← Chapters

အခန်း ၁၈၄၈

Vol. 124 Ch. 1848

အခန်း ၁၈၄၈

Vol. 124 Ch. 1848

အခန်း(၁၈၄၈) တစ်ချက်တည်းသော ထိုးနှက်ချက်ကို မခံနိုင်ခြင်း (၁)

အသိပညာကို ဖျက်ဆီးခြင်းက ၎င်းတို့ကို ချက်ချင်းပင် ရှုံးနိမ့်သွားသည့်အလား ခံစားရစေသည်။ ယင်းက ၎င်းတို့ ယခင်က သိထားသည်နှင့်များစွာကွာခြားသည်။ ၎င်းတို့ မလာခင်၌ ချူးယွင်ဖန်းက ပါရမီရှင်စာရင်းတွင် အမှားတစ်ခုကြောင့် ပါနေခြင်းဖြစ်သည်ဟု ကြားခဲ့ရသည်။ သူက စကြဝဠာအဆင့် သတ္တမအဆင့်ပင်မရောက်သေးသည်ဖြစ်ရာ ပါရမီရှင်စာရင်း ၁၀၀ မြောက်နေရာ၌ရှိနေရန် မည်သည့်အခွင့်အရေးရှိသနည်း။

ထိုစကားပုံကို မည်သည့်နေရာမှ ကြားခဲ့သည်၊ မည်သည့်အချိန်မှစခဲ့သည်ကို ၎င်းတို့မသိကြသော်လည်း ထိုကောလဟာလက ပါရမီရှင်စာရင်း၌ ပထမဆုံးပေါ်လာစဥ်က စတင်ခဲ့သည်ဟု ထင်ရသည်။ သို့သော် ယခုမူ ထိုကောလဟာလက လုံးဝမှားယွင်းနေခြင်းဖြစ်ကြောင်း အချက်အလက်များက သက်သေပြနေသည်။

ထို့နောက် မေးခွန်းမှာ ချူးယွင်ဖန်းသည် ထိုမျှ အင်အားမနည်းလျှင် အဘယ်ကြောင့် ဤကဲ့သို့သော ကောလာဟလများ ရှိလာခဲ့သနည်း။

လူများစွာက ထိုအကြောင်းကိုတွေးမိသောအခါ ရုတ်တရက် ကျောပြင်တစ်လျှောက် ချွေးစေးများကျလာသည်ဟု ခံစားလိုက်ရသည်။ ထိုသတင်းကို ဖြန့်ရန် တစ်စုံတစ်ဦးက ယင်းအကြောင်း ပြောလာခဲ့သည့်ပုံရကာ ၎င်းတို့၏ ပစ်မှတ်က ချူးယွင်ဖန်းဖြစ်ကြောင်း သေချာနေသည်။

"သူက အရမ်းသန်မာတာပဲ။ စီနီယာချူးက မျှော်လင့်ထားတဲ့အတိုင်းပဲ။"

"ပေရှန်းကျန့်က အရင်က အရမ်းမောက်မာခဲ့တာ မဟုတ်ဘူးလား။ ဆန်းကြယ်နန်းဆောင်ရဲ့ စာရင်းကို ပြန်ပြင်ဖို့ ချူးယွင်ဖန်းကို အနိုင်ယူမယ်လို့ သူမပြောခဲ့ဘူးလား။ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။ ပြီးတော့ သူတစ်ချက်တည်းနဲ့ကို ရှုံးသွားတာ”

"ဟုတ်တယ်၊ ဒါပေမယ့် သူ တစ်ချက်တည်းနဲ့ ရှံးသွားတာနော်။ ဒီအခြေအနေမှာ စီနီယာချူးကို သူ စိန်ခေါ်ရဲသေးလား"

ခဏအကြာတွင် ကြယ်ကြွေကောင်းကင်ဂိုဏ်းတပည့်များစွာက ရယ်မောလိုက်ကြသည်။ သူတို့သည် စိန်ခေါ်သူများကို ကြည့်၍ စိုးရိမ်ပူပန်မှု မရှိတော့ပေ။ မူလက ချူးယွင်ဖန်းကျရှုံးမည်ကို စိုးရိမ်ခဲ့ကြသော်လည်း ယခု မြင်လိုက်ရသောအခါ ချူးယွင်ဖန်းလုံးဝ ကျရှုံးတော့မည် မဟုတ်ပေ။ ဤအချိန်တွင် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီး အားလုံး၏ အရှိန်အဟုန်မှာ မြင့်တက်လာခဲ့သည်။

တစ်ဖက်တွင်မူ စိန်ခေါ်ရန်လာခဲ့သည့် အခြားသူများ၏ မျက်နှာများတွင် ရွံရှာမုန်းတီးသော အမူအရာများ ရှိနေကာ သူတို့၏ မျက်လုံးများတွင် ရှင်းမပြနိုင်သော အလင်းရောင်တစ်ခု တောက်ပနေသည်။ လင်တင်းထျန်၌ပင် မူလကကဲ့သို့ မာနထောင်လွှားမှုမျိုးမရှိတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်လုံးများတွင် တည်ကြည်သော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။

ချူးယွင်ဖန်းက ၎င်းတို့ထင်ထားသည်ထက် ပို၍ အစွမ်းထက်သည်။ ယင်းက မမျှော်လင့်ထားသည့်အရာပင်ဖြစ်၏။

ချူးယွင်ဖန်းက ပေရှန်းကျန့်ကို တစ်ချက်တည်းနှင့် အနိုင်ယူလိုက်ပြီးနောက် ကျန်သူများဘက်သို့လှည့်လိုက်သည်။

"မင်းတို့ အတူတူ တိုက်ခိုက်ချင်လား၊ တစ်ယောက်ချင်း တိုက်ခိုက်ချင်လား"

ထို့နောက် သူ့အကြည့်က ဟွမ်ရွှမ်ဖေးထံသို့ရောက်သွားသည်။

ဟွမ်ရွှမ်ဖေး အံ့အားသင့်သွားသည်။ ဤခံစားချက်က သူ စစ်မြေပြင်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့်အချိန်ကို ပြန်အမှတ်ရစေသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ ထိုစစ်မြေပြင်တွင် သူသည် သေမင်းမှ လွတ်မြောက်ရန် ရုန်းကန်ခဲ့ရသည်။

ဟွမ်ရွှမ်ဖေး ချက်ချင်းပင် အန္တရာယ်ကိုသိလိုက်သော်လည်း ထိုအချိန်၌ ချူးယွင်ဖန်း၏ အကြည့်က ဝေဝါးသွားခဲ့ပြီဖြစ်သည်။ အရာအားလုံးက လှုပ်ရှားနေပြီးဖြစ်သဖြင့် သူ့အနေနှင့် လိုက်လုပ်ရန်မှတပါး တခြားနည်းလမ်းမရှိတော့ပေ။

“ငါ အစွမ်းကုန်တိုက်မယ်”

ဟွမ်ရွှမ်ဖေးသည် ဤတိုက်ပွဲက ဆုတ်ခွာ၍မရကြောင်း သိသည်။ ထိုသို့ ဆုံးဖြတ်ချက်ချပြီးသည်နှင့် စစ်မြေပြင်တွင် လေ့ကျင့်ခဲ့သည့် သတ္တိကို ချက်ချင်းပြန်လည်ရရှိခဲ့သည်။ ချူးယွင်ဖန်းကို ရင်ဆိုင်လျက် သူ စိတ်ငြိမ်သွားသည်။ သူ့လက်ထဲ၌ လှံတစ်စင်းပေါ်လာသည်။

ဟွမ်ရွှမ်ဖေး စတင် တိုက်ခိုက်ခဲ့သည်။ ချူးယွင်ဖန်း၏ ဖိနှိပ်မှုကို ဆက်လက်ခံစားနေရပါက တိုက်ခိုက်ရန် သတ္တိများ ဆုံးရှုံးသွားမည်ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ဤတွေ့ရှိချက်က သူ့အား စတင်လှုပ်ရှားရန် ဖိအားပေးခဲ့သည်။ မဟုတ်ပါက အနိုင်ရရန် နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်။

လှံရှည်ကို ပစ်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် သတ်ဖြတ်ရောင်ဝါတစ်ခုပေါ်လာသည်။

လူတိုင်းသည် စစ်မြေပြင်တစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လှံရှည်နှင့်အတူ ကောင်းကင်အထက်၌ မြင်းစီးသူရဲကောင်းတစ်ယောက် ပေါ်လာသည်။ အစပိုင်းတွင် မြင်းစီးသူရဲကောင်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသည့်တိုင် မကြာခင်၌ ဟွမ်ရွှမ်ဖေးအဖြစ်ပြောင်းလဲသွားသည်။ သူ့တစ်ကိုယ်လုံး သံချပ်ကာတွေများဖြင့် ဖုံးလွှမ်းနေကာ မျက်နှာအမူအရာကလည်း သေမင်းတပါးကဲ့သို့ အေးစက်နေသည်။

"စစ်မြေပြင်ရဲ့ ဆောင်းဦးရာသီ စစ်သားတွေ!" ကျယ်လောင်သော ကြိမ်းဝါးသံနှင့်အတူ ဟွမ်ရွှမ်ဖေးက ချူးယွင်ဖန်းထံသို့ပြေးလာသည်။

"အဲ့တာပဲ! အလယ်ပိုင်းစီရင်စုက ဟွမ်မျိုးနွယ်စုရဲ့ အဆုံးစွန်ဆုံး သိုင်း စစ်မြေပြင်ရဲ့ ဆောင်းဦးရာသီစစ်သားပဲ!" တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ထိုတိုက်ခိုက်မှု၏ စွမ်းအားက လူများစွာကို အံ့သြစေသည်။ ထိုသိုင်းသည် အလွန်အစွမ်းထက်သော ပညာဖြစ်ကာ မြင်းတစ်ကောင်က တပ်သားတစ်ထောင်ကို ရင်ဆိုင်ကာ တပ်သားတစ်သောင်းကို ကျော်လွှားနိုင်သည်။ သာမန်လူများ ခံနိုင်ရည်ရှိသည့် အရာမျိုးမဟုတ်ပေ။

ရုတ်တရက် ချူးယွင်ဖန်းကလည်း စတင်လှုပ်ရှားသည်။ သူက မည်သည့် ထူးခြားသော သိုင်းမျှမပြုလုပ်ဘဲ သူ့လက်ချောင်းငါးချောင်းကို လက်သီးအဖြစ် ဆုပ်ကာထိုးလိုက်သည်။

လက်သီးအားက ရှည်လျားသော နဂါးတစ်ကောင် ပျံထွက်သွားသည့်အလား အပြေးအလွှား ပြေးလာသော မြင်းစီးသူရဲကောင်းကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။

ဘမ်း

ခဏအတွင်းတွင် မြင်းစီးသူရဲကောင်းက ကောင်းကင်ယံ၌ သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ စစ်မြေပြင်ကဲ့သို့ သတ်ဖြတ်မှုဆန်သောလေထုက သဲလွန်စပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ချူးယွင်ဖန်း၏ လက်သီးချက်ကြောင့် ၎င်းတို့အားလုံး ပျောက်ကွယ်သွားခဲ့ရာ ချူးယွင်ဖန်းကိုမူ မထိခိုက်စေခဲ့ပေ။

"သေစမ်း!" ဟွမ်ရွှမ်ဖေးက ချက်ချင်းပင် သူ့အတွက်အခြေအနေမဟန်ကြောင်းသိလိုက်သည်။

သို့သော်လည်း ချူးယွင်ဖန်း၏ လက်သီးချက်သည် အရှိန်အဟုန် လျော့သွားခြင်းမရှိပေ။ ဟွမ်ရွှမ်ဖေး၏ တိုက်ကွက်ကို ထိုးဖောက်ပြီးနောက် သူ့ထံသို့ တည့်တည့်သွားသည်။

"ငါ့ကိုအနိုင်ယူဖို့ အဲ့လောက်လွယ်မှာမဟုတ်ဘူး!" ဟွမ်ရွှမ်ဖေးက ဝင်လာသောလက်သီးကို သူ့လှံနှင့် ဝှေ့ယမ်း၍ ဖျက်ဆီးမည့် ရည်ရွယ်ချက်ဖြင့်အော်လိုက်သည်။

ချွင်

သတ္တုတိုက်မိသံကျယ်ကြီးနှင့်အတူ လူတိုင်းက ချူးယွင်ဖန်း၏ လက်သီးချက်ကြောင့် ဟွမ်ရွှမ်ဖေး၏ လှံတိုက လေထဲသို့ လွင့်စင်သွား၍ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ကြရသည်။

ချူးယွင်ဖန်း၏လက်သီးသည် ဟွမ်ရွှမ်ဖေး၏ရင်ဘတ်ပေါ်သို့ကျရောက်သွားသည်။

ဘမ်း

အရိုးကျိုးသံနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဟွမ်ရွှမ်ဖေးလည်း အော်ဟစ်လျက်ပင် နောက်သို့လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ပေရှန်းကျန့်ကဲ့သို့ပင် ဟွမ်ရွှမ်ဖေးလည်း ချူးယွင်ဖန်းကို ရှံးနိမ့်ခဲ့သည်။

နောက်ထပ်တစ်ကြိမ် သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။ လူတိုင်း အသက်ရှူမဝဖြစ်ကာ သေလုမတတ် ကြောက်လန့်နေကြသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်နိုင်စွမ်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် စက္ကန့်ပိုင်းအတွင်း ပေရှန်းကျန့်ကို အနိုင်ယူပြီးနောက်တွင်မူ ယင်းကို လက်ခံရန် မခက်ခဲတော့ပေ။

'သူဟာ လက်သီးတစ်ချက်တောင်မခံနိုင်ဘူး”

ထိုစကားက လူများစွာ၏ စိတ်ထဲ၌ ပေါ်လာ၏။

--

All Chapters