← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း - ၈၉

သစ်ခွရနံ့ကလပ်၏ အဝင်ဝတွင် မမဟုန်သည်လည်း တစ်ခုခုမှားနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ အကြောင်းမှာ လဲ့ယာခွန်းသည် ယနေ့တွင် ရဲယူနီဖောင်းကို ဝတ်ဆင်ထားသောကြောင့် ဖြစ်သည်။

လဲ့ယာခွန်းနောက်မှ လိုက်လာကြသော တောက်ကျွင်းနှင့် ဟွာချန်းတို့မှာ မျက်နှာများ နီမြန်းနေကြသည်။ သူတို့ ရယ်ချင်သော်လည်း မရယ်ရဲကြပေ။ လဲ့ယာခွန်းသည် ဤနေရာ၏ ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

လဲ့ယာခွန်းသည် ချောင်းတစ်ချက်ဟန့်ကာ “မင်းက သစ်ခွရနံ့ကလပ်ရဲ့ တာဝန်ခံလား.. ငါက ရွှမ်းဟူရဲစခန်း၊ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနက လဲ့ယာခွန်းပါ..ဒီက အခြေအနေတချို့ကို တာဝန်ရှိသူကို မေးမြန်းဖို့ လာတာပါ” ဟု ပြောလိုက်သည်။

မမဟုန်သည် အပြုံးကိုရပ်ကာ ခေါင်းညိတ်ပြလိုက်သည်။ “အရာရှိလဲ့... ကျွန်မက သစ်ခွရနံ့ကလပ်ရဲ့ မန်နေဂျာ ဟုန်ယင်းပါ ဘာများမေးမြန်းချင်လို့လဲရှင် ကျွန်မတို့ကလပ်က တရားဝင် လိုင်စင်နဲ့ လုပ်ကိုင်နေတာပါ...ဘယ်လို တရားမဝင် လုပ်ရပ်မှ မရှိပါဘူးရှင်” ဟု မမဟုန်က လိမ်လည်ပြောဆိုလိုက်သည်။ ဟုန်ယင်းဆိုသည့် နာမည်မှာလည်း အမည်ရင်းမဟုတ်သည်မှာ သိသာလှသည်။

လဲ့ယာခွန်းက မျက်လုံးတစ်ချက်ဝေ့လိုက်သည်။ သူသည် ယနေ့တွင် အရေးကြီးကိစ္စ ရှိနေသဖြင့် ဟုန်ယင်းနှင့် စကားအများကြီး မပြောချင်ပေ။ “မမဟုန်... အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒီလူတွေကို မြင်လိုက်မိသလား” ဟု မေးရင်း နားကပ်၊ အားမောင်၊ ချန်မင်နှင့် ရှောင်လန်တို့၏ ဓာတ်ပုံများကို ထုတ်ပြလိုက်သည်။

ဟုန်ယင်းက ခေါင်းခါကာ “မမြင်ပါဘူး” ဟု ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

နားကပ်သည် သူမအား ‘ယဲ့ဖုန်း’ အကြောင်းကို အရိပ်အမြွက် ပြောပြထားပြီးသား ဖြစ်သည်။ ရှီလဲ့နှင့် ပတ်သက်မှုများကို မပြောသော်လည်း ‘ယဲ့ဖုန်း’ ဆိုသည့် နာမည်တစ်ခုတည်းနှင့်ပင် ဟုန်ယင်းကို တုန်လှုပ်သွားစေရန် လုံလောက်လှသည်။

ယဲ့ဖုန်းဆိုသည်မှာ ဘယ်သူနည်း။ ဟေးကျန်းမြို့မှ အမှုကို အမြန်ပိတ်နိုင်ခဲ့သော်လည်း အမှောင်လောကမှ လူတိုင်းက ယဲ့ဖုန်းသည် လူ ၅၀ ကျော်ကို သတ်ခဲ့သူဖြစ်ကြောင်း သိကြသည်။ ထို့အပြင် သူသည် ရွှမ်းဟူမြို့မှ ဘဏ်ကိုလည်း ဓားပြတိုက်ခဲ့သူ မဟုတ်ပါလား။ သူသည် ကြောက်စရာကောင်းပြီး ယှဉ်နိုင်သူမရှိသော လူသတ်သမားတစ်ဦး ဖြစ်သည်။

ဟုန်ယင်းဖြစ်စေ၊ သူမ၏ နောက်ကွယ်မှ သူဌေးဖြစ်စေ... ယဲ့ဖုန်းကို မည်သူမှ မပြစ်မှားရဲကြပေ။ ထို့ကြောင့် နားကပ်တစ်ဖက်က အစီအစဉ်ကို ရှင်းပြသောအခါ ဟုန်ယင်းက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လဲ့ယာခွန်းက မကျေမနပ်ဖြင့် ထပ်မေးသည်။ “မမဟုန်... ခိုင်လုံတဲ့ သတင်းအရ ဒီလူငယ်တွေဟာ အောက်တိုဘာ ၂၄ ရက်နေ့မှာ ခင်ဗျားတို့ဆီမှာ ဝန်ဆောင်မှုအချို့ ယူခဲ့ကြတယ်လို့ သိရတယ်။ ဒါ တကယ်ပဲလား”

ဟုန်ယင်း၏ အမူအရာ ပြောင်းသွားသည်။ သူမက လဲ့ယာခွန်းကို ဂရုမစိုက်ဟန်ဖြင့် “အရာရှိလေ... ဘာကို ဆိုလိုတာလဲ ကျွန်မတို့က တရားဝင် လုပ်ကိုင်နေတာလို့ ပြောပြီးပြီပဲ ခင်ဗျား ဘာတွေပြောနေတာလဲ ကျွန်မ မသိဘူး” ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။

သစ်ခွရနံ့အသင်းသည် ရွှမ်းဟူခရိုင်တွင် ရပ်တည်နိုင်ခြင်းမှာ သူတို့တွင် ကျောထောက်နောက်ခံ ရှိသောကြောင့် ဖြစ်သည်။ လဲ့ယာခွန်းသည် ရဲအရာရှိတစ်ဦး ဖြစ်သော်လည်း ဟုန်ယင်းက သူ့ကို သိပ်မကြောက်ပေ။ ယဲ့ဖုန်းနှင့်ယှဉ်လျှင် လဲ့ယာခွန်းမှာ ကြောက်စရာ မကောင်းလှပေ။

လဲ့ယာခွန်းက လက်မလျှော့ဘဲ “မမဟုန်... ဒီလူငယ်က ဒီမိန်းကလေးကို အဓမ္မကျင့်ခဲ့တယ်လို့ သံသယရှိထားတယ်..ခင်ဗျားဆီက သက်သေအချို့ ရနိုင်မလားလို့ပါ” ဟု ပြောရင်း ချန်မင်နှင့် ရှောင်လန်တို့၏ ဓာတ်ပုံကို ထပ်ပြပြန်သည်။

ဟုန်ယင်းက စိတ်မကောင်းသည့်ဟန်ဖြင့် “စိတ်မရှိပါနဲ့ရှင်... ကျွန်မ သူတို့ကို တကယ် မသိတာပါ” ဟုသာ တုံ့ပြန်ခဲ့သည်။

“ဟွန်း” လဲ့ယာခွန်းက ဟုန်ယင်းကို စိုက်ကြည့်ကာ “မမဟုန်... မင်း နောင်တရစေရမယ်” ဟု ခပ်တိုးတိုး ပြောပြီးနောက် တောက်ကျွင်း၊ ဟွာချန်းတို့နှင့်အတူ ထွက်ခွာသွားတော့သည်။

သူတို့ ထွက်သွားသည်ကို ကြည့်ရင်း ဟုန်ယင်းက သူမဘာသာ ညည်းတွဲလိုက်သည်။ “ရဲတွေရဲ့ ခြိမ်းခြောက်မှုက ယဲ့ဖုန်းနဲ့ယှဉ်ရင် ဘာမှ မဟုတ်ပါလား”

ရဲများမှာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ဆောင်ကြရမည် ဖြစ်သည်။ ကလပ်၏ ပြဿနာများကို သိနေလျှင်ပင် သူတို့၏ ကျောထောက်နောက်ခံ မပြိုလဲသရွေ့ ကလပ်မှာ ဘာမှ ဖြစ်မည်မဟုတ်ပေ။

သို့သော် ယဲ့ဖုန်းကမူ ထိုသို့မဟုတ်ပေ။ သူသည် ဝရမ်းပြေးတစ်ဦး ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းများကို ဂရုမစိုက်ပေ။ သူသတ်ခဲ့သော အသက် ၅၀ ကျော်မှာ သက်သေပင် ဖြစ်သည်။ သို့သော် ဤလူများမှာ ယဲ့ဖုန်းအကြောင်း အမှန်တရားကို မသိကြသေးပေ။

လဲ့ယာခွန်း ရဲစခန်းသို့ ပြန်ရောက်သောအခါ ချန်ကွမ်လျန်သည် ဒုတိယစစ်ဆေးရေးခန်းတွင် ချန်မင်ကို ကိုယ်တိုင် စစ်ဆေးနေသည်။ လဲ့ယာခွန်း ဝင်လာသောအခါ ချန်ကွမ်လျန်က မကျေမနပ်ဖြင့် “လဲ့ယာခွန်း... မင်း ဘာလုပ်တာလဲ ဒါ ငါတို့အဖွဲ့က ကိုင်တွယ်နေတဲ့ အမှုလေ.. မင်း ဘယ်လိုအခွင့်အရေးနဲ့ ဝင်စွက်ဖက်တာလဲ ပြီးတော့ ဝန်ထမ်းကျင့်ဝတ်အရလည်း မင်းရဲ့ ဝမ်းကွဲညီ ချန်မင်နဲ့ ပတ်သက်နေတဲ့ ဒီအမှုကို မင်း ရှောင်ရမယ် မဟုတ်လား” ဟု ဟောက်လိုက်သည်။

“မင်း” လဲ့ယာခွန်းသည် ချန်ကွမ်လျန်ကို ဒေါသတကြီး စိုက်ကြည့်ကာ “ချန်ကွမ်လျန်... မင်း လွန်လှပြီ သစ်ခွရနံ့ကလပ်က ဘယ်လိုနေရာမျိုးလဲ မင်းမသိဘူးလား ငါ့ညီက အဲဒီလိုနေရာမျိုးမှာ မိန်းကလေးတစ်ယောက်ကို အဓမ္မကျင့်စရာလား”

ချန်ကွမ်လျန်က နှာခေါင်းရှုံ့ကာ “ဒါတွေက ချန်မင်ဘက်က ပြောတဲ့ စကားတွေပဲ ရှိသေးတာ... အခု ငါတို့လက်ထဲမှာ ရှိတဲ့ သက်သေတွေက ချန်မင် လုပ်ခဲ့တယ်ဆိုတာကိုပဲ ပြနေတယ်...တောက်ကျွင်း... ကလပ်မှာ ဘာထူးလဲ”

တောက်ကျွင်းက ခနဲ့တဲ့တဲ့ဖြင့် “ကပ္ပတိန်ချန်... ဘာမှ မတွေ့ခဲ့ပါဘူး...အဲဒီက တာဝန်ခံက အောက်တိုဘာ ၂၄ ရက်နေ့မှာ နားကပ်တို့၊ချန်မင်တို့ကို မမြင်ခဲ့ဘူးလို့ ပြောပါတယ်” ဟု ဖြေလိုက်သည်။

ချန်မင်က အော်ဟစ်လိုက်သည်။ “မဖြစ်နိုင်တာ နားကပ်က ကျွန်တော့်ကို အဲဒီကလပ်ကို ခေါ်သွားတာ...ကျွန်တော်တို့ အတူတူ မိန်းကလေး ငါးယောက် ရွေးခဲ့ကြတာဗျ... နားကပ်တို့က ကျွန်တော့်ကို အကွက်ဆင်နေတာ”

“ဟုတ်လား” ချန်ကွမ်လျန်က ဟွာချန်းကို လှည့်ကြည့်ကာ “နားကပ်တို့ကို ဒီဘက်ခေါ်လာခဲ့” ဟု ခိုင်းလိုက်သည်။

နားကပ်နှင့် အဖွဲ့သားများမှာ ပထမခန်းမှ ဒုတိယခန်းသို့ ရောက်လာကြသည်။ ချန်မင်က ချက်ချင်းပင် အော်မေးတော့သည်။ “နားကပ်... ဘာတွေဖြစ်နေတာလဲ မင်း ဘာလို့ ငါ့ကို အကွက်ဆင်တာလဲ”

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ ချန်မင်... ငါက မင်းကို သူငယ်ချင်းလို သဘောထားခဲ့တာ...မင်းက ငါ့ညီရဲ့ ရည်းစားကို အဓမ္မကျင့်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး” နားကပ်က နာကျင်ခံခက်ဟန်ဖြင့် “ချန်မင်... မင်း ဘယ်လိုတောင် လုပ်ရက်တာလဲ” ဟု ဆိုသည်။

အားမောင်က မျက်လုံးများ နီမြန်းလျက် ချန်မင်ကို ကြည့်နေပြီး လူတိုင်း သတိမထားမိခင်မှာပင် ချန်မင်ဆီသို့ ပြေးသွားကာ မျက်နှာကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။ “တောက် မင်းလို ကောင်မျိုး...”

“တော်တော့ ဘာလုပ်တာလဲ” လဲ့ယာခွန်းက ဒေါသတကြီးဖြင့် အားမောင်ကို ဆွဲထုတ်ကာ တောက်ကျွင်းတို့လက်ထဲ လွှဲပေးလိုက်သည်။ “ဒါ ရဲစခန်းနော်... ဆင်ခြင်စမ်း”

အရိုက်ခံရပြီးနောက် ချန်မင် စိတ်အေးသွားသည်။ သူသည် နားကပ်တို့ကို အေးစက်စွာ ကြည့်ကာ “နားကပ်... ဘာကြောင့်လဲဆိုတာ ငါ့ကို ပြောစမ်းပါ” ဟု မေးလိုက်သည်။

“ချန်မင်... မင်းကိုယ်တိုင်ပဲ ပြောသင့်တာပါ..ငါက မင်းကို သူငယ်ချင်းလို ဆက်ဆံခဲ့တာ၊ မင်းက ဘာလို့ ငါ့ကို သစ္စာဖောက်တာလဲ” ဟု နားကပ်က ပြန်ပြောသည်။

လဲ့ယာခွန်းက ကြားဖြတ်မေးသည်။ “ချန်မင်... မင်း ဘာလို့ နားကပ်တို့နဲ့ အတူရှိနေတာလဲ”

အကဲခတ်ခန်းထဲတွင်မူ ရှီလဲ့သည် အေးဆေးစွာ ပြုံးနေသည်။ သူသည် နားကပ်တို့ကို အရေးကြီးကိစ္စ ခိုင်းစေခဲ့ပြီး သူတို့ကို ယုံကြည်ရခြင်းမှာ နားကပ်တို့က သူ့ကို မည်မျှ ကြောက်ရွံ့ကြသည်ကို သူ သိထားသောကြောင့် ဖြစ်သည်။

ဗွိုက်စင်ကိုယ်စားလှယ်အဖွဲ့ကို ရိုက်နှက်ပြီးနောက် နားကပ်သည် သူ့အား ယဲ့ဖုန်းအကြောင်း မေးခဲ့ဖူးသည်။ ရှီလဲ့က မဖြေခဲ့သော်လည်း နားကပ်သည် သူနှင့် ယဲ့ဖုန်းကြားက ပတ်သက်မှုကို သိသွားပြီဖြစ်ကြောင်း ရှီလဲ့ ရိပ်မိသည်။ ထို့ကြောင့်လည်း သူ့ကို ကြောက်နေကြခြင်း ဖြစ်သည်။

ဤအချက်ကို အသုံးချကာ ရှီလဲ့သည် ကြီးမားသော အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့သည်။ နားကပ်၊ ချန်မင်၊ ရဲစခန်းမှ ချန်ကွမ်လျန်နှင့် သစ်ခွရနံ့ကလပ် အားလုံးကို အစီအစဉ်ထဲ ထည့်သွင်းကာ ချန်မင်ကို အပြီးအပိုင် ချေမှုန်းရန် သူ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အိုးရန်ရှန်းသည် ရှီလဲ့ဘေးတွင် ရပ်နေရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဤကိစ္စ၏ နောက်ကွယ်တွင် ရှီလဲ့ ရှိနေသည်ကို သူမ ခပ်ရေးရေး ခံစားနေရသည်။

သူမထက် ခြောက်နှစ်ငယ်ပြီး လျှို့ဝှက်ချက်များပြည့်နှက်နေသည့် အမျိုးသားမှာ သူမ၏ နှလုံးသားထဲတွင် ဖျောက်ဖျက်၍မရသော အမှတ်အသားတစ်ခု ထားရစ်ခဲ့လေပြီ။

“ရှီလဲ့... ချန်မင် ဘာဖြစ်သွားမလဲဆိုတာ မင်း သိလား” ဟု အိုးရန်ရှန်းက ရုတ်တရက် မေးလိုက်သည်။

ရှီလဲ့ အနည်းငယ် ကြောင်သွားသည်။ သူသည် မျက်မှန်ကို အသာပင့်လိုက်ကာ အေးဆေးစွာ ပြောလိုက်သည်။ “နိုင်ငံတော်ရဲ့ ဥပဒေအရ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ရင် ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ကျနိုင်ပါတယ်... အခြေအနေက ပိုဆိုးရင်တော့ ၁၀ နှစ်ထက် ပိုကျနိုင်တာပေါ့”

အိုးရန်ရှန်းက ခနဲ့တဲ့တဲ့ ပြုံးကာ “အော်... မင်း သိတာပဲ” ဟု ဆိုသည်။

ရှီလဲ့က ခါးသက်သက် ပြုံးကာ ခေါင်းခါလိုက်သည်။ အိုးရန်ရှန်း ရိပ်မိသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဒါ မိန်းမသားတွေရဲ့ ကြောက်စရာကောင်းတဲ့ အာရုံလား။

စစ်ဆေးရေးခန်းထဲတွင် ချန်မင်သည် ရှီလဲ့ကို ဒုက္ခပေးရန် နားကပ်တို့ကို ငှားရမ်းခဲ့သည့် သူ၏ အစီအစဉ်ကို အစအဆုံး ပြောပြလိုက်သည်။ ဤသည်မှာ မကောင်းသော အကြံအစည် ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် ထိုအချက်ကို ဖွင့်ပြောလိုက်ခြင်းက သူ့အတွက် အန္တရာယ်မရှိပေ။ အစီအစဉ်မျှသာဖြစ်ပြီး ပြစ်မှုမမြောက်သေးသောကြောင့် ဖြစ်သည်။

ထိုနေရာရှိ လူများမှာ လူအများ မဟုတ်ကြပေ။ ချန်မင်၏ စကားကို ကြားပြီးနောက် သူတို့သည် အဖြစ်အပျက်အားလုံးကို ဆက်စပ်ပေးနေသည့် မမြင်ရသော သဲလွန်စတစ်ခုကို သတိပြုမိသွားကြသည်။ ထိုသဲလွန်စမှာ ရှီလဲ့ ဖြစ်သည်။ ချန်မင်ဖြစ်စေ၊ နားကပ်ဖြစ်စေ အားလုံးမှာ ရှီလဲ့နှင့် ပတ်သက်နေသည်။

အကဲခတ်ခန်းထဲမှ ရှီလဲ့က “အဲဒါ အကြောင်းပြချက်ပဲ” ဟု ခပ်တိုးတိုး ဆိုလိုက်သည်။

အိုရန်ရှန်း၏ အကြည့်များမှာ ရှုပ်ထွေးနေသည်။ ရှီလဲ့သည် ဥပဒေကို ချိုးဖောက်ကာ ပြစ်မှုကျူးလွန်နေသည်ဟု သူမကိုယ်သူမ သတိပေးနေသော်လည်း၊ ချန်မင်၏ စကားကို ကြားပြီးနောက်တွင်မူ ရှီလဲ့သည် မိမိကိုယ်ကိုယ် ကာကွယ်ရန်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သူမ၏ နှလုံးသားထဲမှ အသံတစ်သံက ပြန်လည် ထွက်ပေါ်နေသည်။

စစ်ဆေးရေးခန်းထဲတွင် နားကပ်က အေးစက်စွာ ပြောလိုက်သည်။ “ချန်မင်... ပုံပြင်တွေ လျှောက်မလုပ်နဲ့...ဒါ မင်းဘက်က ပြောတဲ့ စကားတွေပဲ”

ချန်ကွမ်လျန်၏ စိတ်ထဲတွင်မူ ချန်မင်၏ စကားကို ယုံကြည်နေသည်။ သို့သော် လက်ရှိ သက်သေများမှာ ချန်မင်အတွက် အလွန် အခြေအနေမကောင်းပေ။

“ချန်မင်... ဒီလူမိုက်တွေ အားလုံးက ရှီလဲ့ရဲ့ နောက်လိုက်တွေဆိုတာ မင်း သိလား” ဟု ချန်ကွမ်လျန်က အေးဆေးစွာ သတိပေးလိုက်သည်။ သူသည် ချန်မင်၏ သဘောထားကို ကြည့်ချင်သောကြောင့် ဖြစ်သည်။

ချန်မင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် ကုလားထိုင်ပေါ်တွင် မှီချလိုက်ကာ ပခုံးတွန့်ရင်း ညည်းလိုက်သည်။ “အော်... အဲဒီလိုကိုး...အားလုံးက အဲဒီကောင်ရဲ့ လက်ဖဝါးထဲမှာ ရှိနေတာပဲ ငါက သူ့လက်ထဲက နယ်ရုပ်လေး တစ်ရုပ်ပါလား တစ်ကွက်မှားတာနဲ့ အရာအားလုံး ဆုံးရှုံးသွားရတာပဲ”

သက်သေခံပစ္စည်း စုဆောင်းရေးအဖွဲ့မှ ရဲအရာရှိတစ်ဦး ဝင်လာကာ ချန်ကွမ်လျန်ထံသို့ စာရွက်စာတမ်းတစ်ခု ပေးလိုက်သည်။ “ကုတင်ပေါ်က တွေ့ရတဲ့ ဆံပင်နမူနာ နှစ်ခုကို စစ်ဆေးပြီးပါပြီ... ၉၀ ရာခိုင်နှုန်းကျော်က ချန်မင်နဲ့ စုရှောင်လန် တို့ရဲ့ ဆံပင်တွေ ဖြစ်ဖို့ သေချာပါတယ်” ဟု အစီရင်ခံလိုက်သည်။

ချန်မင်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး လဲ့ယာခွန်း၏ မျက်နှာမှာလည်း အလွန် ညှိုးငယ်သွားသည်။ နားကပ်ကမူ “ကပ္ပတိန်ချန်ကွမ်လျန်... သက်သေက ခိုင်လုံနေပြီပဲ..ဘာတွေ တွန့်ဆုတ်နေတာလဲ” ဟု သတိပေးလိုက်သည်။

လဲ့ယာခွန်းက နားကပ်ကို အေးစက်စွာ ကြည့်ကာ “နားကပ်... လူတစ်ယောက်ကို အမှုဆင်တဲ့ ပြစ်ဒဏ်က ဘာလဲဆိုတာ မင်းသိလား” ဟု မေးသည်။

နားကပ်က ဂရုမစိုက်ဟန်ဖြင့် “ကပ္ပတိန်လဲ့... ကျွန်တော့်ကို လာမခြောက်ပါနဲ့... သက်သေတွေ အကုန်ရှိနေတာကို ခင်ဗျားတို့ ရဲစခန်းက အဖြေမပေးဘူးဆိုရင်တော့ ရွှမ်းဟူရုပ်သံလိုင်းကို သွားပြီး ခင်ဗျားတို့ ရဲစခန်းက ဆွေမျိုးသားချင်းကို အကာအကွယ်ပေးနေတယ်ဆိုတာ ဖွင့်ချဖို့ ကျွန်တော် ဝန်မလေးဘူးနော်” ဟု ပြန်ပြောလိုက်သည်။

“မင်း...” လဲ့ယာခွန်းသည် ဒေါသကြောင့် တုန်ရီနေတော့သည်။

ထိုစဉ် အမျိုးသမီး ရဲအရာရှိတစ်ဦး ဝင်လာကာ ချန်ကွမ်လျန်အား “ကပ္ပတိန်ချန်... ရဲမှူးကြီးက ဒီအမှုကို မျှမျှတတ ကိုင်တွယ်ဖို့နဲ့ ဥပဒေအတိုင်းပဲ လုပ်ဆောင်ဖို့ မှာလိုက်ပါတယ်” ဟု ပြောပြီးနောက် အမြန် ပြန်ထွက်သွားသည်။

ချန်ကွမ်လျန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်ကာ “ တောက်ကျွင်း၊ ဟွာချန်း... ဒါကို မင်းတို့ပဲ ဆက်ကိုင်တွယ်လိုက်တော့” ဟု လွှဲပေးလိုက်သည်။

အမှုကြီးဌာန၏ ရုံးခန်းထဲတွင် အိုးရန်ရှန်းသည် ကွန်ပျူတာ မော်နီတာကို စိုက်ကြည့်နေပြီး ရှီလဲ့မှာမူ သူမဘေးတွင် ဘာမှမတတ်နိုင်သည့် အမူအရာဖြင့် ရပ်နေသည်။

ချန်ကွမ်လျန် ဝင်လာပြီး ရှီလဲ့ကို မြင်သောအခါ “ရှီလဲ့... မင်း နောက်တစ်ကြိမ် အောင်မြင်သွားပြန်ပြီပေါ့” ဟု ခနဲ့လိုက်သည်။

ရှီလဲ့က ချန်ကွမ်လျန်ကို လှည့်ကြည့်ကာ “ဟုတ်တယ်... ဒါပေမဲ့ ခင်ဗျားမှာ ကျွန်တော့်ကို ဖမ်းဖို့ သက်သေမှ မရှိတာ ခင်ဗျား ကျွန်တော့်ကို ဘာလုပ်နိုင်မှာလဲ” ဟု ပြန်လည် တုံ့ပြန်လိုက်လေသည်။

အခန်း - ၉၀

ရှီလဲ့သည် ရွှမ်းဟူရဲစခန်း၏ အမှုကြီးစုံစမ်းစစ်ဆေးရေးဌာနမှ ထွက်လာစဉ် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ သူသည် နီမြန်းနေသော နေဝင်ရီတ‌ေရာကောင်းကင်ကြီးကို မော့ကြည့်ရင်း မတတ်သာသည့်အပြုံးမျိုး ပြုံးလိုက်မိသည်။

ချန်မင်က နားကပ်တို့အဖွဲ့ကိုငှားပြီး ရှီလဲ့ကို ဒုက္ခပေးဖို့ ကြံစည်ခဲ့သည်မှာ မှန်သော်လည်း၊ ရှီလဲ့က ချန်မင်ကို အကွက်ဆင်ပြီး ထောင်ထဲပို့ခဲ့သည့်အချက်ကိုမူ အိုးရန်ရှန်း စိတ်ထဲ တင်ကျန်နေဆဲဖြစ်သည်။ အိုရန်ရှန်းသည် ယခုကဲ့သို့ တမင်တကာ အကွက်ဆင်ခြင်းနှင့် ဥပဒေပြင်ပလုပ်ရပ်မျိုးကို သူမ၏ စိတ်ရင်းထဲကပင် လက်မခံနိုင်ပေ။

ရှီလဲ့ စီစဉ်ခဲ့သော အမှုမှာ သက်သေခိုင်လုံနေသဖြင့် သက်သေပြစရာမလိုတော့ပေ။ ချန်မင်ကို အဓမ္မကျင့်မှု သံသယဖြင့် ရွှမ်းဟူရဲစခန်းတွင် ယာယီထိန်းသိမ်းထားပြီး တရားရုံးစစ်ဆေးမှုကို စောင့်ဆိုင်းစေခဲ့သည်။

ကျောင်းသို့အပြန်လမ်းတွင် ရှီလဲ့သည် ဖုန်းကိုထုတ်ကာ အချိန်ကြည့်လိုက်ရာ ညနေ ၆ နာရီ နီးပါးရှိနေပြီဖြစ်သည်။ သူသည် နောက်ဖေးလမ်းဘက်သို့ လျှောက်သွားကာ တစ်ခုခုစားရန် ပြင်လိုက်သည်။ ကျောင်းပြန်ပြီး ကျောင်းထမင်းဆောင်က အစားအသောက်တွေနဲ့ ဗိုက်ကို အနှိပ်စက်မခံချင်တော့ပေ။

၆ နာရီအချိန်တွင် လမ်းနောက်ဖေး၌ လူစည်ကားနေပြီဖြစ်သည်။ ရှီလဲ့သည် ‘ကျန်းအဘိုးကြီး၏ ကြက်သားချဉ်စပ်ဟင်း ‘ ဆိုင်သို့ တစ်ယောက်တည်း လျှောက်လာခဲ့သည်။ အဆောင်ကို ဟင်းတစ်အိုး ဝယ်သွားပြီး အေးဆေးစားရန် သူ စိတ်ကူးထားသည်။ ထိုဆိုင်မှာ အမည်မရှိသော လမ်းကြားလေးထဲတွင်ရှိသဖြင့် ပုံမှန်ဖောက်သည်များသာ ရှာဖွေတွေ့ရှိနိုင်သည်။ ရှီလဲ့သည် ထိုလမ်းကြားထဲသို့ အကျွမ်းတဝင် လျှောက်ဝင်သွားစဉ် အမှတ်မထင် ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်မိသည်။

ဆိုင်ထဲတွင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ကောင်လေးမှာ စမတ်ကျသော ရှပ်အင်္ကျီ၊ မီးခိုးရောင် ဘောင်းဘီနှင့် ဖိနပ်ညိုတို့ဖြင့် အတော်လေး ကြည့်ကောင်းသည်။

သို့သော် ကောင်လေးနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော ကောင်မလေးမှာ သူသိနေသူ ဖြစ်နေသည်။

ရှီလဲ့သည် လမ်းကြားထဲတွင်ရပ်ကာ ထိုမိန်းကလေးကို သေချာစိုက်ကြည့်လိုက်သည်။ သူမနာမည်မှာ ဝမ်မင်ဖြစ်သည်။ သူမသည် ကွန်ပျူတာသိပ္ပံဌာန၊ အဆင့် (၆) အတန်း (၃) ၏ အတွင်းရေးမှူးဖြစ်ပြီး လီချိုင်၏ မကြာမီ ဖြစ်လာတော့မည့် ချစ်သူလည်း ဖြစ်သည်။

ရှီလဲ့သည် အဆောင်သို့ ခဲခဲယဉ်ယဉ် ပြန်တတ်သော်လည်း လီချိုင်မှာ ပါးစပ်ဖွာသူဖြစ်သဖြင့် ဝမ်မင်ကို သူဘယ်လို လိုက်နေကြောင်း၊ အောင်မြင်တော့မည်ဖြစ်ကြောင်း ရှီလဲ့ကို အမြဲကြွားတတ်သည်။ သို့သော် လက်ရှိအခြေအနေအရ လီချိုင်အတွက်တော့ ဒါဟာ အသည်းကွဲဇာတ်လမ်း ဖြစ်သွားနိုင်သည်။

ရှီလဲ့သည် သူ၏ဖုန်းကို ထုတ်လိုက်သည်။ သူသည် ခိုး၍ ဓာတ်ပုံရိုက်လိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။

လမ်းနောက်ဖေးတွင် တစ်ခုခုစားပြီးနောက် ကျောင်းဝင်းအတွင်း လမ်းလျှောက်နေစဉ် ရှီလဲ့၏ ဖုန်းမြည်လာသည်။ ကျုံးမုယွမ် ဆီက ဖြစ်သည်။

“ဟယ်လို အစ်ကိုကျုံးလား” ရှီလဲ့က ပြုံးလျက် “မြို့တော်ကို ပြန်ရောက်ပြီလား” ဟု မေးလိုက်သည်။

ပက်ထရီးရော့တ် ကုမ္ပဏီရုံးချုပ်မှာ မြို့တော်တွင်ရှိသည်။ ရှီလဲ့နှင့် စာချုပ်ချုပ်ပြီးနောက် သူတို့သည် ပရိုဂရမ်ကို သူတို့၏ ကင်မရာများတွင် အမြန်ဆုံး ထည့်သွင်းနိုင်ရန် မနားမနေ ပြန်သွားခဲ့ကြသည်။

“ညီလေးရှီလဲ့... သတင်းကောင်းတစ်ခု ပြောစရာရှိတယ်” ကျုံးမုယွမ်၏ လေသံမှာ အလွန်တက်ကြွနေသည်။

ရှီလဲ့က ရယ်မောရင်း “ပြောပါဦး... အဲဒီပရိုဂရမ်ကို ကင်မရာထဲ ထည့်သွင်းနိုင်သွားပြီလို့တော့ မပြောနဲ့ဦးနော်”

“အဟွတ်... အဟွတ်...” ကျုံးမုယွမ်က ချောင်းဆိုးလိုက်သည်။ သူတို့၏ သုတေသနအဖွဲ့က ထိုမျှအထိတော့ မမြန်သေးပေ။ “ညီလေး... ငါတို့ကုမ္ပဏီက မင်းရဲ့ UBS အကောင့်ထဲကို အမေရိကန်ဒေါ်လာ ၂ သန်း လွှဲပေးလိုက်ပြီလို့ ပြောချင်တာပါ”

“အော် ဒါ တကယ် သတင်းကောင်းပဲ” ရှီလဲ့က ပြန်ဖြေလိုက်သည်။ UBS ဆိုသည်မှာ ဆွစ်ဇာလန်ပြည်ထောင်စုဘဏ် ဖြစ်သည်။ ရှီလဲ့သည် အင်တာနက်မှတစ်ဆင့် လျှို့ဝှက်အကောင့်တစ်ခု ဖွင့်ထားခြင်းဖြစ်သည်။ သူသည် ထိုငွေများကို အခြားနေရာတွင် အသုံးပြုရန်ရှိသဖြင့် တရုတ်နိုင်ငံအတွင်းသို့ အကုန်လွှဲရန် စိတ်မကူးထားပေ။

“နောက်တစ်ခုကတော့... ငါတို့ကုမ္ပဏီက ဒီဇင်ဘာလမှာ ထုတ်ကုန်အသစ် မိတ်ဆက်ပွဲလုပ်မယ်..မင်းကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ချင်လို့ပါ...အားမလား”

“ဘယ်နေ့လောက်လဲ” ရှီလဲ့ စဉ်းစားလိုက်သည်။ အောက်တိုဘာလကုန်ပဲ ရှိသေးသဖြင့် ဒီဇင်ဘာမှာ ဘာဖြစ်မည်ကို သူ မသိသေးပေ။

“ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်နေ့ပေါ့..ပက်ထရီးရော့တ်က ကမ္ဘာပေါ်မှာ ပထမဆုံး အပြုံးထောက်လှမ်းရေးစနစ် ပါဝင်တဲ့ ဒစ်ဂျစ်တယ်ကင်မရာ ထုတ်လုပ်သူ ဖြစ်လာတော့မှာ” ကျုံးမုယွမ်က ဂုဏ်ယူစွာ ပြောလိုက်သည်။

ရှီလဲ့က ခဏစဉ်းစားပြီးနောက် “အခြေအနေ ကြည့်ရဦးမှာပဲ.. အားရင်တော့ အသေအချာ လာခဲ့ပါ့မယ်” ဟု ကတိမပေးဘဲ ပြန်ဖြေလိုက်သည်။

စကားခဏပြောပြီးနောက် ဖုန်းချလိုက်သည်။ ရှီလဲ့သည် အဆောင် ၅၀၁ တံခါးဝသို့ ရောက်လာပြီး သော့ဖြင့်ဖွင့်ဝင်လိုက်ရာ လီချိုင်တစ်ယောက် သူ၏ ရေနံဆီသုံး အဝေးထိန်း ရဟတ်ယာဉ်လေးကို ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။

ရှီလဲ့၏ မျက်လုံးများတွင် သနားစရာအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ “ရှောင်လီ... မင်း အဲဒီရဟတ်ယာဉ်ကို ပြင်နေတုန်းပဲလား ထမင်းစားပြီးပြီလား”

လီချိုင် ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး ဆီမည်းများဖြင့် ကျောက်မီးသွေးတွင်း အလုပ်သမားတစ်ယောက်လို ဖြစ်နေသည်။ “ရှီထို မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ အခု ဘယ်နှစ်နာရီရှိပြီလဲ”

“၇ နာရီ ထိုးတော့မယ် မင်း မစားရသေးဘူးလား” ရှီလဲ့က နောက်ပြောင်သလို မေးလိုက်သည်။

လီချိုင်က အလန့်တကြား အော်ဟစ်ကာ အခန်းထဲပြေးဝင်ပြီး ဖုန်းခေါ်တော့သည်။ “ဟယ်လို မင်မင်... ဆောရီးပဲနော်...ငါ ရဟတ်ယာဉ်နဲ့ အလုပ်ရှုပ်နေလို့ အချိန်မေ့သွားတာ”

ဖုန်းတစ်ဖက်က ဝမ်မင်၏လေသံမှာ သိပ်မကြည်လှသော်လည်း လီချိုင်က သတိမထားမိဘဲ “မင်မင်... ထမင်းစားပြီးပြီလား အတူတူ စားရအောင်လေ” ဟု ဆက်မေးနေသည်။

ဝမ်မင်၏ အဖြေကို ကြားပြီးနောက် လီချိုင် စိတ်ပျက်သွားကာ ဖုန်းချလိုက်သည်။ ဧည့်ခန်းထဲ ပြန်ထွက်လာသော လီချိုင်ကို ရှီလဲ့က “ရှောင်လီ... ဝမ်မင်က ဘာပြောလဲ” ဟု မေးလိုက်သည်။

လီချိုင်က ချွေးများကို ဆီမည်းပေနေသော လက်ဖြင့် သုတ်လိုက်ရာ နဖူးတစ်ခုလုံး မည်းသွားတော့သည်။ “သူ့သူငယ်ချင်းတွေနဲ့ စားနေတယ်တဲ့... သူ့ကို စိတ်မပူနဲ့လို့ ပြောတယ်”

ရှီလဲ့၏ မျက်နှာ အေးစက်သွားသည်။ အရင်ဘဝတုန်းက လီချိုင်သည် သူ့ကို အများကြီး ကူညီခဲ့သည်။ လီချိုင်သာမရှိလျှင် ရှီလဲ့၏ ဘဝသည် တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သည်။ လီချိုင်သည် ရှီလဲ့၏ အရေးကြီးဆုံး သူငယ်ချင်းဖြစ်သည်။ ဤဘဝတွင် လီချိုင်က ထိုအချက်ကို မသိသော်လည်း ရှီလဲ့ကမူ သူ့အပေါ် အမြဲ ကျေးဇူးတင်နေသည်။

“ရှောင်လီ... မင်းကို တစ်ခု ပြောပြသင့် မပြောပြသင့် ငါ စဉ်းစားနေတာ” ရှီလဲ့ ခဏတွန့်ဆုတ်နေသော်လည်း အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။ တစ်သက်လုံး အမှောင်ထဲမှာ ရှိနေမည့်အစား အမှန်တရားကို သိပြီး ခဏတာ ခံစားရသည်က ပိုကောင်းသည် မဟုတ်ပါလား။

လီချိုင်က ဘာမှသတိမထားမိဘဲ ရဟတ်ယာဉ်ကိုသာ ဆက်ပြင်ရင်း “ပြောလေ... ဘာကိစ္စလဲ” ဟု မေးသည်။

“ရှောင်လီ... ခုနက ငါပြန်လာတော့ လမ်းနောက်ဖေးမှာ ဝမ်မင်ကို တွေ့ခဲ့တယ်... သူ ကောင်လေးတစ်ယောက်နဲ့ ထမင်းစားနေတာ” ဟု ရှီလဲ့က တစ်ဆက်တည်း ပြောချပစ်လိုက်သည်။

လီချိုင်က ရယ်မောလိုက်သည်။ “ဟေး... ရှီထို၊ မင်းကလည်း ဒီလို နောက်ပြောင်တာမျိုးတော့ မလုပ်နဲ့လေ”

ရှီလဲ့ ဘာမှပြန်မပြောဘဲ လီချိုင်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

လီချိုင်လည်း တစ်ခုခု ထူးဆန်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားကာ မျက်နှာ ဖြူဖျော့သွားသည်။ “ရှီထို... မင်း နောက်နေတာလို့ပဲ ပြောပေးပါ”

“ငါလည်း နောက်နေတာပဲ ဖြစ်စေချင်ပါတယ်၊ ဒါပေမဲ့ ငါ တကယ် မြင်ခဲ့တာပါ သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းကို ထိခိုက်မှာ စိုးလို့ အမှန်အတိုင်း ပြောပြတာ” ရှီလဲ့၏ အမူအရာမှာ အလွန်တည်ကြည်နေသဖြင့် နောက်နေခြင်း မဟုတ်မှန်း သိသာသည်။

လီချိုင် ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်။ သူ၏ အင်အားများ အကုန်ကုန်ဆုံးသွားသလိုပင်။ “ဘာလို့လဲ ဘာလို့ ဒီလိုဖြစ်ရတာလဲ တို့တွေ အတူရှိကြမယ်လို့ ပြောခဲ့ကြတာပဲ” ဟု သူ ညည်းတွဲနေသည်။

ရှီလဲ့က လီချိုင်၏ ပုခုံးကို ပုတ်ကာ “လီချိုင်... စိတ်လျှော့ပါ..လောကမှာ မိန်းကလေးတွေ အများကြီး ရှိပါသေးတယ် သစ်ပင်တစ်ပင်တည်းအတွက်နဲ့ တောအုပ်ကြီးတစ်ခုလုံးကို အဆုံးရှုံးမခံပါနဲ့” ဟု နှစ်သိမ့်လိုက်သည်။

လီချိုင်က အက်ကွဲသောအသံဖြင့် “ရှီထို.. မင်း သေချာကြည့်ခဲ့တာလား တကယ်ပဲ မင်မင်လား”

“ဟူး...” ရှီလဲ့ ခေါင်းခါလိုက်ပြီး “ငါ့နောက် လိုက်ခဲ့” ဟု ဆိုသည်။

သူတို့နှစ်ဦး ရှီလဲ့၏ အခန်းထဲသို့ ဝင်လာကြသည်။ ကွန်ပျူတာဖွင့်ပြီးနောက် ရှီလဲ့သည် ဖုန်းကို USB ဖြင့် ချိတ်ဆက်ကာ သူရိုက်ခဲ့သော ဓာတ်ပုံကို ထုတ်လိုက်သည်။

ဓာတ်ပုံမှာ အနည်းငယ် ဝါးနေသဖြင့် ရှီလဲ့က “ခဏစောင့်... ငါ ကြည်သွားအောင် ပြင်ပေးမယ်” ဟု ပြောသော်လည်း လီချိုင်၏ မျက်လုံးများမှာ ကွန်ပျူတာမျက်နှာပြင်တွင် စွဲနေပြီဖြစ်သည်။

“ရှီထို... ပြင်မနေနဲ့တော့ ငါ သိပြီ မင်မင် ဒီနေ့ ဒီအင်္ကျီကို ဝတ်သွားတာ” ဟု ပြောပြီးနောက် လီချိုင်သည် အသက်ပြင်းပြင်းရှူကာ အခန်းထဲက ထွက်သွားသည်။

လှည့်ထွက်သွားစဉ် လီချိုင်၏ မျက်ရည်များမှာ ထိန်းမရအောင် စီးကျလာသည်။ ထိုအင်္ကျီမှာ သူကိုယ်တိုင် ဝမ်မင်အတွက် ဝယ်ပေးထားခြင်း ဖြစ်သည်။ သူမက ထိုအင်္ကျီကိုဝတ်ပြီး တခြားယောက်ျားတစ်ယောက်နဲ့ သွားစားရုံတင်မက သူ့ကိုပါ လိမ်ညာခဲ့သည်ဆိုတော့ တကယ်ကို ရယ်စရာကောင်းလှသည်။

ရှီလဲ့သည် လီချိုင်ကို ထပ်ပြီး မနှစ်သိမ့်တော့ပေ။ အခုအချိန်မှာ သူကိုယ်တိုင်ပဲ ကုသရမည့် အချိန်ဖြစ်သည်။ ရှီလဲ့သည် ကွန်ပျူတာရှေ့ ပြန်ထိုင်ကာ UBS ဘဏ်ဝဘ်ဆိုက်သို့ ဝင်ပြီး သူ၏အကောင့်ကို စစ်ဆေးလိုက်သည်။

အကောင့်ထဲတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၅ သန်း ရှိနေသည်။ လိုင်ကာ ကုမ္ပဏီက ပိုမြန်သည်။ စာချုပ်ချုပ်ပြီးသည်နှင့် ဒေါ်လာ ငါးသိန်း လွှဲပေးထားပြီး ဖြစ်သည်။

နှစ်ဖက်စလုံးက ကမ်းလွန်ကုမ္ပဏီ များကို အသုံးပြုထားသဖြင့် အခွန်ကိစ္စများကို ရှောင်လွှဲနိုင်ခဲ့ကြသည်။ ရှီလဲ့သည် ထိုငွေများထဲမှ အနည်းငယ်ကိုသာ နိုင်ငံအတွင်းသို့ သွင်းရန် စဉ်းစားထားပြီး ကျန်ငွေများကို ပြည်ပတွင်သာ ထားရှိမည်ဖြစ်သည်။

ထို့နောက် ရှီလဲ့သည် အင်တာနက်တွင် ကမ်းလွန်ကုမ္ပဏီ မှတ်ပုံတင်ပေးသည့် အေဂျင်စီတစ်ခုကို ရှာဖွေလိုက်သည်။ ကမ်းလွန်ကုမ္ပဏီများသည် လျှို့ဝှက်ချက် ထိန်းသိမ်းမှု ကောင်းမွန်ပြီး အခွန်ကင်းလွတ်ခွင့်များ ရရှိနိုင်သဖြင့် ငွေရေးကြေးရေး လုပ်ငန်းများအတွက် အလွန် အဆင်ပြေသည်။

ရှီလဲ့သည် နာမည်ကြီး အေဂျင်စီတစ်ခုကို ရွေးချယ်ကာ ကေမန်ကျွန်းစု တွင် ကုမ္ပဏီတစ်ခု ဖွင့်ရန် လျှောက်ထားလိုက်သည်။

ကုမ္ပဏီအမည်ကို ‘Fantasy Technology’ ဟု ပေးရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် ‘Miracle Technology Co., Ltd.’ ဟုသာ အမည်ပေးလိုက်တော့သည်။

ထို့နောက် ရှီလဲ့သည် အီးမေးလ်ကိုဖွင့်ကာ ဗွိုက်စင်မှ ချန်ယွဲ့ ထံသို့ စာတစ်စောင် ပို့လိုက်သည်။ ယဲ့ဖုန်း ဆိုသည့် လမ်းကြောင်းကို ရှီလဲ့ စတင် အသုံးပြုရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။

All Chapters