အခန်း ၂၅၈
Vol. 15 Ch. 258
အပိုင်း (၂၅၈) သေချာစီမံထားသော မြို့ဝင်အခမ်းအနား။
ရှဲ့ရှန်းသည် စာအုပ်ကို ပိတ်ကာ သက်ပြင်းချလိုက်၏။
"သခင်လေး … ကျုပ်တို့ ဒီလောက်အထိ သတိထားဖို့ လိုအပ်လို့လား။ သခင်လေးက အရှင်မင်းကြီး၊ အိမ်ရှေ့စံတို့နဲ့ ဆက်ဆံရေး အရမ်းကောင်းတယ်လို့ ပြောခဲ့တယ် မဟုတ်လား။"
ဖန်ကျန်းရီက ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ဆက်ဆံရေး ကောင်းတာပေါ့။ ခင်ဗျား ဘာသိလို့လဲ။ ဒါက အမတ်တစ်ယောက်ရဲ့ နည်းလမ်းပဲ။ ကျုပ်ရဲ့ ဒီရုံးတော်ဝတ်စုံ ညစ်ပတ်သွားလို့ မဖြစ်ဘူး။"
သို့မဟုတ်လျှင် အခြေအနေ မကောင်းပါက မင်းသမီးလေး၏ လက်ကို ဘယ်လိုလုပ် ဆွဲနိုင်တော့မည်နည်း။
"ပြည်သူတွေရဲ့ အသက်အိုးအိမ်က သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ ကျုပ်တို့က လိမ်ညာနေတာ မဟုတ်ဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာလို့ ခေါ်တယ်။
မြို့ဝင်အခမ်းအနားကို ကြီးကျယ်ခမ်းနားအောင် လုပ်လိုက်။ အရှင်မင်းကြီး ကြွလာပြီဆိုတာကို လူတိုင်း သိအောင် ကျယ်ကျယ်လောင်လောင် ကြေညာလိုက်စမ်းပါ။
အဲဒီနေ့ရောက်ရင် ကျုပ်က သူဌေးတွေ၊ မြို့မျက်နှာဖုံးတွေ အားလုံးကို စုစည်းပြီး ခေါ်သွားမယ်။ သူတို့ရဲ့ ကလေးတွေကိုပါ ခေါ်သွားမယ်။
အရှင်မင်းကြီး ရောက်လာတုန်း အရှင်မင်းကြီးရဲ့ နာမည်ကို အသုံးချပြီး အဲဒီကုန်သည်တွေကို ရင်းနှီးမြှုပ်နှံမှု ပိုလုပ်ခိုင်းမယ်။ မြို့တွင်းက နေထိုင်မှု အဆင့်အတန်းကို မြှင့်တင်မယ်။
ကျုပ်လည်း စောစောဖြစ်ဖြစ် နောက်ကျဖြစ်ဖြစ် ထွက်သွားရမှာပဲ။ အရှင်မင်းကြီးက ကျုပ်ကို နယ်လှည့်စစ်ဆေးရေးမှူး လုပ်ခိုင်းဖို့ စိတ်ကူးရှိတယ်ဆိုတော့ ဒီမှာ သိပ်ကြာကြာ နေရမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။
ကျန်းကျန်မြို့က ကိစ္စတွေကို အားလုံး ပြီးပြတ်အောင် ရှင်းလင်းထားမှ ကျုပ်လည်း စိတ်ပူစရာ မလိုတော့မှာ။
သွားလုပ်ချေတော့။”
ရှဲ့ရှန်းသည် တိတ်တဆိတ် လျှာသပ်လိုက်မိ၏။ သခင်လေးက ဧကရာဇ်ကို ကိရိယာတစ်ခုလို အသုံးချနေပါလား။
တကယ်ကို ပြဿနာတက်မှာကို မကြောက်ဘူးပဲ။
ရက်အနည်းငယ် ကြာပြီးနောက် ရုံးအစေခံ တစ်ယောက်က အရှင်မင်းကြီးနှင့် လူအုပ်ကြီးသည် ကျန်းကျန်မြို့သို့ ကြီးကျယ်ခမ်းနားစွာ ရောက်လာပြီဖြစ်ကြောင်း သတင်းပို့လာခဲ့သည်။
ထိုအချိန်တွင် ဖန်ကျန်းရီသည် လေပန်းချီစံအိမ် အတွင်း၌ တစ်ရေးအိပ်နေ၏။
လီယွမ်ကျောက်သည် အလျင်စလို ပြေးလာပြီး သူ့ကို လှုပ်နှိုးလိုက်သည်။ "ဖန်ကြီး .. ဖန်ကြီး။ ကျုပ် ခမည်းတော် တကယ် ရောက်လာပြီ။ ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်ရမလဲ။"
ဖန်ကျန်းရီသည် အစက မှုန်ဝါးဝါး ဖြစ်နေသော်လည်း အရှင်မင်းကြီး ရောက်လာပြီဟု ကြားသည်နှင့် မျက်လုံးကို ပွတ်ကာ ထရပ်လိုက်၏။ "မလောနဲ့။ အိမ်ရှေ့စံ... ကြည့်စမ်း။ ကျုပ်တို့ ဘယ်လောက်ကောင်းအောင် လုပ်ထားလဲ။ အရှင်မင်းကြီးက ကြည့်ပြီး ဝမ်းသာနေမှာ သေချာတယ်။
ခင်ဗျား ရလဒ်ကြီး ရပြီလေ။ ပြောမရဘူး။ ခင်ဗျားကို ဆုတောင် ချအုံးမလား မသိဘူး။"
ထို့နောက် တံခါးပေါက်တွင် စောင့်နေသော အစေခံကို အော်ပြောလိုက်သည်။ "လာကြစမ်း။ မြန်မြန်သွား။ အဲဒီ သူဌေးတွေ၊ ကုန်သည်တွေနဲ့ ကလေးတွေကိုပါ အကုန် ခေါ်လာခဲ့။
နောက်ထပ် တစ်ယောက်က ရှဲ့ရှန်းကို ပြင်ဆင်ထားဖို့ သွားအကြောင်းကြားလိုက်။
အပြင်မှာ မြို့ပြင်ထွက်ပြီး ကြိုဆိုမယ့် လူတွေကို သေချာ ထပ်စစ်ဆေးလိုက်အုံး။ လက်နက် ပါတဲ့လူတွေ မြန်မြန် လွှင့်ပစ်ခိုင်း။ အစောင့်တွေ အထင်လွဲပြီး အသတ်ခံရတာမျိုး မဖြစ်စေနဲ့။"
အစေခံသည် အမိန့်ရသည်နှင့် အလျင်စလို ပြေးထွက်သွား၏။
ထိုသို့ အော်လိုက်ပြီးနောက် ခေါင်းထဲတွင် တော်တော်လေး ရှင်းလင်းသွားကာ ထရပ်ပြီး လက်ဖက်ရည် တစ်ဝက်ခန့်ကို မော့သောက်လိုက်၏။ ပြီးနော … လီယွမ်ကျောက်ကို ပြောလိုက်သည်။ "အိမ်ရှေ့စံ။ ခင်ဗျား မြန်မြန် အဝတ်အစားသစ် လဲလိုက်။ ကျုပ်တို့ မြို့ပြင်ထွက်ပြီး ကြိုဆိုရအောင်။"
"ကောင်းပြီ။" လီယွမ်ကျောက်သည် သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် သိပ်မလောတော့ဘဲ အဝတ်အစား လဲရန် ချက်ချင်း ပြေးထွက်သွား၏။
ဖန်ကျန်းရီသည် ဘေးပတ်လည်တွင် လူမရှိသည်ကို မြင်ချိန်မှာတော့ ရုံးတော်ဝတ်စုံကို ယူကာ အလုံးလေး ဖြစ်အောင် လုံးချေပြီး ရင်ခွင်ထဲ ထည့်ကာ ခဏကြာအောင် အားကုန် ပွတ်ချေလိုက်သည်။
ထို့နောက်မှ ဖြည်းဖြည်းချင်း ဝတ်ဆင်လိုက်ရာ တစ်ကိုယ်လုံး နေရာအနှံ့ တွန့်ကြေနေတော့၏။
မျက်လုံးကို အားကုန် ပွတ်သပ်လိုက်ပြီး မျက်နှာလည်း မသစ်ဘဲ လေပန်းချီစံအိမ်ထဲမှ အေးအေးဆေးဆေး လျှောက်ထွက်သွားခဲ့သည်။
လူအုပ်ကြီး လေပန်းချီစံအိမ် အပေါက်ဝတွင် စုဝေးပြီးချိန်မှာတော့ အထဲမှ ထွက်လာသော ဖန်ကျန်းရီကို လီယွမ်ကျောက် ကြည့်လိုက်သည်။ ဖန်ကြီးသည် အရေးအကြောင်းများ ပြည့်နှက်နေသော ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသောကြောင့် အံ့သြသွားခဲ့သည်။ ထို့ကြောင့် မနေနိုင်ဘဲ အော်မေးလိုက်၏။ "ဖန်ကြီး … ခင်ဗျား အဝတ်အစားက ဘယ်လိုဖြစ်သွားတာလဲ။"
"အာ... ဒီတစ်ထည်ပဲ ရှိတော့တာ။ လဲဖို့ အချိန်မရတော့ဘူး။ ဒီလိုပဲ နေလိုက်တော့မယ်။"
ဖန်ကျန်းရီက ပြောရင်း တံခါးပေါက်ဆီသို့ လျှောက်သွားခဲ့သည်။
တံခါးခုံသို့ ရောက်ချိန်တွင် သတိမထားမိဘဲ ခြေထောက်က တံခါးခုံနှင့် ခလုတ်တိုက်မိသွား၏။
ချက်ချင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး တစ်ပတ်လိမ့်သွားကာ ဖုန်အလိမ်းလိမ်း ပေကျံသွားခဲ့သည်။
"အာ... ဖန်ကြီး လဲကျသွားပြီ။"
လူအုပ်ကြီးက ဖန်ကျန်းရီကို ဝိုင်းထူပေးကြပြီး သူ၏ ကိုယ်ပေါ်ရှိ ဖုန်များကို အဆက်မပြတ် ဖယ်ရှားပေးကြ၏။
ဖန်ကျန်းရီက ဟိုဘက်ဒီဘက် ကာကွယ်ရင်း အလျင်စလို ပြောလိုက်သည်။ "ရပြီ ရပြီ။ မြန်မြန် လုပ်ကြ။ ကျုပ် ညစ်ပတ်သွားလည်း ညစ်ပတ်ပါစေတော့။ အရှင်မင်းကြီးက အရေးကြီးတယ်။ မြို့ပြင်ကို မြန်မြန် သွားပြီး ကြိုဆိုကြစို့။"
သောက်ကျိုးနည်း။ ငါ့ကို ဖုန်တွေ အကုန် ပြောင်အောင် ခါပေးကြမလို့လား။
လူအုပ်ကြီးသည် ကြီးကျယ်ခမ်းနားစွာဖြင့် မြို့ပြင်သို့ ထွက်ခွာသွားကြသည်။
သတင်းကို အစောဆုံး ရရှိထားသော ရှဲ့ရှန်းသည် အစောကြီးတည်းက သေချာ စီစဉ်ထားပြီး ဖြစ်၏။
ဝူရှန်းသည် လမ်းအလယ်တွင် ရပ်နေပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် တီးဝိုင်းများက တူရိယာများကို ကိုင်ဆောင်ကာ အဆင်သင့် စောင့်ဆိုင်းနေကြသည်။
ဖန်ကျန်းရီ ရောက်လာသည်နှင့် ဝူရှန်းက ချက်ချင်း ကြိုဆိုလိုက်၏။
ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "သခင်လေး ....."
ဖန်ကျန်းရီ မျက်လုံးပြူးကြည့်လိုက်၏။ "ဘာလဲ … ပြောစရာရှိတာ တိုက်ရိုက်ပြော။"
ဝူရှန်းက သူ၏ နား,နားသို့ ကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ "သခင်လေး... လွန်သွားပြီ လွန်သွားပြီ။ အဝတ်အစားက အရမ်း တွန့်ကြေလွန်းနေပြီ။"
ထိုသို့ ပြောပြီးနောက် ဖန်ကျန်းရီ၏ ရုံးတော်ဝတ်စုံကို တိတ်တဆိတ် ဆန့်ပေးလိုက်ပြီး ဖုန်များကိုပါ တစ်ပါတည်း သုတ်သင်ပေးလိုက်၏။
ဖန်ကျန်းရီ သဘောကျသွားသည်။ "ဟေး.. ဆရာဝူ။ ခင်ဗျားက တော်တော် တတ်တာပဲ။"
ဝူရှန်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။ "အားလုံး အတူတူပါပဲ... အတူတူပါပဲ။"
သူကိုယ်တိုင်လည်း အမတ် လုပ်ခဲ့ဖူးပြီး ဧကရာဇ်ကို တွေ့ဖူးသည်။ ယခင်အကြိမ် သာမန်အရပ်သားအဖြစ် အချခံရစဉ်က မိမိကိုယ်ကို ပင်ပန်းနွမ်းနယ်နေပုံ ပေါက်စေရန် တော်တော်လေး အားထုတ်ခဲ့ရသည်။
ထိုအရာက အခြေခံ လှုပ်ရှားမှုလေးပင်။ အထင်ကြီးစရာမလိုပေ။
လူအုပ်ကြီးသည် မြို့ပြင်တွင် ရပ်နေကြပြီး ဖန်ကျန်းရီနှင့် လီယွမ်ကျောက်က အရှေ့ဆုံးတွင် ရပ်နေကြ၏။
အရှင်မင်းကြီး၏ နဂါးရထားလုံးသည် သူတို့ဘက်သို့ ဖြည်းညင်းစွာ မောင်းနှင်လာသည်ကို ခပ်လှမ်းလှမ်းမှပင် မြင်တွေ့လိုက်ရသည်။
နီးလာပြီ... ပိုပိုပြီး နီးလာပြီ။
နောက်ဆုံးတွင် နဂါးရထားလုံးသည် လူအုပ်ကြီး၏ အရှေ့၌ တရားဝင် ရပ်တန့်သွားခဲ့၏။
အရှင်မင်းကြီးသည် အထဲမှ ဖြည်းညင်းစွာ ထွက်လာပြီး ပထမဆုံး မြင်လိုက်ရသည်မှာ လီယွမ်ကျောက်က ပါးစပ်ကြီး ဖြဲကာ သူ့ကို ပြုံးပြနေသည်ကိုပင်။
ကြောက်မက်ဖွယ်ကောင်းသော အကြည့်နှစ်ချက်က လီယွမ်ကျောက်ထံသို့ တုံ့ဆိုင်းမှုမရှိ စူးဝင်သွားခဲ့သည်။
ထို့နောက် အရှင်မင်းကြီးသည် ဖန်ကျန်းရီကို အထက်အောက် သေချာ အကဲခတ်ကြည့်လိုက်၏။
မျက်လုံးအပြည့် သွေးကြောများ နီရဲနေပြီး တစ်ကိုယ်လုံး ဖုန်အလိမ်းလိမ်း ဖြစ်နေသည်ကို ကြည့်ရလျှင် တကယ်ကို ပင်ပန်းခဲ့ပုံရသည်။ ဒါပေမဲ့ ဘာလို့ ဝလာရတာလဲ။
"ကျွန်တော်မျိုး ဖန်ကျန်းရီ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"
ဖန်ကျန်းရီ ဦးဆောင်သော လူအုပ်ကြီးက တစ်ယောက်ပြီး တစ်ယောက် အရိုအသေ ပေးလိုက်ကြ၏။
"အရိုအသေ ပေးစရာ မလိုဘူး။"
အရှင်မင်းကြီးက လက်ခါပြလိုက်ပြီး လီယွမ်ကျောက်ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ ဖန်ကျန်းရီ အရှေ့သို့ လျှောက်သွားခဲ့သည်။
သေချာ ကြည့်ရှုပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ဖန်အမတ်။ မင်း ပင်ပန်းသွားပြီ။ ကိုယ်တော် ဒီကို လာမယ်ဆိုတာ မင်း ဘယ်လို သိတာလဲ။"
ဖန်ကျန်းရီက ခေါင်းခါလိုက်သည်။ "ကျွန်တော်မျိုး မပင်ပန်းပါဘူး။ အိမ်ရှေ့စံပဲ အလုပ်များနေတာပါ။
အောက်လူတွေက အရှင်မင်းကြီးရဲ့ နဂါးရထားလုံးကို မြင်လိုက်တယ်လို့ ကြားရတဲ့အတွက် အရှင်မင်းကြီး လာမယ်ဆိုတာကို ကြိုသိခဲ့ရတာပါ။
အရှင်မင်းကြီး ဒီကို ရောက်လာမယ်လို့ တွေးမိတာနဲ့တင် ကျွန်တော်မျိုးက ဒီရက်ပိုင်း အမှားအယွင်း တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်လို့ ထမင်းမေ့ ဟင်းမေ့ ဖြစ်ပြီး အိပ်လို့တောင် မပျော်ခဲ့ပါဘူး။"
"ဒါကြောင့်... ကိုယ်တွေ ယောင်ယမ်းလာတာပါ။ ကျွန်တော်မျိုးက ဒီလို ရုပ်ဆင်းသွင်ပြင်နဲ့ အရှင်မင်းကြီးကို လာတွေ့ရတာ... တကယ်ကို ရှက်စရာ ကောင်းလှပါတယ်။"
ထိုသို့ ပြောရင်း ဖန်ကျန်းရီသည် ရှက်ရွံ့စွာဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်သွားခဲ့၏။
အခြံအရံ အမတ်များ အားလုံး ကြည့်ရင်း သွားကျိန်းသွားကြသည်။ အထူးသဖြင့် တုရွှင်း ဖြစ်ပြီး သူက ဖန်ကျန်းရီကို မမြင်ဖူးခဲ့ချေ။
လျိုရွှန်းကို ခေါင်းဖြတ်သတ်ခဲ့သူဆိုတော့ ဖြောင့်မတ်တည်ကြည်သော သူရဲကောင်းကြီး တစ်ယောက်ဟုပင် ထင်မှတ်ထားခဲ့မိ၏။
ဒါက လုံးဝကို မကိုက်ညီဘူးလေ။ ဖားတတ်တဲ့ ကောင်နဲ့ပဲ ပိုတူနေသေးတယ်။
အရှင်မင်းကြီး ချက်ချင်း သဘောပေါက်သွားခဲ့သည်။
အော်... ဒီလိုကိုး။ ယောင်ယမ်းလာတာပဲ။ ကိုယ်တော်က ဝလာတယ်လို့တောင် ထင်နေခဲ့တာ။
"မင်းကြီး … ကျွန်တော်မျိုး နောက်ကို အရင် လိုက်ခဲ့ပါ။ အရှင်မင်းကြီးကို ကြိုဆိုဖို့ စောင့်နေတဲ့လူတွေ အများကြီး ရှိပါတယ်။"
အရှင်မင်းကြီးသည် တစ်ဖက်သို့ ကျုံ့ကျုံ့လေး ဝင်နေသော လီယွမ်ကျောက်ကို ခပ်ဖျော့ဖျော့ တစ်ချက် ကြည့်လိုက်၏။
ထို့နောက် ဖန်ကျန်းရီကို ပြုံးလျက် မေးလိုက်သည်။ "အို... ဒီမြို့ထဲမှာ ကိုယ်တော့်ကို တွေ့ချင်တဲ့လူ ရှိသေးတယ်ပေါ့။"
ဖန်ကျန်းရီ ခေါင်းညိတ်လိုက်ပြီး အရှေ့ဆုံးမှ လျှောက်သွားခဲ့သည်။
ခြေနှစ်လှမ်းမျှပင် မလျှောက်ရသေးမီ ဝူရှန်း အရှေ့သို့ ရောက်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ "သေချာ လုပ်စမ်း။"
ထို့နောက် နောက်သို့ တစ်လှမ်းဆုတ်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ "တီးမှုတ်ကြ။"
ဘေးနှစ်ဖက်ရှိ တီးဝိုင်းများက ရုတ်တရက် အသံကျယ်ကြီးများ ထွက်ပေါ်လာရာ အစောင့်များ အားလုံး သတိမထားမိဘဲ လက်များကို ဓားပေါ်သို့ တင်လိုက်ကြ၏။
အရှင်မင်းကြီးသည် တည်ငြိမ်စွာဖြင့် တီးဝိုင်းကို ကြည့်နေပြီး မျက်လုံးများထဲတွင် စပ်စုလိုစိတ်များ ပေါ်လွင်နေသည်။
ထို့နောက် ပန်းငုံလေးများကဲ့သို့ ဝတ်ဆင်ထားသော ကလေးတစ်စုသည် လူကြီးများ၏ အနောက်မှနေ၍ ပြေးထွက်လာကြ၏။
အရှင်မင်းကြီး မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ကော်ထျန်းယန်၊ ကျိန့်ချောင်နှင့် အခြားသူများ၏ နဖူးပေါ်တွင် မည်းမှောင်နေသော မျဉ်းကြောင်းသုံးကြောင်း ကျဆင်းလာခဲ့၏။
လူတော်တော်များများ၏ စိတ်ထဲတွင် အတွေးတစ်ခု တပြိုင်နက် ပေါ်ထွက်လာခဲ့သည်။
ထပ်လာပြန်ပြီလား။ မင်း ဒီမှာ ထပ်ပြီး ကပြနေပြန်ပြီလား။
ဂီတသံစဉ်နှင့်အတူ ကလေးတစ်စုသည် လှပစွာ ကခုန်နေကြ၏။
ဤကဲ့သို့ ဆန်းသစ်သော ဂီတပုံစံက အရှင်မင်းကြီးနှင့် အခြားသူများကို အလွန် သဘောကျ နှစ်သက်စေခဲ့သည်။ တူရိယာများကြား ပေါင်းစပ်မှုက ဤမျှ မျိုးစုံနိုင်သည်ပေါ့လေ။
ကလေးများသည် ကခုန်နေရင်း တဖြည်းဖြည်းနှင့် အရှင်မင်းကြီးကို ဗဟိုပြုကာ အဝိုင်းတစ်ဝက် ပုံစံ ဖန်တီးလိုက်ကြသည်။
ချစ်စရာကောင်းသော ကလေးအသံလေးများက တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာခဲ့၏။
"သားတို့ပြောတာ နားထောင်ပါ .. အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီး ရှိနေလို့ ရာသီဥတု လေးခုလုံး နွေးထွေးသွားပါတယ်။ ကျေးဇူးတင်ပါတယ်။
အရှင်မင်းကြီး ရှိနေလို့ ကမ္ဘာကြီး ပိုလှပသွားပါတယ်။ အရှင်မင်းကြီး ကို ကျေးဇူးတင်ချင်ပါတယ်။ အရှင်မင်းကြီး ရှိနေလို့ အချစ်က အမြဲတမ်း..."