← Chapters

အခန်း ၅၆၂

Vol. 38 Ch. 562

အခန်း ၅၆၂

Vol. 38 Ch. 562

အခန်း (၅၆၂) - ဝိညာဉ်သားရဲတောင်ထိပ်ကို မြှင့်တင်ခြင်းနှင့် ဂိုဏ်းချုပ်၏ ပဉ္စမအဆင့် တာဝန်

~“ဂိုဏ်းချုပ် ယဲ့ ကတော့ တကယ့်ကို နတ်ဘုရား တစ်ပါးပါပဲ ”

“ဟုတ်တာပေါ့ ။ အမှတ်မထင် လမ်းညွှန်ပေးလိုက်ရုံလေးနဲ့ ဝိညာဉ်ပင်လယ်အဆင့် ရှိတဲ့သူကိုတောင် အဆင့်ငယ်တစ်ခု ချိုးဖြတ်နိုင်အောင် လုပ်ပေးနိုင်တာပဲ ။ ဒါဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ ”

“ကျွန်တော်လည်း ဂိုဏ်းချုပ် ယဲ့ ဆီကနေ လမ်းညွှန်မှုတွေ ခံယူချင်မိတယ် ”

ရေပေါ်ဖြူမြို့တော် ၊ လျှို့ဝှက်ဆန်းကြယ် မြို့တော် နှင့် ကောင်းကင်ထစ်ချုန်းမြို့ တို့မှ ကျင့်ကြံသူများ အားလုံးမှာ ဤကိစ္စကိုသာ ပြောဆိုနေကြပြီး ထိုသတင်းမှာ အရပ်ရပ်သို့ အလျင်အမြန်ပင် ပေါက်ကြားသွား၏။

လျှို့ဝှက်ဆန်းကြယ် မြို့တော် ရှိ နန်းဆောင် တစ်ခုအတွင်း၌၊

တတိယမင်းသား သည် သတင်းကို ကြားလိုက်ရသောအခါ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ဘဲ ပြောလိုက်သည်။

“ပထမမင်းသမီး ကတော့ တကယ့်ကို ထူးချွန်တာပဲ ။ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး အကြံဉာဏ် တောင်းသလိုလိုနဲ့ ဂိုဏ်းချုပ် ယဲ့ နဲ့ နှစ်ယောက်တည်း ရှိနေဖို့ အကြောင်းပြချက် ရှာခဲ့ရုံတင်မကဘူး... ကိုယ်တိုင်လည်း အဆင့်တက်သွားသေးတယ် ။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုတာ ဒါမျိုးပေါ့ ”

မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုမှာ ဆိတ်ဆိတ်သာ နေသော်လည်း လင်ယွဲ့ မှာ ပါးနပ်သည်ဟု သူလည်း ခံစားလိုက်ရ၏။

တတိယမင်းသား က ဆက်လက် ပြောကြားလိုက်၏။

“နိုင်ငံနှစ်ခုကြားက ပါရမီရှင်တွေ တိုက်ပွဲကလည်း စတော့မယ်ဆိုတော့... ကျွန်တော် လည်း အပြင်ထွက်ပြီး လှုပ်ရှားဖို့ အချိန်တန်ပြီ ထင်တယ် ”

မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအို၏ အကြည့်များမှာ စူးရှသွားတော့သည်။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွင်း၌ တတိယမင်းသား သည် တစ်ချိန်က မျိုးဆက်သစ် ပါရမီရှင်များကြားတွင် နံပါတ် (၁) ဖြစ်ခဲ့ဖူး၏။ သူ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ၌ ရှိစဉ်က ကောင်းကင်ဓားဘုရင် ရီကျွမ်း ကိုပင် အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့သည် မဟုတ်ပါလော။

တတိယမင်းသား ဝိညာဉ်ပင်လယ်အဆင့် သို့ ရောက်ရှိခဲ့ပြီးကတည်းက သူသည် တစ်ခါမျှ လှုပ်ရှားခြင်း မပြုခဲ့ပေ။ ယနေ့အချိန်အထိ သူ မည်မျှအထိ သန်မာလာပြီလဲ ဆိုသည်ကို မည်သူမျှ မသိရှိကြပေ။ မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအို ပင်လျှင် တတိယမင်းသား ၏ လှုပ်ရှားမှုကို များစွာ မျှော်လင့်နေမိတော့၏။

...

အချိန်ကာလများ ကုန်ဆုံးသွားသည်နှင့်အမျှ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို အသုံးပြုကာ ရေပေါ်ဖြူမြို့တော် သို့ ရောက်ရှိလာကြသော ကျင့်ကြံသူ အရေအတွက်မှာလည်း ပိုမို များပြားလာ၏။

မြူခိုးတောင်ထိပ် ထက်၌မူ၊

“ဂိုဏ်းချုပ် ... မြို့စားမင်း ရဲ့ လက်ထောက်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က နေရာရွှေ့ပြောင်းခကနေ ရတဲ့ အကျိုးအမြတ်တွေကို လာပို့သွားပါတယ် ။ စုစုပေါင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၆,၀၀၀) ကျော် ရှိပါတယ်... ဒါဟာ အဆင့်မြင့်ဆုံး ဝိညာဉ်ကျောက်တုံး (၃) တုံးနဲ့ ညီမျှပါတယ်ရှင့်” ဟု ကုန်းချင်းချိုး က အစီရင်ခံလိုက်၏။

“အဲဒီလောက်တောင် များတာလား ” ယဲ့ဖုန်း က မအောင့်နိုင်ဘဲ မျက်လုံးပြူးသွားရသည်။

ပျမ်းမျှအားဖြင့် တစ်နေ့လျှင် အဆင့်မြင့်ဆုံး ဝိညာဉ်ကျောက်တုံး (၁) တုံး အသားတင် မြတ်စွန်းနေခြင်းပင် ဖြစ်သည်။ နေရာရွှေ့ပြောင်းခြင်း လုပ်ငန်းမှာ တကယ်ကို အမြတ်အစွန်း ကြီးမားလှ၏။

“ဂိုဏ်းချုပ်... ဒါက များတယ်လို့ ထင်ရပေမဲ့ နိုင်ငံနှစ်ခုကြားက ပါရမီရှင်တွေ တိုက်ပွဲကြောင့် ကျင့်ကြံသူတွေ အများကြီး ရောက်လာလို့ လူစည်ကားနေလို့ပါ ။ အကယ်၍ ပုံမှန် အချိန်မျိုးမှာဆိုရင်တော့ ဒီလောက်အထိ ရမှာ မဟုတ်ပါဘူး ” ကုန်းချင်းချိုး က ထပ်လောင်း ပြောကြားလိုက်၏။

“ကိစ္စ မရှိပါဘူး... ကျွန်တော် နောက်ထပ် မဟာ ဝိညာဉ်သွေးကြော တွေကို ထပ်ပြီး ပြုပြင်ပြောင်းလဲပေးလိုက်ရင် ဒီကို လာနေချင်တဲ့ ကျင့်ကြံသူတွေ ပိုပြီး များလာမှာပါ ”

ယဲ့ဖုန်း က ပြုံးလျက် ဆိုလိုက်သည်။

ဤအတောအတွင်း သူ သည် လေဝိညာဉ်ပုလဲလုံး ကို အသုံးပြုကာ ပိုင်ရှင်မဲ့ ဝိညာဉ်သွေးကြော များကို ရံဖန်ရံခါ ဝါးမြိုစေခဲ့ပြီး နောက်ထပ် မဟာ ပြုပြင်ပြောင်းလဲမှုကြီး တစ်ခု ပြုလုပ်နိုင်ရန်အတွက် လောက ပြုပြင်ပြောင်းလဲခြင်း စွမ်းအား များကို လုံလောက်စွာ ထပ်မံ စုဆောင်းထားနိုင်ခဲ့ပြီ ဖြစ်သည်။

ယဲ့ဖုန်း မတ်တပ် ထရပ်လိုက်ကာ ဝိညာဉ်သားရဲတောင်ထိပ် ၏ အထက်သို့ ဝဲပျံတက်သွား၏။ မြူခိုးတောင်ထိပ် တွင်မူ မဟာ ဝိညာဉ်သွေးကြော တစ်ခု ရှိနေပြီးသား ဖြစ်သည်။

နောက်တစ်ဆင့်အနေဖြင့် သူသည် ဝိညာဉ်သားရဲတောင်ထိပ် ကို ပြုပြင်ပြောင်းလဲရန် စီစဉ်ထားခြင်းပင်။ အဓိက အကြောင်းရင်းမှာ ဤနေရာတွင် မီးလျှံ နတ်ဆိုး ဧကရာဇ် နှင့် တောင်စောင့် မျောက်နတ်ဘုရား ကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်များ စောင့်ကြပ်နေခြင်းကြောင့် ဖြစ်ပါသည်။ သူတို့၏ ကျင့်ကြံခြင်းကို အထောက်အကူ ဖြစ်စေရန်အတွက် မဟာ ဝိညာဉ်သွေးကြော တစ်ခု ရှိနေရန်မှာ မရှိမဖြစ် လိုအပ်သည် မဟုတ်ပါလော။

“လောက ပြုပြင်ပြောင်းလဲခြင်း... စတင်စေ ”

ယဲ့ဖုန်း က လေဝိညာဉ်ပုလဲလုံး ကို ပြင်းထန်စွာ လှုပ်ခါလိုက်ရာ ထူးခြားသော အရှိန်အဝါ တစ်ခုမှာ လွင့်ပျံထွက်လာသည်။ ဝိညာဉ်သားရဲတောင်ထိပ် ၏ အထက်၌ သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ခုနစ်ရောင်ခြယ် ကောင်းကင် တိမ်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

“ ဝူး... ... ... ”

များပြားလှသော လောက ပြုပြင်ပြောင်းလဲခြင်း စွမ်းအား များမှာ ဝိညာဉ်သားရဲတောင်ထိပ် အတွင်းသို့ စိမ့်ဝင်သွားတော့၏။ နောက်တစ်ခဏတွင် အတိုင်းအဆမရှိသော သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များမှာ ပေါက်ကွဲထွက်လာပြီး ဝိညာဉ်သားရဲတောင်ထိပ် တစ်ခုလုံးမှာ သိသိသာသာ မြင့်တက်လာသည်။ မြောက်ဘက်သို့ မီတာ ရာနှင့်ချီ၍ ရှည်လျားသွားသဖြင့် တောင်ထိပ်ပေါ်ရှိ ဟင်းလင်းပြင်မှာလည်း များစွာ ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။

“ဘာတွေ ဖြစ်နေတာလဲ ”

“ဝိညာဉ်သားရဲတောင်ထိပ် မှာ ပြောင်းလဲမှုတွေ ဖြစ်နေတာပဲ ။ ငါ သိပြီ... ဒါ ဂိုဏ်းချုပ် က ဝိညာဉ်သွေးကြော ကို မဟာ အဆင့် ရောက်အောင် ပြုပြင်ပြောင်းလဲပေးနေတာပဲ ”

“မြန်မြန်... ဝိညာဉ်မိုးရေတွေ ကျလာတော့မယ်... ဒါဟာ ကျင့်ကြံခြင်း အဆင့် တိုးတက်ဖို့အတွက် ရွှေရောင် အခွင့်အရေးပဲ ”

တပည့်များ အားလုံးမှာ တင်ပလ္လင်ခွေ ထိုင်လိုက်ကြတော့၏။

နောက်တစ်ခဏတွင် ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများ ကိန်းဝပ်နေသော ဝိညာဉ်မိုးရေများမှာ ရွာသွန်းဖြိုးလာပြီး မြူခိုးဂိုဏ်း တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကုန်းချင်းချိုး ၊ လီဇီလုံ ၊ ဝမ်လင်း ၊ တောင်စောင့် မျောက်နတ်ဘုရား နှင့် မိုယင် တို့ အပါအဝင် လူတိုင်းမှာ ဝိညာဉ်မိုးရေများကို အငမ်းမရ ဝါးမြို ကျင့်ကြံနေကြ၏။

ဓာတ်ခွဲခြင်း အဆင့် ရှိသော တပည့်များမှာ အနည်းဆုံး အဆင့် (၃) ဆင့်ခန့် တက်လှမ်းနိုင်ခဲ့ကြ၏။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရှိသူများမှာလည်း အနည်းဆုံး အဆင့် (၁) ဆင့်ခန့် တက်လှမ်းနိုင်ခဲ့ကြ၏။

ဝိညာဉ်ပင်လယ်အဆင့် ရှိသူတိုင်းမှာလည်း မိမိတို့ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားကြပြီး အချို့မှာမူ အဆင့်ငယ်တစ်ခုကိုပင် ချိုးဖြတ်နိုင်ခဲ့ကြသည်။ မူလနတ်ဘုရား အဆင့် ရှိသူများမှာလည်း ကျင့်ကြံခြင်း အဆင့်တွင် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ကြရ၏။

“ဝုန်း... ... ... ”

အဆင့်နိမ့် နတ်ဆိုး ဘုရင် အထွတ်အထိပ် ၌ ရှိနေကြသော မီးလျှံ နတ်ဆိုး ဧကရာဇ် ၊ ငါးကြင်း နတ်ဆိုး ဧကရာဇ် ၊ ကောင်းကင်ထစ်ချုန်း ဧကရာဇ် နှင့် မုန်တိုင်း နတ်ဆိုး ဧကရာဇ် တို့မှာ များပြားလှသော စွမ်းအင်များကို စုဆောင်းထားနိုင်ခဲ့ကြပြီ ဖြစ်သည်။ သွေးကြောသန့်စင်ဆေးလုံး ၏ အကူအညီဖြင့် သူတို့သည် ယနေ့တွင် ၎င်းတို့၏ အတားအဆီးများကို နောက်ဆုံး၌ ချိုးဖြတ်နိုင်ခဲ့ကြပြီ ဖြစ်သည်။

အစွမ်းထက်လှသော အရှိန်အဝါ (၄) ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားကာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေတော့သည်။ တစ်နေ့ဝက်အတွင်းမှာပင် သူတို့ အားလုံးမှာ အလယ်အလတ်အဆင့် နတ်ဆိုး ဧကရာဇ် များအဖြစ်သို့ တက်လှမ်းနိုင်ခဲ့ကြပေပြီ ။ တောင်စောင့် မျောက်နတ်ဘုရား ကတော့ အဆင့်မတက်သေးသော်လည်း အလယ်အလတ်အဆင့် နတ်ဆိုး ဧကရာဇ် အထွတ်အထိပ် သို့ ပိုမို နီးကပ်သွားခဲ့၏။

မြူခိုးတောင်ထိပ် ထက်၌မူ၊

နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးမှာ အနည်းငယ် တုန်ခါသွားကာ သူ၏ အရှိန်အဝါများမှာလည်း တစ်ဆင့်ချင်း မြင့်တက်လာပြီး အဆင့်နိမ့် နတ်ဆိုး ဘုရင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားသည်။

“ဝိုး ”

“အစောင့်အရှောက် အကြီးအကဲ လည်း အဆင့်တက်သွားတာပဲ ။ မကြာခင်မှာ အလယ်အလတ်အဆင့် နတ်ဆိုး ဘုရင် ဖြစ်လာတော့မှာပဲ ”

တပည့်များမှာ မြူခိုးတောင်ထိပ် ပေါ်ရှိ ထူးခြားသော အရှိန်အဝါကို သတိပြုမိလိုက်ကြကာ စိတ်လှုပ်ရှားသွားကြပြီး နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး အဆင့်တက်သွားခြင်းအတွက် ဝမ်းမြောက်နေကြ၏။

“တကယ်ကို မဆိုးပါဘူး ” ယဲ့ဖုန်း က ချီးကျူးလိုက်သည်။

“ဒါတွေ အားလုံးက ဂိုဏ်းချုပ် ရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့်ပါ ခင်ဗျာ ”

နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးက မည်သည့် မာနမှ မပြဘဲ ရိုသေစွာ ဆိုလိုက်သည်။ အကယ်၍ ယဲ့ဖုန်း သာ သူ့ကို အသိအမှတ် မပြုခဲ့လျှင် သူသည် တောရိုင်းထဲတွင် ပေါက်ရောက်နေသော သာမန် ထင်းရှူးပင်တစ်ပင်အဖြစ်သာ ကျန်ရစ်နေမည် ဖြစ်သည်။ နတ်ဆိုး ဘုရင် တစ်ပါး ဖြစ်လာဖို့ နေသာထား ၊ အလယ်အလတ်အဆင့် နတ်ဆိုး ဗိုလ်ချုပ် ဖြစ်လာဖို့တောင်မှ မလွယ်ကူသည်မှာ အမှန်ပင် ဖြစ်၏။

ရေပေါ်ဖြူမြို့တော် ။

လူတိုင်းမှာ မြူခိုးဂိုဏ်း ထံမှ ထွက်ပေါ်လာသော ကျယ်ပြောလှသည့် အရှိန်အဝါများကို ခံစားလိုက်ကြရ၏။ သူတို့ အားလုံးမှာ ခေါင်းမော့ကြည့်လိုက်ကြရာ အစွမ်းထက်လှသော နတ်ဆိုး ဧကရာဇ် (၅) ပါး၏ အရှိန်အဝါများအောက်တွင် လွှမ်းမိုးခြင်း ခံလိုက်ရသဖြင့် သူတို့၏ မျက်နှာများမှာ တည်ကြည်သွားကြတော့သည်။

“မြူခိုးဂိုဏ်း မှာ အလယ်အလတ်အဆင့် နတ်ဆိုး ဧကရာဇ် (၅) ပါးတောင် ရှိနေတာလား... တကယ်ကို အစွမ်းထက်တာပဲ ”

“ခုနတင်ပဲ မြူခိုးဂိုဏ်း ထဲက တောင်ထိပ်တစ်ခုပေါ်ကနေ ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတွေ ထွက်ပေါ်လာတာကို ငါ မြင်လိုက်သလိုပဲ ။ အဲဒါ မဟာ ဝိညာဉ်သွေးကြော ဖြစ်ရမယ် ”

“မြူခိုးဂိုဏ်း မှာ နောက်ထပ် မဟာ ဝိညာဉ်သွေးကြော တစ်ခု ထပ်ပေါ်လာပြန်ပြီ ဟုတ်လား ”

ဤသတင်း ရိုက်ခတ်သွားသည်နှင့်အမျှ အရပ်မျက်နှာ အသီးသီးရှိ လူများမှာ ထိတ်လန့်တုန်လှုပ် သွားကြရတော့သည်။ ၎င်းနောက်တွင်မူ များပြားလှသော ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး များမှာ အလုံးအရင်းနှင့် စီးဝင်လာတော့၏။ ယဲ့ဖုန်း မှာလည်း သူ၏ နားထဲတွင် မြည်ဟီးနေသော အသိပေးသံများကို နားထောင်ရင်း ပါးစပ်ပင် မစေ့နိုင်အောင် ပြုံးနေမိတော့သည်။

...

မြူခိုးဂိုဏ်း ၏ ဖြစ်ပျက်သမျှမှာ ဆက်တိုက် ဟိုးလေးတကျော် ဖြစ်နေဆဲပင် ဖြစ်သည်။ အရပ်ရပ်မှ လူများမှာ ထပ်မံ အံ့အားသင့်သွားကြရပြန်သည်။ ယဲ့ဖုန်း နှင့် ဟူဖေးဖေး တို့အပြင် မြူခိုးဂိုဏ်း တွင် နောက်ထပ် နတ်ဆိုး ဧကရာဇ် (၅) ပါး ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ဤမျှအထိ နက်နဲလှသော အခြေခံ အုတ်မြစ်နှင့်ဆိုလျှင် သူတို့သည် ကြယ် (၃) ပွင့် အဆင့် အင်အားစု တစ်ခုအဖြစ် တိုးမြှင့်ခံရရန် အဆင်သင့် ဖြစ်နေပြီ မဟုတ်ပါလား။

မြူခိုးတောင်ထိပ် ထက်၌မူ၊

ယဲ့ဖုန်း မှာ အနည်းငယ် သိချင်စိတ် ဖြစ်နေ၏။ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဂိုဏ်းချုပ် ၏ နောက်ထပ် တာဝန်မှာ ရောက်မလာသေးသဖြင့် သူသည် ဇဝေဇဝါ ဖြစ်နေမိခြင်းပင်။

“တီ.. ဂိုဏ်းအတွင်းမှာ မဟာ ဝိညာဉ်သွေးကြော (၂) ခုကို ရှာဖွေတွေ့ရှိရလို့ ဂိုဏ်းချုပ် ရဲ့ ပဉ္စမ အဆင့် တာဝန် ကို အသက်သွင်းလိုက်ပါပြီ ။ အသေးစိတ် အချက်အလက်များကို အချက်အလက် မျက်နှာပြင်မှာ စစ်ဆေးပါ ”

အရေးကြီးဆုံး အချိန်မှာပင် စနစ်၏ အသိပေးချက် ရောက်ရှိလာတော့သည်။ ယဲ့ဖုန်း ၏ မျက်လုံးများမှာ ဝင်းလက်သွားကာ အချက်အလက် မျက်နှာပြင်ကို အလျင်အမြန်ပင် ဖွင့်ကြည့်လိုက်၏။

(ဂိုဏ်းချုပ် ၏ ပဉ္စမ အဆင့် တာဝန်)

(တာဝန် အကြောင်းအရာ - မြူခိုးဂိုဏ်း ကို ကြယ် (၃) ပွင့် အဆင့် အင်အားစု အဖြစ်သို့ တိုးမြှင့်ရန်နှင့် တပည့်များ၏ နာမည်ကို ကျော်ကြားအောင် ပြုလုပ်ရန် ။)

(တာဝန် သတ်မှတ်ချိန် - (၁) နှစ် ။)

(တာဝန် ဆုလာဘ် - ဉာဏ်အလင်းပွင့် နှလုံးသား အပိုင်းအစ x (၁) ၊ ထူးခြားသော အနှစ်သာရ x (၁) ၊ ကောင်းကင်ဘုံ ကျောက်စာတိုင် အပိုင်းအစ x (၁) ၊ အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ x (၁) ၊ ကောင်းကင်ဘုံ မိုးကြိုး အဆောင်လက်ဖွဲ့ x (၅) ၊ အလွန်ကြီးမားသော ဂိုဏ်းစောင့် ဝင်္ကပါ x (၁) ၊ အချိန်နိယာမ အပိုင်းအစ x (၁) ... ... ... ။)

“ဆုလာဘ်တွေက တကယ်ကို များပြားလှတာပဲ ”

ယဲ့ဖုန်း က မအောင့်နိုင်ဘဲ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ သို့သော်လည်း သတ်မှတ်ချိန်မှာ (၁) နှစ်သာ ရှိသည်ကို သတိပြုမိလိုက်သောအခါ သူ၏ မေးစေ့ကို ပွတ်သပ်လိုက်မိကာ အချိန်မှာ အနည်းငယ် ကပ်သီးကပ်သတ် ဖြစ်နေသည်ဟု သူ ခံစားလိုက်ရ၏။

ဂိုဏ်းချုပ် ၏ စတုတ္ထ အဆင့် တာဝန် အတွက်ဆိုလျှင် (၁၀) နှစ်အထိ အချိန်ပေးခဲ့သည် မဟုတ်ပါလော။ အခု ပဉ္စမ အဆင့် တာဝန် မှာတော့ (၁) နှစ်သာ ပေးထားသဖြင့် အရင်ကထက် များစွာ လျော့နည်းသွားခြင်းပင် ဖြစ်သည်။

“ဒါပေမဲ့ အချိန်တိုလေလေ ပိုပြီး စိန်ခေါ်မှု ရှိလေလေပေါ့ ။ ဒီလောက် များပြားတဲ့ ဆုလာဘ်တွေ ပေးထားတာဆိုတော့ အချိန်တိုတာကလည်း သဘာဝပါပဲ ”

ယဲ့ဖုန်း က ပြုံးလိုက်၏။

ထို့နောက်၊ သူသည် အကြီးအကဲ ကုန်းချင်းချိုး ကို ခေါ်လိုက်ကာ မေးမြန်းလိုက်၏။

“အကြီးအကဲ ကုန်း... ကြယ် (၃) ပွင့် အဆင့် ဂိုဏ်း တစ်ခုအဖြစ် တိုးမြှင့်ခံရဖို့အတွက် သတ်မှတ်ချက်တွေကို သိလား ဟင် ”

ကုန်းချင်းချိုး မှာ အံ့အားသင့်သွားကာ - “ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က ကျွန်မတို့ ဂိုဏ်းကို ကြယ် (၃) ပွင့် အဆင့် အကဲဖြတ် စစ်ဆေးမှု ခံယူဖို့ စီစဉ်နေတာလား”

“အင်း... ကျွန်တော် အဲဒီလို စဉ်းစားနေတာ ” ယဲ့ဖုန်း က ပြောလိုက်သည်။

“ကြယ် (၃) ပွင့် အဆင့် အင်အားစု ဆိုတာ မလွယ်ကူပါဘူး ”

ကုန်းချင်းချိုး က ခေတ္တမျှ တွေးတောလိုက်ပြီးမှ ပြောလိုက်၏။

“ပထမဆုံးအနေနဲ့ ဂိုဏ်းချုပ် ရဲ့ ခွန်အားက အနည်းဆုံး မူလနတ်ဘုရား အဆင့် မှာ ရှိရပါမယ် ။ ပြီးတော့ ဝိညာဉ်ပင်လယ်အဆင့် ထက် ကျော်လွန်တဲ့ အကြီးအကဲ အရေအတွက်ကလည်း အနည်းဆုံး (၁၀) ယောက် ရှိရပါမယ်... ဪ... မှန်သားပဲ ။ ဂိုဏ်းရဲ့ လက်အောက်မှာ ရှိတဲ့ မြို့တွေကလည်း ကြယ် (၂) ပွင့် အဆင့် အင်အားစု အဖြစ် အသိအမှတ်ပြုခံရဖို့ လိုပါတယ်ရှင့် ”

ယဲ့ဖုန်း က ပထမ စည်းမျဉ်းများမှာ ပြဿနာ မရှိဟု ခံစားလိုက်ရ၏။ သို့သော်လည်း ဂိုဏ်း၏ လက်အောက်ရှိ မြို့များမှာ ကြယ် (၂) ပွင့် အဆင့် ရှိရမည်ဟု ကြားလိုက်ရသောအခါ သူ အနည်းငယ် အံ့အားသင့်သွားရ၏။

ရေပေါ်ဖြူမြို့တော် သည် လျင်မြန်စွာ တိုးတက်နေဆဲပင် ဖြစ်သည်။ သို့သော်လည်း ကြယ် (၂) ပွင့် အဆင့် အသိအမှတ်ပြုခံရဖို့ ဆိုသည်မှာ မလွယ်ကူလှပေ။ မြို့တစ်မြို့အနေဖြင့် ကြယ် (၂) ပွင့် အဆင့် အသိအမှတ်ပြုခံရရန်အတွက် အနည်းဆုံး လူဦးရေ (၁၀,၀၀၀,၀၀၀) (တစ်ဆယ် သန်း) ရှိရမည် ဖြစ်ကြောင်း သူ မှတ်မိလိုက်၏။

ရေပေါ်ဖြူမြို့တော် ၏ လက်ရှိ လူဦးရေမှာ ထိုပမာဏ ရောက်ရှိရန် များစွာ လိုအပ်နေသေးသည် မဟုတ်ပါလော။

“ကောင်းကင်ဘုံ ကျောက်စာတိုင် အပိုင်းအစ တွေနဲ့ ဉာဏ်အလင်းပွင့် နှလုံးသား အပိုင်းအစ တွေ ပါဝင်နေတဲ့ ဆုလာဘ်တွေက ဘာလို့ ဒီလောက် များနေသလဲဆိုတာ မထူးဆန်းတော့ပါဘူး... တာဝန်က တကယ်ကို ခက်ခဲလွန်းလို့ကိုး ”

ယဲ့ဖုန်း မှာ ဤတာဝန်၏ ခက်ခဲမှုကို သဘောပေါက်သွားခဲ့တော့သည်။

--

All Chapters