← Chapters

အခန်း ၄၃၀

Vol. 29 Ch. 430

အခန်း ၄၃၀

Vol. 29 Ch. 430

အခန်း (၄၃၀) - လမ်းခွဲကြခြင်း အပိုင်း (၂)

~တတိယမြောက် နန်းတော်သခင်က ဆုမိုအား ရှုတည်တည် ကြည့်ကာ ပြောလိုက်သည်။

"ငါက ဒီလောက်တောင် အများကြီး ရှင်းပြနေတာကို မင်းက စကားလေးခွန်းတည်းနဲ့ ပြန်ဖြေတယ်ပေါ့လေ"

"ဒါက... ဒီ ဂျူနီယာ အနေနဲ့ ဘာဆက်ပြောရမှန်း မသိတော့လို့ပါဗျာ"

"ထားလိုက်ပါတော့လေ"

တတိယမြောက် နန်းတော်သခင်က ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။

"ထျန်းချူမြို့က ဓားပြိုင်ပွဲ ဆိုတာက အလွန်တရာ အရေးပါတဲ့ ကိစ္စရပ်တွေ ပါဝင်ပတ်သက်နေနိုင်တယ်... ဒါကြောင့် မင်းတစ်ယောက်တည်း သွားရမှာ မဟုတ်ဘူး... ဇီယီ လည်း သွားဖို့ လိုအပ်တယ်... သူက အခု ဖီးနစ် မဟာမိတ်အဖွဲ့ ရဲ့ အဋ္ဌမမြောက် ခေါင်းဆောင် ဖြစ်လာပြီ ဆိုမှတော့... ငါ့လက်အောက်က သာမန် တပည့်ငယ်လေး တစ်ယောက်အနေနဲ့ ဆက်နေလို့ မရတော့ဘူးလေ"

"ဒီလို ကိစ္စတွေကို သူ ပိုပြီး မျက်မြင်ကိုယ်တွေ့ လေ့လာသင်ယူဖို့ လိုအပ်တယ်... ဒါကလည်း ဒီတစ်ခေါက် သူ့ကို မဖြစ်မနေ ပြန်ခေါ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ"

"အကြောင်းရင်းတွေထဲက တစ်ခု ဟုတ်လား"

ဆုမို တစ်ယောက် အံ့အားသင့်သွားသည်။ အခြား မည်သည့် အကြောင်းရင်းများ ရှိနေသေးသနည်းဟု မေးမြန်းရန် ဟန်ပြင်လိုက်ပြီးမှ သူ၏ နှုတ်ခမ်းများကို တင်းကျပ်စွာ ပိတ်ချလိုက်လေတော့သည်။

အခြားသော အကြောင်းရင်းများမှာ မည်သည့်အရာ ဖြစ်နိုင်ကြောင်းကို သူ ကြိုတင် ခန့်မှန်းမိသွားသောကြောင့်ပင်။

သို့ရာတွင် ဆုမို နှုတ်ဆိတ်သွားသည်က အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။

တတိယမြောက် နန်းတော်သခင်က ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းပင် ဆက်ပြောသည်။

"မှန်တယ်... သူ့ကို ပြန်ခေါ်ရတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုက မင်းနဲ့ သူ့ရဲ့ လက်ထပ်ဖို့ ကိစ္စကို ဆွေးနွေးဖို့ပဲ"

"ဒါပေမဲ့ ငါ ပြောမယ့် စကားတွေက အဘိုးကြီး ဝေ ပြောခဲ့တာတွေနဲ့တော့ မတူဘူးနော်... အဘိုးကြီး ဝေ က ဒီကောင်မလေးရဲ့ အနာဂတ်၊ ဖီးနစ် မဟာမိတ်အဖွဲ့ ရဲ့ အနာဂတ်... ပြီးတော့ သူ့ရဲ့ ရူးမိုက်တဲ့ စိတ်ကူးယဉ် အိပ်မက်တွေ အတွက် စဉ်းစားနေတာ"

"ငါ့ဘက်က ပြောရရင်တော့ စကားတစ်ခွန်းတည်းပဲ ပြောမယ်... ဇီယီ က တကယ့်ကို မိန်းကလေးကောင်း တစ်ယောက်ပါ... မင်း သူ့ကို သဘောကျရင် သူ့ကို လက်ခံလိုက်ပါ"

"..."

ဆုမို၏ နှုတ်ခမ်းများ လှုပ်ရွသွားတော့သည်။

"စီနီယာ... ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောတာကို ခွင့်လွှတ်ပါဗျာ... အခုကြည့်ရတာ စီနီယာ ရော၊ မဟာမိတ်ခေါင်းဆောင် ဝေ ပါ .. သခင်မလေး ဝေ ရဲ့ ကိုယ်ပိုင် ဆန္ဒကို နည်းနည်းလေးတောင် ထည့်မစဉ်းစားပေးကြဘူး ထင်တယ်"

"အဲဒါ အမှန်ပဲ"

တတိယမြောက် နန်းတော်သခင်က ခေါင်းညိတ်လိုက်သည်။

"မင်းက ဒီလိုမျိုး တွေးပေးတတ်လိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... အဲဒါက ငါ့ကို မင်းအပေါ် ပိုပြီးတောင် သဘောကျသွားစေပြီ"

ထိုသို့ ပြောဆိုပြီးနောက် သူမက ခေတ္တ ရပ်နားလိုက်ပြီး ရုတ်တရက် အသံမြှင့်ကာ လှမ်းခေါ်လိုက်၏။

"ဇီယီ... အထဲ ဝင်လာခဲ့"

ထိုစကားလုံးများက ဆုမိုကို လုံးဝ လန့်ဖျပ်သွားစေခဲ့သည်။

သူက တတိယမြောက် နန်းတော်သခင်ကို အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ရာ၊ ဤ ရိုင်းစိုင်းသော အဘွားကြီးက သူ့အား မျက်စိတစ်ဖက် မှိတ်ပြနေသည်ကို မြင်တွေ့လိုက်ရလေတော့သည်။

ဝေဇီယီသည် ဤမြင်ကွင်းကို လုံးဝ မသိဘဲ တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာခဲ့၏။ သူမက အနီးသို့ ချဉ်းကပ်လာပြီး ဦးညွှတ် အရိုအသေပေးလိုက်သည်။

"ဆရာ"

"အင်း"

တတိယမြောက် နန်းတော်သခင်ကလည်း တည်ကြည်လေးနက်သော အမူအရာကို ချက်ချင်း ပြန်လည် ဖမ်းယူလိုက်ပြီး ခပ်တိုးတိုး လေသံဖြင့် ဆို၏။

"ဒီနေ့ လျူဆွေဖုန်း နဲ့ တိုက်ပွဲမှာ ငါ ဒဏ်ရာ ရသွားခဲ့တယ်... ဒါကြောင့် ထျန်းချူမြို့ ကို ငါ သွားလို့ မရတော့ဘူး... ဒီတစ်ခေါက် ထျန်းချူမြို့ က ဓားပြိုင်ပွဲ အတွက် ငါ့ကိုယ်စား မင်း သွားရလိမ့်မယ်"

"ဟုတ်ကဲ့ပါ"

ဝေဇီယီက ခေါင်းညိတ်လိုက်သည်။ တပည့်တစ်ယောက် အနေဖြင့် ပေးအပ်လာသော တာဝန်များကို ထမ်းဆောင်ရမည်မှာ သဘာဝဖြစ်သဖြင့် ထွေထူးပြောဆိုနေရန် မလိုကြောင်း သူမ နားလည်ထားသည်။

ထိုအခါ တတိယမြောက် နန်းတော်သခင်က စာအိတ် နှစ်အိတ်ကို ထုတ်ယူလိုက်၏။

သူမက လက်တစ်ချက် ဝှေ့ယမ်းကာ ထိုစာအိတ်များကို ဝေဇီယီထံသို့ လှမ်းပစ်ပေးလိုက်သည်။ ဝေဇီယီက ပေါ့ပေါ့ပါးပါးပင် ဖမ်းယူလိုက်ပြီး စာအိတ်များကို တစ်ချက် ကြည့်ကာ သူမ၏ ရင်ခွင်ထဲသို့ သေချာစွာ သိမ်းဆည်းလိုက်သည်။

"တစ်စောင်က ဇီယန်ဂိုဏ်း က သွမ့်ဆုန် ဆီကို ပို့ပေးရမယ်... နောက်တစ်စောင် ကတော့ ထျန်းချူမြို့ က ဒုတိယမြောက် နန်းတော်သခင် ဆီကို သွားပေးရမယ်"

"ဟုတ်ကဲ့ပါ"

ဝေဇီယီက အမိန့်များကို နာခံကြောင်း ပြသလိုက်သည်။

"ကောင်းပြီ"

ထိုကိစ္စများကို စနစ်တကျ .. ညွှန်ကြားပြီးနောက် တတိယမြောက် နန်းတော်သခင်က လျစ်လျူရှုစွာ လက်ဝှေ့ယမ်းပြလိုက်၏။

"မင်းတို့ သွားလို့ ရပြီ... ငါ နည်းနည်း ပင်ပန်းနေလို့"

ဆုမိုနှင့် ဝေဇီယီတို့ နှစ်ဦးစလုံးက နှုတ်ဆက်ရန် ဦးညွှတ်လိုက်ကြသည်။ သို့ရာတွင် သူတို့ ဟန်ရှီး လသာဆောင် မှ ခြေလှမ်းအထွက်တွင် အသံတစ်သံက ဆုမို၏ နားထဲသို့ တိကျစွာ ဝင်ရောက်လာတော့၏။

ထိုအသံကား တတိယမြောက် နန်းတော်သခင်၏ အသံပင် ဖြစ်ပြီး၊ ၎င်း၏ အဓိပ္ပာယ်မှာ စကားလုံး အနည်းငယ်မျှသာ ပါဝင်သည်။

'သူ့ကို သေချာ စောင့်ကြည့်ထား'

သူ တစ်ခဏမျှ အံ့အားသင့်သွားပြီး တတိယမြောက် နန်းတော်သခင်ကို လှည့်ကြည့်လိုက်သော်လည်း၊ သူမသည် မည်သည့်အချိန်ကတည်းက မျက်လုံးများကို မှိတ်ထားမှန်း မသိရအောင်.. ငြိမ်သက်နေသည်ကိုသာ တွေ့လိုက်ရသည်။

ထို့နောက် တံခါးကြီးက ဘုန်းခနဲ ပိတ်သွားတော့သည်။

ဆုမိုက တိတ်ဆိတ်စွာဖြင့် စဉ်းစားခန်း ဝင်သွားသော်လည်း ထိုစကား၏ ဆိုလိုရင်းကို ချက်ချင်း နားမလည်နိုင်အောင် ဖြစ်နေသည်။

သေချာ စောင့်ကြည့်ထားရမယ် ဟုတ်လား။

ဘာကို သေချာ စောင့်ကြည့်ရမှာလဲ။

ထိုမျှမက ဒီစကားတွေကို ဘာလို့ ပွင့်ပွင့်လင်းလင်း မပြောနိုင်ရတာလဲ။

ဘာလို့ အသံဖုံးကွယ် လျှို့ဝှက်စကားပြောတဲ့ ပညာကို သုံးဖို့ လိုအပ်သွားရတာလဲ။

ဒီနေရာက လူထူထပ်တဲ့ နေရာမှ မဟုတ်တာ။

သူမက ဘယ်သူ့ရဲ့ သံသယကို ရှောင်လွှဲချင်နေတာလဲ။

ဆုမိုက ဝေဇီယီကို အလိုအလျောက် စောင်းငဲ့ကြည့်လိုက်မိသည်။ သူမ၏ တပည့်ဖြစ်သူက ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်ကြောင်းကို သူ့အား လေ့လာ အကဲခတ်ခိုင်းနေခြင်းတော့ မဖြစ်နိုင်ဟု သူ တွေးတောမိလိုက်၏။

ဝေဇီယီကလည်း ဆုမိုကို ဇဝေဇဝါ ဖြစ်စွာဖြင့် ပြန်ကြည့်လာသည်။

"ဘာလဲ... ငါ့မျက်နှာပေါ်မှာ တစ်ခုခု ပေနေလို့လား"

"..."

ဆုမိုက ဘာမှ မမြင်ရကြောင်း သဘောပေါက်သွားသည်။ သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။

"မင်း..ငါနဲ့အတူ လိုက်ခဲ့မှာလား"

"ငါ့ဘာသာငါ သွားတတ်ပါတယ်"

ဝေဇီယီ၏ စကားလုံးများထဲတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခုက အထင်အရှား ကိန်းအောင်းနေသည်။

တစ်ကြိမ် သည်းခံနိုင်သော်လည်း နှစ်ကြိမ် သည်းမခံနိုင်၊ နှစ်ကြိမ် သည်းခံနိုင်သော်လည်း သုံးကြိမ် သည်းမခံနိုင် ဟူသော စကားရှိသည် မဟုတ်ပါလော။ ယခု ဝေဇီယီ အတွက်မူ ကိစ္စရပ်များက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်နေခဲ့တော့၏။

ပထမဆုံး အဘိုးဖြစ်သူ ဝေရူဟန်က သူမအပေါ် လျှို့ဝှက်ချက်တွေ ထားခဲ့သည်။

ထို့နောက် သူမ၏ ဆရာကလည်း ဝေဝေဝါးဝါး လုပ်နေပြန်၏။

ပြီးတော့ ဆုမိုနဲ့ စကားပြောသည့် အခါတိုင်း သူမကို ကြားခွင့် မပေးခဲ့ချေ။

ထိုအရာများကို သည်းခံနိုင်သေးသည် ဆိုဦးတော့... ယခု ဆုမိုကပါ အလားတူ စကားမျိုးကို ပြောလာသည် ဟူသလော။

ရုတ်တရက်ကြီး လူတိုင်းကို အနှောင့်အယှက် ဖြစ်စေလောက်အောင် သူမ ဘာတွေများ အမှားတစ်ခုကျူးလွန် မိခဲ့လို့လဲ။

"မဟုတ်ပါဘူး... လုံးဝ မဟုတ်ရပါဘူး"

ဆုမိုက ကပျာကယာ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ ငြင်းဆိုလိုက်သည်။

"ဒါပေါ့... ငါတို့ အတူတူ ခရီးသွားကြမှာပေါ့... အတူတူ သွားကြမယ်လေ"

"ဟွန့်"

ဝေဇီယီက ဆုမိုကို မထီမဲ့မြင်ကဲ့ရဲ့ သည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်၏။

"နင်နဲ့ ငါ့ရဲ့ ဆရာ ကြားမှာ တကယ်တော့ ဘာတွေ ဖြစ်နေကြတာလဲ"

"ဒါက..."

ဆုမို တစ်ယောက် ခဏတာမျှ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရပြန်သည်။ ယခုအချိန်တွင် အရင်ကတည်းက သိကျွမ်းခဲ့သည်ဟူသော ဆင်ခြေဟောင်းကို ပြန်သုံးရန်မှာ လုံးဝ ယုံကြည်နိုင်စရာ အကြောင်း မရှိတော့ချေ။

ဝေဇီယီသည် ဆုမို၏ နှုတ်ခမ်းဖျားမှ အမှန်တရားကို ဆွဲထုတ်ရန် ဆန္ဒပြင်းပြစွာဖြင့် သူ့အား မမှိတ်မသုန်ကြည့် နေသည်။ သူမ၏ စူးရှထက်မြက်လှသော အကြည့်များအောက်တွင် ဆုမို ပင်လျှင် နောက်ဆုတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်ကို မတားဆီးနိုင်အောင် ဖြစ်နေတော့၏။

သူ လွတ်မြောက်ရာ လမ်းကြောင်းတစ်ခုကို ခေါင်းခဲမတတ် စဉ်းစား နေစဉ်မှာပင်၊ ဝေဇီယီက ဖြည်းညင်းသေချာစွာဖြင့် စကားစလိုက်သည်။

"ငါ့ဆရာ ရဲ့ အတိတ်က ချစ်သူဟောင်း ဆိုတာ..."

ဆုမို လန့်ဖျပ်သွားပြီး ဝေဇီယီကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

သို့သော် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ဝေဇီယီ၏ မျက်လုံးများ အပြူးသား ဖြစ်သွားပြီး ပြိုင်တူ လွှတ်ခနဲ အော်ဟစ်လိုက်တော့၏။

"အဲဒါ နင်လား"

"..."

ဆုမို၏ ခေါင်းထဲတွင် တဝီဝီ မြည်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဒီရှုပ်ထွေးမှုတွေက ဘာတွေများပါလိမ့်။

သူက မနေနိုင်တော့ဘဲ သူမ၏ နဖူးကို ခပ်ဖွဖွလေး ခေါက်လိုက်ရင်း မေးလိုက်သည်။

"မင်း အဲဒီလို မပြောခင် နည်းနည်းလောက် စဉ်းစားဦးလေ"

"ကောင်းပြီလေ... နင် မဟုတ်ဘူး ဆိုရင်တောင်၊ နင်နဲ့ သေချာပေါက် ပတ်သက်နေရမယ်"

ဝေဇီယီက သူမ၏ နဖူးကို နာကျင်စွာ ပွတ်သပ်ရင်း ညည်းညူလိုက်သည်။ ဆုမို၏ လက်သံက အတော်လေး ပြင်းသည်ဟု တွေးမိကာ သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်များပင် ဝဲတက်လာလေ၏။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ အများကြီးတော့ မသိဘူး... ဒါပေမဲ့ သွမ့်ဆုန် ဆိုတာ ဘယ်သူလဲ ဆိုတာကိုတော့ ငါ သိတယ်"

"ငါ့ဆရာ က ဒီလူနဲ့ ပတ်သက်ရင် အမြဲတမ်း ကြမ်းတမ်းပြတ်သားလေ့ ရှိတယ်... ဒါပေမဲ့ ဒီနေ့ နင့်ရှေ့မှာတင် သွမ့်ဆုန် ဆီကို စာတစ်စောင် သွားပို့ဖို့ ငါ့ကို ခိုင်းလိုက်တယ်"

"ဒါက ဆရာ ဟာ အတိတ်က ကိစ္စတွေကို တဖြည်းဖြည်းချင်း ခဝါချနေပြီ ဆိုတာကို ညွှန်ပြနေတာများလား”

---

All Chapters