← Chapters

အခန်း ၅၆၅

Vol. 38 Ch. 565

အခန်း ၅၆၅

Vol. 38 Ch. 565

အခန်း (၅၆၅) - ထိပ်တန်းပါရမီရှင်များ၏ တိုက်ပွဲနှင့် မြူခိုးဂိုဏ်းတပည့်များ၏ စွမ်းပကား

~ယဲ့ဖုန်းသည် နေရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်၏။

“ဂိုဏ်းချုပ်... လက်ဖက်ရည် သုံးဆောင်ပါဦး ရှင့်”

ဘေးနားရှိ ဟူဖေးဖေးက သူမ ကိုယ်တိုင် အသစ်စက်စက် ဖျော်စပ်ထားသော ဝိညာဉ်လက်ဖက်ရည်ကို ပေးအပ်လိုက်၏။ လက်ဖက်ရည်၏ ရနံ့မှာ မွှေးပျံ့လှကာ အရသာမှာလည်း ချိုမြိန်လွန်းသဖြင့် အာခေါင်ထဲတွင် စွဲကျန်နေတော့၏။

“အင်း... ဖေးဖေးရဲ့ လက်ရာက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာပဲ”

ယဲ့ဖုန်းက ချီးကျူးစကား ဆိုလိုက်ရင်း သူ၏ အာရုံကို ဝေးကွာသော စင်မြင့် (၁၄) ခုဆီသို့ လှည့်လိုက်ရာ သူ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်ကွေးသွား၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာ ချလိုက်သောကြောင့်ပင်။

နိုင်ငံနှစ်ခုကြားက ပါရမီရှင် လူငယ်တွေရဲ့ ပြိုင်ပွဲ ပြီးဆုံးသွားတာနဲ့ တပည့်တွေကို အပြင်လောကထဲ ပိုပြီး လွှတ်ရမည်။ ထိုသို့ လွှတ်ပြီးတော့ တာဝန်တွေကို ထမ်းဆောင်စေပြီး ကောင်းမှုတွေ လုပ်ခိုင်းမည်။ သို့မှသာ၊ ဂိုဏ်းရဲ့ ဂုဏ်သတင်း တန်ဖိုးတွေက ပိုပြီး မြင့်တက်လာမှာ မဟုတ်ပါလော။

‘ဂုဏ်သတင်း တန်ဖိုးတွေက တာဝန်တွေကို အောင်မြင်ဖို့အတွက် အရှိန်မြှင့်ပေးနိုင်ရုံတင်မကဘူး... မြင့်မြတ်သော နတ်ဘုရား ပုံစံ ကိုလည်း ပိုပြီး သန်မာအောင် လုပ်ပေးနိုင်တာပဲ... ဒါတွေကို ဦးစားပေး လုပ်ဆောင်ရမယ်’

‘ဂုဏ်သတင်း တန်ဖိုးတွေကို ရအောင် ယူတဲ့ ကိစ္စကတော့ ဘယ်တော့မှ ရပ်တန့်လို့ မဖြစ်ဘူးလေ’

ယဲ့ဖုန်းက မိမိဘာသာ အလေးအနက် တွေးတောလိုက်၏။

...

ရေပေါ်ဖြူမြို့တော်၏ ကောင်းကင်ယံထက်၌။

“ကျွန်တော်လည်း ဝင်ပြီး တိုက်ခိုက်ပါရစေဦး”

လုံထျန်းရှင်းက သူ၏ လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်ကာ အကြောဆန့်လိုက်ပြီးနောက် အမှတ် (၅) စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ပေတော့သည်။ သူသည် ယခုဆိုလျှင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၅) သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ကြည့်ကြစမ်း... အဲဒါ လုံထျန်းရှင်းပဲ”

“ငါ ကြားဖူးတယ်... မြူခိုးတောင်ထိပ်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှု ပြိုင်ဘက်ကင်းတဲ့ တပည့်နှစ်ယောက် ရှိတယ်တဲ့လေ... တစ်ယောက်က ချောင်ကျားရှီးဖြစ်ပြီး နောက်တစ်ယောက်က ဒီလုံထျန်းရှင်းပေါ့”

“သူက နဂါးမျိုးနွယ်စုကလို့ ကြားတယ်... နဂါးအသွင် ပြောင်းလဲနိုင်စွမ်း ရှိသလို ခန္ဓာကိုယ်ကလည်း ဖျက်ဆီးလို့ မရအောင် သန်မာတာပဲလေ”

ပရိသတ်များမှာ စိတ်ဝင်တစားဖြင့် တစ်ဦးကိုတစ်ဦး တီးတိုး ပြောဆိုနေကြ၏။ သိုင်းနည်းစနစ်တွေနှင့် တိုက်ခိုက်တာက ကြည့်၍ လှပသော်ငြား ခန္ဓာကိုယ် ကျင့်ကြံသူတွေ၏ သွေးသားချင်း တိုက်ခိုက်မှုကို မြင်တွေ့ရဖို့က ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသည် မဟုတ်ပါလော။

“မင်းက ငါ့ကို စိန်ခေါ်ချင်တာလား”

အမှတ် (၅) စင်မြင့်ထက်၌ ဓားရှည် တစ်လက်ကို ကိုင်စွဲထားသော ကြွက်သားအမြောင်းမြောင်းနှင့် လူငယ်တစ်ဦး ရှိနေသည်။ သူ၏ မျက်လုံးအစုံမှာလည်း လျှပ်စစ်မီးလုံးကြီး နှစ်လုံးအလား တောက်ပနေတော့၏။ အကြောင်းမူကား သူသည် မှော်ပညာနှင့် ခန္ဓာကိုယ်ကို ပူးတွဲ ကျင့်ကြံထားသူ ဖြစ်သောကြောင့်ပင်။

“ငါ ဒီလူကို သိတယ်... သူက လေဝူမင်းဆက်က ‘အရှင်သခင် နတ်ဘုရား’ ရဲ့ တိုက်ရိုက်တပည့်ပဲ”

“ဘာ... အရှင်သခင် နတ်ဘုရားရဲ့ တပည့် ဟုတ်လား”

“အရှင်သခင် နတ်ဘုရားက ဘယ်သူလဲ ဟေ”

“သူက မူလနတ်ဘုရား အဆင့် ရှိတဲ့ တန်ခိုးရှင်ကြီးလေ... မှော်ပညာနဲ့ ခန္ဓာကိုယ်ကို နှစ်မျိုးလုံး ကျွမ်းကျင်တဲ့သူပေါ့... လေဝူမင်းဆက် တစ်ခုလုံးမှာ သူက ထိပ်တန်း အစွမ်းထက်ဆုံး ပုဂ္ဂိုလ် (၁၀၀) ထဲမှာ ပါတာနော်... သူ့တပည့်ဆိုရင်တော့ ပြောမနေနဲ့တော့... သေချာပေါက် ထူးခြားမှာပဲ”

ကြည့်ရှုနေသူ အများစုမှာလည်း ပါရမီရှင် လူငယ်များ ဖြစ်ကြပေရာ မြောင်ယင်း လက်ဖက်ရည်ဆောင်မှာ လက်ဖက်ရည် သောက်ရင်း ကြွားဝါလေ့ ရှိကြသဖြင့် သတင်းအချက်အလက်တွေကတော့ အလွန် စုံလင်လှ၏။

“ငါ့နာမည်က စွန့်ထုန်ဝမ် တဲ့... အရှင်သခင် နတ်ဘုရားရဲ့ တပည့်ပဲ”

ကြွက်သားအမြောင်းမြောင်းနှင့် လူငယ်က မှာကြားလိုက်၏။

“လုံထျန်းရှင်း... မြူခိုးဂိုဏ်းရဲ့ အစစ်အမှန် တပည့်ပါ”

ပြောပြောဆိုဆို လုံထျန်းရှင်းသည် နဂါးအသွင် ပြောင်းလဲခြင်း ပုံစံသို့ ဝင်ရောက်လိုက်သည်။ သူ၏ ငွေရောင် လက်သည်း နှစ်ဖက်ပေါ်တွင်လည်း လျှပ်စီးတန်းများအလား ငွေရောင် အလင်းတန်းများမှာ တဖျတ်ဖျတ် လက်နေတော့၏။

“စကားတွေ အများကြီး ပြောမနေနဲ့တော့... တိုက်ကြရအောင်”

စွန့်ထုန်ဝမ်က ညာလက်ကို လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ ဘယ်လက်ကမူ ဓားအိမ်ကို ကိုင်ထားသည်။ သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ဓားကို ပြန်သိမ်းလိုက်ကာ လက်သီးနှစ်ဖက်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့၏။ ထိုသို့ ပြုလုပ်လိုက်သည်နှင့် သူ၏ ကြွက်သားများမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ဖောင်းကားလာကာ ဝတ်ဆင်ထားသော အဝတ်အစားများမှာ နေရာမှာတင် အစိတ်စိတ်အမွှာမွှာ ပြဲထွက်သွားတော့၏။

“ဝိုး... တကယ့်ကို ကြမ်းလိုက်တာ”

“မိန်းကလေးတို့ ရေ... ကြည့်လိုက်ကြဦး... လူချောကြီးဟဲ့”

ဘေးပတ်ဝန်းကျင်ရှိ မိန်းကလေး ကျင့်ကြံသူ အများအပြားမှာ ရှက်ကိုးရှက်ကန်းဖြင့် သူတို့၏ မျက်လုံးများကို လက်ဖြင့် ကာထားကြသော်လည်း လက်ချောင်းကြားမှတစ်ဆင့် ချောင်းကြည့်နေကြရာ ပါးပြင်လေးများမှာလည်း နီမြန်းနေတော့သည်။

“ဟိုမှာ ကြည့်စမ်း... အဝတ်ပြဲ သူရဲကောင်းကြီး ပေါ်လာပြီ”

ပရိသတ်ထဲမှ တစ်စုံတစ်ယောက်က သရော်လိုက်၏။

“ကျွန်တော့်ရဲ့ လက်သည်းတွေက အရမ်း ထက်တယ်ဗျ... ခင်ဗျားရဲ့ ခန္ဓာကိုယ်က တောင့်ခံနိုင်မှာ မဟုတ်ဘူး... ဓားကိုပဲ သုံးလိုက်တာက ပိုကောင်းလိမ့်မယ်”

လုံထျန်းရှင်းက စေတနာဖြင့် အကြံပေးလိုက်၏။

“မင်းက ငါ့ကို အထင်သေးနေတာပဲ”

စွန့်ထုန်ဝမ်က ဒေါသတကြီးဖြင့် စတင် တိုက်ခိုက်လိုက်၏။ လက်သီးကို ဝှေ့ယမ်းကာ ခြေထောက်ကို ပြင်းထန်စွာ ဆောင့်လျက် ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်လာရာ မျက်တောင်တစ်ခတ်အတွင်းမှာတင် လုံထျန်းရှင်း၏ ရှေ့သို့ ရောက်ရှိသွားပြီး တောင်ကြီးတစ်လုံးအလား လေးလံလှသော လက်သီးချက်ဖြင့် ထိုးနှက်လိုက်တော့၏။

“ချွင်…”

လုံထျန်းရှင်းက သူ၏ ဘယ်လက်ဖျံဖြင့် ကာကွယ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံများမှာ အရူးအမူး တုန်ခါသွားကာ နဂါးဟိန်းသံကိုပင် ထွက်ပေါ်စေတော့သည်။

“ဝုန်း... ဝုန်း... ... ... ”

ထိတွေ့လိုက်သည့် နေရာမှ ပြင်းထန်လှသော တုန်ခါမှု လှိုင်းတံပိုးများ ပေါက်ကွဲထွက်လာကာ ထူးဆန်းသော အသံလှိုင်းများက ပရိသတ်များ၏ နားစည်များကို နာကျင်သွားစေသဖြင့် အချို့မှာ မူးမေ့လုမတတ် ဖြစ်သွားကြရ၏။

“တိုက်ပွဲရဲ့ နောက်ဆက်တွဲ ဂယက်တွေကတောင် ဒီလောက်အထိ ကြောက်စရာ ကောင်းနေတာလား”

ပါရမီရှင် လူငယ်များမှာ နောက်သို့ အသည်းအသန် ဆုတ်ခွာလိုက်ကြရသည်။

‘ဒီတိုက်ကွက်က တော်တော်လေးကို သန်မာတာပဲ’

ဘေးမှ စောင့်ကြည့်နေသော ချောင်ကျားရှီးက သူ၏ အကြည့်ကို စူးရှလိုက်မိသည်။ စွန့်ထုန်ဝမ်၏ ခွန်အားမှာ သူ၏ ခွန်အားထက် များစွာ မနိမ့်ကျကြောင်း သူ ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။

ထိုအခိုက်အတန့်၌ စွန့်ထုန်ဝမ်၏ အခြားသော လက်သီးတစ်ဖက်မှာလည်း မိုးကြိုးအလား ပြင်းထန်စွာ ထွက်ပေါ်လာပြီး လုံထျန်းရှင်း၏ မျက်နှာကို ပစ်မှတ်ထားကာ ထိုးနှက်လိုက်ပြန်၏။

“ချွင်…”

လုံထျန်းရှင်းက အလျင်အမြန်ပင် တုံ့ပြန်ကာ အခြားလက်တစ်ဖက်ဖြင့် ကာကွယ်လိုက်ပြီးနောက် ခြေထောက်ဖြင့် ပြန်လည် ဝှေ့ယမ်း ကန်ကျောက်လိုက်ရာ စွန့်ထုန်ဝမ်မှာ မီတာ ရာနှင့်ချီ၍ လွင့်ထွက်သွားတော့သည်။

လေထဲတွင်၊

စွန့်ထုန်ဝမ်က ပျံဝဲနေရင်း သူ၏ လက်မောင်းပေါ်ရှိ လက်သည်းရာကို ကြည့်လိုက်ရာ သူ၏ မျက်လုံးအိမ်များမှာ ကျုံ့သွားတော့၏။ သူသည် လုံထျန်းရှင်း၏ ကန်ချက်ကြောင့် လွင့်ထွက်သွားစဉ်မှာပင် ထိုသူ၏ ထက်မြက်လှသော လက်သည်းများနှင့် မတော်တဆ ထိမိသွားခြင်း ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

“တကယ့်ကို ထက်မြက်လှတဲ့ လက်သည်းတွေပါလား”

စွန့်ထုန်ဝမ်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားကာ သူ၏ ဓားကို အလျင်အမြန်ပင် ဆွဲထုတ်လိုက်တော့၏။

“ငါရော မင်းရောက မှော်ပညာနဲ့ ခန္ဓာကိုယ်ကို နှစ်မျိုးလုံး ကျင့်ကြံထားသူတွေပဲ... ဒါပေမဲ့ ငါကတော့ ရှုပ်ထွေးလှတဲ့ မန္တန်တွေနဲ့ မတိုက်ချင်ဘူး... အဲဒါတွေက အပေါ်ယံ အလှအပတွေပဲ ရှိတာ”

စွန့်ထုန်ဝမ်က ညာလက်ဖြင့် ဓားကို ကိုင်စွဲကာ ဘယ်လက်ကိုမူ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် ပြင်းထန်လှသော တိုက်စစ်ကို စတင်လိုက်ပေတော့သည်။

လုံထျန်းရှင်းသည်လည်း ပေါ့ပေါ့တန်တန် သဘော မထားဝံ့ပေ။ သူ၏ ထက်မြက်လှသော လက်သည်းနှစ်ဖက်ဖြင့် အဆက်မပြတ် ကာကွယ်လျက် စွန့်ထုန်ဝမ်နှင့် အသည်းအသန် တိုက်ခိုက်နေကြရာ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိလာတော့၏။

သူတို့ နှစ်ဦး၏ တိုက်ခိုက်မှုတိုင်းမှာ ပြင်းထန်လှသော အသံလှိုင်းများကို ထွက်ပေါ်စေသဖြင့် ပရိသတ်များမှာ နားစည်များ တုန်ခါနေကာ တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ဖြစ်နေကြရသည်။

“နဂါးမူလ ချီ အမြောက်”

ထိုအခိုက်အတန့်၌ လုံထျန်းရှင်းသည် သူ၏ လက်နှစ်ဖက်ကို ပူးကပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ငွေရောင် အလင်းတန်းများမှာ ငွေရောင် နေမင်းကြီး တစ်စင်းအလား တောက်ပလာကာ မရေမတွက်နိုင်သော အလင်းတန်းများမှာ သူ၏ လက်ဖဝါးအတွင်း စုစည်းသွားတော့၏။ ၎င်းနောက်တွင်တော့ ဧရာမ ငွေရောင် စက်လုံးကြီး တစ်ခု ဖြစ်ပေါ်လာကာ ပို၍ ပို၍ ကြီးမားလာပြီး သူ၏ ပူးကပ်ထားသော လက်နှစ်ဖက်ကို အတင်းအဓမ္မ ခွဲထုတ်လိုက်တော့သည်။

“ဝရော”

နဂါးမူလ ချီ အမြောက်မှာ တစ်ဟုန်ထိုး ပေါက်ကွဲထွက်သွားရာ စွန့်ထုန်ဝမ်သည်လည်း သူ၏ လက်နှစ်ဖက်ဖြင့် ဓားကို ကိုင်စွဲကာ အစွမ်းကုန် ပိုင်းချလျက် ခုခံလိုက်ရတော့၏။ သို့သော်လည်း သူသည် နဂါးမူလ ချီ အမြောက်၏ စွမ်းအားကို အထင်သေးခဲ့မိသည်။

ဓားချက်နှင့် ထိတွေ့လိုက်သည်နှင့် အရူးအမူး ပေါက်ကွဲထွက်လာသော စွမ်းအားများကြောင့် ဓားရှည်မှာ သူ၏ လက်ထဲမှ လွင့်ထွက်သွားခဲ့ပြီး ဝေးကွာလှသော တောင်တန်းတစ်ခုကို ဖောက်ထွက်သွားကာ မြေပြင်ပေါ်သို့ စိုက်ဝင်သွားတော့၏။ ဓား၏ အမြီးပိုင်းမှာလည်း တုန်ခါလျက် အသံများ ထွက်ပေါ်နေသည်။

စွန့်ထုန်ဝမ်မှာလည်း ဓား လွင့်ထွက်သွားပြီးနောက် သူ၏ လက်နှစ်ဖက်ဖြင့် နဂါးမူလ ချီ အမြောက်ကို အစွမ်းကုန် တောင့်ခံရန် ကြိုးစားသော်လည်း မရတော့ဘဲ မီတာ ရာနှင့်ချီ၍ လွင့်ထွက်သွားခဲ့ပြီ ဖြစ်သည်။

“ဘုန်း”

သူသည် တောင်စောင်းကို ဝင်ဆောင့်မိသွားသဖြင့် ကျောက်သား တံတိုင်းကြီးမှာ ပင့်ကူအိမ်အလား အက်ကြောင်းများ ထင်ကျန်ရစ်တော့၏။

“အုန်း”

လုံထျန်းရှင်းက အလျင်အမြန်ပင် နောက်မှ လိုက်ပါလာကာ သူ၏ လက်သည်းများကို လက်သီးအဖြစ် ပြောင်းလဲလျက် တစ်ဆက်တည်းသော လက်သီးချက်ပေါင်း (၃၅) ချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်ရာ စွန့်ထုန်ဝမ်မှာ သွေးများ အန်ထုတ်လိုက်ရကာ မြေပြင်ပေါ်သို့ ခွေလဲကျသွားတော့၏။

“ကျွန်တော်... ကျွန်တော် အရှုံးပေးပါတယ် ခင်ဗျာ”

စွန့်ထုန်ဝမ်က ချောင်းနှစ်ချက် ဆိုးလိုက်ကာ ဆက်လက် တိုက်ခိုက်ရန် မဝံ့ရဲတော့ပေ။ လုံထျန်းရှင်း၏ တိုက်ခိုက်မှုမှာ ထိန်းချုပ်ထားသဖြင့် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သော်လည်း အကယ်၍သာ ဆက်လက် တိုက်ခိုက်မည်ဆိုလျှင်မူ ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားမည်မှာ ဧကန်မလွဲပါပေ။

“အရှင်သခင် နတ်ဘုရားရဲ့ တိုက်ရိုက်တပည့် ဖြစ်တဲ့ စွန့်ထုန်ဝမ် တောင်မှ လုံထျန်းရှင်းကို မယှဉ်နိုင်ဘူးလား... ဒီလူကတော့ မြူခိုးဂိုဏ်းရဲ့ အစစ်အမှန် တပည့် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်”

လူအုပ်ကြီးကြားတွင် ဝေဖန်သံများ ဆူညံသွားတော့၏။

ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + (၅၇၃) (လုံထျန်းရှင်း)

မြူခိုးတောင်ထိပ် ထက်၌မူ ယဲ့ဖုန်းက အသိပေးချက်ကို ရရှိလိုက်သည်။

“တကယ်ကို မဆိုးပါဘူး... ဒီအတိုင်းပဲ ဆက်လုပ်စမ်း”

ယဲ့ဖုန်းက တောက်ပစွာ ပြုံးလိုက်၏။ သူသည် သူ၏ တပည့်များကို အခြားသော ပါရမီရှင်များနှင့် များများ ယှဉ်ပြိုင်စေချင်နေခြင်းပင်။ သို့မှသာ များပြားလှသော ဂုဏ်သတင်း တန်ဖိုးများကို ဂိုဏ်းအတွက် ရရှိစေမည် မဟုတ်ပါလေား။

ကောင်းကင်ယံ၌ မိုယင်သည်လည်း ဓားချက် တစ်ချက်တည်းဖြင့် နောက်ထပ် ပြိုင်ဘက် တစ်ဦးကို အနိုင်ယူလိုက်ပြန်ပြီ ဖြစ်သည်။ သူမသည် စင်မြင့်ကို ကာကွယ်နေရင်း ပြိုင်ဘက်ပေါင်း (၉) ဦးကို ဆက်တိုက် အနိုင်ယူခဲ့သဖြင့် သူမအတွက် ဂုဏ်သတင်း တန်ဖိုးပေါင်း (၁၀,၀၀၀) ကျော်ကို အလျင်အမြန်ပင် စုဆောင်းပေးနိုင်ခဲ့ခြင်းပါပင်။ သူမ ကိုယ်တိုင်ကတော့ ၎င်းကို မသိရှိပေ။

အမှတ် (၃) စင်မြင့်ထက်၌ ဝမ်ဖင်းအန်းသည်လည်း သူ၏ ‘အဆိပ်သင့်မြှောက်ပင့်ခြင်း’ ပါရမီကို အသုံးပြုကာ ပြိုင်ဘက်၏ ခွန်အားကို ခေတ္တမျှ အားနည်းသွားအောင် လုပ်ဆောင်လိုက်ပြီးနောက် ‘ဝိညာဉ်ထူးကဲ သိုင်းကျမ်း’ နှင့် ‘ကောင်းကင်လမင်း တိုက်ကွက်’ တို့ကို အသုံးပြုခြင်း ၊ သိုလှောင်အိတ်အတွင်းမှ ပေါက်ကွဲစေသော မူလဆေးလုံး အမြောက်အမြားကို ထုတ်ယူကာ ဗုံးကြဲခြင်းများဖြင့် အဆင့်တူ ကျင့်ကြံသူများကြား၌ ပြိုင်ဘက်ကင်း နေတော့၏။

“တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တိုက်ပွဲတွေပဲ... စီနီယာအစ်ကို ဒုတိယ (ဟ်ိုယွင်ကျဲ) သာ ဒီမှာ ရှိနေရင် သိပ်ကောင်းမှာပဲနော်”

လီကျောက်ကျောက် ၊ ကျားယွီလန် ၊ ယန်ရူယွီ ၊ ကျီဇီလင်း ၊ ရှဟဲ ၊ ချိုကျူ ၊ အိုးယန်ဖုန်း ၊ အိုးယန်ယွီ ၊ ယွီစု နှင့် ယွီဝေ တို့ကဲ့သို့သော ပထမမျိုးဆက် တပည့်များမှာ အတူတူ ရပ်လျက် တိုက်ပွဲများကို စောင့်ကြည့်နေကြ၏။ သူတို့၏ အကြည့်များမှာ ဟိုဟိုဒီဒီ ရှာဖွေနေကြသော်လည်း ဟ်ိုယွင်ကျဲ ကိုမူ မတွေ့ရှိကြပေ။

“ဒီလို ပြိုင်ပွဲမျိုးမှာ စီနီယာအစ်ကို ဒုတိယ မပါတာကတော့ အရသာ တစ်ခုခု လိုနေသလိုပဲ” ကျားယွီလန်ကလည်း.. မှတ်ချက်ပေးလိုက်သည်။

ဟ်ိုယွင်ကျဲ၏ ဓားပညာမှာ အလွန် အစွမ်းထက်လှကြောင်း လူတိုင်း သိကြ၏။ စိတ်မကောင်းစရာမှာ သူ ဘယ်ကို ရောက်သွားမှန်း မည်သူမျှ မသိရှိခြင်းပင်။ သူ ပျောက်ကွယ်နေသည်မှာ အချိန်အတန်ကြာခဲ့ပြီတည်း။

...

ယခုအခါ၊ ထိုက်ယွဲ့တောင်တန်း ၏ အနောက်ဘက် အစွန်အဖျား၌၊

ဟ်ိုယွင်ကျဲသည် သူ၏ ကျောပြင်ထက်၌ ဓားရှည် (၃) လက်ကို လွယ်ထားကာ ဧရာမ ကျောက်စိမ်းပြာကျောက်တုံးကြီး တစ်ခုပေါ်တွင် ရပ်နေ၏။ သူ၏ ဘေးနားတွင်မူ လင်းယွီယန် ရှိနေသည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် စီနီယာအစ်ကို ဟို... ကျွန်မ အခုဆိုရင် ဓားစိတ်ဆန္ဒ ရဲ့ အနှစ်သာရကို သဘောပေါက်ဖို့ တကယ်ကို နီးစပ်နေပါပြီ ရှင်” လင်းယွီယန်က ဝမ်းသာအားရ ပြောဆိုလိုက်၏။

သူမသည် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏ လက်ဖဝါးပေါ်တွင် ဓားအလင်းတန်းလေး တစ်ခု တဖျတ်ဖျတ် လက်နေတော့သည်။ ၎င်းအတွင်း၌ ထူးခြားသော အရှိန်အဝါ တစ်ခုမှာ တဖြည်းဖြည်းနှင့် ပုံသဏ္ဌာန် ပေါ်လာကာ ပျံလွှားငှက်လေး တစ်ကောင်၏ ပုံစံအဖြစ် ပြောင်းလဲသွား၏။

“ဒါ ဘယ်လိုမျိုး ဓားစိတ်ဆန္ဒလဲ”

ဟ်ိုယွင်ကျဲက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“ကျွန်မကတော့ ဒါကို ‘ဝိညာဉ်ပျံလွှား’ ဓားစိတ်ဆန္ဒ လို့ အမည်ပေးထားပါတယ်.. ဒါက ပုံသဏ္ဌာန် အပြည့်အစုံ ပေါ်လာပြီဆိုရင်တော့ သက်ဝင်လှုပ်ရှားနေတဲ့ ပျံလွှားငှက်လေး တစ်ကောင်အဖြစ်နဲ့ တိုက်စစ်ရော ခံစစ်မှာပါ အသုံးဝင်မှာပါ”

ဓားချီများက ပုံသဏ္ဌာန် တစ်ခုအဖြစ် ပြောင်းလဲသွားခြင်းမှာ ဓားစိတ်ဆန္ဒ ပေါက်မြောက်ခြင်း၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်။

ဟ်ိုယွင်ကျဲက ခေါင်းညိတ်ပြလိုက်ကာ -

“ဒါလည်း ကောင်းတာပါပဲ ။ မင်းရဲ့ ဓားစိတ်ဆန္ဒက ပုံသဏ္ဌာန် ပေါ်လာတော့မယ် ဆိုတာ သိသာနေတာပဲ ။ အပျောင်မနေဘဲနဲ့ ရှေ့ဆက်ပြီးတော့လည်း ကြိုးစားပြီး လေ့ကျင့်ပါဦး”

“ဟုတ်ကဲ့ပါ” လင်းယွီယန်၏ နှလုံးသားထဲတွင် ချိုမြိန်မှုများ ပြည့်နှက်သွားရ၏။

မီတာ ရာနှင့်ချီ၍ ဝေးကွာသော အရပ်၌မူ၊

တင်းပိုင်ရွှယ်သည် ချုံပုတ်များကြားတွင် ပုန်းအောင်းလျက် ထိုသူနှစ်ဦးကို အဝေးမှနေ၍ တိတ်တဆိတ် ချောင်းကြည့်နေတော့၏။

--

All Chapters