← Chapters

အခန်း ၁၈၄၇

Vol. 124 Ch. 1847

အခန်း ၁၈၄၇

Vol. 124 Ch. 1847

အခန်း(၁၈၄၇) ပေရှန်းကျန့်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခြင်း

ထိုကြောက်မက်ဖွယ် မြားအလင်းတန်းက ကောင်းကင်ထဲကို ဖောက်ထွင်း၍ ချူးယွင်ဖန်း၏ မျက်နှာတည့်တည့်ဆီသို့ဦးတည်သွားသည်။ ယင်းက ပြီးပြည့်စုံသော တိုက်ခိုက်မှုတစ်ခုပင်ဖြစ်ပေသည်။

ဝှစ်

မြားသည် ကောင်းကင်ယံကို ထိုးတက်သွားပြီးနောက် ချူးယွင်ဖန်း၏ ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။

ဘမ်း

ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ မြားသည် ချူးယွင်ဖန်းကို ထိမှန်တော့မည့်အချိန်တွင် အပြာရောင်လျှပ်စစ်စွမ်းအင်အလင်းတစ်ခုက သူ့ပတ်လည်တွင် ပေါ်လာပြီး မြားကိုတားလိုက်သည်။

ဘမ်း

ဘမ်း

ဘမ်း

မြားသည် ချူးယွင်ဖန်း၏ အကာအကွယ်စွမ်းအင်ဒိုင်းကို မထိုးဖောက်နိုင်ကြောင်း လူအုပ်က မြင်၍ ပြိုကွဲသွားခဲ့သည်။ ချူးယွင်ဖန်း၏ ကာကွယ်ရေးစွမ်းရည်သည် အံ့အားသင့်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

“ဘာ”

လူများစွာ၏ မျက်လုံးများ မယုံနိုင်စွာ ပြူးကျယ်သွားသည်။ ချူးယွင်ဖန်းက လှုပ်ပင်မလှုပ်ရှားခဲ့ဘဲ သူ၏ အကာအကွယ်စွမ်းအင်ဒိုင်းကိုသာ အားကိုး၍ ပေရှန်းကျန့်၏ တိုက်ခိုက်မှုအားလုံးကို ဖြိုခွင်းလိုက်သည်။ ယင်းက မည်သို့ကြောက်မက်ဖွယ်အင်အားမျိုးနည်း။

"ဒါပဲလား" ဟု ချူးယွင်ဖန်းက ပေရှန်းကျန့်ကိုပြုံးပြကာ ပြောလိုက်သည်။

ပေရှန်းကျန့်က ချူးယွင်ဖန်း၏စကားများကြောင့် ဒေါသထွက်သွားသည်။ ချူးယွင်ဖန်းသည် သူ့ကို လုံးဝအထင်သေးနေခြင်းဖြစ်သဖြင့် သူ၏ လေးကို ထပ်မံဆွဲလိုက်သောအခါ

ပို၍ပင်ကြောက်မက်ဖွယ်ကောင်းသော မြှားအလင်းတန်းတစ်ခု စုပုံလာသည်။

မြားအလင်းရောင်က ပိုပို၍ တောက်ပလာကာ နေမင်းတစ်စင်းအလား အလင်းအားလုံးကို လွှမ်းမိုးသွားသည်။

"ဒါက ပေရှန်းဂိုဏ်းရဲ့ နှလုံးကွဲမြှားပဲ စိတ်ခံစားမှုတွေရဲ့ စွမ်းအားကို သိုင်းပညာအဖြစ် ပေါင်းစပ်ပေးတယ်။ ပေရှန်းဂိုဏ်းရဲ့ စိတ်ခံစားချက်တွေနဲ့ ပိုလိုက်ဖက်ညီလေလေ ထုတ်နိုင်တဲ့ နှလုံးကွဲမြှားက ပိုပြီးကြောက်စရာကောင်းလေလေပဲ” ကျန်းထိုင်ရွှမ်က လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။

ယခင်ကနှင့် ယှဥ်ပါက ထိုမြှားက များစွာပို၍ အားကေကာင်းသည်။ ထိုတိုက်ခိုက်မှုက လူတိုင်း၏ ခံစားချက်ကို ထိခိုက်စေသည်။ ချူးဟုန်ချိုင်၊ လျို့ဝမ်ကျင်းနှင့် အခြားသူများက ထိုစကားကိုကြားသောအခါ ရုတ်တရက် အဘယ်ကြောင့် ဝမ်းနည်းလာရသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။ ယင်းက နှလုံးကွဲမြှား၏ လွှမ်းမိုးမှုကြောင့်ပင်ဖြစ်၏။

ထို့နောက် မြားကို လွှတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အလင်းနဂါးတစ်ကောင်ကဲ့သို့ ချူးယွင်ဖန်းထံသို့ တိုက်ခတ်သွားသည်။

"ဒီနည်းစနစ်ကို အခြေခံပြီး ပေရှန်းကျန့်က ပါရမီရှင်စာရင်းထဲတောင် ဝင်နိုင်သင့်တယ်။"

တဖြည်းဖြည်းနှင့် ပေရှန်းကျန့်က ပို၍ပို၍ ဝမမ်းနည်းလာကာ သူ့မျက်လုံးများက ဝမ်းနည်းမှုများနှင့်ပြည့်လာ၍ နှလုံးကွဲမြှားနှင့်တစ်သားတည်းဖြစ်လာသည်။

ရုတ်တရက် ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ဟု လူတိုင်းထင်မြင်ကြသည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းနဂါးကို တည်ငြိမ်သောအမူအရာဖြင့် ပေါ့ပေါ့တန်တန်ဆုပ်ကိုင်လိုက်သည်။ ကောင်းကင်ဘုံရှိ နတ်ဘုရားတစ်ပါးသည် ပြဿနာဖြစ်စေသော ပုရွက်ဆိတ်တစ်ကောင်ကို ပေါ့ပေါ့တန်တန်ဖမ်းမိသကဲ့သို့ပင်ဖြစ်ရာ ထို့နောက် သူသည် အလင်းနဂါးကို အလွယ်တကူချေမှုန်းလျက်ဖြိုခွဲပစ်လိုက်သည်။

နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ပညာရှင်များဖြစ်စေ၊ အခြားဂိုဏ်းများမှ ပညာရှင်များဖြစ်စေ အားလုံးသည် ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းအပေါ် အလွန်ယုံကြည်မှုရှိသော ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများပင် သူသည် ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို အလွယ်တကူ ခံနိုင်ရည်ရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"ဒါ... ဒါ..."

လူများစွာက ၎င်းတို့၏ ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသည်။

"ဒါက ဘယ်လိုခွန်အားမျိုးလဲ။ ချူးယွင်ဖန်းက ကံကောင်းတဲ့သူ မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ် ဒီလောက်တောင် ခွန်အားကြီးနိုင်ရတာလဲ"

လူများစွာက ဤသည်မှာ ၎င်းတို့တွေးထားသည်နှင့်မတူကြောင်း နားလည်ကြသည်။ ချူးယွင်ဖန်းက ၎င်းတို့ ထင်ထားသကဲ့သို့ ကံကောင်းသူမဟုတ်သည့်အလားပင်ဖြစ်၏။ သူပြခဲ့သည့်ခွန်အားက ၎င်းတို့တွေးထားသည်နှင့် များစွာအလှမ်းဝေးသည်။

အခြားသူများနှင့်မတူဘဲ ပေရှန်းကျန့်က သူ့ဆံပင်များကျွတ်ထွက်သွားသည်ကို ခံစားလိုက်ရသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ ပစ်မှတ်ထားခံလိုက်ရသကဲ့သို့

အလိုလိုနေရင်း သူ ထပ်တိုက်ခိုက်ကာ ကြောက်စရာကောင်းသည့် မြှားအလင်းကိုးသွယ်ကို ပစ်လွှတ်လိုက်သည်။

ယင်းကား နှလုံးကွဲမြှားကိုးချက်၏ နက်နဲသော အဓိပ္ပါယ်ပင်ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော မြားကိုးစင်းသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ ချူးယွင်ဖန်းကို ဝန်းရံထားသည်။

ယခုတစ်ကြိမ်တွင် ချူးယွင်ဖန်းသည် ခုခံကာကွယ်ခြင်းမပြုတော့ဘဲ “ကြယ်ကြွေကောင်းကင်လက်ဝါးချက်” ဟုအော်၍ တိုက်ခိုက်ရန် စတင်လိုက်သည်။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များ စုဝေးလာကာ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမလက်ကြီးတစ်ခုအဖြစ် စုစည်းသွားသည်။ လက်သည် ကောင်းကင်မှ တွဲလောင်းကျနေသော မိုးတိမ်ကဲ့သို့ ထင်ရသည်။ မြှားကိုးချက်၏ မြှားအလင်းများက ချက်ချင်းပျောက်ကွယ်သွားသည်။

ချက်ချင်းဆိုသကဲ့သို့ပင် တိုက်ခိုက်မှုက ပေရှန်းကျန့်ပေါ်သို့‌ရောက်သွားသည်။

ခဏတာလေးအတွင်း၌ပင် အခြေအနေများပြောင်းလဲသွားခဲ့ရာ ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ပေရှန်းကျန့်က ကြောက်မက်ဖွယ်မြှားများကို အဆက်မပြတ် ပစ်ခတ်လျက် ကြယ်ကြွေကောင်းကင်လက်ဝါးချက်ကို ဖျက်ဆီးရန်ကြိုးစားသော်လည်း အချည်းအနှီးပင်ဖြစ်သည်။

ဘမ်း

ကြယ်ကြွေကောင်းကင်လက်ဝါးချက်သည် ပေရှန်းကျန့်ပေါ်သို့ရောက်သွားကာ လူတိုင်းက သူသွေးတစ်ပွက်အန်ထုတ်လိုက်သည်ကိုမြင်လိုက်ရသည်။ သူ ချက်ချင်းပင် ဒဏ်ရာရရှိသွားသည်။ ထို့နောက် ကြိုးပြတ်သွားသည့် စွန်တစ်စင်းကဲ့သို့ နောက်ပြန်လွင့်သွားသည်။

ဘမ်း

ခဏအကြာ၌ ပေရှန်းကျန့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ ခဏတာ ရုန်းကန်လိုက်သောအခါ အရိုးများကျိုးသွားသည့် အသံကို ကြားနိုင်သည်။ သူ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး လှုပ်ရှား၍ မရတော့ပေ။

လူများစွာ အံ့သြသွားကြသည်။ ၎င်းတို့က ပေရှန်းကျန့်၏ အစွမ်းသတ္တိကို မြင်တွေ့ခဲ့ကြရသည်။ သူက စကြဝဠာအဆင့်၏ သတ္တမမြောက်အဆင့်သို့ ကျိန်းသေရောက်နေပြီဖြစ်ကာ ပါရမီရှင်စာရင်း၌ မပါဝင်လျှင်ပင် အဆင့်တူလောက်၌ ရှိလိ့်မည်ဖြစ်သည်။ ထိုမျှ ကြီးမားသော ကွာခြားချက်ကြီးရှိနိုင်မည်ဟု မည်သူကထင်မည်နည်း။

သူ့ကို စိန်ခေါ်ရန်ရောက်လာသူများ၏ မျက်နှာများ အလွန်အရုပ်ဆိုးသွားသည်။ ၎င်းတို့ ဤမျှ ချူးယွင်ဖန်း သန်မာမည်ဟုမမျှော်လင့်ထားကြပေ။

ချူးယွင်ဖန်းက ၎င်းတို့ အလွယ်တကူ ဆွဲညှစ်ပစ်၍ ရနိုင်သည့် ယုန်ဖြူလေးတစ်ကောင်မဟုတ်ဘဲ ကြောက်မက်ဖွယ်ဒိုင်နိုစောတစ်ကောင်ဖြစ်နေသည်ကို အားလုံး ရုတ်တရက်သဘောပေါက်သွားကြသည်။

--

All Chapters