← Chapters

ဆရာကတော်

Vol. 6 Ch. 58

ဆရာကတော်

Vol. 6 Ch. 58

“အိုး”

မုရွှယ် မျက်တောင်ခတ်လိုက်သည်၊၊ သူမ စကားမှားသွားသည်ကို သိလိုက်ရသောအခါ မျက်နှာအနည်းငယ် ဖြူဖျော့သွားသည်၊၊

“အဲဒါက လျှို့ဝှက်ချက်ပါ၊၊ ဘယ်သူ့ကိုမှ မပြောပါနဲ့”

ဘေးတွင် ထိုင်နေသော ဘူဒိုဇာက မျက်မှောင်ကြုတ်လိုက်သည်၊၊

“ကမ်းလှမ်းချက်တောင် မလုပ်ရသေးဘူး၊၊ ကိုယ့်ကိုယ်ကို ဖော်ထုတ်လိုက်တာပဲ၊၊ တာအိုဆရာဝမ်က တကယ်ကို ဉာဏ်ကောင်းတယ်၊၊ ဒါနဲ့ မင်းတို့ နှစ်ယောက်က တစ်ခါမှ မဆုံဖူးတာကို မင်း ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ၊၊ မင်းက အရမ်း စိတ်လောလွန်းတယ်”

မုရွှယ်က ဘူဒိုဇာကို မျက်စောင်းထိုးကြည့်လိုက်သည်၊၊ ဘူဒိုဇာက သူ၏ မရှိသလောက်ဖြစ်နေသော လည်ပင်းကို ကျုံ့လိုက်ပြီး လိမ္မာသော ဝက်ဝံတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်၊၊

ဝမ်ရှန်းက ရယ်မောလိုက်သည်၊၊

“စိတ်မပူပါနဲ့၊၊ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး”

“ဒါဆို တော်သေးတာပေါ့”

မုရွှယ်က ဖုန်းကို ထုတ်ယူလိုက်ပြီး သက်ပြင်းချကာ စိတ်ပြန်တင်းလိုက်သည်၊၊

“ဘာပဲဖြစ်ဖြစ် ရှင်က ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပြီဆိုတော့ ကျွန်မလည်း နှုတ်နဲ့ ချီးကျူးစကား ပြောပြီးပြီဆိုတော့..”

ဒါပဲလား၊ သူတို့ ပြန်ကြတော့မှာလား…၊၊

ဝမ်ရှန်းက သူတို့ကို ပြန်လိုက်ပို့ရန် ထရပ်တော့မည့်အချိန်တွင် မုရွှယ်က ဆက်ပြောလိုက်သည်၊၊

“ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကို ဆက်သွားရအောင်… ဒီဖုန်းရဲ့ ကုဒ်က သုည ခြောက်လုံးပါ၊၊ ခဏလောက် စောင့်ပေးပါ၊၊ တစ်ယောက်ယောက်က Video Call ခေါ်ပါလိမ့်မယ်”

သူမက ဖုန်းကို စားပွဲပေါ်တွင် တင်ထားခဲ့ပြီး ဘူဒိုဇာနှင့်အတူ ထရပ်လိုက်သည်၊၊

သူမက လေးနက်စွာ သတိပေးလိုက်သည်၊၊

“ကျွန်မတို့ အပြင်မှာ စောင့်နေပါ့မယ်၊၊ ကပ္ပတိန်နဲ့ စကားပြောပြီးရင် ကျွန်မတို့ကို ပြန်ခေါ်လိုက်ပါ”

သူမက ‘ကပ္ပတိန်’ ဟူသော စကားလုံးကို ထင်ထင်ရှားရှားနှင့် ရည်ရွယ်ချက်ရှိရှိ ပြောသွားသောကြောင့် ဝမ်ရှန်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်၊၊

ဒါဆို ငါက အထူးဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြီးအကဲနဲ့ စကားပြောရတော့မှာလား…၊၊

၎င်းတို့၏ ကပ္ပတိန်မှာ အတော်လေး နာမည်ကြီးသူ ဖြစ်သည်၊၊ အနာဂတ်တွင် ၎င်းတို့သည် ကျင့်ကြံခြင်းလောကတွင် တကယ့် အာဏာရှိသူများ ဖြစ်လာလိမ့်မည်၊၊ ကိုယ်တိုင်ကျင့်ကြံသူမဟုတ်သော်လည်း တာအိုအစဉ်အလာ အများအပြား၏ ကံကြမ္မာကို လွှမ်းမိုးနိုင်သော အာဏာရှိလိမ့်မည်၊၊

စိတ်ထဲတွင် မေးခွန်းများစွာဖြင့် ဝမ်ရှန်းလည်း ရေမွှေးနံ့သင်းသင်းလေး ကျန်ရှိနေသော ဖုန်းကို ကောက်ကိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်၊၊

မိနစ်အနည်းငယ်ကြာပြီးနောက် ဖုန်းတုန်ခါလာပြီး ဗီဒီယိုကောလ်တစ်ခု ဝင်လာသည်၊၊

သူက ဖုန်းဖြေလိုက်သောအခါ မျက်နှာပြင်ပေါ်တွင် ကျယ်ဝန်းသော ရုံးခန်းတစ်ခု ပေါ်လာသည်၊၊ ပြတင်းပေါက်ကြီး၏ အပြင်ဘက်တွင် မြို့ပြ၏ မီးရောင်စုံများက တောက်ပနေပြီး အဝေးတွင် မြစ်ကြီးတစ်စင်းက ငွေရောင်ကြိုးတစ်မျှင်ကဲ့သို့ တောက်ပနေသည်၊၊

ပြတင်းပေါက်ရှေ့တွင် ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်၊၊ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်၊၊

သူမက လက်ပိုက်ကာ အဝေးကို ငေးကြည့်ရင်း အတွေးထဲ နစ်နေပုံရသည်၊၊ ထိုအချိန်တွင် နောက်မှ တစ်စုံတစ်ယောက်က ခေါ်လိုက်သည်၊၊

“ဥက္ကဋ္ဌ၊ ဗီဒီယိုကော ဆက်သွယ်မိပါပြီ”

“အင်း”

ထိုအမျိုးသမီးက ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်၊၊ ဝမ်ရှန်း၏ မျက်မှောင်က ပထမတွင် တွန့်သွားသော်လည်း နောက်တွင် မျက်လုံးများ ပြူးကျယ်သွားသည်၊၊ သူက ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်ပြီး သူမကို စိုက်ကြည့်နေမိသည်၊၊

နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူသည် တကယ်ကို အံ့သြသွားရသည်၊၊

အနှစ် ၂၀ ရှိခဲ့ပြီဖြစ်သော်လည်း သူမက အခုထိ…

အဟမ်း၊၊

သူမသာ ပြာဖြစ်သွားခဲ့လျှင်တောင် ဝမ်ရှန်း မှတ်မိချင်မှ မှတ်မိမည်ဖြစ်သော်လည်း သူ၏ ဆရာကတော့ သေချာပေါက် မှတ်မိလိမ့်မည်၊၊

သူ တောင်ပေါ်ရောက်သည့် ပထမဆုံးနှစ် ချုံးယန်ပွဲတော်အတွင်း သူ၏ဆရာက အရက်မူးနေပြီး ဓာတ်ပုံတစ်ပုံကို ထုတ်ပြခဲ့သည်၊၊ သူမ၏ မျက်နှာသွင်ပြင်၊ အမူအရာနှင့် မျက်လုံးများမှာ ထိုဓာတ်ပုံထဲက လူဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ၊၊

“ဆရာကတော်လား”

ဝမ်ရှန်း လွှတ်ခနဲ မေးလိုက်မိသည်၊၊

ထိုအမျိုးသမီးက သူမ၏ လှပသော မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်၊၊ တစ်ခုခုပြောတော့မည့်ပုံ ပေါ်သော်လည်း ပင်ပန်းနွမ်းနယ်မှုနှင့် ဝမ်းနည်းမှုများကို မဖုံးကွယ်နိုင်ဘဲ သက်ပြင်းသာ ခပ်တိုးတိုးချလိုက်သည်၊၊

အနည်းငယ် ရိုင်းပျရာကျမည်ဟု ထင်ရသော်လည်း ဝမ်ရှန်း ပထမဆုံး သတိပြုမိသည်မှာ ကပ္ပတိန်၏ သူမကိုယ်လုံးပေါ်တွင် လျော့တိလျော့ရဲဖြစ်နေသော အဝတ်အစားများနှင့် ပင်ပန်းနွမ်းနယ်ကာ ဝမ်းနည်းရိပ်သန်းနေသော အမူအရာကြားမှ ထွက်ပေါ်နေသည့် သိမ်မွေ့သော ဆွဲဆောင်မှုပင် ဖြစ်သည်၊၊

သူမသည် အနည်းဆုံး အသက်လေးဆယ်ကျော်အရွယ် ရှိပုံရပြီး ကျင့်ကြံသူတစ်ဦး မဟုတ်သည်မှာ ထင်ရှားပေသည်၊၊ သို့သော်လည်း သူမကိုယ်သူမ အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားလေသည်၊၊ အသားအရေဖြူဝင်းပြီး လှပကာ ကျော့ရှင်းသူတစ်ဦး ဖြစ်သည်၊၊

သူမကဲ့သို့ သန်မာထက်မြက်ပြီး မည်သည့်အရာကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိပုံရသော အမျိုးသမီးများက သူတို့၏ နုနယ်သော အားနည်းချက်ကို ထုတ်ပြလိုက်သည့်အခါမျိုးတွင် အခြားသူများ၏ စိတ်နှလုံးကို အလွယ်တကူပင် လှုပ်ခတ်သွားစေနိုင်သည်၊၊

“မင်းဆရာနဲ့ ငါ့ရဲ့ ပတ်သက်မှုကို ပြန်မပြောချင်တော့ဘူး၊၊ မင်းအနေနဲ့ အန်တီလို့ပဲ ခေါ်နိုင်ပါတယ်”

ကပ္ပတိန်၏ လေသံမှာ အနည်းငယ် ဝမ်းနည်းနေပုံရသည်၊၊

“မင်းကို အကူအညီတစ်ခုတောင်းချင်တယ်၊၊ တောင်ပေါ်ပြန်ရောက်တဲ့အခါ မင်းရဲ့ ဆရာကို ငါ့ကိုယ်စား စကားတစ်ခွန်းပါးပေးနိုင်မလား… တကယ်လို့ သူက သူ့သမီးကို ဂရုစိုက်သေးတယ်ဆိုရင် ငါ့ကို အမြန်ဆုံး လာတွေ့ပေးဖို့ ပြောပေးပါ”

ဆရာ့သမီး ဟုတ်လား၊၊ အခြားဓာတ်ပုံတစ်ပုံထဲမှ မိန်းကလေးငယ်ကို သတိရသွားပြီး ဝမ်ရှန်း ချက်ချင်းပင် စိတ်ဝင်စားသွားသည်၊၊ ဒါဆိုရင် အဲဒီမိန်းကလေးက သူ့ရဲ့ ဂျူနီယာညီမလေး ဖြစ်လာမှာပေါ့…၊၊

အဟမ်း၊၊

ဆရာကတော်၏ လေသံအရ ကြည့်ရလျှင် သူ၏ဂျူနီယာညီမလေးက တစ်စုံတစ်ရာကြောင့် ဒုက္ခရောက်နေပုံရသည်၊၊

“အန်တီ တကယ်တော့ ဆရာကတော်လို့ ခေါ်ရတာက ကျွန်တော့်အတွက် ပိုအဆင်ပြေပါတယ်၊၊ ဒါနဲ့ သူမ ဘာဖြစ်လို့လဲ… ကျင့်ကြံသူအချို့က နှောင့်ယှက်နေလို့လား၊၊ ကျွန်တော် အခုပဲ ဆရာ့ဆီ ဖုန်းဆက်လိုက်မယ်၊ ခဏလောက် စောင့်ပေးပါ”

ကပ္ပတိန် ဘာမှပြန်မပြောနိုင်ခင်မှာပင် ဝမ်ရှန်း က ဖုန်းကို ထုတ်လိုက်သည်၊၊ သူက စဉ်းစားပေးသည့်အနေဖြင့် စပီကာကို ဖွင့်ကာ အသံကို အဆုံးထိ မြှင့်လိုက်သည်၊၊

သူ့ဇနီးက သူ့ကို ဆက်သွယ်လာကြောင်း ကြားရသည့်အခါ ဆရာ့၏ လေသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်သွားပြီး မသေချာသော အမူအရာမျိုးဖြစ်သွားလိမ့်မည်ဟု ဝမ်ရှန်း စိတ်ကူးကြည့်နေမိသည်၊၊ အနှစ် ၂၀ ကြာ အိပ်ပျော်နေခဲ့သော အချစ်ဇာတ်လမ်းကို ပြန်လည်အသက်သွင်းရန် သူ စိတ်ကူးယဉ်နေခဲ့သည်၊၊

သို့သော်လည်း သူ၏ ထင်မြင်ချက်ကို လွဲချော်စေပြီး ယဉ်ကျေးသော အလိုအလျောက် အသံသွင်းထားသည့် မက်ဆေ့ခ်ျတစ်ခုကသာ သူ့ကို ကြိုဆိုခဲ့သည်၊၊

—လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့် နောက်မှ ပြန်လည်ခေါ်ဆိုပေးပါ…

ထိုအချိန်တွင် ဝမ်ရှန်းလည် သူ၏စီနီယာအစ်မ ပြောခဲ့သည်ကို ပြန်လည်သတိရသွားသည်၊၊ သူ၏ဆရာသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ကျုံးနန်တောင်တွင် ကျင့်ကြံနေပြီ ဖြစ်သည်၊၊

ဘာလို့ ဒီလိုအချိန်မှ ဖြစ်ရတာလဲ…၊၊

ပထမဆုံးအနေနဲ့ ဝမ်ရှန်းသည် ကျင့်ကြံခြင်းအတွက် လှပသော စီနီယာနှင့် ပထမဦးဆုံးအချစ်ကို လက်လွှတ်ခဲ့ရသည်၊၊ အခုတော့ သူ၏ဆရာကလည်း ကျုံးနန်တောင်တွင် ကျင့်ကြံနေသဖြင့် ပြန်လည်သင့်မြတ်မည့် အခွင့်အရေးကို လွဲချော်သွားပြန်ပြီ၊၊

ငါတို့ဂိုဏ်းတစ်ခုလုံးမှာ ထာဝရ Fa ဖြစ်မယ့် ကံပါလာပုံရတယ်…

ဝမ်ရှန်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ကုတ်လိုက်သည်၊၊

“ဆရာကတော်၊၊ ကျွန်တော့်ဆရာက နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် အခု ကျင့်ကြံနေတယ်ထင်တယ်၊၊ သူ အခု တောင်ပေါ် ရောက်နေလောက်ပြီ”

ဆရာကတော်၏ မျက်နှာမှာ သိသိသာသာစိတ်ပျက်ရိပ်များဖြင့် ပြည့်နှက်သွားသည်၊၊ သူမက ကုလားထိုင်တွင် ပြန်မှီလိုက်ပြီး အတွေးထဲ နစ်သွားသည်၊၊ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း စုပုံလာခဲ့သော ဖိအားများနှင့် မောပန်းနွမ်းနယ်မှုများက သူမကို ဝါးမြိုသွားပြီး တည်ငြိမ်သော အသွင်အပြင်ကို ပျက်ပြားသွားစေသည်၊၊

“ဒါကို ပြောသင့်မပြောသင့်တော့… ကျွန်တော် မသိဘူး… ဆရာကတော်၊၊ ဒါပေမဲ့ ကျွန်တော့်ဆရာနဲ့ သူ့မိသားစုက ကျွန်တော့်အပေါ် တကယ်ကို ကောင်းခဲ့ကြတာပါ၊၊ တကယ်လို့ ဆရာကတော်နဲ့ ကျွန်တော့် ဂျူနီယာညီမလေးမှာ အခက်အခဲ တစ်ခုခုရှိနေရင် ကျွန်တော့်ကို ပြောပြပါ၊၊ ကျွန်တော်က ဆရာ့လောက် အစွမ်းမထက်ပေမဲ့ တတ်နိုင်သလောက်တော့ ကူညီပေးပါ့မယ်”

ထိုအမျိုးသမီးက ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်၊၊

“မင်းဆရာကို ဆက်သွယ်လို့ရမယ့် တခြားနည်းလမ်း မရှိတော့ဘူးလား”

သူမ၏ လေသံမှာ ဝမ်ရှန်းအပေါ် သံသယရှိနေပုံရသည်၊၊

ဝမ်ရှန်း ခဏမျှ စဉ်းစားလိုက်သည်၊၊

“ကျွန်တော် စီနီယာအစ်မဆီ သွားကြည့်လိုက်ပါ့မယ်၊၊ ဆရာကတော် စိတ်မပူပါနဲ့”

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ရှန်းလေး”

“စိတ်မပူပါနဲ့… ဆရာကတော်၊၊ကျွန်တော် သူမဆီကို ရောက်ရင် ပြန်ပြောပေးပါ့မယ်”

ဆယ်မိနစ်ခန့် ကြာပြီးနောက်၊၊

ကျွီ၊၊

ရှေးဟောင်း သစ်သားတံခါးကြီး ပွင့်သွားသည်၊၊ အပြာရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဝမ်ရှန်းက သူ၏ ဓားကို ကိုင်ဆောင်ကာ ထွက်လာသည်၊၊

နံနက်ခင်း မြူနှင်းများက ညင်သာစွာ လွင့်မျောနေပြီး ကျေးလက်တောရနံ့ သင်းသင်းလေးကို ဆောင်ယူလာသည်၊၊ လီအိမ်တော်သည် ပျက်စီးနေသော်လည်း အနီးနားရှိ ဝါးရုံတောကြီးများကမူ ၎င်း၏ သဘာဝအလှကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်၊၊

လတ်ဆတ်သော လေပြေတိုက်ခတ်လာသောကြောင့် ဝမ်ရှန်း စိတ်လက်ပေါ့ပါးသွားသည်၊၊ သို့သော်လည်း ကပ္ပတိန်၏ အကူအညီတောင်းမှုကို ပြန်လည်သတိရလိုက်သည့်အခါ သူ၏ စိတ်အခြေအနေက ချက်ချင်း ပြန်၍ လေးလံသွားပြန်သည်၊၊

အနီးနားတွင် ထိုင်နေကြသော မုရွှယ်နှင့် ဘူဒိုဇာတို့လည်း ချက်ချင်းပင် ထရပ်လိုက်ကြသည်၊၊ သူတို့၏ မျက်လုံးများတွင် စပ်စုလိုစိတ်များ ပြည့်နှက်နေသည်၊၊

သူတို့၏ ကပ္ပတိန်က နာမည်ကျော် ဓားသမားကြီးကို အဖွဲ့ထဲဝင်ရန် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီလား…၊၊

“ရော့”

ဝမ်ရှန်းက ဖုန်းကို မုရွှယ်ထံ ပြန်ပေးလိုက်သည်၊၊ သူမက ခဏမျှ တွေဝေနေပြီးမှ ဖုန်းကို ယူလိုက်သည်၊၊

သူ၏ မျက်နှာပေါ်မှ အနည်းငယ် တည်ကြည်နေသော အမူအရာကို သတိပြုမိသွားသောအခါ သူမသည် ဝမ်ရှန်းနှင့် ကပ္ပတိန်တို့၏ စကားဝိုင်းအပေါ် ပို၍ပင် စပ်စုချင်လာမိသည်၊၊

မုရွှယ် တစ်စုံတစ်ခု မပြောနိုင်ခင်မှာပင် သူမနှင့် ဘူဒိုဇာ ကိုင်ဆောင်ထားသော ကတ်ပြားများက တုန်ခါလာပြီး တာဝန်သစ်တစ်ခု ရောက်ရှိလာကြောင်း အသိပေးလိုက်သည်၊၊

ဝမ်ရှန်းက ၎င်းတို့ကို ဂရုမစိုက်ပေ၊၊ ကပ္ပတိန်က မည်သည့်အမိန့်မျိုး ပေးလိမ့်မည်ကို သူ အသေအချာ ခန့်မှန်းနိုင်သည်၊၊ ၎င်းမှာ မုရွှယ်နှင့် ဘူဒိုဇာတို့က သူ၏တာဝန်တွင် ဝိုင်းဝန်းကူညီပေးရန်ပင် ဖြစ်လိမ့်မည်၊၊

ယခုကဲ့သို့ အရေးကြီးသောအချိန်တွင် သူ၏ဆရာ ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် သူ တစ်ခါမှ မဆုံဖူးသော ဂျူနီယာညီမလေး… သူမဘက်တွင် ပြဿနာတစ်ခုခု ရှိနေပုံရသည်၊၊

Telegram Channel- https://t.me/wanshang68

All Chapters