အခန်း ၅၅၈
Vol. 38 Ch. 558
အခန်း (၅၅၈) - မိုးက်ြိုးသားရဲ၏ ပါရမီနှင့် ကောင်းကင်ဘုံ ကျောက်စာတိုင် အပိုင်းအစ (အပိုင်း - ၂)
~“ဒီလောက်အထိ အားနာနေစရာ မလိုပါဘူး ”
ယဲ့ဖုန်း က လက်ယမ်းပြလိုက်ရာ မမြင်နိုင်သော သူရဲကောင်းဝိညာဉ် စွမ်းအား များမှာ ဝူ မိသားစု အရှင်သခင် ကို မ,တင်ပေးလိုက်၏။ ၎င်းကြောင့် ဝူ မိသားစု အရှင်သခင် မှာ ပို၍ပင် ရိုသေလေးစား သွားတော့၏။
“တော်ပြီ... ဒီနေရာမှာ ဂိုဏ်းချုပ် ယဲ့ ရဲ့ ကျင့်ကြံမှုကို အနှောင့်အယှက် မပေးကြနဲ့တော့ ”
လေဝူ ဧကရာဇ် က စိတ်မရှည်ဟန်ဖြင့် လက်ယမ်းကာ ပြောလိုက်သည်။
“ဒါဆိုရင်တော့ မျိုးဆက်သစ်က ခွင့်တောင်းပြီး ပြန်ပါရစေဦး ခင်ဗျာ ”
ဝူ မိသားစု အရှင်သခင် မှာ လေဝူ မင်းဆက် ၏ နန်းတော်အတွင်းမှ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။ သူ ထွက်သွားပြီးနောက် လေဝူ ဧကရာဇ် က ယဲ့ဖုန်း ဘက်သို့ ပြုံးလျက် လှည့်ကြည့်ကာ မေးမြန်းလိုက်၏။
“ဂိုဏ်းချုပ် ယဲ့... ဒီဘုရင် လုပ်လိုက်တာ ဘယ်လိုနေလဲ ”
“အရမ်း ကောင်းပါတယ် ”
ယဲ့ဖုန်း က ကျေနပ်စွာဖြင့် ဆိုလိုက်သည်။ သူသည် ယခင်က မြူခိုးဂိုဏ်း ၏ ဂုဏ်သတင်းကို မည်သို့ မြှင့်တင်ရမည်နည်းဟု စိုးရိမ်နေခဲ့သော်လည်း အခုတော့ အခွင့်အရေးက သူ့အလိုလို ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။
မျှော်လင့်ထားသည့်အတိုင်းပင်။
တစ်နေ့ဝက်မျှသော အချိန်အတွင်းမှာတင် “မြူခိုးဂိုဏ်း” ဟူသော အမည်မှာ ကောင်းကင်ထစ်ချုန်းမြို့ တစ်ခုလုံး၌ ရေပန်းစားသွားခဲ့ကာ ဂုဏ်သတင်းမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ ဆန်းကြယ်လှသော ဂိုဏ်းချုပ် ယဲ့ မှာ အဆင့်အတန်း မြင့်မားလှသည့် မှော်ပညာ ဆရာကြီး တစ်ဦး ဖြစ်ကြောင်းကို လူတိုင်းနီးပါး သိရှိသွားကြရတော့သည်။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် တစ်ပိုင်း ရှိသော လေဝူ ဧကရာဇ် ပင်လျှင် သူ၏ ရှေ့မှောက်၌ မိမိကိုယ်ကိုယ် မျိုးဆက်သစ် တစ်ဦးအဖြစ်သာ သတ်မှတ်နေသည် မဟုတ်ပါလော။
၎င်းနောက်တွင်မူ အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ မှတစ်ဆင့် ရေပေါ်ဖြူမြို့တော် သို့ သွားရောက်ခဲ့ကြသော ကျင့်ကြံသူအချို့မှာ မြူခိုးဂိုဏ်း ၏ ဂုဏ်သတင်းများကို ကြားသိခဲ့ကြရပြီးနောက် ယဲ့ဖုန်း သည် လျှို့ဝှက်ဆန်းကြယ် မြို့တော် ရှိ တိုက်ပွဲအတွင်း သစ်ပင်နတ်ဆိုး ဘိုးဘေး ၏ ဝိညာဉ်ခွဲကို နှိမ်နင်းခဲ့သည့် သူရဲကောင်းဆန်သော စွမ်းဆောင်ချက်များကို ပြန်လည် ဖောက်သည်ချလိုက်ကြ၏။
ဤသတင်းကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ် သွားကြရတော့သည်။ ကျင့်ကြံသူ အမြောက်အမြားမှာလည်း မိမိတို့၏ သားသမီး မြေးမြစ်များကို မြူခိုးဂိုဏ်း သို့ စေလွှတ်ရန်အတွက် ချက်ချင်းပင် စတင် စဉ်းစားလာကြပေတော့သည်။
လေဝူ မင်းဆက် ၏ နန်းတော်အတွင်း၌မူ၊
(ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + (၂၈၇၄၂))။
...
(ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + (၃၇၆၆၂))။
စနစ်၏ အသိပေးချက်များမှာ ယဲ့ဖုန်း ၏ နားထဲ၌ အဆက်မပြတ် မြည်ဟီးနေသော်လည်း သူသည် ထိုအရာများကို အာရုံမစိုက်အားပေ။ သူသည် စားပွဲပေါ်သို့သာ စိုက်ကြည့်နေမိသည်။
ထိုအခိုက်အတန့်၌ မိုးက်ြိုးသားရဲ ပေါက်စလေးမှာ စားပွဲပေါ်၌ လဲလျောင်းနေလျက် ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး ထံမှ ထွက်ပေါ်နေသော ကောင်းကင်ဘုံ မိုးကြိုး များကို ခေါင်းမော့ကာ ဝါးမြိုနေ၏။
“ဂျွတ်... ဂျစ်... ဖြောက်... ”
ထစ်ချုန်းသံများမှာ မပြတ်တမ်း ထွက်ပေါ်နေကာ မိုးကြိုး အလင်းတန်းများမှာလည်း အဆက်မပြတ် ဝင်းလက်နေတော့သည်။ မိုးက်ြိုးသားရဲ ပေါက်စလေးသည် ကောင်းကင်ဘုံ မိုးကြိုး များကို ဆက်တိုက် ဝါးမြိုနေသည်နှင့်အမျှ သူ၏ မျက်ဝန်းများမှာ တဖြည်းဖြည်းနှင့် တောက်ပ လန်းဆန်းလာ၏။
“ ဝူး ”
နောက်တစ်ခဏတွင် ၎င်းမှာ အပြင်သို့ ပြေးထွက်သွားတော့၏။
“သူ့နောက်က လိုက်ရအောင် ”
ယဲ့ဖုန်း က ဟူဖေးဖေး နှင့်အတူ လေထဲသို့ ပျံတက်လိုက်ကာ မိုးက်ြိုးသားရဲလေး၏ နောက်မှ လိုက်ပါသွားသည်။ လေဝူ ဧကရာဇ် ကလည်း သူ၏ ခေါင်းကို ကုတ်ရင်း သူတို့နောက်မှ လိုက်ပါလာခဲ့၏။
“ဂိုဏ်းချုပ်... ကျွန်မတို့ ဘာလုပ်ကြမလို့လဲ ဟင် ”
ဟူဖေးဖေး က သူမ၏ နှုတ်ခမ်းလေးကို စူလိုက်ကာ ဇဝေဇဝါ ဖြစ်နေသော မျက်နှာလေးဖြင့် မေးမြန်းလိုက်သည်။ သူမသည် မူလက ကောင်းကင်ဘုံ မိုးကြိုး များကို ဝါးမြိုချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယဲ့ဖုန်း က သူမကို တားဆီးခဲ့ကာ အချိန်အတော်ကြာ တွက်ချက်မှုများ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ထိုမိုးကြိုးများကို မိုးက်ြိုးသားရဲ ပေါက်စလေးအား ဝါးမြိုခွင့် ပေးလိုက်သည် မဟုတ်ပါလော။ ၎င်းမှာ ဟူဖေးဖေး ကို အလွန်ပင် စိတ်မကျေမနပ် ဖြစ်သွားစေ၏။ ယဲ့ဖုန်း က သူမကို မချစ်တော့ဟုပင် သူမ ခံစားနေရတော့၏။
“ငါ အခုလေးတင်ပဲ ရှုပ်ထွေးလှတဲ့ တွက်ချက်မှု တစ်ခု လုပ်ခဲ့တယ် ။ မိုးက်ြိုးသားရဲ ပေါက်စလေးက ကောင်းကင်ဘုံ မိုးကြိုး တစ်ခုကို ဝါးမြိုလိုက်တိုင်းမှာ သူက ရတနာတွေကို ရှာဖွေနိုင်စွမ်း ရှိသွားတယ်လေ ။ မိုင်ပေါင်း သောင်းနဲ့ချီတဲ့ ပတ်ဝန်းကျင်အတွင်းမှာ ရှိသမျှသော အဖိုးတန်ဆုံး ကောင်းကင်နှင့် မြေပြင်ကြားမှ ရတနာ တွေကို သူက အတိအကျ ရှာဖွေနိုင်တာပဲ ”
ယဲ့ဖုန်း က ရှင်းပြလိုက်၏။ ဤသည်ကို ကြားလိုက်ရသောအခါ လေဝူ ဧကရာဇ် ၏ မျက်လုံးများထဲတွင် မနာလိုမှုများ ပြည့်နှက်သွားတော့၏။ မိုးက်ြိုးသားရဲ ၏ အကူအညီဖြင့်ဆိုလျှင် ယဲ့ဖုန်း အနေဖြင့် ပိုမို များပြားသော ရတနာများကို ရှာဖွေနိုင်မည် ဖြစ်ရာ အနာဂတ်တွင် သူသည် အတိုင်းအဆမရှိ ချမ်းသာကြွယ်ဝလာမည်မှာ သေချာလှသည်လေ။
“ ဝူး... ... ... ”
အဖွဲ့သားအားလုံးမှာ လေထဲတွင် ပျံသန်းရင်း ကောင်းကင်ထစ်ချုန်းမြို့ နှင့် မိုင်ပေါင်း သောင်းနှင့်ချီ၍ ဝေးကွာသော လူသူကင်းမဲ့သည့် ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိသွားကြသည်။
“ဟင်... ဒီနေရာပါလား ”
လေဝူ ဧကရာဇ် က ထိုနေရာကို မှတ်မိသွား၏။
“ဂိုဏ်းချုပ် ယဲ့ ခင်ဗျာ... ဒီနေရာကို ‘မိုးကြိုး ဆိတ်သုဉ်းရာ ချိုင့်ဝှမ်း’ လို့ ခေါ်ပါတယ် ။ မည်သည့် အကြောင်းကြောင့်လဲ မသိပေမဲ့ မိုးကြိုးတွေ အားလုံးက ဒီချိုင့်ဝှမ်းကို ရှောင်ကွင်းသွားကြတယ်လို့ ပြောစမှတ် ရှိပါတယ် ခင်ဗျာ ”
“ဘာလို့လဲဆိုတော့ ဒီနေရာမှာ ထူးခြားတဲ့ ရတနာတစ်ခု ရှိနေလို့ပဲ ” ယဲ့ဖုန်း က ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်သည်။
“မြောင်... ဝု ”
မိုးက်ြိုးသားရဲ ပေါက်စလေးသည် မိုးကြိုး ဆိတ်သုဉ်းရာ ချိုင့်ဝှမ်း ၏ ဗဟိုချက်သို့ ဆင်းသက်လိုက်၏။ သူ၏ ဖောင်းအိနေသော ခြေသည်းလေးများဖြင့် မြေကြီးကို စတင် တူးဆွလိုက်ရာ မိုင်ပေါင်း ဒါဇင်နှင့်ချီ၍ နက်ရှိုင်းသော နေရာမှနေ၍ ရွှံ့များ ပေကျံနေသော ကျောက်စာတိုင် အကျိုး တစ်ခုကို ဆွဲထုတ်လိုက်ကာ ယဲ့ဖုန်း ၏ ရှေ့တွင် ချထားလိုက်တော့၏။
“ဒီပစ္စည်းက တော်တော်လေး ရှေးကျပုံရပေမဲ့ ဘာဝိညာဉ် အနှစ်သာရမှ မရှိဘူးပဲ ။ ဒါက ရတနာတစ်ခုတော့ မဟုတ်လောက်ပါဘူးနော် ”
လေဝူ ဧကရာဇ် က သူ၏ ခေါင်းကို ကုတ်ရင်း ပြောလိုက်သည်။
ယဲ့ဖုန်း ကမူ ပြန်လည် ဖြေကြားခြင်း မရှိပေ။ သူသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ထိုကျောက်စာတိုင် အကျိုး၏ နေရာအသီးသီးကို စမ်းသပ်ကြည့်လိုက်၏။
“ဂျွတ် ”
ကျောက်စာတိုင် ၏ အပေါ်ယံ အလွှာများမှာ တဖြည်းဖြည်းနှင့် ကွာကျသွားကာ ၎င်း၏ တကယ့် ပုံသဏ္ဌာန်မှာ ပေါ်ထွက်လာတော့သည်။ ၎င်းမှာ တစ်ကိုယ်လုံး မီးခိုးဖြူရောင် ရှိနေပြီး မျက်နှာပြင်ပေါ်တွင်လည်း ရှေးဟောင်း ပုံစံများစွာ ရှိနေကာ များပြားလှသော ထူးခြားသည့် ဟင်းလင်းပြင် အနှစ်သာရများ ကိန်းဝပ်နေသဖြင့် တဖျတ်ဖျတ်နှင့် လက်နေတော့၏။
အမည် - ကောင်းကင်ဘုံ ကျောက်စာတိုင် အပိုင်းအစ။
အဆင့် - အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ (တံဆိပ်ခတ်နှိပ်ထားသည်)။
မှတ်ချက် - ကောင်းကင်ဘုံ ကျောက်စာတိုင် ၏ အပိုင်းအစများထဲမှ တစ်ခု ဖြစ်သည်။ စုစုပေါင်း အပိုင်းအစ (၃) ခု ရှိ၏။ အကယ်၍ အားလုံးကို စုစည်းနိုင်မည်ဆိုပါက ရှန်ကျိုးတိုက်ကြီး ၏ (၁၀) ခုမြောက် မဟာ တောင်တန်း ကြီးဆီသို့ ဦးတည်သော အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းကို အချိန်မရွေး ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
ဤသည်မှာ ယဲ့ဖုန်း မြင်တွေ့လိုက်ရသော အချက်အလက်များပင် ဖြစ်သည်။
“(၁၀) ခုမြောက် မဟာ တောင်တန်း” ဟူသော စကားလုံး (၅) လုံးမှာ သူ၏ မျက်လုံးအိမ်များကို ကျုံ့သွားစေခဲ့သည်။ ရှန်ကျိုးတိုက်ကြီး တွင် မဟာ မြင့်မြတ်သော နယ်မြေ ကိုးခု ၊ မဟာ တားမြစ်နယ်မြေ ငါးခု နှင့် မဟာ တောင်တန်း ဆယ်ခု ရှိ၏။ ၎င်းတို့အနက် တောင်တန်း (၉) ခုမှာ ရှန်ကျိုးတိုက်ကြီး ၏ မြေပြင်ပေါ်၌ တည်ရှိပြီး အစွမ်းထက်သော သတ္တဝါများနှင့် အန္တရာယ်ရှိသော နယ်မြေများဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း (၁၀) ခုမြောက် မဟာ တောင်တန်း မှာမူ လျှို့ဝှက်ဆန်းကြယ်လှသော ပျံလွင့်တောင်တန်း တစ်ခုသာ ဖြစ်သည်။ ၎င်းမှာ အမှန်တကယ် မည်သည့်နေရာတွင် ရှိနေသနည်း ဆိုသည်ကို မည်သူမျှ မသိရှိကြပေ။ ယဲ့ဖုန်း သိထားသည်မှာ အချိန်အတိုင်းအတာ တစ်ခု ကြာတိုင်းမှာ ထို ပျံလွင့်တောင်တန်းကြီး သည် ရှန်ကျိုးတိုက်ကြီး ၏ မည်သည့်နေရာတွင်မဆို မတော်တဆ ပေါ်ထွက်လာတတ်သည် ဟူ၍သာ ဖြစ်သည်။
'မိုးက်ြိုးသားရဲ ပေါက်စလေးရဲ့ ပါရမီက ဒီလောက်အထိ အံ့ဩစရာ ကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... သူက ငါ့အတွက် ကောင်းကင်ဘုံ ကျောက်စာတိုင် အပိုင်းအစ တစ်ခုကို ရှာပေးလိုက်တာပဲ...'
'ငါသာ ဒီ အပိုင်းအစ နဲ့ ဟောကိန်း ထုတ်ကြည့်မယ်ဆိုရင် အနာဂတ်မှာ ကျန်တဲ့ အပိုင်းအစ (၂) ခုကိုလည်း သေချာပေါက် စုစည်းနိုင်မှာပဲ... အဲဒီအခါကျရင် ပျံလွင့်တောင်တန်း ဆီကို သွားတဲ့ လမ်းကြောင်းကို ဖွင့်လို့ ရပြီပေါ့...'
'ပျံလွင့်တောင်တန်း ထဲမှာ တကယ်ပဲ ဘယ်လို ရတနာတွေ ရှိနေမလဲ ဆိုတာ ငါ တကယ်ပဲ မသိနိုင်တော့ဘူး...'
ထိုသို့ဖြင့် ယဲ့ဖုန်း သည် စိတ်ထဲမှ တိတ်တဆိတ် အစီအစဉ် ချမှတ်လိုက်ပေတော့သည်။
“တော်တယ် ”
သူသည် မိုးက်ြိုးသားရဲ ပေါက်စလေး၏ ဦးခေါင်းကို သူ၏ လက်ဖြင့် ပုတ်လိုက်ကာ နဖူးလေးကို ပွတ်သပ်ပေးလိုက်ရာ ၎င်းမှာ အလွန်ပင် ကျေနပ်နေသည့်အသွင် ရှိ၏။
“ဂိုဏ်းချုပ်... ဒါက ဘာကြီးလဲ ဟင် ”
ဟူဖေးဖေး က ကောင်းကင်ဘုံ ကျောက်စာတိုင် အပိုင်းအစ ကို လက်ညှိုးညွှန်ပြလျက် မေးမြန်းလိုက်သည်။ လေဝူ ဧကရာဇ် ကလည်း အလွန်ပင် သိချင်နေ၏။ သို့သော်လည်း သူကတော့ မမေးဝံ့ပေ။
“အခုလောလောဆယ်တော့ ပြောဖို့ မသင့်တော်သေးဘူး ”
ယဲ့ဖုန်း က ဆက်လက် ပြောကြားလိုက်သည်။
“ကျန်တဲ့ အပိုင်းအစ (၂) ခုကို ရှာတွေ့လို့ ဝိညာဉ်ရတနာ အပြည့်အစုံ ဖြစ်သွားတဲ့ အခါကျမှ ထုတ်ဖော် ပြောပြလည်း မနောက်ကျပါဘူး ”
“အော် ”
ဟူဖေးဖေး ကတော့ သိပ်ပြီး စိတ်မဝင်စားပေ။ ကောင်းကင်ဘုံ ကျောက်စာတိုင် အပိုင်းအစ မှာ ဝါးမြို၍ မရသဖြင့် သူမ လုံးဝ မလိုချင်ပေ။ သို့သော်လည်း ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး ကိုသာ ရနိုင်မည်ဆိုပါက သူမ သေချာပေါက် ယူမိမှာ ဖြစ်သည်။ သူမ အတွက်တော့ ထိုဝရဇိန်ထီးမှာ သူမ၏ စားနပ်ရိက္ခာ ထုတ်ပေးသည့် အရာတစ်ခုအလားပင်။
“ပြန်ကြရအောင် ”
ယဲ့ဖုန်း က အားလုံးကို ပြောလိုက်ကာ လေဝူ မင်းဆက် ၏ နန်းတော်ရှိရာသို့ ပျံသန်းသွားတော့၏။
“ဖရူး ”
နန်းတော်အတွင်းရှိ အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ထံမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းနောက်တွင်တော့ အနက်ရောင် နဂါးဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးမှာ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာ၏။
“နောက်ဆုံးတော့ ငါ ရောက်လာပြီပေါ့ ”
လင်မြောင် ဧကရာဇ် သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ကာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို စောင့်ကြပ်နေသော ကျင့်ကြံသူကို တွေ့ရှိလိုက်သဖြင့် ပြောလိုက်သည်။
“ငါက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ ဧကရာဇ် ပဲ... မင်းတို့ရဲ့ ဧကရာဇ် ဆီကို ငါ့ကို ခေါ်သွားပေးစမ်း ”
“ဂိုဏ်းချုပ် ယဲ့... ကျုပ် ဒီအထိပဲ လိုက်ပို့ပေးပါရစေတော့ ”
“ကိစ္စ မရှိပါဘူး... ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ပြန်လိုက်ပါ့မယ် ”
ထိုအခိုက်အတန့်၌ နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် ၏ အပြင်ဘက်မှ ရင်းနှီးနေသော အသံနှစ်သံ ထွက်ပေါ်လာသဖြင့် လင်မြောင် ဧကရာဇ် ၏ အာရုံကို ဖမ်းစားသွားတော့၏။ ၎င်းနောက်တွင်မူ၊
ရင်းနှီးနေသော လူရိပ်အချို့မှာ ခန်းမကြီးအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်လာကြသည်။ ရှေ့ဆုံးမှ လာနေသော ယဲ့ဖုန်း နှင့် လေဝူ ဧကရာဇ် တို့ကို မြင်တွေ့လိုက်ရသောအခါ လင်မြောင် ဧကရာဇ် သည် ချက်ချင်းပင် ဂါရဝပြုလိုက်၏။
“ဂိုဏ်းချုပ် ယဲ့... လေဝူ ဧကရာဇ်... မင်းတို့ နှစ်ယောက်လုံး ဒီမှာ ရှိနေတာကိုး။ငါ မင်းတို့ နှစ်ယောက်လုံးနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိနေတာနဲ့ အတော်ပဲ ”
“ဟင်... ဒါ လင်မြောင် ဧကရာဇ် မဟုတ်လား ”
“ဘာကိစ္စ ရှိလို့လဲ ဟင် ”
ယဲ့ဖုန်း နှင့် လေဝူ ဧကရာဇ် တို့ နှစ်ဦးလုံးမှာ လင်မြောင် ဧကရာဇ် ရောက်ရှိလာခြင်းကြောင့် အံ့အားသင့် သွားကြရသည်။
*
(၁၅) မိနစ်ခန့် ကြာပြီးနောက်၊
လေဝူ မင်းဆက် ၏ နန်းတော် ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များ ခန်းမဆောင်၊
လင်မြောင် ဧကရာဇ် ၏ ရည်ရွယ်ချက်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း နှင့် လေဝူ ဧကရာဇ် တို့ နှစ်ဦးလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြကာ သူတို့၏ မျက်နှာပေါ်တွင်လည်း ပြင်းပြလှသော စိတ်ဝင်စားမှုများ ပေါ်ထွက်လာတော့သည်။
လင်မြောင် ဧကရာဇ် သည် ထူးချွန်လှသော မျိုးဆက်သစ် ပါရမီရှင်များအတွက် ပြိုင်ပွဲတစ်ခုကို ကျင်းပရန် စီစဉ်နေခြင်းပင် ဖြစ်သည်။
ထိုပြိုင်ပွဲတွင် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် နှင့် လေဝူ မင်းဆက် တို့မှ ရဲစွမ်းသတ္တိရှိသော လူငယ်သူရဲကောင်း မည်သူမဆို ပါဝင်နိုင်ပြီး မိမိတို့၏ အဆင့်အတန်းအလိုက် အစွမ်းထက်ဆုံးသူကို ရွေးချယ်ရန်အတွက် စင်မြင့်ပေါ်တွင် တိုက်ခိုက်ကြရမည် ဖြစ်သည်။ အောင်နိုင်သူမှာမူ များပြားလှသော ဆုလာဘ်များကို ရရှိမည် ဖြစ်သည်။
“ငါ့ရဲ့ အကြံပေးချက်အပေါ် မင်းတို့ နှစ်ယောက် ဘယ်လို ထင်ကြလဲ ဟင် ” လင်မြောင် ဧကရာဇ် က မေးမြန်းလိုက်သည်။
မြူခိုးဂိုဏ်း သည် ရေပေါ်ဖြူမြို့တော် ၌ ကောင်းကင်ထစ်ချုန်းမြို့ ဆီသို့ တိုက်ရိုက် သွားနိုင်သော အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို တည်ဆောက်ထားကြောင်း သူ သိရှိခဲ့ကတည်းက သူသည် လျှို့ဝှက်ဆန်းကြယ် မြို့တော် နှင့် ရေပေါ်ဖြူမြို့တော် တို့ကို ဆက်သွယ်ပေးမည့် အသွားအပြန် အသေးစား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုကို ချက်ချင်းပင် တည်ဆောက်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် လျှို့ဝှက်ဆန်းကြယ် မြို့တော် မှ ကောင်းကင်ထစ်ချုန်းမြို့ ဆီသို့ သွားရန်မှာ လျင်မြန်စွာ သွားမည်ဆိုပါက (၁၅) မိနစ်ပင် မပြည့်သော အချိန်အတွင်း ရောက်ရှိနိုင်၏။ ထို့အပြင် နေရာရွှေ့ပြောင်းခမှာလည်း အလွန်ပင် ဈေးသက်သာလှ၏။ အသွားအပြန် ခရီးစဉ်အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅) တုံးသာ လိုအပ်သဖြင့် ကျောင်းယန် သန့်စင်သော မြို့တော် မှတစ်ဆင့် ပတ်သွားရသည်ထက် များစွာ ပိုမို ဈေးသက်သာလှ၏။
ထို့ကြောင့် သူသည် နိုင်ငံနှစ်ခုကြား မဟာမိတ်ဖွဲ့မှုကို မြှင့်တင်ရန်အတွက် ဤကဲ့သို့သော လူငယ် ပါရမီရှင်များ တိုက်ပွဲကို စီစဉ်ကာ ဆက်ဆံရေးကို ပိုမို ခိုင်မာအောင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။
လေဝူ ဧကရာဇ် မှာလည်း အတွေ့အကြုံရှိသူပီပီ လင်မြောင် ဧကရာဇ် ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သဘောပေါက်လိုက်သည်။ သူသည် မကန့်ကွက်သည့်အပြင် သူ၏ သဘောတူညီမှုကိုလည်း ဖော်ပြလိုက်၏။
“ဒါက တကယ့်ကို ကောင်းမွန်တဲ့ အကြံဉာဏ် တစ်ခုပဲလို့ ကျွန်တော် ထင်ပါတယ် ခင်ဗျာ ။ နိုင်ငံနှစ်ခုလုံးက ပါရမီရှင် လူငယ်တွေကို အချင်းချင်း ယှဉ်ပြိုင်စေပြီး သင်ယူစေတာက သူတို့ကို ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်စေနိုင်မှာပါ ”
“ဒါ ကောင်းပါတယ်...ကျွန်တော်လည်း ဒါကို ထောက်ခံပါတယ် ” ဂိုဏ်းချုပ် ယဲ့ က ခေါင်းညိတ်လိုက်သည်။
အကယ်၍ မြူခိုးဂိုဏ်း မှ တပည့်များက ဤ နိုင်ငံနှစ်ခုကြားရှိ ပါရမီရှင်များ ပြိုင်ပွဲတွင် ၎င်းတို့၏ စွမ်းအားများကို ပြသနိုင်မည်ဆိုပါက မြူခိုးဂိုဏ်း ၏ ဂုဏ်သတင်းမှာ ပိုမို၍ပင် မြင့်မားလာမည်မှာ သေချာလှ၏။ ထိုအချိန်ကျလျှင် လူအများမှာ တပည့်အဖြစ် ဝင်ရောက်ရန်အတွက် အလုအယက် ဖြစ်လာကြမည် မဟုတ်ပါလေား။ ထိုသို့ ဆိုပါက၊ သူ၏ ခွန်အားမှာလည်း လိုက်ပါ၍ မြင့်တက်လာမည် မဟုတ်ပါလေား။
--