← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း (၁၄၄)

အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေး

ထိုအတိတ်ကာလကို ပြန်လည်အမှတ်ရမိသောအခါ ယောင်ရန်သည် သူမ၏ အစွယ်များကို လျှာဖြင့် လျက်လိုက်ရင်း လူသတ်လိုသော အာသီသက စိတ်အစဉ်ကို လွှမ်းမိုးလုနီးပါး ဖြစ်သွားရ၏။ သူမသည် စိတ်မလွတ်သွားစေရန် အသက်ကို ပြင်းပြင်းရှူ၍ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ရလေသည်။

ဓာတ်ခွဲခန်းအတွင်း၌ စမ်းသပ်ခံအရာဝတ္ထုတစ်ခုအနေအဖြစ် နှစ်နှစ်ကြာ အချိန်ကုန်လွန်ခဲ့ပြီးနောက် ယောင်ရန်သည် စိတ်ခံစားချက်များ အလွန်အမင်း ပြောင်းလဲလာသည့်အခါတိုင်း စိတ်ကို ထိန်းချုပ်ရန် ခက်ခဲလာခဲ့ခြင်းပင် ဖြစ်၏။

သူမ၏ အတိတ်ဘဝတွင်မူ သူမသည် လူသတ်လိုသော အသိစိတ်ကို ထိန်းချုပ်ရန်နှင့် သတိတရား ကပ်နေစေရန်အတွက် မိမိကိုယ်ကိုယ် နာကျင်အောင် ပြုလုပ်ခြင်းဖြင့်သာ ဖြေရှင်းနိုင်ခဲ့လေသည်။

သို့သော်လည်း သူမအား ရန်ပြုလိုသော ရန်သူများ သို့မဟုတ် မသမာသော ရည်ရွယ်ချက်ရှိသူများနှင့် ရင်ဆိုင်ရသည့် အခါတွင်မူ သူမ၏ ဗီဇစိတ်က စိတ်အစဉ်ကို လွှမ်းမိုးသွားတတ်ပြီး လူသတ်လိုသော စိတ်ရိုင်းကို မထိန်းချုပ်နိုင်တော့ပေ။ ထိုအချိန်တွင် သူမသည် မည်သည်ကိုမျှ မတွေးတောနိုင်သည့် လူသတ်စက်ရုပ်တစ်ရုပ် ကဲ့သို့ ဖြစ်သွားတတ်လေသည်။

စိတ်တည်ငြိမ်သွားပြီးနောက် ယောင်ရန်သည် အဖွားချွမ်ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး၊

"ဒီအကြောင်းတွေကို လာပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖွားချွမ်...။" ဟု ပြောလိုက်လေ သည်။

အဖွားချွမ်သည် ၎င်းတို့နှင့် ရင်းနှီးသောကြောင့်သာမက သူမ၏ မိသားစုအတွက် အကာအကွယ် လိုအပ် နေသောကြောင့် လာရောက်ပြောကြားခြင်းဖြစ်သည်ကို ယောင်ရန် သိရှိလိုက်လေသည်။

အဖွားချွမ်က သူမနှင့် သူမ၏ သူငယ်ချင်းများအပေါ် မှီခိုနေခြင်းကို သူမ အပြစ်မတင်ပေ။ အဘယ် ကြောင့်ဆိုသော် သူမတို့ဘက်မှလည်း ချွမ်ယွမ်ဝေ့၏ ကျွမ်းကျင်စွမ်းရည်များကို လိုအပ်နေသောကြောင့် ဖြစ်၏။

ယောင်ရန်၏ အမြင်တွင်မူ သူတို့၏ ဆက်ဆံရေးသည် အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးမျိုး ဖြစ်ပြီး သူမသည် ထိုသို့သော ဆက်ဆံရေးမျိုးကို အနှစ်သက်ဆုံး ဖြစ်လေသည်။ ဆက်ဆံရေးတစ်ခုတွင် အကျိုးစီးပွားချင်း ဆက်နွယ်နေပါက ထိုဆက်ဆံရေး၏ ဦးတည်ချက်ကို ထိန်းချုပ်ရန်နှင့် မျှခြေညှိရန် ပိုမိုလွယ်ကူပေသည်။

ယောင်ရန်၏ စကားကို ကြားသောအခါ အဖွားချွမ်၏ မျက်ဝန်းများ ဝင်းလက်သွား၏။ သူမက ခေါင်းငြိမ့် ကာ ၊

"ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်စုံစမ်းကြည့်ဦးမယ်...။ တစ်ခုခု ထူးခြားတာရှိရင် မိန်းကလေးကို အမြန်ဆုံး လာပြောပြပါ့မယ်...။"

ယောင်ရန်က "ကောင်းပါပြီ..." ဟု ပြန်ဖြေလိုက်လေသည်။

အဖွားချွမ်ကို ပြန်ပို့ပြီးနောက် ယောင်ရန်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီး အဖွားချွမ်ထံမှ ရရှိခဲ့သော သတင်းအချက်အလက်များကို ပြန်လည်စဉ်းစားနေမိလေသည်။ ကုတင်ပေါ်တွင် ထိုင်နေရင်း ယောင်ရန်သည် သူမ၏ အတိတ်ဘဝကို ပြန်လည်အမှတ်ရနေခဲ့လေ၏။

အစိုးရမှ စစ်သည်များကို စေလွှတ်၍ ထိုဂိုဏ်းများကို ရှင်းလင်းခိုင်းသည့်အခါ ရလဒ်မှာ များစွာ မကောင်းမွန်လှပေ။ ထိုဂိုဏ်းများသည် အချင်းချင်း ချိတ်ဆက်ထားကြပြီး အကျိုးအမြတ်အတွက် ပေါင်းစည်းထားကြသူများ ဖြစ်၏။

၎င်းတို့သည် အချင်းချင်း သတင်းဖလှယ်၍ အကာအကွယ်ပေးကြသောကြောင့် အစိုးရအနေဖြင့် ဖမ်းဆီးရန် ခက်ခဲလှပေသည်။ စစ်သည်များ ရောက်ရှိလာသည့်အခါတိုင်း ထိုလူများသည် ပျောက်ကွယ် သွားလေ့ရှိပြီး စစ်သည်များ ပြန်လည်ထွက်ခွာသွားမှသာ ပြန်ပေါ်လာတတ်ကြပေသည်။

စစ်သည်များပင်လျှင် ထိုဂိုဏ်းများကို အမြစ်ပြတ်အောင် မချေမှုန်းနိုင်ဘဲ အင်အားမဲ့နေကြရလေသည်။ နောက်ဆုံးတွင် အဆိုးရွားဆုံး ခံစားရသူများမှာ အသက်ရှင်ကျန်ရစ်သူများသာ ဖြစ်၏။ ၎င်းတို့သည် ထိုဂိုဏ်းများနှင့် အစိုးရတို့ကြား တိုက်ပွဲ၏ သားကောင်များ ဖြစ်လာကြရလေသည်။

ယောင်ရန်သည် ဤကိစ္စကို အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမကိုယ်တိုင် ကိုင်တွယ်ရန် ဆုံးဖြတ် လိုက်လေသည်။ စစ်သည်များ လာရောက်လှုပ်ရှားသည်အထိ စောင့်ဆိုင်းနေရန်မှာ မဖြစ်နိုင်ပေ။ စစ်သည်များ ရောက်ရှိလာချိန်တွင် ၎င်းတို့အားလုံး အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် ဆုံးဖြတ်ချက် ချပြီးနောက် သူမသည် လုံယုနှင့် အခြားသူများကို ရှာရန် ထွက်လာခဲ့တော့ သည်။

အခန်းအမှတ် (၂၀၀၁) ၌ လူစုလိုက်ပြီးနောက် အဖွားချွမ် ပြောပြခဲ့သော အကြောင်းအရာများကို ယောင်ရန်က လူတိုင်းအား ပြန်လည်ပြောပြလိုက်လေသည်။ ယောင်ရန်၏ စကားကို ကြားပြီးနောက် လုံယုမှလွဲ၍ ကျန်ရှိသူများမှာ အလွန်အမင်း ဒေါသထွက်သွားကြလေတော့သည်။

ကျားရှန်းသည် လက်ဆစ်များကို ချိုးကာ အံကြိတ်ရင်း ပြောလိုက်လေသည်။

"ဒီတိရစ္ဆာန်ထက် မိုက်တဲ့လူတွေကို မိရင်တော့ ကပ်ပယ်အိတ်ကို လှီးပစ်ရမယ်...၊ အခုချက်ချင်း လူဟုန် ကို သွားသတ်မယ်...။"

သူမသည် အလွန်အမင်း ဒေါသထွက်နေသည်ကို တွေ့သောအခါ ယောင်ရန်က တားလိုက်လေသည်။

"မကျားရှန်း...၊ စိတ်အေးအေး ထားပါဦး...။"

ကျားရှန်းက ယောင်ရန်ကို ကြည့်ကာ ဒေါသတကြီး မေးလိုက်လေ၏။

"ယောင်ရန်...၊ နင်ရော ဒေါသမထွက်ဘူးလား...။ လူဟုန်ဆိုတဲ့ အကောင်က အပြင်ပန်းမှာ လူကောင်း လိုလိုနဲ့ ကွယ်ရာမှာတော့ ဒီလို ညစ်ပတ်တဲ့ အလုပ်တွေ လုပ်နေတာလေ...။"

ယောင်ရန်သည် ထိုမေးခွန်းကို ကြားသောအခါ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရ၏။ သူမ ဒေါသ ထွက်နေ၍ရော ဘာထူးမည်နည်း။ ဤသည်မှာ သူမ၏ ပြဿနာ မဟုတ်ပေ။

ထိုအမျိုးသမီးများသည် လူဟုန်အတွက် အလုပ်လုပ်ရန် မိမိတို့ဘာသာ ဆန္ဒအလျောက် ရွေးချယ်ခဲ့ ကြခြင်း ဖြစ်ပေသည်။ အစားအစာအတွက် မိမိတို့၏ ခန္ဓာကိုယ်ကို ရောင်းချရန် ဆုံးဖြတ်ထားကြသည် ဖြစ်ရာ စွန့်စားရမှုများကိုလည်း ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရမည်သာ ဖြစ်၏။ ထို့အပြင် ၎င်းတို့က သဘောမတူပါက လူဟုန်အနေဖြင့်လည်း အတင်းအကျပ် ခိုင်းစေ၍ ရမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ လူဟုန်သည် လူအများရှေ့တွင် လူကောင်းတစ်ယောက်ကဲ့သို့ ဆက်လက် ဟန်ဆောင် နေရဦးမည် ဖြစ်သည်။ သူသည် ယုတ်မာသူ ဖြစ်သော်လည်း လောလောဆယ်တွင် နေထိုင်သူများကို ပျော့ပျောင်းသော နည်းလမ်းဖြင့်သာ ကိုင်တွယ်လိမ့်ဦးမည် ဖြစ်၏။ ထို့ကြောင့် ကျားရှန်း၏ ဒေါသမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်လေသည်။

သူမ၏ စိတ်ထဲတွင် ထိုသို့တွေးနေမိသော်လည်း အခြားသူများကိုမူ ထုတ်မပြောခဲ့ပေ။ သူမက

"မကျားရှန်း...၊ နင် ဒီနေ့ လူဟုန်ကို သတ်လိုက်ရင်တောင် မနက်ဖြန်မှာ နောက်ထပ် လူဟုန် တစ်ယောက် ပေါ်လာဦးမှာပဲ...။" ဟုသာ ပြောလိုက်လေသည်။

"အပြင်မှာ ဒီလိုလူတွေ မရေမတွက်နိုင်အောင် ရှိနေတာ...၊ နင် လူအနည်းငယ်ကို သတ်လိုက်ရုံနဲ့ မထူး ခြားဘူး...။ သူတို့အားလုံးကို တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ် မချေမှုန်းနိုင်သရွေ့ နင် ဘာလုပ်လုပ် အပိုပဲ ဖြစ်လိမ့်မယ်...။"

ယောင်ရန်၏ စကားများမှာ ခါးသီးပြီး နားဝင်မချိုသော်လည်း ကျားရှန်းသည် ထိုစကားများနောက်ကွယ် မှ အမှန်တရားကို နားလည်လေသည်။

သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ ထိုင်ချလိုက်ပြီး သူမ၏ ပေါင်ကို ဒေါသတကြီး ထိုးလိုက် လေ၏။

"ဒါဆို သူတို့ လုပ်ချင်ရာလုပ်နေတာကို ငါတို့က ဒီအတိုင်း ထိုင်ကြည့်နေရမှာလား...။"

ယောင်ရန်သည် ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဖြေပေးရန် မလိုအပ်သော ကြောင့် ဖြစ်၏။ သူမ မည်သို့ပင်ပြောစေကာမူ ကျားရှန်း၌ ကိုယ်ပိုင် အတွေးအခေါ်များ ရှိနေပြီးသား ဖြစ်ရာ ယောင်ရန်အနေဖြင့် သူမ၏ အတွေးများကို ကျားရှန်းအပေါ် အတင်းအကျပ် ရိုက်သွင်း၍ မရ နိုင်ပေ။

ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဆက်ကြေး လာရောက်ကောက်ခံမည့် ဂိုဏ်းဝင်များကို ကိုင်တွယ်ရန် သာဖြစ်သည်။ အခြားသော နေထိုင်သူများနှင့်မတူဘဲ ထိုဂိုဏ်းဝင်များ၌ သေနတ်များ ရှိသလို လူအင် အားလည်း သာလွန်လေသည်။ အကယ်၍ ထိုလူများ တကယ်ရောက်ရှိလာပါက အဆိုးရွားဆုံး ရလဒ်မှာ အသေအလဲ တိုက်ပွဲဝင်ရခြင်းပင် ဖြစ်ပေလိမ့်မည်။

ဟွမ်ကျိဟွေး၏ ဘေးတွင် ထိုင်နေသော တန်ချီချီက၊

"ငါတို့ တခြားတစ်နေရာကို ပြောင်းရွှေ့ရင်ရော...။" ဟု မေးလိုက်လေသည်။

ဟွမ်ကျိဟွေးက သက်ပြင်းချရင်း၊

"ဒီလို အေးစက်တဲ့ ရာသီဥတုကြီးထဲမှာ ဘယ်ကို သွားကြမလဲ...၊ ငါတို့သာ ထွက်သွားပြီး နေစရာနေရာ ရှာမတွေ့ရင် လမ်းမှာပဲ သေသွားနိုင်တယ်...။ ပြီးတော့ အပြင်မှာရော တကယ် လုံခြုံတဲ့နေရာ ရှိလို့လား ...၊ နောက်ပြီး ငါတို့ရဲ့ စားနပ်ရိက္ခာတွေကိုရော ဘယ်လိုလုပ်မလဲ...။ ဒီအတိုင်း ထားခဲ့လို့မှ မရတာ...။"

ဟု ပြန်လည်မေးခွန်းထုတ်လိုက်လေသည်။

ဟွမ်ကျိဟွေး၏ မေးခွန်းများကို နားထောင်ပြီးနောက် တန်ချီချီမှာ ဆွံ့အသွားရလေသည်။ အဘယ် ကြောင့်ဆိုသော် သူမသည်လည်း မည်သည့်နေရာသို့ သွားရမည်ကို မသိသောကြောင့်သာ ဖြစ်၏။ ဤကမ္ဘာပေါ်တွင် လုံခြုံသောနေရာ ဟူသည် မရှိတော့ပေ။

လေထုက အနည်းငယ် လေးလံနေသည်ကို သတိပြုမိသောအခါ ဟွမ်ချန်က အကြံပြုလိုက်လေသည်။

"ငါတို့ နွားတွေကို သတ်ခဲ့တဲ့ ဗီလာကို ရွှေ့ရင်ရော မကောင်းဘူးလား...။"

ရှီရွှမ်းက ခေါင်းခါပြရင်း၊

"အဲ့ဒီနေရာက အခုဆိုရင် ရေလျှံပြီး ခဲနေလောက်ပြီ...။ ပြီးတော့ အပြင်မှာလည်း နှင်းတွေ ကျနေတာ...၊ မကြာခင်မှာ နှင်းမုန်တိုင်း တိုက်ခတ်နိုင်ခြေ ရှိတယ်...။ အဲ့ဒီနေရာမှာ ရာသီဥတုဒဏ်ကော လူတွေရဲ့ ရန်ကော ကာကွယ်ဖို့ ဘာမှမရှိဘူး...။"

All Chapters