အခန်း ၁၈၅၂
Vol. 124 Ch. 1852
အခန်း(၁၈၅၂) လင်တင်းထျန်၏ အဆုံးသတ်
ထိုဓားချက်က အလွန်မြန်ဆန်သည်။ လူတိုင်းက ထိုဓားအလင်းကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ပြတ်တောက်သွားတော့မည့်အလား အံ့သြဖွယ်ဖိအားကို ခံစားလိုက်ရသည်။ အချိန်မီရှောင်တိမ်းနိုင်ခြင်း သို့မဟုတ်တ ကာကွယ်နိုင်ခြင်းမရှိပါက စကြဝဠာအဆင့်၏ အထွတ်အထိပ်ဆအင့ရှိ ကျွမ်းကျင်သူတစ်ဦးပင် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားနိုင်သကဲ့သို့ အသက်ဆုံးရှုံးသွားနိုင်သည်။
ထိုကြောက်မက်ဖွယ်ဖိအားကို မည်သူမျှ မတွေးတတ်ကြပေ။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းက တောက်ပစွာဖြင့် လောင်ကျွမ်းလျက်ရှိသည်။ ချူးယွင်ဖန်း၏ အဝတ်အစားများကို လေထဲတွင် လွင့်နေ၏။
"လှည့်ကွက်လေးပဲ”
ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"နတ်ဓားဂိုဏ်းက သာမန်ပါပဲ”
ခဏတာအတွင်း၌ပင် ချူးယွင်ဖန်းက ကြုံးဝါး၍ မြေပြင်မှ ထရပ်ကာ ဓားအလင်းကို မျက်နှာမူလိုက်သည်။ သူက မည်သည့်စွမ်းအားကိုမျှမသုံးဘဲ ပေါ့ပါးသော လက်သီးတစ်ချက်ထိုးလိုက်သည်။
အဖြူရောင်လက်သီးက ထိပ်တိုက်ကျလာသည့် ဓားအလင်းကို ထိမှန်သွားသည်။
“မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”
ချူးယွင်ဖန်း၏ လုပ်ရပ်ကိုမြင်သောအခါ လင်တင်းထျန် ရယ်လိုက်မိသည်။ သူဒေါသထွက်သောကြောင့်မဟုတ်ဘဲ ကိုယ့်သေတွင်းကိုယ်တူးသည်ဟုထင်သောကြောင့် ရယ်လိုက်ခြင်းဖြစ်သည်။ ချူးယွင်ဖန်းက သူ့ဓားအလင်းကို လက်ဗလာနှင့်ရင်ဆိုင်နိုင်မည်ဟု ယုံကြည်နေသည်။
ပါရမီရှင်စာရင်းထိပ်ဆုံးရှိသည့် ပါရမီရှင်များပင် ထိုသို့မလုပ်နိုင်ကြပေ။
"ချူးယွင်ဖန်းတော့ စိတ်ရှုပ်သွားတယ်ထင်တယ်”
ကြယ်ကြွေကောင်းကင်ဂိုဏ်း တပည့်များနှင့် အကြီးအကဲများစွာ အော်ဟစ်လိုက်ကြသည်။ ထိုဓားအလင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်း၍ တောင်များကို ဖောက်ထွင်းကာ ကောင်းကင်ကို ဖြိုခွဲနိုင်ရန် လုံလောက်သည်။ ဤအချိန်တွင် ချူးယွင်ဖန်းသည် ၎င်းကို အတတ်နိုင်ဆုံးရှောင်တိမ်းခဲ့သင့်သည်။
ဘမ်း
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခု ပေါက်ကွဲသွားပြီးနောက် မှိုပုံသဏ္ဍာန် မိုးတိမ်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ပျံ့နှံ့သွားသည်။ လူတိုင်းက မိမိတို့၏ မျက်လုံးအာရုံကို နတ်စွမ်းအင်ထည့်၍ ပို၍ ကြည်လင်လာစေကာ ချူးယွင်ဖန်းက ဓားအလင်းကို ဖမ်းယူလိုက်သည်ကို မြင်လိုက်ရသည်။ ဓားအလင်းသည် နေကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော်လည်း ဆက်လက်မသွားနိုင်တော့ပေ။
"လက်ဗလာနဲ့!"
“ပြိုင်ဘက်ကင်းခန္ဓာကိုယ်... ဒါက တကယ့်ပြိုင်ဘက်ကင်းခန္ဓာကိုယ်!”
ချူးယွင်ဖန်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အစွမ်းသတ္တိက ၎င်းတို့တွေးနိုင်သည်ထက် ကျော်လွန်နေသည်။ မည်သူကမျှ သူ၏ ခန္ဓာကိုယ်ကို သန့်စင်သော လက်နက်တစ်ခုနှင့်ယှဥ်နိုင်ခြင်းမျိုးမဟုတ်ပေ။ သို့သော်
ထိုလူများအားလုံးက ဖန်ဆင်းရှင်အဆင့် ကျွမ်းကျင်သူများဖြစ်ကြ၍ ထိုသို့စွမ်းရည်ရှိရန် ၎င်းတို့က ဖန်ဆင်းရှင်အဆင့်ရှိ မြင့်မားသော ကျင့်ကြံမှုရှိသော ကျွမ်းကျင်သူများဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေကာမူ လူ့ခန္ဓာကိုယ်က သွေးသားနှင့် ဖွဲ့စည်းထားသော်လည်း မှော်ပညာများကို ၎င်းတို့၏ စွမ်းအားကိုမြှင့်တင်ရန် ကန့်သတ်ချက်မရှိဘဲ သန့်စင်နိုင်သည်။
ယင်းတို့က လုံးဝ ကွဲပြားသော အရာနှစ်ခုဖြစ်သည်။
လူများစွာ၏ မျက်ဆန်များအနည်းငယ်ကျုံ့သွားသည်။ ယင်းက မည်သို့ထူးခြားသော ခန္ဓာကိုယ်မျိုးနည်း။
ချူးယွင်ဖန်းသည် ဟွားရှန်းယွမ်နှင့်ယှဥ်ပြိုင်၍ အနိုင်ယူသောအခါ လူအများက သူ့တွင်
ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုရှိသည်ဟု သံသယဝင်ခဲ့ကြသည်။ ၎င်းသည် သာမန်ခန္ဓာကိုယ်တစ်ခု မဟုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်သည် လူတစ်ဦး၏ အမြင့်ဆုံးကန့်သတ်ချက်ကို ဆုံးဖြတ်ပေးသော အဆင်တန်ဆာတစ်ခုကဲ့သို့ ဖြစ်သည်။
လူတစ်ယောက်က မည်မျှပင် အရည်အချင်းရှိစေကာမူ သူ၏ ခန္ဓာကိုယ်က မလုံလောက်ပါက သူ့အမြင့်ဆုံးအရည်အချင်းက အကန့်အသတ်နှင့်ရှိနေမည်ဖြစ်သည်။
ယင်းက ရေကန်နှင့် ရေကူးကန်ကဲ့သို့ပင်ဖြစ်၏။ ရေကန်ထဲ၌ ရေများပြည့်နေလျှင်ပင်
ရေကူးကန်ထဲမှရေဆယ်ပုံတစ်ပုံနှင့်ယှဥ်နိုင်မည်မဟုတ်ပေ။
သို့သော် ချူးယွင်ဖန်းက ဤအရာများအကြောင်း ဘာမှမပြောခဲ့ပေ။ အချို့က ၎င်းသည် ခန္ဓာကိုယ်နည်းစနစ်များ တိုးတက်လာခြင်းကြောင့်ဟု ခန့်မှန်းကြပြီး အချို့ကမူ မိုးကြိုး၏ စွမ်းအားနှင့် မွေးရာပါ ဆက်နွယ်မှုကြောင့်ဟု ခန့်မှန်းကြသည်။
သို့သော်လည်း ၎င်းတို့သည် ခန့်မှန်းချက်များသာဖြစ်သည်။ ယခု အားလုံးက ယင်းကို အမှန်တကယ်မြင်တွေ့ခဲ့ကြရသည်။ ၎င်းတို့၏၏ လက်ဗလာဖြင့် သန့်ရှင်းသော ဓားအလင်းကို တိုက်ခိုက်နိုင်ကြလိမ့်မည်ဟု ၎င်းတို့ တွေးပင်မတွေးဝံ့ကြပေ။
"ဘာ?!" ချူးယွင်ဖန်းက သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ဖမ်းမိသွားသည်ကိုမြင်လိုက်ရသောအခါ လင်တင်းထျန်၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်ချင်စိတ်များတောက်ပလာသည်။ ထို့အပြင် ချူးယွင်ဖန်းက နတ်ဓားဂိုဏ်းက သာမန်ဟုပြောခဲ့ခြင်းက သူ့ကိုဒေါသထွက်စေသည်။
"နောက်နေတာ ရပ်လိုက်တော့။ ငါ့ရဲ့တိုက်ခိုက်မှုတွေထဲက တစ်ခုကိုပဲ မင်းဖမ်းမိခဲ့တာ။ ဘာကိုဂုဏ်ယူရမှာလဲ"
လင်တင်းထျန်က ကြိမ်းဝါးပြီးနောက် လေထဲ၌ ပျောက်ကွယ်သွားကာ နောက်ထပ်တစ်စက္ကန့်တွင် ချူးယွင်ဖန်းဆီသို့ပြေးသွား၍ နောက်တစ်ချက် ခုတ်ပိုင်းချလိုက်သည်။
ထိုဓားအလင်းက အမုန်းတရားများနှင့်အတူရောက်လာခြင်းဖြစ်ကာ ကြောက်ရွံ့မှုအဆင့်က ယခင်ကထက်ပင် ပို၍ မြင့်မားလာခဲ့သည်။
"ငါပြောခဲ့သလိုပဲ၊ ဒါက လှည့်ကွက်လေးတစ်ခုပဲ။" ချူးယွင်ဖန်းက လင်တင်းထျန်ကိုလှောင်ရယ်လိုက်သည်။
"ငါ မင်းနဲ့ ကစားဖို့ စိတ်မဝင်စားတော့ဘူး။ ငါတို့ကြားက ကွာဟချက်က ဘယ်လောက်ကြီးမားလဲဆိုတာ ငါ မင်းကို ပြမယ်။"
ချူးယွင်ဖန်းက လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်၍ ကျဆင်းလာသော ဆေဘာအလင်းကို ဖမ်းယူလိုက်သည်။
ချွင်
သတ္တုသံတစ်ခု ထွက်ပေါ်လာသည်။
"ဘာ သူ လက်ချောင်းနှစ်ချောင်းနဲ့ ဖမ်းလိုက်တာလား”
လူတိုင်း အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းသည် လင်တင်းထျန်၏ ဓားကို လက်သီးဖြင့် ခုခံလိုက်ခြင်းက လူတိုင်းကို အံ့သြစေခဲ့ပြီးဖြစ်ရာ ယခု သူသည် ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို လက်နှစ်ချောင်းတည်းဖြင့် တားလိုက်သည်။ ယင်းက လူတိုင်းကို ထုတ်လန့်သွားစေခဲ့သည်။
ချက်ချင်းပင် ချူးယွင်ဖန်းသည် သူ့လက်ဖဝါးကို လှည့်လိုက်သောအခါ ထိတ်လန့်ဖွယ် ဓားအလင်းက တစ်လက်မချင်းစီ ကွဲအက်သွားသည်။ ၎င်းသည် အက်ကွဲကြောင်းအမျိုးမျိုးဖြင့် ဖုံးလွှမ်းသွားကာ ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားသည်။
ဘမ်း
ယှဉ်နိုင်စရာမရှိအောင် ကျယ်လောင်သော ပေါက်ကွဲမှုနှင့်အတူ လူတိုင်းသည် ဓားအလင်းက ကောင်းကင်ကို ပြည့်သွားကြောင်းမြင်လိုက်ကြရသည်။
"အရမ်းအားနည်းပြီး အရမ်းနှေးကွေးတယ်။"
ဤအချိန်တွင် ချူးယွင်ဖန်း၏ အရှိန်အဝါသည် အပြည့်အဝထွက်ပေါ်လာကာ လင်တင်းထျန်းကို ဖိနှိပ်နိုင်ခဲ့သည်။ ဤသည်မှာ ချူးယွင်ဖန်း၏ စစ်မှန်သော ခွန်အားဖြစ်သည်။
ချူးယွင်ဖန်းသည် စကြဝဠာအဆင့်၏ တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ဖြစ်ပျက်သောအခါ သူ၏ခွန်အားသည် လင်တင်းထျန်ထက် မနိမ့်ကျတော့ပေ။ နောက်ပိုင်းတွင် ကြယ်ကြွေကောင်းကင်သစ်သီး၏ အကူအညီဖြင့် ချူးယွင်ဖန်းသည် စကြဝဠာအဆင့် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သူ၏ခွန်အားသည် မြေကြီးကို တုန်လှုပ်စေသော ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့သည်။ ယခုတင် ဖြတ်ကျော်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်ပါက သူသည် အနည်းဆုံး အဆပေါင်းများစွာ ပို၍ သန်မာလာသည်။ တစ်နည်းအားဖြင့် လက်ရှိချူးယွင်ဖန်းသည် လင်တင်းထျန်ထက် အနည်းဆုံး အဆပေါင်းများစွာ ပိုမိုသန်မာသည်။
ယခုအချိန်တွင် ချူးယွင်ဖန်းသည် ပါရမီရှင်စာရင်းတွင် ထိပ်တန်းပါရမီရှင်များနှင့် တိုက်ခိုက်လျှင်ပင် နိမ့်ကျမည်မဟုတ်ဟု ယုံကြည်နေသည်။ ထိုစဉ်က သူ့ကို အံ့အားသင့်စေခဲ့သော ဟူချင်းရွှမ်၊ ကျစ်ပုယီနှင့် အခြားသူများနှင့် တွေ့ဆုံပါက ချူးယွင်ဖန်းသည် ၎င်းတို့နှင့် တိုက်ခိုက်နိုင်ခြင်း သို့မဟုတ် အနိုင်ပင် ရနိုင်ခြေရှိသည်။
"ဒီလက်သီးကို ခံလိုက်။ မင်း အသက်ရှင်ရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင် မင်း သေလိမ့်မယ်" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း၌ သူတိုက်ခိုက်လိုက်သည်။ သူ၏ လက်ငါးချောင်းကို ဆုပ်၍ ချက်ချင်းပင် မိုးကြိုးတစ်စင်းကဲ့သို့တိုက်ခိုက်လိုက်၏။
"သေစမ်း”
လင်တင်းထျန်းက အံ့အားသင့်ဖွယ် သတ်ဖြတ်ချင်စိတ်ကို ခံစားလိုက်ရကာ သူ့အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
ဘမ်း
သူ့အမြင်အာရုံ ဝေဝါးသွားပြီးနောက် လက်သီးတစ်ချက် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်ကို သိလိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်များ မြန်မြန်ဆန်ဆန် စီးဆင်းသွားတာကို ခံစားလိုက်ရ၏။
“လင်တင်းထျန် သေသွားပြီ”
--