အခန်း ၄၂၁
Vol. 36 Ch. 421
အပိုင်း (၄၂၁)
လူအချို့ တံခါးအပြင်ဘက်သို့ ရောက်ရှိလာချိန်တွင် ကျောက်တံခါးမှာ ဖွင့်ဟထားလျက် ရှိသည်။ လူတိုင်းလည်း ဝေဝေဝါးဝါး မြင်တွေ့လိုက်ရပြီ ဖြစ်၏။
အမှန်တကယ်ပင် ဝဖြိုးသော လူကြီးတစ်ယောက်ဖြစ်ပြီး တစ်ကိုယ်လုံး အဝတ်အစား မပါဘဲ သူတို့ကို ကျောခိုင်းကာ အမျိုးသမီး တစ်ဦးနှင့် ရစ်ပတ်နေပုံ ရသည်။
မြေပြင်ပေါ်တွင်လည်း အဝတ်အစား အစုတ်အပြဲများ ပြန့်ကျဲနေသည်။ ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် မကြည့်ရဲအောင် ဖြစ်နေ၏။
မိဖုရားခေါင်ကြီးသည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ် လိုက်သည်။ “သွား... အဲဒီ အရှက်မရှိတဲ့ မိန်းမနဲ့ ယောက်ျားကို ဆွဲထုတ်လာခဲ့။ မိန်းမကို ကျောက်ခဲတွေနဲ့ အရှင်လတ်လတ် ပေါက်သတ်ပစ်။ ယောက်ျားကို အရင် သင်းကွပ်ပြီး ဒီနေရာမှာတင် အရှင်လတ်လတ် အရေခွံခွာ သတ်ပစ်။ ပြီးရင် မျိုးနွယ်စု အားလုံးကို သတ်ပစ်။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က သတိပေးလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီး... ဒီ အောက်ယွီက ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို ခံရတဲ့သူနော်။”
မိဖုရားခေါင်ကြီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အရင် သတ်လိုက်။ အရင် သတ်လိုက်။ ဒီလို တိရစ္ဆာန်ကများ ငါ့ရဲ့ ရှန်ရှန်းလေးကို လက်ထပ်ချင်သေးတယ်။ သွားမေးကြည့်လိုက်စမ်း။ တည်ထောင်သူ ဧကရာဇ်က ကြီးတာလား၊ သူ ဧကရာဇ်ဟောင်းက ပိုကြီးတာလားလို့။ ဒီ ခွေးသူခိုး လင်မယားက တည်ထောင်သူ ဧကရာဇ်ရဲ့ နတ်ဘုရားကို စော်ကားတယ်။ ငါတို့ တောင်ပိုင်းကျိုးရဲ့ သန့်စင်တဲ့ နေရာကို စော်ကားတယ်။ မသေသင့်ဘူးလား။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြောလိုက်၏။ “ကြားကြပြီလား။ သွား... အဲဒီ ခွေးသူခိုး လင်မယားကို ဆွဲထုတ်လာခဲ့။ မိန်းမကို ကျောက်ခဲတွေနဲ့ ပေါက်သတ်ပြီး ယောက်ျားကို အရှင်လတ်လတ် အရေခွံခွာ သတ်ပစ်။”
ချက်ချင်းပဲ မိန်းမစိုး အချို့နှင့် အမျိုးသမီး အစေခံ အချို့ ပြေးဝင်သွားကြပြီး ယခုအချိန်တွင် စုတိုက်သည် ဧကရာဇ်၏ ချိုင်ရန် ဖြစ်ကြောင်းကိုလည်း ဂရုမစိုက်နိုင်တော့သလို အဝတ်အစား မဝတ်ထားသည်ကိုလည်း ဂရုမစိုက်နိုင်တော့ချေ။
တွမ်ယင်းယင်း သည် ချက်ချင်းပဲ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြီး ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရတော့မှာ ဖြစ်သည်။
‘အောက်ယွီ... ရှင် နောက်ဆုံးတော့ သေရတော့မယ်။ ပြီးတော့ အရင်ဆုံး သင်းကွပ်ခံရပြီးမှ အရှင်လတ်လတ် အရေခွံခွာ သတ်ခံရမှာ။ ပြီးရင် မျိုးနွယ်စု အားလုံး သတ်ဖြတ်ခံရအုံးမှာ။ ဒီကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရန်ငြိုးတွေ၊ ဒေါသတွေ အားလုံး နောက်ဆုံးတော့ ပေါက်ကွဲထွက်သွားတော့မယ်။
အောက်ယွီ... နောက်ဆက်တွဲ အနေနဲ့ ရှင့်ကို သင်းကွပ်တဲ့ နေရာမှာ ကျွန်မကိုယ်တိုင် ပါဝင် လုပ်ဆောင်ပေးမယ်။ ပြီးရင် ရှင့်ကို တစ်ချက်ချင်းစီ အရှင်လတ်လတ် အရေခွံခွာ သတ်ပစ်မယ်။’
အထိန်းတော်ရုံသည် ဂူထဲသို့ ဝင်ရောက်သွားပြီးနောက် ထို ဝဖြိုးသော အမျိုးသားကို ပြင်းထန်စွာ ဆွဲထုတ်လိုက်ရာ ချက်ချင်းပဲ အလန့်တကြား အော်ဟစ်လိုက်တော့၏။ “အား…. ဒီမှာ လူနှစ်ယောက်တည်း မကဘူး၊ တတိယမြောက် လူတစ်ယောက်ပါ ရှိနေသေးတာကိုး။ ဒီ ဝဖြိုးတဲ့ အမျိုးသားနဲ့ ဒီအမျိုးသမီးရဲ့ကြားမှာ သွယ်လျပြီး ပိန်ပါးတဲ့ အမျိုးသား တစ်ယောက် ရှိနေသေးတယ်။ ရုပ်ရည်ကလည်း အရမ်း ချောမောတယ်။”
“မြန်မြန်... မြန်မြန်... မီးတုတ်တွေ ထွန်းပြီး သေချာကြည့်စမ်း။ သေချာကြည့်စမ်း။”
မိန်းမစိုး အချို့က မီးတုတ်များကို ရှေ့သို့ တိုးကာကြည့်ရှုလိုက်ချိန်မှာတော့ ချက်ချင်း အံ့ဩတုန်လှုပ် သွားကြပြီး အလန့်တကြား အော်ဟစ်လိုက်ကြတော့သည်။
“အား...” မိဖုရားကြီး၏ အနားမှ အထိန်းတော်ယွင်လည်း အလန့်တကြား အော်ဟစ်လိုက်၏။
“အား...” မိန်းမစိုးကြီး ဟောက်ယွီလည်း အလန့်တကြား အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရ သကဲ့သို့ ဖြစ်သွားကာ မျက်စိရှေ့ရှိ မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ဤဖြူဖွေးဝဖြိုးသော အမျိုးသားသည် အောက်ယွီ လုံးဝ မဟုတ်ဘဲ ကျိုးချုံး ဖြစ်နေသောကြောင့်ပင်။ သူသည် စုချင်ဝမ်၏တူ ဖြစ်၏။
အလယ်မှ ထိုချောမောသွယ်လျသော အမျိုးသားမှာ ဝေမြို့စားကြီး အိမ်တော်၏ သခင်လေး တွမ်ယွီ ဖြစ်သည်။
ထို့အပြင် ဤအမျိုးသမီးမှာ စုချိုင်ရန် မဟုတ်ဘဲ စုချင်ဝမ်ကတော် တွမ်ယွင် ဖြစ်နေ၏။
‘ဒါ... ဒါက အရမ်းကို ရှုပ်ယှက်ခတ်နေပြီ။ ဒီ စုချင်ဝမ်ကတော် တွမ်ယွင်ဟာ လောကမှာ အညစ်ပတ်ဆုံး၊ အရှက်အကင်းမဲ့ဆုံး မိန်းမပဲ။’
အတွင်းမှ အလန့်တကြား အော်ဟစ်သံများကို ကြားလိုက်ရချိန်မှာတော့ မယ်တော်မိဖုရားခေါင်ကြီးက အေးစက်စက်ဖြင့် မေးလိုက်သည်။ “ဘာတွေ ဖြစ်နေတာလဲ။”
အထိန်းတော်ရုံက ပြန်ဖြေလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီး... စုတိုက် နဲ့ အောက်ယွီ မဟုတ်ပါဘူး။”
မိဖုရားခေါင်ကြီးက မေးလိုက်သည်။ “ဒါဆို ဘယ်သူလဲ။ ဒီလောက် အရှက်မရှိတဲ့သူ။ တည်ထောင်သူ ဧကရာဇ်ရဲ့ နတ်ဘုရား ရှိတဲ့ နေရာမှာ ဖောက်ပြန်ရဲတယ်။”
အထိန်းတော်ရုံက တုန်ယင်စွာဖြင့် ပြန်ဖြေလိုက်၏။ “ယောက်ျား နှစ်ယောက်နဲ့ မိန်းမ တစ်ယောက်... ညစ်ပတ် ရွံရှာဖွယ်ကောင်းတဲ့ကိစ္စတွေ လုပ်နေကြတာပါ။ ယောက်ျား နှစ်ယောက်က စုချင်ဝမ်ရဲ့တူ ကျိုးချုံး ပါ။ သူက ခန္ဓာကိုယ် အရွယ်အစားက အောက်ယွီနဲ့ ဆင်တူလို့ ကျွန်မတို့က အောက်ယွီ လို့ ထင်သွားတာပါ။ နောက်ထပ် ယောက်ျား တစ်ယောက်က ဝေမြို့စားကြီး အိမ်တော်ရဲ့ သခင်လေး တွမ်ယွီ ပါ။ မိန်းမကတော့ စုချင်ဝမ်ကတော် တွမ်ယွင် ပါ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ စုချင်ဝမ် သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တစ်ကိုယ်လုံး လှုပ်ရှား၍ မရတော့ဘဲ သူ၏ နားကိုပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
တွမ်ယင်းယင်း မှာမူ ပို၍ပင် ခြေလက်များ အေးစက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေတော့၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက် စုချင်ဝမ် နှင့် တွမ်ယင်းယင်း တို့သည် အတွင်းသို့ ပြေးဝင်သွားကြတော့၏။ လုံးဝ သံသယ ဖြစ်စရာ မလိုတော့ချေ။ ကျိုးချုံး၊ တွမ်ယွီ နှင့် စုချင်ဝမ်ကတော် တွမ်ယွင် တို့ အမှန်တကယ် ဖြစ်နေသည်။
သူတို့ သုံးဦးသည် အဝတ်အစား တစ်လွှာမျှ မဝတ်ဆင်ထားဘဲ မေ့မြောနေချိန်တွင်ပင် အလွန် ညစ်ပတ် ရွံရှာဖွယ်ကောင်းစွာ နေနေကြ၏။
‘ဒါ... ဒါက စုချင်ဝမ်ရဲ့ အချစ်ဆုံး မိဖုရား လေ။ သူ လိုချင်တာ အကုန် ပေးထားရတာလေ။ အခု... အခု တူ ဖြစ်သူနဲ့ ဖောက်ပြန်နေတာလား။ ပြီးတော့ လူတိုင်းရဲ့ ရှေ့မှာ အဖမ်းခံရတာ။’
တစ်ခဏအတွင်းမှာပင် စုချင်ဝမ်၏ ခေါင်းပေါ်သို့ မိုးကြိုးတစ်စင်း ပြင်းထန်စွာ ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး သူ ဆက်လက် မသည်းခံနိုင်တော့ဘဲ မျက်စိရှေ့တွင် အမှောင်ကျသွားကာ သတိလစ် လဲကျသွားတော့သည်။
.....................
မျက်စိရှေ့ရှိ မြင်ကွင်းမှာ စုချင်ဝမ် အတွက် ကြည်လင်သောကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သည်။ ဂုဏ်သရေရှိသော တော်ဝင်တရားရုံး အကြီးအကဲကြီးသည် မိမိ၏ ဇနီးဖြစ်သူထံမှ ဦးထုပ်စိမ်း (မိန်းမဖောက်ပြန်ခြင်း)ကို ဆောင်းပေးခြင်း ခံလိုက်ရ၏။
ထို့အပြင် ဤဦးထုပ်စိမ်းမှာ ဤမျှလောက် အရှက်ရစရာကောင်းပြီး ဤမျှလောက် ယုတ္တိမရှိကာ ဤမျှလောက် အောက်တန်းကျလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ဇနီး တွမ်ယွင်နှင့် ဖောက်ပြန်သူမှာ တွမ်ယွင်၏ တူအရင်း ဖြစ်နေသောကြောင့်ပင်။
အကယ်၍ ဦးထုပ်စိမ်းများတွင် အဆင့်သတ်မှတ်ချက် ကြေးနီအဆင့်မှစ၍ ထိပ်တန်းအဆင့်အထိ ရှိမည်ဆိုပါက စုချင်ဝမ်၏ ဤဦးထုပ်စိမ်းမှာ သေချာပေါက် ထိပ်တန်းအဆင့် ပင်ဖြစ်သည်။
ထို့အပြင် သူသည် အတိတ်ကို ပြန်လည် သတိရသွားမိသည်။ ဤကာလအတွင်း တွမ်ယွီ သည် သူ၏ စုချင်ဝမ် အိမ်တော်၌ အမြဲတမ်း လာရောက် နေထိုင်လေ့ရှိပြီး ဇနီးဖြစ်သူ တွမ်ယွင်ကလည်း သူ့ကို အလွန် ရင်းနှီးစွာ ဆက်ဆံလေ့ ရှိ၏။
စုချင်ဝမ် သည် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့မိသော်လည်း စဉ်းစားကြည့်ပါက ပုံမှန်သာ ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူသည် ဇနီးဖြစ်သူ၏ တူအရင်း ဖြစ်ရာ အများကြီး မတွေးသင့်ဟု ယူဆခဲ့သည်။
သို့သော်ငြား ဤမျှ အရုပ်ဆိုး အကျည်းတန်တဲ့ အမှန်တရားကြီး ရှိနေမည်ဟု မည်သူ ထင်မည်နည်း။
စုချင်ဝမ် သည် မည်သို့ပင်ဖြစ်စေ နစ်နာသူ တစ်ဦးသာ ဖြစ်သည်။
မျက်စိရှေ့ရှိ မြင်ကွင်းမှာ တွမ်ယင်းယင်း အတွက်မူ လုံးဝကောင်းကင်နှင့် မြေကြီး ပြိုကျသွားသကဲ့သို့ ဖြစ်သွားပြီး သူမကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေကာ ဝိညာဉ်ပါ လွင့်စဉ်သွားစေလောက်အောင် ဖြစ်စေခဲ့၏။
မောင်ဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့၏ ဤလျှို့ဝှက် ပတ်သက်မှုများနှင့် ပတ်သက်၍ တွမ်ယင်းယင်း သည် လုံးဝ မသိရှိဘဲ နေခဲ့ခြင်း မဟုတ်ချေ။ သူမသည်လည်း အမျိုးသမီး တစ်ဦးဖြစ်ရာ ဤကိစ္စရပ်များတွင် အတော်လေး အကဲဆတ်သည်။
သို့ရာတွင် ထိုသူတို့သည် ဤမျှအထိ ရဲတင်းရက်စက်ကာ ရူးသွပ်ကြလိမ့်မည်ဟု သူမ အိပ်မက်ပင် မက်ဖူးခဲ့ပေ။ ၎င်းတို့နှစ်ဦးကြား၌ မည်သို့ပင် ဖွင့်ဟ၍မရသော ပတ်သက်မှုမျိုး ရှိနေပါစေဦးတော့၊ အနည်းဆုံးတော့ အလွန်အမင်း သတိထားကြလိမ့်မည်ဟုသာ သူမ ယူဆခဲ့မိ၏။
ယခုမူ မျက်စိရှေ့၌ မြင်တွေ့နေရသော မြင်ကွင်းကြောင့် တွမ်ယင်းယင်းမှာ ကမ္ဘာကြီးတစ်ခုလုံး သူမ၏ ခြေဖဝါးအောက်၌ ပြိုလဲပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရလေတော့သည်။
အကယ်၍ တွမ်ယွင် နှင့် တွမ်ယွီတို့ နှစ်ဦးတည်းသာ ဖောက်ပြန်ပြီး စုချင်ဝမ်ကို ဦးထုပ်စိမ်း ဆောင်းပေးခဲ့ခြင်း ဆိုလျှင်တောင်မှ အသက်ရှင်ခွင့် ရနိုင်သေး၏။
တွမ်ယွင် နှင့် တွမ်ယွီ တို့သည် သေချာပေါက် သေရမည်ဖြစ်ပြီး ဖခင်ဖြစ်သူ တွမ်ပိ သည်လည်း သားသမီးများကို ကောင်းမွန်စွာ မဆုံးမနိုင်သည့် အပြစ်ဖြင့် ဘွဲ့ရုပ်သိမ်းခံရနိုင်ပြီး ဝေမြို့စားကြီးဘွဲ့မှာ တွမ်မျိုးနွယ်စု၏ အခြားသော အဆက်အနွယ်များထံသို့ ရောက်ရှိသွားပေလိမ့်မည်။
သို့ပေမည့် မလုပ်သင့် မလုပ်ထိုက်ဆုံး အရာမှာ ဤမြင်ကွင်းကို မယ်တော်မိဖုရားခေါင်ကြီး ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဖမ်းမိသွားခြင်း ဖြစ်သည်။
ထို့အပြင် သူတို့ နှစ်ဦး ဖောက်ပြန်နေသော နေရာမှာ တောင်ပိုင်းကျိုး၏ နံပါတ်တစ် သန့်စင်သော နေရာဖြစ်သည့် တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်း၏ နတ်ဘုရားရှိရာ နေရာ ဖြစ်နေ၏။
အပြန်အလှန် စဉ်းစားကြည့်မည်ဆိုပါက တွမ်ယင်းယင်း ဤအဆိပ်ပြင်းသော အကြံအစည်ကို ကြံစည်ခဲ့ခြင်းမှာ အောက်ယွီ၏ တစ်မိသားစုလုံးကို သတ်ဖြတ်ရန် မဟုတ်ပါလား။
‘ဒါ... ဒါ သေချာပေါက် အောက်ယွီရဲ့ အကြံအစည်ပဲ ဖြစ်ရမယ်။ သေချာပေါက်ပဲ။ ဒါပေမဲ့ သူ ဘယ်လို လုပ်လိုက်တာလဲ။ မနေ့ညက အောက်ယွီနဲ့ စုချိုင်ရန် တို့ကို ဒီနေရာမှာ ပိတ်လှောင်ထားခဲ့တာလေ။ ပြီးတော့ အပြင်းထန်ဆုံး ကာမဆန္ဒကြွဆေးကိုလည်း တိုက်ထားခဲ့တာ။ သူတို့ နှစ်ယောက်ဟာ ခြောက်သွေ့နေတဲ့ ထင်းပုံပေါ် မီးကျသွားသလို ရူးသွပ်မတတ် လောင်ကျွမ်းနေခဲ့ကြတာလေ။ ဒီနေ့မနက်ကျတော့ ဘာလို့ လူပြောင်းသွားပြီး အဒေါ်ဖြစ်တဲ့ တွမ်ယွင် နဲ့ တွမ်ယွီ တို့ ဖြစ်သွားရတာလဲ။ ဒါ... ဒါ သရဲခြောက်တာလား။’
တွမ်ယင်းယင်း သာမက မိဖုရားကြီး နှင့် မိန်းမစိုးကြီး ဟောက်ယွီ တို့လည်း လုံးဝ မှင်သက်သွားကြတော့၏။ မျက်စိရှေ့ရှိ မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။
အချိန်အတော်ကြာပြီးမှသာ မိဖုရားကြီးသည် လျှပ်စီးလက်သကဲ့သို့သော အကြည့်များဖြင့် မိန်းမစိုးကြီး ဟောက်ယွီထံသို့ ကြည့်လိုက်၏။ ‘နင် လုပ်လိုက်တဲ့ အလုပ်တွေလား။ နင်တို့ လုပ်လိုက်တဲ့ အလုပ်တွေလား။ ဒီတစ်ခါ အောက်ယွီ သေချာပေါက် သေပြီ၊ တစ်မိသားစုလုံး သေချာပေါက် သေပြီလို့ ပြောထားတာ မဟုတ်ဘူးလား။’
မိန်းမစိုးကြီး ဟောက်ယွီမှာ ချွေးများ ပြန်လာပြီး ခေါင်းများ မူးဝေလာကာ အလွန်အမင်း နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ‘ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ သူ အကြိမ်ကြိမ် စစ်ဆေးခဲ့ပြီးပြီလေ။ အဲဒီ ထိပ်တန်း သိုင်းပညာရှင် လေးယောက်ကလည်း ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ။ ထျန်းဖူထူ စေတီတော်ကြီး အနီးမှာ အမြဲတမ်း စောင့်ကြပ်နေခဲ့တာ၊ တစ်လှမ်းမှ မခွာခဲ့ဘူး၊ ဘယ်သူမှလည်း အနားမကပ်ခဲ့ဘူး တဲ့။
အောက်ယွီ နဲ့ စုတိုက် တို့က တောင်ပံပေါက်ရင်တောင် ပျံထွက်လို့ မရနိုင်ပါဘူး။ ဘယ်လိုလုပ်ပြီး တွမ်ယွင် နဲ့ တွမ်ယွီ တို့ ဖြစ်သွားရတာလဲ။ ဒါ... ဒါ တကယ်ပဲ သရဲခြောက်တာလား။’
မကြာမီမှာပဲ တွမ်ယင်းယင်းသည် သတိပြန်ဝင်လာပြီး ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် ကြိုးစား ရတော့မည်ဖြစ်ကြောင်း သိရှိလိုက်၏။
“မယ်တော်မိဖုရားခေါင်ကြီး... ဒီအထဲမှာ သေချာပေါက် မသမာမှုတွေ ရှိနေပါတယ်။ သေချာပေါက် အလိမ်အညာတွေ ရှိနေပါတယ်။”
တွမ်ယင်းယင်း သည် ချက်ချင်း ဒူးထောက်ကာ ပြောလိုက်သည်။ “ကျွန်မရဲ့ အဒေါ်နဲ့ မောင်လေးဟာ သေချာပေါက် သူတစ်ပါးရဲ့ ချောက်ချတာကို ခံလိုက်ရတာပါ။ သူတို့က အဒေါ် နဲ့ တူ လေ။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရူးသွပ်မိုက်မဲနိုင်မှာလဲ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ မိဖုရားကြီးကလည်း အလျင်အမြန် ပြောလိုက်၏။ “မယ်တော်... ဒီကိစ္စက တကယ်ပဲ ထူးဆန်းမှုတွေ ဖုံးကွယ်နေပါတယ်။ စုချင်ဝမ်ကတော်နဲ့ တွမ်ယွီ သခင်လေး တို့က အဒေါ် နဲ့ တူ ဆိုတာကို ထားလိုက်ပါတော့။ သူတို့ တကယ်ပဲ တစ်ခုခု ရှိခဲ့ရင်တောင်မှ ဘာဖြစ်လို့ ဒီ တာ့ဖာရှန့်ကျွင်းရဲ့ ဗိုက်ထဲမှာမှ လာလုပ်ရမှာလဲ။”
မိန်းမစိုးကြီး ဟောက်ယွီက ပြောလိုက်သည်။ “မိဖုရားခေါင်ကြီး... ဒီကိစ္စက တကယ်ကို ထူးဆန်းမှုတွေ ဖုံးကွယ်နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေ အားလုံးက နည်းနည်း ထူးဆန်းနေပါတယ်။”
......................