← Chapters

အခန်း ၅၆၉

Vol. 38 Ch. 569

အခန်း ၅၆၉

Vol. 38 Ch. 569

အခန်း (၅၆၉)- သားရဲနတ်ဘုရားရဲ့ အချစ်တော်... မြန်မြန် လမ်းကြောင်းကို ပိတ်စမ်း

~ကောင်းကင်မေးမြန်းကြေးမုံ၏ မျက်နှာပြင်ထက်တွင် မြင်ကွင်းတစ်ခုမှာ အထင်းသား ပေါ်ထွက်လာ၏။ ၎င်းမှာ အလွန်ပင် ရင်းနှီးလှသော နေရာတစ်ခု ဖြစ်သည်။ ပုံရိပ်၏ အောက်ခြေတွင် မြူခိုးများ လိမ့်တက်နေပြီး အထက်တွင်မူ လူတစ်ရပ်စာခန့် မြင့်သော ဝိညာဉ်သစ်ပင်များဖြင့် သီးပွင့်နေသည့် ပျံလွင့်ကျွန်းကြီး တစ်ကျွန်း ရှိနေ၏။

ကျွန်း၏ အလယ်ဗဟိုတွင်မူ ဝိညာဉ်စမ်းရေကန် တစ်ခုကိုလည်း မြင်တွေ့ရသည်။ ကျွန်းပေါ်တွင်မူ ရင်းနှီးနေသော လူရိပ်အချို့ကို မြင်တွေ့နေရပြီး ကျွန်း၏ ပတ်ပတ်လည်၌ ငါးမန်းကဲ့သို့ ပါးစပ်များရှိသော ထူးဆန်းသည့် လူသားသဏ္ဌာန် သတ္တဝါများက ဝန်းရံထားကြ၏။ ၎င်းတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများသည်လည်း လုံးဝ အားမနည်းလှပေ။

'ကမ္ဘာငယ် သုံးထောင်... နတ်ဘုရားကျွန်း... လုံယွမ်ချင်း... ယွင်ကျဲ... နတ်ဘုရားမျိုးနွယ်စုတွေပါလား'

ယဲ့ဖုန်း၏ မျက်လုံးများအတွင်း၌ အေးစက်လှသော အလင်းတန်းများ ဖြတ်ပြေးသွားတော့သည်။ သူသည် ရုတ်တရက် ထရပ်လိုက်ကာ မြူခိုးတောင်ထိပ်ထက်ရှိ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပေါ်၌ နေရာယူလိုက်၏။ ပြောပြောဆိုဆိုနှင့် သူသည် ကြက်သွေးရောင် အသွားရှိသော လှံရှည်ကြီးကို လှမ်း၍ ဖမ်းဆုပ်လိုက်၏။

“ဂိုဏ်းချုပ်... ကျွန်မကို စောင့်ပါဦး”

ဟူဖေးဖေးသည်လည်း ဘာကိုမှ ဂရုမစိုက်ဘဲ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပေါ်သို့ အဟုန်ပြင်းစွာ ပြေးတက်လာပြီး ယဲ့ဖုန်း၏ ပေါင်ကို အတင်းဖက်တွယ်ကာ အတူတူ ပျောက်ကွယ်သွားတော့၏။

---

ကမ္ဘာငယ် သုံးထောင်... နတ်ဘုရားကျွန်း။

“တကယ့်ကို ရဲတင်းလှချည်လား။ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”

ရွှေရောင်ငန်းဝကြီးသည် ဗိုက်ကို အပေါ်သို့ လှန်လျက် မြေပြင်ပေါ်၌ ပက်လက်လန်နေသည်။ သူသည် အလွန်ပင် ဝဖြိုးလွန်းသဖြင့် ခြေထောက်များကို မည်မျှပင် ယက်ပါစေ၊ ပြန်လည် ထမရပ်နိုင်တော့ပေ။

“ဘယ်က ရောက်လာတဲ့ ဘဲသေကြီးလဲ။ သတ်ပစ်လိုက်စမ်း”

ဆံပင်ဖြူနှင့် နတ်ဘုရားမျိုးနွယ်စု ပညာရှင်က မြေပြင်ပေါ်ရှိ ငန်းဝကြီးကို လက်ညှိုးညွှန်ပြရင်း လည်ပင်းလှီးပြသော အမူအရာကို လုပ်ပြလိုက်၏။

“ကျွန်တော့်ကို ခွင့်ပြုပါ ခင်ဗျာ”

နတ်ဘုရားမျိုးနွယ်စုမှ လူငယ်တစ်ဦးသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ လေထဲတွင် ပျံလွှားဓားမြောင်တစ်စင်း ပေါ်ထွက်လာတော့သည်။ အဋ္ဌမအလွှာ အထွတ်အထိပ်၌ ရှိနေသော ဝိညာဉ်အာရုံ စွမ်းအားများ၏ ထိန်းချုပ်မှုအောက်တွင် ထိုဓားမြောင်မှာ ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ငန်းဝကြီးဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားတော့၏။

“ချွင်…”

နတ်ဘုရားမျိုးနွယ်စုဝင်များ အားလုံး ကျောက်ရုပ်ကြီးပမာ မှင်သက်သွားစေမည့် အဖြစ်အပျက်တစ်ခုမှာ ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ ဖြစ်သော ထိုဓားမြောင်သည် ငန်းဝကြီးနှင့် ထိမိသွားသည့် တစ်ခဏ၌ လမ်းကြောင်း လွဲသွားခဲ့ကာ တိုက်ခိုက်ခဲ့သော နတ်ဘုရားမျိုးနွယ်စုဝင်၏ နဖူးတည့်တည့်သို့ ပြန်လည်၍ စိုက်ဝင်သွားတော့၏။

“ဒီ... ဒီဘဲက အဆိပ်ရှိတယ်ဟ”

နတ်ဘုရားမျိုးနွယ်စုဝင်သည် တုန်ရီနေသော လက်များဖြင့် ငန်းဝကြီးကို လက်ညှိုးထိုးလျက် အညတရ စကားတစ်ခွန်းကို ပြောဆိုကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။ ကိုယ်ပိုင်ဓားမြောင် ပြန်ကန်လာသော ဒဏ်နှင့်ပင် အသက်ပျောက်သွားရခြင်း ဖြစ်သည်။

“မင်းတို့က ဘဲလို့ ပြောနေတာကိုး။ ငါ ငန်းပါဆို။ ဂတ်.. ဂတ်.. ဂတ်..... လို့ ပြောနေတာကို။ ငါ ဒေါသထွက်လွန်းလို့ သေတော့မှာပဲ”

ငန်းဝကြီးသည် အသည်းအသန်ပင် ဆဲရေးနေ၏။

ရှိနေသမျှသော လူတိုင်းမှာ မျက်လုံးများ ပြူးကျယ်လျက် ငန်းဝကြီးကို ကြည့်နေကြသည်မှာ တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလားပင် ဖြစ်သည်။

“ဒီငန်းကို ထားလိုက်စမ်း”

ထိုအခိုက်အတန့်၌ နတ်ဘုရားမျိုးနွယ်စု၏ ဆံပင်ဖြူခေါင်းဆောင်ထံမှ နက်နဲလှသော အသံ ထွက်ပေါ်လာ၏။ သူသည် ရှေးဟောင်း ဝင်္ကပါချပ်တစ်ခုကို ထုတ်ယူလိုက်ကာ မှာကြားလိုက်၏။

“ငါ့ကို ဝိုင်းပြီး ကူညီကြစမ်း။ ငါတို့ရဲ့ ဘိုးဘေးနယ်မြေဆီကို သွားတဲ့ လမ်းကြောင်းကို အပြည့်အဝ ဖွင့်ရမယ်”

“ဟုတ်ကဲ့”

ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်စု ပညာရှင် ဒါဇင်ပေါင်းများစွာသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ အရှိန်အဝါများဖြင့် ဟ်ိုယွင်ကျဲတို့အဖွဲ့ကို ဖိနှိပ်ထားလိုက်ကြတော့သည်။ ဆံပင်ဖြူ ခေါင်းဆောင်သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် လက်ချောင်းများကို အဆက်မပြတ် လှုပ်ရှားလိုက်ရာ ရှေ့ရှိ ဝင်္ကပါချပ်မှာ အလင်းတန်း ဒါဇင်ပေါင်းများစွာအဖြစ် ကွဲထွက်သွားပြီး နတ်ဘုရားကျွန်း၏ အတွင်းပိုင်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားတော့၏။

မကြာမီမှာပင် နတ်ဘုရားကျွန်းပေါ်မှနေ၍ စူးရှတောက်ပလှသော အလင်းတန်းကြီးတစ်ခုမှာ ကောင်းကင်ယံဆီသို့ ထိုးတက်သွားတော့သည်။ လူတိုင်းသည် ခေါင်းမော့၍ ကြည့်နေကြ၏။ ကမ္ဘာငယ် သုံးထောင်၏ ကောင်းကင်ယံ နက်နက်တွင် ပြာလဲ့လဲ့ ဝဲကတော့ကြီး တစ်ခု ပေါ်ထွက်လာပြီး အလယ်ဗဟိုမှ တဖြည်းဖြည်း ကျယ်ပြန့်လာရာ အခြားကမ္ဘာ တစ်ခု၏ ပုံရိပ်များ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ဒါက အဆုံးအစမရှိ ကျယ်ပြန့်လှသော တိုက်ကြီးတစ်ခုပင်။

ထိုပေါ်တွင် စည်ကားလှသော မြို့များ၊ နက်ရှိုင်းလှသော ပင်လယ်များ၊ ဧရာမ တောင်ကြီးများ၊ ထူထပ်လှသော တောအုပ်များနှင့် ကြောက်စရာ ကောင်းလှသော နတ်ဘုရားမျိုးနွယ်စု ပညာရှင် အမြောက်အမြား ရှိနေကြ၏။ ဤသည်မှာ နတ်ဘုရားမျိုးနွယ်စု၏ နေရပ်... နတ်ဘုရားတိုက်ကြီးပင် ဖြစ်တော့သည်။

“ခိခိခိ... ငါတို့ မျိုးနွယ်စုဆီကို သွားတဲ့ တည်ငြိမ်တဲ့ လမ်းကြောင်း ပွင့်သွားပြီပဲ။ အခုဆိုရင် ရှန်ကျိုးတိုက်ကြီးကို ကျူးကျော်ဖို့ အချိန်တန်ပြီပေါ့” ဆံပင်ဖြူခေါင်းဆောင်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်၏။

ကြယ်စင်ယံအတွင်း၌မူ နတ်ဘုရားမျိုးနွယ်စုသည် သိပ်ပြီး မသန်မာလှပေ။ သစ်ပင်နတ်ဆိုး မျိုးနွယ်စု၊ ဦးချို မွှေးပွ မျိုးနွယ်စုနှင့် ဝိညာဉ်ဝါးမြိုမျိုးနွယ်စုတို့ကဲ့သို့ အင်အားကြီး မျိုးနွယ်စုများနှင့် ယှဉ်လျှင်မူ များစွာ နိမ့်ကျပါသေးသည်။ ရှန်ကျိုးတိုက်ကြီး၏ ရှေ့တွင်လည်း နတ်ဘုရားမျိုးနွယ်စုမှာ ဘာမှ မဟုတ်လှပေ။ သို့သော်လည်း ထိုသို့ ဖြစ်နေခြင်းကြောင့်ပင် ရှန်ကျိုးတိုက်ကြီး၏ ထိပ်တန်း တန်ခိုးရှင်များသည် နတ်ဘုရားမျိုးနွယ်စု၏ အသေးစား ကျူးကျော်မှုများကို အရေးတယူ လုပ်ဆောင်ရန် အဆင့်မရှိဟု သတ်မှတ်ထားကြခြင်း ဖြစ်သည်။ ဒါက နတ်ဘုရားမျိုးနွယ်စု၏ ခေါင်းဆောင်အတွက်တော့ အကွက်ကောင်း တစ်ခုပင်။

“မျိုးနွယ်စု ခေါင်းဆောင်ခင်ဗျာ... ဟန်ရီတို့၊ ဟန်အာတို့အဖွဲ့ ရှုံးနိမ့်သွားခဲ့ပေမဲ့... အခု ကျွန်တော် တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်ပါပြီ။ ခေါင်းဆောင် ဆင်းသက်လာမှာကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ် ခင်ဗျာ” ဆံပင်ဖြူခေါင်းဆောင်သည် ကောင်းကင်မှ လမ်းကြောင်းဆီသို့ လှမ်း၍ ကြွေးကြော်လိုက်၏။

“သူတို့က နတ်ဘုရားမျိုးနွယ်စုဆီကို သွားတဲ့ လမ်းကြောင်းကို တကယ်ပဲ ဖွင့်လိုက်ပြီလား။ ငါတို့တော့ သွားပြီပဲ” ဟ်ိုယွင်ကျဲသည် ကောင်းကင်ကို ကြည့်ရင်း ကြေကွဲစွာ ရေရွတ်လိုက်မိတော့သည်။

“တကယ့်ကို ရဲတင်းလှချည်လား။ ငါ့နယ်မြေထဲမှာ လာပြီး သောင်းကျန်းရဲတယ်ပေါ့။ မင်းတို့ သေချင်နေတာလား” ရွှေရောင်ငန်းဝကြီးသည် အကြောက်အလန့်မရှိဘဲ ကောင်းကင်မှ ဝဲကတော့ကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်နေ၏။

“ဟေ။ ဒါက သားရဲနတ်ဘုရားရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်ပဲ။ မင်းက အခုထိ အသက်ရှင်နေသေးတဲ့အပြင် ဖျက်ဆီးလို့မရတဲ့ ခန္ဓာကိုယ်ကိုတောင် ရထားတာဆိုတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ သားရဲနတ်ဘုရားတောင်မှ ကျဆုံးသွားခဲ့ပြီလေ။ မင်းလို အိမ်မွေးတိရစ္ဆာန် အညတရ တစ်ကောင်က ငါတို့မျိုးနွယ်စု ဆင်းသက်လာမှာကို တားနိုင်မယ် ထင်နေသလား”

ဝဲကတော့၏ အထက်မှနေ၍ အေးစက်စက် အသံ ထွက်ပေါ်လာသည်။ နောက်တစ်ခဏ၌မူ ခန့်ညားထည်ဝါသော လူရိပ်အချို့သည် ဝဲကတော့ လမ်းကြောင်းမှတစ်ဆင့် ဖြတ်သန်းလာခဲ့ကြ၏။ ၎င်းတို့မှာ မူလနတ်ဘုရား အဆင့် တန်ခိုးရှင်ကြီးများပင် ဖြစ်ကြ၏။ ၎င်းတို့သည်လည်း ငါးမန်းပါးစပ်များရှိသော နတ်ဘုရားမျိုးနွယ်စုဝင်များပင် ဖြစ်သည်။

သို့သော်လည်း ထိုသူတို့၏ ကျင့်ကြံခြင်း အဆင့်မှာမူ ‘ကိုးထပ် ကောင်းကင် နတ်ဘုရားကျင့်စဉ် - အောက်တွဲ’ ၏ ကန့်သတ်ချက်ကို ကျော်လွန်ကာ မူလနတ်ဘုရား အဆင့်နှင့် ညီမျှသော နယ်ပယ်ထဲသို့ ခြေလှမ်းလှမ်းထားနိုင်ခဲ့ကြပြီ ဖြစ်သည်။ အထူးသဖြင့် ရှေ့ဆုံးမှ လာနေသောသူသည် ဟ်ိုယွင်ကျဲကို မူလနတ်ဘုရား အဆင့် အထွတ်အထိပ်ရှိ ပုဂ္ဂိုလ်တစ်ဦးကို ရင်ဆိုင်နေရသည့်နှယ် ကြောက်စရာကောင်းသော ခံစားချက်ကြီးကို ပေးစွမ်းနေ၏။

“မျိုးနွယ်စု ခေါင်းဆောင်... ဒုတိယ ခေါင်းဆောင်”

ဆံပင်ဖြူခေါင်းဆောင်သည် ထိုသူများကို ကပျာကယာပင် ဂါရဝပြုလိုက်သည်။ ဤအချိန်တွင်မူ နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်များ၏ နောက်ကွယ်၌ နောက်ထပ် နတ်ဘုရားမျိုးနွယ်စု ပညာရှင် ရာပေါင်းများစွာ ဆင်းသက်လာခဲ့ကြ၏။

“ဒီကမ္ဘာရဲ့ ကန့်သတ်ချက်တွေကိုလည်း ဖျက်ဆီးပစ်ရမယ်”

နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဝတ်ရုံစကို ခါလိုက်ရာ သူ၏ ဝိညာဉ်အာရုံ စွမ်းအားများသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ထွက်ပေါ်လာ၏။ နတ်ဘုရားကျွန်း အလယ်ရှိ ဝိညာဉ်စမ်းရေကန်ကို သွားရောက် ရိုက်ခတ်လိုက်သဖြင့် အတွင်းပိုင်းမှနေ၍ အက်ကွဲသံကြီး ထွက်ပေါ်လာသည်။

“ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကို ဖိနှိပ်ထားတာတွေ လွတ်သွားပြီ”

ဟ်ိုယွင်ကျဲ၊ တင်းပိုင်ရွှယ်၊ လင်းယွီယန်နှင့် အခြားသူများသည် ကမ္ဘာငယ် သုံးထောင်အတွင်း၌ ရှိနေကြသော်လည်း ယခုအခါတွင်မူ သူတို့၏ ခွန်အားအပြည့်အဝကို ထုတ်သုံးနိုင်ပြီဖြစ်ကြောင်း သိရှိလိုက်ကြတော့၏။ အရင်ကကဲ့သို့ ဓားစိတ်ဆန္ဒနှင့် ခန္ဓာကိုယ် ခွန်အားကိုသာ အားကိုးနေစရာ မလိုတော့ပေ။ သို့သော်လည်း သူတို့ မပျော်ရွှင်နိုင်ကြပါပေ။

အကြောင်းကတော့၊ နတ်ဘုရားမျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပါ။

ကောင်းကင်ယံထက်တွင်မူ နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်သည် ဟ်ိုယွင်ကျဲတို့အဖွဲ့ကို ငုံ့ကြည့်လျက် လက်ဝှေ့ယမ်းကာ မှာကြားလိုက်၏။

“ဒီလူသား ပုရွက်ဆိတ်တွေကို သတ်ပစ်လိုက်ကြစမ်း”

“ဟုတ်ကဲ့”

ချက်ချင်းဆိုသလိုပင် နတ်ဘုရားမျိုးနွယ်စု ပညာရှင်များသည် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ဝိညာဉ်အာရုံ စွမ်းအားများဖြင့် ပျံလွှားဓားမြောင်များကို ထိန်းချုပ်ကာ ဟ်ိုယွင်ကျဲတို့ဆီသို့ ထိုးနှက်လိုက်ကြတော့၏။ အနားသို့ ချဉ်းကပ်လာသော စူးရှလှသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များကြောင့် သူတို့အားလုံးမှာ မျှော်လင့်ချက် ကင်းမဲ့သွားကြရတော့သည်။

ဝေဝါးနေသော မြင်ကွင်းအတွင်း၌မူ ဟ်ိုယွင်ကျဲသည် လေထဲတွင် အရပ်ရှည်လျက် ခန့်ညားလှသော လူရိပ်တစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသလိုပင် ဖြစ်သည်။ ထိုသူ၏ လက်ထဲတွင် အနက်ရောင် လှံရှည်ကြီး တစ်စင်းကို ကိုင်ဆောင်ထားကာ အမှတ်မထင် ဝှေ့ယမ်းလိုက်ရုံမျှဖြင့်ပင် ပျံသန်းလာသော ဓားမြောင်များကို အမှုန့်ဖြစ်သွားစေရုံတင်မကဘဲ ဘေးနားရှိ နတ်ဘုရားမျိုးနွယ်စု ပညာရှင် ဒါဇင်ပေါင်းများစွာကိုပါ တစ်ခါတည်း အပြတ်ရှင်းပစ်လိုက်တော့၏။

'ငါ အိပ်မက် မက်နေတာလား'

ဟ်ိုယွင်ကျဲမှာတော့ မှင်သက်သွားရတော့သည်။ ဤသူသည်... ကြက်သွေးရောင် အသွားရှိသော လှံရှည်ကြီးကို ကိုင်ဆောင်ထားသည့် ဂိုဏ်းချုပ်ဦးလေးနှင့် တော်တော်လေး ဆင်တူနေသည် မဟုတ်ပါလော။

“မင်းက ဘယ်သူလဲ”

ကောင်းကင်ယံထက်တွင်မူ နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်နှင့် အခြား ပညာရှင်များသည် ရုတ်တရက် ပေါ်ထွက်လာသော ယဲ့ဖုန်းကို မျက်လုံးများ ပြူးကျယ်လျက် စိုက်ကြည့်နေကြတော့၏။ ယဲ့ဖုန်း၏ လက်ထဲမှ ကြက်သွေးရောင် လှံရှည်ကြီးကို မြင်တွေ့လိုက်ရသည့် အခါ၌မူ ဒုတိယခေါင်းဆောင် အချို့၏ မျက်လုံးများထဲတွင် သတိထားရမည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ပြီ ဖြစ်သည်။

“ငါက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်... ယဲ့ဖုန်း ပဲ”

ယဲ့ဖုန်းသည် ကြက်သွေးရောင် လှံရှည်ကြီးကို ကိုင်ဆောင်လျက် အေးစက်လှသော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။

ဘေးနားတွင်မူ ဟူဖေးဖေးသည် ပုခုံးပေါ်၌ ပေါက်ကွဲစေသော တုတ်ကြီးကို ထမ်းလျက် မျက်လုံးလေးများ မှေးစက်သွားသည်အထိ ပြုံးလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်မ လှုပ်ရှားဖို့ လိုမလား ဟင်”

“ရတယ်လေ” ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။

အလယ်အလတ်အဆင့် ဝိညာဉ်ရတနာအဖြစ် အဆင့်တက်သွားပြီးနောက်တွင်မူ ဟူဖေးဖေး၏ ခွန်အားမှာ ပိုမို၍ ကြောက်စရာ ကောင်းလာခဲ့လေပြီ။ ပုံမှန် အခြေအနေမှာတင် သူမသည် မူလနတ်ဘုရား အဆင့် သတ္တမအလွှာ (၇) ၏ ခွန်အားမျိုး ရှိနေ၏။ အကယ်၍ စတုတ္ထ တိုက်ခိုက်ရေး ပုံစံအတွင်းသို့ ဝင်ရောက်လိုက်မည်ဆိုလျှင်မူ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် တစ်ပိုင်းကိုပင် ခြေလှမ်းလှမ်းနိုင်မည် ဖြစ်သည်။

“ဝုန်း…”

ဟူဖေးဖေးသည် စတင် တိုက်ခိုက်လိုက်၏။ သူမသည် ပေါက်ကွဲစေသော တုတ်ကြီးကို အသာအယာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့်ပင် တုတ်ရိပ်ပေါင်း ရာနှင့်ချီ၍ ပေါ်ထွက်လာကာ နတ်ဘုရားမျိုးနွယ်စု ပညာရှင်များကို ရိုက်ထုတ်ပစ်လိုက်တော့သည်။ တစ်ချီတည်းနှင့်ပင် နတ်ဘုရားမျိုးနွယ်စုဝင် ရာပေါင်းများစွာမှာ အပိုင်းပိုင်း ပြတ်တောက်လျက် မြေပြင်ပေါ်သို့ လွင့်ကျသွားကြတော့၏။

“ဒါ မကောင်းတော့ဘူး”

နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်သည် မျက်လုံးများ ပြူးကျယ်သွားကာ ချက်ချင်းပင် လှုပ်ရှားလိုက်၏။ သူ၏ ပြိုင်ဘက်ကင်းလှသော ဝိညာဉ်အာရုံ စွမ်းအားများသည် သွေးရောင် မုန်တိုင်းကြီးအဖြစ် ပြောင်းလဲသွားပြီး ဟူဖေးဖေးဆီသို့ ဝါးမြိုရန် ကြိုးစားလိုက်တော့သည်။ သို့သော်လည်း နောက်တစ်ခဏ၌ သူ ထိတ်လန့်သွားရသည်မှာ... ဟူဖေးဖေးမှာ ဘာမှ မဖြစ်သည့်အပြင် သူ၏ စွမ်းအားများကိုတောင် ပြန်လည်၍ ဝါးမြိုနေသည်ကို တွေ့ရှိလိုက်ရခြင်းပင် ဖြစ်သည်။

“မြန်မြန် ဆုတ်ကြစမ်း။ လမ်းကြောင်းကိုလည်း အခုချက်ချင်း ပိတ်လိုက်တော့”

နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားကာ ကောင်းကင်မှ ဝဲကတော့ လမ်းကြောင်းဆီသို့ အသည်းအသန် ပြေးဝင်သွားသည်။ ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်စုဝင် အနည်းငယ်သည်လည်း ကြောက်လန့်တကြားဖြင့် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လှည့်၍ ထွက်ပြေးကြတော့၏။

နတ်ဘုရားကျွန်းပေါ်တွင်မူ လူတိုင်းသည် ကောင်းကင်မှ ပြိုင်ဘက်ကင်းသော လူရိပ်နှစ်ခုကို ငေးကြည့်နေကြကာ ပါးစပ်များပင် မစေ့နိုင်တော့ဘဲ မှင်သက်နေကြရသည်။

“တကယ်ပဲ... ဂိုဏ်းချုပ်ဦးလေး ပါလား”

ဟ်ိုယွင်ကျဲသည် အခုမှ သဘောပေါက်သွားကာ ယဲ့ဖုန်း၏ သန်မာလှသော ကျောပြင်ကို မော့ကြည့်ရင်း မျက်ဝန်းအိမ်များတွင် ဝမ်းသာမျက်ရည်များဖြင့် စိုစွတ်လာရတော့၏။

--

All Chapters