← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း (၁၄၉)

ထင်းရှာထွက်ခြင်း (၂)

လူတိုင်းသည် အနီးဆုံးရှိ တောင်ကုန်းဆီသို့ ဦးတည်နေကြသည်ကို ယောင်ရန် သတိပြုမိလိုက်ရာ လုံယု အဘယ်ကြောင့် လမ်းကြောင်းပြောင်းလိုသည်ကို သူမ နားလည်လိုက်လေသည်။ အကယ်၍ သူတို့ သည် ထိုလူများနှင့်အတူ တောင်ကုန်းတစ်ခုတည်းသို့ သွားပါက သစ်ပင်များကို စိတ်အေးလက်အေး ခုတ်ထွင်နိုင်ရန်နှင့် ဘေးကင်းစွာ ပြန်သယ်ဆောင်နိုင်ရန်မှာ မသေချာပေ။

တောင်ကုန်းအများစုမှာ နှင်းများအောက်တွင် နစ်မြုပ်နေပြီး သစ်ပင်အနည်းငယ်သာ ကျန်ရှိတော့၏။ လူအမြောက်အမြား သစ်ပင်ခုတ်နေကြသည်ဖြစ်ရာ လူတိုင်း ဝေစုရရန် မလွယ်ကူသဖြင့် သစ်ပင်လု ရာမှ ရန်ပွဲများ ဖြစ်ပွားနိုင်ပေသည်။

ထိုလူများနှင့် လုယက်တိုက်ခိုက်နေမည့်အစား အနည်းငယ် ဝေးဝေးသို့သွား၍ ထင်းများကို အေးအေး လူလူ စုဆောင်းခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ယောင်ရန်သည် အတန်ကြာ စဉ်းစားပြီးနောက် သူမ၏ ကျောပိုးအိတ်ထဲမှ ကျွင်းချန်မြို့ မြေပုံကို ထုတ် ယူ၍ အခြားသူများကို ပြသလိုက်၏။ ထို့နောက် ကီလိုမီတာ (၂၀) ခန့် ဝေးကွာသော တောင်ကုန်းတစ်ခု ကို ညွှန်ပြကာ ပြောလိုက်လေသည်။

"ဒီတောင်ကို သွားကြစို့...။"

ထိုတောင်သည် ကျွင်းချန်မြို့အနီးတွင် အမြင့်ဆုံးတောင် ဖြစ်သော်လည်း လမ်းလျှောက်ရန် အလွန်ဝေး လှပေသည်။ ထို့ကြောင့် ထိုနေရာသို့ လူအများအပြား သွားကြလိမ့်မည်မဟုတ်ဟု ယောင်ရန် ခန့်မှန်း ထားခြင်းပင်။

လုံယုနှင့် အခြားသူများသည် မြေပုံကို ခဏမျှ ကြည့်ရှုလေ့လာပြီးနောက် သဘောတူလိုက်ကြလေ သည်။

တောင်ကုန်းဆီသို့ သွားရာလမ်းမှာ အလွန်ဝေးလှ၏။ ယောင်ရန်သည် ကျောပိုးအိတ်ကို အကာအကွယ် ပြု၍ နေရာလွတ်ထဲမှ နှင်းတောလျှောက်ဖိနပ် ခုနစ်စုံကို ထုတ်ယူလိုက်သည်။ သူမသည် သူငယ်ချင်း များကို ဖိနပ်များ ဝေပေးလိုက်ပြီးနောက် သူမကိုယ်တိုင်လည်း နှင်းလျောဖိနပ်များကို ချွတ်၍ နှင်းတော လျှောက်ဖိနပ်များကို ဝတ်ဆင်လိုက်လေသည်။

မြို့ပြင်သို့ ရောက်ရှိလာသည့်အခါ မြင်ကွင်းမှာ ပိုမိုကျယ်ပြောလာ၏။ မြင်နိုင်သမျှ နေရာတိုင်းတွင် မြေပြင်မှာ နှင်းများဖြင့်သာ ဖုံးလွှမ်းနေခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် ယောင်ရန်သည် အာတိတ်ဒေသသုံး အသုံးအဆောင်များ ဝယ်ယူစဉ်က ရောင်းချသူသည် နှင်းကြောင့် မျက်စိမဝါးစေရန် နေကာမျက်မှန်များကိုပါ ထည့်ပေးလိုက်ခြင်းပင်။ သို့မဟုတ်ပါက ဤနှင်းတောထဲတွင် အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူတို့၏ အမြင်အာရုံ မှာ ဝေဝါးသွားနိုင်ပေသည်။

နှင်းတောလျှောက်ဖိနပ်များကို ဝတ်ဆင်ထားသဖြင့် သူတို့သည် ပိုမိုမြန်ဆန်စွာ လမ်းလျှောက်နိုင်ကြပြီး လေးနာရီခန့်အကြာတွင် တောင်ကုန်းဆီသို့ ရောက်ရှိသွားခဲ့ကြလေသည်။

သူတို့ ရောက်ရှိသွားသည့်အခါ ပေါက်ပြား၊ တံစဉ်၊ မီးသတ်ပုဆိန်၊ တူနှင့် ဟင်းချက်ဓားများကိုယ်စီ ကိုင်ဆောင်ထားသော လူအုပ်စုများသည် သစ်ပင်နှင့် သစ်ကိုင်းများကို ခုတ်ထွင်နေကြသည်ကို တွေ့ရ လေသည်။ လူသတ်လိုသော အရိပ်အယောင်များ ရှိသည့် အမျိုးသားနှစ်ဦးမှာမူ အခြားသူများ စုဆောင်းထားသော ထင်းပုံများနားတွင် စောင့်ကြပ်နေပြီး မည်သူ့ကိုမျှ အနားမကပ်ရန် တားဆီးနေကြ လေသည်။

ယောင်ရန်နှင့် သူငယ်ချင်းများသည် ထိုလူများကို လျစ်လျူရှုကာ ဆိတ်ငြိမ်သော နေရာတစ်ခု ရှာဖွေရန် တောင်ပေါ်သို့ တက်ခဲ့ကြလေသည်။

ဆယ်မိနစ်ခန့် တက်ပြီးနောက် လူသူကင်းဝေးသော နေရာတစ်ခုကို တွေ့ရှိသွားသဖြင့် မီးသတ်ပုဆိန် များဖြင့် သစ်ပင်များကို စတင်ခုတ်လှဲကြတော့သည်။ သစ်ပင်များမှာ ခဲနေပြီဖြစ်ရာ ခုတ်လှဲရန်အတွက် အင်အားအတော် စိုက်ထုတ်ရလေသည်။

လုံယု၊ ဟွမ်ချန်၊ ရှီရွှမ်းနှင့် ကျားရှန်းတို့သည် သစ်ပင်ခုတ်လှဲခြင်းကို တာဝန်ယူကြပြီး ယောင်ရန်၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကမူ ခုတ်လှဲပြီးသား သစ်ပင်များကို အပိုင်းအစလေးများ ဖြစ်အောင် ပြန်လည်ဖြတ်တောက်ကြလေသည်။

သူတို့ ခုနစ်ဦးသည် နှစ်နာရီခန့် အတူတကွ လုပ်ဆောင်ပြီးနောက် ရက်အတော်ကြာ အသုံးပြုနိုင်မည့် ထင်းများကို စုဆောင်းမိသွားခဲ့ကြလေသည်။ ယနေ့အတွက် လုံလောက်ပြီဖြစ်ကြောင်း မြင်သောအခါ လုံယုနှင့် ဟွမ်ချန်တို့သည် ထင်းများကို ကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်လိုက်ကြလေသည်။

ကြီးမားသော ထင်းပုံကြီးကို ကြည့်ရင်း ယောင်ရန်က ခဏမျှ စဉ်းစားကာ ပြောလိုက်၏။

"နောက်ထပ် သစ်ပင် ငါးပင်လောက် ထပ်ခုတ်ပြီး ချည်လိုက်ကြရအောင်။ ဒီသစ်လုံးတွေပေါ်မှာ ထင်းတွေကို တင်ပြီးတော့ သယ်သွားလို့ ရတယ်...။"

လေးလံသော ထင်းများကို ကျောပိုး၍ သယ်ဆောင်ခြင်းထက် သစ်လုံးများကို နှင်းပေါ်တွင် ဆွဲယူသွား ခြင်းက ပို၍ လွယ်ကူပေလိမ့်မည်။

သူမ၏ အကြံဉာဏ်ကို နားထောင်ပြီးနောက် အခြားသူများသည် နောက်ထပ် သစ်ပင်ငါးပင်ကို အမြန် ခုတ်လှဲလိုက်ကြ၏။ အိမ်ပြန်ရောက်သည့်အခါ ထိုသစ်လုံးများကို အပိုင်းအစများအဖြစ် ထပ်မံဖြတ် တောက်နိုင်သဖြင့် သူတို့၏ ထင်းရိက္ခာမှာ ပိုမိုတိုးပွားလာမည် ဖြစ်သည်။

သူတို့သည် သစ်လုံးများကို ဖောင်တစ်ခုကဲ့သို့ ရိုးရှင်းစွာ ချည်နှောင်နေစဉ်မှာပင်၊ အောက်ဘက်၌ သစ်ပင်ခုတ်နေသော အမျိုးသားတစ်ဦးသည် တောင်ပေါ်သို့ တက်လာပြီး သူတို့ကို တွေ့ရှိသွားလေ သည်။

ယောင်ရန်၏ ဝတ်စုံနှင့် အသုံးအဆောင်များကို ကြည့်ကာ ထိုလူ၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး သူ၏ အပေါင်းအဖော်များကို အော်ဟစ်ခေါ်လိုက်တော့သည်။

"ညီအစ်ကိုတို့...၊ ဒီကို လာကြည့်ကြဦး၊ ငါ ဘာတွေ တွေ့ထားလဲဆိုတာ...။"

ထိုစကားကို ကြားသည်နှင့် ယောင်ရန်၏ မျက်နှာပေးမှာ ပြောင်းလဲသွား၏။ သူမသည် ကျောပိုးအိတ် ထဲသို့ လက်နှိုက်၍ သံမှိုပစ်သေနတ်ကို ထုတ်ယူလိုက်လေသည်။

မကြာမီမှာပင် လူအုပ်စုတစ်စုမှာ အပြေးအလွှား ရောက်ရှိလာကြ၏။ သစ်လုံးကြီး ငါးလုံးပေါ်တွင် တင်ထားသော ထင်းပုံကြီးကို မြင်သောအခါ သူတို့၏ မျက်ဝန်းများမှာ တောက်ပသွားကြသည်။ ထို့ပြင် ယောင်ရန်နှင့် အခြားသူများကို ကြည့်နေသော သူတို့၏ မျက်လုံးများထဲတွင် လောဘရိပ်များမှာ အတိုင်းသား ပေါ်လွင်နေခဲ့လေသည်။

ထိုလူများသည် ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများကို အားနည်းသော သားကောင်များကဲ့သို့ ကြည့် နေကြစဉ်မှာပင်၊ ယောင်ရန်သည်လည်း သူတို့ကို ပြန်လည်အကဲခတ်နေခဲ့လေသည်။

သန်မာထွားကြိုင်းသော အမျိုးသား သုံးဦးမှလွဲ၍ ကျန်လူအားလုံးမှာ အရိုးပေါ်အရေတင်ကာ အာဟာရ ချို့တဲ့နေပုံ ရလေသည်။ သို့သော်လည်း ယောင်ရန်သည် ထိုသူတို့၏ မျက်လုံးများကို ကြည့်လိုက်သည့် အခါ မျက်မှောင်ကြုတ်သွားမိလေ၏။ သန်မာထွားကြိုင်းသော အမျိုးသား သုံးဦး၏ မျက်သူငယ်အိမ် အတွင်း၌ အစိမ်းရောင် အစက်ကလေးများ ရှိနေခြင်းပင် ဖြစ်ပေသည်။

၎င်းကို မြင်သောအခါ သူမ၏ မျက်နှာမှာ ပိုမိုတည်ကြည်သွားပြီး သံမှိုပစ်သေနတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။

ထို့နောက် သူမသည် လုံယုတို့အနားသို့ ချဉ်းကပ်ကာ တိုးညင်းစွာ သတိပေးလိုက်၏။

"ဒီလူတွေကို သတိထားကြ...၊ သူတို့က သာမန်လူတွေ မဟုတ်ဘူး...။"

ယောင်ရန်နှင့် လုံယုမှလွဲ၍ အခြားသူများမှာ ထိုလူများ၏ မျက်လုံးထဲရှိ အစိမ်းရောင်အစက်များကို သတိမပြုမိကြပေ။ သူမ သတိပေးနေစဉ်မှာပင် သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးမှာ ရှေသို့ တစ်လှမ်း တက်လာခဲ့လေသည်။

သူသည် ယောင်ရန်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ဝါကျင်နေသော သွားများကို ဖော်၍ ပြုံးကာ ပြောလိုက်လေသည်။

"ညီမလေး...၊ မင်းက ကိုယ့်အတွက် ထင်းတွေခုတ်ပေးထားတာ ပင်ပန်းနေရောပေါ့။ ဒီဟင်းချက်ဓားကို ယူပြီး ထွက်သွားလိုက်တော့...။"

ယောင်ရန်သည် ထိုဟင်းချက်ဓားကို ကြည့်လိုက်ရာ ဟင်းသီးဟင်းရွက်ပင် လှီး၍မရနိုင်လောက်အောင် တုံးနေသည်ကို တွေ့လိုက်ရ၏။ သူမက နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်လေသည်။

"ကျွန်မမှာ လက်နက်တွေ မရှိဘူးလို့ ရှင် ထင်နေတာလား...။"

ထိုလူသည် ယောင်ရန်၏ စကားကို ကြားသောအခါ မျက်လုံးများ ဝင်းလက်သွားပြီး ရယ်မောကာ ပြောလိုက်လေသည်။

"ညီမလေး...၊ ကိုယ် ဒီနေ့ စိတ်အခြေအနေ ကောင်းနေလို့၊ ပြီးတော့ ဗိုက်လည်း မဆာသေးလို့ ဆိုတာကို မင်း ဝမ်းသာသင့်တယ်နော်...။ မဟုတ်ရင်တော့...။"

ယောင်ရန်က မျက်ခုံးပင့်ကာ ရဲတင်းစွာ ပြန်မေးလိုက်လေသည်။

"မဟုတ်ရင် ဘာဖြစ်မှာလဲ...၊ ရှင်က ကျွန်မကို စားချင်လို့လား...။"

သူမ စကားဆုံးသည်နှင့် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာ မှင်သက်သွားကြလေသည်။

သူတို့သည် ထိုလူများကို ထပ်မံအကဲခတ်လိုက်သည့်အခါ သန်မာထွားကြိုင်းသော အမျိုးသား သုံးဦးထံ မှ အလောင်းပုပ်နံ့တစ်ခု ထွက်ပေါ်နေသည်ကို နောက်ဆုံး၌ သတိပြုမိသွားကြ၏။ ဤမျှ အေးစက်သော ရာသီဥတု၌ပင် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသော ထိုအနံ့ဆိုးကို ဖုံးကွယ်ထားနိုင်ခြင်း မရှိ ခဲ့ပေ။

ထိုလူများသည် ယောင်ရန်၏ စကားကို ကြားသောအခါ အချင်းချင်း ဝေခွဲမရစွာ ကြည့်လိုက်ကြပြီး နောက် သူတို့၏ ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ကြလေသည်။ ထိုလူ၏ မျက်နှာမှ အပြုံးများမှာ ကွယ်ပျောက်သွားပြီး သတိထားရမည့် အရိပ်အယောင်များ ပေါ်ပေါက်လာလေသည်။

အပူချိန်များ ထိုးဆင်းသွားသည့်အခါ သူတို့သည် ပိတ်မိနေခဲ့ကြပြီး၊ ငတ်မွတ်၍ သေဆုံးမည့်အစား သူတို့၏ ပတ်ဝန်းကျင်ရှိ အလောင်းများကို စားသုံးရန် ဖိအားပေးခံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအကြောင်းကို သူနှင့် သူ၏ ညီအစ်ကို နှစ်ဦးမှလွဲ၍ မည်သူမျှ မသိရှိကြပေ…။

All Chapters