အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း(၁၀၆)
ထိုအကြည့်မှာ “ဘာကြည့်နေတာလဲ” ဆိုသည့် စိန်ခေါ်မှုနှင့် “မြန်မြန်လစ်တော့ ငါ အိပ်ရေးပျက်တယ်” ဆိုသည့် အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
နောက်တစ်စက္ကန့်တွင် တိုက်ပွဲတစ်ခုလုံးကို ရပ်တန့်သွားစေသည့် ထူးဆန်းသော မြင်ကွင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ထိုကြီးမားလှသည့် မိစ္ဆာအရိပ်ကြီးမှာ ရှောင်ရှန်း၏ “ဘုရင်တစ်ပါးဆန်သော မထီမဲ့မြင်ပြုမှု” အကြည့်အောက်တွင် ၎င်း၏ ရှုပ်ထွေးပြီး အကြမ်းဖက်လိုသော လှုပ်ရှားမှုများမှာ ခဏတာ ရပ်တန့်သွားခဲ့သည်။
၎င်းမှာ လမ်းမပေါ်တွင် ဗိုလ်ကျနေသော လူမိုက်တစ်ယောက်သည် လမ်းထိပ်အရောက်တွင် မိမိ ရန်မစရဲသည့် ၊ မြင့်မားသော အဆင့်အတန်းရှိသည့် ဖြစ်တည်မှုတစ်ခုက မိမိကို အမှိုက်သဖွယ် အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသကဲ့သို့ပင်။
ထိုဖြစ်တည်မှုမှာ အန္တရာယ်မရှိသလို ထင်ရသော်လည်း ၊ ၎င်းထံမှ ထွက်ပေါ်လာသော ဖိနှိပ်မှုသည် မိစ္ဆာအရိပ်ကြီး၏ စိတ်ဆန္ဒအတွင်းတွင် ဗီဇအရ တန့်ခနဲ ဖြစ်သွားကာ ရှုပ်ထွေးသွားသည်။
“ဖူး——”
မြို့ပြင်ရှိ လူရိုင်းမျိုးနွယ်စု တပ်စခန်း၏ သွေးသားယဇ်ပလ္လင်ပေါ်တွင် အခမ်းအနားကို ဦးဆောင်နေပြီး ၊ မိစ္ဆာနတ်ဘုရား၏ စိတ်ဆန္ဒနှင့် ဆက်သွယ်ထားသော နတ်ဆရာခေါင်းဆောင်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး သွေးများ ပါးစပ်အပြည့် အန်ထွက်လာကာ တစ်ခဏချင်း အားအင်ချည့်နဲ့သွားသည်။
သူ၏ မျက်လုံးများမှာ ပြူးကျယ်လာပြီး၊ ဟွမ်ဖုန်းခံတပ်ဘက်ကို စိုက်ကြည့်ရင်း မျက်နှာတွင် ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
“မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး ဘယ်သူလဲ ၊ ကြီးမြတ်လှတဲ့ သွေးဘိုးဘေးရဲ့ စိတ်ဆန္ဒကို ဘယ်သူကများ နှောင့်ယှက်နိုင်မှာလဲ”
ဤခဏတာ တွန့်ဆုတ်သွားခြင်းသည် အလွန် တိုတောင်းသော်လည်း ၊ ဟွမ်ဖုန်းခံတပ် တစ်ခုလုံးကို လွှမ်းမိုးထားသော ကြောက်မက်ဖွယ် ဖိအားကြီးမှာ ရုတ်တရက် လျော့ပါးသွားသည်။
မြို့ရိုးပေါ်ရှိ သာရှစစ်သည်များမှာ မိမိတို့၏ နှလုံးသားကို ဆုပ်ကိုင်ထားသော မမြင်ရသည့် လက်ကြီးမှာ ရုတ်တရက် ပြေလျော့သွားသကဲ့သို့ ၊ သူတို့အပေါ် ဖိနှိပ်ထားသော ဖိအားများမှာလည်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
သူတို့သည် အသက်ကို အားရပါးရ ရှူသွင်းလိုက်ကြပြီး မိမိတို့၏ ခန္ဓာကိုယ်များကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြသည်။
သေဘေးမှ လွတ်မြောက်လာသည့် ဝမ်းသာမှုမှာ ချက်ချင်းပင် ရဲစွမ်းသတ္တိအဖြစ် ပြောင်းလဲသွားသည်။
“မိစ္ဆာအတတ် ... မိစ္ဆာအတတ် အားနည်းသွားပြီ”
“အရှင့်သား …ဒါ အရှင့်သားကြောင့်ပဲ”
မည်သူက မြင်သွားလေသလဲ မသိ ။ ကောင်းကင်ကို မကျေမနပ် စိုက်ကြည့်နေသော မှုန်ကုတ်ကုတ်ဖြင့် အသွင်ပုံရိပ်ကို မြင်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ လူတိုင်း၏ အကြည့်များက ရှောင်ရှန်းထံသို့ စုပြုံကျရောက်လာကြသည်။
ချင်ချန်းနှင့် စူးဝမ်ချင်တို့သည်လည်း ဤမယုံနိုင်စရာ အလှည့်အပြောင်းကို သတိပြုမိသွားကြသည်။
ချင်ချန်းမှာ စစ်ရေးအခြေအနေ ပြောင်းလဲသွားခြင်းကြောင့် အံ့သြနေခြင်း ဖြစ်ပြီး၊ စူးဝမ်ချင်မှာမူ ဤပြောင်းလဲသွားသည့် “နည်းလမ်း” ကြောင့် အံ့သြနေခြင်း ဖြစ်သည်။
သူမ၏ အေးစက်သော အကြည့်များသည် ရှောင်ရှန်းထံသို့ ရောက်ရှိနေပြီး၊ သူ၏ မျက်နှာပေါ်က “ဒါ ဘာကြီးလဲ၊ ရုပ်ဆိုးလိုက်တာ ” ဆိုသည့် ရွံရှာပြနေသော အမူအရာကို မြင်ပြီးနောက် သူမ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ပုတ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
‘ ဒါက သိုင်းပညာ မဟုတ်သလို မှော်ပညာလည်း မဟုတ်ဘူး၊ ပရိယာယ်လည်း မဟုတ်ဘူး... ဒါဟာ... ‘
‘ ပိုမြင့်မားတဲ့အရာ ၊ သူမ နားမလည်နိုင်တဲ့ နိယာမစွမ်းအားတစ်ခုပဲ..’
‘ ဒါဆို... ဒီအသုံးမကျတဲ့ အိမ်ရှေ့စံမင်းသားက တကယ်ပဲ ကံတရားက ရွေးချယ်ထားတဲ့သူလား’
ခံတပ်အပြင်ဘက်၊ မိုင်အနည်းငယ်အကွာရှိ တောင်ကုန်းထိပ်တွင်။
တံမြက်စည်းကို ဆုပ်ကိုင်ထားသော ရဟန်းအိုကြီးသည် စစ်မြေပြင်ထက်က ထူးဆန်းသော မြင်ကွင်းကို လှမ်းကြည့်ရင်း သူ၏ မျက်ဝန်းထဲ၌ ပထမဆုံးအကြိမ်အဖြစ် ကြည်လင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ ဒီကလေးက သင်ကြားရလွယ်တယ် ... ဘာမှမရည်ရွယ်ဘဲ လုပ်လိုက်တာ ဖြစ်ပေမဲ့ မဟာလမ်းစဉ်ရဲ့ အရိုးရှင်းဆုံး သဘောတရားနဲ့ ကိုက်ညီနေတယ်”
“နဂါးစွမ်းအင်တွေက ကာကွယ်ပေးထားတော့ ဘယ်မိစ္ဆာမှ မချဉ်းကပ်ဝံ့ဘူး၊ ကြည့်ရတာ ဒီကလေးရဲ့ ကံဇာတာက ငါထင်ထားတာထက်တောင် ပိုပြီး အားကောင်းတာပဲ”
မြို့ရိုးပေါ်တွင် လူတိုင်း အာရုံစိုက်မှုကို ခံနေရသော အဓိက ဇာတ်မင်းသားကြီး ရှောင်ရှန်းမှာ နောက်ထပ် တစ်ချက် ထပ်မံ သမ်းဝေလိုက်ပြီးနောက် ၊ “လောကကြီးကို တုန်ခါသွားစေသည့် ” သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
သူသည် ခေါင်းလှည့်ကာ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း သူ့ဘေးက ကိုယ်ရံတော်ခေါင်းဆောင်ကို လှမ်းမေးလိုက်သည်။
“ကြည့်ရတာ ပင်ပန်းတယ်၊ ဘယ်တော့ ထမင်းစားရမှာလဲ”
“ထမင်းစားမယ်”
ကိုယ်ရံတော်ခေါင်းဆောင်ခမျာ အိပ်ရေးမဝသဖြင့် စိတ်တိုနေသော သူတို့၏ အိမ်ရှေ့စံမင်းသားကြီး၏ မျက်နှာကို တစ်ချက်ကြည့်လိုက် ၊
ကမ္ဘာပျက်တော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ယံက မိစ္ဆာအရိပ်ကြီးကို မော့ကြည့်လိုက်နှင့် ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်နေတော့သည်။
‘ အရှင့်သား... အရှင်သားရဲ့ နှလုံးသားကြီးက အရမ်းကို ကြီးမားလွန်းပါတယ် ၊ ဒီထမင်းကို မြေကမ္ဘာမှာ မစားရဘဲ ငရဲပြည်ရောက်မှ စားရကိန်းဆိုက်နေပြီဗျ…’
သူ့အနေဖြင့် စကားလုံးတောင် ရှာမရသေးခင်မှာပင် ၊ ကောင်းကင်ယံမှ မိစ္ဆာအရိပ်ကြီးမှာ ခဏတာ တန့်သွားပြီးနောက် အမျက်ဒေါသ ချောင်းချောင်း ထွက်သွားလေတော့သည်။
၎င်းမှာ ရက်စက်ကြမ်းကြုတ်မှုမှ ပေါက်ဖွားလာသော စစ်မှန်သော ဒေါသမီးပင် ဖြစ်သည်။
ပုရွက်ဆိတ်ကဲ့သို့သော သတ္တဝါတစ်ဦး၏ “မထီမဲ့မြင်” အကြည့်ဖြင့် စိုက်ကြည့်ခံလိုက်ရခြင်းမှာ ဤမိစ္ဆာနတ်ဘုရား၏ စိတ်ဆန္ဒအတွက်တော့ မည်သို့မှ သည်းမခံနိုင်သော စော်ကားမှုကြီးပင် ဖြစ်သည်။