အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃)
အဖွားချွမ်၏ အလည်အပတ်
လွန်ခဲ့သော ငါးရက်ခန့်က စတင်ရွာသွန်းခဲ့သော ဆီးနှင်းများမှာ ယခုတိုင် မစဲသေးဘဲ အပြင်ဘက်တွင် ထူထပ်သော နှင်းလွှာကြီး ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ယောင်ရန်သည် အပြင်ဘက်မှ အခြေအနေများကို အကဲခတ်နေစဉ်မှာပင် လှေကားထစ်များကို ပိတ်ဆို့ထားသည့် သံတံခါးဆီမှ တံခါးခေါက်သံတစ်ခု ကြားလိုက်ရလေသည်။
အချိန်မှာ စောသေးသဖြင့် လူတိုင်းမှာ အိပ်မောကျနေဆဲ ဖြစ်သည်။ ယောင်ရန်သည် လုပ်စရာ ထွေထွေ ထူးထူး မရှိသဖြင့် အပြင်သို့ထွက်၍ သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
တံခါးဝ၌ အဖွားချွမ် ဖြစ်နေသည်ကို မြင်သောအခါ သူမက မေးလိုက်လေသည်။
"အဖွားချွမ်...၊ ဒီလောက်အေးတဲ့ ရာသီဥတုမှာ ဘာလို့ အပြင်ထွက်လာတာလဲ...။"
အဖွားချွမ်က ပြုံးလျက်၊
"မိန်းကလေးယောင်ကို ကျေးဇူးလာတင်တာပါ...။ မိန်းကလေးယောင်က ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်ပါပဲ...။"
ယောင်ရန်သည် အဖွားချွမ်က အဘယ်ကြောင့် ရုတ်တရက် သည်ကဲ့သို့ ပြောရသလဲဆိုသည်ကို နားမ လည်နိုင်ဘဲ ခေါင်းခါယမ်းကာ ပြောလိုက်လေသည်။
"အဖွားချွမ်...၊ ကျွန်မ အဖွားတို့အတွက် ဘာမှ ထွေထွေထူးထူး မလုပ်ပေးခဲ့ရပါဘူး...။"
အဖွားချွမ်သည် စည်သွပ်ဗူးအချို့ကို ထုတ်ယူရင်း ပြောလိုက်၏။
"မိန်းကလေးယောင် ပြောတာ မဟုတ်ပါဘူး...၊ မိန်းကလေး တိုက်ခဲ့တဲ့ ဂျင်းလက်ဖက်ရည်သာ မရှိရင် ကျွန်မနဲ့ အဘိုးကြီး ဒီနေ့အထိ အသက်ရှင်နေမှာ မဟုတ်ဘူး...။ ဒါက ကျွန်မတို့ရဲ့ စေတနာအနည်းငယ် မို့လို့ မနှမြောဘဲ လက်ခံပေးပါနော်...။"
ယောင်ရန်သည် ထိုစည်သွပ်ဗူးများကို ကြည့်လိုက်၏။ ဗူးတစ်ဗူးလျှင် သုံးရာမှ လေးရာဂရမ်ခန့် အလေး ချိန်ရှိပြီး မိသားစုတစ်စုလုံး၏ ထမင်းတစ်နပ်စာအတွက် လုံလောက်လှပေသည်။ ယခုကဲ့သို့ စားနပ် ရိက္ခာ များ အလွန်အမင်း ရှားပါးနေသော အချိန်တွင် အဖွားချွမ်၏ လက်ဆောင်ကို သူမ မလက်ခံနိုင်ပေ။
"အဖွားချွမ်...၊ ကျွန်မ အဖွားရဲ့ ရိက္ခာတွေကို မယူပါရစေနဲ့၊ ဒါပေမဲ့ အဖွားရဲ့ စေတနာကိုတော့ လက်ခံပါ တယ်...။ အခု ရေတွေလည်း ခဲကုန်ပြီဆိုတော့ ပစ္စည်းအများစုကိုလည်း အသုံးပြုလို့ မရတော့ဘူး...။ ဒီ ရိက္ခာတွေကို အဖွားတို့ မိသားစုအတွက်ပဲ သိမ်းထားလိုက်ပါ...။"
ယောင်ရန်သည် စည်သွပ်ဗူးများကို အဖွားချွမ်၏ လက်ထဲသို့ ပြန်လည်တွန်းပို့ရင်း ပြောလိုက်လေသည်။
အဖွားချွမ်ကလည်း ထိုဗူးများကို သူမထံ ပြန်ပေးကာ၊
"ကျွန်မရဲ့ အဘိုးကြီးနဲ့ မြေးလေးကလည်း သဘောတူပြီးသားမို့လို့...၊ စိတ်အေးအေးထားပြီး လက်ခံ လိုက်ပါ...။"
အဖွားချွမ်က သူမ လက်ခံသည်အထိ အတင်းအကျပ် တိုက်တွန်းနေသဖြင့် ယောင်ရန်မှာ အကူအညီ မဲ့သွားလေတော့သည်။ သူမသည် အသေးဆုံးဗူးတစ်ဗူးကိုသာ ယူလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"အဖွားချွမ်...၊ အဖွားက ကျွန်မကို ကျေးဇူးတင်ဖို့သက်သက်ပဲ လာတာ မဟုတ်ဘူး မဟုတ်လား...။ ကျွန်မ ကူညီပေးရမယ့် ကိစ္စများ ရှိလို့လား...။"
သူမ၏ မေးခွန်းကို ကြားသောအခါ အဖွားချွမ်သည် သက်ပြင်းချလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်လေ သည်။
"မိန်းကလေးယောင် ...၊ ဒီရပ်ကွက်ထဲမှာ တစ်ခုခု ဖြစ်တော့မယ်လို့ ကျွန်မ ခံစားနေရတယ်...။"
အဖွားချွမ်၏ စကားကြောင့် ယောင်ရန်မှာ စိတ်ဝင်စားသွားပြီး စူးစမ်းစွာ မေးလိုက်လေသည်။
"အဖွားချွမ်...၊ အဲဒါ ဘာကို ဆိုလိုတာလဲ...။"
အဖွားချွမ်က ရှင်းပြလေသည်။
"ပြီးခဲ့တဲ့ ရက်အနည်းငယ်က လူဟုန်က သူ့လူတွေကို ခေါ်ပြီး ကျွန်မတို့ အဆောက်အအုံထဲက အိမ် တချို့ကို ရိုက်ဖွင့်ခဲ့တယ်...။ ပြီးတော့ စားစရာတွေ၊ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေနဲ့ သစ်သားပရိ ဘောဂတွေကို ယူသွားကြတယ်...။"
ယောင်ရန်သည် ထိုအကြောင်းကို ချွမ်ယွမ်ဝေ့ထံမှ ကြားသိထားပြီး ဖြစ်သဖြင့် ပြန်ပြောလိုက်လေ၏။
"အဖွားရဲ့ မြေးဆီက ကြားရတာတော့ လူဟုန်က ပိုင်ရှင်တွေ သေဆုံးသွားတဲ့ အိမ်တွေကိုပဲ ရိုက်ဖွင့် တာလို့ သိရတယ်...။ သူ ဒီလိုလုပ်တာက တစ်ခုခု မှားယွင်းနေလို့လား...။"
အနီးအနားတွင် ရိက္ခာများ ရှာမတွေ့နိုင်တော့သည့် အခြေအနေ၌ လူဟုန်၏ လုပ်ရပ်မှာ မမှားကြောင်း အဖွားချွမ်လည်း သိရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ အသက်ရှင်ကျန်ရစ်သူများသည် လူသေများထံမှ ခိုးယူရပါစေဦးတော့၊ ဆက်လက် ရှင်သန်ရမည်သာ ဖြစ်၏။ သို့သော်လည်း လူဟုန်သည် စိတ်ရင်း ကောင်းသူတစ်ဦး မဟုတ်ပေ။
အဖွားချွမ်က ခေါင်းခါယမ်းရင်း ပြောလေသည်။
"လူဟုန်က လူကောင်း မဟုတ်ဘူး...၊ သူက ရိက္ခာတွေကို သူ့စိတ်တိုင်းကျ ခွဲဝေပေးနေတာ...။ (၁၈) ထပ် က လူတွေ ပြောပြချက်အရ သူက ယောက်ျားတွေနဲ့ မိန်းမတွေကို ခွဲခြားပြီးဆက်ဆံနေတယ်တဲ့...။ အမျိုးသမီး တွေက အမျိုးသားတွေ ရရှိတဲ့ ပမာဏရဲ့ ထက်ဝက်ကိုပဲ ရကြတယ်...။"
"အမျိုးသမီးတွေက ရိက္ခာအများစုကို ရှာဖွေတွေ့ရှိခဲ့တာတောင်မှ...၊ တံခါးကို ရိုက်ဖွင့်တဲ့သူတွေက အမျိုးသားတွေ ဖြစ်နေလို့ဆိုပြီး လူဟုန်က အမျိုးသမီးတွေရဲ့ ဝေစုကို တစ်ဝက် ဖြတ်ပစ်လိုက်တယ်..။ အမျိုးသမီးတွေက အမျိုးသားတွေထက် အင်အားနည်းတော့ သူတို့ခင်းကျင်းထားတဲ့ အစီအစဉ်ကို ဘာမှပြန်မပြောနိုင်ဘဲ လက်ခံနေကြရတာပေါ့...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်က မျက်ခုံးအသာပင့်လျက် မေးလိုက်လေသည်။
"အဖွားချွမ်...၊ အဖွားက ကျွန်မကို အဲဒီအမျိုးသမီးတွေကို ကူညီပေးဖို့ လာပြောတာတော့ မဟုတ်ဘူး မဟုတ်လား...။"
အဖွားချွမ်သည် ထိုစကားကို ကြားသည်နှင့် လက်ကို အမြန်ဝှေ့ယမ်းကာ ငြင်းဆိုလိုက်လေသည်။
"မဟုတ်ပါဘူး...၊ မိန်းကလေးယောင် ကျွန်မကို အထင်လွဲသွားပြီ...။ သူတို့မှာ ဘာပဲဖြစ်ပျက်နေပါစေ အဲဒါက မိန်းကလေး ဖြေရှင်းပေးနိုင်တဲ့ ကိစ္စမဟုတ်သလို မိန်းကလေးနဲ့လည်း မဆိုင်ဘူးဆိုတာ ကျွန်မ သိပါတယ်...။"
အဖွားချွမ်သည် အသက်ကြီးသော်လည်း ဘဝအတွေ့အကြုံ များပြားလှပေသည်။ လူတစ်ဦးစီ၏ ဘဝမှာ ထိုသူ၏ တာဝန်သာ ဖြစ်သည်ဟူသော အချက်ကို သူမ မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။
ယောင်ရန်က ပြုံးပြလိုက်ပြီး အဖွားချွမ်ကို ဆက်ပြောရန် အမူအရာ ပြလိုက်လေသည်။
အဖွားချွမ် ပြောပြသည်များကို နားထောင်ရသည်မှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ဟွမ်ကျိဟွေးသည် အဘယ်ကြောင့် အားလပ်ချိန်တိုင်း အဖွားချွမ်ထံသို့ သွားရောက် စကားပြောလေ့ ရှိသည်ကို ယောင်ရန် ယခုမှ နားလည်သွားတော့သည်။
အဖွားချွမ်က စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ဆက်ပြောလေသည်။
"မနေ့က လူဟုန်အတွက် အလုပ်လုပ်ပေးနေတဲ့ အမျိုးသမီးတွေရဲ့ စကားကို ကျွန်မ ကြားခဲ့ရတယ်...။ လူဟုန်က တခြား အဆောက်အအုံ မန်နေဂျာတွေနဲ့ ဆက်သွယ်ထားရုံတင် မကဘူး...၊ အပြင်ဘက်က လူမိုက်အဖွဲ့တွေနဲ့လည်း အရောင်းအဝယ် လုပ်နေတယ်တဲ့...။"
"မနေ့ညကလည်း သူက အမျိုးသမီးငယ် တချို့ကို ခေါ်ပြီး အဆောက်အအုံထဲက ထွက်သွားတယ်...။ သူက အဲဒီအမျိုးသမီးတွေကို အလုပ်လုပ်ချိန် တစ်နာရီအတွက် ရိက္ခာ တစ်ကီလိုဂရမ်ရဲ့ တစ်ဝက်ပေး မယ်လို့ ပြောပြီး အပြင်က လူတွေဆီမှာ ရောင်းစားခဲ့တာ...။ ဒီနေ့မနက် သူတို့ကို ပြန်ခေါ်လာတော့ အဲဒီ အမျိုးသမီးတွေက သေလုနီးပါး ဖြစ်နေကြပြီ...။"
"အဲဒီအမျိုးသမီးတွေက တစ်ညလုံး အလုပ်လုပ်ပြီးမှ ရိက္ခာ သုံးကီလိုဂရမ်ပဲ ရကြတာ...၊ ဒါပေမဲ့ လူဟုန် က ပွဲစားခဆိုပြီး ထက်ဝက် ဖြတ်ယူသွားပြန်တယ်...။ အဲဒီထဲက အမျိုးသမီးငယ်တစ်ယောက်ဆိုရင် ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ သွေးသွန်ပြီး သေဆုံးသွားခဲ့ရတယ်...။"
"လူဟုန်က တကယ်ကို ယုတ်မာလွန်းပါတယ်...။ အဲဒီအမျိုးသမီးငယ်ရဲ့ မိသားစုက သမီးဖြစ်သူရဲ့ အသက်အတွက် လျော်ကြေးတောင်းတော့...၊ သူက အလုပ်အတွက် အခကျေးပေးပြီးပြီလို့ ပြော တယ် ...။ မိသားစုက မကျေနပ်ရင် သူမကို သေအောင် ဆော့ကစားခဲ့တဲ့ အပြင်ကလူတွေကို သွားရှာပြီး စာရင်းရှင်းလိုက်ပါတဲ့...။"
"အဲဒီလူတွေက လူမိုက်အဖွဲ့ဝင်တွေဆိုတာ လူတိုင်း သိထားတာပဲ...။ ဘယ်သူကများ သူတို့ကို သွားပြီး စာရင်းရှင်းရဲမှာလဲ...။"
အဖွားချွမ်၏ စကားများကို နားထောင်နေရင်း ယောင်ရန်၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ ပေါ်မ လာပေ။ ထိုအမျိုးသမီးများ သေဆုံးသွားလျှင်ပင် အရာအားလုံးမှာ သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့သော လမ်းသာ ဖြစ်ပေသည်။ သူမအနေဖြင့် သူတို့ကို မကူညီနိုင်သလို၊ ကူညီရန်လည်း ဆန္ဒမရှိပေ။
အဖွားချွမ်သည် လူဟုန်၏ လုပ်ရပ်များကို ပြောပြရန်သာမက၊ သူမ ကြားသိခဲ့ရသော မကောင်းသော သတင်းစကားတစ်ခုကြောင့်လည်း လာရောက်ခြင်း ဖြစ်သည်။
အဖွားချွမ်က အသံကို နှိမ့်လိုက်ပြီး ပြောလေသည်။
"မနေ့က အပြင်ဘက်က လူတွေက အဆောက်အအုံ (၉) နဲ့ (၁၀) ဆီကို လာပြီး ဆက်ကြေးရိက္ခာတွေ သိမ်းသွားကြတယ်...။ အိမ်ထောင်စုတိုင်းက လူတစ်ယောက်ကို တစ်ပတ်ကို ရိက္ခာ သုံးကီလိုဂရမ် ပေးရမယ်တဲ့...၊ မပေးရင် အဲဒီလူတွေက နေထိုင်သူတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်သွားကြ တယ်...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်မှာ အံ့သြခြင်း မရှိပေ။ သူမ၏ အတိတ်ဘဝတွင်လည်း ဟိုင်ချန်မြို့၌ ထိုကဲ့သို့သော ကိစ္စမျိုးများ ဖြစ်ပျက်ခဲ့ဖူးပေသည်။
သို့သော်လည်း လန်ကွမ်းဟွေ့တွင် ရိက္ခာနှင့် ကိုယ်ရံတော် အမြောက်အမြား ရှိသဖြင့်၊ သူသည် ဆက်ကြေးပေးရသူ မဟုတ်ဘဲ ဆက်ကြေး ကောက်ခံသူသာ ဖြစ်ခဲ့လေသည်။