ့မယ်။"
ပြောပြီးသည်နှင့် နောက်လှည့်ကာ စွန်းကျားချန်အား ကျောပေးလိုက်၏။
ရှောင်ချန်၏ သေးသွယ်သော ခါးလေးကို ကြည့်ရင်း စွန်းကျားချန်၏ အသက်ရှူသံများ အနည်းငယ် ပြင်းထန်လာသည်။
တစ်ချိန်တည်းမှာပင် အာခေါင်များ ခြောက်သွေ့လာသလို ခံစားရပြီး လည်ချောင်းထဲတွင် မီးလောင်နေသကဲ့သို့ ဖြစ်လာ၏။
ခုနကတင် လက်ဖက်ရည် နှစ်ခွက် သောက်ထားတာကို အခု ဘာလို့ ထပ်ရေဆာနေရတာလဲ။
ခေါင်းကို ခါယမ်းလိုက်ပြီး အတွေးဆိုးများကို အမြန်ဆုံး ဖယ်ရှားပစ်လိုက်သည်။ အမွှေးတိုင် ထွန်းပြီးရင် ပြန်ရမှာ။ ။
စွန်းကျားချန်သည် အံကြိတ်ကာ ရှေ့တိုးသွားပြီး ရှောင်ချန်၏ ဘေးတွင် ထိုင်လိုက်၏။
မွှေးပျံ့သော ရနံ့များက သူ၏ နှာခေါင်းထဲသို့ အဆက်မပြတ် ဝင်ရောက်လာရာ တစ်ခဏမျှ စိတ်အာရုံများ ထွေပြားသွားပြန်သည်။
ရှောင်ချန်သည် အမွှေးတိုင်ကို ထွန်းညှိကာ စွန်းကျားချန်အား လှမ်းပေးလိုက်၏။
စွန်းကျားချန်သည် အမွှေးတိုင်ကို အလျင်အမြန် လှမ်းယူလိုက်ပြီး ခေါင်းကို သုံးချက်ခန့် အားကုန် ဆောင့်ချကာ ကန်တော့လိုက်ပြီးနောက် အမွှေးတိုင်ကို အမွှေးတိုင်ခွက်ထဲသို့ အမြန် ထိုးစိုက်လိုက်သည်။
ပြီးနောက် အလောသုံးဆယ် မေးလိုက်၏။ "ကျုပ် ပြန်လို့ ရပြီလား။"
ရှောင်ချန်သည် ထိုစကားကို ကြားချိန်မှာတော့ လှပသော မျက်နှာလေးကို မော့ကာ စွန်းကျားချန်အား ရီဝေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ရှင်... ဒီမှာ ခဏလောက် ထပ်နေပေးလို့ မရဘူးလား။ ကျွန်မ... ကျွန်မ ကြောက်တယ်။"
စွန်းကျားချန်သည် ငြင်းဆန်ချင်သော်ငြား စိတ်ထဲမှ လှုပ်ရှားမှုများ အထက်သို့ ဆန်တက်လာပြီး သရဲပူးသကဲ့သို့ ဖြစ်လာကာ ခေါင်းညိတ်လိုက်မိ၏။
ခေါင်းညိတ်လိုက်ပြီးသည်နှင့် ချက်ချင်း နောင်တရသွားကာ မျက်နှာရှုံ့မဲ့လျက် မူလနေရာတွင် ဒူးထောက်၍ ငိုင်တိုင်တိုင် ဖြစ်နေတော့သည်။
ရှောင်ချန်သည် စွန်းကျားချန်အား ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်ကာ ပြောလိုက်၏။ "ဒါဆိုလည်း... ရှင် လက်ဖက်ရည် တစ်ခွက်လောက် ထပ်သောက်ပါလား။"
"အွန်း ... ကောင်းပြီ၊ ကောင်းပြီ။"
ဘာကြောင့်မှန်း မသိသော်ငြား ယခုအချိန်တွင် သူသည် အလွန်အမင်း ရေဆာနေပြီး လည်ချောင်းများ ပူလောင်နေရာ လက်ဖက်ရည် နောက်တစ်ခွက် သောက်လိုက်သည်ကလည်း ကောင်းပေသည်။
စွန်းကျားချန်သည် လက်ဖက်ရည်ကို ယူကာ နောက်တစ်ခွက် ထပ်မော့လိုက်၏။
ရှောင်ချန်သည် သုံးခွက်မြောက် သောက်ပြီးသည်အထိ ဘာတုံ့ပြန်မှုမှ မရှိဘဲ တစ်ကိုယ်လုံး တောင့်တင်းကာ မူလနေရာတွင် ဒူးထောက်လျက် ရှိနေသော စွန်းကျားချန်ကို မြင်ချိန်မှာတော့ မျက်မှောင်ကြုတ်သွားမိသည်။
ဒီ အဘိုးကြီးက အသုံးရော ကျသေးရဲ့လား။
ထို့နောက် သူမ၏ လက်သည် ခေါင်းတလားဘေးရှိ ကြိုးစတစ်ခုကို တိတ်တဆိတ် စမ်းကြည့်လိုက်ပြီး အားကုန် ဆွဲချလိုက်၏။
အသုဘ အခမ်းအနားပေါ်ရှိ ပန်းချီကားဘောင်ကြီးမှာ ဒိုင်းခနဲ ပြုတ်ကျလာတော့သည်။
စွန်းကျားချန်မှာ လန့်ဖျပ်သွား၏။ သို့ပေမည့် နောက်တစ်စက္ကန့်မှာပင် ရှောင်ချန်က သူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
နှလုံးသားမှာ အလိုလိုနေရင်း တဒိတ်ဒိတ် ခုန်လာ၏။
စွန်းကျားချန်သည် ခေါင်းငုံ့ကြည့်လိုက်ရာ ရှောင်ချန်က သူ့အား ရီဝေသော မျက်လုံးများဖြင့် မော့ကြည့်နေသည်ကို မြင်တွေ့လိုက်ရပြီး သူမ၏ ဖွင့်ထွားသော ရင်သားကို အတိုင်းသား တွေ့လိုက်ရသည်။
အသုဘဝတ်စုံမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေ၏။
ရှည်လျားသော ခြေတံကြီး နှစ်ချောင်းမှာ သူ၏မျက်စိအောက်တွင် ပေါ်လွင်နေပြီး၊ လျော့ရဲနေသော ခြေအိတ်များမှာလည်း အလိုအလျောက် ကျွတ်ထွက်သွားခဲ့ချေပြီ။
သေးသွယ်သော ခြေထောက်လေး တစ်စုံ ပေါ်ထွက်လာပြီး ခြေချောင်းလေးများမှာလည်း ဆွဲဆောင်မှုရှိစွာဖြင့် ကွေးကောက်နေသည်။
"ရှင်... ဒါက သရဲခြောက်တာတော့ မဟုတ်ပါဘူးနော်။"
စွန်းကျားချန်သည် တံတွေးများကို အားကုန် မြိုချလိုက်ပြီး ရှောင်ချန်၏ ပခုံးနှစ်ဖက်ကို လက်ဖြင့် ဖိကိုင်လိုက်၏။ "မတော်တဆ ဖြစ်တာပါ။ မတော်တဆ ဖြစ်တာပါ။ ကျုပ် မြန်မြန် ပြန်မှ ဖြစ်တော့မယ်။ မင်း ကြောက်ရင် ကျုပ်တို့ အတူတူ ပြန်ကြမယ်။"
ရှောင်ချန်က ကြေကွဲဖွယ် အသံဖြင့် ပြောလိုက်သည်။ "မရဘူး။ အသုဘ စောင့်တာ မပြီးသေးဘူး၊ ကျွန်မ သွားလို့ မရဘူး။"
ပြောပြီးသည်နှင့် အနောက်သို့ အားကုန် ဆုတ်လိုက်ကာ စွန်းကျားချန်၏ လက်ကို ရုန်းထွက်လိုက်ပြီး အင်္ကျီလက်ကို တိတ်တဆိတ် အားကုန် ဆွဲလိုက်၏။
သူမ၏ ယဉ်ကျေးမှု အလင်းရောင်များ ရုတ်တရက် တောက်ပလာတော့သည်။
"အား …"
အော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာပြီးနောက် ရှောင်ချန်သည် အသုဘဝတ်စုံကို အလျင်အမြန် ပြန်ဆွဲယူလိုက်ပြီး ကျောပေးကာ ရှိုက်ငိုနေတော့၏။
"အာ... မိန်းကလေး။ ကျုပ် တမင်တကာ လုပ်တာ မဟုတ်ပါဘူး။"
စွန်းကျားချန်မှာ ဘာလုပ်ရမှန်း မသိ ဖြစ်နေသော်ငြား၊ လက်ဖက်ရည်က အစွမ်းပြလာပြီ ဖြစ်ရာ အလိုလိုနေရင်း နေရခက်သော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။
"ကျွန်မ သေပါတော့မယ်။" ရှောင်ချန်က စူးရှစွာ အော်ဟစ်လိုက်ပြီး ကိုယ်ကို မတ်ကာ ခေါင်းတလားနှင့် ပြေးဝင်တိုက်ရန် ပြင်လိုက်၏။
စွန်းကျားချန်သည် ထိုအခြေအနေကို မြင်ချိန်မှာတော့ တုံ့ဆိုင်းမနေဘဲ ရှေ့တိုးကာ ရှောင်ချန်ကို ဆွဲထားရန် ကြိုးစားလိုက်သည်။
မဆွဲလိုက်လျှင် ကိစ္စမရှိသော်ငြား၊ ဤသို့ ဆွဲလိုက်ချိန်မှာတော့ အသုဘဝတ်စုံမှာ စက္ကူဖြင့် လုပ်ထားသည့်အလား ဗြိခနဲ အသံမြည်ကာ တစ်ဝက်ခန့် စုတ်ပြဲသွားတော့၏။
စွန်းကျားချန်သည် စုတ်ပြဲနေသော အဝတ်စတစ်ပိုင်းကို ကိုင်ကာ မျက်လုံးပြူး မျက်ဆံပြူးဖြင့် မူလနေရာတွင် ရပ်နေမိသည်။
ရှောင်ချန်က အလျင်အမြန် ထိုင်ချလိုက်ပြီး ငိုယိုနေတော့၏။
စွန်းကျားချန် ဘာလုပ်ရမှန်း မသိ ဖြစ်နေစဉ်မှာပဲ ဘေးခန်းမှ မပီဝိုးတဝါး စကားပြောသံများကို ရုတ်တရက် ကြားလိုက်ရသည်။
လျှပ်စီးတစ်ကြောင်း သူ၏ နှလုံးသားကို ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
သောက်ကျိုးနည်း .. .ငါ ဖုန်းဟွာကလပ်ထဲမှာ ရှိနေတုန်းပဲကို။ ဒီ ရှောင်ချန် ဆိုတဲ့ ကောင်မလေးက ငါနဲ့ လာပြီး သရုပ်ဆောင်နေတာပဲ။
ဒါကြောင့် ဒီအဝတ်အစား စုတ်ပြတ်တွေက ပုံစံလည်း ထူးဆန်းတယ်၊ အရည်အသွေးလည်း ညံ့ဖျင်းနေတာကိုး။
သဘောပေါက်သွားသော စွန်းကျားချန်သည် ချက်ချင်း ဒေါသထွက်သွားကာ ရှောင်ချန်အား ရက်စက်စွာ ကြည့်လိုက်၏။
ထို့နောက် ရှေ့သို့ တစ်လှမ်း တိုးသွားလိုက်သည်။
မြေပြင်ပေါ်မှ ရှောင်ချန်ကို တစ်ချက်တည်း ဆွဲထူလိုက်၏။
ထို့နောက် ဖြူစင်သော ကုတင်ပေါ်သို့ အားကုန် ပစ်ချလိုက်သည်။
ကုတင်ပေါ်တွင် ယဉ်ကျေးမှု၊ ညီညွတ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု စသည့် စာလုံးများကို ပန်းထိုးပေတော့မည်။
ရှောင်ချန်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်ထောင့်တစ်ချက် တွန့်ကာ စွန်းကျားချန်အား ကြည့်လိုက်၏။
သေပါပြီ။ လက်ဖက်ရည် သောက်တာ များသွားလို့ ဒီခွေးကောင် ငါ့ကို သေလုမတတ် ပစ်ပေါက်လိုက်တာပဲ။
စွန်းကျားချန်သည် နီရဲနေသော မျက်လုံးများဖြင့် စုတ်ပြဲနေသော အဝတ်စကို ကိုင်ကာ ရှောင်ချန်၏ အနားသို့ ကြမ်းကြုတ်စွာ ရယ်မောလျက် ချဉ်းကပ်လာသည်။
"ပြောစမ်း။ မင်း သရုပ်ဆောင်နေတာ မဟုတ်လား။"
ကံကောင်းထောက်မစွာဖြင့် ရှောင်ချန်မှာ အတွေ့အကြုံရှိသူ ဖြစ်ရာ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အပြည့်ဖြင့် ပြောလိုက်၏။ "ရှင်... ဘာတွေ ပြောနေတာလဲ။"
"ဒါက ခင်ပွန်းသည်ရဲ့ အသုဘ အခမ်းအနားလေ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါ။"
"ဟမ့် … စိတ်ဝင်စားစရာပဲ။ ခုနကတင် သတ်သေချင်နေတာ မဟုတ်ဘူးလား။ အခုကျတော့ မင်း မဟုတ်တော့ဘူးပေါ့လေ။ သရုပ်ဆောင်နေတုန်းပဲလား။ ကျုပ် မသိဘူးလို့ တကယ် ထင်နေတာလား။"
စွန်းကျားချန်သည် ဘေးခန်းမှ ထွက်ပေါ်လာသော အသံများကို နားထောင်ရင်း စိတ်ထဲတွင် အကုန်လုံးကို သဘောပေါက်သွားခဲ့ပြီ ဖြစ်ရာ၊ စုတ်ပြဲနေသော အဝတ်စကို ဘေးသို့ လွှင့်ပစ်လိုက်သည်။
"စွန်းကျားချန်ရဲ့ စွမ်းဆောင်ရည်ကို မင်းကို ပြရသေးတာပေါ့။"
...
အခန်းတံခါးအပြင်ဘက်တွင် ဝူရှန်းနှင့် ရှဲ့ရှန်းတို့မှာ အခန်းထဲမှ တုံ့ပြန်မှုများကို နားထောင်ရင်း အဆက်မပြတ် ခေါင်းညိတ်နေကြသည်။
"ရလဒ်က မဆိုးဘူးပဲ။ ကျုပ်တို့ လူတွေ တော်တော်လေး ကျွမ်းကျင်တယ်။"
ရှဲ့ရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "ဒီအခန်းက ဘာအစီအစဉ်လဲ။"
"ဒါကို သရဲမလေး ရှောင်ချန် လို့ ခေါ်တယ်။ နောက်ထပ် အဆင့်မြင့် အစီအစဉ်တွေလည်း ရှိသေးတယ်။ မြေခွေးမလေးတွေ၊ နာနာဘာဝတွေ ဘာတွေလည်း လုပ်လို့ရတယ်။ ဒါပေမဲ့ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းသွားမှာ ကြောက်လို့ မလုပ်ဖြစ်သေးတာ။"
ဝူရှန်းက သက်ပြင်းချကာ ပြောလိုက်သည်။ "သခင်လေးက တကယ်ကို ပါရမီရှင်ပဲ။ ကျုပ် အများကြီး လိုသေးတယ်။"
ရှဲ့ရှန်းက ချက်ချင်း ငြင်းဆိုလိုက်၏။ "ဆရာဝူရှန်းက တော်တော်လေး တော်နေပါပြီ။ ဒီအထဲက အစီအစဉ် တစ်ဝက်ကျော်က ခင်ဗျား ဖန်တီးထားတာတွေ မဟုတ်ဘူးလား။"
ဝူရှန်းက ခေါင်းယမ်းလိုက်သည်။ "ဒါတွေ အကုန်လုံးက သခင်လေး လမ်းညွှန်ပြသပေးလို့ပါ။"
"ဟူး... ဘာလို့မှန်းမသိဘူး၊ သခင်လေးရဲ့ အရိပ်အောက်မှာ ကျုပ် အသက်ရှင်နေရသလို ခံစားရတယ်။"
အပိုင်း (၂၃၉ ) သုံးရက်တိုင်တိုင် ပျော်ပွဲရွှင်ပွဲ။
နောက်တစ်နေ့ နံနက်ခင်းတွင် ဖန်ကျန်းရီသည် ဖုန်းဟွာကလပ် ခန်းမကြီးထဲတွင် လူအားလုံးကို စောင့်ဆိုင်း နေခဲ့သည်။
သူဌေးကြီးများသည် တစ်ညလုံး ပျော်ပါးခဲ့ကြပြီးနောက် နံနက်ခင်းတွင် အပေါ်ထပ်မှ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြ၏။
လူတိုင်း၏ မျက်နှာပေါ်တွင် ကျေနပ်အားရသည့် အမူအရာများ ရှိနေကြသော်ငြား၊ လမ်းလျှောက်ရာတွင်တော့ ခြေတရွတ်တိုက် လျှောက်နေကြသည်။
လူအားလုံး အောက်ထပ်တွင် စုဝေးမိကြသောအခါ မိမိတို့၏ သက်ဆိုင်ရာ အထူးအစီအစဉ် အခန်းများ အကြောင်းကို ဆွေးနွေးကြပြီး တစ်ခါတစ်ရံတွင် အံ့သြချီးကျူးသံ တစ်ချက်နှစ်ချက် ထွက်ပေါ်လာတတ်၏။
အားလုံး ကစားခဲ့ရသည့် ပုံစံတွေက မတူညီကြဘူးပဲ။ ဒီနေရာမှာ လူနှစ်ဆယ်ကျော် ရှိတာဆိုတော့ တစ်လလောက် ကစားရင်တောင် ထပ်မှာ မဟုတ်ဘူးပေါ့။
စွန်းကျားချန်လည်း အောက်ထပ်သို့ ဆင်းလာသော်ငြား သူ၏ ခြေထောက်မှာ အတော်လေး ဆိုးဆိုးရွားရွား နာကျင်နေပြီး ရှောင်ချန်က ဘေးမှ တွဲပေးထားရသည်။
သူသည် ဖန်ကျန်းရီကို မြင်သည်နှင့် ချက်ချင်း အရိုအသေပေးကာ ပြောလိုက်၏။ "မြို့ဝန်ဖန်ကို အရိုအသေ ပေးပါတယ်။"
ဖန်ကျန်းရီသည် သူ့အား ဂရုမစိုက်ဘဲ ကွင်းထဲရှိ လူများကို တစ်ချက်ကြည့်ကာ ပြုံးရွှင်စွာ မေးလိုက်သည်။ "လူကြီးမင်းတို့ …. မနေ့ညက ဘယ်လိုနေလဲ။"
"အရမ်းကောင်းပါတယ်။ အရမ်းကောင်းပါတယ်။"
"တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံပါပဲ။ တကယ်ကို ထူးခြားဆန်းသစ်ပါတယ်။"
"ကျေးဇူးတင်ပါတယ် မြို့ဝန်ဖန်။"
ဖန်ကျန်းရီသည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး ပြောလိုက်၏။ "ကြည့်ရတာ မနေ့ညက ဆရာတော် ဟွေ့ကျောက် ရဲ့ ဆုတောင်းပေးမှုက အစွမ်းပြသွားပြီ ထင်တယ်။ ဒီမြို့ဝန်တောင် မနေ့ညက တော်တော်လေး စိတ်အားထက်သန်နေခဲ့တာ။"
လူအားလုံးမှာ ထိုစကားကို ကြားချိန်တွင် ချက်ချင်း သဘောပေါက်သွားကြသည်။
ဟုတ်သားပဲ။ ကျုပ် မနေ့ညက ဘာလို့ ဒီလောက်တောင် စွမ်းဆောင်နိုင်ရတာလဲလို့ တွေးနေတာ။ မြည်းတစ်ကောင်လိုပဲ။
ပင်ပန်းတယ်ဆိုတာ ဘာမှန်းတောင် မသိဘူး။
ဒီ အိန္ဒိယက ဆရာတော် ရွတ်ဖတ်တဲ့ ဂါထာတွေက တကယ်ပဲ အစွမ်းထက်တာကိုး .. မထင်မှတ်ထားခဲ့ဘူး။
လူအားလုံးသည် တစ်ယောက်ကိုတစ်ယောက် မျက်လုံးများဖြင့် အပြန်အလှန် ဆက်သွယ်လိုက်ကြ၏။
နတ်ဘုရားပါလား။ ဒီ ဖုန်းဟွာကလပ်က တကယ်ကို နတ်ဘုရားပါပဲ။
မြို့ဝန်ဖန်လို အဆင့်မြင့် အရာရှိကြီးနဲ့ ဆရာတော် ဟွေ့ကျောက် လို ထူးခြားတဲ့ ပုဂ္ဂိုလ်ကြီးတွေကတောင် လာရောက် အားပေးရတယ်။
နောက်ပိုင်းမှာ ဆရာဝူရှန်းရဲ့ အံ့မခန်း ဖျော်ဖြေမှုတွေ ရှိသေးသလို၊ ထူးခြားဆန်းသစ်တဲ့ အထူးအစီအစဉ် အခန်းတွေလည်း ရှိသေးတယ်။
မနက်ဖြန်လည်း ထပ်လာအုံးမယ်။
စွန်းကျားချန်သည် ရှဲ့ရှန်း၏ အနားသို့ တိတ်တဆိတ် ကပ်သွားကာ တီးတိုးပြောလိုက်၏။ "ဆိုင်ရှင်ရှဲ့…ကျုပ် ရှောင်ချန်ကို ရွေးချယ် ဝယ်ယူချင်လို့ပါ။ ဒီကိစ္စကို..."
ရှဲ့ရှန်း၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။
သခင်လေး၏ တောင်းဆိုချက်အရ ပြည့်တန်ဆာများကို ရှာဖွေရသည်မှာ အလွန် ခက်ခဲလှ၏။ ရုပ်ရည်လည်း လှပရမည် ဖြစ်သလို၊ မိမိသဘောဆန္ဒအလျောက်လည်း လာရောက်သူ ဖြစ်ရမည်။
ထို့ကြောင့် ဤမျှများပြားသော ထိပ်တန်း အလှအပများကို ရှာဖွေနိုင်ရန် အချိန်နှင့် ငွေကြေး အမြောက်အမြား အကုန်အကျ ခံခဲ့ရသည်။
ယခုမှ ဖွင့်တာ တစ်ရက်သာ ရှိသေးသည်။ လူဝယ်ချင်နေသည် ဆိုတော့ ဖုန်းဟွာကလပ်ကို ဆက်ဖွင့်လို့တောင် ရပါဦးမည်လား။
ရှဲ့ရှန်းက အခက်တွေ့စွာဖြင့် ပြောလိုက်၏။ "ဒါကတော့... အိမ်ထောင်ဦးစီးစွန်း၊ ကျုပ်ကို စဉ်းစားပါရစေအုံး။"
စွန်းကျားချန်သည် စိုးရိမ်ပူပန်စွာဖြင့် နောက်လှည့်ကာ ရှောင်ချန်ကို တစ်ချက်ကြည့်လိုက်ရာ၊ ရှောင်ချန်က သူ့အား မျက်လုံးတစ်ချက် ပစ်ပြလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ပြတ်သားစွာ ပြောလိုက်၏။ "ကောင်းပါပြီ။ ဆိုင်ရှင်ရှဲ့ သတ်မှတ်ချင်တဲ့ ဈေးကိုသာ ပြောပါ။"
ပြောပြီးသည်နှင့် ရှောင်ချန်ထံသို့ ပြုံးရွှင်စွာ ပြန်သွားသည်။
ရှဲ့ရှန်းသည် ဖန်ကျန်းရီ၏ အနားသို့ ကပ်သွားကာ တီးတိုးပြောလိုက်၏။ "သခင်လေး… ဟို စွန်းကျားချန်က ကစားရတာ သဘောကျသွားပြီး ကျုပ်တို့ လူကို ဝယ်ချင်နေတယ်။ ဘယ်လိုလုပ်မလဲ။"
ဖန်ကျန်းရီသည် စွန်းကျားချန်အား တစ်ချက်ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။ "မြို့နယ်ရဲ့ စည်းမျဉ်းအတိုင်းပဲ လုပ်လိုက်။ မရရင် လူသစ် ထပ်ရှာပေါ့။
နောက်ပိုင်း လူသစ်ရှာရင် သေချာ ဂရုစိုက်။ သင်တန်း ရက်နည်းနည်း ပိုပေး။ တစ်ရက်တည်း အလုပ်လုပ်ပြီး တခြားလူနောက် လိုက်သွားတာ သစ္စာရှိမှု နည်းနည်းလေးမှ မရှိဘူး။
နောက်မှ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု နည်းလမ်းတစ်ခု သင်ပေးမယ်။ အောက်ခြေကို ဖြန့်ဝေပေးလိုက်။ နောက်ပိုင်းဆိုရင် ကလပ်ထဲက မိန်းမတွေက ယောက်ျားတွေကို ဝက်တွေ၊ ခွေးတွေလိုပဲ မြင်သွားစေရမယ်။"
"ဒါပေမဲ့ ကျုပ်တို့ ငွေတွေ အများကြီး ကုန်ထားတယ်..."
"ပိုက်ဆံအတွက် စိတ်မပူနဲ့။ သိပ်မကြာခင်မှာပဲ သူတို့ဆီကနေ ပြန်ရလာလိမ့်မယ်။"
ရှဲ့ရှန်းသည် ခေါင်းညိတ်လိုက်ပြီးနောက် တခြားသူများနှင့် အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် စွန်းကျားချန်ထံသို့ ယုံကြည်မှုရှိစွာ လျှောက်သွားကာ လက်သီးဆုပ်လိုက်၏။
စွန်းကျားချန်သည် လက်တစ်ဖက်က ရှောင်ချန်ကို ဆွဲထားဆဲဖြစ်ပြီး အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "ဆိုင်ရှင်ရှဲ့ … ခင်ဗျား စဉ်းစားလို့ ပြီးပြီလား။ ငွေဘယ်လောက် ပေးရမလဲ။"
ရှဲ့ရှန်းက အနည်းငယ် ပြုံးလိုက်ပြီး ရှောင်ချန်အား ကြည့်ကာ မေးလိုက်၏။ "ရှောင်ချန်..အိမ်ထောင်ဦးစီးစွန်းက မင်းကို သဘောကျနေတယ်။ မင်း သူနဲ့ လိုက်သွားချင်လား။"
ရှောင်ချန်သည် ဖြည်းညင်းစွာ ဒူးကွေးကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
ဒီအဘိုးကြီးက အသက် နည်းနည်းကြီးပေမဲ့ ခန္ဓာကိုယ်က တကယ် ကောင်းသလို၊ ပိုက်ဆံလည်း ရှိတယ်။
"အင်း... ဒါဆိုလည်း အိမ်ထောင်ဦးစီးစွန်းနဲ့ လိုက်သွားလိုက်တော့။"
ရှောင်ချန်သည် ထိုစကားကို ကြားချိန်မှာတော့ မျက်လုံးများ တောက်ပသွားပြီး ရှဲ့ရှန်းအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်၏။
စွန်းကျားချန်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "ရှောင်ချန်ကို ရွေးဝယ်ဖို့ ငွေဘယ်လောက် ပေးရမလဲ။"
ရှဲ့ရှန်းက တီးတိုး ပြောလိုက်၏။ "ဟားဟား … ငွေတစ်ပြားမှ မယူပါဘူး။ ကျုပ် ဖုန်းဟွာကလပ်က မိန်းကလေးတွေက လွတ်လပ်တယ်။ သူ ခင်ဗျားနောက် လိုက်ချင်ရင် လိုက်သွားလို့ရတယ်။
ဒါပေမဲ့ အိမ်ထောင်ဦးစီးစွန်း၊ ဒီကိစ္စကို အပြင်မှာ သွားမပြောပါနဲ့။ မဟုတ်ရင် ကျုပ် ကလပ်ထဲက လူတွေ အကုန်လုံး ခေါ်ထုတ်ခံရလိမ့်မယ်။"
စွန်းကျားချန်မှာ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ရီနေပြီး ကျေးဇူးတင်စကား အကြိမ်ကြိမ် ပြောဆို နေတော့သည်။
ထို့နောက် ဖန်ကျန်းရီအား ကြည့်လိုက်၏။ ခုနက ရှဲ့ရှန်းနှင့် ဖန်ကျန်းရီတို့ စကားပြောနေသည်ကို သူ မြင်တွေ့ခဲ့ရ၏။
လောကကြီးမှာ ဘယ်ပြည့်တန်ဆာအိမ်က မိန်းမတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားလို့လဲ။ ဒါ မဖြစ်နိုင်ဘူး။
အခုချိန်မှာ မြို့ဝန်ဖန်က သူ့ကို နောက်ပိုင်းမှာ အသုံးချစရာ ရှိမယ်လို့ တွေးပြီး အကူအညီ ပေးလိုက်တာ ဖြစ်ရမယ်။
ရှဲ့ရှန်းကလည်း မြို့ဝန်ဖန်ကို မျက်နှာနာလို့ လက်ခံလိုက်တာပဲ ဖြစ်မယ်။
ဒီ မြို့ဝန်ဖန်က တကယ်ကို သဘောထား ပြည့်ဝတာပဲ။
စွန်းကျားချန်သည် တွေးတောပြီးနောက် သူ့အား ကျေးဇူးတင်စွာဖြင့် တစ်ချက် ကြည့်လိုက်၏။
ဖန်ကျန်းရီသည် သူ၏ အကြည့်ကို ခံစားမိသဖြင့် ပြုံးကာ ပြန်လည် နှုတ်ဆက်လိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။ "လူကြီးမင်းတို့။ လူကြီးမင်းတို့ … ကျုပ်တို့ ဒီမှာ စုပြီးဆုံရတာ အရမ်းကို ပျော်စရာ ကောင်းပါတယ်။
ဒီ ဖုန်းဟွာကလပ်က ဒီမြို့ဝန်ကို မျက်စိပွင့်သွားစေတာ အမှန်ပါပဲ။ ကျန်းကျန်မှာတင် မကဘူး၊ မြို့တော်မှာတောင် ဒီလိုနေရာမျိုး မရှိဘူး။
ဒီမြို့ဝန် တော်တော်လေး စိတ်အခြေအနေ ကောင်းနေလို့ လူကြီးမင်းတို့ကို ဆက်ပြီး ထမင်းကျွေးဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် သုံးရက်စာ ကုန်ကျစရိတ် အားလုံးကို ကျုပ် ဖန်ကျန်းရီက တာဝန်ယူပါတယ်။"
ဘာ။
ဧည့်သည်များအားလုံးမှာ ဖန်ကျန်းရီ၏ ရက်ရောမှုကြောင့် အံ့အားသင့်သွားကြ၏။
သူက ဘယ်လောက်တောင် ချမ်းသာနေလို့လဲ။ ဒီလောက်တောင် ဖြုန်းတီးနိုင်ရတာလား။ ဒါမှမဟုတ် ဆိုင်ရှင်ရှဲ့က သူ့ကို အသုံးချဖို့အတွက် အရင်းအနှီး အကြီးကြီး စိုက်ထုတ်ထားတာလား။
လူတိုင်း၏ စိတ်ထဲတွင် ကိုယ်ပိုင် တွေးတောမှုများ အသီးသီး ရှိနေကြသော်ငြား၊ တစ်စုံတစ်ယောက်က ကျွေးမွေးမည်ဆိုမှတော့၊ ပြီးတော့ ဒီလောက် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ နေရာမှာဆိုတော့ မည်သူက ငြင်းဆန်နိုင်မည်နည်း။
လူအားလုံးသည် ဖန်ကျန်းရီအား တစ်ယောက်ပြီးတစ်ယောက် ကျေးဇူးတင်စကား ပြောကြားလိုက်ကြသည်။
...
သုံးရက်အတွင်း နျဲ့ကျန်း ရောက်လာခဲ့သလို၊ ကျင်းဘုရင် စေလွှတ်လိုက်သော နန်းတွင်း သက်တော်စောင့်များလည်း ရောက်လာခဲ့ကြ၏။
သို့ပေမည့် သူတို့အားလုံးကို ဖန်ကျန်းရီက လှည့်စားပြီး ပြန်လွှတ်လိုက်သည်။ အိမ်ရှေ့စံမင်းသားက တစ်ပတ်လောက် လည်ပတ်ပြီးနောက် မြို့တော်သို့ ပြန်သွားပြီဟု ပြောလိုက်သည်။
အကြောင်းပြချက်ကိုလည်း အသင့် စဉ်းစားထားပြီး ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက် မေးမြန်းလာပါက အိမ်ရှေ့စံမင်းသား တကယ်ပဲ ပြန်သွားကြောင်း၊ သို့ပေမည့် လမ်းတစ်ဝက်မှ ပြန်လှည့်လာခြင်း ဖြစ်ကြောင်း ပြောရန် စီစဉ်ထားသည်။
ဘုရင်မင်းမြတ်နှင့် မှူးမတ်များ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းက အရေးမကြီးချေ။ ကိစ္စရပ်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီး အိမ်ရှေ့စံမင်းသား ဘာအန္တရာယ်မှ မဖြစ်လျှင် အရာအားလုံး ပြီးပြည့်စုံပေလိမ့်မည်။
ဤသုံးရက်က ပျော်ပွဲရွှင်ပွဲ သုံးရက်ပင်။
သူဌေးကြီး အများအပြားမှာ ဖုန်းဟွာကလပ်ထဲတွင် ညလုံးပေါက် ပျော်ပါးနေကြပြီး အလွန်အမင်း ပျော်ရွှင်နေကြ၏။
လူတိုင်းတွင် အလုပ်ကိစ္စများ အများအပြား ရှိနေသော်ငြား၊ ပုံမှန်အားဖြင့် အလုပ်ပြီးသည်နှင့် ချက်ချင်း ပြန်လာတတ်ကြသည်။
ဒီလောက် ဈေးကြီးတဲ့ အစားအသောက်တွေ၊ ဒီလောက် ကောင်းမွန်တဲ့ ဖျော်ဖြေမှုတွေနဲ့ ဂီတသံတွေ။
အလကား မစားရင် လူ ဘယ်ဟုတ်ပါ့မလဲ။
ဖန်ကျန်းရီသည်လည်း အတော်လေး ပွင့်ပွင့်လင်းလင်း ကစားတတ်ပြီး၊ ညဘက်ဆိုလျှင် ဤလူတွေနှင့်အတူ အစားအသောက်တွေကို အငမ်းမရ စားသောက်တတ်၏။
နေ့ဘက်တွင်တော့ အချိန်ရလျှင် သင်္ဘောပေါ် ပြန်သွားပြီး အစီအစဉ်များ ရေးဆွဲလေ့ရှိသည်။
သုံးရက်ကြာပြီးနောက် လူအားလုံးမှာ ဖန်ကျန်းရီနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်၏။
ဒီ မြို့ဝန်ဖန်က မာနမကြီးသလို၊ လူငယ်လည်း ဖြစ်ပြီး ကစားရတာကိုလည်း သဘောကျတယ်။
ပိုပြီး အံ့သြစရာ ကောင်းတာက သူက ကုန်သည်တွေကို ခွဲခြားဆက်ဆံမှု မရှိတဲ့အပြင်၊ ဒီကိစ္စတွေကိုလည်း ကျွမ်းကျင်နေတာပဲ။
တစ်ခါတစ်ရံ သူ့ပါးစပ်ကနေ ထွက်လာတဲ့ စကားလုံး နှစ်လုံးလောက်က လူတွေကို အများကြီး အကျိုးရှိသွားစေတယ်။
ထို့ကြောင့် လူတိုင်း၏ စိတ်ထဲတွင် သူ့အပေါ် သံသယများ လုံးဝ ကင်းရှင်းသွားခဲ့သည်။
နောက်ဆုံးနေ့ ညစာစားပွဲတွင် ဖန်ကျန်းရီသည် အရက်အနည်းငယ် သောက်ထားသဖြင့် မူးယစ်ယစ် ဖြစ်နေ၏။
လူအားလုံးကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။
အချိန်ကျပြီ။ သူတို့ကို အရေးကြီးတဲ့ အလုပ်တွေ လုပ်ခိုင်းဖို့ အချိန်တန်ပြီ။
စပါးကျီထဲရှိ စပါးများမှာ ရက်အနည်းငယ်သာ ခံတော့မည်။
လျိုရွှန်း သေဆုံးပြီးနောက် မြို့ပြင်ရှိ ဆန်ပြုတ်များကို အတော်လေး ပြစ်ပြစ်လေး ပေးဝေခဲ့သည်။ ဒုက္ခသည်များ ဗိုက်ဝသွားလျှင် အလုပ်လုပ်ရန် ခွန်အားရှိလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် ဖန်ကျန်းရီသည် တူတစ်ချောင်းကို ကောက်ကိုင်ကာ စားပွဲကို ခေါက်လိုက်၏။
"လူကြီးမင်းတို့။ လူကြီးမင်းတို့ … ကျုပ် ပြောစရာစကား ရှိတယ်။ အားလုံး ငြိမ်ငြိမ်လေး နားထောင်ပေးကြပါ။"
ထိုနေရာရှိ လူအားလုံးမှာ ချက်ချင်း တိတ်ဆိတ်သွားကြပြီး အကြည့်များ အားလုံး ဖန်ကျန်းရီထံသို့ ရောက်ရှိသွားကြသည်။
"ဖုန်းဟွာကလပ်က တကယ်ကို နေရာကောင်း တစ်ခုပါပဲ။ ဒါပေမဲ့ လောကကြီးမှာ မခွဲခွာရတဲ့ ပွဲဆိုတာ မရှိပါဘူး။ ဒီညက နောက်ဆုံးညပါပဲ။"
"ဒီရက်ပိုင်းအတွင်း အားလုံး ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ကြသလို၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်လာကြပြီ။ ဒီမြို့ဝန်လည်း အရမ်းကို ကျေနပ်ပါတယ်။
ဒါကြောင့် တိတ်တဆိတ်ပဲ ဒီမြို့ဝန်နဲ့ ဆိုင်ရှင်ရှဲ့တို့ တိုင်ပင်ဆွေးနွေးထားတယ်။ ကလပ်ရဲ့ စင်မြင့်ကို အသုံးချပြီး လူတိုင်းကို ကြီးပွားချမ်းသာမယ့် အခွင့်အရေးတချို့ ပေးချင်ပါတယ်။ ဒါမှလည်း ကျုပ်တို့ ပေါင်းသင်းရကျိုး နပ်မှာပါ။
လူကြီးမင်းတို့။ စင်မြင့်ပေါ်ကို တစ်ချက် ကြည့်လိုက်ကြပါ။"