အခန်း ၁၈၅၅
Vol. 124 Ch. 1855
အခန်း(၁၈၅၅) ဧကရာဇ်နန်းတော်သို့ လျှောက်တင်ခြင်း
ထိုတိုက်ပွဲသတင်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ မကြာခင်၌ပင် တရှအင်ပါယာတစ်ခုလုံးနှင့်တစ်ကမ္ဘာလုံးက ထိုသတင်းကို ကြားသိခဲ့ကြရသည်။
ချူးယွင်ဖန်း၏ လက်သီးတစ်ချက်တည်းနှင့် လင်တင်းထျန်ကို သတ်လိုက်ခြင်းက သူ့ကို ပို၍ နာမည်ကြီးလာစေသည်။
ပါရမီရှင်စာရင်းထဲ၌ ပါသူများကြား၌ ရန်ပွဲများစွာမရှိခဲ့ပေ။ ရှိခဲ့လျှင်ပင် ခဏတာမျှ စမ်းကြည့်ပြီးလျှင် ရပ်သွားလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ ပါရရမီရှင်စာရှင်း၌ရှိနေခြင်းက မျိုးဆက်သစ်များ၏ အထွတ်အထိပ်၌ ရပ်တည်နေသည်ကို ကိုယ်စားပြုသည်။ အနာဂတ်တွင် ထိုလူများသည် ကမ္ဘာ့အထွတ်အထိပ်၌ ရပ်တည်နေနိုင်သည်။
ပါရမီရှင်စာရင်းထဲက ထိုသို့သော ပါရမီရှင်များကို သေခြင်းနှင့်ရှင်ခြင်းအား အလွယ်တကူ ဆုံးဖြတ်နိုင်စေရန် မည်မျှပင်များပြားသော အမုန်းတရားများ ရှိနေရမည်နည်း။ ပါရမီရှင်စာရင်းထဲရှိ ပါရမီရှင်တိုင်းက မရိုးရှင်းပေ။ ၎င်းတို့၌ ၁၀၀ % ယုံကြည်မှုမရှိလျှင်ပင် ၎င်းတို့ သေဆုံးသွားနိုင်သည်။
ကျစ်ပုယီကဲ့သို့ မုန့်ထျန်းရန်နှင့် အခြားသူများသည် အကျိုးအမြတ်အတွက် တိုက်ပွဲဝင်ကြလျှင်ပင် သေသည်အထိ တိုက်ပွဲဝင်ခဲ့ကြခြင်းမဟုတ်ပေ။
ထိုသို့သော အခြေအနေမျိုးတွင်ချူးယွင်ဖန်း၏ လုပ်ရပ်များသည် အလွန် ရုတ်ရုတ်သဲသဲဖြစ်နေသည်။ သို့သော် လူများစွာကို ထိုပါရမီရှင်အသစ်၏ကြောက်မက်ဖွယ်အစွမ်းသတ္တိအား အမှနန်တကယ် သဘောပေါက်စေခဲ့သည်။ ပါရမီရှင်စာရင်းထဲ၌လည်း ပါဝင်သည့် အခြားပါရမီရှင်တစ်ဦးကို သေသည်အထိ အနိုင်ယူနိုင်ခဲ့သည်မှာ မည်သို့ပင်ကြောက်မက်ဖွယ်စွမ်းအားမျိုးဖြစ်နေသနည်း။
ထို့အပြင် ချူးယွင်ဖန်းက လုံးဝ ဒဏ်ရာမရရှိခဲ့ဟုလည်း ပြောကြသည်။ ဆိုလိုသည်မှာ သူ၏အစွမ်းသည် လက်ရှိအဆင့်ထက် များစွာကျော်လွန်နေသည်။ အနည်းဆုံးတော့ သူသည် အဆင့်၏အောက်ခြေတွင်မဟုတ်ဘဲ အလယ်အလတ်အဆင့်တွင် ရှိနိုင်သည်။
ချူးယွင်ဖန်းသည် စစ်မှန်သော ပညာရှင်တစ်ဦးဖြစ်ကြောင်း ကမ္ဘာက ပထမဆုံးအကြိမ် သိရှိလာခြင်းပင်ဖြစ်သည်။ သူသည် ယခင်က ပါရမီရှိသော ကြယ်ပွင့်သစ်များနှင့် မတူပေ။ အဆုံးစွန်အားဖြင့် သူသည် ပါရမီရှင်စာရင်းတွင် အမြင့်ဆုံးသော စကြဝဠာအဆင့်ကို အလွယ်တကူ သတ်နိုင်သည်။ သူသည် ကျွမ်းကျင်သူတစ်ဦး ကျိန်းသေဖြစ်နိုင်သည်။ ဤနှုန်းဖြင့်ဆိုလျှင် ကံကောင်းခြင်းများကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုအချိန်တွင် သူသည် အလယ်ပိုင်းလွင်ပြင်ဒေသကို အမှန်တကယ် လွှမ်းမိုးနိုင်သော ပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်။
မကြာခင်၌ ဆန်းကြယ်နန်းဆောင်က ပါရမီရှင်စာရင်းကို ထပ်မံ ပြောင်းလဲခဲ့ရာ ချူးယွင်ဖန်း၏ အဆင့်က နောက်ဆုံးနေရာမှ အဆင့် သုံးဆယ်ထိ တက်လာသည်။ ထိုအဆင့်သတ်မှတ်ချက်ထွက်လာသောအခါ အားလုံး အံ့သြကုန်ကြသည်။
လူအများက မကျေမနပ်ဖြစ်ခဲ့ကြသည်။ ချူးယွင်ဖန်းတွင် လင်တင်းထျန်ကဲ့သို့ ပါရမီရှင်တစ်ယောက်ကို သတ်နိုင်သည့် မှတ်တမ်းရှိသည့်တိုင် ရုတ်တရက် အဆင့် ၃၀ ကို တိုးလာခြင်းက မည်သို့သော ရုန်းရင်းဆန်ခတ်မှုများဖြစ်လာနိုင်သည်ကိုမြင်ယောင်ကြည့်နိုင်သည်။
ထိပ်ဆုံး ၃၀ ဟူသည် အခြေခံအားဖြင့် ပါရမီရှင်စာရင်း၏ ထိပ်ဆုံး၌ ရပ်တည်နေသည့် ပထမဆုံးအဖွဲ့ဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် ပါရမီရှင်စာရင်းထဲမှ ကျွမ်းကျင်သူများစွာ၏ မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဤလူများသည် အစပိုင်းတွင် ချူးယွင်ဖန်း၏ ပါရမီရှင်စာရင်း၌ အဆင့်သတ်မှတ်ချက်ကို စိတ်မဝင်စားခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် ယင်းက အဆင့်သတ်မှတ်ချက် အောက်ဆုံးမှာရှိသူများကြားမှ ရန်ပွဲတစ်ခုကဲ့သို့ဖြစ်သည်။ ယခု ချူးယွင်ဖန်းက အမှန်တကယ်ပင် အဆင့်သုံးဆယ်ထိရောက်လာခဲ့ကာ လူများစွာ၏ အဆင့်သတ်မှတ်ချက်ကို ကျော်သွားခဲ့သည်ဟု ဆိုလိုသည်။
၎င်းတို့အသက်၏ ထက်ဝက်ပင်မရှိသေးသော ဂျူနီယာတစ်ယောက် ၎င်းတို့ခေါင်းပေါ် တက်လာသည်ဟူသော အချက်ကို ၎င်းတို့ မည်သို့ လက်ခံနိုင်ကြမည်နည်း။
သို့သော် အကြိမ်အနည်းငယ် ညည်းညူပြီးနောက် ပါရမီရှင်များသည် တိတ်ဆိတ်သွားကြသည်။ အားလုံးက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြချိန်တွင် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဤပါရမီရှင်များ မကန့်ကွက်ရသည့် အကြောင်းရင်းတစ်ခုသာ ရှိသည်။ ထိုအကြောင်းရင်းမှာ ဤပါရမီရှင်များ စုပေါင်း၍ သီးသန့်ကျင့်ကြံနေခြင်း ဖြစ်သည်။
ချူးယွင်ဖန်းမှလွဲ၍ ပါရမီရှင်စာရင်းထဲ ဝင်နိုင်သည့် အခြားသူများသည် စကြဝဠာအဆင့် အထွတ်အထိပ်ရှိ ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့က ဤအဆင့်အထက်၌ ရှိနေကြသည်။ ထို့ကြောင့် ဖန်ဆင်းရှင်အဆင့်ကို ရောက်ရန် အချိန်အနည်းငယ်သာ လိုတော့သည်။ ထို့ကြောင့် ဤကိစ္စတွင် အသက်ကို မဖြုန်းတီးချင်ကြပေ။
ပါရမီရှင်စာရင်း၏ လက်ရှိအခြေအနေကို ကြည့်မည်ဆိုပါက နောက်တစ်ဆင့်က ဖန်ဆင်းရှင်အဆင့်သို့ အတူတူတက်ရန်ဖြစ်သည်။ ထိုအဆင့်တွင် မည်သူက ဦးဆောင်နေသည်က အလွန်ထင်ရှားသည်။ လီချန်းယွမ်ပင်ဖြစ်ကာ ထိုအဆင့်၌ မည်သူမျှ အခြားသူများထက် နောက်ကျမကျန်နေချင်ပေ။
ချူးယွင်ဖန်းနှင့်ပတ်သက်၍မူ…
"စကြဝဠာအဆင့်နဲ့ ဖန်ဆင်းရှင်အဆင့်ကြားမှာ ကျော်လွှားလို့မရတဲ့ ကွာဟချက်တစ်ခုရှိတယ်။ ချူးယွင်ဖန်းရဲ့ တိုက်ခိုက်ရေးအစွမ်းက ကောင်းကင်ကိုတောင် စိန်ခေါ်နိုင်ရင်တောင် ဒီကွာဟချက်ကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူး။ ငါတို့ အဆင့်တက်သွားရင် သူက ရယ်စရာတစ်ခုပဲ ဖြစ်လိမ့်မယ်"
ဒီပါရမီရှင်၏ စကားများထွက်လာသောအခါ လူတိုင်း ချက်ချင်းသဘောပေါက်သွားကြသည်။ ပါရမီရှင်အများစုက ဤမျှ ရက်ရောနေကြခြင်းမဟုတ်သည့်တိုင် ဖန်ဆင်းရှင်အဆင့်သို့ရောက်ရန်ထက် အရေးကြီးသော အရာ မည်သည့်အရာမျှ မရှိသည်ကို ၎င်းတို့ နားလည်ကြသည်။ ဖန်ဆင်းရှင်အဆင့်သို့ရောက်သည်နှင့် ထိပ်ဆုံးသုံးဆယ်ထဲ ရောက်သွားပြီဟုထင်ရသော ချူးယွင်ဖန်းက ဟာသတစ်ခုသာ ဖြစ်လိမ့်မည်။
စကြဝဠာအဆင့်နှင့် ဖန်ဆင်းရှင်အဆင့်အကြား တိုက်ခိုက်နိုင်စွမ်းကွာခြားချက်မှာ ဆယ်ဆ သို့မဟုတ် ဆယ်ဆထက်ပင် ပိုနိုင်သည်။ ချူးယွင်ဖန်းသည် သူ၏ ကံကောင်းမှုများကြောင့် ယခင်က ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်ခဲ့ပါက ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်ပြီးနောက် အရာအားလုံးသည် မူလအတိုင်းပြန်ဖြစ်သွားလိမ့်မည်။
ကောင်းကင်ဘုံရှိ နတ်နဂါးသည် နတ်နဂါးတစ်ကောင်ဖြစ်ပြီး မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များမှာမူ ပုရွက်ဆိတ်များသာဖြစ်သည်။ ခဏတာမျှ လွှမ်းမိုးနိုင်လျှင်ပင် ခဏတာမျှသာ ဖြစ်လိမ့်မည်။ အသက်အဆင့်ကွာခြားချက်သည် အရာအားလုံးကို ပြားချပ်သွားစေနိုင်သည်။
ခဏတာအတွင်း ချူးယွင်ဖန်းကို အထင်သေးသော လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။ စကြဝဠာအဆင့်နှင့် ဖန်ဆင်းရှင်အဆင့်ကြား ကွာဟချက်သည် ချောက်ကမ်းပါးကဲ့သို့ ဖြစ်ကြောင်း လူအများ သိကြသည်။ ကောင်းကင်နှင့် မြေကြီးကြား ကွာခြားချက်ကဲ့သို့ဖြစ်ကာ အဆင့်တက်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်၏။ ထို ကျွမ်းကျင်သူများက ဖန်ဆင်းရှင်အဆင့်သို့ ရောက်နိုင်မည်ဟု ကျိန်းသေယုံကြည်ထားကြသော်လည်း ထိုအဆင့်က စကြဝဠာအဆင့် အထွတ်အထိပ်ရှိ ကျွမ်းကျင်သူ ၉၀% ၏ တစ်သက်တာ၌ အဆင့်ဖြတ်ကျော်၍ မရသော ချောက်ကမ်းပါးတစ်ခုဖြစ်သည်။
ထိုအဆင့်၌ တစ်ယောက်နှင့်တစ်ယောက်ပါရမီကွာခြားချက်ကို တစ်ချက်ကြည့်ရုံနှင့်သိသာသည်။ ပါရမီရှင်တချို့က အပြည့်အဝပျံဝဲနိုင်ဆဲဖြစ်ကာ အချို့ကမူ နှေးကွေးစပြုနေပြီဖြစ်သည်။ ၎င်းတို့က ချည်နှောင်ခံထားရကာ ခြေလှမ်းတစ်ဝက်ပင် မလှမ်းနိုင်သည့်အလားထင်ရ၏။
ထို့ကြောင့် လူတိုင်းက ချူးယွင်ဖန်းကို အထင်သေးရသည့် အကြောင်းရင်းတစ်ခု ရှိသည်။ သူသည် တိုက်ခိုက်ရေးအစွမ်းအရ ဖန်ဆင်းရှင်အဆင့်နှင့် တူလိုပါက အနည်းဆုံးအနေဖြင့် သူကိုယ်တိုင် ထိုကျင့်ကြံမှုအဆင့်သို့ရောက်နေရမည်ဖြစ်သည်။
သို့သော်လည်း ချူးယွင်ဖန်း၏ လက်ရှိအဆင့်ဖြင့် ဖန်ဆင်းခြင်းအဆင့်သို့ ဝင်ရောက်ရန် မည်မျှကြာမည်ကို မသိရသေးပေ။ ထိုအချိန်တွင် ပါရမီရှင်စာရင်းရှိ ပါရမီရှင်များက မည်မျှ အဆင့်မြင့်နိုင်မည်ကို မည်သူသိမည်နည်း။
ခြေလှမ်းတစ်လှမ်းကွာဟချက်သည် ခြေလှမ်းပေါင်းများစွာကွာဟချက်ပင်ဖြစ်သည်။ အသက်အရွယ်၏ အားနည်းချက်ကို သံသယဖြစ်ရန်မလိုဘဲ သိနိုင်သည်။
ချူးယွင်ဖန်းက ကံကောင်းသော်လည်း အသက်ကြီးသော ပါရမီရှင်များနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသည်အထိ အသက်မကြီးသေးပေ။ သူ ကြီးပြင်းလာမှုလမ်းကြောင်းက အခြားသူများထက်ပို၍ ကြမ်းတမ်းခက်ခဲရန် ကံကြမ္မာက ဖန်တီးထားသည်။
ဤလှိုင်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ပျံ့နှံ့သွားပြီး ချူးယွင်ဖန်းကို မြှောက်ပင့်ရန် ဂိုဏ်း၏ စိတ်အားထက်သန်မှုပေါ်သို့ ရေအေးပုံးတစ်ပုံး ချက်ချင်းလောင်းချလိုက်သည်။
လူတိုင်း ချက်ချင်းငြိမ်သက်သွားကြသည်။ အထူးသဖြင့် ဆုံးဖြတ်ချက်မချရသေးသူများမှာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
--