← Chapters

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆။ ပါရမီရှင် ပြန်လာပြီ

"ဒီနှစ်တွေတစ်လျှောက်လုံး လူသားတစ်ယောက်အနေနဲ့ ကျင့်ကြံခြင်းလောကမှာ လှည့်လည်သွားလာနေခဲ့တာပါ"

"သူတို့ကတော့ အဲ့ဒီမှာခင်ခဲ့တဲ့ သူငယ်ချင်းကောင်းတွေပေါ့"

မူလလူသားပုံစံသို့ ပြန်ပြောင်းလိုက်သော အစ်ကိုကြီးချန်က ဤသို့ပြောလိုက်သည်။ သူက လူသားပုံစံသို့ ရဲရဲဝံ့ဝံ့ပြန်ပြောင်းလိုက်သည်ကို မြင်သောအခါ မိစ္ဆာဘုရင် ရှောင်ကွန်းနှင့် အခြားသူများမှာ လုံးဝမစိုးရိမ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်ပင် ဤပေါက်ကရစကားများကို ယုံကြည်လုနီးပါး ဖြစ်သွားသောကြောင့်ပင်။ အကယ်၍ ဂိုဏ်းချုပ်ကျန်းသာ နဂါးမျိုးနွယ်စုအကြောင်း တစ်ခါမျှမပြောခဲ့ဖူးဘဲ လမျိုးနွယ်စု သွေးမျိုးဆက်ကိုလည်း မပိုင်ဆိုင်ထားပါက၊ သူသည် လူသားလောကတွင် ပုန်းအောင်းနေသော နဂါးတစ်ကောင်ဖြစ်သည်ဟု ထင်မိကြလိမ့်မည်။

"ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်..."

ဆင့်ကျိက သူ့ကို ထပ်တလဲလဲ ချီးကျူးလိုက်သည်

"မင်းက တကယ်ကို ငါတို့မျိုးနွယ်စု သမိုင်းတစ်လျှောက်မှာ နံပါတ်တစ်ပါရမီရှင်ပဲ။ မင်းရဲ့ပင်ကိုယ်အရည်အချင်းက ထူးချွန်ရုံတင်မကဘူး၊ မင်းက ဉာဏ်ကောင်းပြီး ထက်မြက်သေးတယ်"

"အကယ်၍ မင်းသာ ရန်သူတွေကြားထဲမှာ မင်းရဲ့ မိုးပြာနဂါး အစစ်အမှန်ခန္ဓာကိုယ်နဲ့ လှုပ်ရှားခဲ့ရင် မင်းက ဝိုင်းသတ်ခံရတာကြာလှပြီ"

"ဒါဟာ ငါတို့မျိုးနွယ်စုအတွက် အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်သွားမှာပဲ..."

အစ်ကိုကြီးချန်မှာ ဆင်ခြေများပင် လုပ်ကြံပြောရန် မလိုတော့ဘဲ၊ နဂါးအိုကြီး ဆင့်ကျိကပင် သူ့အတွက် ကြိုတင်တွေးတောပေးလိုက်သည်။

"ဒါနဲ့၊ ကျွန်တော်က လူသားမျိုးနွယ်စုဘက်မှာ ဂိုဏ်းတစ်ခုလည်း တည်ထောင်ခဲ့သေးတယ်"

"တပည့်တော်တော်များများလည်း လက်ခံထားပြီးတော့၊ ဒီတစ်ခေါက် သူတို့ကိုပါ တစ်ခါတည်း ခေါ်လာခဲ့တာ"

"မိုးပြာနဂါး မျိုးနွယ်စုရဲ့ နယ်မြေက သူတို့ကို အခြေချပေးဖို့ လုံလောက်ပါ့မလားလို့ သိချင်နေမိတယ်"

နဂါးအိုကြီးက သူ့ကို ဝေခွဲမရသော အမူအရာဖြင့် ကြည့်လိုက်ပြီးမှ ဟားတိုက်ရယ်မောလိုက်သည်။

"သူက ငါတို့နယ်မြေက လုံလောက်ပါ့မလားလို့ တကယ်ပဲ မေးနေတာလား"

ယီခုန်းနှင့် ရှောင်ချုန်းတို့ကလည်း အသံကျယ်ကြီးဖြင့် ရယ်မောကြသည်။ ဆင့်ချုံးကမူ လိုရင်းကိုသာ ပြောသည်

"လုံလောက်တယ်"

နောက်ဆုံးတွင် သူက တစ်ခုခု ထပ်ဖြည့်ပြောသင့်သည်ဟု ထင်ပုံရကာ

"လူ ဘယ်လောက်ပဲများများ၊ အဆင်ပြေတယ်" ဟု ဆိုသည်။

ဤရိုးရှင်းသော စကားတစ်ခွန်းဖြင့် ရွှမ်ကျီရုပ်ပုံအတွင်းရှိ လူတိုင်းသည် ယခုအခါ တရားဝင်အဆင့်အတန်းတစ်ခု ရရှိသွားလေပြီ။ ၎င်းမှာ ပုံစံကိုးမျိုး မိုးပြာနဂါးတစ်ကောင်၏ သြဇာအရှိန်အဝါပင်။

"မျိုးနွယ်စုထဲက ကလေးတွေကတော့ မင်းပြန်လာပြီဆိုတာကြားတော့ အရမ်းပျော်နေကြတာ"

"အားလုံးက မင်းကို အမြန်ဆုံးတွေ့ချင်နေကြတယ်"

နဂါးမျိုးနွယ်စုဆီသို့ ပြန်သွားသော လမ်းခရီးတွင် နဂါးအိုကြီးဆင့်ကျိမှာ သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်သေးပေ။

"ရွှေနဂါးမျိုးနွယ်စုက အောက်ရန်ကို လက်ခံရရှိထားလို့ နှစ်ပေါင်းများစွာ ဝင့်ကြွားနေခဲ့တာ။ အခု ငါတို့ မိုးပြာနဂါး မျိုးနွယ်စုက ပိုပြီး အထင်ကြီးစရာကောင်းတဲ့ ဆင့်ချန်းကို လက်ခံရရှိထားပြီဆိုတော့ သူတို့ဘာပြောဦးမလဲ ကြည့်ရသေးတာပေါ့"

"မင်းတို့ နှစ်ယောက်လုံးက အောက်လောကက လာတာဆိုတော့၊ သူ့အကြောင်းကြားဖူးလား"

"ကြားဖူးတာပေါ့"

အစ်ကိုကြီးချန်က စိတ်ထဲမှတွေးလိုက်သည်မှာ...

ကြားဖူးရုံတင်မကဘဲ သူနဲ့က တော်တော်လေးကို ရင်းနှီးတာပါ။ ရွှေနဂါးဘုရင် ဆိုတာက အရင်တုန်းက ငါ့ရဲ့အားပေးအဖွဲ့ထဲက အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦးပဲလေ။

"ဟူး... အောက်လောကက ပါရမီရှင်တစ်ယောက်ထက် ပိုထွက်လာနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မထင်ခဲ့မိဘူး"

"အဲ့ဒီတုန်းက အင်မော်တယ်တွေနဲ့ မိစ္ဆာတွေက အင်မော်တယ်လောကကို ရိုက်ချပြီး အထက်ကိုတက်မယ့်လမ်းကြောင်းကို ပိတ်ဆို့လိုက်တုန်းကသာ ငါတို့ ဒါကိုသိခဲ့ရင်၊ အဲ့ဒီဆုံးဖြတ်ချက်ကို ငါတို့ သဘောတူခဲ့မှာ မဟုတ်ဘူး"

အစ်ကိုကြီးချန် စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်

"အဲ့ဒီတုန်းက ဟင်းလင်းပြင်အင်မော်တယ်လောကကို ရိုက်ချခဲ့တာက အင်မော်တယ်လောကတစ်ခုလုံး စုပေါင်းလုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလား"

"မဟုတ်ဘူး၊ အဲ့ဒါကို အင်မော်တယ်တွေနဲ့ မိစ္ဆာတွေက ဦးဆောင်ခဲ့တာ"

ဤစကားကြောင့် မိစ္ဆာဘုရင် ရှောင်ကွန်း၊ ဝူကျွယ်နှင့် အခြားသူများပင် အံ့အားသင့်သွားကြသည်။

"အထက်အင်မော်တယ်လောကမှာ စုစုပေါင်း နယ်မြေခြောက်ခုရှိတာလေ။ သူတို့က နှစ်ခုတည်းပဲရှိတာကို၊ ကျန်တဲ့လေးခုကို ဘယ်လိုကျော်ဖြတ်ပြီး ဒီလိုအရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာလဲ"

ယီခုန်းက

"ဘာလို့လဲဆိုတော့ အင်မော်တယ်တွေနဲ့ မိစ္ဆာတွေက အလုံးစုံခွန်အားမှာ အတောင့်တင်းဆုံး ဖြစ်နေလို့ပဲ"

ရှောင်ချုန်းကလည်း ခါးခါးသီးသီးဆိုသည်။

"ဝန်မခံချင်ပေမဲ့လည်း၊ အဲ့ဒီမျိုးနွယ်စုနှစ်ခုသာ ပူးပေါင်းလိုက်ရင် ကျန်တဲ့နယ်မြေလေးခု စုပေါင်းထားတာထက်တောင် ပိုအားကောင်းတယ်"

"ကံကောင်းတာက အင်မော်တယ်တွေနဲ့ မိစ္ဆာတွေက မွေးရာပါရန်သူတွေ ဖြစ်နေလို့ပဲ။ သူတို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ရင်တောင် အဲ့ဒါက အလွန်ရှားတယ်"

"မဟုတ်ရင် အထက်အင်မော်တယ်လောကကို သူတို့သိမ်းပိုက်ပြီးတာ ကြာလှပြီ"

ဒါကြောင့်ကိုး။

အစ်ကိုကြီးချန်ကတော့ သိပ်ပြီးမအံ့သြမိပေ။ အောက်လောကကနေ တက်လာတဲ့သူတွေကို ပြန်စဉ်းစားကြည့်ရင် လူသားကျင့်ကြံသူတွေက သုံးပုံနှစ်ပုံမက ရှိနေတာပဲ။ လူသားအဆင့်တက်လာသူတွေ ဒီလောက်များပြားနေတော့ သူတို့က အင်မော်တယ်လောကမှာ လွှမ်းမိုးတဲ့ အင်အားစု ဖြစ်လာတာက သဘာဝကျပါတယ်။

ဆင့်ကျိနှင့် ယီခုန်းတို့က သူသည် အချိန်အတော်ကြာ ဝေးကွာနေသဖြင့် နဂါးမျိုးနွယ်စုအကြောင်း သိပ်မသိသည်ကို မြင်သောအခါ၊ လမ်းခရီးတစ်လျှောက်တွင် နဂါးမျိုးနွယ်စု၏ လက်ရှိအခြေအနေကို အကျဉ်းချုပ် ရှင်းပြကြ၏။ နဂါးအမျိုးအစားများစွာရှိသည့်အနက် ဧကရာဇ်မျိုးနွယ်စုကြီးသုံးခုက အမြင့်မြတ်ဆုံးဖြစ်သည်။ ထိုဧကရာဇ်မျိုးနွယ်စုသုံးခု၏အောက်တွင် လက်အောက်ခံ နဂါးမျိုးနွယ်စုနှစ်ခုစီရှိရာ မိုးပြာနဂါးမျိုးနွယ်စု၏ လက်အောက်ခံများမှာ တောင်ပံပါနဂါးနှင့် နဂါးနက်တို့ ဖြစ်ပြီး၊ နဂါးပြာ၏ လက်အောက်ခံများမှာ ယင်နဂါးနှင့် တိမ်နဂါးတို့ဖြစ်၏။

ရွှေနဂါး၏ လက်အောက်ခံများမှာ ဖယောင်းနဂါးနှင့် မီးနဂါးတို့ ဖြစ်ကြသည်။ ဤလက်အောက်ခံ နဂါးမျိုးနွယ်စုခြောက်ခုကို နဂါးမျိုးနွယ်စုအတွင်း အထက်တန်းစား သွေးမျိုးဆက်များအဖြစ် သတ်မှတ်သည်။ ထို့ပြင် လီနဂါး၊ ကျောက်နဂါး၊ ချိုးနဂါးနှင့် ပန်နဂါးကဲ့သို့သော အောက်တန်းစားသွေးမျိုးဆက် နဂါးမျိုးနွယ်စုများစွာရှိပြီး ၎င်းတို့အားလုံးသည်လည်း အဓိကမျိုးနွယ်စုကြီသုံးခု၏အောက်တွင် ရှိကြသည်။

နဂါးမျိုးနွယ်စုသည် ရှေးခေတ်ကာလများတွင် လွှမ်းမိုးနိုင်ခဲ့သည်။ ထိုအချိန်က နဂါးဧကရာဇ်သုံးပါးမှာ အရှိန်အဟုန်နိယာမကိုထိန်းချုပ်သော မိုးပြာနဂါးဧကရာဇ်၊ ရေနိယာမကို ထိန်းချုပ်သော နဂါးပြာဧကရာဇ်နှင့် သတ္တုနိယာမကို ထိန်းချုပ်သော ရွှေနဂါးဧကရာဇ်တို့ဖြစ်ကြသည်။ သူတို့တွင် ဧကရာဇ်တစ်ပိုင်းအဆင့် လက်အောက်ခံရာပေါင်းများစွာရှိခဲ့ပြီး အများစုမှာ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ရှိခဲ့ကြ၏။ နှမြောစရာကောင်းသည်မှာ အချိန်ကာလများ ပြောင်းလဲသွားခဲ့ခြင်းပင်။ လူသားမျိုးနွယ်စု တဖြည်းဖြည်းထွန်းကားလာသည်နှင့်အမျှ နဂါးများစွာ အသတ်ခံခဲ့ရပြီး သူတို့၏အဆင့်အတန်းမှာလည်း ပြင်းထန်စွာ စိန်ခေါ်ခံခဲ့ရသည်။

နောက်ဆုံးတွင် သူတို့ တဖြည်းဖြည်းဆုတ်ခွာခဲ့ကြရသည်။ ယနေ့ခေတ်တွင် မိုးပြာနဂါးဧကရာဇ်တစ်ပါးတည်းသာ နဂါးမျိုးနွယ်စု၏မျက်နှာကို ထိန်းထားနိုင်တော့သည်။ နဂါးပြာဧကရာဇ်နှင့် ရွှေနဂါးဧကရာဇ်တို့မှာမူ လွန်ခဲ့သောနှစ်ဘီလီယံရာချီကပင် ကံဆိုးမိုးမှောင်ကျခဲ့ကြ၏။ ယခုအခါ မိုးပြာနဂါးမျိုးနွယ်စုဘက်တွင် ဆင့်ကျိနှင့် ဆင့်ချုံးဟူသော ဧကရာဇ်တစ်ပိုင်းနှစ်ပါးက တာဝန်ယူထားကြသည်။ မျိုးနွယ်စုအတွင်း မိုးပြာနဂါးဘုရင်အဆင့်ရှိသူ အယောက်နှစ်ဆယ်ကျော်ရှိသော်လည်း အများစုမှာ ပုံစံခြောက်မျိုး သို့မဟုတ် ငါးမျိုးသာ ရှိကြပြီး ဤဘဝတွင် နောက်ထပ် အဆင့်တက်ရန် မျှော်လင့်ချက် မရှိသလောက်ပင်။

တောင်ပံပါနဂါးနှင့် နဂါးနက် အုပ်စုကြီးနှစ်ခုတွင်လည်း ဧကရာဇ်တစ်ပိုင်း နှစ်ပါး သုံးပါးစီ ရှိကြသည်။ ဤကဲ့သို့သော အင်အားကို အားနည်းသည်ဟု ခေါ်ဆိုပါက လွန်ကဲရာရောက်လိမ့်မည်။ သို့သော် နဂါးမျိုးနွယ်စု၏ ယခင်အဆင့်အတန်းနှင့် နှိုင်းယှဉ်ပါကမူ တကယ်ပင် မဝံ့ကြွားနိုင်ပေ။ ဝူကျိဂူဗိမာန်မှာပင် အင်မော်တယ်ဧကရာဇ်သုံးပါး ရှိနေသည်မဟုတ်လော...

အစ်ကိုကြီးချန်ပေါ်လာပြီးနောက် သူတို့ အလွန်အမင်း စိတ်လှုပ်ရှားပြီး ဝမ်းသာနေကြသည်မှာ မဆန်းပေ။ သူတို့သည် သူ့ကို မိုးပြာနဂါးမျိုးနွယ်စု ပြန်လည်ရှင်သန်လာစေရန် အကြီးမားဆုံးမျှော်လင့်ချက်အဖြစ် အပြည့်အဝမှတ်ယူထားကြသည်။

အတုမရှိပါရမီရှင်တစ်ဦး မိုးပြာနဂါးဘက်သို့ ပြန်လာပြီဟူသော သတင်းသည် နဂါးမျိုးနွယ်စု တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွား၏။ ရွှေနဂါးချိုင့်ဝှမ်းတွင်ရှိသည့် အမျိုးမျိုးသော နဂါးမျိုးနွယ်စုများကလည်း ထိုအကြောင်းကို ဆွေးနွေးနေကြသည်။

"မိုးပြာနဂါးဘက်မှာ ပုံစံကိုးမျိုးပါတဲ့သူ တကယ်ပေါ်လာတာလား"

"နဂါးဧကရာဇ်တစ်ပါးမှာမှ ပုံစံကိုးမျိုးရှိနိုင်တာ မဟုတ်ဘူးလား"

"ဒါက အရမ်းလွန်လွန်းနေတာ မဟုတ်ဘူးလား"

"ငါ ဘာလို့ ယုံရခက်နေတာလဲ"

"အတိအကျပဲ၊ ဒါက အတုကြီးဖြစ်နေနိုင်မလား"

"အတုပဲ ဖြစ်ရမယ်။ မိုးပြာနဂါးမျိုးနွယ်စု ဆုတ်ယုတ်လာတာ နှစ်ပေါင်းဘီလီယံချီနေပြီ။ မကြာခင်က အောက်ရန်ပြန်လာတာက သူတို့ကို ပြင်းပြင်းထန်ထန် လှုံ့ဆော်လိုက်ပုံရတယ်"

"ဒါကြောင့် သူတို့က ပုံစံကိုးမျိုးပါတဲ့ မိုးပြာနဂါးဆိုပြီး လုပ်ကြံဖန်တီးလိုက်တာပဲဖြစ်မှာ"

"စဉ်းစားကြည့်ရင် ဖြစ်နိုင်တယ်။ ဆင့်ချန်းဆိုတဲ့သူက ဧကရာဇ်တစ်ပိုင်းတောင် မဖြစ်သေးဘူးလို့ ပြောကြတယ်လေ။ ပုံစံကိုးမျိုးနေနေသာသာ ခုနစ်မျိုးရှိတယ်ဆိုရင်တောင် အရမ်းလွန်နေပြီ"

ဆွေးနွေးမှုအများစုမှာ မယုံကြည်ခြင်းများသာ။

နဂါးချိုင့်ဝှမ်းအပြင်ဘက်ရှိ တောင်နက်ကြီးတစ်ခုတွင် လူတစ်စုသည်လည်း ထိုသတင်းကို ရရှိခဲ့ကြသည်။

"စီနီယာအစ်မကျိ၊ အကြီးအကဲမို၊ ကျွန်တော်တို့ စုံစမ်းသိရှိရပါပြီ"

"အောက်လောကကနေ တက်လာတဲ့ အတုမရှိပါရမီရှင်တစ်ယောက် မိုးပြာနဂါးဘက်ကို ရောက်နေတာပါ"

ပြောနေသူမှာ အခြားသူမဟုတ်ဘဲ အရင်က အစ်ကိုကြီးချန်၏ဘေးတွင် အရည်အချင်းအရှိဆုံး မြှောက်ပင့်သူဖြစ်ခဲ့ဖူးသော ရှန်ထိုက်ဖြစ်သည်။ ယခုအခါ သူသည် နဝမအဆင့် မိစ္ဆာဘုရင် ဖြစ်နေလေပြီ။ နှစ်ပေါင်းသန်းတစ်ရာ ကုန်လွန်သွားခဲ့သော်လည်း သူ၏ရုပ်သွင်မှာ ပြောင်းလဲခြင်းမရှိ၊ သို့သော် စိတ်နေစိတ်ထားမှာမူ အလွန်ကွဲပြားသွားလေပြီ။ ချောက်နက်ကြီးတစ်ခု သို့မဟုတ် တောင်ကြီးတစ်ခုကဲ့သို့ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအားများသည် သူ့ပတ်ဝန်းကျင်တွင် ဝဲလှည့်နေပြီး သူ့ကို မိစ္ဆာဘုရင် ရှောင်ကွန်းထက်ပင် ပိုမိုအစွမ်းထက်ပုံ ပေါက်စေသည်။

ရှောင်ကွန်းသည် နယ်မြေတစ်ခု၏ခေါင်းဆောင် ဖြစ်လာနိုင်ခဲ့သဖြင့် သူ၏ ပင်ကိုယ်အရည်အချင်း ထူးချွန်သည်မှာမှန်သော်လည်း၊ ရှန်ထိုက်မှာမူ အစ်ကိုကြီးချန်၏အစွမ်းဖြင့် အဆင့်မြှင့်တင်ပေးခြင်းခံခဲ့ရပြီး ပထမတန်းစားအရည်အချင်းဖြစ်သော ခရမ်းရွှေ မိစ္ဆာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ သူ ယခုအချိန်အထိ ဧကရာဇ်တစ်ပိုင်းမဖြစ်သေးခြင်းမှာ အလွန်ပျင်းရိနေသောကြောင့်ဟု သတ်မှတ်နိုင်သည်။

"အတုမရှိပါရမီရှင် ဟုတ်လား"

မိုချန်က မျက်ခုံးပင့်လိုက်ပြီး...

"သူက ဘယ်လိုနည်းနဲ့ ပါရမီရှင် ဖြစ်နေတာလဲ"

ဟု မေးသည်။ ရှန်ထိုက်၏ နောက်တွင်ရှိနေသော ဝေမြောင်က လေးနက်သောအသံဖြင့် ဆိုလိုက်သည်။

"ပုံစံကိုးမျိုး မိုးပြာနဂါးတဲ့"

"ဘာ..."

အင်မော်တယ်မို သာမက ကျိလင်းဟန်ပင် မတ်တတ်ရပ်လိုက်မိသည်။ သူတို့သည် နဂါးမျိုးနွယ်စုတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြသဖြင့် ပုံစံကိုးမျိုး မိုးပြာနဂါးတစ်ကောင်၏ အရေးပါမှုကို ကောင်းစွာနားလည်၏။ သို့သော် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ကျိလင်းဟန် ပြန်ထိုင်လိုက်သည်။

"ဟူး... သူက ဘယ်လောက်ပဲ ပါရမီရှိနေပါစေ၊ ငါတို့နဲ့တော့ ဘာမှမသက်ဆိုင်တော့ပါဘူး"

"အထူးသဖြင့် ငါတို့က မိုးပြာနဂါး မျိုးနွယ်စုနဲ့ မရင်းနှီးဘူးလေ"

"အပြစ်တင်မခံရအောင် နောက်မှ ဂုဏ်ပြုဖို့ လူတစ်ယောက် လွှတ်လိုက်တာပေါ့"

All Chapters