ပျောက်ဆုံးနေသော ဂျူနီယာညီမလေး
Vol. 6 Ch. 60
“စိတ်မကောင်းပါဘူး၊၊ တာအိုဆရာဝမ်က ကျွန်မတို့ရဲ့ နောက်ထပ်စစ်ဆင်ရေးမှာ လိုက်ပါကူညီပေးရမှာမို့ပါ”
မုရွှယ်က လေသံနှိမ့်ကာ ပြောလိုက်သည်၊၊
“အငြိုးကြီးဝိညာဉ်အမှုက မပြီးပြတ်သေးတာမို့ အားလုံးပဲ ပူးပေါင်းဆောင်ရွက်ပေးပြီး လီအိမ်တော်ထဲမှာပဲ နေပေးကြပါ”
သူမရဲ့ ကိုယ်လုံးက သေးငယ်သော်လည်း လီမိသားစုဝင်များသည် ရှေ့ကို တစ်လှမ်းတောင် မတိုးရဲကြပေ။ အနီးရှိ ရပ်ထားသည် ရဲကားတံခါးများ ပွင့်လာပြီး ယူနီဖောင်းဝတ် ရဲအရာရှိနှစ်ယောက်သည် လီအိမ်တော်၏ အပေါက်ဝတွင် လုံခြုံရေးယူရန် အပြေးအလွှားရောက်လာကြသည်။
အမှုဖြစ်ပွားပြီးနောက်ပိုင်း ကိစ္စရပ်များကို တာဝန်ယူခဲ့သည့် ဖူအိုက်က အနားယူဖို့ ရဲစခန်းသို့ ပြန်သွားပြီဖြစ်သဖြင့် ထိုအရာရှိနှစ်ယောက်က သူ့နေရာတွင် ခေတ္တအစားဝင်ပြီး စောင့်ကြည့်စစ်ဆေးဖို့ ရောက်လာကြခြင်းပင်၊၊ ဖူအိုက်သည် ရဲမင်းကြီး၏ ချီးကျူးဂုဏ်ပြုမှုကိုလည်း ရရှိထားသောကြောင့် မကြာခင် ရာထူးတက်ဖို့ အလားအလာရှိနေသည်။ သူ မိုးသောက်ချိန်မှာ ထွက်ခွာသွားစဥ်က အလွန်တက်ကြွနေခဲ့သည်။
အရာရှိနှစ်ယောက်က အနည်းငယ်စိုးရိမ်စိတ်နဲ့ မုရွှယ်နားကို ချဉ်းကပ်လာသည်၊၊
“ကျွန်တော်တို့ကို ဘယ်နေရာမှာ တာဝန်ပေးချင်ပါလဲဗျ”
သူတို့သည် အဖွဲ့အစည်းချင်းမတူသလို ရာထူးချင်းလည်း နှိုင်းယှဉ်လို့မရပေမဲ့ သူတို့ပိုင်ဆိုင်ထားသည် လုပ်ပိုင်ခွင့်အာဏာက အဆမတန်ကွာခြားလှသည်။
မုရွှယ်က ညင်သာစွာ ပြုံးလိုက်သည်၊၊
“ရထားတဲ့ အမိန့်အတိုင်းသာ ဆောင်ရွက်ပါ”
ထို့နောက် သူမသည် နှုတ်ဆက်သည့်အနေနှင့် ယဥ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်ပြီး လီမိသားစုဝင်တစ်ယောက် ကိုင်ထားသည့် လင်ဗန်းကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည်။
“မိန်းကလေးမု”
လီရှီရှန်းက အားနည်းသည့် အသံနဲ့ လှမ်းခေါ်လိုက်သည်၊၊
“ကျေးဇူးပြုပြီး… တာအိုဆရာလေးဝမ်ရှန်းကို ဒါလေး လက်ခံပေးဖို့ ပြောပေးပါဦး... ဒါဟာ ကျွန်တော်တို့ရဲ့ သေးငယ်တဲ့ ကျေးဇူးတုံ့ပြန်မှုလေးပါ”
မုရွှယ်က ပြန်မဖြေပေ။ လီမိသားစုဝင်များ နောက်မှ လိုက်ရန် ကြိုးစားလိုက်သည်နှင့် အရာရှိနှစ်ယောက်က တစ်ပြိုင်နက်တည်း ရှေ့ကို တက်လာပြီး လမ်းပိတ်လိုက်ကြသည်။ အရာရှိတစ်ယောက်က ယဉ်ကျေးသော်လည်း ပြတ်သားစွာ ပြောလိုက်သည်၊၊
“စိတ်မကောင်းပါဘူး ခင်ဗျားတို့ရဲ့ လုံခြုံရေးအတွက် အိမ်ဝင်းထဲကနေ အပြင်မထွက်ဖို့ တောင်းဆိုပါရစေ၊၊ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ”
အပေါက်ဝမှာ ရဲကားတစ်စီးသာ ရပ်ထားသော်လည်း လီအိမ်တော်သို့ ဦးတည်နေသည် လမ်းသွယ်တိုင်းတွင် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များက နေရာယူထားကြပြီးဖြစ်သည်။ မုရွှယ်က အနောက်ကို ပြန်လှည့်ကြည့်ပြီး အရာရှိများကို သတိပေးလိုက်သည်၊၊
“ကျွန်မတို့ဆီက လူစားလဲမယ့်သူတွေ နောက်နာရီဝက်လောက်ဆို ရောက်လာပါလိမ့်မယ်၊၊ အဲဒီအချိန်ထိ အခြေအနေကို ထိန်းသိမ်းပေးထားပါ၊၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
အရာရှိနှစ်ယောက်က ယဉ်ကျေးစွာ ပြုံးပြလိုက်ကြသည်။ “အားမနာပါနဲ့ဗျာ”
“ခင်ဗျားတို့လည်း ပြေးလွှားနေရတာပဲ၊၊ ဒါက ကျွန်တော်တို့ တတ်နိုင်တဲ့ တာဝန်ပါ”
နောက်တစ်ယောက်က ဖြည့်ပြောသည်။
လီမိသားစုဝင်များသည် ဘေးမှာ ရပ်ရင်း မုရွှယ် တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို သူတို့ ကြည့်နေကြသည်။ အနီးတွင် ရှိနေသည့် ကျိုးရင်လောင်က ခေါင်းကို ကုတ်ရင်း ရယ်ကျဲကျဲဖြစ်နေသည်။ ဝမ်ရှန်းက သူ့ကို ပေးသည့် ငွေကြေးအမြောက်အမြားကို ငြင်းပယ်လိုက်တာကြောင့် ကျိုးရင်လောင်လည်း သူ့ဝေစုကို ယူဖို့ ခက်ခဲနေခြင်း ဖြစ်သည်။
ဝမ်ရှန်း၏ အကြောင်းကို ပိုသိလာတာနဲ့အမျှ သူ့ရဲ့ ဂျူနီယာညီလေးက ဘာကြောင့် ဤမျှများပြားတဲ့ ဆုလာဘ်ကို ငြင်းပယ်ရသလဲဆိုသည်ကို ကျိုးရင်လောင် နားလည်လာသည်။ သူတို့၏ ဆရာများက ဝူတန်းတောင်ပေါ်မှာ လေ့ကျင့်နေစဉ်အတွင်း လိုအပ်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးထားသောကြောင့် ချမ်းသာကြွယ်ဝမှုသည် သူတို့အတွက် အသုံးမဝင်လှပေ။
မုရွှယ်က ကားတံခါးဖွင့်လိုက်တဲ့အချိန်တွင် ကျိုးရင်လောင်က ရုတ်တရက် နဖူးကို လက်နဲ့ ရိုက်ကာ လှမ်းအော်လိုက်သည်၊၊
“ညီလေးဝမ်… ငါ့ကို ဝူတန်းတောင်မှာ ချပေးခဲ့လို့ ရမလား”
ကားထဲ၌ ဝမ်ရှန်းက မုရွှယ်ကို ကြည့်လိုက်မိသည်၊၊
“အဆင်ပြေပါ့မလား”
သူမက ချက်ချင်းပဲ မျက်နှာအမူအရာ ပျော့ပျောင်းသွားပြီး နွေးထွေးစွာ ပြောလိုက်သည်၊၊
“ရတာပေါ့၊၊ အခုပဲ ရှင့်စီနီယာအစ်မကို သွားကြိုရမှာဆိုတော့ အဆင်ပြေပါတယ်”
ဝမ်ရှန်း ကားပေါ်က ဆင်းပြီး ကျိုးရင်လောင် ကို လက်ယပ်ခေါ်လိုက်သည်၊၊
“သွားရအောင် စီနီယာအစ်ကို”
ကျိုးရင်လောင်လည်း သက်ပြင်းချရင်း စိတ်အေးသွားသည်။ လီရှီဝူက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ရင်လောင်… မင်းလည်း အခုပဲပြန်တော့မလို့လား”
လီရှီဝူ၏ စူးရှသောအကြည့်များကို ရှောင်ရင်း ကျိုးရင်လောင်က ပြန်ဖြေသည်၊၊
“ကျွန်တော် တောင်ပေါ်ပြန်ပြီး ကျင့်ကြံရမယ် ဆရာဦးလေး၊၊ ကျွန်တော်က ဂျူနီယာညီလေးဝမ်ရဲ့ နောက်မှာ အများကြီးကျန်ခဲ့ပြီ ဒါက မဖြစ်သင့်ဘူး။ ကျွန်တော့်ရဲ့ ဆုလာဘ်ဝေစုကိုတော့ ဝူတန်းတောင်ကို အလှူငွေအနေနဲ့ လှူပေးလိုက်ပါ၊၊ လီမိသားစုဝင်တွေလည်း ဘေးကင်းကျန်းမာပြီး ပျော်ရွှင်ကြပါစေ… အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်”
ကျိုးရင်လောင်က ဂါရဝပြုနှုတ်ဆက်ပြီး အရာရှိနှစ်ယောက်ကို ကျော်ဖြတ်ကာ ဂျစ်ကားဆီကို အပြေးအလွှားသွားလိုက်သည်။ မုရွှယ်က ဝမ်ရှန်း၏ ဘေးခုံတွင် နေရာယူထားသောကြောင့် ကျိုးရင်လောင်က ရင်းနှီးသောအမူယာနဲ့ ရှေ့ခုံမှာ ဝင်ထိုင်လိုက်ပြီး ဘူဒိုဇာကို ပြုံးပြနှုတ်ဆက်လိုက်သည်။
“ညီလေးဝမ်…. ငါတို့ အရင်ဆုံး အပန်းဖြေစခန်းကို ဝင်ပြီး ပစ္စည်းတွေ သွားယူကြရအောင်”
ကျိုးရင်လောင်က အကြံပြုသည်။ ဘူဒိုဇာ၏ မျက်လုံးတွေ တောက်ပသွားသည်။ သူ ဘာကို တွေးနေသည်ကို မသိသော်လည်း သူ့မျက်နှာပေါ်မှာ နက်ရှိုင်းသောအပြုံးတစ်ခုပေါ်လာသည်။
ဂျစ်ကားလေးသည် လီအိမ်တော်၏ ရှေးဟောင်းဝင်းတံခါးကြီးကို အနောက်မှာ တဖြည်းဖြည်း ချန်ထားရစ်ခဲ့သည်။
ကားနောက်ခန်းတွင် မုရွှယ်က
“ကျွန်မတို့ရဲ့ ကပ္ပတိန်က အမြန်လာဖို့ တိုက်တွန်းနေတယ်၊၊ ဒါပေမဲ့ ကျွန်မဆီကို တိကျတဲ့ ညွှန်ကြားချက်တွေတော့ မရောက်သေးဘူး၊၊ တာအိုဆရာဝမ်ရှန်း ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး တစ်ခုခုသိထားတာရှိရင် ပြောပြလို့ ရမလား”
ဝမ်ရှန်း အနည်းငယ်တွေဝေသွားသည်။ သူက ဒီစစ်ဆင်ရေးက သူ့၏ ဂျူနီယာညီမလေးကို ကယ်တင်ဖို့ဟု ပြောလိုက်ရင် သူတို့ရဲ့ ကပ္ပတိန်က ကိုယ်ရေးကိုယ်တာကိစ္စအတွက် အာဏာကို အလွဲသုံးစားလုပ်နေသလားဆိုသည် မေးခွန်းများဖြစ်လာနိုင်ပြီး ဒါက သူမ၏ အလုပ်အကိုင်ကို ထိခိုက်နိုင်လေသည်။
ထို့ကြောင့် သူက နောက်ထပ်လုပ်ဆောင်မယ့် အဆင့်များကိုသာ အကျဉ်းချုပ်ပြောပြလိုက်သည်။
“ကျွန်တော်တို့ တက္ကသိုလ်တစ်ခုကို သွားပြီး လူတွေကို လှည့်ဖြားထိန်းချုပ်နေတဲ့ ကျင့်ကြံသူတစ်စုကို နှိမ်နင်းကြမယ်၊၊ ပြီးတော့ အဲဒီမှာပိတ်မိနေတဲ့သူတချို့ကိုလည်း ကယ်ထုတ်ကြမယ်”
မုရွှယ်၏ မျက်လုံးလေးများ တောက်ပစွာ ပြုံးလိုက်ပြီး သူ့ကို ကြည့်သည်။ သူမ ထပ်ပြီး မမေးတော့ပေ။ ဝမ်ရှန်းလည်း ပြတင်းပေါက်အပြင်ဘက်က ဖြတ်သန်းသွားတဲ့ ရှုခင်းများကိုသာ ငေးကြည့်နေလိုက်သည်။ ဆယ်မိနစ်လောက်ကြာအောင် ပစ္စည်းတွေ ဝင်ယူပြီးတဲ့နောက် စစ်တပ်လိုင်စင်တပ်ထားသည့် လေးဘီးယက်ဂျစ်ကားသည် ဝူတန်းတောင်တန်းများဆီကို ဦးတည်ပြီး အမြန်လမ်းပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေသည်။
“ရောက်ရင် ကျွန်တော့်ကို ပြောပါဦး”
ဝမ်ရှန်းက ပြောပြီးနောက် တရားထိုင်ရန် မျက်စိမှိတ်လိုက်သည်။ ယခုကိစ္စသည် အရေးကြီးသလို မကြီးသလို ဖြစ်နေသည်။ သို့သော်လည်း ဂျူနီယာညီမလေး၏ လုံခြုံရေးအတွက် သူတို့အမြန်ဆုံးရောက်ပြီး အရာအားလုံးကို ဖြေရှင်းနိုင်မှသာ ဝမ်ရှန်းနဲ့ မုဝမ်ရွှမ်းတို့ စိတ်အေးရပေမည်။
လီအိမ်တော်မှ မထွက်ခွာခင် သူဖုန်းဆက်ပြီး အကျိုးအကြောင်းပြောထားသောကြောင့် သူ့၏ စီနီယာအစ်မသည် အခုလောက်ဆို ပစ္စည်းတွေ အကုန်သိမ်းဆည်းပြီးနေလောက်ပေပြီ။ ဝူတန်းတောင်နား ရောက်သည့်အခါမှ သူမကို ဖုန်းဆက်ပြီး တောင်တံခါးဝမှာ ဆုံဖို့ ပြောရမည်။ ပြီးမှ ဂျူနီယာညီမလေးရှိသည် တက္ကသိုလ်ကို တိုက်ရိုက်သွားကြမည်။ ကံမကောင်းတာက သူတို့၏ ဆရာနဲ့ ဆက်သွယ်လို့မရသလို ချင်ယန်ဇီက မိတ်ဆွေဟောင်းမည်သူမည်ဝါဆီကို သွားလည်လဲဆိုတာလည်း မသိရပေ။ မုဝမ်ရွှမ်းက ကျုံးနန်တောင်က တာအိုဆရာများနှင့် အကြီးအကဲတချို့ဆီသို့ မက်ဆေ့ချ်များ ပို့ခဲ့သော်လည်း အားလုံးက ချင်ယန်ဇီ သူတို့ဆီ မလာဘူးဟုသာ ပြန်ဖြေကြသည်။
ချီလင်တောင်တန်း၏ အလယ်ပိုင်းမှာရှိသည့် ကျုံးနန်တောင်သည် ကျင့်ကြံသူများအတွက် အမွန်အမြတ်ထားရာ နေရာတစ်ခုလည်း ဖြစ်သည်။ ၎င်းဒေသသည် ကျယ်ပြန့်ပြီး မြင့်မားသောတောင်များနှင့် နက်ရှိုင်းသောတောများ ပေါများလှသည်။ ချင်ယန်ဇီက တစ်နေရာရာမှာ ပုန်းကွယ်ပြီး သူ့၏ အမြုတေကို ဘယ်လိုဖွဲ့စည်းရမလဲဆိုသည်ကို စဉ်းစားနေတာလည်း ဖြစ်နိုင်သည်။ ချင်ယန်ဇီကို ရှာတွေ့ခဲ့ရင်တောင် သူတို့၏ ဆရာက ကျင့်ကြံခြင်း၏ အရေးကြီးသည့်အဆင့်ကို ရောက်နေပါက သူတို့ သွားနှောက်ယှက်မိခြင်းက ဆရာဖြစ်သူ၏ အမြုတေဖွဲ့စည်းမှုဖြစ်စဉ်ကို ပျက်စီးစေပြီး ပြန်ပြင်လို့မရသည့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပေသည်။
တစ်ဖက်မှာလည်း သူတို့၏ ဂျူနီယာညီမလေးသည် ရှုပ်ထွေးသည့် အခြေအနေများနဲ့ ရင်ဆိုင်နေရသည်။ ခေတ္တမျှ ဆွေးနွေးပြီးနောက် ဝမ်ရှန်းနဲ့ မုဝမ်ရွှမ်းတို့ ဆယ်စက္ကန့်မျှ တိတ်ဆိတ်သွားခဲ့ကြသည်။ ပြီးနောက် နှစ်ယောက်သား တစ်ပြိုင်နက်တည်း “သွားကြစို့” ဟု ပြောလိုက်ကြသည်။ ချင်ယန်ဇီ၏ တစ်ဦးတည်းသော သမီး—သူတို့၏ ဂျူနီယာညီမလေးကို သူတို့ကိုယ်တိုင်ကာကွယ်ပေးကြရမည်။
ဝမ်ရှန်းက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ဆရာကတော်ဆီ အကြောင်းကြားသည့်အခါ သူမက အတော်လေးတွေဝေသွားသည်။ သူမက ချင်ယန်ဇီ၏ တပည့်များကို ကိုယ်ရေးကိုယ်တာနဲ့ ရုံးကိစ္စများ ရောထွေးနေသည့်အထဲသို့ မဆွဲသွင်းချင်ပေ။ သို့သော်လည်း အသစ်ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ အရည်အချင်းရှိတဲ့သူတွေ လိုအပ်နေသေးသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဝမ်ရှန်းနဲ့ မုဝမ်ရွှမ်းတို့သည် မော်ရှန်းတောင်တွင် ပြုလုပ်ခဲ့သည့် နှီးနှောဖလှယ်ပွဲတုန်းက သူတို့၏ အရည်အချင်းကို သက်သေပြခဲ့ပြီးသားဖြစ်သည်။ မိနစ်အနည်းငယ်လောက် စဉ်းစားပြီးနောက် သူမလည်း သူတို့၏ အကူအညီကို လက်ခံလိုက်ပြီး သူမရဲ့ လုပ်ပိုင်ခွင့်ကို သုံးကာ သူတို့ကို အပြည့်အဝပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့သည်။
အထက်လူကြီးများဆီက အပြစ်ပေးခံရတာ ဒါမှမဟုတ် သူမ၏ ရာထူးကနေ ပြုတ်သွားတာမျိုးဖြစ်ရင်တောင် သူမသည် သမီးဖြစ်သူ၏ လုံခြုံရေးကိုသာ အလေးထားပေမည်။ မိခင်တစ်ယောက်က သားသမီးများကို ကာကွယ်သည့်အခါတွင် သူတို့၏ ခွန်အားများက နူးညံ့မှုထက် အမြဲပင် ပို၍ သာလွန်နေတတ်သည်။ မိနစ်အနည်းငယ်သာ စကားပြောခဲ့သော်လည်း ၎င်းသည် ဝမ်ရှန်းအတွက် ကပ္ပတိန်အပေါ် ကောင်းမွန်သည့်အမြင်ဖြစ်ပေါ်စေဖို့ လုံလောက်ပေသည်။ သူမသည် သူတို့၏ ဆရာထက်တောင် ပိုပြီး အားကိုးထိုက်တယ်လို့ သူ ခံစားလိုက်ရသည်၊၊ နည်းနည်းလောက်ပေါ့…၊၊
Telegram Channel- https://t.me/wanshang68