← Chapters

အခန်း ၂၅၁

Vol. 15 Ch. 251

အခန်း ၂၅၁

Vol. 15 Ch. 251

အပိုင်း (၂၅၁) ပျော်ရွှင်စရာ ဘဝလေးကို စတင်ခြင်း။

မြို့ပြင်ဘက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေ၏။

ဖန်ကျန်းရီသည် ဒုက္ခသည်များကို နေရာချထားရန် အိပ်ဆောင်များ ဆောက်လုပ်ရန် မြေနေရာ အမြောက်အမြား ကို ခွင့်ပြုပေးခဲ့သည်။

အိပ်ဆောင်ဧရိယာ တစ်ခုလုံးကို ရပ်ကွက်သုံးခုဖြင့် ဖွဲ့စည်းထား၏။

ယင်းတို့မှာ ပျော်ရွှင်ခြင်းအိမ်ရာ၊ နေရောင်ခြည်ရပ်ကွက် နှင့် သဟဇာတအိမ်ရာ တို့ ဖြစ်ကြသည်။

ဘယ်သူ ပေးထားသော နာမည်များလဲဆိုသည်မှာ ပြောစရာပင် မလိုချေ။

မြို့ပြင်ရှိ စတုဒိသာ ဆန်ပြုတ်တဲများမှာ ရှိနေဆဲဖြစ်ပြီး နေရာချထားခြင်း မခံရသေးသော ဒုက္ခသည် အမြောက်အမြား ကျန်ရှိနေသေးသည်။

ဇီကျိုက်ဂိုဏ်းမှ တပည့်များကိုလည်း လူစုခွဲကာ ဒုက္ခသည်များကြားတွင် ထည့်သွင်းထားလိုက်၏။ အိပ်ဆောင်များ အတွင်းသို့ ဝင်ရောက်ခွင့်ရသွားသူများကို မြင်လျှင် ဆန်ပြုတ်တဲများတွင် ရှိနေသေးသော သူများမှာ အားကျမဆုံး ဖြစ်နေကြသည်။

အထဲတွင် သောက်ရသည်မှာလည်း ဆန်ပြုတ်သာ ဖြစ်သည်ဟု ကြားရသော်လည်း အနည်းဆုံးတော့ လေဒဏ်မိုးဒဏ် ကာကွယ်နိုင်မည့် အိမ်လေးတစ်လုံး ရှိနေသေးသည် မဟုတ်ပါလား။

အပြင်ဘက်တွင် လဲလျောင်းနေရခြင်းက တောရိုင်းတိရစ္ဆာန်များနှင့် ဘာကွာခြားမည်နည်း။

သို့သော်ငြား အာဏာပိုင်များက လူတိုင်းကို တဖြည်းဖြည်း နေရာချထားပေးမည်ဟု အသိပေးထားသောကြောင့် လူတိုင်းမှာ မိမိတို့ နေရာချထားခံရမည့် အချိန်ကို မျှော်လင့်ချက် အပြည့်ဖြင့် စောင့်ဆိုင်းနေကြသည်။

ချန်စီဝူသည်လည်း ထိုအထဲမှ တစ်ဦးအပါအဝင် ဖြစ်၏။

သူသည် အသက်ငါးဆယ်ကျော်နေပြီ ဖြစ်ပြီး မျက်နှာမှာ မည်းညစ်နေကာ ပါးရေတွန့်လျက် တစ်ကိုယ်လုံးမှာ အရိုးပေါ်အရေတင်သာ ရှိတော့သည်။

မူလက သူသည် ဇီကျိုက်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်၏။ ဖန်ကျန်းရီ၏ စိတ်အားထက်သန်ဖွယ် လှည့်စား ပြောဆိုမှုများကို ကြားပြီးနောက် သွေးဆူသွားခဲ့ကာ စာရင်းသွင်းပြီး နောက်တစ်နေ့တွင် ဇီကျိုက်ဂိုဏ်း ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အသိပေးခံခဲ့ရသည်။

သို့သော်ငြား ကံကောင်းသည်မှာ ဂိုဏ်းချုပ်က လူတိုင်းကို ဘဝကောင်းလေး ရစေရမည်ဟု ကတိပေးထားခဲ့ခြင်း ဖြစ်၏။

ထင်သည့်အတိုင်းပင်။ အမတ်ကြီးဖန်သည် တကယ့်ကို အမတ်ကောင်းတစ်ဦး ဖြစ်ပေသည်။ အခြားသော ခွေးအမတ်များ၏ ခေါင်းများကို လူပုံလယ်တွင် ခုတ်ဖြတ်ပစ်ခဲ့သည်။

ခွေးအမတ်များ သေဆုံးသွားပြီးနောက် မြို့ပြင်ရှိ ဆန်ပြုတ်များသည် ပို၍ ပျစ်လာခဲ့သည်။ အထဲတွင် အဝါရောင် အရာတစ်မျိုးကိုပါ ထည့်ထားသေးပြီး ဆန်ပြုတ်ရည်မှာ မွှေးကြိုင်ချိုမြိန်လာခဲ့၏။

ထို့နောက် မကြာမီမှာပင် မြို့ပြင်၌ လူအများအပြားကို ငှားရမ်းကာ သစ်သားအိမ်များ စတင် ဆောက်လုပ်လာကြသည်။ လူအစုလိုက်အပြုံလိုက်ကို မြို့ထဲသို့ ခေါ်ဆောင်သွားပြီး သန့်သန့်ရှင်းရှင်းဖြင့် ပြန်ထွက်လာစေကာ အလုပ်များကို တက်ကြွစွာ လုပ်ဆောင်စေသည်။

ထို့နောက်တွင်တော့ သူနှင့် မျက်မှန်းတန်းမိနေသော လူအတော်များများက ဘောင်းဘီအသစ်များ လဲလှယ် ဝတ်ဆင်ကာ အခြားဒုက္ခသည်များကို ကြွားလုံးထုတ်ပြီး သစ်သားအိမ်များထဲသို့ ဝင်ရောက်သွားသည်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရ၏။

ချန်စီဝူမှာလည်း သဘာဝကျစွာပင် အလွန်အားကျနေမိ၏။ သူ၏ ဘောင်းဘီမှာ အပေါက်အပြဲများ ပြည့်နှက်နေပြီ ဖြစ်ပြီး မပြဲသေးသော နေရာများမှာလည်း အလွန်ပါးလွှာနေပြီ ဖြစ်သည်။

သူကိုယ်တိုင် အဝတ်အစားသစ် မလဲရသည်မှာ ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ပင် ရှိနေပြီ မဟုတ်ပါလား။

သို့ပေမည့် ယနေ့မှာတော့ ချန်စီဝူ အလွန်စိတ်လှုပ်ရှားနေခဲ့၏။

ယခု သူသည် ရှည်လျားလှသော တန်းစီမှုထဲတွင် ရပ်နေပြီး ဤနေ့သည် သူ သစ်သားအိမ်ထဲသို့ ဝင်ခွင့်ရမည့် တတိယအသုတ် ဒုက္ခသည်များထဲတွင် ပါဝင်နေပြီ ဖြစ်သည်။

မြို့ရိုးအောက်ရှိ သစ်သားစင်မြင့်ပေါ်တွင် လူငယ်တစ်ဦးသည် အသံချဲ့စက်ကို ကိုင်ကာ အသံကျယ်ကြီးဖြင့် အော်ပြောနေ၏။

ချန်စီဝူက ထိုလူငယ်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

သူသည် သခင်လေးလီဖြစ်ပြီး ကယ်ဆယ်ရေး ဆန်ပြုတ်တဲများတွင် မကြာခဏ တွေ့ရတတ်သော လူကောင်း တစ်ဦး ဖြစ်၏။

သူရောက်လာတိုင်း လူတိုင်းက ဝမ်းသာအားရ ဖြစ်ကြသည်။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ သခင်လေးလီ ပေါ်လာတိုင်း သူ၏ရင်ခွင်ထဲမှ ကြက်ဥအချို့ကို ထုတ်ကာ ဆန်ပြုတ်အိုးထဲသို့ ဖောက်ထည့်တတ်သောကြောင့်ပင်။

သခင်လေးလီကို မြင်လိုက်ရသည်နှင့် ကြက်ဥအရသာကို မြည်းစမ်းရတော့မည်ဟု အဓိပ္ပာယ်ရသည်။

နောက်ဆုံးတော့ သူ၏အလှည့်သို့ ရောက်လာခဲ့ပြီ ဖြစ်ရာ သခင်လေးလီ၏ အော်သံကို ချန်စီဝူ ရှင်းလင်းစွာ ကြားလိုက်ရ၏။

"အားလုံးပဲ မလောကြပါနဲ့။ မရုန်းရင်းဆန်ခတ် မလုပ်ကြပါနဲ့။ လူတိုင်း အခွင့်အရေး ရမှာပါ။ ခင်ဗျားတို့ ချမ်းသာမယ့် အခွင့်အရေး ရောက်လာပါပြီ။ အားလုံး သေသေချာချာ တန်းစီကြပါ။"

ချန်စီဝူမှာ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

အမတ်ကြီးဖန်ရဲ့ ကတိစကားတွေ တကယ်ဖြစ်လာပြီလား။ နောက်ဆုံးတော့ ငါ ချမ်းသာမယ့်အလှည့် ရောက်လာပြီလား။ မချမ်းသာရင်တောင်မှ သစ်သားအိမ်လေးထဲမှာ နေပြီး လူရာဝင်တဲ့ ဘဝလေးတော့ ရနိုင်မှာပဲ။

ချန်စီဝူသည် တန်းစီမှု၏ ရှေ့ဆုံးသို့ ရောက်သွားရာ သူ၏ရှေ့တွင် စာရေးတစ်ဦး ရှိနေ၏။

စာရေးက ခေါင်းမမော့ဘဲ မေးလိုက်သည်။ "နာမည်၊ ဇာတိ၊ အသက်။ ပြီးတော့ ဘာအလုပ် လုပ်တတ်လဲ။"

ချန်စီဝူက တစ်ခုချင်းစီ ဖြေကြားလိုက်ရာ စာရေးက ကြိုးကွင်းပါသော သစ်သားပြားငယ်လေးပေါ်တွင် စာလုံး တစ်တန်းကို ဓားငယ်လေးဖြင့် လျင်မြန်စွာ ထွင်းပေးလိုက်သည်။ ထို့နောက် သူသည် ထိုသစ်သားပြားလေးကို ယူ၍ ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။

မြို့တံခါးစောင့်များက သစ်သားပြားလေးများကို တစ်ခုချင်းစီ စစ်ဆေးပြီးနောက် လူအုပ်ကြီးသည် မြို့ထဲသို့ ဝင်ရောက်သွားကြသည်။

ချန်စီဝူသည် မြို့ထဲရှိ နေရာအနှံ့အပြားကို စူးစမ်းလိုစိတ် အပြည့်ဖြင့် လိုက်ကြည့်နေမိ၏။

သူသည် ရွာမှ ထွက်ပြေးလာသူဖြစ်ပြီး ထွက်ပြေးစရာ အကြောင်းမရှိခဲ့လျှင် တစ်ဘဝလုံး ရွာထဲတွင်သာ နေသွားရမည် ဖြစ်သည်။

ယနေ့တော့ မြို့ကြီးပြကြီးကို မြင်တွေ့ခွင့် ရခဲ့ပြီ။

မကြာမီမှာပင် သူသည် အဆောက်အအုံတစ်ခုရှေ့သို့ ရောက်သွားခဲ့သည်။ ဤအဆောက်အအုံမှာ အလွန်ထူးဆန်း၏။ ဘေးဘက်တွင် ရေနွေးငွေ့များ အဆက်မပြတ် ထွက်နေသော မီးခိုးခေါင်းတိုင်တစ်ခု ရှိပြီး ခြံဝင်းထဲတွင်လည်း ကျောက်မီးသွေးများကို မြင်တွေ့ရသည်။ အဆောက်အအုံအထက်တွင် ဧရာမ ဆိုင်းဘုတ်ကြီးတစ်ခုကို ချိတ်ဆွဲထား၏။

အပေါ်တွင် အများပြည်သူ ရေချိုးကန် ဟု ရေးထားသည်။

သူသည် စာမတတ်သောကြောင့် ဘာလုပ်သည့်နေရာမှန်း မသိသဖြင့် ရင်ထဲတွင် အနည်းငယ် ထိတ်လန့်နေမိ၏။

ဦးဆောင်လာသော အရာရှိငယ်က အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။ "အားလုံး တန်းစီကြ … အထဲဝင်ပြီး ရေချိုးကြမယ်။ ခင်ဗျားတို့ရဲ့ အဝတ်ဟောင်းတွေကို သိမ်းထားပေးမယ့်သူ ရှိလိမ့်မယ်။ အခု တစ်ယောက်ချင်းစီ အထဲဝင်ကြ။"

ရေချိုးရမယ်... ရေချိုးရမယ့် နေရာကိုး။

ချန်စီဝူသည် နှုတ်ခမ်းကို သပ်လိုက်မိ၏။ နောက်ဆုံး ရေချိုးခဲ့တာ ဘယ်တုန်းကပါလိမ့်။

လူအုပ်ကြီးနောက်မှ လိုက်၍ အဆောက်အအုံထဲသို့ ဝင်သွားကာ အဝတ်လဲခန်းထဲသို့ ရောက်သွားပြီး အချင်းချင်း ကြောင်တောင်တောင်ဖြင့် ကြည့်နေကြသည်။

ပတ်ပတ်လည်တွင် ရိုးရှင်းသော သစ်သားစင်များ ရှိပြီး အကန့်လေးများဖြင့် ခွဲထားကာ ရှည်လျားသော ခုံတန်းလျား အချို့မှလွဲ၍ ဘာမှမရှိတော့ပေ။

ကံကောင်းစွာဖြင့် အရာရှိငယ်ကလည်း အထဲသို့ လိုက်ဝင်လာပြီး ပြောလိုက်၏။ "အဝတ်အစားတွေ ချွတ်လိုက်ကြ။ အကုန်ချွတ်ပြီး အဝတ်အစားတွေကို အကန့်လေးတွေထဲ ထည့်ထားလိုက်။"

"ခင်ဗျားတို့ကို ပေးထားတဲ့ သစ်သားပြားလေးကို လက်မှာချိတ်ထား။ ပြီးရင် အထဲဝင်ပြီး ရေချိုးကြ။" အရာရှိငယ်က ပြောရင်း အခြားတံခါးပေါက်တစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

လူတိုင်းမှာ သစ်သားတုံးများကဲ့သို့ ရပ်ကာ အဝတ်အစားများကို ချွတ်နေကြ၏။

အာဏာပိုင်တွေက ခိုင်းတာပဲ၊ သူတို့ခိုင်းတာ လုပ်ရမှာပေါ့။ ကိုယ့်ဆီက စုတ်ပြဲနေတဲ့ အဝတ်အစား နှစ်ထည်ကို သူတို့က လိုချင်နေမှာမို့လို့လား။

ချန်စီဝူသည်လည်း တစ်ကိုယ်လုံး ကိုယ်တီးလုံးဖြစ်အောင် ချွတ်လိုက်ပြီးနောက် စိုးရိမ်တကြီးဖြင့် အထဲသို့ ဝင်သွားခဲ့သည်။

အထဲတွင် ဧရာမ ရေကန်ကြီး နှစ်ကန်၊ သစ်သားစားပွဲကြီး ဆယ်လုံးခန့်နှင့် သေးငယ်သော သစ်သားစည်ပိုင်း အချို့ကို တွေ့ရသည်။ သစ်သားစားပွဲဘေးတွင် လူအတော်များများ ရပ်နေသော်လည်း ဘာလုပ်ရမှန်း မသိကြပေ။

ချန်စီဝူကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းလှမ်းပြောလိုက်ကြ၏။ "ရေချိုးချင်ရင် ရေကန်ထဲ ဆင်းစိမ်နေလိုက်။"

ထိုစကားကို ကြားသောအခါ ချန်စီဝူသည် ရေကန်ဘေးသို့ လျှောက်သွားလိုက်သည်။ သို့သော် ရေကန်ထဲရှိ ရေများမှာ နောက်ကျိနေပြီး နာမည်တပ်မရသော အရာများ ပေါလောပေါ်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် ရွံရှာသွားမိ၏။

ထို့ကြောင့် ရေကန်ကို လက်ညှိုးထိုးပြကာ ဘေးလူအား မေးလိုက်သည်။ "အာ... ဒီရေနဲ့ ချိုးလို့ရပါ့မလား။"

ထိုလူက အနည်းငယ် စိတ်မရှည်စွာဖြင့် ပြန်ပြော၏။ "ဘာလို့ ချိုးမရမှာလဲ။ ဂျီးများမနေနဲ့။"

ပြောရင်းနှင့် ရေကန်ထဲသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ "ချီးတဲ့မှ … တကယ် ချိုးလို့မရတော့ဘူးပဲ။ ခဏစောင့်အုံး။"

ပြောပြီးသည်နှင့် လက်ကိုင်ရှည် ပါသော ပိုက်ကွန်လေးတစ်ခုကို ယူကာ ရေထဲတွင် အကြိမ်အနည်းငယ် ခပ်ယူလိုက်ရာ ရေထဲမှ အညစ်အကြေး အတော်များများ ဖယ်ရှားပြီးသား ဖြစ်သွား၏။

"ကဲ ရပြီ … ဆင်းစိမ်လို့ရပြီ။ စိမ်ပြီးရင် ကျုပ်ဆီ လာခဲ့။"

ရေသန့်သွားသည်ကို မြင်သောအခါ ချန်စီဝူသည် အဝါရောင် သွားကြီးများကို ပေါ်အောင် ပြုံးလိုက်ပြီး ရေကန်ထဲသို့ ဖြည်းညှင်းစွာ ဆင်းသွားခဲ့သည်။

ရေကန်၏ အပူချိန်မှာ အနေတော်ပင် ဖြစ်၏။ ချက်ချင်းဆိုသလို သူ၏ တစ်ကိုယ်လုံးမှာ ရေကန်ထဲတွင် အရည်ပျော်သွားသကဲ့သို့ ခွေကျသွားတော့သည်။

နွေးထွေးသောရေများက တစ်ကိုယ်လုံးကို တဖြည်းဖြည်း စိမ့်ဝင်သွား၏။

ချန်စီဝူ မျက်လုံးများမှိတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

ထိုအခိုက်အတန့်လေးတွင် ကိုယ်ရောစိတ်ပါ နာကျင်မှုများအားလုံး ပျောက်ကွယ်သွားခဲ့၏။ ပင်ပန်းနွမ်းနယ်မှုများ နှင့် သောကများအားလုံးသည် ထိုသက်ပြင်းချသံနှင့်အတူ ရေနွေးငွေ့များထဲတွင် လွင့်စင်သွားသကဲ့သို့ပင်။

ချန်စီဝူ၏ ဦးနှောက်တစ်ခုလုံးသည် နက်နဲဆန်းကြယ်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

နောက်မှ ရောက်လာသူများလည်း တဖြည်းဖြည်း ရေကန်ထဲသို့ ဝင်လာကြ၏။

မည်သူမှ စကားမပြောကြဘဲ အားလုံးသည် တူညီသော မျက်နှာထားများဖြင့် မျက်လုံးများမှိတ်ကာ ဇိမ်ခံနေကြသည်။

ရေကန်ကြီးမှာလည်း တစ်ဖန် ပြန်လည် နောက်ကျိလာခဲ့ပြန်၏။

အချိန်အတော်ကြာပြီးနောက် ရေကန်အပြင်ဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။ "ကဲ တော်လောက်ပြီ။ ရေနွေး ထပ်ဖြည့်ဖို့ မလွယ်ဘူး။ နောက်လူတွေ ချိုးဖို့ ကျန်သေးတယ်။"

"ဟေ့လူ …. ခင်ဗျား... အထဲမှာ ဂျေးမတွန်းနဲ့။ အပေါ်တက်ပြီး တွန်း။ ကျုပ်ဆီ လာခဲ့... ကျောချေးတွန်းပေးမယ်။"

ချန်စီဝူမှာ ရှက်ရွံ့စွာဖြင့် လက်ကို အောက်ချလိုက်ရ၏။ ရင်ဘတ်ကို လက်ဖြင့် နှစ်ချက်ခန့် တွန်းလိုက်မိသည်ကို ပစ်မှတ်ထားခံလိုက်ရခြင်း ဖြစ်သည်။

အမိန့်သံကို ကြားသောအခါ ရေကန်ထဲမှ တွန့်တိုစွာဖြင့် တက်လာခဲ့ရသည်။

သစ်သားစားပွဲကြီးဘေးမှ လူတစ်ဦးက သူ့အား အဆက်မပြတ် လက်ယပ်ခေါ်နေ၏။

ချန်စီဝူသည်လည်း ရိုးသားစွာပင် လျှောက်သွားလိုက်သည်။

"သစ်သားပြားလေး ပြစမ်း... အင်း... ပြဿနာမရှိဘူး။ လာ... လှဲနေ... ကျောချေးတွန်းပေးမယ်။ ပြီးရင် သစ်သားစည်ပိုင်းထဲက ရေနဲ့ ပြန်ဆေးချပြီး အပြင်ထွက်တော့။"

"ကောင်းပြီ။"

ချန်စီဝူသည် စားပွဲပေါ်တွင် ပက်လက်လှဲလိုက်၏။

ကျောချေးတွန်းသမားက စတင်တွန်းပေးလိုက်ရာ ချက်ချင်းပင် အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။ "ချီးတဲ့မှ... ဒီဂျေးလုံးကြီးတွေ။ အစ်ကိုကြီး... ခင်ဗျား ရေမချိုးတာ ဘယ်လောက်တောင် ကြာပြီလဲ။"

ယခုအချိန်တွင် ချန်စီဝူမှာ မျက်နှာတစ်ခုလုံး ပူထူသွားပြီး ခပ်တိုးတိုး ပြန်ဖြေလိုက်၏။ "မနှစ်က ချိုးခဲ့တယ် ထင်တာပဲ။"

ကျောချေးတွန်းသမားက ရယ်မောလိုက်သည်။ "ဟ … ဟုတ်ပြီလေ။ ဒီလိုတွန်းရတာမှ အားရစရာ ကောင်းတာ။ ခင်ဗျားကို သေချာလေး တွန်းပေးမယ်။"

All Chapters