← Chapters

အခန်း ၁၈၆၀

Vol. 124 Ch. 1860

အခန်း ၁၈၆၀

Vol. 124 Ch. 1860

အခန်း(၁၈၆၀) တရှ၏ ဧကရာဇ်မြို့တော်ရှိ ကံကောင်းခြင်းနဂါး

အဆင့်ဖြတ်ကျော်ပြီးနောက် ချူးယွင်ဖန်းသည် သူ၏နတ်ဘုရားစွမ်းအားသည် စက္ကန့်တိုင်း အရူးအမူးတိုးပွားလာနေသည်ဟု ခံစားလိုက်ရသည်။ ကန့်သတ်ချက်တစ်စုံတစ်ရာမရှိဘဲ သူသည် ဒုန်းစိုင်းပြေးနေသော စစ်မြင်းတစ်ကောင်ကဲ့သို့ အဆင့်ဖြတ်ကျော်နိုင်ရန် ကြိုးစားခဲ့သည်။

တစ်လလုံးကြာပြီးနောက် ချူးယွင်ဖန်း၏တိုးတက်မှုသည် နောက်ဆုံးတွင်ရပ်တန့်သွားခဲ့သည်။ သူ၏တိုက်ခိုက်ရေးအစွမ်းသည် ယခင်ကထက် အနည်းဆုံး အဆ ၂၀ ပိုမိုအားကောင်းလာခဲ့သည်။ သူ၏ကျင့်ကြံမှုသည် စကြဝဠာ စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ရောက်ခဲ့သည်။ နောက်ဆုံးတွင် ရပ်တန့်သွားပြီးနောက် သူ အတားအဆီးအသစ်တစ်ခုနှင့်ရင်ဆိုင်ခဲ့ရသည်။

ဤအဆင့်သို့ ရောက်ရှိပြီးနောက် ချူးယွင်ဖန်းသည် ဖန်ဆင်းရှင်အဆင့်နှင့် စကြဝဠာအဆင့်ကြား ကွာဟချက်မည်မျှကြီးမားသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူတို့သည် တူညီသောအဆင့်တွင် မရှိနေကြပေ။

အထူးသဖြင့် စကြဝဠာအဆင့်နှင့် ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်ရှိသူများအတွက် ဤအချက်သည် မှန်သည်။ ၎င်းတို့အကြားတွင် ပါးလွှာသော မျဉ်းတစ်ကြောင်းသာရှိသော်လည်း အနည်းဆုံး ဆယ်ဆ သို့မဟုတ် ဆယ်ဆကျော်အထိပင် ကွာခြားသည်။

ကျန်းဝမ်အန်က သူ့ကိုသတ်ချင်သောအခါ အောင်ပွဲက သူ့လက်ထဲတွင်ရှိ၍

သူ့ကိုအလေးအနက်လုံးဝမထားခဲ့ပေ။ သာမန်ဖန်ဆင်းရှင်အဆင့်ပင် စကြဝဠာအဆင့် အထွတ်အထိပ်ရှိ ကျွမ်းကျင်သူတစ်ဦးကို အလွယ်တကူ သတ်နိုင်သည်။ ကျန်းဝမ်အန်က ဖန်ဆင်းရှင်အဆင့် ထူးချွန်သူတစ်ယောက်ဖြစ်ကြောင်း ထည့်ပြောရန်ပင်မလိုပေ။

ချူးယွင်ဖန်းက သူ့ကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရအောင် ဓားအလင်းအဆောင်ဖြင့် ရုတ်တရက် ဖောက်ခွဲပစ်ခဲ့မည်ကို သူသိခဲ့ပါက ထိုမျှထိ ဆိုးရွားသော အခြေအနေသို့ရောက်မည်မဟုတ်ပေ။

နောက်ဆုံး၌ စစ်တုရွှမ် ဝင်ရောက်စွက်ဖက်ပြီးနောက်၌ ကျန်းဝမ်အန်ပင် ခေါင်းငုံံကာ သူ့အမှားကို ဝန်ခံရုံသာ တတ်နိုင်တော့သည်။

လီချန်းယွမ် ဖန်ဆင်းခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ထိုပါရမီရှင်အားလုံးနီးပါးက ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရန် ကြိုးစားကြသည်။ အဘယ်ကြောင့်ဆိုသော် လီချန်းယွမ်သည် တစ်ခါဝင်ရောက်ပြီးသည်နှင့် ၎င်းတို့ထက် များစွာသာလွန်သွားမည်ကို လူတိုင်းသိကြသောကြောင့်ဖြစ်သည်။ လီချန်းယွမ်သည် ယခင်က ၎င်းတို့ထက် အနည်းငယ်သာ ပိုမိုအားကောင်းပါက ဝင်ရောက်ပြီးနောက် ချက်ချင်းပင် အားလုံးကို ဖုန်မှုန့်အဖြစ် သဘောထားတော့မည်ဖြစ်သည်။ လူအုပ်စုတစ်စုသည် လီချန်းယွမ်၏ပြိုင်ဘက်မဟုတ်ဟုပင် ဆိုနိုင်သည်။

လီချန်းယွမ်က ဖန်ဆင်းခြင်းအဆင့်သို့ ဝင်ရောက်ပြီးနောက်၊ အခြားလူတစ်စုသည် ဖန်ဆင်းခြင်းအဆင့်သို့ အတူတကွ ဝင်ရောက်လာကြသည်။ အစပိုင်းတွင် ပါရမီရှင်စာရင်းတွင် ကွာဟချက်မရှိသော်လည်း ချက်ချင်းပင် ကွာဟချက်တစ်ခု ပေါ်လာခဲ့သည်။ ပါရမီရှင်များကြားတွင် ကွာဟချက်တစ်ခု ရှိနေသည်။ အားအကောင်းဆုံးနှင့် အားအနည်းဆုံးကြား ကွာဟချက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှင်းရှင်းလင်းလင်း သိနိုင်သည်။

သို့သော် ယခုမူ ချူးယွင်ဖန်း၏တိုက်ခိုက်ရေးအစွမ်းက ဖန်ဆင်းရှင်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်သည့် ပြောင်းလဲမှုတစ်ခုဖြစ်ပွားခဲ့ပြီဟု ပြော၍ ရသည်။ ထိုအချိန်မှစ၍ သူ့တွင် ၎င်းတို့နှင့်ယှဥ်ပြိုင်ရန် အရင်းအနှီးအပြည့်အဝရှိလာခဲ့သည်။

သူ၏ ပစ်မှတ်က လက်ရှိ ပထမနေရာ၌ ရှိနေသော လီချန်းယွမ်ပင်ဖြစ်သည်။

ဖန်ဆင်းရှင် ပထမအဆင့်များသည် အလျင်အမြန်တိုးတက်အောင်မြင်လာသည့် ချူးယွင်ဖန်းနှင့်ယှဥ်နိုင်ကြမည်မဟုတ်ပေ။ ဖန်ဆင်းရှင်ဒုတိယအဆင့်သို့ရောက်နှင့်ပြီးသော လီချန်းယွမ်နဲ့ ရင်ဆိုင်ရသောအခါ၌ပင် ချူးယွင်ဖန်းက မကြောက်ပေ။ ချူးယွင်ဖန်းက ဟုတ်သားရဲအဖြစ် ပြောင်းလဲပြီးနောက် လီချန်းယွမ်ကိုတိုက်ခိုက်နိုင်သည်။

သို့သော်လည်း ပြင်ပကမ္ဘာမှ မည်သူမျှ ယခုအခါ ယင်းအကြောင်းကို မသိရှိကြပေ။ တောင်မြစ်ပန်းချီကားထဲ၌ အဆင့်ဖြတ်ကျော်ခြင်းဖြင့် ဤအချက်အလက်သည် ဆန်းကြယ်နန်း‌ဆောင် သိရှိသွားခြင်းမှ တားဆီးထားသည်။ ချူးယွင်ဖန်းက လှုပ်ရှားမှုတစ်ခု မပြုလုပ်ပါက မည်သူမျှ မသိနိုင်ပေ။

အချိန်ကို တွက်ချက်ကြည့်လိုက်သောအခါ ချူးယွင်ဖန်းသည် သူ၏အလုပ်အကြောင်း အစီရင်ခံရန် ဧကရာဇ်မြို့တော်သို့ သွားရန် အချိန်တန်ခဲ့ပြီဖြစ်သည်။ သူသည် သီးသန့်ကျင့်ကြံရာမှ ထွက်လာ၍ အနီးနားရှိ မြို့ကြီးတစ်မြို့သို့ သွားခဲ့သည်။ ဤမျှကြီးမားသော မြို့ကြီးတွင် လူတစ်ဦးကို တရှသို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်သော ပို့ဆောင်ရေးစနစ် များစွာ ရှိသည်။

မည်သို့ပင်ဖြစ်စေကာမူ တရှက အလွန်ကြီးမားလှသည်ဖြစ်ရာ စတုရန်းကီလိုမီတာ ‌သောင်းနှင့်ချီ၍ ကျယ်ဝန်းသည်။ ထို ပို့ဆောင်ရေး အတားအဆီးများမပါဘဲ တရှ၌ တစ်စုံတစ်ခုဖြစ်ပါက ဖြေရှင်းရန် မဖြစ်နိုင်ပေ။ ဤပို့ဆောင်ရေးစနစ်များဖြင့် နယ်စပ်ဒေသသည် မည်သည့်နေရာတွင် ပြဿနာရှိစေကာမူ ၎င်းတို့သည် တပ်သားအမြောက်အမြားကို ချက်ချင်းစေလွှတ်၍ နှိမ်နင်းနိုင်သည်။ ထို့ကြောင့်ပင် တရှအင်ပါယာသည် ထောက်တိုင်ကဲ့သို့ တည်ငြိမ်နေခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ယခုအခါ တော်ဝင်တရားရုံးက ခန့်အပ်ထားသော ဗိုလ်ချုပ်ဖြစ်နေသဖြင့် သူသည် တော်ဝင်တရားရုံး၏ အဆင်ပြေ မြန်ဆန်သော အထူးပို့ဆောင်ရေးစနစ်ကို သဘာဝအတိုင်း အသုံးပြုနိုင်သည်။

ချူးယွင်ဖန်းမျက်လုံးပြန်ဖွင့်လိုက်သောအခါ သူက နန်းတော်ထဲ၌ ပေါ်လာပြီဖြစ်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် သူသည် နန်းတော်အထက်၌ ထူထပ်သော အငွေ့အသက်များကို ခံစားမိသည်။

၎င်းသည် ဖိနှိပ်ထားသည့် ခံစားချက်မျိုးဖြစ်ကာ အများစုက ကံကောင်းမှုအဖြစ်သဘောထားကြသည်။

ယခုအချိန်တွင် တရှသည် မီးလျှံများ တောက်လောင်နေကာ လူများသည်လည်း သစ္စာရှိနေကြသည်။ သူ၏ ကံကြမ္မာက အလွန်သိပ်သည်းလွန်းလှသဖြင့် ပျောက်ကွယ်သွားရန် မဖြစ်နိုင်ဟုပင် ပြော၍ ရသည်။ ကျွမ်းကျင်သူက ပိုသန်မာလေလေ ကံကြမ္မာ၏ နှိမ်နင်းမှုကို ပိုခံစားရလေလေဖြစ်သည်။

သာမန်ဖန်ဆင်းရှင်များသည် ချူးယွင်ဖန်းကဲ့သို့ ဤကဲ့သို့သော ဖိနှိပ်မှုမျိုးကို ရှင်းရှင်းလင်းလင်း ခံစားနိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသာလျှင် သူ့အတွင်းရှိ နတ်ဘုရားစိတ်ဝိဉာဥ်ကြောင့် တောင်များ သို့မဟုတ် ရေများကို မြင်နိုင်သည့်အဆင့်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သူ့မျက်လုံးများ၌ မြင်နိုင်သလောက် ရွှေရောင်နဂါးတစ်ကော်က ဧကရာဇ်မြို့တော်၏ ကောင်းကင်ယံထက်တွင် ပျံသန်းနေကာ သူ၏ အေးစက်သောအကြည့်များကလည်း ကမ္ဘာကြီးတစ်ခုလုံးသို့ ငေးကြည့်နေသည်ကို ခံစားသိနိုင်သည်။ သူ့ကိုယ်ပေါ်က ရွှေရောင်အကြေးခွံများသည် နေရောင်ခြည်အောက်၌ တောက်ပသော အလင်းများနှင့် တောက်ပနေသည်။ ယင်းက ကံကောင်းခြင်း နဂါး တစ်ကောင်ဖြစ်ကာ အလွန်အစွမ်းထက်ပေသည်။

မင်းဆက်တစ်ခု၏ ကံကောင်းခြင်းနဂါးဟာ မင်းဆက်၏ ကံကြမ္မာနှင့် အလွန်ဆက်စပ်နေသည်။

မင်းဆက်တစ်ခုက နောက်ဆုံးအဆင့်ကို ရောက်သွားပါက သူ၏ ကံကောင်းခြင်းနဂါးသည်လည်း ကမ္ဘာကြီးကို ခြိမ်းခြောက်နိုင်စွမ်းရှိမည်မဟုတ်ပေ။ သို့သော် မင်းဆက်တစ်ခုက အမြင့်ဆုံးနေရာသို့ရောက်နေပါက ကံကောင်းခြင်းနဂါး၏ စွမ်းအားက မယုံကြည်နိုင်စရာကောင်းနေပေလိမ့်မည်။

ဥပမာအားဖြင့်၊ ချူးယွင်ဖန်းယခုမြင်တွေ့ခဲ့ရသော တရှ၏ ကံကောင်းခြင်းနဂါးသည် ယခင်က သူမြင်တွေ့ခဲ့ရသော တဝေ၏ ကံကောင်းခြင်းနဂါးထက် အဆပေါင်းထောင်ချီ ပိုမိုအားကောင်းသည်။ ဧရာမနဂါးခြေသည်းများသည် မြို့ရိုး၏ ထောင့်လေးထောင့်ကို ဆုပ်ကိုင်ထားကာ နဂါးခေါင်းသည် အချိန်မရွေး ကောင်းကင်သို့ ပျံတက်သွားနိုင်သည့်အလား ကမ္ဘာကြီးကို ငုံ့ကြည့်နေသည်။

တိုက်ပွဲအတွေ့အကြုံရှိသော ချူးယွင်ဖန်းပင် ၎င်းကိုမြင်သောအခါ ပင့်သက်ရှိုက်လိုက်မိသည်။ ဤကံကောင်းခြင်းနဂါးသည် တရှ၏ ဧကရာဇ်မြို့တော်ကို လွှမ်းခြုံထားသည်။ ထိုမကောင်းဆိုးဝါးနတ်ဆိုးများ ရဲရင့်စွာမပြုမူရဲသည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။

ဖန်ဆင်းရှင်နတ်ဆိုးကျင့်ကြံသူတစ်ယောက် ထိုနေရာသို့ရောက်လာလျှင်ပင် ကံကောင်းနဂါးကြီးက ချက်ချင်းရှာတွေ့သွားနိုင်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြင်းထန်စွာဒဏ်ရာရသွားနိုင်သကဲ့သို့ ချက်ချင်းသေဆုံးသွားနိုသည်။ ကံကောင်းခြင်းနဂါးက မြို့တော်ကို ကာကွယ်နေသရွေ့ တပ်သားသန်းပေါင်းများစွာနှင့် ဝိုင်းထားလျှင်ပင် မည်သူမျှ ဖောက်ထွက်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုသို့ရောက်လာသည့် နတ်ဆိုးကျင့်ကြံသူများအားလုံးသည် ကံကောင်းခြင်းနဂါး၏ သက်‌ရောက်မှုကို ခံရလိမ့်မည်။ ၎င်းတို့၏ ခွန်အားကို အဆင့်တစ်ဆင့်ဖြင့် နှိမ်နင်းခံရလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှု အားနည်းသူများပင် အဆင့်များစွာ နှိမ်နင်းခံရနိုင်သည်။ ထို့ကြောင့် သန်းနှင့်ချီသည့် စစ်သားများဖြင့်ဖွဲ့စည်းထားသော စစ်တပ်သည့် ကံကောင်းခြင်းနဂါးရှေ့၌ မည်သို့မျှမဟုတ်ပေ။

ထို့ကြောင့် ရှေးခေတ်ကတည်းက တရှ၏ ဧကရာဇ်မြို့တော်ကို တိုက်ခိုက်ခံရသည့် မှတ်တမ်းမရှိပေ။ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေခြင်း၊ လူများက အကျပ်အတည်းကြုံတွေ့နေရခြင်းနှင့် ကံကောင်းခြင်းနဂါးကို လူအများက ထောက်ပံ့ခြင်းမရှိပါက မည်သည့်နတ်ဆိုးဂိုဏ်းမှ ထိုကဲ့သို့သော အတွေးများကို တွေးရဲမည်မဟုတ်ပေ။ ထိုအခါမှသာ နတ်ဆိုးဂိုဏ်းသည် ၎င်းကို အခွင့်ကောင်းယူရန် အခွင့်အရေးရှိမည်ဖြစ်သည်။

ရှေးခေတ်ကတည်းက မည်သည့် မင်းဆက်ကမျှ ထိုသို့မလုပ်ခဲ့ပေ။ သို့သော် တရှက မျိုးဆက်ပေါင်းများစွာ ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများ၏ နှလုံးသားများကလည်း သစ္စာရှိကြသည်။ မှန်သည်။ ၎င်းက အလွယ်တကူ တုန်လှုပ်သွားမည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် ကံကောင်းခြင်းနဂါးကို စောင့်ကြည့်နေစဉ် ရုတ်တရက် ကံကောင်းခြင်းနဂါးက သူ၏ လေ့လာတွေ့ရှိချက်ကို သတိပြုမိသွားပုံရသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် ကံကောင်းခြင်းနဂါးသည် ခေါင်းလှည့်ကာ ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်လိုက်သည်။

ချူးယွင်ဖန်းအံ့အားသင့်သွားသည်။ မမြင်ရသောဖိအားတစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံး အေးစက်သွားသည်။ သို့သော် ချူးယွင်ဖန်းကို ကြည့်ပြီးနောက် ကံကောင်းခြင်းနဂါးက စိတ်မဝင်စားတော့ပေ။ ခေါင်းကိုသာ ပြန်လှည့်၍ လောကကြီးကို ဆက်လက်ကြည့်နေလိုက်သည်။

--

All Chapters