← Chapters

အခန်း (၁၉၀၃-၁၉၀၄)

Vol. 191 Ch. 1903-1904

အခန်း (၁၉၀၃-၁၉၀၄)

Vol. 191 Ch. 1903-1904

အခန်း (၁၉၀၃) - စိတ်ဓာတ်ရေးရာ သွေးထိုးလှုံ့ဆော်ခြင်း

ရှောင်ကွမ်းယင်သည် ကောက်ကျစ်စဉ်းလဲသော မျက်နှာထားရှိသည့် ထိုရဟန်းကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် သတိမထားမိနိုင်သော စက်ဆုပ်ရွံရှာဖွယ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် သူ၏ လေသံကို လျှော့ချ၍ တည်ငြိမ်စွာ ဆိုသည်။

"နတ်ဆိုးမျိုးနွယ်တွေရဲ့ ကိစ္စကိုတော့ နောက်မှ အစီအစဉ်ဆွဲရမယ်၊ အခု လောလောဆယ် ငါတို့ရဲ့ အဓိကပန်းတိုင်က ဒီအရာပဲ။"

သူသည် မနီးမဝေးရှိ ၁၈ ထပ် ငရဲမျှော်စင်ကို လက်ညှိုးညွှန်ပြလိုက်ပြီး

"၁၈ ထပ် ငရဲမျှော်စင်... ယင်လောကရဲ့ ထူးကဲရတနာပဲ။ အခု အင်အားစုအသီးသီးက ဒါကို လုနေကြတာ။ အကယ်၍သာ ဒီပစ္စည်းက ငါတို့လက်ထဲ ရောက်လာရင် ငါတို့ဟာ ယင်လောကရဲ့ ပြောရေးဆိုခွင့် အာဏာကို ရရှိလိမ့်မယ်။ အဲဒါဟာ လူ့လောက နယ်မြေကိုးခုကို ထိန်းချုပ်လိုက်တာနဲ့ အတူတူပဲ။ ဒီအရှိန်အဝါနဲ့တင် နတ်ဘုရားလောကကြီးရဲ့ အခင်းအကျင်းကိုပါ လွှမ်းမိုးနိုင်လိမ့်မယ်။"

"ကောင်းပြီလေ... ဒါဆို နတ်ဆိုးမျိုးနွယ်ကိစ္စကို နောက်ရွှေ့ထားလိုက်မယ်။ ဒီရတနာအတွက်ကတော့... မင်း စိတ်ချလိုက်စမ်းပါ၊ ငါတို့လူတွေ ရောက်ခါနီးပြီ... ဟဲဟဲ..."

"၁၈ ထပ် ငရဲမျှော်စင်ရဲ့ ဝါးမြိုနှုန်းက... စပြီး ကျဆင်းလာပြီ။"

ဖန့်ချန်သည် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မီးခိုးဖြူရောင် မျက်ဝန်းများထဲတွင် အလင်းတန်းများ လှည့်ပတ်နေသကဲ့သို့ ရှိသည်။

၁၈ ထပ် ငရဲမျှော်စင်သည် ကံကြမ္မာ အကျိုးဆက်များကို ဝါးမြိုနေသည့် အရှိန်မှာ စတင်လျော့နည်းလာချေပြီ။ တစ်စုံတစ်ရာ အမှားအယွင်း မရှိပါက နောက်ထပ် တစ်လ သို့မဟုတ် နှစ်လအတွင်း ဤအခြေအနေသည် ပြီးဆုံးသွားပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ၁၃ ထပ်၊ ၁၄ ထပ် နှင့် ၁၅ ထပ်ရှိ ဝိညာဉ်ကြွင်းများမှာလည်း အလုံးစုံ လောင်ကျွမ်းစစ်ထုတ်ခြင်း ခံရပြီး၊ ထိန်းချုပ်နိုင်သော ယင်စစ်သည်များအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုအခါ ဤမျှော်စင်ကို ပိုင်ဆိုင်သူသည် နယ်မြေကိုးခု၏ အခြေအနေကို အလုံးစုံ လွှမ်းမိုးနိုင်မည် ဖြစ်သည်။

"ငရဲမင်းအရှင်... ဒီယင်မိစ္ဆာကြီးတွေကလည်း ဟိုဘက်က တိုက်ပွဲထဲမှာ ပါဝင်တော့မယ့်ပုံပဲ။"

ဖားထျန်းအရှင်သခင်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ ဖန့်ချန်သည် အကြည့်ကို ရုပ်သိမ်းကာ ယင်မိစ္ဆာကြီးများထံသို့ ကြည့်လိုက်သည်။

၎င်းတို့သည် အင်အားစုအသီးသီးမှ ယင်မသေမျိုးများ၏ တိုက်ပွဲကြောင့် အာရုံစိုက်လာကြခြင်း ဖြစ်သည်။ ယင်မိစ္ဆာများ၏ အစားအစာကွင်းဆက်တွင် ယင်မသေမျိုးများသည် ဦးစားပေးအဆင့်တွင် ရှိကြသည်။ ယင်မသေမျိုးများကို စားခွင့်ရမည်ဆိုလျှင် အခြား ယင်ဝိညာဉ်များကို လှည့်ကြည့်မည် မဟုတ်ပေ။

ယင်မသေမျိုးများ၏ ကံကြမ္မာ အကျိုးဆက်မှာ စင်ကြယ်သဖြင့် စားရသည်မှာ အရသာရှိရုံသာမက ၎င်းတို့အတွက် အကျိုးကျေးဇူး အလွန်ကြီးမားလှသည်။

အချို့သော ယင်မိစ္ဆာကြီးများမှာ မအောင့်နိုင်တော့ချေ။ ၁၈ ထပ် ငရဲမျှော်စင်နားကို မကပ်ရဲကြသဖြင့် သူတို့၏ ပစ်မှတ်ကို ထိုဆူညံနေသော အစားအစာ အုပ်စုထံသို့ ပြောင်းလဲလိုက်ကြသည်။

ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ထိုယင်မိစ္ဆာကြီးများ စတင် လှုပ်ရှားလာကြသည်။ ကျန်ရှိသော ယင်ဝိညာဉ်များကလည်း နောက်မှ လိုက်ပါရင်း ဒီရေအလား တိုက်ပွဲဖြစ်ပွားရာသို့ တိုးဝင်သွားကြတော့သည်။

"မတိုက်ကြနဲ့တော့"

တာဝေ့စာကြည့်တိုက်မှ ခေါင်းဆောင် ယင်မသေမျိုးက ရုတ်တရက် အော်ဟစ်လိုက်သည်။

ရုတ်ရုတ်သည်းသည်း တိုက်ပွဲ သည် ချက်ချင်းပင် ရပ်တန့်သွားကာ အင်အားစုအသီးသီးသည် မိမိတို့ အခြေစိုက်စခန်းများဆီသို့ ဆုတ်ခွာသွားကြပြီး၊ အုံလိုက်ကျင်းလိုက် လာနေသော ယင်မိစ္ဆာကြီးများကို အေးစက်စက် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

"အသိဉာဏ်မရှိတဲ့ အောက်တန်းစား ယင်မိစ္ဆာလေးတွေကများ ငါတို့ကို အစာအဖြစ် သတ်မှတ်ရဲတယ်ပေါ့လေ။"

ဟေးရီနေအင်ပါယာမှ ခေါင်းဆောင်က လှောင်ပြုံးပြုံးရင်း ဖန့်ချန်ရှိရာသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

"ဖန့်ငရဲမင်း... ဒါ ခင်ဗျား နောက်ကွယ်ကနေ ကြိုးကိုင်ထားတာ မဟုတ်လား။"

ဖန့်ချန် အနည်းငယ် မှင်သက်သွားပြီးနောက် ပြန်လည် ရယ်မောပြောဆိုလိုက်သည်။

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါကသာ ယင်မိစ္ဆာကြီးတွေကို လွှမ်းမိုးနိုင်ရင် မင်းတို့တွေ အခုလောက်ဆို ပျောက်ကွယ်နေလောက်ပြီ။"

ဟေးရီနေအင်ပါယာ ခေါင်းဆောင်၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း သူ ဘာမှ ပြန်မပြောတော့ပေ။ သူ၏နောက်ကွယ်မှ အဆင့် ၉ ယင်မသေမျိုး နှစ်ဦးကိုသာ တစ်ချက် ကြည့်လိုက်ရာ ထိုသူနှစ်ဦး ရှေ့သို့ တိုးလာကြသည်။ သူတို့ လက်မောင်းများကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ထဲတွင် ယင်စွမ်းအား လေမုန်တိုင်းကြီးများ ဖြစ်ပေါ်လာတော့သည်။

ယင်မိစ္ဆာကြီးများ ထိုနေရာကို ဖြတ်ကျော်လာသည့်အခါ မုန်တိုင်းမှာ ပို၍ ကြမ်းတမ်းလာပြီး ၎င်းတို့ကို အပိုင်းပိုင်း အစစ ဖြစ်အောင် ဆွဲဖြဲပစ်လိုက်သည်။ အခြားအင်အားစုများမှ အဆင့် ၉ ယင်မသေမျိုးများလည်း တစ်ယောက်ပြီးတစ်ယောက် လက်နက်ထုတ်သုံးလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်မိစ္ဆာကြီး အချို့ကို ရှင်းထုတ်ပစ်လိုက်ကြသည်။ ကျန်ရှိသော ယင်မိစ္ဆာများမှာ ထိုမြင်ကွင်းကို မြင်သောအခါ လှည့်ပြန်၍ အရပ်ရပ်သို့ ထွက်ပြေးသွားကြတော့သည်။

"အသိဉာဏ် မရှိတာကြောင့် စည်းလုံးမှု မရှိဘူး၊ အဆင့် ၉ ယင်မိစ္ဆာကြီးတွေ ရှိနေရင်တောင် ငါတို့ကို အစစ်အမှန် ခြိမ်းခြောက်မှု မပေးနိုင်ပါဘူး။"

ယင်မသေမျိုးတစ်ဦးက အထင်အမြင်သေးစွာ ဆိုသည်။ သာမန် လေလွင့်ဝိညာဉ် သို့မဟုတ် ယင်လောကသို့ ကူးပြောင်းသူ များအတွက်မူ ဤယင်မိစ္ဆာကြီးများမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော် ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့တွင် အင်အားစုကြီးများကဲ့သို့ ကျောထောက်နောက်ခံ မရှိခြင်းကြောင့်သာ ဖြစ်သည်။

ရှေးယခင်ကတည်းက အင်အားစုကြီးများအတွက် ယင်မိစ္ဆာကြီးများဆိုသည်မှာ ဂရုစိုက်စရာ မလိုသော အရာများသာ ဖြစ်သည်။ ဉာဏ်ရည်ရော အစွမ်းတွင်ပါ စည်းကမ်းမဲ့လှသော ယင်မိစ္ဆာများကို သူတို့က အလွယ်တကူ နှိမ်နင်းနိုင်သည်။

ယင်မိစ္ဆာများ၏ ပြဿနာကို ဖြေရှင်းပြီးနောက် အင်အားစုအသီးသီးသည် တိုက်ပွဲကို ဆက်မတိုက်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ၁၈ ထပ် ငရဲမျှော်စင်၏ စုပ်ယူနှုန်း ကျဆင်းလာသည်ကို သူတို့လည်း သတိပြုမိသွားကြသောကြောင့် ဖြစ်သည်။

၎င်းက စုပ်ယူမှု ရပ်တန့်သွားသည့် အချိန်သည် ထိုရတနာနားသို့ ချဉ်းကပ်ရန်နှင့် သိမ်းပိုက်ရန် အကောင်းဆုံး အချိန် ဖြစ်ပေလိမ့်မည်။

"အားလုံးပဲ... ယင်မိစ္ဆာတွေက ဂရုစိုက်စရာ မလိုပေမဲ့၊ ဟိုက ငရဲမင်းကိစ္စကိုတော့ ခင်ဗျားတို့ သေချာ စဉ်းစားသင့်တယ်နော်။ အကယ်၍သာ ၁၈ ထပ် ငရဲမျှော်စင်က သူ့လက်ထဲ ရောက်သွားရင်၊ သူက ခင်ဗျားတို့ဘက်က ရပ်တည်ပေးမယ်လို့ ခင်ဗျားတို့ သေချာပေါက် အာမခံနိုင်လို့လား။"

တာဝေ့စာကြည့်တိုက်မှ ခေါင်းဆောင်က သူ၏ ယပ်တောင်ကို အသာအယာ ခတ်ရင်း

"ခင်ဗျားတို့ အားလုံးကလည်း ယင်လောကကို စိုးမိုးချင်တဲ့ ရည်မှန်းချက်တွေ ရှိကြတာပဲ။ ဒါဟာ မော်ထျန်းဌာနက ပုန်ကန်သူတွေနဲ့ ဘာများ ကွာလို့လဲ။ ဒီငရဲမင်းသာ အောင်မြင်သွားခဲ့ရင် ပထမဆုံး လုပ်မယ့် အလုပ်က ခင်ဗျားတို့လို ပုန်ကန်သူ တွေကို ရှင်းထုတ်ဖို့ပဲ ဖြစ်လိမ့်မယ်။"

ကျောက်စိမ်းနက်အကြီးအကဲနှင့် ကျန်သူများ၏ မျက်နှာထား ပြောင်းလဲသွားသည်။

အကယ်၍ ယင်လောကကို လောကီအင်ပါယာတစ်ခုဟု တင်စားမည်ဆိုလျှင် ဤသူ၏ စကားမှာ အဓိပ္ပာယ်ရှိသည်။ သူတို့နှင့် အခြားသူများမှာ နယ်ပယ်စား ပဒေသရာဇ်များ နှင့် တူညီပြီး၊ နောက်ဆုံးတွင် မည်သူ အောင်မြင်သည်ဖြစ်စေ တစ်ဖက်လူကို အမြစ်ပြတ် သတ်ဖြတ်လိမ့်မည် မဟုတ်ပေ။

သို့သော် ရှေ့မှ ဤငရဲမင်းမှာမူ အင်ပါယာပျက်၏ နောက်ဆုံး ဧကရာဇ်နှင့် တူညီသည်။ အမည်ခံ အခွင့်အာဏာသာ ရှိပြီး ပဒေသရာဇ်များကို အုပ်ချုပ်နိုင်စွမ်း မရှိချေ။ ယခု ပဒေသရာဇ်များ လုပ်ဆောင်နေသည်မှာ ဤနောက်ဆုံး ဧကရာဇ်၏ အာဏာကို ဖြိုဖျက်နေခြင်း ဖြစ်ရာ၊ အကယ်၍ တစ်ဖက်လူသာ အင်အားကြီးလာလျှင် သူတို့ကို အပြတ်ရှင်းမည်မှာ သေချာသလောက် ရှိနေသည်။

"စီနီယာတို့... မိစ္ဆာမျိုးနွယ်တွေရဲ့ သွေးထိုးလှုံ့ဆော်တဲ့ စကားကို မယုံကြပါနဲ့ "

လင်ပုချိက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ဆိုသည်။

"ဖန့်ငရဲမင်းဟာ အရင်ဆုံး လူသားမျိုးနွယ် ဖြစ်တယ်၊ အဲဒီနောက်မှ ငရဲမင်း ဖြစ်လာတာပါ။ ထိုက်ချန်းနယ်မြေ တိုက်ပွဲတုန်းကလည်း ဖန့်ငရဲမင်းဟာ လူသားမျိုးနွယ်ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့တာကို မြင်နိုင်ပါတယ်။

အဲလိုမဟုတ်ရင် သူက ဘာလို့ ထိုက်ချန်းနယ်မြေကို သွားပြီး အန္တရာယ်ခံမလဲ။ အကယ်၍ ဖန့်ငရဲမင်းသာ ယင်လောကကို အုပ်ချုပ်နိုင်ရင် ငါတို့ လူသားမျိုးနွယ်တွေအတွက် ပိုကောင်းမှာပါ။

မိစ္ဆာမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေသာ ယင်လောကကို အုပ်ချုပ်သွားရင် ငါတို့ လူသားတွေ လုံးဝ မျိုးပြုတ်သွားလိမ့်မယ်။"

လင်ပုချိ၏ စကားကြောင့် လူသားမျိုးနွယ် ယင်မသေမျိုးများ အနည်းငယ် စဉ်းစားသွားကြသည်။

"မင်းလို မျိုးဆက်သစ်လေးကများ စကားပြောရဲတယ်ပေါ့လေ။"

တာဝေ့စာကြည့်တိုက်မှ ခေါင်းဆောင်က လှောင်ပြုံးဖြင့်

"မင်း အခြေအနေကို သေချာ မြင်ရဲ့လား။ မင်းက ဟိုဖန့်ဆိုတဲ့လူဘက်က ရပ်တည်ချင်တယ်ဆိုရင်၊ သူက ဒီရတနာကို ပိုင်ဆိုင်ဖို့ အရည်အချင်းရှိလားဆိုတာ အရင်စဉ်းစားဦး။ အခုက လူသားတွေအတွက် နောက်ဆုံးအခွင့်အရေးပဲ။ လူသား၊ နတ်ဆိုး၊ မိစ္ဆာ ဆိုတဲ့ မျိုးနွယ်သုံးခု နယ်မြေကိုးခုမှာ ဟန်ချက်ညီညီ အတူရှိနေတာကမှ အနာဂတ်ပဲ "

"ငါ ကြားထားတာတော့... ပြင်ပက အစွမ်းထက်သူတွေ တောင် ဒီကို ရောက်နေပြီတဲ့။ အကယ်၍ ဒီမျှော်စင်ကို မော်ထျန်းဌာန ဌာနမှူးလက်ထဲ ပေးလိုက်ရင် သူက ဒါကို အားကိုးပြီး ကောင်းကင်ဘုံလမ်းစဉ် ကို တက်လှမ်းနိုင်ပြီး နယ်မြေကိုးခုကို ကာကွယ်ပေးနိုင်လိမ့်မယ်။"

ဟေးရီနေအင်ပါယာ ခေါင်းဆောင်က ဆိုသည်။

"ငါတို့ မိစ္ဆာမျိုးနွယ်တွေတောင် နယ်မြေကိုးခုရဲ့ အနာဂတ်အတွက် စဉ်းစားနေတာ... ခင်ဗျားတို့ လူသားတွေက ကိုယ်ကျိုးအတွက်နဲ့ အများအကျိုးကို ဖျက်ဆီးတော့မှာလား။ နယ်မြေကိုးခုသာ ကျဆုံးသွားရင် ငါတို့အားလုံး ဘာမှ မဟုတ်တော့ဘူး။"

"ကောင်းကင်ဘုံလမ်းစဉ်ဆိုတာ မျှတပါတယ်။ ယင်လောကကို ကောင်းကင်ဘုံလမ်းစဉ်က အုပ်ချုပ်မှသာ ငါတို့ မျိုးနွယ်သုံးခုလုံးကို တန်းတူညီတူ ဆက်ဆံလိမ့်မယ်။"

ကျိုယိုမသေမျိုးဂိုဏ်း ခေါင်းဆောင်က အေးအေးဆေးဆေး ဆိုသည်။

သူ၏စကားကြောင့် လူသားမျိုးနွယ် ယင်မသေမျိုး အတော်များများ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။

"စကားတွေကတော့ ကောင်းပါပေတယ်။ ကောင်းကင်ဘုံလမ်းစဉ်က မျှတတယ် ဟုတ်လား... တကယ်လို့သာ ကောင်းကင်ဘုံလမ်းစဉ်က မျှတရင် မင်းတို့ မိစ္ဆာမျိုးနွယ်တွေ ဒီနေရာကို ခြေချခွင့် ရပါ့မလား။"

ဟိန်းထွက်လာသော အသံကြီးတစ်သံသည် အဝေးမှ ပဲ့တင်ထပ်လာသည်။ အမည်းရောင် မြူခိုးများသည် နက်မှောင်သော နဂါးကြီးတစ်ကောင်အသွင် ပြောင်းလဲနေပြီး၊ ထိုနဂါးပေါ်တွင် လူပေါင်း ရာနှင့်ချီ၍ ပါလာကြသည်။

ခေါင်းဆောင်လာသူမှာ ရဲရင့်ပြတ်သားသော အသွင်ရှိပြီး၊ သူမ၏ အေးစက်သော အကြည့်များဖြင့် ထိုက်ချန်းနယ်မြေမှ မိစ္ဆာယင်မသေမျိုးများကို စိုက်ကြည့်နေသည်။

"ရှဲ့အာမန် ရောက်လာပြီ..."

ကျောက်စိမ်းနက်အကြီးအကဲ အပါအဝင် အားလုံး၏ မျက်နှာထားမှာ လေးနက်သွားကြသည်။

ချန်အင်းရွှယ် သည် ရှဲ့အာမန်၏ နောက်ကွယ်တွင် ရပ်နေရင်း အရပ်မျက်နှာအနှံ့ ဝေ့ကြည့်လိုက်ရာ ဖန့်ချန်ကို မြင်သောအခါ မျက်စိတစ်ဖက်ကို ချစ်စဖွယ် မှိတ်ပြလိုက်သည်။

ဖန့်ချန်သည် ထိုမြင်ကွင်းကြောင့် မရယ်ဘဲ မနေနိုင်တော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

ကျွယ်မင်ယင်လောက မှ လာသော အဖွဲ့မှာ အတော်လေး တောင့်တင်းလှသည်။ ၎င်းတို့အထဲတွင် အဆင့် ၉ နှင့် နှိုင်းယှဉ်နိုင်သော ယင်မသေမျိုး အရှိန်အဝါ နှစ်ခုထက်မက ပါဝင်နေသည်ကို သူ ခံစားမိလိုက်လေတော့သည်။

အခန်း (၁၉၀၄) - လမ်းပိတ်ဆို့ခြင်း

ကျွယ်မင်ယင်လောက၏ အဖွဲ့သားများ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တာဝေ့စာကြည့်တိုက်မှ ခေါင်းဆောင် ယင်မသေမျိုးမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

ထိုက်ချန်းနယ်မြေမှ ယင်မသေမျိုးများဖြစ်စေ၊ စိတ်ဝိညာဉ်နယ်မြေ သို့မဟုတ် နတ်ဘုရားဘုရင်နယ်မြေမှ ယင်မသေမျိုးများဖြစ်စေ အားလုံးက ရှဲ့အာမန်ကို ခြောက်ခြားတုန်လှုပ်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ဤမျှများပြားလှသော ထိပ်သီးအင်အားစုများထဲတွင် အဖွဲ့အစည်းအသီးသီး၏ အဆင့် ၉ ကျင့်ကြံသူများသည် ဆက်ခံမည့်သူကို မွေးမြူခြင်း မရှိကြသေးချေ။ သို့သော် ကျွယ်မင်နန်းတော် တွင်မူ သတင်းများ ပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်သည် ရှဲ့အာမန်သည် ကျွယ်မင်နန်းတော် သခင်ကိုယ်တိုင် မြေတောင်မြှောက်ပေးထားသည့် ဆက်ခံသူဖြစ်သည်ဟူ၍။

ဤဂုဏ်ပုဒ်တစ်ခုတည်းနှင့်ပင် ရှဲ့အာမန်၏ မနိမ့်လှသော စွမ်းဆောင်ရည်များ ပေါင်းစပ်လိုက်လျှင် သူမသည် သာမန်အဆင့် ၈ မသေမျိုးများထက် ပို၍ ထူးကဲမြင့်မြတ်ရန် လုံလောက်ပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျွယ်မင်ယင်လောကအဖွဲ့သည် ဖန့်ချန်၏အနားသို့ ရောက်ရှိလာကြသည်။

"ကိုးယောက်မြောက်... ဒီတစ်ခေါက် ငါတို့ ကျွယ်မင်နန်းတော်က မင်းဘက်က ရပ်တည်ပေးမယ်၊ ဘယ်သူပဲဖြစ်ဖြစ် လက်လှုပ်ရဲရင် အဲဒီလက်ကို ဖြတ်ပစ်လိုက်မယ်။"

ရှဲ့အာမန်က ပြုံးလျက် ဆိုလိုက်သည်။

"အကြီးအကဲက ပြောတယ်... ဒီတစ်ခေါက်မှာ ဘယ်လိုပေးဆပ်မှုမျိုးပဲ ဖြစ်ဖြစ် လုပ်ပြီး မင်းကို ငရဲမင်းအရှင်တစ်ယောက် ပိုင်ဆိုင်သင့်တဲ့ အခွင့်အာဏာတွေရအောင် လုပ်ပေးရမယ်တဲ့။"

ချန်အင်းရွှယ်ကလည်း ပြုံးရွှင်စွာ ပြောသည်

"ဒါကြောင့် ဒီနေ့ မင်းမှာ ဘာလက်နက်တွေ ရှိလဲ အကုန်ထုတ်သုံးလိုက်တော့၊ အားအင်တွေ ချန်မထားနဲ့ဦး။"

"နန်းတော်သခင်ဘက်ကရော ဘာသဘောထားရှိလဲ။"

ဖန့်ချန်က မေးလိုက်သည်။

"စိတ်ချပါ... သူလည်း မင်းဘက်ကပဲ။ မင်းက ကျွယ်မင်နန်းတော်ရဲ့ နံပါတ်ကိုးဖြစ်သလို ယင်လောကရဲ့ ငရဲမင်းလည်း ဖြစ်နေတာပဲ၊ ငါတို့က ဘာအကြောင်းကြောင့် သူစိမ်းတွေနဲ့ ပေါင်းပြီး မင်းကို တိုက်ခိုက်ရမှာလဲ။"

ချန်အင်းရွှယ်က အေးအေးဆေးဆေး ဆိုလိုက်သော်လည်း သူမ၏ အကြည့်မှာ ကျောက်စိမ်းနက်အကြီးအကဲနှင့် အဖွဲ့သားများထံသို့ ကျရောက်သွားသည်။

"ရှင်တို့တွေလည်း လူသားကျင့်ကြံသူတွေပဲ၊ ဘာအကြောင်းကြောင့် မိစ္ဆာမျိုးနွယ်တွေရဲ့ သွေးထိုးမှုကို ခံနေရတာလဲ။"

"အဟမ်း... အဟမ်း..."

ကျောက်စိမ်းနက်အကြီးအကဲက ချောင်းတစ်ချက်ဟန့်လိုက်ပြီး

"ငါတို့ကတော့ မိစ္ဆာတွေဘက်က မရပ်တည်ပါဘူး၊ ဒါပေမဲ့ ယင်လောက ရတနာကိုတော့ ငါတို့လည်း လုရမှာပဲလေ။"

"ဘာတွေကို လုနေဦးမှာလဲ။"

ချန်အင်းရွှယ်က နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။

"ယင်လောကမှာငရဲမင်းရှိပြီးသားပဲ၊ ရှင်တို့က ဆက်ပြီး လုနေဦးမယ်ဆိုရင် ပုန်ကန်သူတွေနဲ့ ဘာကွာမှာလဲ။ မော်ထျန်းဌာနရဲ့ နောက်ကြောင်းကို မမေ့နဲ့ဦး၊ သူတို့က ရှေးယခင်ကတည်းက နတ်ဆိုးမျိုးနွယ်ရဲ့ လက်ကျန်အကြွင်းအကျန်တွေပဲ။ ရှင်တို့တွေသာ လုနေကြရင် သူတို့အတွက် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။"

"ငါတို့ကို အများအကျိုးဆိုတဲ့ စကားလုံးတွေနဲ့ လာမဖိအားပေးပါနဲ့။ အကယ်၍ ဒီဖန့်ငရဲမင်းမှာသာ စွမ်းဆောင်ရည်ရှိရင် ဒီနေ့လို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။"

လယဉ်နန်းတော်မှ ခေါင်းဆောင် ယင်မသေမျိုးက တိုးညှင်းစွာ ဆိုသည်။

"ကြည့်ရတာ နတ်ဘုရားဘုရင်နယ်မြေက ကျင့်ကြံသူတွေကို ပြောလို့မရတော့ဘူးပဲ... ထားလိုက်ပါတော့။"

ရှဲ့အာမန်က ပြုံးလိုက်ပြီး အကြည့်ကို ထိုက်ယီမသေမျိုးဂိုဏ်း၊ သွေးသားနန်းတော်နှင့် ကြယ်တစ်သောင်းနန်းတော်မှ ခေါင်းဆောင်များထံသို့ ပို့လိုက်သည်။

"ရှင်တို့ သုံးယောက်ကရော... ဘာသဘောလဲ။"

"တကယ်တော့ ငါတို့ စိတ်ဝိညာဉ်နယ်မြေက အုပ်စုတွေက မူဝါဒပိုင်းမှာ အတူတူ ရှေ့ဆက်သင့်တာပါ၊ ဒါပေမဲ့ ဒီကိစ္စက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူးလေ... ငါတို့လည်း နည်းနည်းလောက် ကြိုးစားကြည့်ချင်သေးတယ်။"

ကြယ်တစ်သောင်းနန်းတော်မှ ခေါင်းဆောင်က ဝေခွဲမရဟန်ဖြင့် ဆိုသည်။

လင်ပုချိ ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူ၏ စိတ်ထဲတွင်မူ ယင်လောက တိုက်ပွဲကို စွန့်လွှတ်ပြီး လက်ရှိ ငရဲမင်းနှင့် ပူးပေါင်းရန်သာ ပို၍ ဆန္ဒရှိနေသည်။

သို့သော် အင်အားစုအသီးသီးသည် ယင်လောကကို ထိန်းချုပ်နိုင်မည့် အခွင့်အရေးကို လုံးဝ လက်လွှတ်မည် မဟုတ်ကြောင်း သူ နားလည်ပါသည်။ ငရဲမင်းနှင့် အရင်းနှီးဆုံးဖြစ်သည့် ကျွယ်မင်နန်းတော်မှလွဲ၍ ကျန်သူများမှာ အတူတူပင်။ သွေးသားနန်းတော်နှင့် ထိုက်ယီမသေမျိုးဂိုဏ်းတို့သည်လည်း ထိုသဘောထားကိုပင် ပြသကြသည်။

တာဝေ့စာကြည့်တိုက်မှ ခေါင်းဆောင်သည် ထိုမြင်ကွင်းကို ကြည့်ကာ မလှောင်ဘဲ မနေနိုင်တော့ချေ။

"ရှဲ့အာမန်... ၁၈ ထပ် ငရဲမျှော်စင် ပေါ်လာကတည်းက မင်းတို့ လူသားမျိုးနွယ်တွေ လက်တွဲဖို့ဆိုတာ မတွေးနဲ့တော့။ လူတိုင်းမှာ ကိုယ်ကျိုးအတ္တ ရှိကြတာပဲ၊ ယင်လောကကို အုပ်ချုပ်နိုင်မယ့် အခွင့်အရေးကို ဘယ်သူက ငြင်းပယ်နိုင်မှာလဲ။"

ရှဲ့အာမန်က ရယ်မောလိုက်ပြီး

"ဒါဆိုရင်လည်း ဒီအတိုင်းပဲ စောင့်ကြည့်နေကြတာပေါ့၊ ဘယ်သူမှ အရင်မလှုပ်နဲ့၊ အရင်လှုပ်တဲ့လူက အရင်သေမယ်။"

အားလုံး၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။ တစ်ဦးကိုတစ်ဦး အကဲခတ်ကြည့်လိုက်သောအခါ လက်ရှိအခြေအနေမှာ ရှဲ့အာမန် ပြောသကဲ့သို့ပင် ဖြစ်နေသည်။

အကယ်၍ မည်သူမဆို အရင်လှုပ်ရှားလျှင် ကျန်ရှိသောလူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပြီး အသက်ပျောက်သွားပေလိမ့်မည်။ ကံကောင်းသည်မှာ ၁၈ ထပ် ငရဲမျှော်စင်သည် ငြိမ်သက်မသွားသေးသဖြင့် နောက်ပိုင်းအခြေအနေကို မည်သူမျှ မခန့်မှန်းနိုင်ကြသေးခြင်းပင်။

တာဝေ့စာကြည့်တိုက်မှ ခေါင်းဆောင်သည်လည်း ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

"ကိုးယောက်မြောက်... ဘယ်လောက်လောက် အပိုင်ရနိုင်မလဲ။"

ရှဲ့အာမန်က ၁၈ ထပ် ငရဲမျှော်စင်ကို လှမ်းကြည့်ရင်း လေးနက်စွာ မေးလိုက်သည်။

"ပြောရခက်တယ်လေ။"

ဖန့်ချန်က အသာအယာ ခေါင်းခါပြသည်

"အင်အားစု အတော်များများ ရောက်နေကြပြီ ဆိုပေမဲ့၊ တချို့ အင်အားစုတွေ မရောက်သေးဘူး၊ တချို့ကတော့ အနားမှာ ပုန်းနေကြတာ ဖြစ်နိုင်တယ်။ သူတို့တွေ လူကိုယ်တိုင် မပြသေးတာက လုပ်ကြံဖို့ အခွင့်အရေး စောင့်နေတာပဲ။ အထူးသဖြင့် နတ်လမ်းစဥ်ဂိုဏ်း နဲ့ မော်ထျန်းဌာန တို့ အခုထိ ပေါ်မလာသေးဘူး။"

ဤနှစ်ခုမှာ အရေးအကြီးဆုံးသော အင်အားစုများ ဖြစ်သည်။ မသေမျိုးလောကငယ် မှ လူများသည် ယင်လောကသို့ ကူးပြောင်းခြင်းကို မနှစ်သက်ကြသလို အောက်ခြေလူများကိုလည်း ခွင့်မပြုကြပေ။ ထို့ကြောင့် မသေမျိုးလောကငယ်သည် ယင်လောကတွင် အင်အားမရှိသလောက်ပင်။

သို့သော် မသေမျိုးလောကငယ်တွင်လည်း ကောင်းကင်ဘုံလမ်းစဉ်သို့ တစ်ဝက်ခြေလှမ်း တက်လှမ်းထားသည့် ၊ နတ်ဆိုးမျိုးနွယ်ဘက်က ရပ်တည်နေသော နတ်ဘုရားမှန် ဆိုသူ ရှိနေသည်။ ထိုသူသည် ယင်လောကသို့ ရောက်လာနိုင်သည့် အလားအလာမှာ အနည်းဆုံး ၅၀ မှ ၆၀ ရာခိုင်နှုန်း ရှိသည်။ နတ်လမ်းစဥ်ဂိုဏ်းနှင့် မော်ထျန်းဌာနတို့ ရောက်လာနိုင်ခြေမှာမူ ၉၉ ရာခိုင်နှုန်းပင်။

"၁၈ ထပ် ငရဲမျှော်စင် ပေါ်ထွက်လာတဲ့ ဒီလို ကိစ္စကြီးကို နတ်လမ်းစဥ်ဂိုဏ်းနဲ့ မော်ထျန်းဌာနတို့ ဘယ်လိုလုပ် လွဲချော်ခံမှာလဲ။ ဒါပေမဲ့ အခုထိ သူတို့ရဲ့ အဓိကပုဂ္ဂိုလ်တွေ ရောက်မလာသေးတာက သိပ်ပြီး ထူးဆန်းနေတယ်။"

ဖန့်ချန်က ဆိုသည်။

ချန်အင်းရွှယ်နှင့် ကျွယ်မင်နန်းတော်မှ အမာခံများအားလုံး ဖန့်ချန်ကို ကြည့်လိုက်ကြသည်။

"ကိုးယောက်မြောက်... မင်းဆိုလိုတာက..."

ချန်အင်းရွှယ်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး

"သူတို့တွေ လမ်းမှာ တစ်စုံတစ်ယောက်ရဲ့ တားဆီးခြင်းကို ခံထားရတာလား။"

"အဲဒါ ဖြစ်နိုင်ခြေ ရှိတယ်။"

ရှဲ့အာမန်က အသာအယာ ခေါင်းညိတ်သည်

"နတ်လမ်းစဥ်ဂိုဏ်းရဲ့ နတ်ဘုရားစာရင်း ၊ မသေမျိုးလောကငယ်ရဲ့ နတ်ဘုရားမှန် ၊ ပြီးတော့ မော်ထျန်းဌာနရဲ့ ဌာနမှူး... ဒီသုံးယောက်လုံးက နတ်ဆိုးမျိုးနွယ်က ဆင်းသက်လာတဲ့ ကောင်းကင်ဘုံတစ်ပိုင်းတွေပဲ။

ပြောရမယ်ဆိုရင် နယ်မြေကိုးခုမှာ အပေါ်ယံအားဖြင့် အင်အားအကြီးဆုံးက နတ်ဆိုးမျိုးနွယ်ပဲ ဖြစ်သင့်တယ်။ မိစ္ဆာမျိုးနွယ်နဲ့ ငါတို့ လူသားမျိုးနွယ်တွေကတော့ အင်အားချင်း မတိမ်းမယိမ်းပဲ၊ မိစ္ဆာတွေဘက်မှာ အဆင့် ၉ နည်းနည်း ပိုများတာကလွဲရင်ပေါ့။"

သူမ ခေတ္တရပ်လိုက်ပြီး

"အကယ်၍ နတ်ဆိုးမျိုးနွယ်ရဲ့ကောင်းကင်ဘုံတစ်ပိုင်း သုံးယောက်ကို တားဆီးထားချင်တယ်ဆိုရင် ငါတို့ လူသားမျိုးနွယ် တစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ဘူး။"

"စီနီယာအစ်မကြီး.. ဆိုလိုတာက... မိစ္ဆာမျိုးနွယ်တွေက ဒီကိစ္စမှာ ငါတို့ လူသားတွေနဲ့ တိတ်တဆိတ် နားလည်မှု ယူထားတာလား။"

တစ်ဦးက အံ့သြစွာ မေးလိုက်သည်။

"သေချာတော့ မပြောနိုင်ဘူး၊ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ ရှိတာပဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ ကောင်းကင်ဘုံတစ်ပိုင်း တွေ နောက်ဆုံးမှာ ရောက်လာမလားဆိုတာပဲ စောင့်ကြည့်ရမှာပဲ"

ရှဲ့အာမန်က ပြုံးလျက် ဆိုသည်။

ကျယ်ပြောလှသော လွင်ပြင်ကြီးတစ်ခုတွင် သက်ကြီးရွယ်အို နှစ်ဦးသည် မျက်နှာချင်းဆိုင် ထိုင်လျက် ရှေ့မှ စစ်တုရင်ခုံကို လေ့လာနေကြသည်။

"ငါသာ ဒီနေရာကို ချလိုက်ရင် မင်း ရှုံးပြီ"

ဖန့်ကျန့်ထျန်း က အတော်ကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်။

ယွမ်ဟယ် က ပြုံးလျက် ခေါင်းခါပြသည်

"သေချာပေါက် မရှုံးနိုင်ပါဘူး၊ မင်း အကွက်တစ်ခု လိုသွားတယ်။"

"ငါ လိုသွားတာလား။"

ဖန့်ကျန့်ထျန်းက ဝေခွဲမရဟန်ဖြင့် စဉ်းစားနေပြီးနောက် မနီးမဝေးရှိ မိန်းမပျိုလေးတစ်ဦးကို လှမ်းမေးလိုက်သည်။

"မိန်းကလေး... ငါတို့ အဖိုးကြီး နှစ်ယောက်ရဲ့ ဒီစစ်တုရင်ပွဲမှာ ဘယ်သူ အသာစီး ရနေလဲဆိုတာ ကူကြည့်ပေးပါဦး။"

လူဖုန်းရှန်း သည် သူမ၏ လှပသော မျက်ခုံးအစုံကို တွန့်ချိုးလျက် ဘာမှ ပြန်မပြောပေ။ သူမ၏နောက်ကွယ်တွင် လူပေါင်း ဆယ်ဂဏန်းခန့် ရပ်နေကြပြီး အားလုံးမှာ အရှိန်အဝါ မြင့်မားနက်နဲလှသော ယင်မသေမျိုးများ ဖြစ်ကြသည်။

"စီနီယာ နှစ်ယောက်လုံး... ရှင့်တို့ နှစ်ယောက် ပူးပေါင်းရင်တောင် ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး၊ ဘာလို့ ဒီလို လုပ်နေရတာလဲ။"

သူမက တည်ငြိမ်စွာ ဆိုသည်။

"ဒါဆိုရင်လည်း မိန်းကလေးက ငါတို့ အဖိုးကြီး နှစ်ယောက်ကို လက်မပါနဲ့လေ၊ ဒီမှာ ငါတို့ စစ်တုရင် ကစားတာကိုပဲ ကြည့်နေပြီးတော့ လိမ္မာပါးနပ်စွာနဲ့ ပြန်သွားရင် ဘယ်လိုလဲ။"

ဖန့်ကျန့်ထျန်းက ရယ်မောလျက် ဆိုသည်။

"ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ရှင့်တို့ ကျွန်မကို တားလို့မရသလို၊ ကျန်တဲ့လူတွေလည်း တခြား နှစ်ယောက်ကို တားနိုင်မှာ မဟုတ်ဘူး။"

လူဖုန်းရှန်းက အသာအယာ ခေါင်းခါလိုက်သည်

"မိစ္ဆာမျိုးနွယ်ပဲဖြစ်ဖြစ်၊ လူသားမျိုးနွယ်ပဲဖြစ်ဖြစ် ဒီနေ့မှာတော့ ရှင်တို့ ရှုံးနိမ့်သွားပါပြီ၊ အလဟဿ ခုခံမနေပါနဲ့တော့။ နယ်မြေကိုးခုဟာ ငါတို့ နတ်ဆိုးမျိုးနွယ်တွေရဲ့ လက်ထဲကို ပြန်ရောက်သင့်ပြီ။"

"မိန်းကလေးက သိပ်ကို ရိုးအတာပဲ၊ ဒါက မျိုးနွယ်စုရဲ့ ကံကြမ္မာ တိုက်ပွဲပဲလေ။ ဒီနေ့မှာ လူသားမျိုးနွယ် တစ်ယောက်တည်း ကျန်ရင်တောင် ငြိမ်ခံနေရမယ့် အကြောင်းပြချက် မရှိဘူး။ ပိုပြီးတော့... ငါတို့ဘက်မှာ လူတွေ အများကြီး ရှိသေးတယ်လေ။"

ယွမ်ဟယ်က ပြုံးလိုက်သည်။

မီးခိုးရောင် မြူခိုးများ အလိပ်လိုက် ထွက်ပေါ်လာပြီး၊ ယင်လောက၏ ကျယ်ပြောလှသော လွင်ပြင်ထက်တွင် ယန်နတ်ဘုရား ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။

သူတို့သည် အဖိုးကြီးနှစ်ဦး၏ ဘေးတွင် ရပ်လျက် လူဖုန်းရှန်းကို ငြိမ်သက်စွာ စိုက်ကြည့်နေကြလေတော့သည်။

All Chapters