အခန်း ၁၈၅၄
Vol. 124 Ch. 1854
အခန်း(၁၈၅၄) လှိုင်းလုံးကြီးတစ်ခုဖြစ်ပေါ်လာခြင်း
ချူးယွင်ဖန်းကိုသတ်ရန် လီချန်းယွမ်က သူ၏ ကြိုးစားအားထုတ်မှုအားလုံးကို အပြည့်အဝ အသုံးချခဲ့သည်။ သို့သော် ချူးယွင်ဖန်း၏ ခွန်အားက ထိုအဆင့်ထိရောက်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ချူးယွင်ဖန်းက ပါရမီရှင်စာရင်းထဲ ဝင်လာပြီး မကြာသေးခင်၌ပင် လင်တင်းထျန်းကို အလွယ်တကူသတ်နိုင်ခဲ့သည်။
ပါရမီရှင်စာရင်းထဲက လူရာပေါင်းများစွာက လူငယ်မျိုးဆက်သစ်ကျွမ်းကျင်သူများအနက် အကောင်းတကာ့အကောင်းဆုံးဟုပြော၍ရသည်။ ၎င်းတို့က လူအများ၏အမြင်၌ ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသည်။
စာရင်းထဲကလူများကြား၌ ခွန်အားကွာခြားမှုမရှိလှပေ။ မူလက ပါရမီရှင်စာရင်း ထိပ်ဆုံးရှိ လီချန်းယွမ်က စကြဝဠာအဆင့် အထွတ်အထိပ်၌ ရှိနေသည်။ သို့သော် ပါရမီရှင်စာရင်းထဲ၌ ထူးခြားသော ချူးယွင်ဖန်းမှတပါး အခြားသူများသည် အခြေခံအားဖြင့် စကြဝဠာအဆင့် အထွတ်အထိပ်၌ ရှိနေသည်။ ၎င်းတို့ကြားမှ ကွာဟချက်က ကြီးကြီးမားမားမဟုတ်သကဲ့သို့ ပါရမီရှင်စာရင်းကလည်း ကျင့်ကြံမှုအဆင့်များ၏ အဆင့်သတ်မှတ်ချက်မဟုတ်ပေ။
တိုက်ခိုက်ရေးအစွမ်း၏ အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များက ဆင်တူနေသော်လည်း တိုက်ပွဲစွမ်းရည်ကမူ ကွာခြားချက်ရှိသည်။ ယခုအခါ ဖန်ဆင်းရှင်အဆင့်သို့ ပထမဆုံးဝင်ရောက်သူ လီချန်းယွမ်မှတပါး အခြားသူများ၏ ကျင့်ကြံမှုအဆင့်တွင် သိသာထင်ရှားသော ကွာခြားချက်မရှိပေ။ ပါရမီရှင်စာရင်းအောက်ရှိ ထိပ်တန်းကျွမ်းကျင်သူများစွာပင်
စကြဝဠာအဆင့်၏ သတ္တမမြောက်အဆင့်သို့ ဝင်ရောက်ပြီးဖြစ်သည်။
ပါရမီရှင်စာရင်းထဲရှိ ထိပ်ဆုံးမှသူများမှတပါး အောက်ရှိပါရမီရှင်များ၏ အဆင့်များသည် အဆက်မပြတ်ပြောင်းလဲလျက်ရှိသည်။ ကျင့်ကြံမှုအဆင့်၌ ကွာခြားချက် မရှိလှသော်လည်း တစ်စုံတစ်ဦးက ကံကောင်းမှုသို့မဟုတ် နတ်ဘုရားစွမ်းရည် အမွေဆက်ခံမှုတစ်ခုခုရပါက ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားက နောက်တစ်ဆင့်ကို မြင့်တက်သွားလိမ့်မည်။
ထို့အပြင် ယခု ချူးယွင်ဖန်းကလည်း ဤကဲ့သို့ပင်ဖြစ်သည်။ သူ့ကို ပါရမီရှင်စာရင်း၌ အဆင့်သတ်မှတ်ရန်ပင်မဖြစ်နိုင်ဟုပြောပါက ခဏအကြာတွင် သူ၏ ကျင့်ကြံမှုအဆင့်နှင့် နတ်ဘုရားစွမ်းအားက ပြန်တိုးတက်လာကာ ပါရမီရှင်စာရင်း၌ သူ၏ အဆင့်က ကမ္ဘာကြီးကို တုန်လှုပ်သွားစေလိမ့်မည်။ ဤနေရာ၌ ချူးယွင်ဖန်းက အခြားသူများထက် အားသာချက်ရှိသည်။
အဘယ်ကြောင့်ဆိုသော် အခြားသူများက စကြဝဠာအဆင့် အထွတ်အထိပ်၌ ပိတ်မိနေကာ အလွယ်တကူ အဆင့်မတက်နိုင်ပေ။ တစ်ယောက်ယောက်က အဆင့်မတက်နိုင်လျှင်ပင် တိုက်ခိုက်ရေးအစွမ်း တိုးလာမှုက အကန့်အသတ်ရှိ၍ ချူးယွင်ဖန်းကလည်း အဆက်မပြတ် တိုးတက်လာနေသည်။
သဘာဝကျစွာပင် သူက လူတိုင်းကို အချိန်တိုအတွင်းဖြတ်ကျော်နိုင်သည်။
လီချန်းယွမ်တွင် ချူးယွင်ဖန်းနှင့် အားသာချက်တူညီသည်။ သူ၏ ကျင့်ကြံမှုအဆင့်အသစ်သို့ ရောက်ရှိပြီးနောက် သူ၏ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင်ထားနိုင်သရွေ့ အချိန်တိုအတွင်း အံ့သြဖွယ်ကောင်းသော တိုးတက်မှုကို ရရှိလိမ့်မည်။ ချူးယွင်ဖန်းသည် စိန်ခေါ်သူများစွာကို အနိုင်ယူခဲ့ပြီး ပါရမီရှင်စာရင်းတွင် ၉၅ ခုမြောက်နေရာရှိ လင်တင်းထျန်းကိုပင် သတ်ပစ်ခဲ့သည်။ ဤသတင်းသည် ကြယ်ကြွေ ကောင်းကင်ဂိုဏ်းသို့ ချက်ချင်းပျံ့နှံ့သွားခဲ့သည်။
"စီနီယာချူး အနိုင်ရသွားပြီလား?"
"အဲ့စိန်ခေါ်တဲ့လူတွေအကုန် ရှုံးသွားတာလား"
"ပိုအရေးကြီးတာက နတ်ဓားဂိုဏ်းက လင်တင်းထျန်က စီနီယာချူးရဲ့လက်ချက်နဲ့ သေသွားပြီ!"
"နတ်ဓားဂိုဏ်းဟုတ်လား ဒဏ္ဍာရီလာ နတ်ဓားဂိုဏ်းလား"
"ဒီတိုက်ပွဲပြီးရင် စီနီယာချူးက သူ့ရဲ့ ပါရမီရှင်စာရင်းမှာ အဆင့်ကို ထိန်းသိမ်းထားနိုင်ရုံသာမကဘဲ အဆင့်တွေလည်း အများကြီး တိုးလာနိုင်တယ်။ နတ်ဓားဂိုဏ်းကတောင် သူနဲ့ မယှဥ်နိုင်ဘူး"
ကြယ်ကြွေကောင်းကင်ဂိုဏ်းရှိ လူတိုင်းသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ဤမတိုင်မီက ချူးယွင်ဖန်းအနိုင်ရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ သို့သော် သူသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ကာ စိန်ခေါ်သူအုပ်စုတစ်စုကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ သူသည် လင်းတင်းထျန်းကိုလည်း တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် အထူးသဖြင့် ကြယ်ကြွေကောင်းကင်သို့ ဝင်ရောက်ပြီး နှစ်နှစ်သာ ကြာသေးသော်လည်း တိုတောင်းသောအချိန်အတွင်း သာမန်လူများ တစ်သက်တာတွင် မလုပ်ဆောင်နိုင်သည့်အရာကို သူလုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း တပည့်သစ်များ၏ စံပြဖြစ်လာခဲ့သည်။ ငယ်ရွယ်သော တပည့်များစွာက သူ့ကို ၎င်းတို့၏ စံပြပုဂ္ဂိုလ်အဖြစ် ရှုမြင်ကြသည်။
ပါရမီရှင်စာရင်းဝင် ဒုတိယမြောက်တပည့်အနေဖြင့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အကြီးအကဲများသည် သူ့ကို ပြုစုပျိုးထောင်ရန် အကောင်းဆုံးကြိုးစားမည်ကို လူတိုင်းမြင်နိုင်သည်။ ချူးယွင်ဖန်း၏ အဆင့်အတန်းသည် သဘာဝအတိုင်း မြင့်တက်လာလိမ့်မည်။ သူ၏နောက်လိုက်ဖြစ်လာခြင်းသည် ၎င်းတို့အား ဤလမ်းကြောင်းနှင့်အညီ လိုက်မီနိုင်စေမည်ဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏နောက်လိုက်များကို ပထမဆုံးရွေးချယ်ချိန်တွင် အတွင်းနှင့် ပြင်ပတပည့်အနည်းငယ်သာ သူ့နောက်သို့လိုက်ရန် ဆန္ဒရှိကြသည်။ သို့သော် သူသည် ပါရမီရှင်စာရင်းတွင် ပါဝင်သွားသည်နှင့်အမျှ သူ၏အဆင့်အတန်းသည် တည်ငြိမ်လာခဲ့သည်။ ခြေတစ်လှမ်းတိုးပြီးနောက်၊ အတွင်းနှင့် ပြင်ပတပည့်များအပြင် အံ့ဖွယ်တောင်ထွတ်သို့ ဝင်လို့သည့် လက်ရွေးစင်တပည့်များပါရှိလာခဲ့သည်။
စစ်မှန်သောတပည့်များနှင့်အကြီးအကဲများပင် ချူးယွင်ဖန်းနောက်သို့လိုက်ကာ အံ့ဖွယ်တောင်ထွတ်နှင့် နှင့်ပူးပေါင်းကာ တပည့်စစ်များနှင့် အကြီးအကဲများနှင့် မဟာမိတ်ဖွဲ့လိုကြသည်။ ဝမ်ယိဖန်တွင်ပင် လက်ရှိချူးယွင်ဖန်းကို ထည့်မပြောဘဲ သူ့နောက်သို့လိုက်ရန် ဆန္ဒရှိသော စကြဝဠာအကြီးအကဲများစွာရှိသည်။ သူသည် နေမင်းတစ်စင်းကဲ့သို့ဟု မှတ်ထားနိုင်ကာ
သူ၏စွမ်းအားသည် ဝမ်ယိဖန်ထက် ဆယ်ဆကျော်ပိုများသည်။
အနာဂတ်ကောင်းများရှိသည့် တပည့်စစ်များပင် ချူးယွင်ဖန်းနှင့်ပူးပေါင်းကာ သူ့နောက်လိုက်များ ဖြစ်လာရန် ဆန္ဒရှိကြသည်။ သို့သော် ၎င်းတို့နှင့် ချူးယွင်ဖန်းကြား၌ ကြီးမားသော ကွာဟချက်တစ်ခုရှိနေသေးသည်။ အများဆုံးအနေနှင့် ၎င်းတို့က ဖန်ဆီးရှင်အဆင့်သို့ရောက်ကာ အနာဂတ်တွင် အကြီးအကဲများဖြစ်လာနိုင်သည်။ သို့သော် ချူးယွင်ဖန်းကမူ ကွဲပြားသည်။ အနာဂတ်တွင် သူဆန္ဒရှိပါက
ကြယ်ကြွေကောင်းကင်ဂိုဏ်းချုပ်ရာထူးအတွက် ယန်တန့်ရှန်နှင့်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီလာလိမ့်မည်။ နောက်ဆုံးတွင် သူကျရှုံးခဲ့လျှင်ပင် အကြီးအကဲရာထူးရနိုင်သေးသည်။
မည်သို့ပင်ဖြစ်စေကာမူ အနာဂတ်တွင် တရှကို သို့မဟုတ် တစ်ကမ္ဘာလုံးကိုပင် လွှမ်းမိုးနိုင်မည့်သူတစ်ဦးဖြစ်လာလိမ့်မည်။ ထိုအချိန်ရောက်ပါက ၎င်းတို့က ချူးယွင်ဖန်းကို ကမ္ဘာတစ်ဝှမ်းတွင်လိုက်နိုင်မည်ဖြစ်ကာ လက်ရှိအခြေအနေနှင့် ယှဥ်နိုင်စရာမရှိပေ။
ထို့ကြောင့်ပင် သမိုင်းတစ်လျှောက်၌ ကျွမ်းကျင်သူအများအပြားက နောက်လိုက်များရှိခဲ့ကြခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ မှတ်ဉာဏ်ထဲက ဆေးဧကရာဇ်ပင် နောက်လိုက် အများအပြားရှိခဲ့သည်။
ဆေးဧကရာဇ်က အောင်မြင်စွာ ဉာဏ်အလင်းရရှိပြီးနောက် ဤလူများသည် သဘာဝအတိုင်း အကျိုးကျေးဇူးများစွာကို ရရှိခဲ့ကြသည်။ လူတစ်ဦးသည် ဉာဏ်အလင်းရရှိသောအခါ ၎င်းတို့၏ ကြက်များနှင့် ခွေးများသည်လည်း ထွန်းတောက်မည်ဟူသော အချက်ကို နားလည်ကြသည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်သည် လုံလောက်စွာ ထူးချွန်ကာ သူ၏အနာဂတ်သည် လုံလောက်စွာ တောက်ပနေသရွေ့ ဤတပည့်စစ်များပင် ကြက်ဖြစ်ဖြစ် ခွေးဖြစ်ဖြစ် ဂရုစိုက်ကြမည်မဟုတ်ပေ။
"ချူးယွင်ဖန်းမှာ ဒီလောက်ခွန်အားရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ အဲ့တုန်းက ထိုက်တောင်က ဘယ်လောက်ကြီးလဲဆိုတာ မသိခဲ့ဘူး။ မေ့လိုက်တော့။ အခုကစပြီး ငါ တစ်ယောက်တည်း ကျင့်ကြံဖို့ သွားတော့မယ်။" ယဲ့ယင်က ပြန်လည်ကုသနေရင်းမှ ချူးယွင်ဖန်းအကြောင်းသတင်းကြားကာ တွေးလိုက်သည်။
ဆုံးဖြတ်ချက်ချပြီးနောက် စိတ်ဓာတ်ကျနေသော ယဲ့ယင်သည် သီးသန့်ကျင့်ကြံတော့မည်ဖြစ်ကာ
ဂိုဏ်း၏ကိစ္စရပ်များကို မမေးမြန်းတော့ကြောင်း လူသိရှင်ကြားကြေငြာခဲ့သည်။
ယင်းက ချူးယွင်ဖန်း၏ တိုက်ပွဲကြောင့် ဖြစ်လာသည့် လှိုင်းလုံးများထဲမှ တစ်ခုသာဖြစ်သည်။
--