← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း(၁၀၈)

မြို့ပြင်ရှိ လူရိုင်းမျိုးနွယ်စု တပ်စခန်း၏ သွေးသားယဇ်ပလ္လင်ပေါ်တွင်။

“ဖူး——”

အခမ်းအနားကို ဦးဆောင်သူအဖြစ် မိစ္ဆာနတ်ဘုရား၏ စိတ်ဆန္ဒနှင့် ဆက်သွယ်ထားသော နတ်ဆရာမှာ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ပေးခြင်းကို ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်မှာ ကွေးညွတ်သွားပြီး ၊ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ ပါဝင်သော သွေးမည်းများကို ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။

သူနှင့်အတူ ယဇ်ပူဇော်ပွဲတွင် ပါဝင်ခဲ့သည့် အားအင်ကုန်ခမ်းနေသော တပည့်များမှာလည်း နောက်ဆုံးတွင် အသက်ဓာတ် ကုန်ခမ်းသွားသကဲ့သို့ မြေပေါ်သို့ လဲကျကာ အသက်ငင်နေကြသည်။

နတ်ဆရာခေါင်းဆောင်မှာ မျက်လုံးများ ပြူးကျယ်စွာဖြင့် ဟွမ်ဖုန်းခံတပ်ဘက်ကို စိုက်ကြည့်နေပြီး ၊ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုနှင့် ဝေခွဲမရမှုများသာ ကျန်တော့၏။

သူ၏ သတိမလွတ်ခင် နောက်ဆုံး အတွေးမှာ..

‘ဒါ... တကယ်တော့ ဘာလဲ’

ဟွမ်ဖုန်းခံတပ်ရှိ စစ်သည်တော်အားလုံး၏ တုန်လှုပ်ချောက်ချားမှု၊ အံ့အားသင့်မှု နှင့် တစ္စေသရဲကို မြင်လိုက်ရသကဲ့သို့သော အကြည့်များအောက်တွင် ၊

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ကြောက်မက်ဖွယ်ရာ မိစ္ဆာအရိပ်ကြီးမှာ နောက်ဆုံးအကြိမ်အဖြစ် မကျေမနပ် ဟောက်သံပြုပြီးနောက် လုံးဝ ဥဿုံ ပျောက်ကွယ်သွားလေ၏။

ကောင်းကင်ယံတွင် အပြည့်အဝ နေရာယူထားသော ကြကိသွေးရောင် တိမ်တိုက်ကြီးမှာလည်း မမြင်ရသော လက်ကြီးတစ်ဖက်က ဆွဲဖြဲလိုက်သကဲ့သို့ ကွယ်ပျောက်သွားသည်။

ရွှေဝါရောင် နေရောင်ခြည်သည် တိမ်တိုက်များကို ဖောက်ထွက်ကာ ထက်မြက်သော ဓားတစ်စင်းပမာ ကျရောက်လာပြီး အေးစက်သော မိစ္ဆာအငွေ့အသက်များကို အကုန်အစင် တိုက်ထုတ်ပစ်လိုက်သည်။

လောကကြီးတစ်ခုလုံး ပြန်လည် ကြည်လင်သွားခဲ့သည်။

မြို့ရိုးပေါ်မှာတော့ အပ်ကျသံကြားရလောက်အောင်ပင် တိတ်ဆိတ်နေ၏။

သေဘေးမှ လွတ်မြောက်လာသော စစ်သည်အားလုံးမှာ နေရောင်အောက်တွင် ရပ်နေသော ထိုပုံရိပ်ကို ငေးကြည့်နေကြသည်။

ဤအဖြစ်အပျက်၏ တရားခံ၊ (အတုအယောင်) ကယ်တင်ရှင်ကြီး ရှောင်ရှန်းမှာ “ဆူညံသံ ” ကို ရှင်းလင်းပြီးနောက် ကျေနပ်စွာဖြင့် သူ့လက်သူ ဖုန်ခါလိုက်သည်။

သူသည် ခေါင်းလှည့်ကြည့်လိုက်ရာ ၊ အံ့အားသင့်နေကြသော အကြည့်များကို ရင်ဆိုင်လိုက်ရသဖြင့် သူ၏ အပြစ်ကင်းစင်လှသော အပြုံးလေးဖြင့် ပြုံးရယ်ပြလိုက်သည်။

“နောက်ဆုံးတော့ တိတ်ဆိတ်သွားပြီ”

သူသည် ကျောက်ရုပ်ဖြစ်နေသော ချင်ချန်းကို ကြည့်ကာ အတည်ပေါက် မေးလိုက်သည်။

“စစ်သူကြီးချင်... အခုဆိုရင်... ထမင်းစားလို့ ရပြီမလား”

ချင်ချန်းမှာ ပါးစပ် ဟလိုက်ပြီး မျက်နှာကြွက်သားများမှာ ပြင်းထန်စွာ လှုပ်ခါနေသော်လည်း စကားတစ်လုံးမှ ထွက်မလာခဲ့ပေ။

စူးဝမ်ချင်၏ အေးစက်သော မျက်ဝန်းထဲတွင်လည်း တုန်လှုပ်မှုများသာ ကျန်တော့၏။

သူမ၏ လက်ထဲမှ ကျောက်စိမ်းအဆောင်သည်လည်း ဘယ်အချိန်ကတည်းက မြေပေါ်သို့ ပြုတ်ကျသွားခဲ့လဲ မသိ။ သူမသည် ရှောင်ရှန်းကိုသာ စူးစိုက်ကြည့်နေသည်။

“လစ်တော့” ဆိုသည့် စကားတစ်ခွန်းတည်းဖြင့် မိစ္ဆာနတ်ဘုရား၏ အရိပ်ကို ဖျက်ဆီးပစ်လိုက်သော ဤအသုံးမကျသည့် အိမ်ရှေ့စံမင်းသားကို ကြည့်ရင်း ၊ သူမ၏ ရင်ထဲတွင် လှိုင်းထန်လို့နေသည်။

…..

ခံတပ်အပြင်ဘက်၊ မိုင်အနည်းငယ်အကွာရှိ တောင်ကုန်းထိပ်တွင်။

တံမြက်စည်းကို ကိုင်ထားသော ရဟန်းအိုမှာ စစ်မြေပြင်တွင် တိမ်တိုက်များ ကင်းစင်သွားသည့် မြင်ကွင်းကို ကြည့်ပြီးနောက် ၊ သူ၏ မျက်ဝန်းတစ်စုံတွင် ကြည်လင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာလေ၏။

သူသည် အနာဂတ်တွင် ထူးခြားသော အရာတစ်ခုကို မြင်လိုက်ရသည့်အလား စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“သာမန်လူသား ခန္ဓာကိုယ်နဲ့ နတ်ဘုရားရဲ့ အမှုကိစ္စတွေကို ဆောင်ရွက်တယ်... ကံတရားကို ခဏ ချေးသုံးတာ ဆိုပေမဲ့လည်း တကယ်ကို ဩချရပါပေတယ်”

သူသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

“သာရှတိုင်းပြည်ကြီးရဲ့ ကံကြမ္မာက... တကယ်ပဲ ဒီကလေးတစ်ယောက်တည်းပေါ်မှာ တည်ရှိနိုင်ပါ့မလား”

သူ၏ အကြည့်မှာ မိုင်ပေါင်းများစွာကို ဖြတ်သန်းလျက် ရှောင်ရှန်းထံသို့ ကျရောက်နေသည်။

အတိအကျ ပြောရလျှင် သူ၏ မျက်ခုံးနှစ်ခုကြားတွင် လျှပိတပြတ် ဝင်းလက်သွားသော၊ မည်သူမှ သတိမထားမိလိုက်သည့် ထူးဆန်းသော တံဆိပ်အမှတ်အသားပေါ်သို့ ဖြစ်သည်။

ရဟန်းအိုကြီး၏ မျက်နှာပေါ်က အပြုံးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး၊ တစ်ခါမှမရှိဖူးသော လေးနက်မှု နှင့် သံသယများ အစားထိုး ဝင်ရောက်လာခဲ့သည်။

“အဲဒီ အမှတ်အသားက... မဟုတ်မှလွဲရော... ဒဏ္ဍာရီထဲက... အဲဒီအရာလား”

…..

ဟွမ်ဖုန်းခံတပ်၏ မြို့ရိုးထက်တွင် အချိန်ကာလမှာ ရပ်တန့်သွားသကဲ့သို့ ရှိနေသည်။

ချင်ချန်း၏ ရင့်ကျက်လှသော မျက်နှာပေါ်ရှိ ကြွက်သားများမှာ ပြင်းထန်စွာ လှုပ်ခါနေသည်။

“ထမင်း... စားမယ်”

သူသည် ထိုစကားလုံးနှစ်လုံးကို ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်ရသည်။

ထိုအခိုက်အတန့်မှာပင် ၊ မြို့ပြင်ရှိ လူရိုင်းတပ်စခန်းအတွင်းမှ ခရာမှုတ်သံ ထွက်ပေါ်လာသည်။

၎င်းမှာ တိုက်စစ်ဆင်သည့် အချက်ပြသံ မဟုတ်ဘဲ ဆုတ်ခွာသည့် အချက်ပြသံပင် ဖြစ်သည်။

မိစ္ဆာနတ်ဘုရား၏ အရိပ်မှာ စကားတစ်ခွန်းတည်းဖြင့် မောင်းထုတ်ခံလိုက်ရပြီး ၊ အဓိက ထောက်တိုင်များဖြစ်သော နတ်ဆရာများလည်း အလဲလဲ အပြိုပြို ဖြစ်သွားခဲ့ခြင်းက လူရိုင်းမျိုးနွယ်စု တပ်သားများ၏ စိတ်ဓာတ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သလိုပင်။

ကြောက်ရွံ့မှုများမှာ ကပ်ရောဂါကဲ့သို့ ပျံ့နှံ့သွားသည်။ တစ်လောကလုံးကို ဗိုလ်ကျစိုးမိုးနိုင်မည့် သွေးဘိုးဘေး အရိပ်ကြီးမှာ အငွေ့ပျံ ပျောက်ကွယ်သွားသည်ကို မြင်ပြီးနောက် သူတို့၏ နောက်ဆုံး တိုက်ပွဲဝင်စိတ်ဓာတ်မှာလည်း ပြိုလဲသွားလေတော့သည်။

All Chapters