အခန်း ၁၈၅၃
Vol. 124 Ch. 1853
အခန်း(၁၈၅၃) ဘာလဲ နတ်ဓားဂိုဏ်းလား
"ဘာတွေဖြစ်နေတာလဲ…"
လူများစွာ၏ မျက်စံများ အနည်းငယ်ကျဥ်းသွားသည်။ မည်သည့်အရာများဖြစ်ပျက်သွားသည်ကို ၎င်းတို့ မမြင်နိုင်ခင်၌ပင် အရာအားလုံးပြီးဆုံးသွား၏။
ချူးယွင်ဖန်းက အလွန်မြန်လွန်းသည်။
လင်တင်းထျန်၏ ဓားအလင်း၏ အမြန်နှုန်းက မြန်နှင့်ပြီးသားဖြစ်ပါက ချူးယွင်ဖန်း၏ အမြန်နှုန်းသည် အနည်းဆုံး နှစ်ဆမျှ မြန်နေပေလိမ့်မည်။ အလွန်မြန်လွန်းသဖြင့် မည်သူမျှ မတုံ့ပြန်နိုင်သကဲ့သို့ လင်တင်းထျန်လည်း အချိန်မီမတုံ့ပြန်နိုင်ပေ။ ချူးယွင်ဖန်း၏ လက်သီးချက်က ကောင်းကင်ကို ထိုးဖောက်ကာ လင်တင်းထျန်၏ ရင်ဘတ်က ပွဲချင်းပြီး ကျိုးကြေသွားသည်။
လင်တင်းထျန်၏ ရင်ဘတ်က လက်သီးတစ်ချက်တည်းနှင့် ကြေမွသွားသည်ကို လူတိုင်းမြင်လိုက်ရသည်။
ထိုအချိန်၌ အနှေးဆုံးလူပင် တစ်စုံတစ်ခုလွဲမှားနေကြောင်း သတိထားမိသွားသည်။
၎င်းတို့၏ ကနဦးမျှော်လင့်ချက်များနှင့် လုံးဝ ကွာခြားနေသည်။ လူတိုင်းနီးပါးက ချူးယွင်ဖန်းက လင်တင်းထျန်၏ ပြိုင်ဘက်မဟုတ်ဟုထင်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ လင်တင်းထျန်က ပါရမီရှင်စာရင်းအထက်၌ အဆင့်သတ်မှတ်ခံထားရခြင်းဖြစ်ကာ ချူးယွင်ဖန်းက လင်တင်းထျန်နှင့် သရေကျနိုင်ခဲ့လျှင်ပင် အံ့သြဖွယ်ကောင်းနေပေလိမ့်မည်။
သို့သော် အမှန်တရားက ၎င်းတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ လင်တင်းထျန်က ချူးယွင်ဖန်းနှင့် တန်းတူယှဥ်နိုင်ိသည်ကို ၎င်းတို့မသိခဲ့ကြပေ။ သူဟာ ချူးယွင်ဖန်း၏ ပြိုင်ဘက်မဟုတ်ပေ။ အစမှ အဆုံးထိ သူ့ကို ရိုက်နှက်ခဲ့သည်။ ရှု့ထောင့်အမျိုးမျိုးမှ ကြည့်ပါက လင်တင်းထျန်က ချူးယွင်ဖန်းနှင့် မယှဥ်နိုင်သည်ကို လူတိုင်းမြင်နိုင်သည်။
သို့သော်လည်း လူအများအပြားက ချက်ချင်းတုံ့ပြန်ခဲ့ကြသည်။ ချူးယွင်ဖန်းက လင်တင်းထျန်းကို သတ်ပစ်လိုက်သည်။
"သူ လင်တင်းထျန်းကို သတ်လိုက်တာလား။ နတ်ဓားဂိုဏ်းက ဒါကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး”
ပြင်ပလူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းက ၎င်းတို့ကို မည်သို့မျှ ထိခိုက်စေနိုင်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။ တကယ်တမ်းတွင်မူ ကျန်သောသူများက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း မသေခဲ့ကြပေ။
လင်းတင်းထျန်းတစ်ယောက်တည်းသာ လက်သီးတစ်ချက်နှင့် သေဆုံးသွားခြင်းဖြစ်သည်။
၎င်းက ရိုးရှင်းသည်။ ချူးယွင်ဖန်းက သူ့ကိုသတ်ချင်နေသဖြင့် သတ်ပစ်လိုက်ခြင်းသာဖြစ်သည်။
လူအများက ရုတ်တရက် လင်းတင်းထျန်းက အခြားသူများနှင့် လုံးဝကွဲပြားသည်ဟု ထင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများသည် ချူးယွင်ဖန်းကို စိန်ခေါ်ရန် ရောက်လာခြင်းဖြစ်သော်လည်း သူကမူ မကောင်းသော ရည်ရွယ်ချက်ဖြင့်ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်း သူ့ကို သတ်ရသည့်အကြောင်းက ယင်းအချက်ဖြစ်နိုင်သည်။ သို့သော် ချူးယွင်ဖန်း၏ ရဲစွမ်းသတ္တိက မယုံနိုင်စဖွယ်ကောင်းလွန်းလှသည်။
လူများစွာ အံ့သြသွားကြသည်။ အထူးသဖြင့် လင်တင်းထျန်က နတ်ဓားဂိုဏ်း၏ လက်ရှိမျိုးဆက်၏ ထိပ်တန်းတပည့်ဖြစ်ကာ နတ်ဓားဂိုဏ်းပါရမီရှင်စာရင်းဝင်သည့် တစ်ဦးတည်းသောသူဖြစ်ကြောင်း ပြန်တွေးမိသောအခါ နတ်ဓားဂိုဏ်းက လင်တင်းထျန်အပေါ် မျှော်လင့်ချက်ကြီးကြီးထားခဲ့ကြသည်။ ၎င်းတို့ နောက်ဂိုဏ်းချုပ်အဖြစ် ပျိုးထောင်နေသည်ဟုပင် ပြော၍ ရနိုင်သည်။
နတ်ဓားဂိုဏ်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းနှင့်မတူပေ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းက ထိပ်တန်းဆယ်ဂိုဏ်းများအနက် တစ်ခုအပါအဝင်ဖြစ်သော်လည်း ယင်းတွင်ရှိနေသည့် အရင်းအမြစ်များသည် နတ်ဓားဂိုဏ်းအတွက် မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။
နတ်ဓားဂိုဏ်းက ပါရမီရှင်စာရင်းတွင်ပါဝင်သော လင်တင်းထျန်းကို ပြုစုပျိုးထောင်ရန် အကောင်းဆုံးကြိုးစားခဲ့ကြသည်။ ယခု ချူးယွင်ဖန်းက သူ့ကိုသတ်လိုက်ပြီဖြစ်သောကြောင့် နတ်ဓားဂိုဏ်းတစ်ခုလုံး ရူးသွပ်သွားကြတော့မည်ဖြစ်သည်။
လူအမြောက်အမြားက ချူးယွင်ဖန်းကို ကြည့်နေကြသည်။ သူဂရုမစိုက်သည်လော၊ လုံးဝ မစဥ်းစားမိသည်လောဆိုသည်ကို ၎င်းတို့မသိကြပေ။ ယင်းက ဘေးတွင် ကိုယ့်ကိုယ်ကိုယ် ကုသနေသည့် ပေရှန်းကျန့်နှင့် အခြားသူများအတွက် အထူးသဖြင့် မှန်ကန်သည်။ အစပိုင်းတွင် ၎င်းတို့ ဒေါသထွက်နေကြဆဲဖြစ်သော်လည်း ချူးယွင်ဖန်းက လင်တင်းထျန်းကို တစ်ချက်တည်းနှင့် မည်သို့သတ်လိုက်သည်ကိုမြင်ပြီးနောက် ၎င်းတို့ ညည်းညူနေခြင်းမရှိတော့ပေ။
ဤအချိန်တွင် ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများက မိမိတို့ယခင်က ချူးယွင်ဖန်းကို မနှောက်ယှက်မိကြသဖြင့် စိတ်သက်သာရာရနေကြသည်။ အချို့လူများသည် ချူးယွင်ဖန်းအတွက် စိုးရိမ်လာကြသော်လည်း လူအများစုက ဂရုမစိုက်ကြပေ။
"နတ်ဓားဂိုဏ်းဆိုတော့ရော ဘာဖြစ်လဲ ? လင်တင်းထျန်းက စီနီယာချူးကို ပြဿနာရှာဖို့ မဖိတ်ခေါ်ဘဲ ရောက်လာတာ။ သတ်ပစ်မယ်လို့ အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့တယ်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားတွေက အနိုင်ကျင့်ရတာ လွယ်တယ်လို့ သူတကယ်ထင်နေတာလား"
"ဟုတ်တယ်။ ငါတို့ဂိုဏ်းက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ ဂိုဏ်းငယ်လေး မဟုတ်ဘူး!"
"နတ်ဓားဂိုဏ်းက ငါတို့ရဲ့တံခါးကို လာခေါက်ပါစေ။"
ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများက ကြောက်ရွံ့ခြင်းမရှိပေ။ ကြယ်ကြွေကောင်းကင်တပည့်များသည် ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းတွင် အောက်ဆုံးတွင်ရှိသည်ဟု ယူဆရသော်လည်း ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းတွင် တစ်ခုဖြစ်နေဆဲဖြစ်ကာ နိုင်ငံတော်၏ နိုင်ငံရေးအာဏာကို အမှန်တကယ်ထိန်းချုပ်ထားသော ဧရာမဂိုဏ်းတစ်ခုဖြစ်သည်။
လူအများက ချူးယွင်ဖန်းကို မကြိုက်ကြသော်လည်း အကြီးအကဲကြီး ကျန်းဝမ်အန်နဲ့ ဝမ်ယိဖန်တို့၏ အဖြစ်အပျက်ကြောင့် လူအများက ချူးယွင်ဖန်းအပေါ် ရန်လိုခဲ့ကြသည်။ သို့သော် ယင်းက အတွင်းရေးပဋိပက္ခတစ်ခုသာဖြစ်သည်။
ချူးယွင်ဖန်းသည် လင်တင်းထျန်းကို တစ်ချက်တည်းဖြင့် သတ်ပြီးနောက် အမူအရာ ပြောင်းလဲခြင်းမရှိပေ။ လင်တင်းထျန်းသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။ နတ်ဓားဂိုဏ်းရှိလူတိုင်းက သူ့ကို အသည်းအသန်မုန်းတီးနေလျှင်ပင် သူကြောက်နေမည်မဟုတ်ပေ။ သူ၏ ပါရမီရှင်စာရင်းရှိ အဆင့်ကို ခိုင်မာစေရန် သူ့အစွမ်းသတ္တိကိုပြသချင်သဖြင့် သူ့ထက်အဆင့်မြင့်သော လင်တင်းထျန်ကို အနိုင်ယူဲ့သည်။
ကြယ်ကြွေကောင်းကင် အကြီးအကဲများသည် လုံးဝမျက်စိကန်းနေခြင်းမရှိသရွေ့ သူ့ကိုကာကွယ်ရန် အကောင်းဆုံးကြိုးစားကြမည်ဖြစ်သည်။ နတ်ဓားဂိုဏ်းက ရန်လိုစွာတိုက်ခိုက်ရန် လာလျှင်ပင် ဂိုဏ်းက ၎င်းတို့ကို ကျိန်းသေ ခုခံမည်ဖြစ်သည်။
ပါရမီရှင်စာရင်း၌ ပါဝင်ရခြင်းက အကျိုးကျေးဇူးတစ်ခုပင်ဖြစ်၏။
အရေးကြီးဆုံး သူ့ဂိုဏ်းထဲတွင် ရာထူးအဆင့်အတန်းက ကြီးမားသော ပြောင်းလဲမှုတစ်ခုဖြစ်သည်။ သူက ယန်တန့်ရှန်နှင့် အဆင့်တူလုနီးနီးပင်ဖြစ်ကာ နတ်ဓားဂိုဏ်းက လင်တင်းထျန်ကို အာရုံစိုက်သကဲ့သို့ ကြယ်ကြွေကောင်းကင် ဂိုဏ်းကလည်း သူ့ကို အာရုံစိုက်လိမ့်မည်။ ထို့ကြောင့် ချူးယွင်ဖန်း စိုးရိမ်မနေတော့ပေ။
သူက ချူးယွင်ဖန်းကို ပိုပို၍ အာရုံစိုက်လာသည်နှင့်အမျှ လီချန်းယွမ်၏ လှည့်ကွက်လေးများသည် ပို၍ ပို၍ များပြားလာကာ နည်းအမျိုးမျိုးကိုလည်း အားကောင်းလာစေခဲ့သည်။
--