← Chapters

အခန်း ၂၆၃

Vol. 15 Ch. 263

အခန်း ၂၆၃

Vol. 15 Ch. 263

အပိုင်း (၂၆၃) ဘုရင်မင်းမြတ် နှင့် အမတ် စကားပြောဆိုခြင်း။

သူတို့သုံးဦး ဆက်လက် လျှောက်သွားကြပြီး ဖန်ကျန်းရီသည် အရှင်မင်းကြီး စကားစတင်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

လက်ဖက်ရည် တစ်ဝက် သောက်ချိန်ခန့် လမ်းလျှောက်ပြီးနောက် အရှင်မင်းကြီးသည် ဘေးဘီဝဲယာကို အတန်ကြာ အကဲခတ်ပြီးမှ ဖြည်းညင်းစွာ ပြောလိုက်၏။ "ဖန်အမတ် .. မင်း ဒီမှာ လုပ်ထားတဲ့ လုပ်ရပ်တွေက ကိုယ်တော် မျှော်လင့်ထားတာထက် အများကြီး သာလွန်နေတယ်ဆိုတာကို ဝန်ခံရမယ်။

ကိုယ်တော် မင်းကို သေချာပေါက် ဆုချီးမြှင့်သင့်တယ်။"

အရှင်မင်းကြီး ဤသို့ ပြောလိုက်သည်ကို ကြားရချိန်မှာတော့ ဖန်ကျန်းရီ၏ စိတ်ထဲတွင် ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာပြီး မနေနိုင်ဘဲ တွေးတောမိသွား၏။

အမှားအယွင်း မရှိဘူးဆိုရင် အရှင်မင်းကြီးက နောက်တစ်ကြောင်း ဆက်ပြောလိမ့်မည်။ မင်း အခု အရမ်း ငယ်လွန်းသေးတယ်။ နောက်ဆိုရင် ကိုယ်တော် အများကြီး အသုံးချစရာ ရှိတယ် ဆိုပြီးပေါ့။

"ဒါပေမဲ့ မင်း အခု အရမ်း င ယ်လွန်းသေးတယ်။ နောက်ဆိုရင် ကိုယ်တော် အများကြီး အသုံးချစရာ ရှိတယ်။"

ဟဲဟဲ... ဒီကတိစကားတွေက နားဝမဝတော့ဘူး။ ကျုပ်က အကြိမ်ပေါင်းများစွာ ကြားဖူးနေပြီ။

အရှင်မင်းကြီးက သူ့ဘာသာသူ ဆက်ပြောနေခဲ့၏။ "ကိုယ်တော် ပိုပြီး မျှော်လင့်မထားတာက မင်းက လျိုရွှန်းကိုပါ ဖော်ထုတ်နိုင်ခဲ့တာပဲ။

ကြည့်ရတာ ကိုယ်တော် မင်းကို အာဏာပိုင် ဓားပေးလိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်သွားတာပဲ။"

အာဏာပိုင် ဓားအကြောင်းကို ပြောလာချိန်မှာတော့ ဖန်ကျန်းရီ၏ စိတ်သည်လည်း တင်းကျပ်သွားခဲ့သည်။

ဒီအကြောင်းတော့ မပြောပါနဲ့တော့။ ဓားက ပုံပျက်ပန်းပျက် ဖြစ်နေပြီး အခုဆိုရင် ကျိုးတောင် ကျိုးနေပြီ။ ဘယ်နေ့များ အရှင်မင်းကြီး ပြန်သိမ်းမလဲဆိုပြီး ကျုပ် သေမတတ် စိတ်ပူနေတာပါဗျာ။

"အဲဒီ ဓားကို ကိုယ်တော်တောင် မသုံးဖူးဘူး။ နောက်ဆိုရင် မင်း သေချာ သိမ်းထားလိုက်တော့။"

အင်း….။

ထိုစကားကို ကြားသည်နှင့် ဖန်ကျန်းရီ စိတ်ဝင်စားသွားပြီး စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။ "အရှင်မင်းကြီးလည်း အဲဒီဓားကို မသုံးဖူးဘူးလား။

ကိုယ်တော့် ဓားတွေက အများကြီးပဲ။ ဓားတိုင်းကိုသာ သုံးမယ်ဆိုရင် ဘယ်နှစ် ဘယ်လအထိ သုံးရမလဲဆိုတာ မသိနိုင်ဘူး။ ဘာဖြစ်လို့လဲ။ ဘာလို့ ရုတ်တရက် ဒီအကြောင်း ပြောလာတာလဲ။"

အရှင်မင်းကြီး ရုတ်တရက် ရပ်တန့်သွားပြီး ဖန်ကျန်းရီကို ကြည့်လိုက်သည်။

"အဲဒီ ဓားမှာ ထူးခြားချက် တစ်ခုခုများ ရှိနေလို့လား။"

ဖန်ကျန်းရီ ထိုစကားကို ကြားသည်နှင့် စိတ်ထဲတွင် အလွန် ဝမ်းသာသွားပြီး မျက်နှာအပြည့် ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ပြောလိုက်၏။ "မင်းကြီး… အဲဒီဓားက အမှန်အတိုင်း ပြောရရင် သုံးလို့ မရပါဘူး။ အခမ်းအနား သုံးဓားသက်သက် ဖြစ်ပြီး အလှပဲ ပြလို့ရတာပါ။

အဲဒီ လျိုရွှန်းက မကောင်းမှုတွေ အများကြီး လုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးရုံတင်မကဘူး။ ခေါင်းမှာလည်း ပုန်ကန်မယ့် အရိုး ထွက်နေတယ်။ အရိုးအတက် ထွက်နေတာပါ။ ကျွန်တော်မျိုး သူ့ကို ခေါင်းဖြတ်တဲ့ အချိန်မှာ ချီယန်တိုင်းပြည်ရဲ့ ဓားက ကျိုးသွားခဲ့ပါတယ်။"

ကျိုးသွားတယ်လား။

အရှင်မင်းကြီး၏ မျက်ခမ်းထောင့်များ သတိမထားမိဘဲ နှစ်ချက်ခန့် တုန်ယင်သွားခဲ့၏။

ချီယန်တိုင်းပြည် တော်ဝင်မိသားစုရဲ့ အခမ်းအနား သုံးဓားက လူကို ခုတ်တာတောင် ကျိုးသွားနိုင်သလား။

ပုန်ကန်မယ့် အရိုးက နောက်စေ့မှာ ထွက်နေတာလေ... ခေါင်းဖြတ်တယ် ဆိုတာ လည်ပင်းကို ခုတ်ရတာ မဟုတ်ဘူးလား။

သို့သော်ငြား ဤသည်မှာ သေးငယ်သော ကိစ္စဖြစ်ရာ အရှင်မင်းကြီး စိတ်ထဲ မထားတော့ဘဲ ခပ်တိုးတိုး ပြောလိုက်သည်။ "ကျိုးသွားရင်လည်း ကျိုးသွားပါစေတော့။ ကိုယ်တော် နောက်မှ မင်းကို နောက်တစ်လက် ထပ်ပေးမယ်။"

"ကျေးဇူးတင်ပါတယ် မင်းကြီး။"

တော်သေးသည်။ အရှင်မင်းကြီး အများကြီး မတွေးတော့ဘဲ ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီ။

အရှင်မင်းကြီး ဆက်ပြောလိုက်၏။ "လျိုရွှန်းရဲ့ အနောက်မှာ ပါဝင်ပတ်သက်နေတာတွေက အတော်လေး ကြီးမားလိမ့်မယ်လို့ ကိုယ်တော် ထင်မထားခဲ့ဘူး။ ကျန်းကျန်မြို့ရဲ့ ဘဏ္ဍာတိုက်က ပြောင်သလင်းခါသွားတယ်။ မင်းဘက်မှာရော ဘာသဲလွန်စ ရထားတာ ရှိလဲ။"

ဖန်ကျန်းရီ တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။ "မရှိပါဘူး။ ကျွန်တော်မျိုးမှာသာ စုံစမ်းနိုင်စွမ်း ရှိရင် သေချာပေါက် အရင် စုံစမ်းပြီးမှ အရှင်မင်းကြီးကို လျှောက်တင်မှာပါ။

ဒီကိစ္စက ကျွန်တော်မျိုးရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပါတယ်။ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကိုပဲ တောင်းခံပါတယ်။"

အရှင်မင်းကြီးသည် ကော်ထျန်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ "ကိုယ်တော်က အရှေ့ပိုင်း စုံစမ်းရေးအဖွဲ့ကို စုံစမ်းဖို့ လွှဲအပ်ထားပြီးပြီ။ ဒါပေမဲ့ အခုချိန်ထိ သဲလွန်စ တစ်ခုလေးတောင် ရှာမတွေ့သေးဘူး။"

ဘေးတွင် ဘာမှ မလုပ်နိုင်ဘဲ ရပ်နေသော ကော်ထျန်းယန်သည် အရှင်မင်းကြီး၏ စကားကို ကြားသည်နှင့် ချက်ချင်း စိုးရိမ်သွားခဲ့သည်။

ဘာဖြစ်တာလဲ။ ဘာလို့ ငါ့ဆီ ပြန်ရောက်လာပြန်တာလဲ။

"အရှေ့ပိုင်း စုံစမ်းရေးအဖွဲ့က ဒီနှစ်တွေအတွင်းမှာ ကိုယ်တော့်ကို ပိုပိုပြီး စိတ်ပျက်အောင် လုပ်နေတယ်။

ကိုယ်တော်က အင်အားစု အသစ်တစ်ခုကို ထပ်မံ ဖွဲ့စည်းပြီး တိုင်းပြည်အနှံ့ လှည့်လည် စစ်ဆေးဖို့နဲ့ အမတ်တွေကို ကြီးကြပ်ဖို့ စဉ်းစားရတော့မယ်။ ဒါပေမဲ့ ဘာနာမည်ပေးရမလဲ ဆိုတာကိုတော့ သေချာ မစဉ်းစားရသေးဘူး။

ဖန်အမတ်... မင်းက အရည်အချင်း ရှိတယ်။ ကိုယ်တော်လည်း အထင်ကြီးတယ်။ ဒါပေမဲ့... လုပ်သက်က နုသေးတယ်။ မင်း သေချာ ကြိုးစားပြဖို့ လိုတယ်..."

ဖန်ကျန်းရီ လေအေးတစ်ချက် ရှူသွင်းလိုက်မိပြီး စကားကျွံသွား၏။

"ကျင်းယီဝေ့လား။"

အရှင်မင်းကြီးလည်း အံ့အားသင့်သွားပြီး ရယ်မောကာ ပြောလိုက်သည်။ "ကျင်းယီဝေ့ … နာမည်ကောင်းပဲ။ ကျင်းယီဝေ့ လို့ပဲ ခေါ်ကြတာပေါ့။"

ဖန်ကျန်းရီ ချွေးစေးများ ထွက်လာခဲ့၏။

ငါသာ ဒီအလုပ်ကို တကယ် လုပ်ရရင် အမတ်တွေ အားလုံးရဲ့ အရှေ့မှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားတော့မှာပဲ။

လူတိုင်းက ကိုယ့်ကို မြင်တာနဲ့ ကြောက်နေကြရင် ငါ ဘယ်လိုလုပ်ပြီး လူတွေနဲ့ ရောနှောနိုင်တော့မလဲ။

ဒါဆို နာမည် ပိုဆိုးသွားမှာ မဟုတ်ဘူးလား။

ထို့ကြောင့် အမြန် ငြင်းဆန်လိုက်သည်။ "မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်မျိုးက ငယ်ပါသေးတယ်။ ဒီအလုပ်ကို ကျွန်တော်မျိုး မလုပ်နိုင်ပါဘူး။

"ကျွန်တော်မျိုးရဲ့ အမြင်အရဆိုရင် ကော်ထျန်းယန်က လူရွေးချယ်တတ်ပါတယ်။ နန်းတော် အနေနဲ့ ကျင်းယီဝေ့ ကို သီးသန့် ဖွဲ့စည်းဖို့ ငွေထပ်ထုတ်စရာ မလိုပါဘူး။"

ဘေးတွင် ရပ်နေသော ကော်ထျန်းယန်သည်လည်း ဝိညာဉ်လွင့်သွားသကဲ့သို့ ဖြစ်သွား၏။ စိတ်ထဲတွင် အေးစက်သွား၏။ ကြည့်ရတာ ဒီတစ်ခေါက်တော့ ငါ တကယ် မျက်နှာသာ အပေးမခံရတော့ဘူး ထင်တယ်။

အရှင်မင်းကြီးက ယခု ဖန်ကျန်းရီကို မိမိနေရာတွင် အစားထိုးချင်နေခြင်း မဟုတ်တော့ဘဲ အရှေ့ပိုင်း စုံစမ်းရေးအဖွဲ့ တစ်ခုလုံးကို ဘေးဖယ်ထားချင်နေပြီ ဖြစ်သည်။

ကံကောင်းစွာဖြင့် ဖန်ကျန်းရီ စကားပြောသည်ကို ကြားလိုက်ရမှ ကော်ထျန်းယန် သတိပြန်ဝင်လာခဲ့၏။

စိတ်ထဲတွင် မနေနိုင်ဘဲ အနည်းငယ် ကျေးဇူးတင်မိသွားသည်။

ဒီညီလေးက... လူစကားတော့ နည်းနည်း ပြောတတ်သေးတာပဲ။

အရှင်မင်းကြီးသည် ဖန်ကျန်းရီကို ခပ်ဖျော့ဖျော့ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဘာလဲ … မင်းက လူတွေကို စော်ကားမိမှာ ကြောက်နေတာလား။ လုပ်ရပ်တွေက ဥပဒေမဲ့လွန်းတယ်။ အိမ်ရှေ့စံက မင်းနောက်လိုက်ရင်းနဲ့ ဒီလို အကျင့်တွေ ရလာတာ။ ကိုယ်တော် မင်းနဲ့ ရှင်းရမယ့် စာရင်းတွေ ရှိသေးတယ်။"

ဟမ်။ ဖန်ကျန်းရီ မှင်တက်သွား၏။ သို့နှင့် သတိထားကာ မေးလိုက်သည်။ "ကျွန်တော်မျိုး... ဘာမှ မလုပ်ရပါဘူး။"

အရှင်မင်းကြီး မျက်မှောင်ကြုတ်သွားပြီး မျက်လုံးပြူးကာ ပြောလိုက်၏။ "ဘာမှ မလုပ်ရဘူးဟုတ်လား။ မင်းနဲ့ မြောင်ဟန်တို့ ဘာတွေ ပြောခဲ့ကြတာလဲ။

သူက နန်းတော်ထဲမှာ အမျိုးသမီး လစဉ်သုံး ပစ္စည်း ဆိုတာကို ကိုင်ပြီး နန်းတွင်း အစေခံတွေကို လိုက်သုံးခိုင်းနေတယ်။ ကိုယ်တော့်ဆီတောင် လာပြီး ငွေတောင်းသေးတယ်။ ဒီကိစ္စအတွက် ကိုယ်တော် မင်းကို သည်းခံနေတာ ကြာပြီ။ နန်းတွင်းမှာ အခု တားမြစ်ထားလိုက်ပြီ။ ဒီလို အောက်တန်းကျတဲ့ ပစ္စည်းအကြောင်း ထပ်မပြောနဲ့တော့။

မင်း မျက်နှာပြောင်တိုက်ချင် တိုက်လို့ရတယ်။ ဒါပေမဲ့ ကိုယ်တော့် သမီးကို လမ်းမှားမရောက်စေနဲ့။"

အရှင်မင်းကြီး ဤသို့ ပြောလိုက်သည်ကို ကြားရချိန်မှာတော့ ဖန်ကျန်းရီ သက်သာရာရသွား၏။

ဘာများလဲလို့။

စိတ်သက်သာရာရသွားပြီးနောက် ဖန်ကျန်းရီက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ "မင်းကြီး .. အဲဒါက ပစ္စည်းကောင်းပါ။ ဘယ်လိုလုပ် အောက်တန်းကျရမှာလဲ။ ယဉ်ကျေးမှု ရှိတာ၊ သန့်ရှင်းရေး ဂရုစိုက်တာက ကောင်းတဲ့ ကိစ္စပါ။"

စကားမဆုံးမီ အရှင်မင်းကြီးက ဒေါသတကြီး ပြောလိုက်၏။ "ပါးစပ်ပိတ်ထား။ ကိုယ်တော် နားမထောင်ချင်ဘူး။ ဒါပေမဲ့ အဲဒါက ငွေရနိုင်တယ်လေ။"

"ငွေဘယ်လောက်တောင် ရနိုင်မှာမို့လို့လဲ။"

"အဲဒါက ရေတွက်လို့တောင် မရနိုင်ပါဘူး။ လောကမှာ အမျိုးသမီးတွေ ဘယ်လောက်တောင် များလဲ။ တစ်ယောက်ကို တစ်လ ကြေးပြား အနည်းငယ်လောက် အမြတ်ရရင်တောင် အရမ်းကို မြတ်နေပါပြီ။"

အရှင်မင်းကြီး မျက်နှာ အနည်းငယ် အနေခက်သွားပြီး အမူအရာကို ပြင်ဆင်ကာ ခပ်တိုးတိုး ပြောလိုက်၏။ "ငွေဘယ်လောက်ပဲ ရရ … ဒီကိစ္စကို ခဏလောက် ထပ်မပြောနဲ့တော့။ ပစ္စည်းကောင်း ဖြစ်နေရင်တောင် ပေါ်လာတဲ့ အချိန်အခါက မသင့်တော်သေးဘူး။

လောကရဲ့ ပြည်သူတွေက ဒါကို မကောင်းဆိုးဝါး တစ်ခုလို မြင်ကြလိမ့်မယ်။ မင်းလည်း ကိုယ့်ရဲ့ အမတ် ဂုဏ်သိက္ခာကို ငဲ့ကွက်သင့်တယ်။ ဒီလောက်ပဲ ထားလိုက်တော့။"

ဖန်ကျန်းရီ ခပ်ဖွဖွ ပြုံးလိုက်သည်။ "မင်းကြီး … လောကလူတွေက မကောင်းဆိုးဝါး တစ်ခုလို မြင်တယ်ဆိုတာက အမျိုးသမီးတွေရဲ့ အဆင့်အတန်း နိမ့်ကျနေလို့ပါ။ အမျိုးသမီးတွေသာ မိသားစုကို ရှာဖွေကျွေးမွေးနိုင်မယ်ဆိုရင် ဒီလို အပြောအဆိုတွေက ကြီးစိုးနေနိုင်မှာ မဟုတ်ပါဘူး။

ကျန်းကျန်မြို့ထဲမှာ ရက်ကန်းရုံ တချို့ စတင် ဆောက်လုပ်နေပါပြီ။ အမျိုးသမီး အလုပ်သမားတွေကိုပဲ လက်ခံမှာပါ။ လစဉ်လစာကလည်း အမျိုးသားတွေထက် လုံးဝ မလျော့ပါဘူး။ လူဘယ်လောက်တောင် အားကျနေမလဲဆိုတာ မသိနိုင်ပါဘူး။

ကျွန်တော်မျိုး ထင်တာကတော့ တချို့ အကျင့်စရိုက်တွေက စောစောဖြစ်ဖြစ် ၊ နောက်ကျဖြစ်ဖြစ် ပြောင်းလဲသွားမှာပါ။"

အရှင်မင်းကြီး နားထောင်ပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်၏။ "ဖြစ်နိုင်ပါတယ်။ အိမ်ရှေ့စံ ကိုယ်တော့် အရွယ် ရောက်လာရင်တော့ မြင်ရနိုင်ပါတယ်။"

ဖန်ကျန်းရီက ပခုံးတွန့်လိုက်သည်။

ဧကရာဇ် မယုံကြည်လည်း ကိစ္စမရှိပေ။ တချို့ကိစ္စများက နှစ် ဆယ်ဂဏန်း၊ ရာဂဏန်းလောက် အချိန်မယူရဘဲ မအောင်မြင်နိုင်သည်မှာ အလွန် သဘာဝကျပါသည်။ သို့ပေမည့် မိမိက အစပြုပေးလိုက်ပြီ ဖြစ်ရာ အချည်းနှီးတော့ ဖြစ်၍မရပေ။

တကယ်လို့သာ လုပ်နိုင်သွားခဲ့ရင် ငါတို့ရဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုကြီးက အင်အား ပိုကြီးမားသွားမှာ မဟုတ်လား။

မင်းနှင့် အမတ် နှစ်ဦးသည် ဟိုစကားဒီစကား ပြောဆိုနေကြ၏။

မကြာမီ သူတို့၏ အရှေ့တွင် လုပ်ငန်းခွင် တစ်ခု ပေါ်လာခဲ့သည်။

မြေပြင်ကို တူးဆွထားပြီး ဘေးတွင် အုတ်ခဲများ စုပုံထား၏။

အလုပ်သမားများက မြေပြင်ကို ညီညာအောင် အဆက်မပြတ် လုပ်ဆောင်နေပြီးနောက် အုတ်ခဲများ ထည့်သွင်းနေကြသည်။

အရှင်မင်းကြီးက လမ်းအဆုံးဘက်သို့ ကြည့်လိုက်ရာ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လွင်လာပြီး မယုံနိုင်သလို မေးလိုက်၏။ "ဒီလမ်းပေါ်မှာ ဘာလို့ စာလုံးတွေ အများကြီး ရေးထားတာလဲ။"

ဖန်ကျန်းရီ ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ရှင်းပြလိုက်သည်။ "မင်းကြီး … ဒီလမ်းပေါ်က စာလုံးတွေက တကယ်တမ်းကျတော့..."

All Chapters