အခန်း (၁၉၀၉-၁၉၁၀)
Vol. 191 Ch. 1909-1910
အခန်း (၁၉၀၉) - ပေဟိုင်မြွေနက်
ဟေးရီဧကရာဇ်၏ စကားများကြောင့် ရောက်ရှိနေကြသော အဖွဲ့အသီးသီးမှ ယင်မသေမျိုးများ၏ မျက်နှာတွင် စိုးရိမ်တကြီး သတိထားရမည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
အကယ်၍ ဤပုဂ္ဂိုလ်သာ ယင်ရှန်ဘုရင်၊ ထို့ပြင် ရွှေစစ်သည် (၁၂) ပါးတို့နှင့် ပူးပေါင်းလိုက်ပါက သူတို့အားလုံးကို ဖိနှိပ်တိုက်ခိုက်ရန် အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိပေသည်။
"ပူးပေါင်းဖို့ကိစ္စကိုတော့ နောက်ထပ် မပြောပါနဲ့တော့၊ လမ်းစဉ်မတူတဲ့သူချင်း အတူတူ အကြံမထုတ်နိုင်ဘူး"
ယင်ရှန်ဘုရင်က ပြောဆိုပြီးနောက် သူ၏ခမောက်ကို သပ်ရပ်အောင် ပြန်ပြင်ကာ ထိုနေရာတွင်ပင် အေးအေးဆေးဆေး ထိုင်ချလိုက်တော့သည်။ ထို့နောက် မည်သည့်စကားမျှ ထပ်မံဆိုခြင်း မရှိတော့ချေ။
ကျောက်စိမ်းနက်အကြီးအကဲနှင့် ကျန်ရှိသူများမှာ သက်ပြင်းချနိုင်သွားကြသည်။ အကယ်၍ ဟေးရီဧကရာဇ်နှင့် သူ၏ ရွှေစစ်သည် (၁၂) ပါးသာ ရှိမည်ဆိုပါက သူတို့အားလုံး ပူးပေါင်း၍ ရင်ဆိုင်နိုင်စွမ်း ရှိမည်ဟု ယုံကြည်ချက် ရှိကြသောကြောင့် ဖြစ်သည်။
ဟေးရီဧကရာဇ်သည် ယင်ရှန်ဘုရင်ကို အေးစက်စက် တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ ဖန့်ချန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြန်သည်။ နောက်ဆုံးမှသာ သူ၏ အကြည့်မှာ ၁၈ ထပ် ငရဲမျှော်စင်ထံသို့ ရောက်ရှိသွားတော့သည်။
ဟေးရီအင်ပါယာမှ ဦးဆောင်လာသော ယင်မသေမျိုးမှာ စိတ်ကူးတစ်ခု ရသွားဟန်ဖြင့် လက်အုပ်ချီကာ ဆိုလိုက်သည်။
"ဘိုးဘေးမင်းမြတ်... ကျွန်ုပ်တို့ ထိုက်ချန်းနယ်မြေ က ကျင့်ကြံသူတွေဟာ တစ်စိတ်တစ်ဝမ်းတည်း ရှိသင့်ပါတယ်။ ကျွန်ုပ်တို့ အဖွဲ့ (၃) ဖွဲ့စလုံးဟာ ဘိုးဘေးနဲ့အတူ ပူးပေါင်းပြီး စိတ်ဝိညာဥ်နယ်မြေ နဲ့ နတ်ဘုရားဘုရင်နယ်မြေ က ယင်မသေမျိုးတွေကို ဒီနေရာကနေ မောင်းထုတ်ဖို့ အသင့်ရှိပါတယ်"
'ဒီမိစ္ဆာမျိုးနွယ်တွေကတော့ တကယ်ကို အရှက်မရှိလွန်းလှချေလား'
စိတ်ဝိညာဥ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေမှ ယင်မသေမျိုးများမှာ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲနေကြပြီး၊ ဟေးရီဧကရာဇ်၏ ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် နိုးနိုးကြားကြား ပြင်ဆင်ထားလိုက်ကြသည်။
"အို... မင်းတို့ မိစ္ဆာမျိုးနွယ်တွေက ငါနဲ့ ပူးပေါင်းချင်တယ်ပေါ့ ငါ့ကို ဘယ်လို ချောက်ချမလဲလို့ ကြံစည်နေကြတာ မဟုတ်လား "
ဟေးရီဧကရာဇ်က အေးစက်စက် ပြုံးကာ ဆိုသည်
"မင်းတို့ရဲ့ အကြံအစည်ကို ပြောပြစမ်းပါဦး... ဒီပိုးမွှားတွေကို ရှင်းထုတ်ပြီးရင် ငါ့ကို ဘယ်လို ကိုင်တွယ်ဖို့ စိတ်ကူးထားသလဲ "
ဟေးရီအင်ပါယာမှ ယင်မသေမျိုးက ရိုသေကိုင်းညွတ်စွာဖြင့်
"ကျွန်ုပ်တို့ဟာ မိစ္ဆာမျိုးနွယ်အဖြစ် ပြန်လည်ဝင်စားလာသူတွေ ဖြစ်ပေမဲ့၊ ကိုယ်ထဲမှာတော့ ဘိုးဘေးနဲ့ တူညီတဲ့ သွေး စီးဆင်းနေတာ အမှန်ပဲ။ အခုချိန်မှာ ကျွန်ုပ်တို့ကို လူသားမျိုးနွယ်လို့ ပြောရင်တောင် မမှားပါဘူး"
"ကျွန်ုပ်တို့ဟာ ယင်လောကအပေါ်မှာ ဘာစိတ်ဝင်စားမှုမှ မရှိပါဘူး။ ၁၈ ထပ် ငရဲမျှော်စင်သာ သူတို့လက်ထဲ မရောက်သွားရင် ရပါပြီ။ အကယ်၍ ဒီမျှော်စင်ကို ဘိုးဘေးကသာ ထိန်းချုပ်ထားမယ်ဆိုရင်၊ ဘိုးဘေးအနေနဲ့လည်း ကိုယ့်သွေးသားတွေကို ငဲ့ညှာပြီး ကျွန်ုပ်တို့ကို အကျပ်ကိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်"
ဟေးရီဧကရာဇ်သည် အတန်ကြာ စဉ်းစားပြီးနောက်၊ နယ်မြေနှစ်ခုမှ ယင်မသေမျိုးများဘက်သို့ ပြုံးရွှင်စွာ လှည့်ကြည့်လိုက်သည်။
"မင်းတို့ အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ကြတယ် မဟုတ်လား ငါ ခုပဲ အခွင့်အရေး တစ်ခုပေးမယ်၊ အခု ချက်ချင်း ထွက်သွားရင် အသက်ချမ်းသာရာ ရလိမ့်မယ်"
"ငါသာ ယင်လောကက ပုန်ကန်သူတွေကို ရှင်းထုတ်ပြီး ငရဲမင်းနေရာကို ယူလိုက်ရင်၊ မင်းတို့ အားလုံးဟာ နယ်စားပယ်စားတွေ ဖြစ်လာနိုင်စွမ်း ရှိသေးတယ်။ တကယ်လို့ မင်းတို့ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးဆိုရင်လည်း၊ လူ့လောကကို ပြန်ပြီး မင်းတို့နောက်ကွယ်က အဆင့် ၉ မသေမျိုးတွေကို သွားမေးလိုက်ကြလေ။ ဒါဟာ ငါ့ရဲ့ တိုက်ရိုက်စကားလို့သာ ပြောလိုက်ကြ"
လူအများ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊ သွေးသားနန်းတော် မှ ဦးဆောင်လာသော ယင်မသေမျိုးက လက်အုပ်ချီကာ ဆိုသည်။
"ဟေးရီဧကရာဇ်... ခင်ဗျားက စီနီယာတစ်ယောက်ပါ၊ သုံးလောက အားပြိုင်ပွဲကိုလည်း ဖြတ်သန်းခဲ့ဖူးသူပါ။ မိစ္ဆာမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေဟာ ကျုပ်တို့ လူသားတွေရဲ့ နံပါတ် (၁) ရန်သူတော်တွေဆိုတာ သိမှာပါ။ ခင်ဗျားသာ မိစ္ဆာတွေနဲ့ ပူးပေါင်းမယ်ဆိုရင် သူတို့ရဲ့ ချောချတာကို ခံရဖို့က မလွဲဧကန်ပါပဲ..."
"ဒါဟာ အမှန်တရားပါပဲ၊ မိစ္ဆာတွေနဲ့ ပူးပေါင်းတာဟာ ကျားကို အသားကျွေးပြီး ပေါင်းသင်းသလိုပါပဲ"
ထိုက်ယီမသေမျိုးဂိုဏ်း မှ ဦးဆောင်လာသူက သက်ပြင်းအသာချကာ ဆိုသည်။
"ဒီနှစ်တွေမှာ မိစ္ဆာတွေက အရပ်ရပ်မှာ ပြဿနာရှာနေတာကြောင့် နယ်မြေကိုးခုဟာ သုံးလောက အားပြိုင်ပွဲတုန်းကလို ပျက်စီးမယ့် အရိပ်အယောင်တွေ ပေါ်နေပါပြီ။ အကယ်၍ ယင်လောကကိုပါ မိစ္ဆာတွေ ထိန်းချုပ်လိုက်မယ်ဆိုရင်၊ ကျုပ်တို့ လူသားမျိုးနွယ်တွေ နောက်နောင် ဘယ်မှာ ရပ်တည်ကြမလဲ ဟေးရီဧကရာဇ်အနေနဲ့ အရေးကြီးတဲ့ အမျိုးသားရေး အနှစ်သာရကို ငဲ့ညှာပြီး မိစ္ဆာတွေရဲ့ လှည့်ဖြားမှုကို မယုံကြည်ဖို့ မျှော်လင့်ပါတယ်"
ကျောက်စိမ်းနက်အကြီးအကဲနှင့် ကျန်ရှိသူများကလည်း ထိုကဲ့သို့သော စကားမျိုးများကို အသီးသီး ဆိုကြလေသည်။
ဟေးရီဧကရာဇ်သည် ထိုစကားများကို ပြုံးလျက် နားထောင်နေပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။
"မင်းတို့သာ တကယ်ပဲ အမျိုးသားရေးကို ငဲ့ညှာတယ်ဆိုရင်၊ ဟို 'ဖန့်' မျိုးရိုး ကောင်လေးဘက်မှာ ရပ်တည်ရမှာ မဟုတ်ဘူးလား "
"..."
"ဒါကြောင့်... မင်းတို့ပြောတဲ့ အမျိုးသားရေးဆိုတာ မင်းတို့ စိတ်ထဲက အမျိုးသားရေးပဲ၊ ငါနဲ့လည်း မဆိုင်သလို လူသားမျိုးနွယ်နဲ့လည်း မဆိုင်ဘူး။ မင်းတို့လည်း ယင်လောကကို ထိန်းချုပ်ချင်တဲ့ ရည်မှန်းချက်တွေ ရှိနေတာပဲ မဟုတ်လား ဒီတော့ ဒီလို စကားအနည်းငယ်နဲ့ ငါ့ကို ယုံကြည်သွားအောင် လုပ်နိုင်မယ်လို့ ထင်နေတာလား "
ဟေးရီဧကရာဇ်၏ မျက်နှာတွင် အထင်အမြင်သေးမှုများ သိသိသာသာ ပေါ်လွင်နေသည်။ သူက ခေတ္တမျှ ရပ်နားပြီးနောက်၊ အနားရှိ မိစ္ဆာမျိုးနွယ် ယင်မသေမျိုးများကို ဝေ့ကြည့်ကာ ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။
"ဒီမိစ္ဆာတွေက ငါ့ကို ချောက်ချချင်ကြတာပဲ၊ ဒါပေမဲ့ သူတို့မှာ အဲဒီလောက် အရည်အချင်း ရှိဖို့လိုတယ်။ အခု သူတို့က ငါ့ကို အသုံးချပြီး မင်းတို့ကို မောင်းထုတ်ချင်သလို၊ ငါကလည်း သူတို့ကို အသုံးချပြီး မင်းတို့ကို မောင်းထုတ်မှာပဲ။ အဲဒီလိုမှ မဟုတ်ရင်လည်း မင်းတို့အားလုံး ငါ့ဘက်ကို ကူးလာကြလေ၊ ဒါဆိုရင် ငါက မင်းတို့နဲ့ ပေါင်းပြီး သူတို့ကို မောင်းထုတ်ပေးမယ်... ဘယ်လိုလဲ "
လူသားမျိုးနွယ် ယင်မသေမျိုးများ မည်သည့်စကားမျှ မဆိုတော့ချေ။ မိစ္ဆာမျိုးနွယ်များမှာလည်း တိတ်ဆိတ်သွားကြသည်။
"ဟေးရီဧကရာဇ်... ဒီလို မျိုးဆက်သစ်လေးတွေနဲ့ ဘာတွေ ဖက်ပြိုင်နေတာလဲ။ သူတို့ကို ဒီနားမှာပဲ ရင်ခုန်စရာ မြင်ကွင်းတွေကို စောင့်ကြည့်ခိုင်းထားလိုက်စမ်းပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ၁၈ ထပ် ငရဲမျှော်စင်က သူတို့လက်ထဲ ရောက်မှာမှ မဟုတ်တာ"
မလှမ်းမကမ်းရှိ တောင်ထိပ်တစ်ခုပေါ်မှ ဟိန်းဟောက်နေသော မိုးကြိုးသံကဲ့သို့ အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း သတိလက်လွတ်ဖြင့် မော့ကြည့်လိုက်ရာ၊ ထိုတောင်ကို ကြီးမားလှသော မြွေကြီးတစ်ကောင် ပတ်ခွေထားသည်ကို မြင်လိုက်ရသည်။
မြွေကြီး၏ ကိုယ်ထည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှပြီး တောင်တစ်လုံးနီးပါး ရှိသည်။ ၎င်း၏ ဦးခေါင်းကြီးမှာ တောင်ထိပ်ပေါ်တွင် အသာတင်ထားပြီး၊ ပျင်းရိငြီးငွေ့ဖွယ် အမူအရာဖြင့် လူအများကို စိုက်ကြည့်နေသည်။
"ဒါလည်း အဆင့် ၉ ယင်နတ်ဆိုးကြီးလား"
"ယင်နတ်ဆိုးဘုရင် (၆) ပါးထဲက တစ်ပါးလား"
အဖွဲ့အသီးသီးမှ ယင်မသေမျိုးများ၏ မျက်နှာတွင် စိုးရိမ်မှုများ ပိုမို လေးနက်လာသည်။ ဤယင်နတ်ဆိုးဘုရင်များသည် ယင်လောက၏ စစ်မှန်သော ဇာတိနေ ကျင့်ကြံသူများ ဖြစ်ကြပြီး၊ နှစ်ပေါင်းများစွာ တိတ်တဆိတ် အားယူထားကြသူများ ဖြစ်သဖြင့် သူတို့၏ အခြေခံစွမ်းအားကို လျှော့တွက်၍ မရချေ။
အစကတည်းက သူတို့သည် ဤယင်နတ်ဆိုးဘုရင်များ အသက်ရှင်နေသေးခြင်း ရှိမရှိ၊ သို့မဟုတ် အသိဉာဏ် ရှိမရှိကိုပင် သေချာ မသိခဲ့ကြချေ။ ယခုမူ ခဏအတွင်းမှာပင် ယင်နတ်ဆိုးဘုရင် နှစ်ပါးအပြင်၊ ဟေးရီဧကရာဇ်ကဲ့သို့သော ထိပ်သီးကြီးများပါ ထွက်ပေါ်လာခဲ့ပြီ။
ဤယင်လောက၏ ရေအိုင်သည် အမှန်တကယ်ပင် မည်မျှအထိ နက်ရှိုင်းနေသနည်း။
"ပေဟိုင်မြွေနက်..."
ဟေးရီဧကရာဇ်သည် မျက်မှောင်ကြုတ်ကာ မြွေအိုကြီးကို စိုက်ကြည့်လိုက်သည်။
"မင်း မြွေစုတ်ကြီးက ခုထိ မသေသေးဘူးလားအသက်ကတော့ တကယ်ကို ရှည်ပါပေတယ်"
'ပေဟိုင်မြွေနက် ဒါဆိုရင် ဟိုနေရာကလား...'
'၁၈ ထပ် ငရဲမျှော်စင် တစ်ခုတည်းနဲ့တင် ဒီလို မြွေအိုကြီးတွေအထိ ထွက်လာကြပြီလား...'
ပေဟိုင်မြွေနက်ဟူသော အမည်ကို ကြားလိုက်ရသည့် ယင်မသေမျိုး အတော်များများမှာ တစ်စုံတစ်ခုကို ရိပ်မိသွားကြဟန် ရှိသည်။
ချန်အန်းရွှယ်သည် ဖန့်ချန်၏ ဘေးသို့ လျှောက်လာပြီး နောက်ပြောင်သည့်လေသံဖြင့် ဆိုလိုက်သည်။
"ကိုးလေး... မင်းက ငရဲမင်းဆိုတော့ ဖူထူလောကရဲ့ အမြောက်ဘက်ဆုံး အစွန်းမှာ ဘာတွေရှိသလဲ သိလား"
"သိပ်မသိဘူး" ဖန့်ချန်က အမှန်အတိုင်းပင် ဖြေလိုက်သည်။
သူသည် ထိုမျှအထိ ဝေးလံသော နေရာများသို့ တစ်ခါမျှ မသွားခဲ့ဖူးချေ။
"အရင်က ဖူထူလောကနဲ့ ယင်လောကငယ် ဟာ တစ်ခုတည်း ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အတားအဆီးတွေကြားကနေ နှစ်ခြမ်း ကွဲသွားခဲ့တယ်။ ဒါဟာ စစ်မှန်တဲ့ ခွဲခြားမှုပဲ။ ဒါပေမဲ့ ယင်လောကငယ်အပြင် ဖူထူလောကနဲ့ ကင်းကွာသွားတဲ့ နေရာတွေလည်း အများကြီး ရှိသေးတယ်။
အဲဒီနေရာတွေမှာ ဖြစ်ပေါ်နေတဲ့ အက်ကြောင်းတွေထဲကို အဆင့် ၉ ယင်မသေမျိုးတွေ မှားယွင်းဝင်မိရင်တောင် ပြန်ထွက်လာဖို့ မလွယ်ဘူး။ ပေဟိုင် (မြောက်ပင်လယ်) ဆိုတာ အဲဒီလို အက်ကြောင်းမျိုးပဲ"
ချန်အန်းရွှယ်၏ မျက်ဝန်းထဲတွင် မှတ်ချက်တစ်ခု ပေါ်လာသည်။
"ဒီပေဟိုင်မြွေနက်အကြောင်းကို ဒီနေ့အထိ ငါက ဒဏ္ဍာရီတစ်ခုလို့ပဲ ထင်ခဲ့တာ၊ အခုတော့ တကယ်ဖြစ်နေတာပဲ။ ဒဏ္ဍာရီအရဆိုရင် အရင်က နတ်ဘုရားလောက က ဧကရာဇ် တစ်ပါးဟာ သူ၏ ပြင်းထန်စွာ ဖျားနာနေတဲ့ ဇနီးအတွက် ဆေးရှာဖို့ ယင်လောကကို ဆင်းလာခဲ့ရင်း၊ ပေဟိုင်အက်ကြောင်းထဲကို မှားဝင်မိပြီး နှစ်ပေါင်းများစွာ ပိတ်မိခဲ့တယ်။"
"ဒေါသ၊ အာဃာတ၊ မကျေနပ်မှုနဲ့ နောင်တတွေကြောင့်... အဲဒီဧကရာဇ်ဟာ နောက်ဆုံးမှာ သူတော်စင်တွေကို ဝါးမြိုတဲ့ မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူဟာ သဘောထားဖြူစင်တဲ့သူတွေကို စားသုံးရတာ အကြိုက်ဆုံးပဲ။ ဆယ်စုနှစ် အနည်းငယ်တိုင်းမှာ တစ်ကြိမ် ထွက်လာပြီး အစာရှာလေ့ရှိတယ်။ နောက်ပိုင်း ယင်လောကမှာ ရှုပ်ထွေးမှုတွေ များလာပြီး သဘောထားဖြူစင်သူတွေ ရှားပါးလာသလို ယင်နတ်ဆိုးတွေပဲ များလာတာကြောင့်၊ သူလည်း ပေါ်မလာတာ အတော်ကြာသွားခဲ့ပြီ"
"မိန်းကလေး... မင်းက ငါ့အကြောင်းကို တော်တော်များများ သိထားတာပဲ။ မင်းဆီက ထွက်နေတဲ့ အနံ့က တကယ်ကို မွှေးတာပဲ၊ ငါ အကြိုက်ဆုံး အမျိုးအစားပဲ။ ခဏနေရင် မင်းရဲ့ နူးညံ့တဲ့ အသားလေးတွေကို ငါ ဖြည်းဖြည်းချင်း မြည်းစမ်းရမှာပဲ"
ပေဟိုင်မြွေနက်၏ မျက်လုံးကြီးများက ဝေ့ဝဲလာပြီး ချန်အန်းရွှယ်ထံတွင် ရပ်တန့်သွားသည်။ ၎င်း၏ မျက်ဝန်းထဲတွင် လောဘဇောများ အပြည့်ပင်။
ချန်အန်းရွှယ်က ချက်ချင်းပင် ဆိုလိုက်သည်
"စီနီယာ... ကျွန်မက ဒီလောက် အကောင်သေးသေးလေးကို၊ စားလို့လည်း ဝမှာ မဟုတ်ပါဘူး။ စားချင်ရင် ကျွန်မတို့ အစ်မကြီးကို အရင်စားပါလား"
သူမက ရှဲ့အာမန်ကို လက်ညှိုးထိုးပြလိုက်လေတော့သည်။
အခန်း (၁၉၁၀) - နဂါးနတ်ဘုရား အစီရင်
ရှဲ့အာမန်သည် ချန်အန်းရွှယ်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် တည်ငြိမ်စွာ ဆိုလိုက်သည်။
"ပေဟိုင်မြွေနက်လို တည်ရှိမှုမျိုးတောင် ပေဟိုင်ထဲကနေ ထွက်လာပြီဆိုမှတော့... ဒီနေ့ လူတိုင်းဟာ အသက်စွန့်ဖို့ အသင့်ပြင်ထားကြရလိမ့်မယ်"
ချန်အန်းရွှယ်သည် ပြုံးနေဆဲ ဖြစ်သော်လည်း သူမ၏ မျက်ဝန်းအိမ် နက်ရှိုင်းသော နေရာတွင်မူ အတိုင်းအဆမရှိသော လေးနက်မှုများ ခိုအောင်းနေသည်။
ကျွယ်မင်နတ်နန်းတော် မှ အမာခံတပည့်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဤတိုက်ပွဲသည် အလွန်ပင် အရေးကြီးကြောင်း ရိပ်မိသွားကြသည်။ သူတို့၏ အစ်မကြီးသည် နောက်ဆုတ်ရန် လမ်းကြောင်း မချန်ထားတော့ချေ။
စကားလုံးတစ်လုံးတည်းသာ ရှိသည် - တိုက်ပွဲဝင်ရန်ပင်
"ပေဟိုင်မြွေနက်... မင်းကလည်း ၁၈ ထပ် ငရဲမျှော်စင်အပေါ်မှာ စိတ်ဝင်စားမှု ရှိနေတာလား။ တကယ်လို့ အဲဒီလိုသာဆိုရင်တော့ ငါနဲ့ ရန်သူဖြစ်ရလိမ့်မယ်၊ သေသေချာချာ စဉ်းစားပြီးပြီလား"
ဟေးရီဧကရာဇ်က အေးအေးဆေးဆေး ဆိုလိုက်သည်။
ရှဲ့အာမန်ကို စိတ်ဝင်တစား စိုက်ကြည့်နေသော ပေဟိုင်မြွေနက်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ရယ်မောလိုက်ပြီး
"ဟေးရီဧကရာဇ်... ငါက ဒီအတိုင်း လာကြည့်တာပါ၊ ပြီးတော့ ဝိညာဉ်မျိုးနွယ် နဲ့ ပတ်သက်တဲ့ အယူအဆတွေကို ခင်ဗျားနဲ့ ဆွေးနွေးချင်လို့ပါ"
ဝိညာဉ်မျိုးနွယ်
ဟေးရီဧကရာဇ်၏ မျက်နှာမှာ မှောင်ကျသွားသည်။
ယင်ရှန်ဘုရင်သည်လည်း သူ၏ ခမောက်ကို အသာပင့်တင်လိုက်ပြီး မှုန်ရီနေသော မျက်ဝန်းအစုံဖြင့် ပေဟိုင်မြွေနက်ကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။
'ဝိညာဉ်မျိုးနွယ် ဘယ်နေရာမှာများ မှားယွင်းနေတာလဲ' ဖန့်ချန်၏ မျက်မှောင်များမှာ အနည်းငယ် ကြုတ်သွားသည်။
"ငါကတော့ ဝိညာဉ်မျိုးနွယ်ဆိုတာ ဘာလဲ မသိဘူး။ မင်း မြွေအိုကြီးက ပေဟိုင်ထဲမှာ ကြာကြာနေလွန်းလို့ ရူးသွားပြီ ထင်တယ်"
ဟေးရီဧကရာဇ်က အေးစက်စက် လှောင်ပြောင်လိုက်ပြီး
"အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ ဒီနေ့ မင်းလာတာက ၁၈ ထပ် ငရဲမျှော်စင်ရဲ့ စွမ်းအားကို လိုချင်လို့ မဟုတ်လား အဲဒါကို အသုံးချပြီး ယင်လောကကို စိုးမိုးချင်နေတာ မဟုတ်ဘူးလား ဟဲ... တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒီလို မြွေအို မြွေဟောင်းတွေက သာမန်အချိန်မှာ သေနေသလိုလိုနဲ့၊ အခု အခွင့်အရေးရတော့မှ မိုးရေထဲက မှိုတွေလို တစ်ကောင်ပြီးတစ်ကောင် ခေါင်းပြူထွက်လာကြတာလား"
"ဧကရာဇ်ကိုယ်တိုင်ကလည်း အတူတူပါပဲ မဟုတ်လား"
ပေဟိုင်မြွေနက်က ပြုံးလျက်
"ဒါပေမဲ့ ဧကရာဇ်က ငါလာတဲ့ ရည်ရွယ်ချက်ကို တကယ်ပဲ အထင်မှားနေတာပါ။ ငါက ဝိညာဉ်မျိုးနွယ်နဲ့ ပတ်သက်တဲ့ အဆိုကိုပဲ မေးချင်တာပါ။ ဒီနှစ်တွေမှာ ငါ ယင်လောကထဲမှာ ရှိနေရင်း တိုက်တိုက်ဆိုင်ဆိုင် သိခဲ့ရတာက... ဒီကမ္ဘာမှာ ဝိညာဉ်မျိုးနွယ်ဆိုတာ ရှိတယ်၊ သူတို့က မတူညီတဲ့ လမ်းစဉ်တစ်ခုကို လျှောက်လှမ်းနိုင်တယ်ဆိုပဲ။ အဲဒီကိစ္စက တကယ်လား၊ အတုလား "
ဟေးရီဧကရာဇ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဒါက တကယ်လား၊ အတုလားဆိုတာ သိချင်ရင်တော့... ငါ့ရဲ့ ရှေ့ပြေးစစ်သည်အဖြစ် လုပ်ပေးပြီး ဒီ ၁၈ ထပ် ငရဲမျှော်စင်ကို ငါ့အတွက် လုယူပေးပါဦး"
"ဒီစကားက အတည်လား"
ပေဟိုင်မြွေနက်၏ မျက်လုံးများမှာ အရောင်တောက်လာသည်။
"ငါက ဘယ်တုန်းကမှ နောက်ပြောင်လေ့မရှိဘူး"
ဟေးရီဧကရာဇ်က အေးဆေးစွာ ဆိုသည်။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ဒီနေ့ ငါလာတာ တကယ်ကို မမှားဘူးပဲ။ ဧကရာဇ်က ဝိညာဉ်မျိုးနွယ်အကြောင်းကို တကယ်ပဲ သိထားတာကိုး။ ဒီလိုဆိုမှတော့ ငါက ခင်ဗျားအတွက် ရှေ့ပြေးစစ်သည် တစ်ခေါက်လောက် လုပ်ပေးရင် ဘာဖြစ်မှာလဲ"
ပေဟိုင်မြွေနက်က ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
လူတိုင်း၏ စိတ်နှလုံးမှာ လေးလံသွားကြသည်။
ပေဟိုင်မြွေနက်သည် ယင်ရှန်ဘုရင်ကဲ့သို့ပင် ယင်နတ်ဆိုးဘုရင် (၆) ပါးထဲမှ တစ်ပါး ဖြစ်သည်။ ယခုအခါ သူက ဟေးရီဧကရာဇ်ဘက်မှ ဗြောင်ကျကျ ရပ်တည်လိုက်သဖြင့် အင်အားချင်း မျှခြေမှာ ပျက်စီးသွားချေပြီ။
ဤထိပ်သီး ပုဂ္ဂိုလ်ကြီး နှစ်ဦးသာ ပူးပေါင်းလိုက်ပါက ဤနေရာရှိ ယင်မသေမျိုး အားလုံးကို အလွယ်တကူ နှိမ်နင်းနိုင်ရုံသာမက၊ သူတို့ကို ဖရိုဖရဲ ဖြစ်အောင် ရိုက်နှက် မောင်းထုတ်နိုင်သည်မှာ သေချာလှသည်။
'ဝိညာဉ်မျိုးနွယ်... နတ်လမ်းစဥ်ဂိုဏ်း .. ဟေးရီဧကရာဇ်...'
'ဝိညာဉ်မျိုးနွယ်ရဲ့ သတင်းက အကြောင်းမဲ့ ပေါက်ကြားလာတာ မဟုတ်ဘူး။ ဒါဟာ မင်ရွှီကာလက တည်ရှိမှုတွေပဲ သိနိုင်တဲ့ လျှို့ဝှက်ချက်။ ဝမ်ချင်းသူတော်စင် က နယ်မြေကိုးခုရဲ့ ငရဲမင်း ဖြစ်လာပြီးနောက်မှာ ထွက်ပေါ်လာတဲ့ သတင်းလား အဲဒီတုန်းက လူသားမျိုးနွယ်က ဆင်းသက်လာတဲ့ ဝိညာဉ်မျိုးနွယ်တွေ သူမနဲ့အတူ ဒီဘက်ကို ပါလာခဲ့တာ သေချာတယ်။'
'ဒါမှမဟုတ်ရင်လည်း ကျန်းဝူးသူတော်စင်တစ်ပိုင်း ဆီက ထွက်လာတဲ့ သတင်းလား... တကယ်လို့ သူသာဆိုရင်...'
ဖန့်ချန်သည် ဟေးရီဧကရာဇ်၊ ယင်ရှန်ဘုရင် နှင့် ပေဟိုင်မြွေနက်တို့ကို ကြည့်လိုက်ပြီးနောက် အတွေးစတစ်ခုကို ရိပ်မိသွားသည်။
ဤတည်ရှိမှုများ အားလုံးမှာ အဆင့် ၉ အထွက်အထိပ်သို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။ နောက်ထပ် တစ်လှမ်းတည်း တိုးလိုက်ရုံဖြင့် မိုထျန်းတီကျန့် ကဲ့သို့သော ကောင်းကင်ဘုံတစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းသည် ကျင့်ကြံသူတစ်ဦးအတွက် အကြီးမားဆုံးသော ဆွဲဆောင်မှု ဖြစ်သည်။ အကယ်၍ သူတို့သာ အလိုရှိပါက ဤဆွဲဆောင်မှုကို ခုခံနိုင်စွမ်း မရှိကြချေ။
'ဒီမုန့်လုံးထဲမှာ အဆိပ်ရှိနေတာကို သူတို့ သိနေလို့သာ နောက်ဆုံးခြေလှမ်းကို မတက်ဘဲ ဆိုင်းငံ့နေကြတာပဲ ဖြစ်ရမယ်။'
ဤသို့တွေးမိသည်နှင့် ဖန့်ချန်မှာ အတော်အတန် အတတ်ပြောနိုင်သည်။ ယင်မသေမျိုးဖြစ်စေ၊ ယင်နတ်ဆိုးဖြစ်စေ လူသားမျိုးနွယ်များကဲ့သို့ပင် အဆင့် ၉ ပြီးနောက် အကန့်အသတ်ကို မကျော်ဖြတ်နိုင်ဘဲ ဆက်တက်ပါက ကောင်းကင်ဘုံတစ်ပိုင်း အဆင့်သို့သာ ရောက်သွားမည် ဖြစ်သည်။
၎င်းမှာ စစ်မှန်သော အခြေခံအုတ်မြစ် တည်ဆောက်ခြင်း လုပ်ငန်းစဉ်ကို ကျော်လွန်ပြီး၊ သူတစ်ပါး၏ အိမ် ကို လုယူရန် လက်နက်ကိုင်ဆောင် သွားခြင်းနှင့် တူညီသည်။ ဤလမ်းစဉ်သည် မှားယွင်းနေပြီး နောက်နောင် ကျင့်ကြံမှုလမ်းဆုံးသို့သာ ဦးတည်သွားစေမည် ဖြစ်သည်။
"စီနီယာအစ်မကြီး... ကျွန်တော် မြင်ရသလောက်တော့ ဟေးရီဧကရာဇ်ဟာ တစ်ကိုယ်တည်းသမား မဟုတ်ဘူး။ သူဟာ နတ်လမ်းစဥ်ဂိုဏ်းနဲ့ အဆက်အသွယ် ရှိနေပုံရတယ်"
ဖန့်ချန်က စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"သူက နတ်လမ်းစဥ်ဂိုဏ်းနဲ့ အဆက်အသွယ် ရှိနေတယ် ဟုတ်လား"
ရှဲ့အာမန်မှာ အနည်းငယ် ကြောင်အသွားသည်။
ဖန့်ချန်သည် ကျန်းရန်မဟာမိတ် သည် ယခင်ကတည်းက ပြင်ပမျိုးနွယ်စုများနှင့် ပူးပေါင်းရသည်ကို နှစ်သက်ကြောင်း သိထားသည်။ ကျန်းဝူးသူတော်စင်တစ်ပိုင်းသည် ထိုအလေ့အထကို ဆက်ခံထားပြီး လူသား၊ နတ်ဆိုး၊ မိစ္ဆာ ဟူ၍ ခွဲခြားနေမည် မဟုတ်ပေ။
ယခု ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုယ် ဝိညာဉ်မျိုးနွယ်ဝင် တစ်ဦးဖြစ်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်။
ပြင်ပအင်အားစုများသာ နယ်မြေကိုးခုအတွင်း ဝင်ရောက်စွက်ဖက်နိုင်ပါက၊ အခြားသူများ ကျွန်ဖြစ်သွားလျှင်ပင် သူက ဂရုစိုက်မည် မဟုတ်ချေ။
ယင်နတ်ဆိုးဖြစ်ရခြင်းက ဘာအရေးကြီးသနည်း
ထိုအစား သူသည် နတ်ဘုရားနယ်မြေရှိ ဝိညာဉ်မျိုးနွယ်စုများနှင့် အဆက်အသွယ်ရကာ ဝိညာဉ်မျိုးနွယ်အဖြစ်သို့ ကူးပြောင်းနိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ဒုက္ခသည်ဘဝမှ အဆင့်မြင့်မျိုးနွယ်စုဝင်အဖြစ် ပြန်လည်ရောက်ရှိကာ ကျင့်ကြံမှု အကန့်အသတ်ကို ကျော်ဖြတ်နိုင်မည့် အခွင့်အရေးကို ရရှိမည် မဟုတ်ပါလား။
"ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ဒီလူရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ၁၈ ထပ် ငရဲမျှော်စင်ဆီမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သတိထားပြင်ဆင်ထားဖို့ လိုတယ်"
ဖန့်ချန်က သတိပေးလိုက်သည်။
ရှဲ့အာမန်၏ မျက်မှောင်များ ကြုတ်သွားသည်။ ဟေးရီဧကရာဇ်အနေဖြင့် နတ်လမ်းစဥ်ဂိုဏ်းနှင့် ပူးပေါင်းရန် မည်သည့်အတွက်ကြောင့် လိုအပ်သနည်းဆိုသည်ကို သူမ နားမလည်နိုင်သေးချေ။
ထိုသို့လုပ်ခြင်းဖြင့် သူ ဘာအကျိုးအမြတ် ရမည်နည်း။
သူ့အတွက်မူ လက်ရှိမျက်မှောက်ရှိ ၁၈ ထပ် ငရဲမျှော်စင်သည်သာ အထင်ရှားဆုံးသော အကျိုးအမြတ် ဖြစ်သင့်သည်။
ယနေ့တွင် အဖွဲ့အသီးသီးမှ ယင်မသေမျိုးများ စုဝေးလာကြသလို၊ ယင်နတ်ဆိုးဘုရင် ကဲ့သို့သော တည်ရှိမှု နှစ်ပါးပင် ပေါ်ထွက်လာခြင်းမှာ ၁၈ ထပ် ငရဲမျှော်စင်ကြောင့်သာ ဖြစ်သည် မဟုတ်ပါလား။
"မင်းတို့လည်း မြင်တဲ့အတိုင်းပဲ၊ အခု ပေဟိုင်မြွေနက်က ငါနဲ့ ပူးပေါင်းလိုက်ပြီ။ မင်းတို့ ဒီမှာ ဆက်နေနေတာက ဘာထူးမှာလဲ"
ဟေးရီဧကရာဇ်က နယ်မြေသုံးခုမှ ကျင့်ကြံသူများကို လှောင်ပြုံးဖြင့် ကြည့်ကာ ဆိုသည်။
"အားလုံး ထွက်သွားကြတော့။ ငါသာ ငရဲမင်းအသစ် ဖြစ်လာရင် မင်းတို့ရဲ့ ဂိုဏ်းတွေကို နယ်စားပယ်စားတွေအဖြစ် ငါ ဘွဲ့နှင်းသဘင် ပေးပါ့မယ်"
နယ်မြေသုံးခုမှ ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမျှ လှုပ်ရှားခြင်း မရှိချေ။
ဤကဲ့သို့သော အချိန်တွင် သေမည်ကို သိနေသည့်တိုင်အောင် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားကြခြင်း ဖြစ်သည်။
"မသွားကြဘူးပေါ့ ဟုတ်လား ပေဟိုင်မြွေနက်... မင်းရဲ့ သစ္စာရှိမှုကို ပြရမယ့်အချိန် ရောက်ပြီ"
ဟေးရီဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ပေဟိုင်မြွေနက်သည် သူ၏ အမိန့်ကို အမှန်တကယ် နားထောင်ပြီး တောင်ပေါ်မှ ဖြည်းညှင်းစွာ လျှောဆင်းလာသည်။ ၎င်းဖြတ်သန်းသွားသော နေရာတိုင်းရှိ ယင်နတ်ဆိုးများမှာ အလိုအလျောက်ပင် ဘေးသို့ ဆုတ်ခွာပေးကြရသည်။ မြွေကြီးသည် နယ်မြေသုံးခုမှ ကျင့်ကြံသူများရှိရာသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
၎င်း၏ ကိုယ်ထည်မှာ အလွန်ပင် ကြီးမားလှပြီး၊ နီးကပ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ပိုမို ပြင်းထန်လာတော့သည်။
"မြွေစုတ်လေး တစ်ကောင်ကများ... ယင်လောကထဲမှာ အဖွဲ့အစည်း ထောင်ချင်နေတာလား"
ပေဟိုင်မြွေနက်မှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ကိုယ်လုံးကြီး တုန်ခါသွားသည်။
လူတိုင်း သတိလက်လွတ်ဖြင့် နောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"မသေမျိုးလှေ အစီရင်လား "
ကြီးမားလှသော အရာဝတ္ထုကြီးတစ်ခုသည် ဤနေရာသို့ ဖြည်းညှင်းစွာ ပျံသန်းလာနေသည်။ ၎င်း၏ အရွယ်အစားမှာ ပေဟိုင်မြွေနက်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော် လူတိုင်းက ထိုအရာဝတ္ထုကြီးသည် တစ်ဦးချင်းစီ စုပေါင်းထားသည့် အရာဖြစ်ကြောင်း မြင်နိုင်သဖြင့်၊ ယင်လောကထဲသို့ မသေမျိုးလှေ အစီရင်ရောက်ရှိလာခြင်း ဖြစ်သည်ဟု ထင်မှတ်သွားကြသည်။
သို့သော် အချို့က သေသေချာချာ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် အသက်ရှူမှားလုမတတ် ဖြစ်သွားကြသည်။
"ဒါက... ရှေးဟောင်း နဂါးနတ်ဘုရားနန်းတော် ပဲ..."
"နဂါးသူတော်စင် ရဲ့ အင်အားစုတွေ..."
ဟေးရီဧကရာဇ်သည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်ဝန်းများမှာ မကြုံစဖူး လေးနက်သွားသည်။ သို့သော် လက်ရှိ ရှေးဟောင်း နဂါးနတ်ဘုရားနန်းတော်သည် အတိတ်ကနှင့် လုံးဝ မတူတော့ကြောင်း တွေးမိလိုက်သည်နှင့် စိတ်ထဲမှ ပြန်လည် သက်သာရာ ရသွားသည်။
'ဒီနေရာက နယ်မြေကိုးခုပဲ၊ အရင်က နတ်ဘုရားနယ်မြေ မဟုတ်တော့ဘူး။ ရှေးဟောင်း နဂါးနတ်ဘုရားနန်းတော် ဆိုတာလည်း ဒုက္ခသည် အင်အားစုတွေထဲက တစ်ခုပဲ။ အဲဒီ နဂါးသူတော်စင်သာ အသက်ရှင်နေသေးရင်တောင်၊ သူကိုယ်တိုင် လမ်းဆုံးကို မလျှောက်ချင်ဘူးဆိုရင် သူ့ရဲ့ ကျင့်ကြံမှုက ငါ့ထက် သိပ်ပြီး သာလွန်နေမှာ မဟုတ်ဘူး။'
ဤသို့ တွေးတောပြီးနောက် ဟေးရီဧကရာဇ်သည် ယုံကြည်မှုများ ပြန်လည် ပြည့်ဝလာပြီး၊ နဂါးကြီးများ တစ်ကောင်ပြီးတစ်ကောင် စုပေါင်းထားသည့် နဂါးနတ်ဘုရား အစီရင်ကို လောကတစ်ခုလုံးကို အထက်စီးမှ ကြည့်နေသည့် အရှိန်အဝါဖြင့် တည်ငြိမ်စွာ စိုက်ကြည့်နေလေတော့သတည်း။