← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း(၁၀၄)

စစ်မြေပြင်တဠင် ကျန်ရှိနေခဲ့သော မိစ္ဆာအငွေ့အသက်များ၊ လုပ်ကြံသူများ၏ ထူးဆန်းသော သိုင်းကွက်များနှင့် ဤတက်တူး ….သဲလွန်စအားလုံးက ကြောက်စရာကောင်းသော အမှန်တရားတစ်ခုကို ညွှန်ပြနေသည်။

အခြေအနေမှာ သူမ ထင်ထားသည်ထက် ပို၍ ကြီးမားနေကြောင်း ခံစားလိုက်ရသည်။

နောက်ထပ် နှစ်ရက်အတွင်း ဟွမ်ဖုန်းခံတပ်၏ ကောင်းကင်ယံမှာ ပုံမှန်ထက် ပို၍ ထူးထူးခြားခြား မှောင်မိုက်လာခဲ့သည်။

မီးခိုးရောင် တိမ်တိုက်ကြီးများက အထက်တွင် လေးလံစွာ ဖုံးလွှမ်းနေပြီး ၊ လေထုထဲတွင် စိတ်မသက်သာမှုများနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကာ မိုးသက်မုန်တိုင်းကြီး တစ်ခု ကျရောက်တော့မည့်အလား လေတစ်ချက်မှ မတိုက်ဘဲ တိတ်ဆိတ်နေ၏။

ရှောင်ရှန်းကဲ့သို့ ပေါ့ပေါ့တန်တန် နေတတ်သူ တစ်ယောက်ပင်လျှင် ရင်ဘတ်ထဲတွင် တစ်စုံတစ်ခုက ဖိထားသကဲ့သို့ မွန်းကျပ်မှုကို ခံစားနေရသည်။

ချင်ချန်းသည် မြို့ရိုးပေါ်တွင် ရပ်ရင်း ရန်သူ့စခန်းဘက်သို့ ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

သူသည် စစ်တပ်တစ်ခုလုံးကို အမြင့်ဆုံး အသင့်ပြင်ဆင်ထားရန် အမိန့်ပေးထားပြီး၊ တစ်ချိန်တည်းမှာပင် မြို့တော်သို့ အရေးပေါ် လျှို့ဝှက်စာတစ်စောင်ကို ပေးပို့ခဲ့သည်။

ထိုစာတွင် စစ်ကူတောင်းရုံသာမက နယ်စပ်စစ်ပွဲတွင် ကြုံတွေ့နေရသည့် ထူးဆန်းသော “မိစ္ဆာအတတ်” များအကြောင်းကိုပါ ဖော်ပြထားပြီး နန်းတော်မှ နားလည်တတ်ကျွမ်းသူများကို စေလွှတ်ပေးရန် တောင်းဆိုထားသည်။

ခံတပ်အပြင်ဘက်၊ မိုင်အနည်းငယ်အကွာရှိ တောင်ကုန်းတစ်ခု၏ ထိပ်တွင်။

ယခင်က တောင်ကြားချိုင့်ဝှမ်းတွင် ပေါ်လာခဲ့သော ရဟန်းအိုကြီးသည် ယခု ထပ်မံ ပေါ်ထွက်လာခဲ့သည်။

သူသည် တံမြက်စည်းကို ကိုင်ကာ လူရိုင်းမျိုးနွယ်စုစခန်းဘက်သို့ လှမ်းကြည့်နေပြီး ၊ သူ၏ မှိုင်းညို့နေသော မျက်လုံးများတွင် သနားကြင်နာမှု အရိပ်အယောင်များရှိနေခဲ့သည်။

“သွေးနံ့တွေက ကောင်းကင်အထိ ထိုးတက်နေပြီး အငြိုးအတေးတွေကလည်း ဒီလောက်ပြင်းထန်တာ... ဒါဟာ လူသားတွေရဲ့ သွေးနဲ့ ဒီလောကနဲ့ မဆိုင်တဲ့ မိစ္ဆာနတ်ဘုရားရဲ့ တံခါးကို အတင်း ဖွင့်ဖို့ ကြိုးစားနေတာလား”

သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းခါလိုက်သည်။

“မိုက်မဲလိုက်လေခြင်း၊ မိုက်မဲလိုက်လေခြင်း”

စစ်စခန်းတွင် ၊ ရှောင်ရှန်းသည် သူ၏ “ကိုယ်ရံတော်အကာအကွယ်” များ၏ အလယ်တွင် ပျင်းရိစွာဖြင့် လဲလျောင်းနေကာ ဖိနှိပ်ချုပ်ချယ်သော တိမ်တိုက်ကြီးများကို ကြည့်ရင်း မိမိကိုယ်မိမိ မကြာခင်ကံဆိုးတော့မည်ဟု ခံစားနေရသည်။

သူသည် ဘေးနားတွင် မတ်မတ်ရပ်နေသော ကိုယ်ရံတော်တစ်ဦးကို မကျေမနပ်ဖြင့် ပြောလိုက်သည်။

“မင်း ကြည့်စမ်း၊ ဒီကောင်းကင်ကြီးက မှောင်မည်းနေတာ… ဓားမိုးတွေ ရွာတော့မယ့်အတိုင်းပဲ၊ တကယ်ကို စိတ်ကျဉ်းကျပ်ဖို့ ကောင်းလိုက်တာ”

ထိုကိုယ်ရံတော်မှာ ကြားသည်နှင့် အံ့အားသင့်သွားပြီး အခြားကိုယ်ရံတော်များနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့အကုန်လုံး စဉ်းစားခန်း ဝင်သွားကြပြီး အလွန် လေးနက်နေလေ၏။

‘အိမ်ရှေ့စံမင်းသားကတော့ “အဓိပ္ပာယ်မရှိတဲ့စကား” တွေ ထပ်ပြောပြန်ပြီ…’

‘ဒါပေမဲ့ မင်းသားရဲ့ “အဓိပ္ပာယ်မရှိတဲ့စကား” တွေက တစ်ခါမှ မမှားခဲ့ဘူး မဟုတ်လား…’

‘ ဓားမိုးရွာမယ် ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဟောကိန်းလဲ ၊ မဟုတ်မှလွဲရော လူရိုင်းမျိုးနွယ်စုတွေရဲ့ နောက်ထပ် တိုက်စစ်က ကောင်းကင်ကနေ ကျလာတဲ့ ဓားမိုးတွေလိုမျိုး ရှောင်လို့မရအောင် ပြင်းထန်မှာကို ဆိုလိုတာလား…’

ကိုယ်ရံတော် ခေါင်းဆောင်များသည် ဤ “အရေးတကြီး သတင်း” ကို ချက်ချင်း မှတ်သားလိုက်ပြီး စစ်သူကြီးချင်ချန်းထံ သတင်းပို့ရန် ပြင်ကြတော့သည်။

ညဉ့်မှောင်လာသောအခါ။

ညဝတ်စုံ အမည်းရောင်ကို ဝတ်ဆင်ထားသော စူးဝမ်ချင်သည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာဖြင့် စစ်စခန်းမှ ထွက်ခွာသွားပြီး လူရိုင်းမျိုးနွယ်စုစခန်းရှိရာသို့ ဦးတည်သွားခဲ့သည်။

အကြောင်းမှာ သူမ၏ ခန့်မှန်းချက်ကို အတည်ပြုရန် လိုအပ်သည်။

အနားသို့ တိုးကပ်သွားလေလေ၊ လေထုထဲတွင် လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင် ပြင်းထန်သော သွေးညှီနံ့များ နှင့် မိစ္ဆာအငွေ့အသက်များကြောင့် သူမ၏ နှလုံးခုန်သံပင် ပို၍ မြန်လာသည်။

သူမသည် တောင်ကုန်းတစ်ခုပေါ်တွင် ပုန်းအောင်းရင်း အထူးပြုလုပ်ထားသော မှန်ပြောင်းဖြင့် ရန်သူ့စခန်း၏ အနက်ရှိုင်းဆုံးနေရာကို ချောင်းကြည့်လိုက်ရာ စိတ်ဓာတ်မာကျောသော သူမပင်လျှင် အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

ရန်သူ့စခန်း၏ အလယ်ဗဟိုရှိ ကွင်းပြင်ကျယ်တွင် လူ့အရိုးအသားများဖြင့် တည်ဆောက်ထားသော ယဇ်ပလ္လင်ကြီးပေါ်မှ သွေးနီရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်သို့ ဆန်တက်သွားသည်ကို တွေ့လိုက်ရသည်။

နတ်ဆရာတပည့်များစွာမှာ ယဇ်ပလ္လင်ကို ဝန်းရံကာ ထူးဆန်းသော မန္တန်များကို ရွတ်ဖတ်နေကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှာ မျက်ဝါးထင်ထင် ပိန်လှီခြောက်ကပ်သွားကာ အသက်ဓာတ်များကို ယဇ်ပလ္လင်က အတင်း စုပ်ယူနေဟန်ရသည်။

ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် နတ်ဆရာခေါင်းဆောင်မှာ နီမြန်းသော အလင်းများဖြင့် တလက်လက် တောက်ပနေသော ဦးခေါင်းခွံ တောင်ဝှေးကို ကိုင်မြှောက်ထားပြီး ရူးသွပ်နေပုံရသည်။

“မကောင်းတော့ဘူး သူတို့က သက်ရှိလူသားတွေနဲ့ သွေးယဇ်ပူဇော်နေတာပဲ … ဒါဟာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုကို ဖိတ်ခေါ်နေတာပဲ”

စူးဝမ်ချင်မှာ အလွန် ထိတ်လန့်သွားပြီး ဆက်လက်မနေရဲတော့ဘဲ အမြန်ဆုံး အရှိန်ဖြင့် ဟွမ်ဖုန်းခံတပ်သို့ ပြန်ပြေးတော့သည်။

သူမသည် ဤသတင်းကို ချင်ချန်းအား ချက်ချင်း ပြောပြရမည် ဖြစ်သည်။

သူမ လှည့်ထွက်လိုက်သည့် ခဏမှာပင်၊ လူရိုင်းမျိုးနွယ်စု စခန်းအတွင်း၌ နတ်ဆရာခေါင်းဆောင်သည် သူ၏ တောင်ဝှေးကို ယဇ်ပလ္လင်၏အလယ်သို့ အရှိန်ပြင်းပြင်း စိုက်ချလိုက်ပြီး အစွမ်းကုန် အော်ဟစ်လိုက်သည်။

“ကြီးမြတ်လှသော သွေးဘိုးဘေး ၊ အရှင့်ရဲ့ နိမ့်ကျလှတဲ့ ဒီအစေခံကြီးရဲ့ ခေါ်သံကို နားထောင်တော်မူပါ၊ နတ်ဘုရားရဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးပြီး ဒီပုရွက်ဆိတ်တွေကို ဝါးမြိုလိုက်ပါတော့”

ဝုန်း——

ယဇ်ပလ္လင်ပေါ်ရှိ ကြက်သွေးရောင်အလင်းတန်းသည် ကောင်းကင်ယံသို့ ဝုန်းခနဲ ဆန်တက်သွားပြီး ကောင်းကင်တစ်ခုလုံးကို ထူးဆန်းသော ကြက်သွေးရောင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထိုကြက်သွေးရောင်အလင်းတန်းများကြားတွင်၊ ဖော်ပြ၍မရလောက်အောင် ကြီးမားသော မိစ္ဆာအရိပ်ကြီးတစ်ခုသည် ကြကိသွေးရောင်ဝဲဂယက်၏ အလယ်ဗဟိုတွင် ဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့သည်။

All Chapters