← Chapters

အခန်း ၄၁၅

Vol. 36 Ch. 415

အခန်း ၄၁၅

Vol. 36 Ch. 415

အပိုင်း (၄၁၅)

ဤကဲ့သို့ အခြေအနေများ ကြားထဲတွင် အသေးအဖွဲ ပြဿနာလေးများလည်း ဖြစ်ပေါ်ခဲ့သည်။

မနေ့တည်းက စုချိုင်ရန်၏ ကျန်းမာရေးမှာ အနည်းငယ် ပြဿနာ ရှိနေပုံရသည်။ ဖျားနာခြင်း မဟုတ်ဘဲ အနည်းငယ် အိပ်ချင်နေသကဲ့သို့ ဖြစ်နေခြင်းပင်။

မူလက နေထွက်ချိန်တွင် မယ်တော်မိဖုရားခေါင်ကြီး၊ မိဖုရားကြီးနှင့် စုချိုင်ရန် တို့သည် ထလာပြီး လာရောက် လှူဒါန်းကြသော မြို့တော် ရှိ ပြည်သူများကို တွေ့ဆုံရမှာဖြစ်သည်။

သို့ပေမည့် စုချိုင်ရန် သည် အမြဲတမ်း နောက်ကျနေပြီး ထလာလျှင်တောင်မှ မြို့တော်ရှိ ပြည်သူများကို တွေ့ဆုံရာတွင် ပျင်းရိနေကာ ကောင်းကောင်း အိပ်မပျော်ခဲ့ရသည့် ပုံစံမျိုး ဖြစ်နေ၏။

မယ်တော်မိဖုရားခေါင်ကြီးသည် စိတ်မြန်လက်မြန်ရှိပြီး စကားပြော ပွင့်လင်းသူ ဖြစ်သော်လည်း သေးသိမ်သော စိတ်ထားမျိုး မရှိချေ။ သူမ အချစ်ဆုံးသူမှာ မင်းသမီး ရှန်ရှန်း ဖြစ်သောကြောင့် မင်းသမီး ရှန်ရှန်း၏ ဆရာမကိုလည်း ချစ်ခင်သဘောကျသည်။

အခြားသူများက မယ်တော်မိဖုရားခေါင်ကြီးထံ လာရောက် တိုင်ကြားကာ စုချိုင်ရန် သည် ပျင်းရိပြီး ယုံကြည်မှု မရှိကြောင်း ပြောဆိုကြသော်လည်း မယ်တော်မိဖုရားခေါင်ကြီးကမူ စုတိုက်သည် ခန္ဓာကိုယ် အားနည်းပြီး သူမနှင့်အတူ နေ့စဉ် တစ်ကြိမ်သာ စားသုံးရသောကြောင့် အားအင် မပြည့်ဝခြင်းမှာ ပုံမှန်သာ ဖြစ်ကြောင်း၊ အလွန်အကျွံ စိုးရိမ်စရာ မလိုကြောင်းနှင့် သူမကို အိပ်ရေးဝဝ အိပ်ခိုင်းလိုက်ရန် ပြောဆိုခဲ့၏။

လူတိုင်းက မယ်တော်မိဖုရားခေါင်ကြီးသည် သနားညှာတာတတ်သူ ဖြစ်ကြောင်း ပြောဆိုကြပြီး စုချိုင်ရန် အနေဖြင့် မယ်တော်မိဖုရားခေါင်ကြီး၏ စေတနာကို နားလည်နိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုကြသည်။

မယ်တော်မိဖုရားခေါင်ကြီးသည် အသက် ခုနစ်ဆယ်ခန့် ရှိနေပြီဖြစ်ပြီး နေ့စဉ် တစ်ကြိမ်သာ စားသုံးရသော်လည်း အားအင် ပြည့်ဝနေသည်။ စုချိုင်ရန်ကမူ အလွန် ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေပြီး ညဘက်တွေမှာ ဘာတွေများ လုပ်နေသနည်း။

စုချင်ဝမ်ကတော် တွမ်ယွင် သည် ပွဲကြည့်ရသည်ကို နှစ်သက်သူ တစ်ဦးဖြစ်ပြီး မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီး တို့သည် တာ့ဖာရှန့် ဘုရားကျောင်းတွင် သီလရှင် ဝတ်ကာ ဆုတောင်းပေးနေချိန်တွင် သူမ အိမ်၌ အေးအေးဆေးဆေး နေထိုင်နေရန် အကြောင်းမရှိဟု ဆိုကာ သူမကိုယ်တိုင်လည်း သီလရှင် ဝတ်စုံကို ဝတ်ဆင်ပြီး မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီး တို့ကို လာရောက် အဖော်ပြုပေးခဲ့သည်။

တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က တာ့ဖာရှန့် ဘုရားကျောင်းသို့ သွားရောက်သူများမှာ ဧကရာဇ်၏ အမျိုးသမီးများသာ ဖြစ်ပြီး မင်းက ချင်ဝမ်၏ ဇနီး တစ်ယောက်အနေဖြင့် ဘာသွားလုပ်မှာလဲဟု မေးခဲ့၏။

စုချင်ဝမ်ကတော်က ကျွန်မက မယ်တော်မိဖုရားခေါင်ကြီးကို သွားရောက် ပြုစုစောင့်ရှောက်တာ မရဘူးလားဟု ပြန်လည် မေးမြန်းခဲ့သည်။

အသက်ကွာဟမှုကြီးမားသော လင်မယားများ ဖြစ်သောကြောင့် များသောအားဖြင့် အလိုလိုက်လေ့ရှိရာ တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် သည်လည်း ခြွင်းချက်မရှိ သူမ သဘောအတိုင်းသာ ခွင့်ပြုလိုက်ရသည်။

ယခုအခါ ညဥ့်နက်ချိန်သို့ ရောက်ရှိလာပြီဖြစ်ပြီး တာ့ဖာရှန့် ဘုရားကျောင်းသည် နေ့ခင်းဘက်ကဲ့သို့ ဆူညံမနေတော့ဘဲ အလွန် တိတ်ဆိတ်ငြိမ်သက်နေ၏။

မိဖုရားခေါင်ကြီး၊ မိဖုရားကြီး နှင့် စုချိုင်ရန်တို့သည် ဘုရားလောင်းများ၏ အရှေ့တွင် ဒူးထောက်ကာ ဆုတောင်းနေကြပြီး ကျမ်းစာများ ရွတ်ဆိုနေကြဆဲ ဖြစ်သည်။

ယနေ့ မယ်တော်မိဖုရားခေါင်ကြီး၏ ကျမ်းစာရွတ်ဆိုမှုကို ကူညီပေးသူမှာ တာ့ဖာရှန့် ဘုရားကျောင်းမှ သီလရှင်ဆရာလေး တိန့်မျောင် ဖြစ်၏။

ဤလူသည် အမျိုးသမီး ဖြစ်ပြီး ရုပ်ရည်လည်းကောင်းမွန်သော်လည်း သာမန် အမျိုးသားများထက်ပင် ပိုမို အရပ်ရှည်ကာ တစ်ဒသမရှစ်မီတာကျော်ခန့် ရှိသည်။

ဤကဲ့သို့သော အမျိုးသမီးမျိုးသည် ဤကမ္ဘာလောကတွင် အိမ်ထောင်ပြုရန် အလွန် ခက်ခဲပြီး သူမ၏ စရိုက် လက္ခဏာမှာလည်း အေးစက်စက် နိုင်သောကြောင့် ငယ်ရွယ်စဉ်တည်းက သီလရှင် ဝတ်ခဲ့ပြီး ဗုဒ္ဓဘာသာ စာပေများတွင် အလွန် မြင့်မားသော အောင်မြင်မှုများ ရှိ၏။

အဘယ်ကြောင့်မှန်း မသိ၊ စုချိုင်ရန် သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသကဲ့သို့ ခံစားနေရဆဲဖြစ်ပြီး အတင်းအကျပ် တောင့်ခံထားသော်လည်း မရတော့ချေ။ သူမသည် သူမ၏ ပေါင်ကို အဆက်မပြတ် လိမ်ဆွဲနေသော်လည်း ထိုအိပ်ချင်စိတ်ကို မတွန်းလှန်နိုင်သေးဘဲ အကြောင်းရင်းကိုလည်း မသိရှိချေ။

ထို့ကြောင့်ကျမ်းစာရွတ်ဆိုနေစဉ်အတွင်း သူမ၏ လှပသော ခေါင်းလေးမှာ တစ်ဆက်ဆက် ငိုက်စိုက်ကျနေပြီး ပြုတ်ကျလုမတတ်ပင် ဖြစ်နေ၏။

သီလရှင်ဆရာလေး တိန့်မျောင် သည် ဘာမှမပြောဘဲ သနားစိတ်များသာ ပြသကာ ကျမ်းစာရွတ်ဆိုသံများကို ပိုမို နူးညံ့သွားစေခဲ့သည်။

စုချင်ဝမ်ကတော် တွမ်ယွင်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “စုချိုင်ရန်... အဲဒီလောက်တောင် အိပ်ချင်နေတာလား။ နေ့ခင်းဘက် ပြည်သူတွေကို တွေ့ဆုံတဲ့ အချိန်မှာလည်း အရမ်းကို အိပ်ချင်နေခဲ့တာ။ ညဘက် ကျမ်းစာရွတ်ဆိုတဲ့ အချိန်မှာလည်း ခေါင်းငိုက်စိုက်ကျပြီး အိပ်ငိုက်နေပြန်ပြီ။ ရှင် ညတိုင်း ဘာတွေ လုပ်နေတာလဲ။”

စုချိုင်ရန်လည်း ချက်ချင်း လန့်နိုးသွားပြီး မယ်တော်မိဖုရားခေါင်ကြီးကို ပြောလိုက်သည်။ “မယ်တော် မိဖုရားခေါင်ကြီး ခွင့်လွှတ်ပေးပါ။”

မယ်တော်မိဖုရားခေါင်ကြီးက ပြန်ပြောလိုက်၏။ “ရပါတယ်... ရပါတယ်။ နောက်ထပ် နာရီဝက်လောက် နေရင် အိပ်လို့ ရပါပြီ။ ဒီရက်ပိုင်း နင် ငါ့ကို အဖော်ပြုပေးရင်း ဒုက္ခရောက်ခဲ့ရပြီ။”

စုချင်ဝမ်ကတော်က ပြောလိုက်သည်။ “မယ်တော်မိဖုရားခေါင်ကြီးက တကယ်ကို သနားညှာတာတတ်တာပဲ။”

သီလရှင်ဆရာလေး တိန့်မျောင်သည် အကြောင်းပြချက် မသိဘဲ ကျမ်းစာရွတ်ဆိုမှု အရှိန်ကို တမင် မြှင့်တင် လိုက်သောကြောင့် နောက်ထပ် မိနစ်အနည်းငယ် အလိုမှာပင်ကျမ်းစာရွတ်ဆိုမှု ပြီးဆုံးသွားခဲ့၏။

သူမသည် စိတ်ထားကောင်းသူ ဖြစ်ပြီး စုချိုင်ရန်ကို အမြန်ဆုံး အိပ်ရာဝင်စေချင်သောကြောင့် ဖြစ်ကြောင်း ထင်ရှားလေသည်။

စုချင်ဝမ်ကတော်က ပြောလိုက်၏။ “ပြည်သူတွေအတွက် ဆုတောင်းပေးတယ်ဆိုတာ အရေးအကြီးဆုံးက ယုံကြည်မှုပဲ။ ဟိုင်ရှီ (ည ၉ နာရီမှ ၁၁ နာရီ) မှာ အိပ်မယ်လို့ ပြောထားရင် ဟိုင်ရှီ မှာပဲ အိပ်ရမယ်။ ကျွန်မတို့ ကျမ်းစာရွတ်ဆိုတာ ပြီးသွားပြီ ဆိုပေမယ့် တာ့ဖာရှန့် ဘုရားကျောင်းက ကျွန်မတို့ကို ကြည့်နေတာ။ ကောင်းကင်ဘုံကလည်း ကျွန်မတို့ကို ကြည့်နေတာပဲ။”

သူမ ဤသို့ ပြောဆိုလိုက်သောကြောင့် မည်သို့ လုပ်နိုင်မည်နည်း။ တောင့်ခံရမည်ဆိုလျှင်တောင် ဟိုင်ရှီ အချိန်အထိ တောင့်ခံရမည်သာ ဖြစ်သည်။

စုချင်ဝမ်ကတော်က မေးလိုက်၏။ “သီလရှင်ဆရာလေး တိန့်မျောင်... တာ့ဖာရှန့် ဘုရားကျောင်းကို လောကရဲ့ နံပါတ်တစ် နာမည်ကြီး ဘုရားကျောင်းလို့ ခေါ်ဆိုကြတယ်။ လောကမှာ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ထျန်းဖူထူ စေတီတော်ကြီး နောက်ထပ် ရှိသေးလား။”

သီလရှင်ဆရာလေး တိန့်မျောင်က ပြန်ဖြေလိုက်သည်။ “ကျွန်မတို့က လောကရဲ့ နံပါတ်တစ် နာမည်ကြီး ဘုရားကျောင်းလို့ မခေါ်ဆိုနိုင်ပါဘူး။ တောင်ပိုင်းကျိုးရဲ့ နိုင်ငံတော် ဘုရားကျောင်းလို့ပဲ ခေါ်ဆိုရမှာပါ။”

တာ့ဖာရှန့် ဘုရားကျောင်းသည် အမှန်တကယ်ပင် လောကတွင် နာမည်ကြီးပြီး ဤကမ္ဘာလောက၏ သန့်စင်သော နေရာများထဲမှ တစ်ခု ဖြစ်သည်။ ဤနေရာတွင် ထျန်းဖူထူ စေတီတော်ကြီး တစ်ဆူ ရှိပြီး အမြင့်ကိုးဆယ့်ကိုးပေ ရှိ၏။

ထျန်းဖူထူ စေတီတော်ကြီး ဆိုသည်မှာ ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပြီး ကိုးဆယ့်ကိုးပေ မြင့်မားသော ရုပ်ပွားတော်ကြီးမှာ အလွန်ကြီးကျယ်ခမ်းနားလေသည်။

အဖိုးတန်ဆုံး အချက်မှာ ဤကိုးဆယ့်ကိုးပေ မြင့်မားသော ရုပ်ပွားတော်ကြီးကို တစ်ဆက်တည်း ဖြစ်နေသော ကျောက်တောင်ကြီး တစ်လုံးထဲမှ ထုဆစ်ထားခြင်း ဖြစ်၏။

ဤနေရာကို နိုင်ငံတော် ဘုရားကျောင်းဟု ခေါ်ဆိုရခြင်းမှာ သမိုင်းကြောင်းနှင့် သက်ဆိုင်သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ တည်ထောင်သူ ဧကရာဇ် ကျိုးရှန်သည် မျိုးရိုးမြင့်မားသူ တစ်ဦးဖြစ်ပြီး ယခင်က တာ့ယန် အင်ပါယာ၏ ဘုရင်ခံ မင်းသား တစ်ပါး ဖြစ်ခဲ့ဖူး၏။

သို့ပေမည့် တာ့ယန် အင်ပါယာ ပျက်စီးသွားပြီးနောက် လောကတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားကာကျိုး မျိုးနွယ်စုများလည်း လုံးဝ ပျက်စီးသွားခဲ့ရသည်။

ကျိုးရှန် အရွယ်ရောက်လာချိန်မှာတော့ ဤပရမ်းပတာ ဖြစ်နေသော လောကကြီးနှင့် ပြည်သူများ ဒုက္ခရောက် နေသည်ကို မြင်တွေ့ရပြီး အလွန်အမင်း စိတ်နာကျင်သွားကာ ဘုန်းကြီးဝတ်၍ ဗုဒ္ဓတရားတော်များကို လေ့လာပြီး သတ္တဝါများကို ကယ်တင်ရန် ကြိုးပမ်းခဲ့၏။

သူသည် နာမည်ကြီး ဘုရားကျောင်းကြီးများသို့ မသွားရောက်ဘဲ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းဟောင်း တစ်ခုသို့သာ လာရောက်ခဲ့သည်။

ဤနေရာတွင် ဘာမှမရှိဘဲ ဧရာမကျောက်တောင်ကြီး တစ်လုံးသာ ရှိပြီး အနည်းငယ် တန်ခိုးစွမ်းအင် ရှိသကဲ့သို့ ဖြစ်နေကာ ဤကျောက်တောင်ကြီးမှာ အမြင့်ကိုးဆယ့်ကိုးပေ ရှိ၏။

ထို့ကြောင့် ကျိုးရှန်သည် နေ့စဉ် ဤကျောက်တောင်ကြီးပေါ်သို့ တက်ကာ တိတ်ဆိတ်စွာ တရားထိုင်လေ့ ရှိသည်။

နေ့ရက်များ တစ်ရက်ပြီး တစ်ရက်၊ နှစ်များ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။ လောကကြီးမှာ ပို၍ပို၍ ပရမ်းပတာ ဖြစ်လာပြီး မိုင်ထောင်ချီ ကွာဝေးသော နေရာများတွင်ပင် ကြက်တွန်သံ မကြားရတော့ဘဲ လမ်းဘေးတွင် အရိုးစုများသာ ပြည့်နှက်နေသော အဖြစ်ဆိုးများ ဖြစ်ပေါ်လာခဲ့၏။

ဤမြင်ကွင်းကို မြင်ရချိန်မှာတော့ ကျိုးရှန် သည် တရားမထိုင်နိုင်တော့ချေ။ တစ်နေ့တွင် သူသည် အရှေ့ဘက်မှ ထွက်ပေါ်လာသော နေမင်းကြီးကို ကြည့်နေစဉ် နေထွက်လာသည့် နေရာမှ နဂါးကြီး တစ်ကောင် ပျံသန်းလာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

မကြာမီမှာပဲ ကောင်းကင်ပေါ်မှ ကြယ်တံခွန် တစ်စင်းကျဆင်းလာပြီး ဤကိုးဆယ့်ကိုးပေ မြင့်မားသော ကျောက်တောင်ကြီးပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့၏။

ကျိုးရှန်လည်း သတိလစ်သွားခဲ့သည်။

နောက်တစ်ကြိမ် ပြန်လည် သတိရလာချိန်မှာတော့ ကျိုးရှန်သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးနှင့် စိတ်ဝိညာဉ် အားလုံး သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျောက်တောင်ကြီးပေါ်မှ ဆင်းလာကာ ပိုင်ဆိုင်သမျှ အားလုံးကို ရောင်းချပြီး ပြည်သူများကို ကယ်တင်ရန် စစ်တပ် ဖွဲ့စည်းခဲ့တော့၏။

ထိုအချိန်မှစ၍ ကျိုးရှန်သည် ထူးခြားသော အောင်မြင်မှုများ ရရှိလာခဲ့ပြီး ကိုးနှစ်တည်းနှင့် တောင်ပိုင်းကျိုး အင်ပါယာကို တည်ထောင်နိုင်ခဲ့သည်။

ဤကမ္ဘာလောက၏ နှစ်ထောင်ချီ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ဤမျှလောက် အချိန်တိုအတွင်း အင်ပါယာကြီး တစ်ခုကို တည်ထောင်နိုင်သူ တစ်ဦးမျှ မရှိခဲ့ဖူးချေ။

ထို့ကြောင့် ကျိုးရှန် သည် တောင်ပိုင်းကျိုးအင်ပါယာ၏ တည်ထောင်သူ ဧကရာဇ် ဖြစ်လာခဲ့သည်။

ဧကရာဇ် ဖြစ်လာပြီးနောက်တွင်လည်း သူသည် နှစ်စဉ် ဘုန်းကြီးဝတ်စုံကို ဝတ်ဆင်ကာ ဤ ပျက်စီးယိုယွင်း နေသော ဘုရားကျောင်းဟောင်းသို့ လာရောက်ပြီး ဤကိုးဆယ့်ကိုးပေ မြင့်မားသော ကျောက်တောင်ကြီး ပေါ်တွင် တရားထိုင်လေ့ ရှိ၏။

လောကက ပြည်သူများ အားလုံးက ကျိုးရှန် တည်ထောင်သူ ဧကရာဇ်သည် အင်ပါယာကြီးကို တည်ထောင်ခဲ့ခြင်းမှာ ကိုယ်ကျိုးအာဏာအတွက် မဟုတ်ဘဲ ပြည်သူများကို ကယ်တင်ရန်အတွက်သာ ဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

သူ၏ စိတ်ထဲတွင်မူ သူသည် ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းဟောင်းတွင် တရားထိုင်နေသော ဘုန်းကြီး တစ်ပါးအဖြစ် အမြဲတမ်း ခံယူထား၏။

ထို့အပြင် နန်းသက် ဆယ်စုနှစ်များစွာအတွင်း တည်ထောင်သူ ဧကရာဇ် ကျိုးရှန်သည် အမြဲတမ်း ရိုးရှင်းစွာ နေထိုင်ခဲ့ပြီး ဘုရင်ဝတ်ရုံကို ချွတ်လိုက်ပါက အတွင်းရှိ အဝတ်အစားများမှာ လျှော်ချည်မျှင်များဖြင့် ပြုလုပ်ထားပြီး ဖာရာများ အပြည့် ရှိနေသည်။

တည်ထောင်သူ ဧကရာဇ် ကျိုးရှန်သည် နန်းသက် သုံးဆယ့်ငါးနှစ် ရှိခဲ့ပြီး အသက် ခုနစ်ဆယ့်တစ်နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့၏။

သို့ပေမည့် ကောလာဟလ တစ်ခု ထွက်ပေါ်လာခဲ့၏။ တည်ထောင်သူ ဧကရာဇ်သည် မသေဆုံးခဲ့ဘဲ သူ၏ စိတ်ထဲတွင် အမြဲတမ်း ဘုန်းကြီးတစ်ပါးအဖြစ် ခံယူထားသောကြောင့် မယ်တော်မိဖုရားခေါင်ကြီး ကွယ်လွန်သွားပြီးနောက်တွင် သူသည် ဘုန်းကြီးဝတ်ကာ လောကအနှံ့ လှည့်လည် သွားလာနေကြောင်း ပြောကြသည်။

သူ ထီးနန်စဉ်က သူ တရားထိုင်ခဲ့သော ဘုရားကျောင်းဟောင်းမှာ အမြဲတမ်း ပျက်စီးယိုယွင်းနေခဲ့ပြီး တစ်ခါမှ ပြုပြင်မွမ်းမံခြင်း မရှိခဲ့ချေ။

ဒုတိယ ဧကရာဇ် နန်းတက်လာပြီးနောက် တည်ထောင်သူ ဧကရာဇ် တရားထိုင်ခဲ့သော ဘုရားကျောင်းဟောင်းကို ဤမျှလောက် ပျက်စီးယိုယွင်းနေစေရန် မည်သို့ ခွင့်ပြုနိုင်မည်နည်း။

ထို့ကြောင့် အကြီးအကျယ် တည်ဆောက်မှုများ ပြုလုပ်ကာ ဧကရာချီ ကျယ်ဝန်းသော ဤ ဘုရားကျောင်းကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ပို၍ကြီးမားသော လုပ်ငန်းစဉ်မှာတည်ထောင်သူ ဧကရာဇ် ကျိုးရှန် တိတ်ဆိတ်စွာ တရားထိုင်ခဲ့သော ထိုကျောက်တောင်ကြီးကို ထျန်းဖူထူ စေတီတော်ကြီးအဖြစ် ထုဆစ်ခဲ့ခြင်း ဖြစ်၏။

ဤဗုဒ္ဓရုပ်ပွားတော်မှာ အခြားသူ မဟုတ်ဘဲ တည်ထောင်သူ ဧကရာဇ် ကျိုးရှန်ပင် ဖြစ်သည်။ ထို့အပြင် ဒုတိယ ဧကရာဇ် သည် တည်ထောင်သူ ဧကရာဇ် ကျိုးရှန်အား တာ့ဖာရှန့်ကျွင်းဟု ဘွဲ့ပေးသနားခဲ့သေးသည်။

ထို့ကြောင့် ဤဘုရားကျောင်းကို တာ့ဖာရှန့် ဘုရားကျောင်းဟု ခေါ်ဆိုခြင်းဖြစ်ပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ နံပါတ်တစ် ဘုရားကျောင်း ဖြစ်ကာ နိုင်ငံတော် ဘုရားကျောင်းလည်း ဖြစ်သလို တောင်ပိုင်းကျိုးအင်ပါယာ၏ သန့်စင်သော နေရာတစ်ခုလည်း ဖြစ်လာခဲ့၏

ယခုအခါ ထျန်းယန် ဧကရာဇ်သည် မိမိကိုယ်မိမိ ဝူဝေ့ ဧကရာဇ်ဟောင်း ဟုခေါ်ဆိုပြီး ရှန်ချင်းနန်းဆောင်တွင် တရားကျင့်ကြံနေခြင်းမှာလည်း တစ်နည်းအားဖြင့် တည်ထောင်သူ ဧကရာဇ်၏ သူတော်စင် လုပ်ရပ်များကို အတုယူခြင်း ဖြစ်သည်။

အဘယ်ကြောင့် ကျိုးရှန် တည်ထောင်သူ ဧကရာဇ်က ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး ထျန်းယန် ဧကရာဇ်က တာအိုဘာသာကို ကိုးကွယ်ရသနည်း။

‘မင်မင်းဆက် တည်ထောင်သူ ကျူးယွမ်ကျန်းက ဘုန်းကြီး ဖြစ်ခဲ့ပေမယ့် ဒါကကျားကျင့် ဧကရာဇ်ကို တာအိုဧကရာဇ် တစ်ပါး ဖြစ်လာဖို့ မဟန့်တားနိုင်ခဲ့ပါဘူး။’

.....................

All Chapters